HTS Design & Construction

HTS Design & Construction Our creations provide to yor Life

ရပ်ကွက် ၇/ လမ်း ၂၀ site ရဲ့ second floor  curing time လေးဖြစ်ပါတယ်ခင်ဗျာ 💪🏽
16/06/2026

ရပ်ကွက် ၇/ လမ်း ၂၀ site ရဲ့ second floor curing time လေးဖြစ်ပါတယ်ခင်ဗျာ 💪🏽

တောင်ကုန်းပေါ်မှာ ဆောက်မယ့်အိမ်တွေအတွက် ရာသီဥတုနဲ့ ပတ်ဝန်းကျင်ကို ကြည့်ပြီး ဘယ်လို ဒီဇိုင်းမျိုးတွေ ဖန်တီးလေ့ရှိလဲ?တောင်...
16/06/2026

တောင်ကုန်းပေါ်မှာ ဆောက်မယ့်အိမ်တွေအတွက် ရာသီဥတုနဲ့ ပတ်ဝန်းကျင်ကို ကြည့်ပြီး ဘယ်လို ဒီဇိုင်းမျိုးတွေ ဖန်တီးလေ့ရှိလဲ?

တောင်ကုန်း၊ တောင်စောင်းပေါ်မှာ အိမ်ဆောက်တာဟာ မြေပြန့်မှာ ဆောက်တာထက်စာရင် ပတ်ဝန်းကျင် ရှုခင်းအလှကို အပြည့်အဝ ခံစားရနိုင်တဲ့ အားသာချက် ရှိပါတယ်။ ဒါပေမဲ့ တောင်ပေါ်ဒေသရဲ့ ရာသီဥတုက လေပြင်းတိုက်ခတ်တာ၊ မိုးသည်းထန်တာ၊ မြေပြိုနိုင်ခြေရှိတာနဲ့ အပူအအေး ကွာခြားမှု ပြင်းထန်တာမျိုးတွေ ရှိတတ်လို့ ဒါကို သေချာမတွက်ချက်ရင် နေထိုင်ရတာ မလုံခြုံသလို စိတ်ဒုက္ခရောက်ရနိုင်ပါတယ်။

ဒါဆို ဘယ်လိုအိမ်ဒီဇိုင်းတွေ ဖန်တီးလေ့ရှိကြလဲ?

​✔ Stepped or Terraced Design (တောင်စောင်းအတိုင်း အဆင့်ဆင့် ပုံဖော်ခြင်း)

​တောင်ကုန်းပေါ်မှာ ဆောက်တဲ့အခါ မြေကြီးကို အတင်းအဓမ္မ လိုက်ညှိပြီး ဖြိုချပစ်တာမျိုးက မြေပြိုမှုကို ဖြစ်စေနိုင်လို့ အရမ်းအန္တရာယ်များပါတယ်။

​တောင်စောင်းရဲ့ သဘာဝအနိမ့်အမြင့်အတိုင်း အိမ်ကို အဆင့်ဆင့် (Terraced) ဒီဇိုင်းဆင်ကြပါတယ်။ အိမ်ရဲ့ ပထမထပ်၊ ဒုတိယထပ်တွေကို တောင်ကုန်းအတိုင်း လှေကားထစ်လိုမျိုး အဆင့်လိုက် တည်ဆောက်တာပါ။ ဒါက သဘာဝပတ်ဝန်းကျင်ကို ပျက်စီးမှု အနည်းဆုံးဖြစ်စေသလို အိမ်ရဲ့ အခန်းတိုင်းကနေ ရှုခင်းကို အကာအကွယ်မရှိ တညီတည်း မြင်တွေ့ရစေပါတယ်။

​✔ Stilt or Cantilever Construction (တိုင်ထောက် သို့မဟုတ် လေထဲငေါက်ထွက်သည့် စနစ်)

​တောင်စောင်းရဲ့ အဆင်းအတားအဆီးတွေကြားထဲမှာ မြေပြင်နဲ့ ထိတွေ့မှုကို လျှော့ချဖို့ သုံးတဲ့ စနစ် ဖြစ်ပါတယ်။

​အိမ်ရဲ့ ရှေ့ဘက်အပိုင်းကို သံမဏိ သို့မဟုတ် ကွန်ကရစ်တိုင် ခိုင်ခိုင်မာမာတွေနဲ့ ထောက်ပြီး အပြင်ကို ငေါက်ထွက်နေတဲ့ (Cantilever) ဒီဇိုင်းမျိုး ဖန်တီးကြပါတယ်။ ဒါက အိမ်ကို လေထဲမှာ ပျံနေသလိုမျိုး အရမ်းကို ခေတ်မီဆန်းသစ်ပြီး ခမ်းနားတဲ့ ပုံစံမျိုး ဖြစ်စေတဲ့အပြင် တောင်စောင်းအောက်ခြေက စီးဆင်းလာတဲ့ မိုးရေတွေကိုလည်း အိမ်အောက်ကနေ သဘာဝအတိုင်း အဟန့်အတားမရှိ စီးဆင်းသွားစေပါတယ်။

​✔ Aerodynamic Roofs & Wind Protection (လေဒဏ်ခံနိုင်မည့် အမိုးဒီဇိုင်း)

​တောင်ကုန်းပေါ်မှာ မြေပြန့်ထက် လေတိုက်နှုန်းက အဆမတန် ပြင်းထန်ပါတယ်။ အမိုးဒီဇိုင်း မတတ်ရင် လေတိုက်ပြီး လွင့်ပါသွားနိုင်ပါတယ်။

​လေဒဏ်ကို တိုက်ရိုက်မခံရဘဲ လေလမ်းကြောင်းကို ခွဲထွက်သွားစေမယ့် အမိုးအစောင်းဒီဇိုင်း (Shed Roofs သို့မဟုတ် Low-pitch Butterfly Roofs) မျိုးတွေကို သုံးကြပါတယ်။ ဒါ့အပြင် လေပြင်းဒဏ် တိုက်ရိုက်ကျရောက်မယ့် ဘက်မှာ Landscape အပင်တန်းကြီးတွေ ခံပြီး စိုက်ပျိုးတာ၊ ဒါမှမဟုတ် နံရံကို အကြမ်းခံကျောက်ပြားတွေနဲ့ ကာရံပြီး လေကာတံတိုင်း (Windbreaks) အဖြစ် ဒီဇိုင်းဆင်လေ့ ရှိကြပါတယ်။

​✔ Thermal Mass & Insulation (ရာသီဥတုဒဏ်ခံ အပူအအေး ထိန်းညှိခြင်း)

​တောင်ပေါ်ဒေသတွေက နေ့ဘက်မှာ နေရောင်ခြည် ပြင်းပြင်းရတတ်ပြီး ညဘက်မှာတော့ အပူချိန်က ရုတ်တရက် အလွန်အေးစိမ့်သွားတတ်ပါတယ်။

​နေ့ဘက်မှာ နေပူဒဏ်ကို စုပ်ယူထားပြီး ညဘက်အေးတဲ့အခါ အိမ်ထဲကို နွေးထွေးမှု ပြန်လည်ထုတ်ပေးနိုင်တဲ့ သဘာဝကျောက်တုံးကြီးတွေ၊ ကွန်ကရစ်ထူထူတွေကို နံရံဒီဇိုင်း (Thermal Mass) အဖြစ် သုံးကြပါတယ်။

ပြတင်းပေါက် မှန်တွေကိုလည်း အစောပိုင်းက ပြောခဲ့သလိုမျိုး အပူနဲ့ အအေးကို အပြင်မထွက်အောင် ထိန်းပေးမယ့် မှန်နှစ်ထပ်စနစ် (Double-glazed Windows) တွေကို မဖြစ်မနေ ထည့်သွင်း အသုံးပြုကြပါတယ်။

​✔ Panoramic Glass Walls (ရှုခင်းအလှကို ဖမ်းယူသည့် မှန်နံရံကြီးများ)

​တောင်ကုန်းပေါ်မှာ ဆောက်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က ရှုခင်းကြည့်ဖို့ဖြစ်လို့ အမြင်အာရုံ ပိတ်ဆို့မနေဖို့ လိုပါတယ်။

တောင်အောက်ကို လှမ်းမြင်ရမယ့် မျက်နှာစာဘက်မှာ အုတ်နံရံတွေအစား ကြမ်းပြင်ကနေ မျက်နှာကျက်အထိ မှန်အပြည့် (Floor-to-ceiling Glass Walls) တွေ သုံးပြီး ဗိသုကာဆွဲလေ့ ရှိကြပါတယ်။ အိမ်ထဲက ဘယ်နေရာကပဲ ကြည့်ကြည့် တောင်တန်းတွေ၊ မြူခိုးတွေကို ပန်းချီကားတစ်ချပ်လို အမြဲမြင်နေရအောင် ပတ်ဝန်းကျင်နဲ့ အိမ်တွင်းပိုင်းကို တစ်သားတည်း ဖြစ်အောင် ပေါင်းစပ်ပေးလိုက်တဲ့ ဒီဇိုင်းမျိုး ဖြစ်ပါတယ်။

တောင်ကုန်းပေါ်မှာ ဆောက်တဲ့အိမ်တွေဟာ သဘာဝတရားကို အန်တုဆောက်ရတာဖြစ်လို့ ရိုးရိုးရှင်းရှင်း ဆောက်လို့မရပါဘူး။ သဘာဝတောင်စောင်းရဲ့ အလှကိုလည်း မဖျက်ဆီးဘဲ ဘေးကင်းလုံုံခြုံပြီး ရာသီဥတုဒဏ်ကိုပါ ကြံ့ကြံ့ခံနိုင်မယ့် ဗိသုကာအတတ်ပညာတွေနဲ့ စနစ်တကျ ပေါင်းစပ်ပုံဖော်ထားတဲ့ ဇိမ်ခံအနားယူစရာ (Vacation Sanctuary) အိမ်ကြီးတွေပဲ ဖြစ်ပါတယ်…

Crd

Site တွေကို labour ဘယ်လို ဆင်းပေးလဲဆိုတာ တစ်ချက်ကြည့်လိုက်ပါခင်ဗျာ… 🤝💪🏽
12/06/2026

Site တွေကို labour ဘယ်လို ဆင်းပေးလဲဆိုတာ တစ်ချက်ကြည့်လိုက်ပါခင်ဗျာ… 🤝💪🏽

04/06/2026

အရည်အသွေးကောင်းမွန်သောပစ္စည်းများနှင့် နည်းစနစ်မှန်ကန်စွာ ဆောက်လုပ်ပေးနေသောကြောင့် အိမ်ဆောက်ဖို့စိတ်ကူးရှိထားသည့် အိမ်ရှင်များအနေဖြင့် ကျွန်တော်တို့ HTS Design &Construction ကို အမြန်ဆုံးလာရောက်ဆွေးနွေးကြည့်လို့ရပါပြီခင်ဗျာ….🤝

လူကြီးမင်းတို့၏
🏠 အိမ်ဆောက်လုပ်ရေး
🏢 အဆောက်အဦးဒီဇိုင်း
🧱 Construction လုပ်ငန်းများကို

**HTS Design & Construction မှ အလှပဆုံးနဲ့ စနစ်အကျဆုံး ဖန်တီးပေးပါရစေခင်ဗျာ …🙏🙏🙏

Phone -09982211898/09678951763/09403144852
Address- ရပ်ကွက်(၁) / နယ်မြေ(၇) / လဝကကုန်းဆင်း/ ထင်းရှူးမြိုက်လမ်း / လားရှိုးမြို့ ။

ရက (၇) / လမ်းသွယ် ၂၀ က အဆောက်အဦးလေး မြေညီထပ်အုပ်စီ ပထမထပ် ပြင်ဆင်နေတဲ့ လုပ်ငန်းစဉ်လေးပါခင်ဗျာ …အရည်အသွေးကောင်းမွန်သောပစ္...
04/06/2026

ရက (၇) / လမ်းသွယ် ၂၀ က အဆောက်အဦးလေး
မြေညီထပ်အုပ်စီ ပထမထပ် ပြင်ဆင်နေတဲ့ လုပ်ငန်းစဉ်လေးပါခင်ဗျာ …

အရည်အသွေးကောင်းမွန်သောပစ္စည်းများနှင့် နည်းစနစ်မှန်ကန်စွာ ဆောက်လုပ်ပေးနေသောကြောင့် အိမ်ဆောက်ဖို့စိတ်ကူးရှိထားသည့် အိမ်ရှင်များအနေဖြင့် ကျွန်တော်တို့ HTS Design &Construction ကို အမြန်ဆုံးလာရောက်ဆွေးနွေးကြည့်လို့ရပါပြီခင်ဗျာ….🤝

လူကြီးမင်းတို့၏
🏠 အိမ်ဆောက်လုပ်ရေး
🏢 အဆောက်အဦးဒီဇိုင်း
🧱 Construction လုပ်ငန်းများကို

**HTS Design & Construction မှ အလှပဆုံးနဲ့ စနစ်အကျဆုံး ဖန်တီးပေးပါရစေခင်ဗျာ …🙏🙏🙏

Phone -09982211898/09678951763/09403144852
Address- ရပ်ကွက်(၁) / နယ်မြေ(၇) / လဝကကုန်းဆင်း/ ထင်းရှူးမြိုက်လမ်း / လားရှိုးမြို့ ။

အိမ်တစ်လုံးကို ဆောက်တယ်ဆိုတာ သစ်သားနဲ့ အုတ်၊ သဲ၊ ကျောက်တွေတင်မကပါဘူး... အဲဒီအိမ်မှာ ရှင်သန်မယ့် ပတ်ဝန်းကျင်ကောင်းကိုပါ တ...
18/05/2026

အိမ်တစ်လုံးကို ဆောက်တယ်ဆိုတာ သစ်သားနဲ့ အုတ်၊ သဲ၊ ကျောက်တွေတင်မကပါဘူး... အဲဒီအိမ်မှာ ရှင်သန်မယ့် ပတ်ဝန်းကျင်ကောင်းကိုပါ တစ်ပါတည်း ဖန်တီးပေးရတာပါခင်ဗျာ…

အိမ်ဆောက်တဲ့အဆင့်ကတည်းက Landscape (ဉယျာဉ်ခြံမြေအလှဆင်ခြင်း) ကို စနစ်တကျ ထည့်သွင်းစဉ်းစားတာက မြင်ကွင်းကို ပိုပြီးသက်ဝင်လှပစေရုံတင်မကဘဲ အိမ်ရဲ့တန်ဖိုးနဲ့ နေထိုင်သူတွေရဲ့ စိတ်ကျန်းမာရေးကိုပါ ရေရှည်မြှင့်တင်ပေးနိုင်တဲ့ 'Better Vision' (ပိုကောင်းတဲ့ အမျှော်အမြင်) ပဲ ဖြစ်ပါတယ်။ အုတ်တံတိုင်းတွေကြားမှာ အစိမ်းရောင် သဘာဝတရားလေးတွေ ပေါင်းစပ်လိုက်တဲ့အခါ...

 ဲ့ အပတ်စဉ်ကုသိုလ် …သူတို့မှာ စကားမပြောတတ်တဲ့ နှလုံးသားလေးတွေပဲ ရှိတာ.….ဒါပေမဲ့ ကိုယ်ပေးလိုက်တဲ့ မေတ္တာနဲ့ အစားအစာတစ်လုပ...
18/05/2026

ဲ့ အပတ်စဉ်ကုသိုလ် …

သူတို့မှာ စကားမပြောတတ်တဲ့ နှလုံးသားလေးတွေပဲ ရှိတာ.….ဒါပေမဲ့ ကိုယ်ပေးလိုက်တဲ့ မေတ္တာနဲ့ အစားအစာတစ်လုပ်အတွက် သူတို့မျက်ဝန်းတွေက ကျေးဇူးတင်ကြောင်း အပြည့်အဝ ဖော်ပြနေတတ်ကြတယ်…လူ့လောကကြီးမှာ ကိုယ်ချင်းစာတရားနဲ့ မေတ္တာတရားထက် ပိုပြီး လှပတာ ဘာမှမရှိပါဘူး…..
ဒီနေ့တော့ ဒီအကောင်ပေါက်လေးတွေရဲ့
ဗိုက်လေးတွေ ပြည့်စေခဲ့ပြီ။ 🐾❤️ ✨

ရွှေတောင်ကြား site ရဲ့ Brickwork Condition !!!
18/05/2026

ရွှေတောင်ကြား site ရဲ့ Brickwork Condition !!!

15/05/2026

လားရှိုးမြို့ / ရက (၇) / ခိုင်ရွှေဝါ site လေးရဲ့ Foundation Processes တွေကို တင်ပြထားပါသည်ခင်ဗျာ 🤝🤝🤝

လားရှိုးမြို့ ရက (၇) / ရွှေညောင်ပင် site လေးကို ကျွန်တော်တို့ HTS Design & Construction မှ ဂုဏ်ယူစွာဖြင့်တာဝန်ယူဆောက်လုပ...
15/05/2026

လားရှိုးမြို့ ရက (၇) / ရွှေညောင်ပင် site လေးကို ကျွန်တော်တို့ HTS Design & Construction မှ ဂုဏ်ယူစွာဖြင့်တာဝန်ယူဆောက်လုပ်ပေးထားပါသည်ခင်ဗျာ…

(38’x40’) - 2 Storey RC အဆောက်အဦးလေးကို
အပြီးအစီးလူတတ်နေရုံ ပုံပါအတိုင်း ၄၀၀၀ သိန်းဖြင့်
တာဝန်ယူဆောက်လုပ်ပေးထားပါသည်ခင်ဗျာ…

ကျွန်တော်တို့ HTS Design & Construction မှ တာဝန်ယူဆောက်လုပ်ထားတဲ့ အဆောက်အဦးတိုင်းကိုတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ အိမ်ရှင်တွေစိတ်တိုင်းကျပုံဖော်ပေးတာဖြစ်လို့ ယုံကြည်စိတ်ချစွာအပ်နှံနိုင်ပါပြီခင်ဗျာ🤝🤝
🤝

အိမ်ဆောက်ဖို့လိုတဲ့ client များအတွက်လဲကျွမ်းကျင်အင်ဂျင်နီယာများနဲ့ အခမဲ့တိုင်ပင်ဆွေးနွေးပေးသောကြောင့် လာရောက်စုံစမ်းဖို့ ဖိတ်ခေါ်အပ်ပါသည်ခင်ဗျာ …🙏

🏠 အိမ်ဆောက်လုပ်ရေး
🏢 အဆောက်အဦးဒီဇိုင်း
🧱 Construction လုပ်ငန်းများကို

**HTS Design & Construction မှ အလှပဆုံးနဲ့ စနစ်အကျဆုံး ဖန်တီးပေးပါရစေခင်ဗျာ …🙏🙏🙏

Phone -09982211898/09678951763/09403144852
Address- ရပ်ကွက်(၁) / နယ်မြေ(၇) / လဝကကုန်းဆင်း/ ထင်းရှူးမြိုက်လမ်း / လားရှိုးမြို့ ။

Address

Swe Taw Street
Lashio
06302

Telephone

+959982211898

Website

Alerts

Be the first to know and let us send you an email when HTS Design & Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share