Mommy's home landscaping & nursery

Mommy's home landscaping & nursery Professional Landscaping Services, Lanscape design

Our business includes:
���Landscaping service
&Creative design
���Organic farm
��Delivering pets


Hot line : 00959 773166883

25/02/2026

🕊သဘာဝ 🕊
ကျေးငှက်သံလေးတွေနားဆင်စေချင်လို့ပါ။..⚘️🌷😍😍

မြေကွက် ပုံစံ (၁၀၅) အကြောင်း သိကောင်းစရာ================================ #ပုံစံ ၁၀၅ ရှိရင် မြေပိုင်တယ်၊ ဂရန်ရနေတယ်လို့ထင...
08/02/2026

မြေကွက် ပုံစံ (၁၀၅) အကြောင်း သိကောင်းစရာ
================================

#ပုံစံ ၁၀၅ ရှိရင် မြေပိုင်တယ်၊ ဂရန်ရနေတယ်လို့ထင်တတ်ကြပါတယ်။ ၁၀၅ ကိုပြဂရန်ဆိုပြီး ရောင်းဝယ်နေကြတာရှိနေပါတယ်။လူတစ်ယောက်ကမေးတယ် ဥပဒေဆရာတို့ဖြေကြားပေးပါ၊လွန်ခဲ့တဲ့ (၁၅) နှစ်ကမြေဂရမ်ရှိရက်နဲ့ ခုမြေဂရမ်အသစ်ဖောက်ပြီးရောင်းအဝယ်လုပ်နေကြတယ်ဆိုပြီးသူတင်ပြတာကပုံစံ ၁၀၅ စာရွက်ဖြစ်နေပါတယ်။ဂရန်မဟုတ်ပါဘူး၊နောက်ပြီးစာရွက်မှာရေးထားတာ ကြည့်လိုက်တော့ရွာမြေအတွင်းမှာရှိတဲ့ မညျသူကျိုမြှဂရနျအဖွဈထုတျပေးမထားတဲ့ မြေကွက်တစ်ကွက်ဖြစ်ပါတယ်။

ဒီပုံစံ ၁၀၅ ကိုကာယကံရှင်များက မိမိတို့နည်းမိမိတို့ဟန်ဖြင့် ပုံစံ ၁၀၅ ထုတ်ယူထားခြင်းသာဖြစ်ပါတယ်။အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ဂရန်မှတ်တမ်းမှာစာရင်းမဝင်နိုင်သလိုမြေစာရင်းဌာနရဲ့ မြေပိုင်ဆိုင်မှုမှတ်ပုံတင်စာရင်း 1.A (၁-က)မှာလည်းမှတ်တမ်းမ၀င်နိုင်ပါဘူး။ရွာမြေကိုအခုမှတစ်မြို့နယ်တစ်ရွာနှုန်း မြေတိုင်းတာဂရန်ပေးနေတဲ့စီမံချက်နဲ့ လုပ်ပေးနေတာပါ။ကျေးရွာတိုင်းမြေဂရန်ရဖို့မလွယ်သေးပါဘူး၊အသေးစိတ် မြေတိုင်းတာခြင်းလုပ်ငန်းတွေအချိန်ယူလုပ်ဆောင်ရပါတယ်။

ရွာမှာအိမ်တစ်ကွက်ချင်းမည်သူပိုင်တယ်လို့တိုင်းတာပုံထုတ်မှတ်တမ်းတင်တဲ့စနစ်မရှိသေးပါဘူး။ကာယကံရှင်ကမိမိအကွက်ကိုမိမိအစီအစဉ်နဲ့တိုင်းတာပုံထုတ်ထားတာ ဖြစ်နိုင်ပါတယ်။မြေပိုင်ဆိုင်မှုအတွက်ပုံစံ ၁၀၅ ဆိုတာကအထောက်အကူမပြုပါဘူး။ ပုံစံ ၁၀၅ ဆိုတာ ရေးကူးလိုသောအကြောင်းတစ်ရပ်အတွက်ရေးကူးပေးသောမြေပုံသာဖြစ်ပါတယ်။မြေပိုင်ဂရန် (Grant) သို့မဟုတ် အငှါးချထားဂရန်(Lease)သို့မဟုတ် လိုင်စင် (License) မဟုတ်ပါဘူး။

လယ် ယာမြေ ဖြစ်ရင်လယ်ယာမြေလုပ်ကိုင်ရန် ပုံစံ (၇) ကိုရပ်ကျေးမှမြို့နယ်၊မြို့နယ်မှခရိုင်အဆင့်ဆင့်လယ်စီအဖွဲ့ရဲ့သ ဘောထားအတည်ပြုချက်နဲ့ခရိုင်လယ်စီက အတည်ပြုပြီးအဖွဲ့၀င်(၇)ဦးပါတဲ့မြို့နယ်လယ်စီအဖွဲ့ကခွင့်ပြုပေးပါတယ်။မြို့မြေဂရန်ကိုကော်လိပ်တော်(ခရိုင်အုပ်ချုပ်ရေးမှူး၊ခရိုင်ထွေအုပ်)ကခွင့်ပြုပါတယ်။ မြေလွတ်မြေရိုင်းလုပ်ပိုင်ခွင့်ကိုဧက ၃၀၀/၅၀ အောက်ဆိုရင်ပြည်နယ်တိုင်း ဝန်ကြီးချုပ်ဦးဆောင်သောမြေလွတ်မြေရိုင်းအဖွဲ့ကခွင့်ပြုပေးပြီးထိုထက်ပိုရင်ဗဟိုမြေလွတ်မြေရိုင်းအဖွဲ့ကခွင့်ပြုပေးပါတယ်။

လယ်ယာမြေအခြားနည်းအသုံးပြုမှုကိုလယ်မြေအတွက်ဗဟိုလယ်စီအဖွဲ့နဲ့ ဥယျဉ်မြေအတွက်ပြည်နယ်တိုင်းအစိုးရ + ပြည်နယ်တိုင်းလယ်စီအဖွဲ့ကခွင့်ပြုပါတယ်။မြေအမျိုးအစားအလိုက်သက်ဆိုင်ရာ ဌာန၊အဖွဲ့များကသာလုပ်ပိုင်ခွင့်ပြုခြင်းဖြစ်ပါတယ်။အခုသူပြတဲ့ ပုံစံ ၁၀၅/၁၀၆ ဆိုတာမှာ ပုံစံ ၁၀၅ ဆိုတာက မြေပုံ၊ ပုံစံ ၁၀၆ က မြေရာဇ၀င်ပါ။မြေစာရင်းဌာနက ထုတ် ပေးတဲ့မြေစာရင်းပုံစံ ၁၀၅ ကို လက်ရှိမြေပုံမှာယခုနှစ်အသုံးပြု နေသော ဦးပိုင်မြေပုံလို့ခေါ်ပါတယ်။စာတိုခေါ်ရရင် မြေပုံပေါ့။

နောက်မြို့ကြီးတွေမှာအိုးအိမ်ဦးစီးဌာနကထုတ်ပေးတဲ့ မြေပုံကိုတော့ S-22 လို့ခေါ်ပါတယ်။ နောက်တစ်ခုကရန်ကုန် မြို့တော်စည်ပင်ကထုတ်ပေးတဲ့မြေပုံမှာကတော့ပုံစံနံပါတ်မပါရှိပါဘူး။ပုံစံ ၁၀၅ မြေပုံစာရွက်မှာကြည့်လို့ရ တာတွေအများကြီးရှိပါတယ်။

သိသင့်၊ ကြည့်သင့်၊ မှတ်သင့်ပါတယ်။တိုင်း၊ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ကွင်းအမှတ်၊ကွင်းအ မည်၊ဦးပိုင်အမှတ်၊မြေကွက်အမှတ်၊ ပိုင်ရှင်အမည်၊ပိုင်ဆိုင်မှု၊မြေအမျိုးအစား၊အကျယ်အ၀န်းနဲ့ရေးကူးပေးရတဲ့ အကြောင်းအရာစသည်ဖြင့်တိကျမှန် ကန်စွာရေးသားထားကြပါတယ်။

သိထားသင့်တာက ပုံစံ ၁၀၅ ဆိုတာ မြေစာရင်းဌာန ကထုတ်ပေးတဲ့ပုံစံ တစ်ခုသာဖြစ်ပါတယ်။အဲဒီ ပုံစံက လယ်ယာမြေပဲဖြစ်ဖြစ်၊ရွာမြေ၊ ဥယျာဉ်ခြံမြေပဲ ဖြစ်ဖြစ်၊ဂရန်မြေပဲ ဖြစ်ဖြစ် သက်ဆိုင်ရာမြေစာရင်း ဦးစီးဌာနအပိုင် နယ်နိမိတ်အတွင်းမှာရှိတဲ့မြေတို့ရဲ့အကျယ်အဝန်းနဲ့အမျိုးအစားကို ဖော်ပြပေးတဲ့ပုံစံစာရွက်သာဖြစ်ပါတယ်။

ဒီပုံစံ ၁၀၅ လက်ထဲရောက်တာနဲ့ ကိုယ်လုပ်ချင်တာ လုပ်လို့ရမယ်၊ မြေပိုင်မယ်လို့ မထင်လိုက်ပါနဲ့။ မြေပိုင်ဆိုင်မှု တရားဝင်အထောက်အထားနဲ့ ပုံစံ ၁၀၅ အရဝယ်ထားတဲ့ မြေက လယ်ယာမြေ ဆိုရင်လယ်လုပ်လို့ရမယ်ဆိုတာမျိုးပါ။ ပုံစံ ၁၀၅ မှာပါတဲ့မြေမျိုးနှင့်အတန်းမှာ ရေးတဲ့ သင်္ကေတများရဲ့ဆိုလိုချက်က-

(က) R = မိုးကောင်းလယ်မြေ။

(ခ) R1 = ပထမ အတန်းစား မိုးကောင်း လယ်မြေ။

(ဂ) R2 = ဒုတိယ အတန်းစား မိုးကောင်း လယ်မြေ။

(ဃ) R3 = တတိယ အတန်းစား မိုးကောင်း လယ်မြေ။
(အထွက်နှုန်းစပါး ၃၀ အောက်)

(င) R4 = စတုတ္ထ အတန်းစား မိုးကောင်း လယ်မြေ။
(အထွက်နှုန်းစပါး ၂၀ အောက်)

(စ) RG = အစိုးရ ဆည်ရေသောက် လယ်မြေ။

(ဆ) RP = ပုဂ္ဂလိက ဆည်ရေသောက် လယ်မြေ။

(ဇ) M = မူရင်း သို့မဟုတ် နွေရာသီစိုက် လယ်မြေ။

(ဈ) Y = ယာမြေ။

(ည) D = ဓနိမြေ။

(ဋ) G = ဥယျာဉ်ခြံမြေ။

(ဋ္ဌ) L = ဂရန်မြေ။

(ဍ) B = ဘိုးဘပိုင်မြေ စသည်ဖြင့် ခွဲခြားပြထားတာပါ။

ပုံစံ ၁၀၅ သည်ပိုင်ဆိုင်မှုအတွက် ထုတ် ပေးချင်းမဟုတ်ပါဘူး။၁၀၅ ကို ထုတ် ပေးခြင်းသည်-

၁။ ဂရံလျှောက်ထားရန်အတွက် တင်ပြရန်။

၂။ ဘဏ်ချေးငွေ တင်ရန်အတွက် ဂရံရှိနေသော်လည်း ဘဏ်ချေးငွေ တင်ပြရန်။

၃။ အိမ်ဆောက်လုပ်ခွင့် အမိန့်အတွက် စည်ပင်သာယာတင်ပြရန်။

၄။ Sp/Gp ကိုယ်စားလှယ်လွှဲစာတွင် တွဲရန်။

၅။ မြေတည်နေရာ ပြရန်။

၆။ လက်ဝယ်ထားရန်။

၇။ ပါမစ်မြေပေးမိန့်အရ ရေးကူးရန် စသည်ဖြင့် ရေးဆွဲပေးခြင်းသာ ဖြစ်ပါတယ်။

ဂရန်ချထားခြင်းလုပ်ငန်းအတွက်အောက် မြန်မာပြည်မြေနှင့်အခွန်တော်လက်စွဲဥပဒေ၊အထက်မြန်မာပြည်မြေနှင့်အခွန်တော်စည်းမျဉ်းဥပဒေ၊အောက်မြန်မာပြည်မြို့နှင့်ကျေးရွာမြေများဥပဒေတို့မှာပြဌာန်းထားရှိတဲ့လုပ်ထုံးလုပ်နည်းတွေနဲ့ထွေအုပ်၊ မြေစာရင်းဌာန (၂) ခုပေါင်းစပ်ပြီးဥပဒေနဲ့အညီ ဆောင်ရွက်ပေးခြင်းသာဖြစ်ပါတယ်။ရန်ကုန်၊မန္တလေးလိုမြို့တော်တွေမှာ မြို့ တော်စည်ပင်ကဂရန်ထုတ်ပေးပါကြောင်း တင်ပြလိုက်ရပါတယ်။

Photo Crd - Original Owner ပုံ - (၁၀၅) ပုံစံ

22/12/2025

၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းပြီးနောက် ပိုင်း မှာတော့ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှာ လယ်ယာမြေများကို အကွက် ရိုက်ပြီး ပြန်လည် ရောင်းချကြလို့ ဝယ်ယူနေထိုင်ကြတာကို ခရီးလမ်းတစ်​လျှောက်မှာ တွေ့မြင်ရပါတယ်။
တကယ်တော့ လယ်ယာမြေကနေ လူနေထိုင်ခွင့်ရတဲ့ မြေဖြစ်ဖို့ဆိုတာ အ ဆင့်ဆင့် ဆောင်ရွက်ရတာဖြစ်လို့ အပြောလွယ်သလောက် အလုပ်ခက်ပါ တယ်။ အငိုလွယ်လို့ အရှိုက်ခက်ပါတယ်။ ယနေ့အချိန်အခါမှာ ေတာေရာမြို့ ပါမကျန် လယ်ယာမြေတွေကို အကွက်ရိုက်ပြီး ရောင်းစားနေကြတာကို စာဖတ်သူများလည်း တွေ့မြင်ရမှာပါ။
မသိမဖြစ် ပုံစံ(၇)နဲ့ မြေစာရင်းပုံစံ (၁၀၅)
ဒီတော့ လယ်ယာမြေကနေ လူနေထိုင်ခွင့်ရဖို့အတွက် အဆင့်ဆင့် ကျော်ဖြတ်ရပုံလေးတွေကို သိထားရင် ကောင်းတာပေါ့။ အိမ်ခြံမြေ အရောင်းအဝယ်နဲ့ မကင်းနိုင်တဲ့ သူတို့အတွက်လည်း လေ့လာထားသင့်ပါတယ်။
လယ် ယာမြေအကြောင်း ပြောပြီဆိုတာနဲ့ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇) ရယ်၊ သက်သေခံ မြေပုံလို့ခေါ်တဲ့ မြေစာရင်းပုံစံ(၁၀၅)ရယ် လယ်ယာေမြမ ဆိုစိုက်ပျိုးမှုအပ အခြားနည်း အသုံးပြုရန် လျှောက်ထားချက် ပုံစံ-၃၀(က)နဲ့ ပုံစံ(၁၅) ခွင့်ပြုမိန့် ရရှိနိုင်ပုံတို့ကို ပြောပြလိုပါတယ်။

ပုံစံ (၇)နဲ့ တွဲလျက်သာ သက်သေခံ မြေပုံလည်းပါ၊ မြေ(၅)မျိုး ရှိနေတာ
ပုံစံ(၇)ဆိုတာ "လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်" ကို ဆိုလိုတာပါ။ အဲ့ဒီ ပုံစံ(၇)နဲ့ တွဲလျက် မြေစာရင်း ပုံစံ(၁၀၅) လို့ ခေါ်တဲ့ မြေပုံ၊ မြေရာဇဝင်လည်း ပါရမယ်။ အဲ့ဒီစာရွက်က "အဖြူရောင်" ပါ။ အခြားကိစ္စအတွက် ထုတ်ယူသုံးစွဲ လို့ မရပါဘူး။ ပုံစံ(၇) ထုတ်ပေးတဲ့ မြေကွက်တွေကတော့.....
(က) လက်ရှိ အသုံးပြုခွင့် ရရှိထားတဲ့ လယ်ယာမြေ
(ခ)လွှဲပြောင်းလက်ခံတဲ့ သူတွေ၊ အမွေဆက်ခံတဲ့ သူတွေအတွက် ထုတ်ပေး ထားတဲ့ လယ်ယာမြေ
(ဂ) မြေလွတ်မြေလပ်မြေရိုင်းကနေ ပြောင်းလဲ သတ်မှတ်ပေးလိုက်တဲ့ လယ် ယာမြေ
(ဃ)ပြန်လည် သိမ်းယူထားတဲ့ လယ်ယာမြေ နှင့်
(င)အသစ် ဖော်ထုတ်လိုက်တဲ့ လယ်ယာမြေ ဆိုပြီး (၅)မျိုး ရှိပါတယ်။

အဲ့ဒီ လယ်ယာမြေတွေကို တောင်သူ လယ်သမားတွေနဲ့ လူပုဂ္ဂိုလ်/ အဖွဲ့အ စည်း တို့ကို လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ထုတ်ပေးပါတယ်။

လယ်ယာမြေ ဥပဒေပုဒ်မ ၉(ခ)အရ ခံစားခွင့်
လယ်ယာမြေ အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ၊ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားတဲ့ စည်းကမ်းချက် များနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့် ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ထိုသို့ပြဌာန်းထားခဲ့ပေမဲ့ အထက်အဆင့်ဆင့်က အမိန့်ညွှန်ကြားချက် တစ်စုံတစ်ရာ ထုတ်ပြန့်ပေးခြင်း မရှိသေးတဲ့အတွက် အစပိုင်းမှာ ဆောင်ရွက်ခွင့်၊ အကျိုးခံစားခွင့်မရှိခဲ့ဘူး။ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၆.၅.၂၀၁၉)ရက်စွဲပါ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)၊ (၃/၂၀၁၉)နှင့် (၄/၂၀၁၉)တို့ဖြင့် လယ်ယာမြေကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်း ကိစ္စရပ်များအတွက် လယ်ယာမြေ တန်ဖိုးသတ်မှတ်ခြင်း၊ တံဆိပ်ခေါင်းခွန်ပေးဆောင်စေခြင်း၊ တရားဝင်မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်းနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူအမည် ပြောင်းလဲခြင်းလုပ်ငန်းစဉ်များအတွက် ဆောင်ရွက်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ပါတယ်။ ထို့ကြောင့် ယခုအခါ လယ်ယာမြေနဲ့ပတ်သက်ပြီး တရားဝင်ပိုင်ဆိုင်မှုစာရွက်စာတမ်း ခိုင်ခိုင်မာမာဖြင့်အရောင်းအဝယ်ပြုလုပ်လို့ရပြီဖြစ်ပါတယ်။

ပုံစံ(၁၀၅) ဆိုတာ အဖြူရောင် စာရွက်ပေါ်က မြေပုံပါ
ပုံစံ(၁၀၅)ဆိုတာ "သက်သေခံ မြေပုံ" ကို ပြောတာပါ။ ပိုင်ဆိုင်မှုအတွက် အထောက်အထား မဟုတ်ဘူး။
မြေစာရင်း ပုံစံ(၁၀၅)လို့ လည်း ခေါ်ကြ တယ်။ (အဖြူရောင်ကွာတိုဆိုဒ် စာရွက်ပေါ်မှာ မြေပုံ ရေးဆွဲပြထားတာပါ။) ပုံစံ(၇)နဲ့ ပူးတွဲထားတာ ဖြစ်တယ် နောက်တစ်ကြိမ်ထုတ်သုံးလို့ မရတဲ့ (Death Certificate) ဖြစ်ပါတယ်။
အပြာရောင်ပုံစံ (၁၀၅) မြေပုံကတော့ အထောက်အထား တစ်ခုအတွက်ပါ
နောက်ထပ် မြေစာရင်းပုံစံ (၁၀၅) လို့ ဆိုတဲ့ သက်သေခံ မြေပုံစံမျိုးလည်း ရှိသေးတယ်။ (အပြာရောင် စာရွက် ကာရှည်ဆိုဒ်) ပုံစံပေါ့။
"ဝမ်းနော့ဖိုက်" လို့ အင်္ဂလိပ်လိုလည်း ခေါ်ကြတယ်။ ကိစ္စတစ်ခု (ဥပမာ.. ဘဏ်ငွေ ချေးရန်) အတွက် လျှောက်ထားတဲ့အခါမှာ ပူးတွဲတင်ပြရတဲ့ စာရွက် တစ်မျိုးဖြစ်ပါတယ်။ အချို့ကလည်း ဒါကိုပဲ ပိုင်ဆိုင်မှု အထောက်အထား ထင်ပြီး သိမ်းဆည်းခံထားတတ်ကြတယ်။
ပုံစံ ၃၀(က) ဆိုတာကျပြန်တော့ လယ်မြေကို စိုက်ပျိုးမှုမှအပ၊ အခြားနည်း အ သုံးပြုရန် လျှောက်ထားချက်ပါ။ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ် လယ် ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ရဲ့ စိစစ်ထောက်ခံချက်နဲ့ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့က ခွင့်ပြုမိန့် ထုတ်ပေးနိုင်ရန် အမှုတွဲ ဖွင့်လှစ်ဆောင်ရွက်ရတဲ့ လုပ်ငန်း စာတွဲ ဖြစ်ပါတယ်။ ခွင့်ပြုမိန့် မဟုတ်ပါ။
ခွင့်ပြုမိန့်ဆိုတာ ပုံစံ(၁၅) ကို ပြောတာပါ
ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ လယ်မြေကို အခြားနည်း အသုံးပြုဖို့ ခွင့်ြ ပုတဲ့ အသုံးပြုခွင့်လက်မှတ်က ပုံစံ(၁၅) ဖြစ်ပါတယ်။
အနှစ်ချုပ်ပြောရရင် လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့် လျှောက်လွှာ မှာ ပုံစံ(၁၄) နဲ့ မြေစာရင်းပုံစံ (၁၀၅) အပါအဝင် အခြးအထောက်အကူပြု စာရွက်စာတမ်းတွေ ပြည့်စုံတဲ့ လုပ်ငန်းစာတွဲ ပုံစံ-၃၀(က)နဲ့ လျှောက်ထားရ မယ်။ အဲ့ဒီလျှောက်ထားချက်အတိုင်း အရေးယူ ဆောင်ရွက်ပေးမှသာ ပုံစံ (၁၅) ခွင့်ပြုမိန့် ရရှိမှာ ဖြစ်ပါတယ်။
ဒါကြောင့် ပုံစံ(၁၄) လျှောက်ထားပြီးကြောင်း လျှောက်လွှာပြသပြီး ပုံစံ-၃၀ (က) လုပ်ငန်းစာတွဲ(အမှုတွဲ) ဓါတ်ပုံမိတ္တူ ပြသပေးလိုက်တာနဲ့ လယ်ယာမြေ ကို အခြားနည်း အသုံးပြုရန် ခွင့်ပြုမိန့် ရပြီလို့ မထင်လိုကကြပါနဲ့ ပုံစံ(၁၅) ပြ မှသာ ခွင့်ပြုမိန့်ရတာ ဖြစ်ပါတယ်ဆိုတာ သတိပေးလိုက်ပါရစေ။
ပုံစံ (၁၅) ခွင့်ပြုမိန့်ဆိုတာ လယ်မြေကို အခြားနည်း အသုံးပြုရန် ခွင့်ပြုမိန့် ကို ပြောတာ။ လယ်မြေမဟုတ်တဲ့ အခြားလယ်ယာမြေဆိုတာလည်း ရှိသေး တယ်။ ဥပမာ...ယာမြေ/ဥယျာဉ်ခြံမြေဈ စနိမြေ၊ ကိုင်း၊ ကျွန်းမြေတို့ကို အခြား နည်း အသုံးပြုခွင့်ရအောင် လျှောက်ထားဆောင်ရွက်လို့ ရပါတယ်။
အဲ့ဒီလို လယ်မြေမဟုတ်တဲ့ အခြားလယ်ယာမြေတွေကို အခြားနည်းဖြင့် အ သုံးပြုရန် ထုတ်ပေးတဲ့ လက်မှတ်ကိုတော့ ပုံစံ-၁၅(ခ) လို့ ခေါ်ပါတယ်။ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပေးပါတယ်။
အခုလို အိမ်ခြံမြေ အရောင်းအဝယ် လုပ်ကိုင်နေကြတဲ့ ဝယ်ရောင်း အ ကျိုးေ ဆာင်ပွဲစားများအနေနဲ့ လယ်ယာမြေတွေကို လူနေထိုင်ခွင့် ရဖို့ လျှောက် ထားရယူတဲ့ နည်း ပုံစံ၁၅(က) "လယ်ယာမြေများအား အခြားနည်း အသုံးပြု ခွင့်ပြုမိန့်" နဲ့ တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့မှ ထုတ်ပေးတဲ့ ပုံစံ-၁၅(ခ) တို့ အကြောင်း နားလည်သွားပြီဆိုတော့ လယ်ယာမြေတွေ ဝယ်ရင်း ခွဲခြမ်း စိတ်ဖြာဆုံးဖြတ်ချက် ချနိုင်ပါပြီ။

မှီငြမ်း။ ။၂၀၁၇ မြေယာနှင့် သက်ဆိုင်သော ဥပဒေဆောင်းပါးများ စု စည်းမှုစာအုပ်

ဥပဒေရေးရာ

💚
10/12/2025

💚

ရန်ကုန်မှာ အိမ်ဆောက်မည် ဆိုလျှင် ထားရှိရမည့် မြေချန်များ (မြေကျန်သတ်မှတ်ချက်များ)(၁)  ၃ထပ်နှင့် အောက် အဆောက်အအုံ ဆောက်လု...
07/12/2025

ရန်ကုန်မှာ အိမ်ဆောက်မည် ဆိုလျှင် ထားရှိရမည့် မြေချန်များ (မြေကျန်သတ်မှတ်ချက်များ)

(၁) ၃ထပ်နှင့် အောက် အဆောက်အအုံ ဆောက်လုပ်ပါက

*၄၀’ x ၆၀’ မြေကွက်အတွက် မိမိပိုင်နယ်နိမိတ် မှ ရှေ့ဘက် ၁၂’ ချန်ရမည်။ နောက်ဘက်တွင် BDS (နောက်ဖေးလမ်းကြား) မရှိပါက အဆောက်အုံ နံရံမှ ၆’ ချန်ရမည်။ BDS ရှိပါက ၁’ ချန်ရမည်။
ဘေးနှစ်ဘက်တွင် အမိုးစွန်းမှ ၃’ ချန်ရမည်။

*မျက်နှာစာအကျယ် ၂၅’ နှင့် ၃၉’ ကြားမြေကွက်များတွင် ဘေးနှစ်ဘက်တွင် အမိုးစွန်းမှ ၁’-၆” စီချန်ရမည်။

*မျက်နှာစာအကျယ် ၂၅’ အောက် မြေကွက်များတွင် ဘေးနှစ်ဘက်တွင် အမိုးစွန်းမှ ၁’ စီချန်ရမည်။

(၂) ၄ထပ်နှင့် အထက် အဆောက်အအုံ ဆောက်လုပ်လိုပါက

Downtown မြို့နယ်များ (လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ ပုဇွန်တောင်)

ရှေ့ဘက်နှင့် ဘေးနှစ်ဘက်တွင် မြေပြည့်ဆောင်ရွက်နိုင်ပါသည်။ ဘေးမြေပြည့် ဆောက်လုပ်ပါက နံရံအပိတ် ဆောင်ရွက်ရမည်။

ကျန်မြို့နယ်များ

*၄၀’x ၆၀’ အရွယ် မြေကွက် များတွင် မိမိ ပိုင် နယ်နိမိတ် မှ ရှေ့ဘက် ၅’ Clear မြေချန် ရမည်။ ဘေးနှစ်ဘက် အမိုးစွန်းမှ အနည်းဆုံး ၃’ စီ မြေချန်ရမည်။ နောက်ဘက်တွင် BDS ရှိပါက ၁’ ချန်ရမည်။ BDS မရှိပါက ၆’ ချန်ရမည်။

*ရှေ့နောက် အရှည် (၅၀)ပေအရွယ်မြေကွက်များတွင် မိမိ ပိုင်နယ်နိမိတ်မှ
-ရှေ့ဘက်တွင် မြေညီထပ်မှ ၅’ မြေချန်ရမည်။ ကျန်အထပ်များတွင် Cantilever ၄’ ပြန်ထုတ်ပြီး ၁’ ချန်ရမည်။

*မျက်နှာစာအကျယ် ၂၅’ နှင့် ၃၉’ ကြားမြေကွက်များတွင် ဘေးနှစ်ဘက်တွင် အမိုးစွန်းမှ ၁’-၆” စီချန်ရမည်။ (ပြတင်း၊တံခါး ဆောင်ရွက်လိုပါက Slide Window (SW/LW) များသာဆောင်ရွက်ရမည်။

*မျက်နှာစာအကျယ် ၂၅’ အောက် မြေကွက်များတွင် ဘေးနှစ်ဘက်တွင် အမိုးစွန်းမှ ၁’ စီချန်ရမည်။ (ဘေးနှစ်ဘက်တွင် ၁’ စီချန်ပါက SW/LW များထည့်သွင်းဆောက်လုပ်နိုင်ပါသည်။)

(၃) အဓိက လမ်းမကြီးများတွင် ဆောက်လုပ်ခြင်း

ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဦးဝိစာရလမ်း တို့တွင် မည်သည့်အဆောက်အုံမဆို ဆောက်လုပ်ပါက ပင်မအဆောက်အုံ ရှေ့ဘက်တွင် မိမိပိုင်နယ်နိမိတ်မှ ပေ ၂၀ ချန်၍ အဆောက်အုံ နယ်နိမိတ်ကို ရေးဆွဲ တင်ပြရမည်။

(၄) ၉ထပ်နှင့် အထက်အဆောက်အုံများအတွက် မြေချန်သတ်မှတ်ချက်

ရှေ့ဘက်တွင် မိမိပိုင်နယ်နိမိတ်မှ အနည်းဆုံး (၁၂)ပေ ချန်ရမည်။ ဘေး ဝဲ/ယာ၊ နောက်ဘက်တွင် မိမိပိုင်နယ်နိမိတ် မှ အနည်းဆုံး (၆) ပေ ချန်ရမည်။

(ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အဆောက်အုံဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများ စာအုပ်မှ ကူးယူဖော်ပြပါသည်။)

ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)



လေသန့်ပင် ..Spider plant...💚🤍💚🤍💚
03/12/2025

လေသန့်ပင် ..
Spider plant...
💚🤍💚🤍💚

💚❤🧡💛
29/11/2025

💚❤🧡💛

🌸 ကမ္ဘာ့အခြောက်သွေ့ဆုံး သဲကန္တာရကြီး ရောင်စုံပန်းခင်းအဖြစ် ပြောင်းလဲသွားခြင်း
ကမ္ဘာပေါ်မှာ မိုးခေါင်ရေရှား အဖြစ်ဆုံး၊ အခြောက်သွေ့ ဆုံးလို့ တင်စားကြတဲ့ ချီလီနိုင်ငံက အတားကမား (Atacama) သဲကန္တာရကြီးဟာ အခုချိန်မှာတော့ ယုံနိုင်စရာမရှိလောက်အောင် လှပတဲ့ ပန်းခင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။
(၁၀) နှစ်အတွင်း ပထမဆုံးအကြိမ်
ပုံမှန်ဆိုရင် ဖုန်မှုန့်တွေနဲ့ တိတ်ဆိတ်ခြင်းတွေသာ ကြီးစိုးတဲ့ ဒီဒေသမှာ ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် ရောင်စုံပန်းတွေ ဝေဝေဆာဆာ ပွင့်လန်းလာခဲ့ပါတယ်။ ခရမ်းရောင်၊ အဝါရောင်နဲ့ ပန်းရောင် ပန်းပွင့်လေးတွေဟာ အသက်မဲ့နေတဲ့ သဲပြင်ကျယ်ကြီးကို ဖုံးလွှမ်းသွားခဲ့ပါပြီ။
ဘယ်လိုဖြစ်သွားတာလဲ?
အတားကမားဟာ မိုးရေချိန် အလွန်နည်းပါးတဲ့အတွက် အပင်တွေရှင်သန်ဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ ပုံမှန်မဟုတ်တဲ့ ရာသီဥတုအခြေအနေကြောင့် မိုးရွာသွန်းမှု ရရှိခဲ့ပါတယ်။ ဒီမိုးရေကပဲ သဲမြေအောက်မှာ နှစ်ပေါင်းများစွာ ငြိမ်သက်အိပ်စက်နေတဲ့ ပန်းမျိုးစေ့လေးတွေကို နှိုးဆွလိုက်သလိုဖြစ်ပြီး တပြိုင်နက်တည်း အသက်ဝင်လာစေခဲ့တာပါ။
သဘာဝတရားရဲ့ သင်ခန်းစာ
သိပ္ပံပညာရှင်တွေကတော့ ဒီမျိုးစေ့တွေဟာ နှစ်ပေါင်းများစွာ (ဆယ်စုနှစ်များစွာတိုင်အောင်) မြေ အောက်မှာ သည်းခံစောင့်ဆိုင်းနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ သူတို့အတွက် လိုအပ်တဲ့ အချိန်အခါနဲ့ အ ခြေအနေကို ရောက်တဲ့အချိန်မှသာ အစွမ်းကုန် ပွင့် လန်းလာကြတာပါ။
ဒါဟာ သဘာဝတရားရဲ့ အလှတရားသက်သက် မဟုတ်ပါဘူး။ "Resilience" လို့ခေါ်တဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို ပြသနေတာပါ။ ပန်းလေးတွေတောင် ကိုယ့်အချိန်ကိုရောက်ဖို့ နှစ်ပေါင်းများစွာ သည်းခံစောင့်ဆိုင်းနိုင်တယ်ဆိုရင်...
"ကျွန်ုပ်တို့ လူသားတွေရဲ့ ရင်ထဲမှာရော ဘယ်လိုစွမ်းရည်တွေ၊ ဘယ်လိုအလှတရားတွေက အချိန်တန်ရင် ပွင့်လန်းလာဖို့ တိတ်တဆိတ် စောင့်ဆိုင်းနေကြမလဲ?"
References & Sources: Associated Press, PBS NewsHour, National Geographic

31/10/2025

တောင်တွေပေါ်မှာ..Landscape လုပ်ချင်သော customers အတွက်ပါရှင်။ လမ်း idea လေးပါ။

Cladium ပိန်းအုပ်စုဝင် ဒေသပိန်းကလေးတွေ..🌱💚နိုင်ငံခြားမျိုးစိတ်တွေအသီးသီးသွင်းလာကြပေမယ့် ဒေသပိန်းကလေးတွေရဲ့ဆွဲဆောင်မူကိုရ...
23/10/2025

Cladium ပိန်းအုပ်စုဝင်
ဒေသပိန်းကလေးတွေ..🌱💚

နိုင်ငံခြားမျိုးစိတ်တွေအသီးသီး
သွင်းလာကြပေမယ့်
ဒေသပိန်းကလေးတွေရဲ့
ဆွဲဆောင်မူကိုရုန်းမထွက်နိုင်လို့ ☺️
ကားတစ်စီးနဲ့
ရန်ကုန်တိုင်းထဲ ကရသလောက်
ပါတ်ဝယ်ထားရင်း
လေ့လာမိသလောက်
အတော်များများကမျိုးတုံးသလို
ဖြစ်နေမလား..?
တောနယ်ဘက်မှာပဲ အနည်းငယ်
တွေ့နေရပါတယ်။

လိပ်ပိန်းလေးတွေက တော့
နယ်ကအပင်ဝယ်ရင်း
လက်ဆောင်ထည့်ပေးလို့
ရလာတာလေးပါ။
သူတို့လေးတွေက
တစုတဝေး
သဘာဝပေါက်ပေမယ့်
နယ်မှာပဲ ရှိတာများပါတယ်။

Landscape လုပ်ငန်းစဥ်လေးမှာ ဒေသရာသီဥတု နဲ့
ကိုက်ညီသော ပန်းပင်လေးတွေ
ထည့်သွင်းစိုက်ပျိုးရင်း
အမိမြန်မာပြည်က
မျိုးရင်းလေးတွေလည်း
ထိမ်းသိမ်းကြရအောင်နော်။


#ဒေသပိန်း
#မြန်မာမျိုးရင်း

Address

15. 4 Miles, Near Yangon Mandalay Highway Road
Hlegu

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

09773166883

Website

Alerts

Be the first to know and let us send you an email when Mommy's home landscaping & nursery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share