04/11/2023
ကိုယ့်အကြောင်းမသိပဲ
မုန်းနေတဲ့သူတွေကိုလည်း
ခွင့်လွတ်ပြီးတော့နေလိုက်တော့ တယ် ။
ကိုယ့်အရည်အသွေးကို
မသိလို့ကဲ့ရဲ့တဲ့သူကိုလည်း
အပြစ်မမြင်ပါဘူး အပြစ်လည်းမတင်ပါဘူး
အချိန်တန် ရင် ပါးစပ် ပိတ်သွားမှာပါ ။
လူရယ်လို့ဖြစ်လာရင်
အချောင်လည်းအမုန်းခံရမယ် ။
အချောင် သက်သက်လည်း
မျက်မုန်းကျိုး ခံရမယ်။
ကိုယ့်ကိုမလိုလားလို့
အကောင်းမမြင်တတ်သူဆီက
ကဲ့ရဲ့သံကိုလည်း ကြားရမယ် ။
ဒါဟာသဘာဝလောကဓံပါပဲ
အပြစ်ဆိုစရာမလိုပါဘူး ။
တိုတိုလေးသော လူ့ဘဝမှာ
မဟုတ်တာတွေအတွက်
ခံစား တုန့်ပြန်နေမယ်ဆိုရင်
စိတ်ချမ်းသာပျော်ရွှင်မူတွေ
နည်းပါးရတတ်ပါတယ် ။
သဘာဝဟာ တစ်ခဏပါပဲ
ဖြစ်ပြီးပျက်သွားကြမှာဖြစ်လို့
အပြုံးမပျက် စိတ်မပျက်ပဲ
ရှင်သန်ရဲဖို့ လိုပါတယ် ။
ဒါကြောင့် ..
လောကဓံ ရဲ့ရိုက်ခတ်မှူကြားမှာ
ငါရှင်သန်နေနိုင်မှဖြစ်မယ် ၊
#𝘾𝙧𝙚𝙙𝙞𝙩 #ဘဝစာပေ #ရှင်သန်နည်း