AMCT Development Co.ltd

AMCT Development Co.ltd အိမ်နဲ့ ပက်သက်သော ကုန်ကျစရိတ်များ နည်းပညာပိုင်းဆိုင်ရာ အကူအညီများ ကူညီဆောင်ရွက်ပေးပါသည်

Plaster Crack အက်ကွဲကြောင်း မဖြစ်အောင်ဘယ်လိုလုပ်ရမလဲဒါတွေအကုန်လုပ်ရင်တောင် မကွဲပါဘူးလို့ အာမခံပေးလို့မရပါဘူး 😳🥹=========...
12/07/2025

Plaster Crack အက်ကွဲကြောင်း မဖြစ်အောင်ဘယ်လိုလုပ်ရမလဲ
ဒါတွေအကုန်လုပ်ရင်တောင် မကွဲပါဘူးလို့ အာမခံပေးလို့မရပါဘူး 😳🥹======================================
Construction လောက မှာ Engineer တွေကို ဒေါက် အဖြုတ်ဆုံး က သူပေါ့ Plaster Crack လေ
တစ်ချို့ အိမ်ရှင်တွေ ဆို အိမ် အပ်ပြီ ဆိုတာနဲ့ အဲလို crack များ တွေ့ရင် အမလေး အိမ်က အခု မှ ဆောက် ပြီးတယ် အက်ကြောင်းတွေနဲ့ မနေရဲတော့ ဘူး ဘာညာ နဲ့ ဒါ က အပေါ် ရံ plaster ပဲ အက် တာ ဆိုတာ အာ ပေါက် မတတ် ပြော ရတယ် သူတို့ စိတ် ချ သွားအောင် ..
အဲဒီမှာတင် ပြဿနာ မပြီးဘူး.
အဲလို မအက် အောင် Engineer က လုပ် ရမှာပေါ့ ဆိုတော့
ဘိလပ်မြေကို က ကွဲအက်တတ်တဲ့ အမျိုး လေ

#ဘာကြောင့် Crack ပေါ် နိုင်လည်း?
ဘိလပ်မြေStrength ကျရင်လည်းဖြစ်နိုင်တယ်.
သဲက နုန်း ပါရင်လည်းဖြစ်နိုင်တယ်.
ရေ မသန့်လည်း ဖြစ်နိုင်တယ်.

ချောရမည့် အုတ်နံရံ ကို ရေ ၀ အောင် မလောင်း ရင်လည်း ဖြစ်နိုင်တယ်။အုတ်နံရံ ကိုရေမလောင်းတော့ plaster ချောတဲ့အခါ plaster ထဲကရေ ကို အုတ် က စုတ်ယူလိုက်ပါတယ်။ဘိလပ်မြေက သူStrength ရအောင် ဓာတ် မပြုရသေးဘူး လုံလောက်တဲ့ ရေ က မရှိတော့ဘူး။အဲတော့ အပူထွက်တာများ ပြီး ကွဲ တတ်ပါတယ်။

#နောက် တစ်ချက် က အုတ်ရိုးမှာ မပါမဖြစ် ပါ ရမည့် Stiffener ကျောက်ထုပ်ပါ။ သူက Concrete .....အုတ်ရိုးနဲ့ Material မတူဘူး ။ Material တွေရဲ့ Elastic Limit ကြောင့် ပဲ အဲဒီ Stiffener ရှိတဲ့ နေရာ အုတ်ရိုး နဲ့ သူ ထိတဲ့ တောက်လျှောက် မှာ Plaster Crack တွေပေါ်ပါတယ်။

#နောက် တစ်မျိုး က မီးပိုက်၊ရေပိုက်တွေ ကို အုတ်နံရံ ကို ခွဲ ပြီး ထည့် ခဲ့တာမျိူးတွေပေါ့။
သူ့ အပေါ်က Plaster ပိတ်တော့ လည်း Plaster Crack တွေ ပေါ် ပါတယ်။

တစ်ခါ တရံ မှာ Structure ကစား လို့ လည်း ပေါ် တတ်ပါတယ်။

တိုင် မှာ Plaster ချောရင် နည်း စနစ်မမှန် ရင်လည်း Crack ပေါ်တတ် ပါတယ်။

Plaster ချော ပြီး Curing မပေးရင်းလည်း Crack ပေါ်ပါတယ်။

နောက်ထပ် နောက်ထပ် အကြောင်းပေါင်း များစွာ ကြောင့် လည်း Plaster Crack ပေါ်ပါတယ်.

#အဆောက် အဦး အသစ်တွေမှာ အက်ကြောင်း တွေ ဖြစ်နိုင်တာ အကြောင်းအရာ တွေက တစ်ပုံ ကြီး လုံး၀ Crack မပေါ်အောင်တော့ လုပ်လို့ မရဘူး နည်းအောင် တော့ လုပ် လို့ ရပါတယ်။

1.ဘိလပ်မြေ Strength ကောင်းရန်.

2.သဲသန့်ရန် ( သဲကို ဇကာချ ၊ ရေဆေးရန် )

3.ရေ သန့်ရန်

4.Plaster မချောမှီ အုတ်ကိုရေဝအောင်လောင်းရန်

5. Stiffener ၊ RC Column၊ RC Beam ၊ တွေ အုပ်ရိုးနဲ့ ဆက်တဲ့ နေရာတွေမှာ .ရေပိုက်၊မီးပိုက် တွေနံရံကိုခွဲပြီး ပိုက် မြုပ်ပြီးရင် ပြန်ပိတ်တဲ့နေရာတွေမှာ.. Wire Mesh အုပ်ရန် (သို့မဟုတ်) ဂျာလီ ကပ်ရန်.

6.Plaster ထုကို သုံးမတ်ထက် ပိုထူပြီးမချောရန်.

7.Plaster ချောပြီး Curing လုပ်ရန်.

ဒါတွေကတော့ Site Engineer က Control လုပ်
နိုင်တာတွေပါ။ Structure ကစားလို့ ဖြစ်တာတော့ Control မလုပ်နိုင်ပါဘူး။

လေမခိုအောင်လို့ Plaster ချောမယ်၊အချောကိုင်တော့မယ်ဆိုရင်ဘာတွေ လုပ်ရမှာလဲ?

Plaster မချောခင် အုတ်နံရံမျက်နှာပြင်မှာ အုတ်မြောင်းကို လက်မ၀တ်ခန့် အနက်ထိ ခြစ်ထုတ်ပစ်ပြီးလျှင် သံဘရွတ်ဖြင့် အညစ်အကြေးများကို သန့်ရှင်းရေးလုပ်ပါ။

သန့်ရှင်းရေးလုပ်ပြီးသွားရင်တော့ အုတ်နံရံကို ရေဖြန်းပါ။အုတ်နံရံက မျက်နှာပြင်စိုစွတ်နေတဲ့ အချိန်မှာ Plaster ချောပါ။

ဘယ်လိုချောမှာလဲ?

နှာကြောင်းဖော်ပြီး မဆလာကို သံလျက်နဲ့ယူပြီး နှာကြောင်းတွေထဲ ဖိသိပ်ပေးရပါတယ်။

Plaster ချောတဲ့မျက်နှာပြင် ချောမွတ်နေအောင် ဗျက် သုံးလက်မ ရှိတဲ့ မျဉ်းတံနဲ့ တိုက်ညှိပေးရပါမယ်။ ဒါမှ မို့မောက်နေတဲ့ မဆလာတွေက နိမ့်တဲ့နေရာတွေကို ဖြည့်ပြီး၀င်သွားပါတယ်။

မျက်နှာပြင်တစ်ခုလုံးညီညာသွားပါက မျဉ်းတံစောင်းနဲ့ ခပ်ဆပ်ဆပ် ရိုက်ပေးရပြန်ပါတယ်။ ဒီလိုလုပ်တာကတော့ သရွတ် ကိုပိုပြီးသိပ်သည်းသွားစေပါတယ်။

အဲဒီနောက်တော့ သစ်သားလက်ပွတ်နဲ့ လက်ယာရစ်တိုက်ညှိပေးရပါတယ်။

လုပ်နေရင်းနဲ့ သရွတ်ကခြောက်ပြီးမာလာရင် လက်ပွတ်ကို မကြာခဏရေစွတ်ပြီး တိုက်ပေးရပါတယ်။

ချောမွေ့တဲ့ မျက်နှာပြင်ကို လိုချင်တယ်ဆိုရင်တော့ သစ်သားလက်ပွတ်နဲ့ ပွတ်ပြီးသားချောပြီးသားကို သံလက်ပွတ်နဲ့ ထပ်တိုက်ပေးလိုက်ပါ။

သာမန်မျက်နှာပြင်ပဲဆိုရင်တော့ အားလုံးပြီးသွားရင် မြက်တံမြက်စည်းလေးနဲ့ လှဲပေးပြီး လက်စသက်လို့ရပါတယ်။

Plaster အိပ်သွားရင် ( ၇ )ရက်ခန့် နေစဉ် ရေဖြန်းပါ။ တစ်နေ့ သုံးကြိမ်ပါ။

အပြင်နံရံ တွေ အတွက် ရာသီဥတုကပူလွန်းရင်တော့ အပူသက်သာစေဖို့ Plaster ချောပြီးပြီးရင် ဘိလပ်မြေအိပ်၊ ဒါမှ မဟုတ် အခြားအပူဒဏ်ကာကွယ်ပေးတဲ့ အရာတွေနဲ့ ဖုံးအုပ်တာတွေ ကာပေးတာတွေ လုပ်ရပါမယ်။

ဒီနေရာမှာ တစ်ခု သတိပေးချင်တာကတော့ သာမန် အုတ်နံရံတွေဆို ငါးမူးထုပဲ Plaster ချောကြတာများပါတယ်။ထုကို တိတိကျကျ လိုချင်ရင်တော့ အုတ်နံရံမျက်နှာပြင်မှာ ပါရာ တုံးလေးတွေ ကြိုပေးထားရင်တော့ ပိုကောင်းပါတယ်။

ပထမတန်းစား ကောင်းမွန်တဲ့ ကြာရှည်ခိုင်ခံတဲ့မျက်နှာပြင်ကို လိုချင်တယ်ဆိုရင်တော့ Plaster ကို အနည်းဆုံးနှစ်ထပ် ကျံပေးရပါတယ်။

၃/၈လက်မအထူ ရှိတဲ့ အောက်ခံသရွတ်ကိုရှေ့ဦးစွာ ကျံပြီး သူ မအိပ်ခင်မှာ မျက်နှာပြင် ကြမ်းထားပေးရပါတယ်။

ပထမအလွှာအိပ်ပြီး ဒုတိယအလွှာ အုပ်တဲ့အခါ ပထမ အောက်ခံကိုရေဖြန်းပြီး ၃/၈လက်မအထူ ဒုတိယ အလွှာကို ထပ်တင်၊ထပ်ချောပေးရပါတယ်။

ယနေ့ခေတ်တွင်မည်သူမှ လိုက်မလုပ်သော နည်းဖြစ်နေပါတယ်။

လုပ်သည်ဖြစ်စေ။ မလုပ်သည်ဖြစ်စေ နည်းလမ်း အမှန်ကိုတော့ တင်ပေးလိုက်ပါတယ်။ပုံထဲမှာတော့သင့်တော်တဲ့Wire Mash ကိုသင့်တော်သလို
သုံးနိုင်ပါတယ်။



#ပြန်လည် ကူးယူဖော်ပြသည်

25/06/2025

Celebrating my 8th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

FOUNDATION FAILURE ဖြစ်ရခြင်း အကြောင်းအရင်းများအဓိကဖြစ်ရတဲ့အကြောင်းအရင်းနှစ်ချက်ကတော့-၁။ Foundation ကို ထမ်းထားတဲ့ မြေသာ...
14/05/2025

FOUNDATION FAILURE
ဖြစ်ရခြင်း အကြောင်းအရင်းများ

အဓိကဖြစ်ရတဲ့အကြောင်းအရင်းနှစ်ချက်ကတော့-

၁။ Foundation ကို ထမ်းထားတဲ့ မြေသားများ shear falure ဖြစ်သွားခြင်း
၂။ အဆောက်အအုံအမျိုးအစား အလိုက် ခွင့်ပြုထားတဲ့ Settlement သို့မဟုတ် displacement ဒီဂရီအဆင့် ကျော်လွန်းသွားခြင်း။ ခွင့်ပြုတာထက် ပိုများသွားခြင်းတို့ကြောင့်ဖြစ်တတ်ပါတယ်။

လုံခြုံစိတ်ချရတဲ့ ကောင်းမွန်တဲ့ Foundation ဖြစ်ဖြစ်ဖို့ အဓိက အချက်နှစ်ချက်ကလည်း အပေါ်က နှစ်ခုကို ပြောင်းပြန်လှန်ရတာဖြစ်ပါတယ်။

၁။ အိမ်ကိုထမ်းထားတဲ့ မြေသားများရဲ့ shear failure ဖြစ်ခြင်းကို တောင့်တင်းခံနိုင်ရမယ်။
၂။ Settlement သို့မဟုတ် displacement ဖြစ်မှု ပမာဏများပြီး ပျက်စီးမသွားအောင် တောင့်ခံနိုင်ရမယ်။

FOUNDATION SOIL များ shear ဖြစ်နိုင်မှု ယူဆချက် သုံးမျိုး

၁။ General Shear Failure - Dense Sand သို့ မဟုတ် compact soil တွေမှာ တည်တဲ့ foundation များမှာ foundation အပေါ် သက်ရောက်တဲ့ ၀နျအားမွငျ့တကျမှုကွောငျ့ settlement ဖြစ်ပြီး မြေကြီးကနေ သူထမ်းထားနိုင်တဲ့ ပမဏ၀န်အားကျော်လွန်တဲ့အခါမှာ ဖောင်ဒီရှင်းအောက်ကနေ failure surface လမ်းကြောင်းက extend ဖြစ်ပြီး ground surface အထိရောက်သွားတဲ့ Shear failure ဖြစ်ခြင်း

၂။ Local Shear Failure - Medium soil တွေမှာ အုတ်မြစ်ချတဲ့အခါမှာ foundation အပေါ် ၀နျအား တိုးပြီး သက်ရောက်သေတဲ့ အခါမှာ settlement ဖြစ်မှုလည်း မြင့်တက်လာမယ်။ သက်ရောက်တဲ့ ၀နျအားနဲ့ မြေကြီးရဲ့ ထမ်းအား ညီမျှသွားတဲ့အမှတ်မှာ moment of foundation ကို ဖြစ်တယ်။ ဒီယူဆချက်မှာ failure surface လမ်းကြောင်း က ground surface ဘက်သို့ extend မဖြစ်ပဲ foundation အောက်ဘက် outward ဘက်ကို ပြန့်ကားသွားတယ်။ အဲ့ဒီ failure surface လမ်းကြောင်းကို ground surface ဘက်ကို extend ဖြစ်ဖို့ အတွက်ဆိုရင် အပေါ်က moment of foundation ကို ထည့်သွင်းစဉ်းစား ရမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ၀နျသကျရောကျမှုအလိုကျ settlement တိုးလာ စေတဲ့ load ကို first shear load လို့ခေါ်ပြီးတော့ q ရဲ့ peak value ကို type of failure ထဲမှာ ထည့်သွင်းစဉ်းစားခြင်း မပြုဘူးဆိုရင် အဲ့ဒါကို Local shear failure လို့ခေါ်ပါတယ်

၃။ Punching Shear Failure - lose soil တွေမှာ တည်တဲ့ foundation တွေမှာ တွေ့ရှိရ။ အပေါ်က အချက်နှစ်ချက်ကလို foundation ကို ထမ်းထားမြေကြီးတွေကနေ ထမ်းအားနဲ့ ထမ်းပြီး သူတို့ရဲ့ ခံနိုင်အားရှိသရွေ့အထိ တောင့်ခံတာ မဟုတ်ပဲ ဒီယူဆချက်မှာ မြေကြီးက လုံး၀မထမ်းနိုင်ပဲ footing က vertical နိမ့်ကျသွားတာကို punching shear failure ဟုခေါ်ပါတယ်
အပေါ်က အချက်အားလုံးကတော့ shallow foundation အပေါ် အခြေခံပါတယ်။

# credit # #

12/05/2025

# စည်ပင်ဆောက်မိန့် (မြေချန်နည်း) # # #
ရန်ကုန် တစ်ချို့မြို့နယ်တွေအတွက် အကျုံးဝင်ပါတယ်
ပုံမှန်ဆိုရင်တော့ မျက်နှာစာ ငါးပေချန်ရပါတယ်

မြေကွက် (40-60) အထက် ကျယ်ဝန်းသည့် မြေကွက်/သုံးထပ်နှင့်အောက် အဆောက်အဦအတွက်
နောက်ဖေးလမ်းကြားမရှိပါက
ဘေးနှစ်ဖက်အတွက် အမိုးစွန်းမှ သုံးပေ ချန်ရမည်
ရှေ့ဘက်တွင် (12)ပေ ချန်ရမည်
အနောက်ဘက်တွင် (6)ပေချန်ရမည်

မြေကွက် (40-60) အောက် မြေကွက်/သုံးထပ်နှင့်အောက် အဆောက်အဦအတွက်
နောက်ဖေးလမ်းကြားမရှိပါက
ဘေးနှစ်ဖက်အတွက် အမိုးစွန်းမှ ​အနည်းဆုံး 1'(တစ်ပေ)ချန်ရမည်
ရှေ့ဘက်တွင် (12)ပေ ချန်ရမည်
အနောက်ဘက်တွင် (6)ပေချန်ရမည်

👇👇👇
#မှတ်ချက် # #အရှေ့ဘက် (12)ပေမချန်ပဲ ၎င်းထက် လျော့နဲစွာချန်လိုပါက အခြားအဆောက်အဦများနည်းတူ
တစ်တန်းထဲ ဆောက်လုပ်ခွင့်ရှိသည်

နောက်ဖေးလမ်းကြားရှိသော မြေကွက်များတွင်
ဘေးနှစ်ဖက်အတွက် အမိုးစွန်းမှ သုံးပေ ချန်ရမည်
ရှေ့ဘက်တွင် (12)ပေ ချန်ရမည်
အနောက်ဘက်တွင် (1)ပေချန်ရမည်

လမ်းနှစ်ဖက်ရှိ လမ်းထောင့်ကွက်များအတွက်
နောက်ဖေးလမ်းကြားမရှိပါက
အဆောက်အဦ မျက်နှာမူရာဘက်တွင် (12)ပေ ချန်ရမည်
အနောက်ဘက်တွင် မိလ္လာကန်အတွက် (6)ပေချန်ရမည်

မိမိမြေကွက်မှာ အ​ဆောက်အဦဆောက်မယ်ဆိုရင်
မြေဘယ်လောက်ချန်ရမလဲဆိုတာ တွက်ချက်နိူင်ပါတယ်

Credit # # #

“ညောင်ရေသွန်း ပွဲတော် ဖြစ်ပေါ်လာရခြင်း နှင့် ညောင်ရေသွန်း ပူဇော်ရကျိုး🙏🏼🙏🏼🙏🏼🙏🏼🙏🏼“ညောင်ရေသွန်းပွဲတော်ဖြစ်ပေါ်လာရခြင်း”🙏🙏🙏...
11/05/2025

“ညောင်ရေသွန်း ပွဲတော် ဖြစ်ပေါ်လာရခြင်း နှင့် ညောင်ရေသွန်း ပူဇော်ရကျိုး
🙏🏼🙏🏼🙏🏼🙏🏼🙏🏼
“ညောင်ရေသွန်းပွဲတော်
ဖြစ်ပေါ်လာရခြင်း”
🙏🙏🙏🙏🙏🙏🙏🙏
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ညောင်ရေသွန်းပွဲတော်ကို
နှစ်စဉ်နှစ်တိုင်း “ကဆုန်လပြည့်နေ့”၌ ကျင်းပ
ပူဇော်လေ့ရှိကြသည်။ ထိုသို့ ကျင်းပပူဇော်ရခြင်းမှာ-

မြတ်ဗုဒ္ဓသည်
●ကဆုန်လပြည့်၊ “သောကြာနေ့”၌ ဖွားမြင်တော်မူ၍ ၊
●ကဆုန်လပြည့်၊ “ဗုဒ္ဓဟူးနေ့”၌ ဘုရားအဖြစ်ကို
ရောက်တော်မူပြီး၊
●ကဆုန်လပြည့်၊ “အင်္ဂါနေ့” ၌ ပရိနိဗ္ဗာန် စံတော်မူခဲ့သည်။
ထို့ကြောင့် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက်
အလေးအမြတ်ထားအပ်သော နေ့ထူးနေ့မြတ်ဖြစ်ခဲ့သည်။
●ထို့ပြင် မြတ်ဗုဒ္ဓသည်
မဟာဗောဓိညောင်ပင်အောက်၌
မဟာသက္ကရာဇ် ၁၀၃ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့
နေမဝင်မီ မာရ်နတ်မင်းနှင့် စစ်သည်အပေါင်းကို
သစ္စာပါရမီအဓိဋ္ဌာန်ဖြင့် အောင်တော်မူ၍ မိုးသောက်ယံ၌
ဘုရားအဖြစ်သို့ရောက်တော်မူခဲ့သည်။
ထို့ကြောင့် ဗောဓိညောင်ပင်သည်လည်း
ဗုဒ္ဓဘာသာဝင်တို့အတွက် အလေးအမြတ် ပူဇော်ရာ
ဋ္ဌာနတစ်ခုဖြစ်ခဲ့ပေသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည်
နှစ်စဉ်ကဆုန်လပြည့်နေ့သို့ရောက်တိုင်း
❦မြတ်ဗုဒ္ဓ၏ ရန်သူအပေါင်းကို အောင်နိုင်ရာ၊
❦သစ္စာ၄ပါး ကိုသိမြင်ရာ၊
❦ဘုရားအဖြစ်သို့ ရောက်တော်မူရာ ဋ္ဌာနဖြစ်သော
မဟာဗောဓိညောင်ပင်ကို ရည်မှန်းပြီး မိမိတို့
ကိုးကွယ်ဆည်းကပ်ရာ ကျောင်းကန်ဘုရားများ၌
စိုက်ပျိုးပူဇော်ထားအပ်သော “ညောင်ပင်”များကို
ရေသွန်းဖျန်း ပူဇော်လေ့ရှိကြသည်။

အဓိက ရည်ရွယ်ချက်မှာ ဗောဓိပင်များ မညှိုးနွမ်း
မခြောက်သွေ့စေလိုရေးနှင့် မြတ်ဗုဒ္ဓကို
အမှတ်ရစေလိုရေးပင် ဖြစ်သည်။

ဤကဲ့သို့ ဗောဓိညောင်ပင်များကို
ရေသွန်းဖျန်းပူဇော်ခြင်းကို “ညောင်ရေသွန်းပွဲတော်”
ဟု ခေါ်တွင်ကာ မြန်မာတို့၏ ၁၂လရာသီပွဲတော်အဖြစ်
ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်များမှ
ယနေ့ခေတ်အထိ စဉ်လာမပျက် ကျင်းပပူဇော်ခဲ့ကြပေသည်။
ဤသည်မှာ ညောင်ရေသွန်းပွဲတော်ဖြစ်ပေါ်လာရခြင်း ၏
အခြေခံအကြောင်းပင်ဖြစ်သည်။

“ညောင်ရေသွန်း ပူဇော်ရကျိုး”
••••••••••••••••••••••
ညောင်ရေသွန်းပူဇော်ရသည့် အကျိုးကို ပိဋိကတ်သုံးပုံတို့တွင်
“ခုဒ္ဒကနိကာယ်၊ သုတ္တန္တပိဋကထေရာအပဒါန် ပါဠိတော်”၌
ဘုရားရှင်လက်ထက်တော် က ရဟန္တာမထေရ်ကြီးများ
ကိုယ်တိုင် မိမိတို့၏ ဘဝဖြစ်စဉ်များကို ပြန်လည်
ဟောကြားထားသည်တို့ကို တွေ့ရှိကြည်ညိုရပေသည်။

“ဂန္ဓောဒကိယ ရဟန္တာမထရ်”
••••••••••••••••••••••••••••••••••••••
“ပဒုမုတ္တရာ မြတ်စွာဘုရား” လက်ထက်တော်၍
သူကြွယ်တစ်ဦးသည် မြတ်ဗုဒ္ဓ ပွင့်တော်မူရာ
“ထင်းရှူး ဗောဓိပင်”ပူဇော်ပွဲ ပြုလုပ်သောအခါ
လှပဆန်းကြယ်သော အိုးဖြင့် နံ့သာရည်တို့ကို
ထည့်ယူကာ သွန်းလောင်း ပူဇော်ခဲ့လေသည်။
ထိုသို့ပူဇော်နေစဉ် မိုးသည်းထန်စွာ ရွာသွန်းပြီး၊
မိုးကြိုးထိမှန်ကာ သေဆုံးခဲ့လေသည်။

ထိုဘဝမှာသေလွန်ပြီးနောက် ညောင်ရေသွန်းရသော
ကောင်းမှုကြောင့် နတ်ပြည်သို့ ရောက်ကာ
“ဘုံအဆင့်တစ်ရာ” ရှိသော နတ်ဗိမာန်၌ နတ်သမီးတစ်သိန်း
ခြံရံခစားပြီး အနာရောဂါမရှိ စိုးရိမ်ပူပန်မှုမရှိဘဲ
နတ်သက်ကုန်သည့်တိုင်အောင် ခံစားစံစားခဲ့ရလေသည်။

နတ်ပြည်မှ စုတေပြီးနောက် ဤကမ္ဘာပေါင်း
နှစ်ထောင်ရှစ်ရာအထက်၌ လူပြည်ဝယ် ရတနာခုနှစ်ပါးနှင့်
ပြည့်စုံပြီး များပြားသော စစ်သည်ဗိုလ်ပါအင်အားရှိသော
“သံဝသိတ” မည်သော “စကြဝတေးမင်း” ဖြစ်ခဲ့ရလေသည်။

ဂေါတမမြတ်စွာဘုရားပွင့်တော်မူသော အခါ
“ဂန္ဓောဒကိယမထေရ်” အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊
ဝိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါးတို့ကို ရရှိပိုင်ဆိုင်ကာ
အာသဝေါကုန်ခမ်း ရဟန္တာဖြစ်တော်မူခဲ့လေသည်။
ဤသည်မှာ ရဟန္တာမထေရ်မြတ်ကြီးကိုယ်တိုင်
ဟောတော်မူခဲ့သော ဘဝဖြစ်စဉ်ဖြစ်ပေသည်။

“ဗောဓိသိဉ္စက ရဟန္တာမထေရ်”
••••••••••••••••••••••••••••••••••••
ဝိပဿီမြတ်စွာဘုရားလက်ထက်တော်က
ရဟန်းတော်တစ်ပါးသည် မြတ်စွာဘုရားပွင့်တော်မူရာ
“ဗောဓိပင်ညောင်ပင်”ပူဇော်ပွဲ ကျင်းပသောအခါ
ဗောဓိပင်သို့ သွားရောက်ပြီး-

“ကိုယ်တော်တိုင် ဝဋ်ဆင်းရဲမှ လွတ်မြောက်တော်မူပြီးသော
မြတ်စွာဘုရားသည် ငါတို့ကိုလည်း ဝဋ်ဆင်းရဲမှ
လွတ်မြောက်နိုင်ပါစေသတည်း၊
ကိုယ်တော်တိုင် ဆင်းရဲဒုက္ခမှ ငြိမ်းအေးတော်မူပြီးသော
မြတ်စွာဘုရားသည် ငါတို့ကိုလည်း ဆင်းရဲဒုက္ခမှ
ငြိမ်းအေးနိုင်ပါစေသတည်း”
ဟု နှလုံးသွင်းဆုပန်ကာ ပန်းတို့ဖြင့် ထုံမွှမ်းထားသော
ရေဖြင့် ဗောဓိပင်ကို သွန်းလောင်း ပူဇော်ခဲ့လေသည်။

ထိုကောင်းမှုကြောင့် ဤကမ္ဘာမှ အထက်
“ကိုးဆယ်တစ်ကမ္ဘာ” ကာလပတ်လုံး အပါယ်ငရဲသို့
မကျရောက်ရဘဲ လူ့ပြည်၊ နတ်ပြည်၌ သာကျင်လည်ခဲ့ရပေသည်။

ဤ ကမ္ဘာမှ အထက် သုံးဆယ်သုံးကမ္ဘာသို့ ရောက်သောအခါ
လူ့ပြည်၌ “ဥဒကသေစန” မည်သော “စကြဝတေးမင်း”
စည်းစိမ်ကို “ရှစ်ကြိမ်တိုင်တိုင်”ခံစားစံစားရခဲ့လေသည်။

ဂေါတမမြတ်စွာဘုရားပွင့်တော်မူသောအခါ
“ဗောဓိသိဉ္ဓက မထေရ်”အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊
ဝိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါးတို့ကို ရရှိပိုင်ဆိုင်ကာ
အာသဝေါကုန်ခမ်း “ရဟန္တာ”ဖြစ်တော်မူခဲ့လေသည်။
ဤသည်မှာ “ရဟန္တာ”မထေရ်မြတ်ကြီးကိုယ်တိုင်
ဟောတော်မူခဲ့သော ဘဝဖြစ်စဉ်ဖြစ်ပေသည်။

“တိုက်တွန်းလွှာ”
•••••••••••••••••••••••
အထက်ပါ မထေရ်မြတ်ကြီးများနည်းတူ
●ဗောဓိပင်ကို စိုက်ပျိုးပူဇော်ခဲ့သော
“အသနဗောဓိယ ရဟန္တာမထေရ်”၊
ဗောဓိပင်ကို ရှိခိုးပူဇော်ခဲ့သော
●“ဗောဓိဝန္ဒက ရဟန္တာမထေရ်မြတ်ကြီး”
တို့သည်လည်း ထိုကဲ့သို့သော အကျိုးထူး၊
အကျိုးမြတ်များကို ရရှိခဲ့ဖူးကြပေသည်။

ထို့ကြောင့် ဗောဓိညောင်ပင်ကို ရေသွန်းလောင်းသောအခါ
ယတြာကျေရုံ၊ ဂြိုလ်ပြေ၊ နံပြေရုံ၊ အပျော်တမ်းဖြစ်ရုံ
သက်သက်သာ မသွန်းလောင်းဘဲ မြတ်ဗုဒ္ဓသည်
ဤနေရာဌာန၌ပင် မာရ်စစ်သည်အပါင်းကို အောင်မြင်ပြီး၊
ဤနေရာဌာန၌ပင် သစ္စာလေးပါးကို သိမြင်ကာ၊
ဤနေရာဌာန၌ပင် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့လေသည်
ဟု “မြတ်ဗုဒ္ဓ၏ ဂုဏ်တော်” တို့ကို လေးလေးနက်နက်
အာရုံယူကာ
“သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ရန်”ဆုပန်ပြီး၊
ရှေးက ရဟန္တာမထေရ်မြတ်ကြီးများကို အတုယူကာ
သွန်းလောင်းပူဇော်သင့်ကြပေသည်ဟု တိုက်တွန်းရင်း
ဤညောင်ရေသွန်းပွဲ စာစုလေးကို နိဂုံးသတ်လိုက်ပါသည်။ ။

-【အရှင်နာဂဝံသ - မောင်ကံကော်(ကျုံပျော်)】
(သဒ္ဓမ္မသီတဂူသာသနာရိပ်သာ၊တောရကျောင်းတိုက်။)

Credit:Young Buddhist Association.

┏╮/╱🌸
╰ 🌼╮...•.Pann Kalay
╱/ ╰┛🌸 ⚘ ⚘ ⚘ ⚘ ⚘ ⚘

ပြန်လည်မျှဝေပူဇော်ပါသည်။

ကဆုန်လပြည့်နေ့အကြောင်း သိကောင်းစရာ
*********************************

#ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ္ခံ ကဆုန်လပြည့်နေ့

ကဆုန်လပြည့် (၅)နေ့။

(၁) ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

┏╮/╱🌸
╰ 🌼╮...•.Pann Kalay
╱/ ╰┛🌸 ⚘ ⚘ ⚘ ⚘ ⚘ ⚘

****

#ကဆုန်လပြည့်
#ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ

၁။ ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။
ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ
(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်,
စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်အညီ
သုံးလောကထွတ်ထား
သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍....

#ဗျာဒိတ်ခံယူသောနေ့
#ဖွားမြင်တော်မူသောနေ့
#ဘုရားဖြစ်တော်မူသောနေ့
#ပရိနိဗ္ဗာန်စံတော်မူသောနေ့
ဤထူးခြားချက်လေးမျိုးတို့နှင့်
တိုက်ဆိုက်နေပါသည်။
ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့်
ပြည့်စုံသောကြောင့် ဤနေ့ကို
#ကဆုန်လပြည့်ဗုဒ္ဓနေ့ ဟု
အမွှန်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့ တွင်
မာရ်နတ်ရန်ကို အောင်မြင်တော်မူသောကြောင့်
ဤနေ့ဤရက်ကို
ကဆုန်လပြည့် မာရ်အောင်နေ့အဖြစ်
ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင်
စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍
ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍
ကဆုန်လပြည့်နေ့ကို
ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်။
ဝိသာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂစေတီထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်းလေ့ ရှိကြပါသည်။

၅။ ဗောဓိပင်သည်
သဗ္ဗုညုတဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊
ဖွားဖက်တော် ၇ ပါးတွင်
စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့်
ထူးခြားသော သစ်ပင်တစ်မျိုး ဖြစ်ပါသည်။
ဤကဲ့သို့ မြတ်စွာဘုရားနှင့်
တိုက်ရိုက်ဆက်စပ်၍
ဗောဓိပင်၌ ရေသွန်းလောင်းခြင်းအစဉ်အလာကို
ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂ ရာသီပွဲတော်များအနက်
ကဆုန္လ၌ ညောင်ရေသွန်းပွဲတော်ကို
ရိုးရာပွဲတော်အဖြစ် အစဉ်အလာ
သတ်မှတ်ခဲ့ကြပါသည်။

၇။ အသနဗောဓိယမထေရ်၏
အလောင်းသည် တိဿဘုရားရှင်၏
ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော
ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊
စကြာမင်းဖြစ်ရခြင်း၊
အပါယ်ဘေးမှလွတ်ကင်းရခြင်းအကျိုးများကို
ခံစားရကြောင်း (ထေရာပဒါန်)
ကျမ်းဂန်၌ ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိဿမထေရ်၏
အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏
ဗောဓိပင်ကို နံ့သာရေဖြင့်
သွန်းလောင်းသောကုသိုလ်ကြောင့်
နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း၊
သောကကင်းဝေးခြင်း
စသောအကျိုးများကို ခံစားရပါသည်။

၉။ အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍
ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့်
နှစ်စဉ်နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း
ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို
အနေကဇာတင် ဗုဒ္ဓအဘိသေက
မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍
ကုသိုလ်အထူးကို ဆည်းပူးလေ့ရှိကြပါသည်။
ကျောင်းကန်ဘုရားသို့သွား၍
ဒါန သီလ ဘာဝနာအမှုကို ပြုလုပ်၍
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အမှတ်တရ ဆင်နွှဲကြပါသည်။

#မာဂဓီ (သာစည်)၏
[အခါတော်နေ့များ စာအုပ်မှ] ပြန်လည်
ထုတ်နှုတ်မျှဝေ ပူဇော်ပါသည်။
┏╮/╱🌸
╰ 🌼╮...•.Pann Kalay
╱/ ╰┛🌸 ⚘ ⚘ ⚘ ⚘ ⚘ ⚘

±±±±±±±±±±±±
#ရေအကျိုးဆယ်ပါး
*********************
၁။သန့်ရှင်းကြည်လင်ခြင်း

၂။ကျော်စောထင်ရှားခြင်း

၃။အခြေအရံပေါများခြင်း

၄။လျင်မြန် ဖျတ်လတ် သွက်လက်ပေါ့ပါးခြင်း

၅။ရေငတ်မွတ်သိပ်မှုမှ ကင်းဝေးခြင်း

၆။အသက်ရှည်ခြင်း

၇။အဆင်းလှခြင်း

၈။ကြီးပွားချမ်းသာခြင်း

၉။ခွန်အား ဗလကြီးမားခြင်း

၁၀။ပညါဉာဏ်ကြီးခြင်းတို့ဖြစ်ပါတယ်။

ကျမတို့ဗုဒ္ဓမြတ်စွာဘုရားဟောကြားခဲ့ပါတယ်ရှင်

ရေအကျိုး (၁၀ )ပါး မတောင်းဘဲနဲ့ပြည့်ပါတယ်

ဒါကြောင့်....

တိုတောင်းလှတဲ့လူဘဝမှာမတောင်းဘဲပြည့်တာဆိုလို "ရေအကျိုး"ပဲရှိပါတယ်လှူနိူင်တဲ့အချိန်လေးမှာလှူကြပါလို့......တိုက်တွန်းနိူးဆော်လိုက်ရပါတယ်ရှင်...........။

#ရေလှူရခြင်းအကျိုးများ
××××××××××××××××××××
၁။အပါယ်လေးပါးမကျရောက်ပါ။

၂။တောင်ထိပ် ကောင်းကင် အလွန်အသွားခက်သောလမ်းခရီးတို့၌လည်းရေသောက်လိုက
ရေအလွယ်တကူရရှိခြင်း။

၃။မိုးခေါင်းရေရှားသည့်. ဘေးဒုက္ခမှကင်းဝေးခြင်း။

၄။ပူလောင်ခြင်း၊ပူအိုက်ခြင်းဘေးမှကင်းလွတ်ခြင်း

၅။မိုးရွာစေလိုက. မိုးရွာချခြင်း။

၆။အပူလွန်သောရောဂါ၊အအေးပတ်ခြင်းရောဂါတို့မှကင်းဝေးခြင်း။

၇။ခန္ဓာကိုယ်၌လည်း မြူမှုန်စသော အညစ်အကြေးများမှကင်းဝေးရခြင်း။

၈။မကောင်းသော စိတ်ထားကင်းစင်၍
သန့်ရှင်းသောစိတ်ထားများရရှိလာခြင်း။

၉။ကိလေသာအညစ်အကြေးကို
မဂ် ဟူသောရေစင်ဖြင့်ဆေးကြောသုတ်သင်နိူင်ခြင်း ။

၁၀။မဂ်ဖိုလ် နိဗ္ဗာန်ရခြင်း တို့ဖြစ်ပါတယ်ရှင်။

#ဘေးရန်ကင်းပြီးအေးချမ်းပျော်ရွှင်နိူင်ကြပါစေ။
±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±

#ဖြူစင်သောစေတနာမေတ္တာများဖြင့်
~~~~~~~~~~~~~~~~~~~~~~~~
^^^^^^^^^^^^
╱/ ╰┛🌸 ⚘ ⚘ ⚘ ⚘ ⚘ ⚘

29/04/2025

အိမ်ဆောက်ခြင်းနှင့် အယူအဆများ....
(1) လမ်းဦးတိုက်
(2) နို့ညှပ်
(3) စေတီဦးတိုက်
(4) ကြမ်းဦးတိုက်
(5) အိမ်တံစို့.....................…...........….....................

မြန်မာလူမျိုးတွေမှာ အိမ်ခြံမြေနဲ့ပက်သက်ပြီး အစွဲအလမ်းလေးတွေ ရှိပါတယ်။ လမ်းဦးတိုက် အိမ်ဦးတိုက် မနေကောင်းဘူး ခိုက်တတ်တယ်ဆိုတဲ့ အယူလေးတွေပါ။ တစ်ချို့မှာ ဒီလိုအယူတွေမရှိကြတော့ပေမဲ့ တစ်ချို့ကတော့ ဆက်လက်စောင့်ထိန်းနေဆဲပါပဲ။ မြန်မာလူမျိုးတွေ ယုံကြည်ကြတဲ့ အိမ်ခြံမြေ အစွဲအလမ်းလေးတွေကို ဖော်ပြလိုက်ပါတယ်။

၁။ လမ်းဦးတိုက်

လမ်းကို ထိပ်တိုက် ဆောက်ထားတဲ့အိမ် ဖြစ်ပါတယ်။ ဒီလိုအိမ်မှာနေမယ်ဆိုရင် ကျားရုပ်တစ်ခုလုပ်ပြီး လမ်းဘက်ကို လှည့်ပေးထားရပါတယ်။ ဒါမှမဟုတ် အိမ်ရှေ့မှာ သောက်ရေအိုးစင် ဆောက်ပေးထားတာမျိုးလည်း ရပါတယ်။

၂။ နို့ညှပ်

ညီအစ်ကိုကြား၊ သားအဖကြား ရောက်နေတဲ့အိမ် ဖြစ်ပါတယ်။ ကိုယ်နဲ့ကပ်ရပ် ဘယ်နဲ့ညာက အိမ်ပိုင်ရှင်တွေဟာ သားအဖတွေ၊ ညီအစ်ကိုတွေ ဖြစ်နေတာပါ။ ဒီလိုမျိုးနေမိပြီဆိုရင်တော့ ထညပ်(ငါးကင်ရာမှာ သုံးတဲ့ဝါးညှပ်) ကို အိမ်ရဲ့တစ်ဖက်တစ်ချက်မှာ ထားရပါတယ်။

၃။ စေတီဦးတိုက်

ဘုရားကျောင်းကန် စေတီပုထိုးတစ်ခုခုက မိမိအိမ်ထက်နိမ့်ပြီး ဘေးနားကပ်လျက်မှာ ရှိနေတာကို ဆိုလိုပါတယ်။ တိုက်တာ အဆောက်အဦးပေါတဲ့ ရန်ကုန်လို နေရာတွေမှာ တွေ့ရတတ်ပါတယ်။ ဒီလိုနေမိရင် အနီးအနားဘုရားကျောင်းကန်တစ်ခုမှာ ကောဇောခင်းတာ၊ ကျောက်ပြားခင်းတာ၊ တံမြက်စည်းလှည်းတာတွေ လုပ်ပေးရပါတယ်။

၄။ ကြမ်းဦးတိုက်

အထပ်တစ်ခုပေါ်၊ ကြမ်းခင်းတစ်ခုပေါ်၊ အဆင့်တစ်ခုပေါ်ကို တက်လိုက်တဲ့အခါမှာ ကိုယ့်ခြေဖဝါးဟာ အဲဒီ့အထပ်မှာခင်းထားတဲ့ ကြမ်းအလျားတိုင်း ချမိနေတာကို ပြောတာပါ။ ဒီလိုမျိုးကြမ်းခင်းထားတဲ့ အဆောက်အဦးမှာ နေမိပြီဆိုရင် အဲဒီ့ကြမ်းမှာ ဖယောင်းပုဆိုး၊ ကောဇော ဒါမှမဟုတ် တစ်ခုခု ခင်းပေးရပါတယ်။

၅။ အိမ်တံစို့

မိမိအိမ်ကို အခြားအိမ်က အလယ်တည့်တည့်က ကန့်လန့်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒါမျိုးဆိုရင်တော့ မိမိအိမ်ဘက်ကနေ ကန့်လန့်ဆောက်ထားတဲ့ အိမ်ကို မှန်တစ်ချပ် ထောင်ပေးထားရပါတယ်။
နေအိမ်တွင်းမှာ ခြတောင်ပို့ရှိရင် အရောင်းအဝယ်မကောင်းဘူး။ မိမိအိမ်မျက်နှာစာက အခြားအိမ်ရဲ့ နောက်ဖေးဖြစ်နေရင် မကောင်းဘူးဆိုတဲ့ အယူအဆတွေလည်း ရှိပါတယ်။ ရိုးရာအယူအဆတွေကို ဗဟုသုတအနေနဲ့ ဖော်ပြပေးထားတာဖြစ်ပါတယ်။


🎅 Merry Christmasနေ့ လေးမှာ အားလုံးပဲ ပျော်ရွှင်ဝမ်းမြောက်သာယာသော နေ့လေးပိုင်ဆိုင်ကြပါစေလို့🎅 AMCT မှ ဆုမွန်ကောင်းတောင်း...
25/12/2024

🎅 Merry Christmasနေ့ လေးမှာ အားလုံးပဲ ပျော်ရွှင်ဝမ်းမြောက်သာယာသော နေ့လေးပိုင်ဆိုင်ကြပါစေလို့🎅 AMCT မှ ဆုမွန်ကောင်းတောင်းပေးပါတယ်နော်🎅🤶🎅

၁၀၄ ကြိမ်မြောက်ကျရောက်သော အမျိုးသားနေ့အတွက် ဂုဏ်ပြုအပ်ပါသည်👏👏
25/11/2024

၁၀၄ ကြိမ်မြောက်ကျရောက်သော အမျိုးသားနေ့အတွက် ဂုဏ်ပြုအပ်ပါသည်👏👏

မိတ်ဆွေတို့ အတွက် ဗဟုသုတလေးပါ🤗✍ဒီနေ့ဧည့်သည်တစ်ယောက်က မြေလေး ဝယ်ချင်လို့ ကျနော့ဆီ ဖုန်းဆက်မေးတယ်၊ဝယ်လို့ရမရပေါ့။ ရွာမြေလိ...
17/11/2024

မိတ်ဆွေတို့ အတွက် ဗဟုသုတလေးပါ🤗✍

ဒီနေ့ဧည့်သည်တစ်ယောက်က မြေလေး ဝယ်ချင်လို့ ကျနော့ဆီ ဖုန်းဆက်မေးတယ်၊ဝယ်လို့ရမရပေါ့။ ရွာမြေလို့ပြောတာပဲ၊ပေ ၆၀၇၀ လောက်ကျယ်တယ်၊အကြံပေးပါအုံးတဲ့။

ဒါနဲ့ကျနော်လည်း ခင်များဝယ်မဲ့မြေအတွက်
ရှိတဲ့စာရွက်လေးပို့ပေးပါပေါ့ ။
သူကလည်း viber ကနေ မြေပုံလေးတစ်ပုံပို့ပေးတယ်။
ကျနော်ကကြည့်ပီး ခင်များဟာ လယ်မြေအမျိုးအစားပဲ
သစ်ပင်စိုက်ဖို့ဝယ်တာလားလို့မေးတော့

မဟုတ်ဘူး နေဖို့ပဲ
၊ဘေးပတ်ဝန်းကျင်မှာ အိမ်တွေ၊ဝိုင်းကွက်တွေနဲ့ပဲတဲ့။
ဆရာကဒီနေရာကိုရောက်ဘူးလားတဲ့။
ကျနော်ကလည်း မရောက်ဘူးပါဘူး။
မြေပုံမှာ ပါတဲ့ သင်္ကေတနဲ့ မြေပုံဆွဲထားတဲ့
အရောင်ကိုကြည့်ပီးပြောတာပါလို့ပြောလိုက်တော့ ။
အဲလိုကြည့်လို့ရလားတဲ့။

ရပါတယ်
ဂရန်မြေဆိုရင် သင်္ကေတ L နဲ့ပြပီး မြေပုံကို အနီရောင်နဲ့ဆွဲတယ်ဗျာ၊

ဘိုးဘပိုင်မြေဆိုရင် သင်္ကေတ B နဲ့ ပြပီး မြေပုံကို အပြာရောင်နဲ့ဆွဲတယ်ဗျာ၊

အစိုးရ မြေဆိုရင် သင်္ကေတ A နဲ့ပြပီး မြေပုံကို ခရမ်းရောင်နဲ့ ဆွဲတယ်ဗျာ၊
ဒီလိုပဲ ရွာမြေဆိုရင် လိမ္မော်ရောင်နဲ့ မြေပုံဆွဲပီး၊သာသနာ့မြေဆိုရင် အစိမ်းရောင်နဲ့ ဆွဲကြတယ်လို့ ။

အက္ခရာ သင်္ကေတတွေကိုကြည့်ပီးလည်း
ဘာမြေအမျိုးအစားဖြစ်နိူင်တယ်
၊မြေပြန့်လား၊ကုန်းကျလား၊မြောင်းဘေးလား၊ဆည်ရေသောက်လား
၊မြစ်ရေဝင်လား၊သုသာန်နဲ့နီးလား.....စသည်ဖြင့်
ခွဲခြားလို့ရတယ်လို့ အများလည်းသိအောင်၊
ကျနော်လည်း စုပီးသားဖြစ်သွားအောင်
သိထားသလောက်လေး ပြောရရင်..

မြေအမျိုးအစားများနဲ့ သင်္ကေတ အက္ခရာများကတော့....

၁။ မိုးကောင်းလယ်မြေ၊သာမန်လယ်မြေဆိုရင် R/P/M တို့နဲ့ပြသတက်ပီး၊
ပထမတန်းစားဆိုရင် R1
ဒုတိယတန်းစားဆိုရင် R2
တစ် ဧကအထွက်နှုန်း တင်း၃၀ အောက် ဆိုရင် တတိယတန်းစား R3
တစ် ဧကအထွက်နှူန်း တင်း ၂၀ အောက်ဆိုရင် စတုတ္ထတန်းစား R4 နဲ့ ပြကြပါတယ်။

၂။ အစိုးရ ဆည်ရေသောက်လယ်မြေဆိုရင် RG

၃။ ပုဂ္ဂလိက ဆည်ရေသောက်လယ်မြေဆိုရင် RP

၄။ ကန်ရေသောက်မူရင်းလယ်ဆိုရင် TM

၅။ မူရင်းလယ်မြေဆိုရင် M/MY

၆။ ချောင်းရေဝင် မြေဆိုရင် C

၇။ ယာမြေ ဆိုရင် Y

၈။ ရာဘာကြက်ပေါင်စေးစိုက်မြေဆိုရင် RR

၉။ တောင်ယာ မြေဆိုရင် TY/YY

၁၀။ ကိုင်းမြေ ဆိုရင် K/KA/KY

၁၁။ ကိုင်းမြေရင့်ဆိုရင် KY

၁၂။ ဥယျာဉ်ခြံမြေဆိုရင် G/U

၁၃။ ဓနိမြေဆိုရင် D

၁၄။ အပိုင်ရမြေ O

၁၅။ အပိုင် ဂရန်မြေ G

၁၆။ အငှားဂရန်မြေ L ..... စသည်ဖြင့် အမျိုးမျိုးရှိကြပါတယ်။မိမိဝယ်မဲ့မြေရဲ့မြေပုံမှာပါတဲ့ သင်္ကေတလေးကိုကြည့်ပီး မိမိဘာသာ အကြမ်းဖျင်းခွဲခြားနိူင်ပါတယ်။

မူရင်း/စာ သား/photo - # Credit # #

ပုံဆွဲပြီး(အိမ်)ဆောက်ခြင်း ကောင်းကျိုးနဲ့.. ပုံမဆွဲပဲ(အိမ်)ဆောက်ခြင်းဆိုးကျိုးးး============================          အရ...
07/11/2024

ပုံဆွဲပြီး(အိမ်)ဆောက်ခြင်း ကောင်းကျိုးနဲ့..
ပုံမဆွဲပဲ(အိမ်)ဆောက်ခြင်းဆိုးကျိုးးး
============================
အရပ်ထဲ အိမ်ဆောက်တဲ့အခါ အိမ်ရှင်တွေအနေနဲ့ ပုံဆွဲခပျမ်းမျှ လေးငါးသိန်းး ဝန်းကျင်ပေးရမှာ အလွန်နှမျှောကြပါတယ်။ သူတို့အနေနဲ့ စက္ကူပေါ် ပုံလေးဆွဲတာ အဲ့လောက်ငွေ ပေးစရာလားးလို့ အယူရှိတတ်ပါတယ်။ အဲတော့ fb ပေါ်က အိမ်ပုံလေးတွေ ကန်ထရိုက်တာကို ပြပြီးဆောက်ခိုင်းပါတယ် ။ ကန်ထရိုက်တာက အလုပ်ရရှိရေးတွက် ဖြစ်တယ်ဆိုပြီးး ဆောက်ပေးတာ တွေ့နေရပါတယ်။
အဲတော့ ဆိုးကျိုးတွေ အများကြီး ထွက်ပေါ်လာတတ်ပါတယ်။
- ပုံစံ မရှိတဲ့အတွက် ပစ္စည်းဒေသပေါက်စျေးနဲ့ တိကျတဲ့ ခန့်မှန်းတွက်ချက်မှုကို မရနိုင်ပါဘူးး။ အဲ့တော့ ကိုယ်က သိန်းတစ်ရာ မှန်းထားပေမယ့် နှစ်ရာလဲ ဖြစ်သွားတတ်ပါတယ်။ အိမ်က မပြီးတပြီးနဲ့ တန်းလန်းတွေ ဖြစ်တတ်ပါတယ်။
- တိကျတဲ့ ပုံစံ မရှိတဲ့အတွက် ဖြတ် ညှပ် ဆက် တွေများနိုင်ပါတယ်။ ပစ္စည်းအလေအလွင့်တွေများမယ်၊ မကုန်သင့်တာတွေ ပိုကုန်မယ်၊ အဆောက်အဦး အရည်အသွေးတွေ ကျဆင်းမယ်၊ အခန့်မသင့်ရင် မိမိတို့ သိန်းရာချီ အကုန်အကျခံပြီးး ဆောက်ထားတဲ့အိမ် အဟောသိကံ ဖြစ်နိုင်ပါတယ် ။
- ပြီးတော့ ကိုယ်လိုချင်တဲ့ အခန်းအကျယ်၊ အရည်အတွက် ရချင်မှ ရနိုင်မယ် ၊ ရအောင် လိုက်လုပ်မယ်ဆိုလဲ ဖြတ်ညှပ်ဆက်တွေ များနိုင်ပြီးး အန္တရာယ် များတဲ့ အခြေအနေ ရောက်သွား နိုင်ပါတယ်။
- အိမ်ပြီးသွားတော့လဲ fb ပေါ်က ကိုယ်ပြထားတဲ့ အိမ်ပုံစံမျိုးထွက်မလာပဲ ကိုယ်လိုချင်တာတစ်ခြား ဖြစ်လာတာတစ်ခြားး ဖြစ်လာပြီး တစ်သက်လုံးး စိတ်မချမ်းမြေ့ဖွယ် နေထိုင်သွားရတတ်ပါတယ်။
- ပြီးတော့လဲ ကန်ထရိုက်ရဲ့ ဂျင်းပါမက ကြက်သွန်ဖြူ နဲ့ မိတ်သလင်ပါ ပေါင်းထည့်ခြင်း ခံရတတ်ပြီးး ကိုယ့်ပိုက်ဆံနဲ့ကိုယ် သူပြုသမျှ နုရ ၊ သူပြောသမျှ ခေါင်းညိမ့်ရတဲ့ အခြေအနေ ရောက်သွားနိုင်ပါတယ်။ ပုံစံ မရှိတဲ့ အတွက် သူက အမှားလုပ်နေလဲ ကိုယ်ကမပြောနိုင်ပဲ ကြည့်နေရမယ့် အခြေအနေ ပါ။
ပုံံစံ မရှိတဲ့ အတွက် အခြားဆိုးကျိုး အများကြီးရှိနိုင်ပြီးး ပုံဆွဲခလေး နှမျောမိတာနဲ့ ပုံဆွဲခထက်ပိုပြီး သိန်းပေါင်းများစွာ ပိုကုန်သွားတက်ပါတယ်။ ပိုကုန်သွားတတ်တာမဟုတ်ဘူးး ကြိမ်းသေ ပိုကုန်မှာပါ။ တိကျတဲ့ ပုံစံမရှိတဲ့အတွက် structure ပိုင်းး အရမ်းအားနည်းသွားမှာ ကြိမ်းသေပါ ။
ဒါက ပုံမဆွဲ ခြင်းရဲ့ ဆိုးကျိုးတွေပါ ။

🏩🏩ပုံဆွဲပြီးး အိမ်ဆောက်မယ်ဆို တိကျတဲ့ ခန့်မှန်းတွက်ချက်မှုကို ရရှိမှာပါ။ မိမိလက်ရှိငွေနဲ့ ချိန်လို့ရပါတယ်။
- မိမိစိတ်ကြိုက် ပုံဖော်လို့ ရတာမို့ အိမ်မပြီးခင်ကတည်းက ကျေနပ်တဲ့ စိတ် ခံစားရပြီးး မကျေနပ်သေးရင် ပုံဆွဲအင်ယာနဲ့ တိုင်ပင်ပြီးး ပြင်လို့ရပါသေးတယ်။
- ဖြတ် ညှပ် စပ် တွေမရှိသလောက်ဖြစ်သွားပြီးး အားကောင်းတဲ့ structure တစ်ခုကို ရရှိမှာပါ။
- ပစ္စည်း အလေအလွင့်တွေနည်းသွားပြီးး မကုန်သင့်တဲ့ ငွေကြေးအချို့ဟာ အိပ်ထဲ ပြန်ဝင်လာမှာပါ။
- တိကျတဲ့ပုံစံရှိတဲ့အတွက် ကန်ထရိုက်လဲ ဂျင်းထည့်လို့မရတော့သလို သူအမှားလုပ်ရင်လဲ ဝင်ပြောလို့ရပြီးး စာချုပ် ချုပ်ထားလျှင်လျော်ခိုင်းလို့ရပါတယ်။
- အိမ်ပြီးသွားတဲ့အခါ မိမိလိုချင်တဲ့ အိမ်ပုံစံလေး ကြိမ်းသေ ရရှိလာမှာဖြစ်ပြီး သားစဉ်မြေးဆက် ကျေနပ်တဲ့စိတ်နဲ့ နေထိုင်သွားရမှာပါ ။
အဲ့တော့ အိမ်ကို ပုံစံဆွဲပြီးး ဆောက်သင့် မဆောက်သင့် ကိုယ်တိုင် စဉ်းစားကြပါခဗျာ

#အိမ်ရှင်များအတွက်သာရည်ရွယ်ပါသည်။✍✍
crd_to_original✍

အုတ်စီခြင်းနှင့် အ​ချောကိုင်ရင် (Brick-work & Plastering work)ကို ဘယ်လိုမျိုး ကြည့်ပီးဘာတွေစစ်ဆေးရမလဲ👷1.column တိုင်မှာ ...
21/08/2024

အုတ်စီခြင်းနှင့် အ​ချောကိုင်ရင် (Brick-work & Plastering work)ကို ဘယ်လိုမျိုး ကြည့်ပီး
ဘာတွေစစ်ဆေးရမလဲ👷

1.column တိုင်မှာ dowel bar ရှိဖို့လိုအပ်ပါတယ်။
Dowel bar မပါခဲ့ရင် တိုင်မှာ dowel bar ဖောက်ပြီး
ထည့်သင့်ပါတယ်။

Dowel bar မပါတဲ့အခါ column တိုင်နဲ့စီထားတဲ့ အုတ်တွေနဲ့ ဆက်ကြောင်းပြတ်သွားတတ်ပါတယ်။
ဘာလို့လဲဆိုတော့ အပူအအေးကြောင့် အုတ်စီထားတဲ့ ဘိလပ်မြေ မဆလာဟာအနည်းငယ် ကျုံ့သွားနိုင်လို့ပါ။ ဒီအခါတွယ်ဆက်မှူအားနည်းသွားစေပါတယ်။

2.နောက်တစ်ခုအနေနဲ့ အုတ်စီတဲ့အခါ ချိန်(မျဉ်းမတ်)
ရသင့်ပါတယ်။
အုတ်စီတဲ့အခါ ချိန်မရခဲ့ရင် နံရံအချောကိုင်တဲ့အခါ ပလာစတာချောထုက အထူကြီးဖြစ်တတ်ပါတယ်။

3.စီမဲ့အုတ်ကို ရေ၀ ပါစေ။ အုတ်မစီခင် တစ်ရက် နှစ်ရက်အလိုမှာ အုတ်ပုံကိုရေလောင်းထားပါ။
အုတ်ခဲမှာ အစိုဓာတ်မရှိခဲ့ရင် ဘိလပ်မြေအနှစ်ထဲကရေကိုစုပ်ယူသွားနိုင်ပါတယ်။
ဒီအခါ strength ကျတာမျိုးတွေ ချောထားတဲ့နံရံအချောထု ကွာကျတာမျိုးတွေ ဖြစ်တတ်ပါတယ်။

4.ဘိလပ်မြေကို လိုမှ လိုသလောက်ဖျော်သင့်ပါတယ်။
ဖျော်ရသက်သာအောင်ဆိုပြီး မနက်လုပ်ငန်းစထဲက အများကြီးဖျော်ထားရင် နေ့လည်ပိုင်း သုံးတဲ့အခါ strength ကျသွားမှာပါ။
အထူးသဖြင့် နံရံအချောကိုင်တဲ့အခါ ပိုဂရုစိုက်သင့်ပါတယ်။ ဖျော်တဲ့ ဘိလပ်မြေ အနှစ်က strength မကောင်းရင် ချောထုကွာကျတာမျိုးဖြစ်တတ်ပါတယ်။

5.ဖျော်တဲ့ရေကိုဂရုစိုက်ပါ။ အုတ်စီဖို့ဘိလပ်မြေဖျော်တဲ့အခါ
တွေ့ရာရေနဲ့မဖျော်သင့်ပါဘူး။
နံရံဆားပေါက်တာမျိုးဖြစ်တတ်ပါတယ်။
တစ်ခါတစ်လေမှာ တွင်းရေနဲ့ဖျော်တာတောင်မှ ရေထဲမှာ ဓာတ်ဆားပါတဲ့အခါ နံရံဆားပေါက်တာမျိုးကြုံရတတ်ပါတယ်။
နံရံဆားပေါက်ရင် ဆေးသုတ်တဲ့အခါ ဒုက္ခများတတ်ပါတယ်။

ဒီအချက်လေးတွေကဗဟုသုတဖြစ်ပြီး
အကျိုးရှိတယ်ဆိုရင် postလေးကို shareသွားနိုင်ပါတယ်ဗျ🙆






towriter

 #ကွန်ကရစ်တွက်နည်း********************♦ “1:3:6 အချိုး “ကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်ခန့် + သဲကျင်းဝက်+ ကျောက် ၁ ကျင်း♦ “ 1:2...
12/08/2024

#ကွန်ကရစ်တွက်နည်း
********************
♦ “1:3:6 အချိုး “
ကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်ခန့် + သဲကျင်းဝက်+ ကျောက် ၁ ကျင်း

♦ “ 1:2:4 အချိုး “
ကွန်ကရစ် ဘိလပ်မြေ ၁၈ အိတ်ကျော်ခန့်+ သဲကျင်းဝက် + ေ ကျာက် ၁ ကျင်း

♦ “1: 1-1/2 အချိုး “
ကွန်ကရစ် ဘိလပ်မြေ ၂၅ အိတ်ခန့် + သဲကျင်းဝက်+ ေ ကျာက် ၁ ကျင်း

♦ “1:4 အချိုး"
ဘိလပ်မြေ ၃အိတ် + သဲ တမတ်သာသာ(ကျင်း) ခန့်
(၄ လက်မခွဲ အုတ်စီခြင်း နဲ့ ကြွေပြားကပ်ရာမှာ အသုံးများပါတယ်)

✅Plastering အတွက်ဆိုရင်တော့ တစ်ကျင်း စာ
ဘိလပ်တစ်အိတ်ခွဲ သုံးပေးပါတယ်

ကြွေပြားကပ်ဖို့ဆိုရင်တော့💠
>>ဘိလပ်မြေနဲ့ကပ်မယ် ဆိုရင် ဘိလပ်မြေ တအိတ်ခွဲ နဲ့ သဲ ၃အိတ်ခန့်

>> ကြွေပြားကပ်ကော်နဲ့ ကပ်မယ်ဆိုရင်တော့✴
ကြွေပြားကပ်ကော် ၂အိတ်ခွဲ ခန့်
သုံးပေး ရပါမယ်

-


Address

Pagoda Road
Bago
11161

Alerts

Be the first to know and let us send you an email when AMCT Development Co.ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share