28/05/2022
#အင်ဂျင်ဝိုင် 10w30/ 15w40 ဆိုတာတွေဟာ
ဂဏန်းတွေသည် အင်ဂျင်ဝိုင် အပျစ်အကြဲ Viscosity ကို ဆိုလိုခြင်းဖြစ်ပါတယ်..SAE 10..20...စသဖြင့် ( Society Of Automobile Engineering ) က နေ စံ သတ်မှတ်ထားတာဖြစ်ပါတယ်..အင်ဂျင်ထုတ်ကတည်းက SAE ဘယ်လောက်ထည့်ရမလဲလို့ သတ်မှတ်ထားပါတယ်
ဒါပေမယ့် မြန်မာ မှာကတော့ ကားတွေက နှစ်ချို့အောင် စီးနေကြတော့ အလွယ်သဘောပြောရရင်
အင်ဂျင်ကောင်းနေရင် ဆီ အပါးထည့်ပါ( 10w30)ပေါ့... အင်ဂျင်ကျနေရင်တော့ ထူလေကောင်းလေပါဘဲ (15w40)...(20w50)
ရှေ့က ဂဏန်းများသည် Minus ( - )
အနူတ်လက်ခဏာကို ပြောတာပါ
-15 အေးတဲ့အထိ အင်ဂျင်ဝိုင် မခဲသွားဘူးလို့ဆိုလိုတာပါ...နောက်က 40 သည် အပူချိန် ဆဲလ်စီးရပ်စ် ကိုပြောတာပါ..အပူချိန် ၄၀ ထိ မပျက်စီးဘူးလို့ ဆိုလိုတာပါဗျ..
W စာလုံးသည် winter ကို ဆိုလိုခြင်းဖြစ်ပါတယ်...
API (American Petroleum Institute) အဖွဲ့အစည်းမှ Multi Engine oil စတင်ပေါ်ပေါက်လာကတည်းက ဓာတ်ဆီသုံးအင်ဂျင်အတွက် '' S '' အရှည်က ( Service )
ဟု ရှေ့စာလုံးကို အစပြုပြီး ထုတ်လုပ်သည့် အရည်အသွေးအဆင့်အား (A, B,C,D,. ...) စသဖြင့် ရှေ့စာလူံး " S '' နှင့်တွဲ၍ (SA...SB. ..SC. ..SD. ..SF. ..SL. ..SM. ..SN)စသဖြင့် API အဆင့်သတ်မှတိပေးပါတယ်...
ဒီဇယ်သူံးအင်ဂျင်အတွက် '' C '' (Commercial) နဲ့ အစပြုပြီး ဓာတ်ဆီသုံးလိုဘဲ အဆင့်ခွဲရာ(CA. .CB. ..CC. ..CD. ....CH. ..CI. ..CJ) စသဖြင့် အရည်အသွေးသတ်မှတ်ချက်လုပ်ထားခြင်းဖြစ်ပါတယ်.. ဒါကြောင့် ဓာတ်ဆီကားဆိုရင် API ကို S နဲ့ စတာသုံးရပြီး ဒီဇယ်ကားဆို C နဲ့ စတာသုံးရပါတယ်..ဗျ
ဒါကြောင့် အင်ဂျင်ဝိုင် ပုံးတွေမှာ
SF/CC.. SM/CF. ...CI4/SL. ..CH4/SL. .စသဖြင့် Multi Grade တွေကို ဖော်ပြထားပါတယ်..
အင်ဂျင်ဝိုင် ရဲ့ မူလအရောင်ဟာ အဝါရောင်(ရွေရောင်) ဖြစ်ပြီး အနီရောင်..အစိမ်းရောင် တို့မှာ အရောင်ဆိုးထားခြင်းသာဖြစ်ပါသည်။
(ဗဟုသုတ မျှဝေခြင်းသာ ဖြစ်ပါတယ်)
# Credit Koyin Thar Hla