Pool & Spa Myanmar

Pool & Spa Myanmar Pool and Spa Myanmar (PSM) is one of Myanmar’s largest sellers of swimming pool chlorine and equip

ပိတ်ရက်လေးတွေ ကုန်ဆုံးသွားပြီဆိုတော့ Happy Monday ပြန်ရောက်လာပါပြီ...ဒီနေ့တော့ အစိုးရက တရားဝင်ထုတ်ပြန်ပေးထားတဲ့ ရုံးပိတ်...
23/12/2024

ပိတ်ရက်လေးတွေ ကုန်ဆုံးသွားပြီဆိုတော့ Happy Monday ပြန်ရောက်လာပါပြီ...

ဒီနေ့တော့ အစိုးရက တရားဝင်ထုတ်ပြန်ပေးထားတဲ့ ရုံးပိတ်ရက် ကြော်ငြာစာလေးကို ဝေမျှပေးပါရစေဗျ...

အားလုံးပဲ ပျော်ရွှင်တဲ့ နေ့လေးဖြစ်ပါစေဗျာ...

Happy Friday ရောက်ပြီဆိုတော့ အားလုံးပဲ ရုံးပိတ်ရက်လေးတွေတွက် ကြိုတင်ရင်ခုန်ပျော်ရွှင်နေကြမယ် ထင်ပါတယ်ဗျ...PSM Fan များအာ...
20/12/2024

Happy Friday ရောက်ပြီဆိုတော့ အားလုံးပဲ ရုံးပိတ်ရက်လေးတွေတွက် ကြိုတင်ရင်ခုန်ပျော်ရွှင်နေကြမယ် ထင်ပါတယ်ဗျ...

PSM Fan များအားလုံး Happy Weekend !!

ကွန်ကရစ်ရေကူးကန်နဲ့ ဗီနိုင်းရေကူးကန် ဘယ်ဟာက လူကြီးမင်းတို့အိမ်နဲ့ ပိုအဆင်ပြေမလဲ???ရေကူးကန်စပြီး ဆောက်မယ်လို့ စဉ်းစားတိုင...
19/12/2024

ကွန်ကရစ်ရေကူးကန်နဲ့ ဗီနိုင်းရေကူးကန် ဘယ်ဟာက လူကြီးမင်းတို့အိမ်နဲ့ ပိုအဆင်ပြေမလဲ???

ရေကူးကန်စပြီး ဆောက်မယ်လို့ စဉ်းစားတိုင်း သူဌေးတိုင်း ရွေးချယ်ရခက်တဲ့ မေးခွန်းပါပဲ…
ဒီမေးခွန်းလေးကို ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံလေးကို အခြေခံပြီး ဖြေပေးပါရစေဗျ..
အရင်ဉီးဆုံး သူဌေးတိုင်း စစဉ်းစားမိတဲ့ Budget ကနေစပြောပါမယ်…
ဟုတ်ကဲ့… Budget အနေနဲ့ကတော့ ဗီနိုင်းရေကူးကန်က ကွန်ကရစ်ကန်ထက် အပြတ်အသတ်ကို ‌ဈေးသက်သာပါတယ်ဗျ… ကျွန်တော်ထင်တယ် ထက်ဝက်လောက်တောင် သွားလောက်မယ်ဗျ… အဓိကက ဗီနိုင်းရေကူးကန်မှာ ကြွေပြားက တော်တော်လေးသက်သာသွားပါမယ်… ကြွေပြားနဲ့ပတ်သက်ပြီး နောက်မှ ရေကူးကန်တွက် ဘယ်လိုကြွေပြား အမျိုးအစားရွေးချယ်သင့်လဲ အသေးစိတ် ထပ်ရေးပေးပါမယ်ဗျ…
နောက်တစ်ခု ထပ်ပြောရမယ်ဆို စက်ခန်းနေရာ (Pump Room) ဗီနိုင်းရေကူးကန်တွေတွက် စက်ခန်းက ကန်နဲ့ကပ်လျက်လေးမှာ အလျားအနံအမြင့် သုံးပေပတ်လည်ဆိုလုံလောက်ပေမယ့် ကွန်ကရစ်ကန်အတွက်ကတော့ အနည်းဆုံး ငါးပေပတ်လည်နဲ့ အမြင့်ခြောက်ပေ (လူတစ်ရပ်လွတ်) လောက် လိုအပ်ပါတယ် အဲ့ဒီ့ စက်ခန်းနေရာ အနေအထားကြောင့်လည်း ဗီနိုင်းရေကူးကန်တွေကို Penthouse လိုနေရာမျိုးမှာ တော်တော်လေးအတွေ့ရများပါတယ် ပြီးတော့ Structure ပိုင်းအနေနဲ့ စဉ်းစားရင်လည်း Penthouse လိုနေရာတွေက ဗီနိုင်းရေကူးကန်တွေနဲ့ တော်တော်အဆင်ပြေပါတယ်…နောက်ပြီး တည်ဆောက်ချိန်ဆိုရင်လည်း အများကြီး သိပ်မကြာတတ်ပါဘူး…
ကျွန်တော်ကတော့ ရေကူးကန်ဆောက်ချင်ပေမယ့် အများကြီးလည်း အကုန်အကျမခံချင်ဘူး …. နေရာလည်း လုံလုံလောက်လောက်အများကြီးမရှိဘူးဆိုတဲ့ လူကြီးမင်းတွေကို ဗီနိုင်းရေကူးကန်ကိုပဲ ညွန်းလေ့ရှိပါတယ်…
ကဲ… ဗီနိုင်းရေကူးကန်တွေရဲ့ ကောင်းကျိုးတွေ တော်တော်များများပြောပြီးသွားပြီဆိုရင်တော့ ကွန်ကရိကန်တွေအကြောင်း ဆက်သွားလိုက်ကြရအောင်…
ခုနက ပြောခဲ့သလို ကွန်ကရိကန်တွေက ဗီနိုင်းကန်တွေထက် အများကြီး ပိုအကုန်အကျများသလောက် ဒီဇိုင်းပိုင်းကလည်း တန်အောင်ကို စိတ်ကြိုက်ဖန်တီးလို့ရပါတယ်… နောက်ပြီး ရေရှည်ခံတဲ့နေရာမှာလည်း ကွန်ကရိကန်တွေက အပြတ်အသက်ကို သာပါတယ်…
နောက်ပြီး ကျွန်တော့်ရဲ့ တစ်ကိုယ်ရည်ရှုထောင့်ကနေ ပြောရရင် ရေကူးကန်ကို ကြည့်လိုက်တာနဲ့ ကွန်ကရိကန်တွေရဲ့ ဒီဇိုင်းက Vinyl ကန်တွေထက် အများကြီး ပိုပြီး ဆန်းသစ်တယ်လို့ခံစားရပါတယ်…
ဒါပေမယ့်… Beauty is in the eye of the beholder … ဆိုသလိုပဲ တစ်ယောက်နဲ့ တစ်ယောက်တော့ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်ဗျ…
အားလုံးပဲ မိမိနဲ့ သင့်လျော်ကိုက်ညီတဲ့ ရေကူးကန်လေးတစ်ခု ပိုင်ဆိုင်နိုင်ကြပါစေဗျ…

Hot Line: 01-381608, 01-374848, 09-405777025
# # သင့်ရေကူးကန်အတွက်ဆို အမြဲအသင့်ရှိနေတာ Pool & Spa Myanmar
# # ဆက်သွယ်ရန်လိပ်စာကတော့
Pool & Spa Myanmar Yangon Office & Showroom Address
MWEA Tower # 1-06, 288/290, Shwedagon Pagoda Road, Dagon Township, Yangon
Phone: 01-381608, 01-374848, 09-405777025
Yangon Warehouse Address
No-8/1, Thirimingalar (16) Street, Insein Township, Yangon
E-mail: [email protected]
Website: www.poolandspamyanmar.com
page: Pool & Spa Myanmar

ဟုတ်ကဲ့ ပြန်လာပါပြီဗျ...ပြန်လာပါပြီ...ဘယ်တော့ပြန်လာမလဲ.. ဘယ်တော့ပြန်လာမလဲ.. တစ်မေးတည်း မေးနေကြတဲ့ PSM Fan တွေအတွက် " We ...
18/12/2024

ဟုတ်ကဲ့ ပြန်လာပါပြီဗျ...ပြန်လာပါပြီ...
ဘယ်တော့ပြန်လာမလဲ.. ဘယ်တော့ပြန်လာမလဲ.. တစ်မေးတည်း မေးနေကြတဲ့ PSM Fan တွေအတွက် " We are back again " ပြန်လာပါပြီဗျ..

အကြောင်းအမျိုးမျိုးကြောင့် Customer များရဲ့ Reply တွေကို မတုံ့ပြန်မိရင်လည်း အနူးအညွတ်တောင်းပန်ပါတယ်ဗျ..

ONLINE ပေါ်မှာပဲ ပျောက်နေတာဖြစ်ပြီး အပြင်မှာတော့ ကျွန်တော်တို့ PSM Team က ပုံမှန်အတိုင်း ဝန်ဆောင်မှုများပေးလျက်ရှိပါတယ်ဗျာ...

ခုကစပြီးသိချင်တာတွေ မေးလို့ရပါပြီ..

သိပ်မကြာခင်လည်း ရေကူးကန် ပစ္စည်းများနဲ့ပတ်သက်ပြီး Promotion တွေလည်း ထပ်တင်ပေးသွားမှာ ဖြစ်ပါတယ်ဗျ...

Hot Line: 01-381608, 01-374848, 09-405777025

# # သင့်ရေကူးကန်အတွက်ဆို အမြဲအသင့်ရှိနေတာ Pool & Spa Myanmar
# # ဆက်သွယ်ရန်လိပ်စာကတော့
Pool & Spa Myanmar Yangon Office & Showroom Address
MWEA Tower # 1-06, 288/290, Shwedagon Pagoda Road, Dagon Township, Yangon
Phone: 01-381608, 01-374848, 09-405777025
Yangon Warehouse Address
No-8/1, Thirimingalar (16) Street, Insein Township, Yangon
E-mail: [email protected]
Website: www.poolandspamyanmar.com
page: Pool & Spa Myanmar

ဒီနေ့ ကျွန်တော်တို့ Share ပေးချင်တဲ့ အကြောင်းအရာလေးကတော့ ခုလို Covid ရောဂါဖြစ်ပွားနေချိန်ကာလအတွင်း မိမိအိမ်မှာရှိတဲ့ ရေက...
27/01/2021

ဒီနေ့ ကျွန်တော်တို့ Share ပေးချင်တဲ့ အကြောင်းအရာလေးကတော့ ခုလို Covid ရောဂါဖြစ်ပွားနေချိန်ကာလအတွင်း မိမိအိမ်မှာရှိတဲ့ ရေကူးကန်အတွက် အပြင်လူကိုလည်း စိတ်မချဘူး။ ပိုက်ဆံလည်း ကုန်ကျသက်သာချင်တယ် ဆိုရင်တော့ ကိုယ့်ရဲ့ရေကူးကန်လေးကို အမြဲသန့်ရှင်း ကြည်လင်နေစေဖို့ ကိုယ်ကိုယ်တိုင် ဘယ်လိုထိန်းသိမ်းမလဲဆိုတာလေးကို တင်ပြပေးချင်ပါတယ်ဗျ။

နိုင်ငံတကာမှ Professional Pool Maintenance တွေဆိုရင်တော့ ရေကူးကန်တစ်ကန်ရဲ့ PH, Total Alkalinity, Bromine, Chlorine, Cyanuric Acid, Calcium Hardness, Total Dissolved Solids (TDS) အစရှိတဲ့ Level များအား Ideal Level ရောက်အောင် ထိန်းသိမ်းထားလေ့ရှိပါတယ်။ ဒါပေမယ့် ရေကူးကန်ရဲ့ Main Source က ကောင်းမွန်မယ် RO ဖြတ်ပြီးသား ဖြစ်တယ်ဆိုရင်တော့ အဓိက အခြေခံအချက်ဖြစ်တဲ့ PH & Chlorine Level နှစ်ခုကို Ideal Level ရောက်အောင် ချိန်ညှိထားနိုင်ရုံနဲ့ ကြည်လင်သန့်ရှင်းတဲ့ ရေကူးကန်ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ မိမိရေကူးကန်ရဲ့ PH & Chlorine Level မှန်/မမှန် သိဖို့အတွက် Manual or Digital test kit ဖြင့် တစ်ပတ်ကို အနည်းဆုံး နှစ်ကြိမ်ပုံမှန်တိုင်းပေးဖို့ လိုအပ်ပါတယ်။ တိုင်းတာရမယ့် အကြိမ် အရေအတွက်က ရေကူးတဲ့သူ အရေအတွက်ပေါ်မူတည်ပါတယ်။ ရေကူးတဲသူနေ့တိုင်းရှိတဲ့ Hotel လိုကန်မျိုးဆိုရင်တော့ နေ့တိုင်းတိုင်းပေးဖို့ လိုအပ်ပါတယ်ဗျ။

မိမိရေကူးကန်ရဲ့ PH & Chlorine level ကို သိရပြီဆိုရင်တော့ Ideal Level ရောက်အောင် ချိန်ညှိပေးရမှာ ဖြစ်ပါတယ်။ အဲ့မှာသိထားဖို့လိုတာကတော့ PH & Cl ရဲ့ Ideal Level ပါ။ PH ရဲ့ Ideal Level က 7.2 to 7.8 ဖြစ်ပြီး Cl ရဲ့ Ideal Level ကတော့ 1.0 to 2.0 ppm ဖြစ်ပါတယ်။ PH Level တိုင်းကြည့်လို့ ကျနေတယ်ဆိုရင်တော့ မြင့်ဖို့အတွက် Soda Ash ကို အသုံးပြုရမှာ ဖြစ်ပြီး မြင့်နေတယ်ဆိုရင်တော့ ကျဖို့အတွက် HCL (Hydrochloric acid) အသုံးပြုပေးရမှာ ဖြစ်ပါတယ်။ Chemicals ပမာဏကတော့ ရေကူးကန်ရဲ့ Volume ပေါ်မူတည်ပြီး လိုအပ်သလောက်ပဲ ထည့်ပေးရမှာ ဖြစ်ပါတယ်။ ဥပမာ- ရေကူးကန်က ရေဂါလံ တစ်သောင်းလောက်ရှိမယ်ဆိုရင် PH Level မြင့်တက်ဖို့တွက် Soda Ash 1 lb လောက်ထည့်ဖို့လိုအပ်ပြီး PH Level ကျဖို့တွက်တော့ HCL 1 Liter ပျမ်းမျှအားဖြင့် ထည့်ပေးဖို့ရန် လိုအပ်ပါသည်။ CL level ကျနေတယ်ဆိုရင်တော့ ကလိုရင်း 1 lb ခန့်ထည့်ပေးရမှာ ဖြစ်ပါတယ်။ Cl Level တက်နေတယ်ဆိုရင်တော့ စက်ကို ထပ်ပြီးမောင်းထားပေးရင် တဖြည်းဖြည့်း ပြန်ကျသွားမှာ ဖြစ်ပါတယ်။ အရေးကြီးတဲ့ အချက်က ဘယ် Chemicals ပဲထည့်ထည့် (ကျောက်ချဉ် မှ လွဲပြီး) ထည့်ပြီးတာနဲ့ စက်မောင်းပေးထားဖို့ လိုပါတယ်။ နောက်တစ်ချက်ကတော့ Chemicals ထည့်ပြီးရင်တော့ လေး/ငါးနာရီခန့်ခြားပြီးမှသာ ရေကူးလို့ရမှာ ဖြစ်ပါတယ်။

ရေကူးကန်ဟာ Indoor မဟုတ်ဘဲ Outdoor မှာ ဖြစ်မယ်ဆိုရင်တော့ သန့်ရှင်းရေးလည်း နေ့တိုင်းလုပ်ပေးဖို့က အရေးကြီးပါတယ်။ ရေကူးကန်ဘေးမှာ အပင်လေးတွေရှိမယ်ဆိုရင်တော့ သစ်ရွက်ကလေးတွေကို နေ့တိုင်း ဆယ်ယူပေးဖို့လိုပါတယ်။

နောက်တစ်ချက်အနေနဲ့ကတော့ မိမိရေအမျိုးအစားက ရေညှိတက်လွယ်မယ်ဆိုရင်တော့ ရေညှိကို သတ်ပေးနိုင်မယ့် Algaecide ကို မရှိမဖြစ်သုံးဖို့ အရေးကြီးပါတယ်။

ရေကူးကန်တွင်း ဂျီးစုပ်တဲ့လုပ်ငန်း (Vacuuming) ကိုလည်း တစ်ပတ်ကို နှစ်ခါလောက် အနည်းဆုံးပြုလုပ်ပေးရပါမယ်။ ဂျီးစုပ်ပြီးတာနဲ့ မလုပ်မဖြစ်လုပ်ပေးရမှာကတော့ Pool filter ကို Backwash & Rinse ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ Backwash & Rinse ကို ဘာကြောင့် မဖြစ်မနေပြုလုပ်ခိုင်းတယ်ဆိုတာ နောက်အပတ် Swimming Pool Sand Filter အကြောင်းရှင်းပြရင်းနဲ့ အသေးစိတ် ထပ်မံရှင်းပြပေးသွားပါမယ်။

ကဲ..ဒီလောက်ဆိုရင်တော့ ရေကူးကန်ချစ်သူများအနေနဲ့ မိမိရဲ့ အိမ်ကန်လေးကို အမြဲ ကြည်လင်သန့်ရှင်းအောင် ဘယ်လိုနည်းလမ်းတွေသုံးရမလဲဆိုတာ သိသွားမယ်လို့ထင်ပါတယ်ဗျ။
လူကြီးမင်းတို့အနေဖြင့် မေးချင်တာများရှိရင်လည်း Comment or Message Box မှ မေးမြန်းစုံစမ်းနိုင်ပါတယ်ဗျ။
ဒီလိုနေ့စဉ် ရေကူးကန်နဲ့ ပတ်သက်ပြီး ထိန်းသိမ်းဖို့ အချိန်မပေးနိုင်ဘူး၊ အလုပ်ရှုပ်မခံချင်ဘူးဆိုရင်တော့ ကျွန်တော်တို့ Pool & Spa Myanmar နဲ့သာ အမြန်ဆုံး ဆက်သွယ်လိုက်ပါဗျ။ ရေကူးကန်ချစ်သူများ စိတ်တိုင်းကျ ၀န်ဆောင်မှုများ ပေးနေပါပြီဗျာ။

Hot Line: 01-381608, 01-374848, 09-405777025, 09-778959368
# #သင့်ရေကူးကန်အတွက်ဆို အမြဲအသင့်ရှိနေတာ Pool & Spa Myanmar
# # ဆက်သွယ်ရန်လိပ်စာကတော့
Pool & Spa Myanmar Yangon Office & Showroom Address
MWEA Tower # 1-06, 288/290, Shwedagon Pagoda Road, Dagon Township, Yangon
Phone: 01-381608, 01-374848, 09-405777025, 09-778959368
Pool & Spa Myanmar Mandalay Office & Showroom Address
No-(578), 31st St., Bet: 84th x 85th, Chan Aye Tharsan Township, Mandalay
Phone: 09-977182181, 09-897490976
Yangon Warehouse Address
No-8/1, Thirimingalar (16) Street, Insein Township, Yangon
E-mail: [email protected]
Website: www.myanmarpoolspa.com
page: Pool & Spa Myanmar

ဟုတ်ကဲ့…ခုလို ခက်ခဲတဲ့ ကိုဗစ်ကာလမှာတောင် ပုံမှန်ဝယ်ယူအားပေးနေကြတဲ့ ကျွန်တော်တို့ PSM ရဲ့ အမာခံဖောက်သည်များအား အထူးပင် ကျ...
01/10/2020

ဟုတ်ကဲ့…ခုလို ခက်ခဲတဲ့ ကိုဗစ်ကာလမှာတောင် ပုံမှန်ဝယ်ယူအားပေးနေကြတဲ့ ကျွန်တော်တို့ PSM ရဲ့ အမာခံဖောက်သည်များအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်ခင်ဗျာ။ နောက်ထပ် ထပ်မံပြောကြားလိုတာကတော့ ကျွန်တော်တို့အနေနဲ့ လက်ရှိတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကျန်းမာ​ရေးနှင့်အားကစားဝန်ကြီးငှာနမှ ထုတ်ပြန်ကြေငြာထားသော အမိန့်အမှတ် -107/2020 အရစက်တင်ဘာလ 21 ရက်နေ့ မှ​အောက်တိုဘာလ 7 ရက်နေ့အထိ ပုံမှန်ဝန်ဆောင်မှုပေးနေသောရန်ကုန်မြို့တွင်း Free Delivery ၀န်ဆောင်မှုအား ခေတ္တခဏရပ်ဆိုင်းထားပါကြောင်း ပြောကြားလိုပါတယ်ခင်ဗျာ။အစိုးရကြေငြာချက်များအတိုင်း ရုံးများပြန်လည်ဖွင့်ခွင့်ရပါက အရင်လို ၀န်ဆောင်မှုများအား ပုံမှန်အတိုင်းလည်ပတ်သွားမည်ဖြစ်ပါသည်။ ကိုဗစ်ဒုတိယလိုင်းကာလအတွင်း ကျွန်တော်တို့ PSM ဘက်မှ Free Delivery မပို့ပေးနိုင်တဲ့အတွက် ဂိုဒေါင်သို့ ကိုယ်တိုင်လာရောက်၀ယ်ယူအားပေးခဲ့သော Customer များကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ လူကြီးမင်းတို့ အဆင်မပြေမူအတွက် အားလည်းနာရသလို ထပ်မံတောင်းပန်ချင်ပါတယ်ခင်ဗျာ။ အားလုံးပဲ အိမ်မှာပဲနေပြီး ကျန်းမာရေးကို အထူးဂရုစိုက်ကြပါဗျ။

Hot Line: 01-381608, 01-374848, 09-405777025, 09-778959368
# #သင့်ရေကူးကန်အတွက်ဆို အမြဲအသင့်ရှိနေတာ Pool & Spa Myanmar
# # ဆက်သွယ်ရန်လိပ်စာကတော့
Pool & Spa Myanmar Yangon Office & Showroom Address
MWEA Tower # 1-06, 288/290, Shwedagon Pagoda Road, Dagon Township, Yangon
Phone: 01-381608, 01-374848, 09-405777025, 09-778959368
Pool & Spa Myanmar Mandalay Office & Showroom Address
No-(578), 31st St., Bet: 84th x 85th, Chan Aye Tharsan Township, Mandalay
Phone: 09-977182181, 09-897490976
Yangon Warehouse Address
No-8/1, Thirimingalar (16) Street, Insein Township, Yangon
E-mail: [email protected]
Website: www.myanmarpoolspa.com
page: Pool & Spa Myanmar

ကဲ ... ပြီးခဲ့တဲ့နေ့က Salt Chlorinator ခေါ် ဆားစက် အကြောင်းဖော်ပြပေးထားတာဆိုတော့ ဒီနေ့မှာတော့ အဲ့လိုဆားစက်သုံးထားတဲ့ကန်တ...
29/09/2020

ကဲ ... ပြီးခဲ့တဲ့နေ့က Salt Chlorinator ခေါ် ဆားစက် အကြောင်းဖော်ပြပေးထားတာဆိုတော့ ဒီနေ့မှာတော့ အဲ့လိုဆားစက်သုံးထားတဲ့ကန်တွေမှာ အဖြစ်များတဲ့ Error လေးတွေကို မျှဝေပေးချင်ပါတယ်ဗျ။
ဆားကန်တွေမှာ ကြုံတွေ့ရတတ်တဲ့ အဓိက ပြသနာက ကလိုရင်း Level မတက်လာတာ ဖြစ်ပါတယ်။ အမှန်တော့ ကျွန်တော်တို့ ကလိုရင်းကန်များလိုပဲ ဆားကန်ဟာလည်း ကလိုရင်း Level ရှိနေရမှာ ဖြစ်ပါတယ်။ CL Level တိုင်းကြည့်လို့ မတက်လာဘူး ဆိုရင်တော့ သေချာပါတယ် ခင်ဗျားတို့ကန်မှာ အောက်က အချက်တွေကို စစ်ဆေးကြည့်ဖို့ လိုနေပါပြီ။

၁) ဆားစက်က သက်တမ်းကြာလာလို့ ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ဘူးလား???
- ဆားစက်ကောင်းကောင်းအလုပ် လုပ်/မလုပ်ကို ကျွန်တော်တို့ စစ်ဆေးကြည့်နိုင်ပါတယ်ဗျ။ ဘယ်လိုမျိုးစစ်မလဲဆိုရင်တော့ ဆလင်ဒါပုံ Cell ဘူးလေးကို ဂရုတစိုက်စစ်ဆေးဖို့လိုပါတယ်။ ကျွန်တော်တို့ ရှင်းပြခဲ့သလိုပဲ ဆားစက်ဟာ ဆားမှနေပြီးကလိုရင်းကို အငွေ့အနေဖြင့် ထုတ်ပေးခြင်းဖြစ်ပါတယ်။ ဒါကြောင့် Cell ဘူးလေးကို သေချာ ဂရုတစိုက်ကြည့်မယ်ဆိုရင် Cell ဘူး အရင်းပိုင်း (Electrodes ငုတ်များ မသွယ်တန်းထားသော အပိုင်း) မှာ ရေများမှ အဖြူရောင် အငွေ့များနှင့် လေပူဖေါင်းသေးသေးလေးများ ထွက်နေမှာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ ခင်ဗျားတို့ရဲ့ဆားစက်က ပုံမှန်အတိုင်းအလုပ်လုပ်နေတာ သေချာပါတယ်။ စစ်ဆေးနေတဲ့အချိန်မှာ ရေစီးဆင်းမှုရှိဖို့နဲ့ ပလပ်ပေါက်တပ်ထားဖို့တော့ မမေ့နဲပေါ့ဗျာ။
အဲ..Cell ဘူးလေးကနေ လေပူဖောင်းလေးတွေ ပုံမှန်ထက် ထွက်တာနည်းနေမယ်ဆိုရင်တော့ အထဲမှာရှိတဲ့ Plates ပြားများကို သန့်ရှင်းရေးလုပ်ပေးဖို့ လိုနေပါပြီ။ လုပ်ပုံလုပ်နည်းကလည်း အင်မတန်လွယ်ပါတယ်။ Cell ဘူးကို ဖြုတ်ပြီး အတွင်းက Plates ပြားများကို Hydrochloric Acid ၁ ဆ ကို ရေ ၁၀ ဆ နှင့် ရောနှောပြီး သွားတိုက်တံလို brush အနုလေးများနဲ့ ဆေးကြောသန့်စင်ပေးမယ်ဆို အဆင်ပြေသွားမှာပါဗျ။

၂) PH Level ကော Ideal Level မှာ ရောက်နေရဲ့လား???
- ကျွန်တော်တို့ရှေ့မှာပြောခဲ့သလိုပဲ ဆားစက်တပ်ပြီဆိုရင် PH & CL Level ကို Ideal Level ရောက်အောင် ချိန်ညှိထားဖို့ အရေးကြီးပါတယ်။ PH Level တက်နေ/ကျနေမယ်ဆိုရင်တော့ CL Level က ပျောက်နေမှာ ဖြစ်ပါတယ်။

၃) ဆားစက်ရဲ့အရွယ်အစားက ရေကူးကန် အရွယ်အစားနဲ့ ကိုက်ညီမှု ရှိရဲ့လား???
- ဆားစက်ရဲ့အရွယ်အစားက သေးငယ်လွန်းပြီး ရေကူးကန် ရေဂါလံက အရမ်းများနေမယ်ဆိုရင်လည်း CL Level တက်လာမှာ မဟုတ်ပါဘူး။ ဒီကိစ္စကတော့ အစကောင်းမှ အနှောင်းသေချာဆိုသလိုပဲ ဆားစက်တပ်ပြီဆိုတာနဲ့ ကျွမ်းကျင်ပညာရှင်များရဲ့ အကြံကောင်းများကို ရယူပြီး လုပ်ဆောင်သင့်ပါတယ်ဗျ။ နို့မို့ဆို ပိုက်ဆံကုန်ပြီး အကျိုးမရှိဖြစ်သွားနိုင်ပါတယ်။ ပလိုင်းပေါက်နဲ့ ဖားကောက်မိတာပေါ့ဗျာ။

၄) ရာသီဥတု အခြေအနေ ကကော ???
- ဒီအချက်ကလည်း အရေးမကြီးသလိုနဲ့ တော်တော်တော့ အရေးပါတယ်ဗျ။ ဆားစက်အတွက် အသင့်တော်ဆုံးကတော့ Indoor Swimming Pool တွေပေါ့။ အဲ ဒါမှမဟုတ် Outdoor Swimming Pool ဖြစ်နေပြီ ဆိုရင်တော့ ရာသီဥတုအခြေအနေ မိုးရွာတာ၊ နေပူတာ တွေက ဆားကန်ရဲ့ Cl Level ကို တိုက်ရိုက်
သက်ရောက်မှု ရှိနိုင်ပါတယ်။ နေပူပြင်းတာနဲ့အမျှ ထည့်ထားတဲ့ဆားတွေက အငွေ့ပြန်ပျောက်ကွယ်သွားမှာ ဖြစ်သလို မိုးရွာတာများရင်လည်း ရေစိမ်းရောနှောမှုများတဲ့အတွင် CL Level ပြဖို့ နှေးကွေးနေမှာဖြစ်ပါတယ်။

၅) ဆားစက်ဖွင့်မောင်းချိန် လုံလောက်မှု ရှိရဲ့လား???
- ဆားစက်ဆိုတာ ဆားထည့်လိုက်ပြီဆိုတာနဲ့ ကလိုရင်း Level ကို ဟပ်ချလောင်းဆိုပြီးတော့ မပြပေးနိုင်ပါဘူး။ ခင်ဗျားတို့ ရေကူးကန်ရဲ့ Turn Over Rate ပေါ်မူတည်ပြီး ၆ - ၈ နာရီလောက်ထိ မောင်းထားပေးဖို့ လိုပါတယ်ဗျ။ နောက်တစ်ခုက ရေကူးတဲ့သူ အရေအတွက် များရင်များသလောက် ပိုများများ မောင်းပေးဖို့ဖြစ်ပါတယ်။ ဆားစက်ကို လုံလောက်တဲ့အချိန်တခုရအောင် မဖွင့်မောင်းဘဲထားရင်လည်း CL Level အမှန် ပြနိုင်မှာ မဟုတ်ပါဘူးဗျ။ ခုရေတွင်းတူး ခုရေကြည်တော့ သောက်လို့မရဘူးပေါ့ဗျာ။

၆) လုံလောက်တဲ့ ဆားပမာဏကောာ ထည့်ထားရဲ့လား???
- ဒီအချက်ကလည်း အမှတ်တမဲ့ သတိပြုဖို့မေ့တတ်လို့ ထည့်သွင်းပေးထားတာပါ။ Salt Level လုံလောက်မှုရှိ/မရှိကို Display မှာ ဖော်ပြပေးထားတာမို့ အလွယ်တကူ စစ်ဆေးကြည့်နိုင်ပါတယ်ဗျ။

ကဲ….ဒီအချက်တွေ အားလုံးစစ်ကြည့်လို့မှ အဖြေမထွက်ဘူး အဆင်မပြေဘူးဆိုရင်တော့ ကျွမ်းကျင်ပညာရှင်များနဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုနေပြီပေါ့ဗျာ။ ¬¬

Hot Line: 01-381608, 01-374848, 09-405777025, 09-778959368
# #သင့်ရေကူးကန်အတွက်ဆို အမြဲအသင့်ရှိနေတာ Pool & Spa Myanmar
# # ဆက်သွယ်ရန်လိပ်စာကတော့
Pool & Spa Myanmar Yangon Office & Showroom Address
MWEA Tower # 1-06, 288/290, Shwedagon Pagoda Road, Dagon Township, Yangon
Phone: 01-381608, 01-374848, 09-405777025, 09-778959368
Pool & Spa Myanmar Mandalay Office & Showroom Address
No-(578), 31st St., Bet: 84th x 85th, Chan Aye Tharsan Township, Mandalay
Phone: 09-977182181, 09-897490976
Yangon Warehouse Address
No-8/1, Thirimingalar (16) Street, Insein Township, Yangon
E-mail: [email protected]
Website: www.myanmarpoolspa.com
page: Pool & Spa Myanmar

ဒီနေ့မှာတော့ ရေကူးကန်အတွက် ရေသန့်စင်တဲ့အခါမှာ အသုံးပြုလေ့ရှိတဲ့ ဆားမှ ကလိုရင်းပြန်လည်ထုတ်ပေးနိုင်သော ဆားစက် (Salt Chlori...
27/09/2020

ဒီနေ့မှာတော့ ရေကူးကန်အတွက် ရေသန့်စင်တဲ့အခါမှာ အသုံးပြုလေ့ရှိတဲ့ ဆားမှ ကလိုရင်းပြန်လည်ထုတ်ပေးနိုင်သော ဆားစက် (Salt Chlorinator or Salt Sanitizer) နဲ့ပတ်သက်ပြီး မျှဝေပေးချင်ပါတယ်။ Salt Chlorinator ကို အများအားဖြင့် ရေကူးကန် (Swimming Pool)၊ ရေပူကန် (Hot Tub)၊ ရေစိမ်ကန် (whirlpool bath) များမှာ ထည့်သွင်းအသုံးပြုလေ့ရှိကြပါတယ်။ ရေကူးကန်တွင် အများပြည်သူများအတွက် အသုံးပြုသော ရေကူးကန် (Public Pool or Commercial Pool) များထက် နေအိမ်တွင် အသုံးပြုသော ရေကူးကန် (Residential Pool) များတွင် ပိုမိုအသုံးများသည်ကို တွေ့ရှိရပါတယ်။ Salt Chlorinator တွင် Wall mounted control unit နှင့် Salt Cell ဆိုပြီး အပိုင်းနှစ်ပိုင်းပါရှိပါတယ်။ Control Unit တွင် ယေဘူယျအားဖြင့် Display, Salt Level & Timer များထည့်သွင်းထားလေ့ရှိပြီး Salt Cell ဘူးထဲမှာတော့ Ruthenium သို့မဟုတ် Iridium သုတ်ထားတဲ့ Titanium Plates ပြားများပါဝင်ပါတယ်။ ၎င်း Plates ပြားများကိုတော့ ရေတစ်ဆ Hydrochloric Acid or Muriatic Acid ဆယ်ဆအား ရောနှောပြီး ခြောက်လလျှင် တစ်ကြိမ်ခန့် ဆေးကြောသင့်ပါတယ်။ Control Unit မှာတော့ Salt Level ကိုဖော်ပြထားတဲ့အတွက် မိမိရေကူးကန်မှာ ဆားအလုံအလောက်ရှိမရှိကို အလွယ်တကူစစ်ဆေးနိုင်မှာ ဖြစ်ပြီး ပုံမှန်အားဖြင့် Salt Level ကို 3000-5000 PPM ကြားထားလေ့ရှိပါတယ်။ ဆားစက်ရဲ့ လုပ်ဆောင်ပုံကတော့ ဆားမှနေပြီး ကလိုရင်းကို အငွေ့အနေဖြင့် ပြန်လည်ထုတ်လွတ်ပေးခြင်း ဖြစ်ပါတယ်။ အရေးကြီးတဲ့အချက်ကတော့ Salt Chlorinator ကို အစအဦး အသုံးမပြုခင်မှာ မိမိရေကူးကန်မှာရှိတဲ့ PH & Cl Level များကို Ideal Level ဖြစ်အောင် ချိန်ညှိပေးထားဖို့ လိုအပ်ပါတယ်။ Salt Chlorinator နဲ့တွဲဖက်အသုံးပြုရမှာကတော့ ရေကူးကန်သုံးဆား (Pool Salt) ဖြစ်ပြီး တစ်ချို့ရေကူးကန်တွေမှာတော့ အသုံးစရိတ်လျှော့ချတဲ့အနေနဲ့ အိမ်သုံးဆား များကိုလည်း ထည့်သွင်းအသုံးပြုလေ့ရှိကြပါတယ်။ Salt Chlorinator ရဲ့အဓိကအားသာချက်ကတော့ Chlorine ကို လုံးဝနီးပါးထည့်သွင်းစရာမလိုတဲ့အတွက် Chlorine နဲ့ပတ်သက်ပြီး ဓာတ်မတည့်မှုများကို လျော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ဆားကန်ဖြစ်တဲ့အတွက် အရေပြားကျန်းမာရေးအတွက်လည်း အထူးအထောက်အကူပြုစေမှာ ဖြစ်ပါတယ်။ Salt Chlorinator ကို မှာယူအသုံးပြုချင်တယ်ဆိုရင်တော့ PSM မှ သင့်ရေကူးကန်ဆိုဒ်အပေါ်မူတည်ပြီး အသုံးပြုရမည့် Salt Chlorinator ကို တွက်ချက်ပြီး အစအဆုံးတပ်ဆင်ပေးနေပါပြီခင်ဗျာ။
Hot Line: 01-381608, 01-374848, 09-405777025, 09-778959368

# #သင့်ရေကူးကန်အတွက်ဆို အမြဲအသင့်ရှိနေတာ Pool & Spa Myanmar

# # ဆက်သွယ်ရန်လိပ်စာကတော့
Pool & Spa Myanmar Yangon Office & Showroom Address
MWEA Tower # 1-06, 288/290, Shwedagon Pagoda Road, Dagon Township, Yangon
Phone: 01-381608, 01-374848, 09-405777025, 09-778959368
Pool & Spa Myanmar Mandalay Office & Showroom Address
No-(578), 31st St., Bet: 84th x 85th, Chan Aye Tharsan Township, Mandalay
Phone: 09-977182181, 09-897490976
Yangon Warehouse Address
No-8/1, Thirimingalar (16) Street, Insein Township, Yangon
E-mail: [email protected]
Website: www.myanmarpoolspa.com
page: Pool & Spa Myanmar

14/09/2020

👷👷👷အမြန်အလိုရှိသည်။

1) M & E Supervisor - ကျား (၂) ဦး

- PVC & PPR ပိုက်လိုင်းများအား ကျွမ်းကျင်စွာလုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
- M & E Drawings များအတိုင်း တိကျစွာ လုပ်ကိုင်နိုင်သူဖြစ်ရပါမည်။
- အဖွဲ့အစည်းနှင့် ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်နိုင်သူဖြစ်ရပါမည်။
- M&E လုပ်ငန်းနှင့်ပတ်သက်ပြီး အနည်းဆုံးအတွေ့အကြုံ နှစ်နှစ်နှင့် အထက်ရှိရပါမည်။

Age - Above 28
Salary - ညှိုနှိုင်း

2) M&E အကူ ကျား (၂) ဦး

- Supervisor များ၏ ညွှန်ကြားချက်အတိုင်း ပူးပေါင်းလုပ်ဆောင်နိုင်သူဖြစ်ရမည်။
- ရိုးသား၊ ကြိုးစားပြီး မိမိအလုပ်အား တန်ဖိုးထားသူဖြစ်ရမည်။
- M&E လုပ်ငန်းနှင့်ပတ်သက်ပြီး အတွေ့အကြုံရှိသူဖြစ်ရပါမည်။

Age - Above 20
Salary - ညှိုနှိုင်း

Working time
Mon to Sat half (8:45 AM to 5:00 PM)
Sunday & Public Holiday Off

အသေးစိတ်သိရှိလိုပါက 09-423711362, 09-699487573 သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Pool & Spa Myanmar Yangon Office & Showroom Address
MWEA Tower # 1-06, 288/290, Shwedagon Pagoda Road, Dagon Township, Yangon
Phone:☎️ 01-381608, 01-374848,

26/08/2020

😔 ခုလို ခက်ခဲတဲ့ Covid အချိန်ကာလမှာ လူတိုင်း လူတိုင်း စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ဘေးရန်အပေါင်းကင်းငြိမ်းကြပါစေလို့ Pool & Spa Myanmar ၀န်ထမ်းများမှ ဆုတောင်းပေးနေပါတယ်ဗျာ..

#အားလုံးပဲ အပြင်ကိုသွားရင် Mask 😷 တပ်ဖို့နဲ့ အပြင်ကပြန်လာရင် လက်ဆေးဖို့မမေ့ကြပါနဲ့ဗျာ .. မိမိရဲ့ပေါ့ဆမှုကြောင့် မိမိပတ်၀န်းကျင်တခုလုံး ကမောက်ကမ ဖြစ်သွားနိုင်ပါတယ်

26/08/2020

ကျွန်တော်တို့ Ngwe Sai International Company limited (Pool & Spa) မှ အောက်ပါ ဝန်ထမ်းများခေါယူလျက်ရှိပါသည်။

Finance Manager F (1)post urgent

Job descriptions
_ Manage and oversee all daily operations of
finance depertment.
_ Prepartion of monthly/quarterly financial
statements and report directly to BOD
_ Coordinate with other depertments such as
HR, operation
_ Develop accounting policies and procedures
as necessary
_Manage tax compliance obligations in
accordance with myanmar taxation law
_ Interation with customers,suppliers and
service provides including banks,auditors,
solicitors,tax experts to ensure adherence to
local reporting and filing requirements.
_ Preparing financial report related to budgets.account payables.account receivables.expenses etc.
_ (Especially create and produce financial statement )
_ Financial modeling
_ provides financial advice by studying operational issues.applying financial principles and practices.
_ Accomplishes finance and organization mission by completing related results as needed.

Requirements
_ Minimum 3years experiences in mid-
management level
_ A bachelor' degree in accounting (or) CPA (or)
ACCA part II
_ Good knowledge and experience of book
keeping and accounting principles
_ Good knowledge of local accounting and tax
requirtments
_ Good command of written and spoken
English is necessory
_ Experiences using accounting software is
preferred
_ Ability to lead the team and multi-team

Age 40~45
Salary _ 1,000,000

Working time
Mon - Sat half (8:45 AM to 5:00 PM)
Sunday & pubilc Holiday Off

Location
No.106 ရွေဒဂုံဘုရားလမ်းနှင့်ယောမင်းကြီးလမ်းထောင့် MWEA tower
Company Name
Ngwe Sai International Company limited

အသးစိတ်သိရှိ လိုပါက 09796609753 သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။
[email protected] သို့ အချက်အလက်ပြည့်စုံသော Cv ပေးပို့၍လည်း လျောက် ထားနိုင်ပါသည်။

ရေကူးကန်တစ်ကန်ဆောက်ထားပီဆို ကန်ရေလေး ကြည်လင်နေမှ ပိုင်ရှင်များ စိတ်ချမ်းမြေ့ရမှာ အမှန်ပါ။ ထိန်းသိမ်းသူရဲ့ အားနည်းချက်ကြေ...
25/08/2020

ရေကူးကန်တစ်ကန်ဆောက်ထားပီဆို ကန်ရေလေး ကြည်လင်နေမှ ပိုင်ရှင်များ စိတ်ချမ်းမြေ့ရမှာ အမှန်ပါ။ ထိန်းသိမ်းသူရဲ့ အားနည်းချက်ကြောင့်ဖြစ်စေ၊ ရာသီဥတုကြောင့် ဖြစ်စေ မိမိရေကန်မကြည်လင်တော့ဘူးဆိုရင်တော့ Pool & Spa Myanmar က Door to Door system ဖြင့် အိမ်တိုင်ရာရောက် ၀န်ဆောင်မှုများပေးနေပါတယ် ဈေးနှုန်းက လည်း အရမ်းတန်နေတာမို့ ဖုန်းလေးသာ ဆက်လိုက်ပါနော်.....🤳👍

Hot Line: ☎️01-381608, 01-374848, 09-405777025, 09-778959368

# #သင့်ရေကူးကန်အတွက်ဆို အမြဲအသင့်ရှိနေတာ Pool & Spa Myanmar 👍👍👍

# # ဆက်သွယ်ရန်လိပ်စာကတော့

🏫Pool & Spa Myanmar Yangon Office & Showroom Address
MWEA Tower # 1-06, 288/290, Shwedagon Pagoda Road, Dagon Township, Yangon
Phone:☎️ 01-381608, 01-374848, 09-405777025, 09-778959368

🏡Pool & Spa Myanmar Mandalay Office & Showroom Address
No-(578), 31st St., Bet: 84th x 85th, Chan Aye Tharsan Township, Mandalay
Phone: ☎️09-977182181, 09-897490976

Yangon Warehouse Address
No-8/1, Thirimingalar (16) Street, Insein Township, Yangon

E-mail:📧 [email protected]

Website: www.myanmarpoolspa.com

page: Pool & Spa Myanmar

Address

Dagon
11191

Opening Hours

Monday 09:00 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00
Saturday 08:30 - 12:00

Telephone

01 381608

Alerts

Be the first to know and let us send you an email when Pool & Spa Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pool & Spa Myanmar:

Share