Inspire Plants House

Inspire Plants House Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Inspire Plants House, Gardener, Hpa an, Hpa-an.

ရန်ကုန်မှာ တောက်ပတော့မဲ့ ကရင်ပြည်နယ်က မင်းသမီလေးတွေ 😍😍🍀🌸
04/02/2024

ရန်ကုန်မှာ တောက်ပတော့မဲ့ ကရင်ပြည်နယ်က မင်းသမီလေးတွေ 😍😍🍀🌸

ဒါကြောင့်မင်မင် Page ထဲမရောက်ဖြစ်တော့တာဘာ🤣
31/01/2024

ဒါကြောင့်မင်မင် Page ထဲမရောက်ဖြစ်တော့တာဘာ🤣

Nandar Wynn Acc ပ်ိုင်ရှင်မမ အတွက်  တစ်ယောက်သောသူက " Happy Birthday မနန္ဒာ 🎂🎁🎀🎈မဆုံဖြစ်ကြပေမဲ့ သတိအမြဲရမိပါတယ်  တစ်သက်ပျ...
21/01/2024

Nandar Wynn Acc ပ်ိုင်ရှင်မမ အတွက် တစ်ယောက်သောသူက

" Happy Birthday မနန္ဒာ 🎂🎁🎀🎈
မဆုံဖြစ်ကြပေမဲ့ သတိအမြဲရမိပါတယ်
တစ်သက်ပျော်ချင်အပင်စိုက်ဆိုတဲ့အတိုင်း အပင်လေးတွေစိုက်ရတာ သဘောကျနေတဲ့အမအတွက် ထိပ်စီးပြောင်မွေးနေ့ကစ အမြဲပျော်ရွှင်ရအောင်အပင်လေးတွေလက်ဆောင်ပေးလိုက်ပါတယ် ။ငါ့အမအမြဲပျော်ရွှင်ရပါစေ ဆန္ဒနဲ့ဘဝတစ်ထပ်တည်းကျပါစေလို့ မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်"

ဆိုပြီး မွေးနေ့ဆုတောင်းစကားလေးနဲ့အတူInspire Plants House မှ ကြိုက်နှစ်သက်ရာ အပင် ၃ ပင်ယူပါဆိုပြီး Birthday Surprise Gift ရထားပါတယ်ရှင့်😍

မင်မင်တို့ Inspire Plants ကလည်း ပျော်ရွှင်ခြင်းများယူဆောင်လာပေးသောမွေးနေ့ဖြစ်ပါစေလို့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်ရှင့်🙏🎈🎂🎀

Calathea Varieties 🦚ဒေါင်းမလေးတွေလှနေရော 🦚
21/01/2024

Calathea Varieties 🦚
ဒေါင်းမလေးတွေလှနေရော 🦚

Snake plants with coconut shell flower pot Only 2500 mmk for 1 pot
21/01/2024

Snake plants with coconut shell flower pot

Only 2500 mmk for 1 pot

Only Syngonium varietiesချစ်ရာလေးတွေ နော် 😍 စျေးနှုန်းလေးတွေကလည်း 5000/3000/2000 တွေပဲ အိမ် coner  ဆိုင်coner Table ပေါ်...
21/01/2024

Only Syngonium varieties
ချစ်ရာလေးတွေ နော် 😍
စျေးနှုန်းလေးတွေကလည်း 5000/3000/2000 တွေပဲ
အိမ် coner ဆိုင်coner Table ပေါ်အလှအဆင်ရုံပဲ

ပြုစုရလွယ်ကူ အကြမ်းခံပြီး အရောင်အဆင်းလည်းလှတဲ့ Houseplants မီးကွင်းဂမုန်းအကြား အိုးကြီး 5000အိုးသေး 3000
21/01/2024

ပြုစုရလွယ်ကူ အကြမ်းခံပြီး အရောင်အဆင်းလည်းလှတဲ့
Houseplants မီးကွင်းဂမုန်းအကြား

အိုးကြီး 5000
အိုးသေး 3000

🌸🌸~~~~GOOD MORNING~~~🌸🌸🌸This morning ,i told flowers about you 🌏
21/01/2024

🌸🌸~~~~GOOD MORNING~~~🌸🌸🌸
This morning ,i told flowers about you 🌏

ခပ်ဆင်ဆင်အကြားမျိုးလေးတွေ နာမည်ကိုယ်စီနဲ့မင်မင်တော့ကြွေမိနေပြီ😍
09/01/2024

ခပ်ဆင်ဆင်အကြားမျိုးလေးတွေ
နာမည်ကိုယ်စီနဲ့
မင်မင်တော့ကြွေမိနေပြီ😍

💜  ပိန်းပန်း စိုက်ပျိုးနည်း  💜💜💜=================- ပိန်းပင်ဟာ တိုက်ရိုက်အလင်းရောင်ကို လုံးဝမကြိုက်ပါဘူး ... အပင်ကြီးများ...
09/01/2024

💜 ပိန်းပန်း စိုက်ပျိုးနည်း 💜💜💜
=================

- ပိန်းပင်ဟာ တိုက်ရိုက်အလင်းရောင်ကို လုံးဝမကြိုက်ပါဘူး ... အပင်ကြီးများအောက် ၊ အိမ်တံဆက်မိတ်အောက်တို့တွင်သာ ထားသင့်ပါတယ်...

- ဒါမှမဟုတ်စိုက်ပျိုးရေးသုံး အစိမ်းစဇကာ ( ပိုက်စိမ်းစ ) အုပ်မိုးပြီးစိုက်ပျိုးရင်လဲ အဆင်ပြေပါတယ်ခင်ဗျာ ...

- တိုက်ရိုက် အလင်းရောင်ထိတဲ့အပင်များဟာ အရွက်များဝါကျပြီး သေဆုံးတတ်ပါတယ် ... အရွက်ကြွေရာမှာ နှင်းကြောင့်လဲ ကြွေပါတယ် ...
အထူးသဖြင့် မလေးရှားမျိုး နဂါးမောက်ပိန်း ( သို )့ ဇွန်ခွက်ပိန်းများဟာ နှင်းများတာနဲ့အမျှ အရွက်များကြွေကျကုန်ပါတယ် ...
ဒါပေမယ့်အပင်ကတော့ သေဆုံးခြင်းမရှိပါ ... အရွက်များပြန်ထွက်ရန် အချိန်ယူရပါတယ်ခင်ဗျာ ...

- ပိန်းပင်များဟာပန်းပွင့်ရန်အတွက် ရက်ပေါင်း ( ၄၀ / ၄၅ ) ရက်လောက်အချိန်ယူရပါတယ် ... အေးတဲ့ရာသီဥတုမှာ အပွင့်သေးပြီး ရိုးတံတိုပါတယ် ....

- ရေကိုကြိုက်နှစ်သက်မှုမှာတော့ ဒေသမျိုးနဲ့ တရုတ် ၊ ယိုဒယား ပိန်းပင်များဟာ ကွဲပြားခြားနားပါတယ် ...
ဒေသမျိုးဟာ ရေကိုနေ့စဉ်ဖြန်းပေးလို့ရပါတယ် ... တရုတ် ၊ ယိုးဒယာမျိုးများကတော့ အောက်ခံမြေကြီး ၊ ပွားစာ ၊ ခြောက်ခါနီးမှ တစ်ခါလောင်းရင်ရပါပြီ ...

- အဓိက ကတော့ ရေဆင်းကောင်းဖို့ဖြစ်ပါတယ် ... အပူချိန်အနေနဲ့ ( 60F နှင့်90F ) ကြားဟာ အကောင်းဆုံးဖြစ်ပါတယ် ...

- ပိန်းပန်းကို မီးသွေးစ ၊ အုန်းဆံခွံ ၊ အုတ်ခဲကျိုး ၊ မြေကြီးအနဲငယ်နဲ့. အိုးများအတွင်းစိုက်ပျိုးနိုင်ပါတယ် ... မြေကြီးပေါ်မှာလဲ စိုက်ပျိုးနိုင်ပါတယ် ...

- မြေသြဇာအနေနဲ့ ( နိုက်ထရိုဂျင် ) ပါဝင်တဲ့ လက်ဖက်ခြောက်ဖတ်များ ၊ ကြက်ဥခွံများဟာ သဘာဝမြေသြဇာတွေပဲ ဖြစ်ပါတယ်ခင်ဗျာ .....
တို့ပေါ့

ပိန်းပန်းလေးတွေအတွက်သင့်တော်တဲ့မြေသြဇာကတော့ Slow Released Fertilizer (13:13:13) လို့ခေါ်တဲ့ မြေသြဇာလေးပဲ ဖြစ်ပါတယ် အဲ့ဒါကလည်းစိုက်ပျိုးရေးဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ရရှိနိုင်ပါတယ်

အပွင့်လောင်ရောဂါမွှားတွေကြောင့်ဖြစ်ပေါ်လာတဲ့ရောဂါပူလွန်းအေးလွန်းတာကြောင့်ရယ့ အပင်အားနဲတာရယ်ဒီရောဂါက ပိန်းပင်တိုင်းမှာဖြစ်လေ့ဖြစ်ထရှိတာမို့ တလတခါ ဖန်ကူလာ ဖြန်းပေးအားခြင်းဖြစ်လည်း ကာကွယ်နိူင်တယ်

ဆောင်းရာသီ အအေးဓာတ်များလွန်းတေ့ာ အစိုဓာတ်ထိန်းပေးပါ
ဖြစ်နေတဲ့အပွင့် တွေ ညှပ်ပြီး မီးရိူ့
မိူဘက်တီးရီးယားတွေလည်းတတိထားပါ
အုံးခွံမှာ ဖြူဖြူလေးတက်လာရင်ဖြစ်တဲ့အိုးရဲ့မြေစာ ပြောင်းပေးပါ
မဟုတ်ရင် ပင်စီပုတ်ရောဂါ အရွက်လောင်ရောဂါ ဖြစ့်တေ့ာမည်
အပင်ကို နင်းမထိအောင်မိုးထားပေးပါ
ညနေရေလောင်းချင်းရှောင်ပါ
ရေက ပင်စီနား မှာခံနေရင် အကောင်က ရေလာသောက်တာ ရယ် လာမှီခိုနေထိုင်တာရယ်ကြောင့် ပင်စီကို ဖြတ်စီးပြီး ရောဂါကျနိူင်သည်
တီကောင်နီ ရောဂါက အရွက်အမဲကွက်ရာဂါဖြစိစေသည်

ဖြန်းရမဲ့ဆေး
သုံးရက်တခါ
ထမင်းစားစွန်း သုံးစွန်စွန်းရောဂါတအားပျင်းရင်
တမျိူးတစွန်းခွဲ ရေလေးဂါလံ
ဆေးစိုက်ပျိူးရေးဆိုင်မေးပြီးဝယ်ပါ
ရောဂါဖြစ်ရတဲ့အကြောင်းရင်း
ပြုစုမူ့အားနဲ တာရယ်
အပင်ကို ဖြစ်သလိုပြစ်ထား
နင်းခါး နဲ့ထိတွေ့
အမိုးမလုံ မြေစာ မိူဘက်တီရီးယားတွေပါရှိ တခါတလေ မိုပန်းပွင့်တွေထွက်တာတွေ့ပြီး
မိူမျှင်လေး သနိးနေတာတွေ့ရင်ချက်ချင်းဆေးဖျန်းပါ

ခြံရှေ့ /အိမ် /ဝရံတာ ချိတ်ဆွဲလေးတွေ/ပန်းအိုးတွေနဲ့လည်းစိုက်ထားလို့ရပါတယ်


ပိန်းပန်းပင်လေးအိမ်မှာစိုက်ထားသင့်တဲ့အပင်လေးဖြစ်ပါတယ်

လေကောင်းလေသန့်ပေးသောအပင်လေးဖြစ်ပါတယ်


ယိုးဒယားပိန်းပန်းဟာခွဲစိုက်တာအဆင်ပြေပါတယ်

မဗာပိန်းကတော့အပင်ကြီးဖြစ် အမြစ်ပွားတွေကများပါတယ်

🌼🌸🌵🍃🍀💐🌺ပန်းလေးတွေဟာ သင့်ရဲ့အဓိပ္ပာယ်ရှိတဲ့နေ့ရက်တွေကို ပိုပြီးပြည့်စုံစေဖို့ သဘာ၀ကပေးတဲ့ ဆုလာဘ်တွေပါ
07/01/2024

🌼🌸🌵🍃🍀💐🌺
ပန်းလေးတွေဟာ သင့်ရဲ့အဓိပ္ပာယ်ရှိတဲ့နေ့ရက်တွေကို
ပိုပြီးပြည့်စုံစေဖို့ သဘာ၀ကပေးတဲ့ ဆုလာဘ်တွေပါ



အပင်ကြီးထွားမှုကို သက်ရောက်စေတဲ့ အချက်  (၅)ချက်▪▪▪▪▪▪▪▪▪▪▪▪▪▪အပင်တစ်ပင်ကြီးထွားရှင်သန်ပြီး လိုအပ်တဲ့အသီး၊အနှံ၊အရွက်နဲ့တခ...
04/01/2024

အပင်ကြီးထွားမှုကို သက်ရောက်စေတဲ့ အချက် (၅)ချက်
▪▪▪▪▪▪▪▪▪▪▪▪▪▪

အပင်တစ်ပင်ကြီးထွားရှင်သန်ပြီး လိုအပ်တဲ့အသီး၊အနှံ၊အရွက်နဲ့တခြားသောထုတ်ကုန်တွေထုတ်လုပ်ပေးနိုင်ဖို့ဆိုတာဟာ အဲ့ဒီအပင်လိုအပ်တဲ့ရာသီဥတုအခြေအနေ၊အာဟာရဓာတ်နှင့် တခြားသောအရင်းအမြစ်တွေရရှိနေဖို့ဆိုတာဟာ အရေးကြီးတဲ့အရာတွေပဲ ဖြစ်ပါတယ်။

ရေ၊လေ၊မြေ စတဲ့သဘာဝအရင်းအမြစ်တွေအပြင် အခုခေတ်မှာဆိုရင် အပင်ရဲ့ကြီးထွားမှုကိုသက်ရောက်စေတဲ့ ဟော်မုန်းနှင့်ဓာတုဆေးတွေဟာလည်း အများအပြားရှိလာပြီပဲ ဖြစ်ပါတယ်။ ဒီလိုမျိုးလိုအပ်တဲ့အရာတွေကို သူ့နေရာနဲ့သူ သဟဇာတကျအောင်ရရှိမှသာလျှင် အပင်တွေဟာလည်း သူ့တို့ရဲ့ရှင်သန်ကြီးထွားမှုနှင့်မျိုးပွားနိုင်မှုဆိုင်ရာ လုပ်ငန်းစဥ်တွေကိုအောင်မြင်အောင် ပြုလုပ်နိုင်မှာပဲ ဖြစ်ပါတယ်။

ဒီလိုမျိုးအပင်တွေရဲ့ကြီးထွားမှုကိုသက်ရောက်စေတဲ့အရာတွေအများကြီးရှိတဲ့အထဲကနေပြီး ဒီနေ့မှာတော့ အခြေခံအကျဆုံးနှင့်အလိုအပ်ဆုံးဖြစ်တဲ့ အရာ ၅ ခုနှင့် လိုအပ်တဲ့ပမာဏလေးတွေကို မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။




အပူချိန်

အပင်တွေဟာဆိုရင် သူတို့လိုအပ်တဲ့အပူချိန်အတိအကျရလေလေ သူတို့ရဲ့ရှင်သန်မှုနှင့်ကြီးထွားမျိုးပွားမှုက ပိုပြီးကောင်းလေပဲ ဖြစ်ပါတယ်။ အပင်တွေရဲ့အပူအချိန်လိုအပ်ချက်တွေအပေါ် မူတည်ပြီးတော့ အနိမ့်ဆုံး၊အသင့်တော့ဆုံးနှင့် အမြင့်ဆုံးဆိုပြီးတော့ အဆင့် ၃ ဆင့်ခွဲထားပါတယ်။

ပုံမှန်အပင်အမျိုးအစားတွေအတွက်ဆိုရင်တော့ မြေကြီးအပူချိန် တစ်ဒီဂရီစပ်ဆီယမ်အထက်ရှိမယ်ဆိုရင် မျိုးစေ့ပေါက်ဖို့အတွက် သင့်တော်နေပြီပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မျိုးစေ့ပေါက်ဖို့အတွက် အသင့်တော်ဆုံးအပူချိန်ကတော့ ၂၅ - ၃၅ဒီဂရီစပ်ဆီယမ် ဖြစ်ပြီး ၄၅ ထက်တော့မပိုသင့်ပေ။

ပျိုးပင်အဆင့်ကြီးထွားဖို့ဆိုရင်တော့ ၁၉-၂၅ဒီဂရီစပ်ဆီယမ် ကအသင့်တော်ဆုံးဖြစ်ပြီးတော့ ပန်းပွင့်တဲ့အချိန်နှင့်အသီးတည်တဲ့အချိန်တွေမှာတော့ အပူချိန် ၁၈-၂၀ဒီဂရီစပ်ဆီယမ် ကအကောင်းဆုံးပဲ ဖြစ်ပါတယ်။

အလင်းရောင်

အပင်တွေရဲ့ကြီးထွားမှုရုပ်လက္ခဏာအသီးသီးအပေါ်မူတည်ပြီးတော့ ယေဘုယျအရပြောရမယ်ဆိုရင် အသင့်တော်ဆုံး Light Intensity ကတော့ 10000-30000 Lux ပဲ ဖြစ်ပါတယ်။ တကယ်လို့အပင်တွေသာ အမှောင်ထဲမှာရှိနေမယ်၊ အလင်းရောင်ကောင်းကောင်းမရဘူးဆိုရင်တော့ ပင်စည်တွေသေးလာမယ်၊ node တွေပိုရှည်ထွက်လာမယ်၊ mechanical tissues တွေဖွံ့ဖြိုးမှုနည်းလာမယ်၊ အရွက်တွေသေးပြီး တွန့်လိမ်လာမယ်၊ အမြစ်ဖွံ့ဖြိုးမှုနှေးကွေးလာပြီး အပင်တပင်လုံးအဝါရောင်သန်လာမှာပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ရုပ်လက္ခဏာတွေကို chlorosis လို့ခေါ်ပါတယ်။

အပင်တွေရဲ့အမျိုးအစားနဲ့ခံနိုင်ရည်ရှိမှုဒဏ်ကိုလိုက်ပြီးတော့ လိုအပ်တဲ့အလင်းပမာဏဟာလည်း ကွာခြားမှုရှိနေမှာပဲ ဖြစ်ပါတယ်။ နေရဲ့အပူချိန်နဲ့အလင်းရရှိမှုဟာဆိုရင် ရာသီဥတုအခြေအနေပေါ်လိုက်ပြီး ပြောင်းလဲမှုရှိနေတဲ့အတွက် ဒီနောက်ပိုင်းလုပ်ငန်းကြီးလုပ်နေတဲ့သူတွေနှင့် Indoor Grower တွေဟာ သူတို့ရဲ့စိုက်ခင်းတွေမှာ LED မီးတွေကိုအစားထိုးအသုံးပြုလာကြပြီပဲ ဖြစ်ပါတယ်။

အလင်းရောင်ရရှိမှုတိုတောင်းတာဟာ အပင်ကိုပန်းအမြန်ပွင့်စေဖို့ အားပေးနိုင်ပေမယ့် အပင်ရဲ့ကြီးထွားမှုနှင့် အမျှင်ဓာတ်ပါဝင်မှုကိုတော့နည်းစေပါတယ်။ အလင်းရောင်ရရှိမှုများရင်တော့ ပန်းပွင့်ခြင်းနှင့်အသီးတည်မှုဖြစ်စေကို ​နှေးကွေးစေပါတယ်။

ရေ

ရိုးတံရှည်တဲ့အပင်အမျိုးအစားတွေဟာဆိုရင် တခြားသောအပင်တွေထက်စာရင် ရေလိုအပ်မှုပိုများကြပါတယ်။ သူတို့ရဲ့ကုန်ကြမ်း ၁ ကီလိုဂရမ်ထုတ်လုပ်နိုင်ဖို့အတွက် အနည်းဆုံး ရေလီတာပေါင်း ၃၀၀ အထိလိုအပ်ပြီးတော့ တခါတခါ ၅၀၀ အထိတောင်လိုအပ်တာတွေကိုတွေ့ရပါတယ်။ မျိုးစေ့ပေါက်တဲ့ကာလ ဒါမှမဟုတ် အပင်ကြီးထွားမှုရဲ့ပထမခြောက်ပတ်အထိ မြေကြီးကိုအစိုဓာတ်ရှိအောင်ထားသင့်ပါတယ်။
အပင်ကြီးထွားမှုမြန်ဆန်နေတဲ့အချိန် (တစ်ရက်ကို 4-6 cm အထိ) မှာဆိုရင် မိမိရဲ့စိုက်ကွင်းအစိုဓာတ်ကို ၇၀ ကနေ ၈၀ အထိထားသင့်ပါတယ်။

အပင်တစ်ပင်ရဲ့ရေလိုအပ်ချက်ဟာဆိုရင် မြေကြီးထဲမှာရှိနေတဲ့အာဟာရဓာတ်တွေနဲ့တိုက်ရိုက်ဆက်နွယ်မှုရှိပါတယ်။ မြေကြီးအာဟာရကောင်းကောင်းရရှိတဲ့နေရာတွေအတွက်ဆိုရင် ရေလိုအပ်မှုဟာ 575-985 cubic meters လောက်သာရှိပြီးတော့ အာဟာရနည်းပါးတဲ့မြေအတွက်တော့ ရေလိုအပ်ချက် 790-1180 cubic meters အထိတိုးပြီး လိုအပ်လာမှာပဲ ဖြစ်ပါတယ်။

အာဟာရဓာတ်များ

အပင်ကြီးထွားမှုဖြစ်စဥ်လုပ်နေတဲ့အချိန်တွေမှာဆိုရင် အပင်တွေအတွက်လိုအပ်တဲ့အာဟာရဓာတ်တွေကို အစာချက်လုပ်ခြင်းမှလည်းရရှိကြသလို မြေကြီးထဲမှာရှိနေတဲ့အာဟာရဓာတ်တွေနှင့်လူတွေကျွေးလိုက်တဲ့ အာဟာရဓာတ်တွေကိုပါ ရရှိအသုံးပြုကြပါတယ်။ အပင်တွေကြီးထွားမှုဖြစ်စဥ်တွေမှာ အလိုအပ်ဆုံး အာဟာရဓာတ် ၃ မျိုးကတော့ နိုက်ထရိုဂျင်၊ ပိုတက်စီယမ်နှင့် ဖော့စဖရပ် တို့ဖြစ်ပြီးတော့ ရိုးတံရှည်တဲ့အပင်တွေတွက်ဆိုရင် နိုက်ထရိုဂျင်လိုအပ်မှုကပထမ၊ ပိုတက်စီယမ်လိုအပ်မှုကဒုတိယနှင့် ဖော့စဖရပ်လိုအပ်မှုက နောက်ဆုံးပဲ ဖြစ်ပါတယ်။

ဒီလိုသီးနှံတွေအတွက်ဆိုရင် ထုတ်ကုန်တစ်တန်ရရှိဖို့အတွက် နိုက်ထရိုဂျင် ၁၅ - ၂၀ ဂရမ်၊ ပိုတက်စီယမ် ၁၅ - ၂၀ ဂရမ်နှင့် ဖော့စဖရပ် ၄-၅ ဂရမ်ထိထည့်ကျွေးပေးဖို့လိုအပ်ပါတယ်။

မြေကြီး

တချို့သောအပင်အမျိုးအစားတွေအတွက်ဆိုရင်တော့ သူတို့ရှင်သန်ကြီးထွားဖို့အတွက်လိုအပ်တဲ့ မြေအမျိုးအစားတွေက သီးသန့်ရှိနေဖို့လိုအပ်တာတွေရှိပါတယ်။ ဥပမာ- မြေပျော့ရမယ်၊ သဘာဝမြေဆီမြေသြဇာကြွယ်ဝရမယ်၊ ရေသွင်းရေထုတ်လုပ်ဖို့အတွက်အဆင်ပြေရမယ်နှင့် သင့်တော်တဲ့ PH Level ရှိရမယ်တို့။ ယေဘုယျအရဆိုရင်တော့ PH level 5.8 ကနေ 7.8 ဟာဆိုရင် အပင်တွေကြီးထွားမှုဖြစ်စဥ်တွေအတွက် အသင့်တော်ဆုံး PH ပမာဏပဲ ဖြစ်ပါတယ်။

မြေကြီးရဲ့ဂုဏ်သတ္တိတွေဟာဆိုရင် အထွက်နှုန်းကိုသာမက အမျှင်ဓာတ်နှင့်အာဟရဓာတ်ပါဝင်မှုတွေကိုပါ အကျိုးသက်ရောက်မှုရှိစေပါတယ်။ Sandy Loam နှင့် gravel loam မှာစိုက်ပျိုးတဲ့အပင်တွေဟာဆိုရင် တခြားမြေတွေမှာစိုက်တဲ့အပင်တွေထက်စာရင် အမျှင်ဓာတ်၊ အရောင်၊ ဆီပါဝင်မှုနည်းပါးပြီး ထုတ်လုပ်မှုကလည်း ပိုများတာကိုတွေ့ရပါတယ်။


အစိမ်းရောင် ခြံမှဖော်ပြပါသည်။

Address

Hpa An
Hpa-an

Website

Alerts

Be the first to know and let us send you an email when Inspire Plants House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category