𝙈𝙤𝙧𝙣𝙞𝙣𝙜 𝙁𝙡𝙤𝙬𝙚𝙧𝙨 𝙈𝘿𝙔 - ပန်းပင်မျိုးစုံရောင်းဝယ်ရေး

  • Home
  • Myanmar
  • Mandalay
  • 𝙈𝙤𝙧𝙣𝙞𝙣𝙜 𝙁𝙡𝙤𝙬𝙚𝙧𝙨 𝙈𝘿𝙔 - ပန်းပင်မျိုးစုံရောင်းဝယ်ရေး

𝙈𝙤𝙧𝙣𝙞𝙣𝙜  𝙁𝙡𝙤𝙬𝙚𝙧𝙨  𝙈𝘿𝙔 - ပန်းပင်မျိုးစုံရောင်းဝယ်ရေး မျိုးစေ့ /အလှပန်းမျိုးစုံနှင့်ပန်း?

Clayballမြေလုံးလေးတွေရပါပီရှင့်💁‍♀️Clay Ball ဆိုတာလေးက 💁‍♀️အမြစ်ထွက်မြန်/အတက်ထွက်မြန် တဲ့လက်ဖက်အမိုင်နိုဆေးရည်စိမ်ထားတဲ့...
01/09/2024

Clayballမြေလုံးလေးတွေရပါပီရှင့်💁‍♀️

Clay Ball ဆိုတာလေးက 💁‍♀️
အမြစ်ထွက်မြန်/အတက်ထွက်မြန် တဲ့လက်ဖက်အမိုင်နိုဆေးရည်စိမ်ထားတဲ့
မြေလုံးလေးပါနော် 💕💕💁‍♀️

၁ ပိဿာ ၄၅၀၀ ကျပ် ပါရှင်

𝙈𝙤𝙧𝙣𝙞𝙣𝙜 𝙁𝙡𝙤𝙬𝙚𝙧𝙨 𝙈𝘿𝙔
☎️𝟎𝟗𝟒𝟒𝟒𝟏𝟑𝟗𝟗𝟏𝟑
𝟎𝟗𝟕𝟔𝟓𝟗𝟎𝟓𝟒𝟓𝟒

🏡𝘼𝘿𝙍𝙀𝙎𝙎 𝟒𝟔*𝟒𝟕ကြား 𝟏𝟏𝟒𝘿လမ်း/𝙈𝙖𝙣𝙙𝙖𝙡𝙖𝙮

✅📦မန္တလေး အိမ်ရောက်ငွေချေ Delivery ရှိပါတယ်ရှင့် ပို့ခ ၁၅၀၀/၂၀၀၀/၂၅၀၀ပါရှင့်
✅တခြားမြို့များ ကားဂိတ်မှတဆင့်ပို့ဆောင်ပေးပါတယ်ရှင့်

 #ဆားခါး ပန်းများပွင့်စေ ဆားခါးဖျော်ရည်🌺🍂 ******************************ဆားခါးမှာ အပင်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ ဒြပ်စ...
28/08/2024

#ဆားခါး
ပန်းများပွင့်စေ ဆားခါးဖျော်ရည်🌺🍂
******************************
ဆားခါးမှာ အပင်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ ဒြပ်စင်နှစ်မျိုး ဖြစ်တဲ့ မဂ္ဂနီဆီယမ် နှင့် ဆာလ်ဖာ လို့ခေါ် တဲ့ကန့်ဓာတ်တို့ ပါဝင်နေလို့ပါ။ အပင်တွေအစာချက်လုပ်ဖို့အတွက် အဓိကလိုအပ်တဲ့ အစိမ်းရောင်ချယ်ကလိုရိုဖီးလ် ရဲ့အဓိကဓါတ်ဟာ မဂ္ဂနီဆီယမ်ပါ။ အပင်များစိမ်းစိုနေစေဖို့ မဂ္ဂနီဆီယမ်မြေသြဇာကို အသုံးပြုပေး နိုင်ပါတယ်။ ဒါမှသာ အစာချက်လုပ်ဖို့အတွက် အရွက်တွေဟာ စိမ်းစိုနေမှာဖြစ်ပြီး အပင်ကြီးထွားမှုအတွက် အထောက်အကူပြုစေ မှာဖြစ်ပါတယ်။

🔸ဆားခါး သို့မဟုတ် မဂ္ဂနီဆီယမ် ဆာလ်ဖိတ်သည် စိုက်ပျိုးပင်များကို ပိုစိမ်းအောင်နှင့် ပန်းပွင့်စေတတ်သောအစွမ်းရှိသည်။
🔸ရေ တစ်ဂါလံတွင် လက်ဖက်စားဇွန်း ၃ ဇွန်း မှ ၅ ဇွန်းဖျော်စပ်ပြီး အရွက်စား ဟင်းသီးဟင်းရွက်တွေကို ဖျန်းပေးနိုင်ပါသည်။
🔸နှင်းဆီ နှင့် ခရမ်းချဉ် ပင်တွေလို အပွင့် အသီးအတွက်ကတော့ ဆားခါး လက်ဖက်စားဇွန်း တစ်ဇွန်းကို လက်စ်ဆုပ်စာ မြေနှင့်လုံး၍ လည်းထည့်ပေးနိုင်ပါတယ်။
🔸ဆားခါးကို အလွန်အကျွံသုံးစွဲမိတယ်ဆိုတာမျိုး မဖြစ်နိုင်သလောက် ဆားခါးဟာ မျှတတဲ့ pH ရှိတာကြောင့် မြေဆီလွှာကို မထိခိုက်စေနိုင်ပါ။ နှင်းဆီ၊သစ်ခွပန်းမန်ပန်းပွင့်တဲ့အချိန်မှာ အရွက်မျက်နှာပြင်တွေမှာ အဝါရောင်အစက်အပြောက်လေးတွေ ဆိုးဆိုးဝါးဝါးဖြစ်နေတာကို တွေ့ဖူးမှာပါ။ဒါက အပင်မှာ မဂ္ဂနီဆီယမ်ချို့တဲ့တဲ့ လက္ခဏာဖြစ်ပါတယ်။ ဒီလိုပြဿာနာတွေကိုလည်း ဆားခါးအသုံးပြုပြီး ဖြေရှင်းနိုင်မှာဖြစ်ပါတယ်

#နှင်းဆီပင် သုံးရင် အရောင်အရွယ်အစားကောင်းပြီးပိုးကျသက်သာပြီးပွင့်အားကောင်းပါတယ်
ပင်ခြေ၁ပေပတ်လည်ခန့်မှာ့လက်ဖက်စား1ဇွန်းကို နှစ်ပတ်1ကြိမ်(တစ်လ၂ကြိမ်) အုံပြီးတာနဲ့ရေလောင်းပါ

#သစ်ခွပင် ရွက်ဖြန်း‌မြေသြဇာအဖြစ်သစ်ခွတွင်သုံးရင် အပွင့်လှီမသွားဘူး ပန်းပွင့်အရောင်သိသိသာသာလှပါတယ်
ရေတစ်ဂါလံကို လက်ဖက်စားဇွန်းတစ်ဇွန်းထည့်ပြီး sprayဘူးနဲ့ဖျန်းပေးပါ 1လ2ကြိမ်ခန့်ဆိုရပါတယ်
(သစ်ခွအပင်ပေါက်ကတော့ မသုံးပါနဲ့ )
အပွင့်ကျပြီးသစ်ခွပင်တွေကိုသုံးပေးရင်အဆင်ပြေပါတယ်

#မြေစိုက်အလှပန်းပင် သုံးရင် လှပကျန်းမာတဲ့အပွင့်အရွက်များရပါတယ်
ရေ၁ဂါလံလက်ဖက်စား၂ဇွန်းဖျော်ပြီးတစ်ပင်လုံးကိုရေပန်းကရားနဲ့လောင်းပါ
(ညနေ 4နာရီနောက်ပိုင်း)

#သီးပင်စားပင် သုံးရင်အထွတ်နှုန်း/အရည်အသွေးကောင်းပါတယ်
၉စတုရန်းပေအတွက်ဆားခါးလက်ဖက်စားဇွန်း1ဇွန်းစာဖျော်ပြီး 4ပတ်1ကြိမ်
(အပင်ငယ်ပျိုးပင်များအတွက် ရေ၁ဂါလံ လက်ဖက်စား၁ဇွန်းဖျော်ပြီးဖျန်းပါ)

ဆားခါးသုံးပေးခြင်းဖြင့်
💠အပင်မျိုးစေ့အညှောင့်ပေါက်အားကောင်းခြင်း။
💠အစာအာဟာရပိုမိုစုပ်ယူအားကောင်‌ေစခြင်း။
💠အပင်ခုခံအားကောင်းကာအရွက်အတွင်းရှိဆဲလ်များ‌တောင့်တင်းခိုင်မာကာ။
💠ပျိုးပင်ရွှေ့ပြောင်းခြင်းကြောင့်ဖြစ်သောဒဏ်မှအမြန်သက်သာစေခြင်း။
💠ပန်းပွင့်အားကောင်းခြင်း။
💠အသီးတင်မှုအားကောင်းခြင်း။
💠မြေပေါ်ပတ်ဖြန်းခြင်းဖြင့်ပတ်ကျိခရုများကျရောက်မှုသက်သာခြင်း။
💠မြေဆီလွှာပျက်စီးမှုကိုကာကွယ်ပေးပါတယ်။
💠ရွက်ဖြန်းမြေဩဇာအဖြစ်ပန်းမာန်၊သစ်ခွများတွင်လည်းအသုံးပြုလို့ရပါတယ်။
💠ဆားခါးဟာအဓိကမြေမှာအသုံးပြုရတယ်ဆိုမှမှန်ကန်ပါတယ်၊ မြေကမဂ္ဂနီဆီယမ်ချို့တဲ့မှ ‌ဆားခါးသုံးသော်ပိုမိုဖြစ်ထွန်းလာမှာဖြစ်ပါတယ်။

ဒေါက်တာစိန်လှဗိုလ်၊ဦးဖရက်သိန်းဖေ စိုက်ပျိုးရေးဆောင်းပါး၊ဂျာနယ်မှ ပြန်လည်ရေးသားကူးယူမျှဝေသည်။

၁ပိသာ အထုပ်ကြီး တထုပ် ၃၀၀၀ပါရှင့်page cb or ☎️ 𝟎𝟗𝟒𝟑𝟏𝟒𝟓𝟗𝟗𝟒သို့ဆက်သွယ်မှာယူနိုင်ပါပီရှင့်

28/08/2024
ဆားခါ ၁ပိသာ  ၃၀၀၀ ပါရှင့်𝙈𝙤𝙧𝙣𝙞𝙣𝙜  𝙁𝙡𝙤𝙬𝙚𝙧𝙨  𝙈𝘿𝙔 ☎️𝟎𝟗𝟒𝟑𝟏𝟒𝟓𝟗𝟗𝟒🏡𝘼𝘿𝙍𝙀𝙎𝙎 𝟒𝟔*𝟒𝟕ကြား 𝟏𝟏𝟒𝘿လမ်း/𝙈𝙖𝙣𝙙𝙖𝙡𝙖𝙮✅📦မန္တလေး အိမ်ရောက်ငွေချေ ...
28/08/2024

ဆားခါ ၁ပိသာ ၃၀၀၀ ပါရှင့်

𝙈𝙤𝙧𝙣𝙞𝙣𝙜 𝙁𝙡𝙤𝙬𝙚𝙧𝙨 𝙈𝘿𝙔
☎️𝟎𝟗𝟒𝟑𝟏𝟒𝟓𝟗𝟗𝟒

🏡𝘼𝘿𝙍𝙀𝙎𝙎 𝟒𝟔*𝟒𝟕ကြား 𝟏𝟏𝟒𝘿လမ်း/𝙈𝙖𝙣𝙙𝙖𝙡𝙖𝙮

✅📦မန္တလေး အိမ်ရောက်ငွေချေ Delivery ရှိပါတယ်ရှင့် ပို့ခ ၁၅၀၀/၂၀၀၀/၂၅၀၀ပါရှင့်
✅တခြားမြို့များ ကားဂိတ်မှတဆင့်ပို့ဆောင်ပေးပါတယ်ရှင့်

ပန်းပင်လေးတွေအတွက် အားဆေးလေးတွေ ရပါပီရှင့် ချစ်တို့ရေ😘𝙈𝙤𝙧𝙣𝙞𝙣𝙜  𝙁𝙡𝙤𝙬𝙚𝙧𝙨  𝙈𝘿𝙔 ☎️𝟎𝟗𝟒𝟑𝟏𝟒𝟓𝟗𝟗𝟒🏡𝘼𝘿𝙍𝙀𝙎𝙎 𝟒𝟔*𝟒𝟕ကြား 𝟏𝟏𝟒𝘿လမ်း/𝙈𝙖𝙣𝙙𝙖...
28/08/2024

ပန်းပင်လေးတွေအတွက် အားဆေးလေးတွေ ရပါပီရှင့် ချစ်တို့ရေ😘

𝙈𝙤𝙧𝙣𝙞𝙣𝙜 𝙁𝙡𝙤𝙬𝙚𝙧𝙨 𝙈𝘿𝙔
☎️𝟎𝟗𝟒𝟑𝟏𝟒𝟓𝟗𝟗𝟒

🏡𝘼𝘿𝙍𝙀𝙎𝙎 𝟒𝟔*𝟒𝟕ကြား 𝟏𝟏𝟒𝘿လမ်း/𝙈𝙖𝙣𝙙𝙖𝙡𝙖𝙮

✅📦မန္တလေး အိမ်ရောက်ငွေချေ Delivery ရှိပါတယ်ရှင့် ပို့ခ ၁၅၀၀/၂၀၀၀/၂၅၀၀ပါရှင့်
✅တခြားမြို့များ ကားဂိတ်မှတဆင့်ပို့ဆောင်ပေးပါတယ်ရှင့်

သံပုရာသီး အသုံး၀င်ပုံ (၁၀) ချက်၁။ ခံတွင်း ကျန်းမာရေးသံပုရာသီးဟာ သွားကို ဖြူစေ ပါတယ်။ သံပုရာသီး အခွံကိုဆား (တကော်စာ)နဲ့ ရ...
27/08/2024

သံပုရာသီး အသုံး၀င်ပုံ (၁၀) ချက်

၁။ ခံတွင်း ကျန်းမာရေး

သံပုရာသီးဟာ သွားကို ဖြူစေ ပါတယ်။ သံပုရာသီး အခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေ ရုံတင် မကဘူး။ တောက်ပ စေပါတယ်။ ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေ ပါတယ်။ သွားကိုက် နေရင်လည်း သံပုရာရည်နဲ့ ပလုတ်ကျင်း ပေးပါ။

၂။ နှုတ်ခမ်းကွဲခြင်း

မျက်နှာ လိမ်းခရင်မ် တစ်ဇွန်း (လက်ဖက်ရည် သောက်ဇွန်း)နဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို ရောစပ်ပြီး လိမ်းပေးပါ။ တစ်ပတ်လောက် လိမ်းရုံနဲ့ သိသာ ထင်ရှား ပျောက်ကင်း သွားပါ လိမ့်မယ်။

၃။ ဆံပင်ကျွတ်ခြင်း

အုန်းရည် လေးဇွန်း (စားပွဲတစ်ဇွန်း)နဲ့ သံပရာရည်တို့ ရောစပ်ပြီး တစ်ပတ်တစ်ခါလောက် လိမ်းပေးရင် ဆံပင်ကျွတ်တာ ပျောက်ကင်း စေပါတယ်။

၄။ ဦးရေပြား ယားယံခြင်းနှင့် ဒဏ်ပျောက်ဖို့အတွက်

ကြက်ဥ အကာရည်နှင့် သံပရာရည် (သံပုရာသီး တစ်လုံးစာ) တို့ရောပြီး ဆံနွယ် အမြစ်ကနေ လိမ်းပေးပါ။ တစ်နာရီခန့်ကြာမှ ရေနဲ့ ပြန်ပြီး ဆေးကြော ပေးပါ။ တစ်လလောက် လုပ်ပေး ရုံနဲ့တင် ဦးရေပြား သန့်ရှင်းပြီး ဗောက်၊ ဒက်တို့ ကင်းစင် သွားပါ လိမ့်မယ်။

၅။ အသားအရေ ခြောက်သွေ့ခြင်းအတွက်

ငှက်ပျောသီးမှည့် တစ်လုံးကို ယူပြီး ချေပေးပါ။ ပြီးရင်တော့ လတ်လတ် ဆတ်ဆတ် သံပုရာရည် တစ်စက် နှစ်စက်နဲ့ ချေထားတဲ့ ငှက်ပျောသီး တို့ကို ရောစပ်ပေးပါ။ ပြီးရင်တော့ မျက်နှာနဲ့ လက်ကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ အသားအရေကို ချောမွေ့ သန့်ရှင်း စေပါတယ်။ နောက်တစ်နည်း ကတော့ ပျားရည်တစ်ဇွန်း (လက်ဖက်ရည်ဇွန်း)ကို ဟင်းသီး ဟင်းရွက် ဆီနဲ့ ရောပေးပါ။ ပြီးရင် သံပုရာရည် တစ်စက် လောက်နဲ့ ထပ်ရောပြီး လက်တွေ၊ တံတောင်ဆစ် တွေ၊ ခြေဖနောင့်တွေနဲ့ ကြမ်းထော် နေတဲ့ နေရာတွေကို လိမ်းပေးပါ။ လိမ်းပြီးရင် ဆယ်မိ နစ်လောက် စောင့်ပေးပါ။ သံပုရာသီးဟာ အရေပြား အလှအပ အတွက် အကောင်းဆုံး ပေးစွမ်း စေနိုင်တဲ့ သစ်သီးပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဝက်ခြံနဲ့ ယားနာတွေကို ပျောက်ကင်း စေတဲ့ သတ္တိ ရှိပါတယ်။ မှဲ့ခြောက် တွေကိုလည်း ပျောက်ကင်း စေပါတယ်။ သံပုရာရည်နဲ့သာ လိမ်းပေးရမှာ ဖြစ်ပါတယ်။

၆။ အဆီပြန်တဲ့ အသားအရေ ပိုင်ရှင်များအတွက်

သံပုရာရည် နှစ်ဇွန်း (လက်ဖက်ရည်ဇွန်း)၊ နနွင်းမှုန့် ဇွန်းဝက်ခန့် (လက်ဖက် ရည်ဇွန်း) တို့ကိုယူပါ။ သင်္ဘောသီးစိတ်ကို ချေပြီး ပျော့ဖတ် သဖွယ် ရအောင် လုပ်ပါ။ ယင်းသင်္ဘောသီး ရည်ကို သုံးဇွန်းခန့် ယူပါ။ အားလုံးကို ရောစပ်ပြီး မျက်လုံးကလွဲရင် မျက်နှာတစ်ပြင်လုံးကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ လိမ်းပြီး မိနစ် ၂၀ ခန့်ကြာအောင် စောင့်ပေးပါ။ ပြီးမှ ရေနဲ့ စ်ဖန် ပြန်ဆေးကြော ပေးပါ။

၇။ တံတောင်ဆစ် မည်းခြင်းအတွက်

သံပရာသီးအခွံနဲ့ ပွတ်ပေးပါ။ ပြီးရင်ရေနဲ့ ဆေးပေးပါ။ နည်းနည်းတော့ ကြာပေမယ့် အရေပြားကို သန့်စင်သွားပြီး တောက်ပြောင်ဝင်း လက်လာ ပါလိမ့်မယ်။ တချို့ အသားအရေ တွေဟာ မှောင်မှောင် မှိုင်းမှိုင်းနဲ့ ခြောက်ခြောက် သွေ့သွေ့ ဖြစ်နေ တတ်ပါတယ်။ အရောင်အဝါ လင်းလက် ချင်တယ် ဆိုရင်တော့ လတ်လတ် ဆတ်ဆတ် သံပုရာသီး တစ်လုံးရဲ့ အရည်နဲ့ မျက်နှာမကျန် ခန္ဓာကိုယ် အနှံ့ အိပ်ရာမဝင်ခင် ပွတ်လိမ်းပေးပါ။ မနက်ကျမှ ရေချိုးပေးပါ။ အရေပြားကို တောက်ပြောင် ရွှန်းလဲ့စေပြီး နူးညံ့စေပါတယ်။ အိပ်ရတာ စေးထန်း ထန်းနဲ့ မအိပ်ချင်ဘူး ဆိုရင်တော့ ရေချိုးတဲ့အခါမှာ ချိုးမယ့်ရေထဲ သံပုရာရည် တစ်ခွက် တစ်ဝက်ခန့် ထည့်ပြီး အဲဒီ့ရေနဲ့ စိမ်ချိုးပေးပါ။

၈။ လက်သည်းဆေးစွန်းတာ ဖျောက်ချင်ရင်

သံပုရာသီးစိတ် (သို့) သံပရာရည်ကို ရေထဲရောပြီး လက်ကို စိမ်ပေးပါ။ လက်သည်းမှာ ပေနေတဲ့ အစွန်းအထင်း တွေကို ချက်ခြင်းချေ ချွတ်ပေးသွား ပါလိမ့်မယ်။ ပြီးသွားရင် လက်သည်းကို ပြန်ဆိုးမယ် ဆိုရင်လည်း ပိုပြီး တောက်ပြောင် လာပါ လိမ့်မယ်။သံပုရာရည်ထဲ လက်သည်း ခြေသည်းကို ဆယ်မိနစ်ခန့် စိမ်ပေးပါ။ ပြီးလို့ရှိရင် ဘရက်ရ်ှနဲ့ လက်သည်း၊ ခြေသည်းကို ပြန်ပွတ်တိုက် ပေးပါ။ ပြီးမှ ရေနွေး နွေးနဲ့ ဆေးကြော ပေးပါ။ ဒီနည်းဟာ လက်သည်းကို သန်စွမ်းစေပြီး တောက်ပြောင် စေပါတယ်။ ဖြစ်နိုင်ရင် ဗင်နီဂါဖြူ ဇွန်းဝက်ခန့်နဲ့ ရေနွေးတစ်ဝက်တို့ ရောပြီး ဘရက်ရ်ှနဲ့ တိုက်ပေးရင် ပိုကောင်း ပါတယ်။

၉။ ခြေထောက်

သံပုရာရည် တစ်ခွက်စာ (ကော်ဖီခွက် တစ်ခွက်စာ)၊ သစ်ဂျပိုး(အနံ့အတွက်)၊ သံလွင်ဆီ နှစ်ဇွန်း (စားပွဲတင်ဇွန်း)၊ နွားနို့လေးပုံတစ်ပုံ (ခွက်တစ်ခွက်)၊ ရေသန့် (ရေကို သင့်တော်သလို ထည့်နိုင် ပါတယ်၊ အနည်း၊ အများ အရေး မကြီးပါ)တို့ ရောစပ်ပေးပါ။ တကယ်လို့ သစ်ဂျပိုး မသုံးချင်ဘူး ဆိုရင် တခြားအနံ့ ပစ္စည်းတို့ သုံးနိုင်ပါတယ်။ နှင်းဆီပွင့်ချပ် တို့ဖြင့်လည်း အစားထိုး အသုံးပြု နိုင်ပါတယ်။ အားလုံးရော စပ်ပြီးရင်တော့ အဲဒီ့အရည်ကို ခြေထောက်စိမ် ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားမှ ရေနဲ့ ဆပ်ပြာ (Mild) နဲ့ သေချာဆေးကြောသန့်စင်ပေးပါ။ တစ်ပတ်လောက် လုပ်ကြည့် လိုက်တာနဲ့ ခြေထောက် အသားအရေဟာ သိသိသာသာ ချောမွေ့ လာပါ လိမ့်မယ်။

၁၀။ နွေအပူမှာ ချွေးဆုနေခြင်းအတွက် အကောင်းဆုံးသစ်သီး

 #အပင်များရှင်သန်လှပ_ဖူးပွင့်စေသောနည်းလမ်းများ #ဆန်ဆေးရည်ဆန်ဆေးရည်တွင် ဘက်တီးရီးယားများကိုရှင်သန်ပေါက်ဖွားစေနိုင်သော လက်...
21/08/2024

#အပင်များရှင်သန်လှပ_ဖူးပွင့်စေသောနည်းလမ်းများ

#ဆန်ဆေးရည်
ဆန်ဆေးရည်တွင် ဘက်တီးရီးယားများကိုရှင်သန်ပေါက်ဖွားစေနိုင်သော လက်တစ်အက်ဆစ်ပါဝင်သည့်အတွက် အပင်များကို လောင်းပေးခြင်းဖြင့် အပင်သန်ခြင်းအပွင့်ပွင့်ခြင်း ဖြစ်ပေါ်စေပါသည်။


#ကြက်ဥခွံ

နေလှန်းပြီးခြောက်သွေ့လာသော ဥခွံများကို အမှုန်ဖြစ်အောင် ထောင်းခြင်း၊ကြိတ်ခြင်းဖြင် အပင်ခြေရင်းတွင်ပုံပေးနိုင်ပါသည်။Calciumပမာဏများများပါဝင်ခြင်းက အပွင့်ပွင့်စေရန်အထောက်အကူဖြစ်စေပါသည်။

#ကြက်သွန်နီအခွံ
ကြက်သွန်နီအခွံများကို ရေနှင့် 3ရက်ခန့်စိမ်ပြီးအရည်ကို အပင်လောင်းပေးပါက အအပင်အတွက်လိုအပ်သောအဟာရများစွာရရှိစေပါသည်။

#ငှက်ပျောခွံ
ငှက်ပျောခွံရေစိမ်ပြီး ရလာသောအရည်ကိုလောင်းတာဖြစ်ဖြစ် ၊ အခြောက်လှမ်းပြီးရလာသောအခွံများကို အမှုန့်ဖြစ်အောင်လုပ်ပြီးဖြစ်ဖြစ်အပင်များကို ကျွေးနိူင်ပါသည်။အပင်အပွင့်အမြစ်ပါအကုန်အားရှိစေပြီး ရောဂါခံနိုင်ရည်လည်းမြင့်တက်စေပါသည်။(Potassium+Phosphorus+Nitrogen+Magbesium+Potash)

#နွားနို့
နွားနို့တွင် အပွင့်အားကောင်းစေသော Clacium ပါသည့်အတွက် ရေနှင့်ရောပြီး အပင်လောင်းနိုင်ပါသည်။နွားနို့ အချဉ်ပေါက်လာသောအကျိုးပြုများကလည်း အပင်ကို ရောဂါကာကွယ်ရာတွင် ကူညီပေးနိူင်ပါသည်။

#သကြား
သကြားတစ်ဇွန်း ရေတစ်ခွက် ကိုရောပြီး ရလာသောသကြားရည်ကို အပင်ကိုလောင်းပေးခြင်းဖြင့် အပင် အထူးသဖြင့် အပွင့်တွေကို အားရှိစေပါသည်။

#ရှောက်သီး_သံပရိုသီးအခွံ
ရှောက်သီး၊သံပရိုသီးအခွံများကို အပင်အိုးထဲတွင် ထည့်ထားခြင်းဖြင့် ကပ်ပါးရန်မှကာကွယ်ပေးနိုင်ပါသည်။

#ဆပ်ပြာရည်
ပန်းကန်ဆေးဆပ်ပြာ တစ်ဇွန်းနှင့် ရေတစ်ခွက်ကို ရောပြီးရလာသည့် ဆပ်ပြာရည်ကို ရေဖြန်းဘူးထဲထည့်ပြီး အပင်ဖြန်းပါက ဖြုတ်စိမ်း၊ပြပိုး၊ပင့်ကူအိမ်ငယ်လေးများကို သေစေနိုင်ပါသည်။

#အက်စပရင်ဆေးပြား
အက်စ်စပရင်ဆေးပြားကို ရေတစ်ခွက်နှင့်ရောစပ်ပြီး အပင်ဖြန်းပါက အပင်ကပ် ရောဂါပိုးများ၊မှိုများ မကျအောင် ကာကွယ်နိုင်ပြီး အပင်ကို ကိုယ်ခံအားကောင်းအောင်လုပ်ပေးနိုင်ပါသည်။

#တမာဆီ
တမာဆီတစ်စက်နှင့် ရေတစ်ခွက် ရောစပ်ပြီးဖြန်းပါက ဖြုတ်စိမ်း ပျပိုး ပင့်ကူအိမ်လေးများကို သေစေပါသည်။

#ဘီယာ
ဘီယာကို ခွက်တစ်ခုထဲထည့်ပြီး အပင်ခြေအိုးဘေးတွင်ထားပါက ခရုပက်ကျိများ ဘီယာအနံ့ကြောင့်ရောက်လာပါက အသာလေး ဖယ်ရှားနိုင်ပါသည်။

#ကြက်သွန်ဖြူဥ
ကြက်သွန်ဖြူကို အပင်ခြေရင်းတွင်ထားပါက ပိုကောင်များ အင်းဆက်များမလာအောင် ကာကွယ်ပေးနိုင်ပါသည်။

#သားစိမ်းငါးစိမ်းအရည်
ငါးအကြေးခွံမှ အပင်အခက်အလက်အမြစ်တို့အတွက်လိုအပ်သော ခိုင်တိုဇင်ကိုပေးနိုင်ခြင်း၊ငါးကလီစာမှ အပင်အရွက်အတွက် Nitrogen နှင့်အခြားဓာတ်များ ရစေမည့် ငါးအမိုင်နိုကိုပေးနိုင်ခြင်းအတွက် သားစိမ်းငါးစိမ်းအရည်ကိုလည်း အပင်ကိုလောင်းပေးနိုင်ပါသည်။

#ပြာ
ပြာကိုရေဖျော်ပြီး အပင်လောင်းပေးခြင်းဖြင့် အသီးများကိုကြီးထွားစေသည့် Potassium ကိုရရှိစေပါသည်။

ေး
အပင်အတွက်သီးသန့်ထုတ်ထားသည့် Vitamin B1 ဆေးရည်များရှိသကဲ့သို့ Vitamin B1 ဆေးခဲများ၊M150 အချိုရည်တို့ကိုလည်း ရေနဲ့ရောစပ်ပြီး အပင်လောင်းပေးခြင်းဖြင့် အပင်အမြစ်သန်မာစေပါသည်။
အိုးပြောင်းထားသည့်အပင်များ၊
ရွှေ့စိုက်ထားသောအပင်များတွင်
Vitamin B1 သုံးပေးပါက အပင်အမြစ်ထွက်သန်မာစေသည်။

#ဆရာမျိုး(ဆေး)Credit;Origin
စိုက်ပျိုးရေး ဗဟုသုတ

🥚 ကြက်ဥခွံကို ဘာကြောင့် အပင်တွေမှာ အသုံးပြုကြတာလဲ...🪴🔰 ကြက်ဥခွံမှာ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ ဖော့စဖောရပ် နဲ့ မဂ္ဂနီဆီယမ်တ...
28/05/2024

🥚 ကြက်ဥခွံကို ဘာကြောင့် အပင်တွေမှာ အသုံးပြုကြတာလဲ...🪴

🔰 ကြက်ဥခွံမှာ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ ဖော့စဖောရပ် နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်သလို အပင်ကြီးထွားမှုကို ကူညီပေးပြီး ဆဲလ်နံရံတွေကို သန်မာစေပါတယ်။ ကြက်ဥခွံက ကောင်းစွာ ပြိုကွဲပြီးနောက်မှာတော့ အပင်အမြစ်မှ စုပ်ယူနိုင်သည့် အရေးကြီးတဲ့ သတ္တုဓာတ်တွေကိုလည်း ပံ့ပိုးပေးပါတယ်။ ဥယျာဥ်ခြံနဲ့ စိုက်ခင်းတို့အတွက် ထိရောက်ပြီး ဈေးသက်သာတဲ့ သဘာဝ မြေသြဇာတစ်မျိုးပါပဲ။

🔰 ကြက်ဥခွံကို ကြိတ်ချေပြီး အပင်ခြေရင်းမှာ ပုံထားရင် အပင်အတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်ဓာတ်ကို ရရှိစေပါတယ်။ ကယ်လ်ဆီယမ်က အသီးအရွက်တွေကို ‌ကောင်းမွန်တဲ့ အနံ့အရသာတစ်မျိုးမျိုးကို ပေးစွမ်းနိုင်ပါတယ်။

🔰 အပင်စတင်,စိုက်ပျိုးချိန်ကတည်းက ကြက်ဥခွံကို ထည့်ထားတာက အပင်ကြီးထွားမှုကို ပံ့ပိုးပေးနိုင်ပါတယ်။ အရွယ်ရောက်ပြီးတဲ့အပင်တွေမှာ နှစ်ပတ်ခြားတစ်ကြိမ် အသုံးပြုနိုင်ပါတယ်။

🔰 ကြက်ဥခွံက ဥယျာဉ်ခြံသီးနှံ ပန်းဂေါ်ဖီ၊ ဘရိုကိုလီ၊ ဟင်းနုနွယ်၊ ဆလတ်၊ ခရမ်းချဉ်၊ နှင်းဆီ၊ ငရုတ်တို့အတွက် ကောင်းမွန်တဲ့ ‌သဘာဝ မြေဩဇာတစ်မျိုးပါပဲ။

🔰 ကြက်ဥခွံတွေက အပင်ပေါက်ရန် မျိုးစေ့ပျိုးဖို့ အကောင်းဆုံး သဘာဝမြေဩဇာတစ်မျိုးလည်း ဖြစ်ပါတယ်။ ကြက်ဥခွံထဲကို မြေဆွေးထည့်ပြီး မျိုးစေ့ကို ပျိုးထားနိုင်ပါတယ်။ မျိုးစေ့ပျိုးထားတဲ့ ကြက်ဥခွံတွေကို ကြက်ဥကပ်ခွံထဲမှာ ထည့်ပြီး ပျိုးကြတာတွေလည်း ရှိပါတယ်။ ပျိုးပင်ကို ရွှေ့ပြောင်းစိုက်ချင်တဲ့အခါတော့ ပျိုးထားတဲ့ ကြက်ဥအခွံအတိုင်းကို မြေကြီးထဲမှာ မြှုပ်ပြီး စိုက်ပျိုးနိုင်ပါတယ်။

🔰 မြေဆွေးလုပ်တဲ့အခါ ကြက်ဥခွံ ထည့်ခြင်းက မြေဆွေးရဲ့ မြေချဉ်ငံဓာတ်ကို ထိန်းညှိပေးပါတယ်။

🔰 ကြက်ဥခွံက အပင်များစုအတွက် အကျိုးပြုပါတယ်။ ပန်းသီး၊ စတော်ဘယ်ရီ၊ ဆလတ်၊ သခွားသီး၊ ခရမ်းသီးတို့လို အသီးအနှံမျိုးစိတ်နဲ့ ဟင်းသီးဟင်းရွက်များအတွက် ကူညီပံ့ပိုးပေးနိုင်တဲ့အပြင် နှင်းဆီနှင့် ဂန္ဓမာလို ပန်းတွေမှာလည်း သုံးနိုင်ပါတယ်။

🥚အပင်အတွက် ကြက်ဥခွံ သုံးခြင်း၏ အကျိုးသက်ရောက်မှုများ…📌

🔰 ကြက်ဥခွံက မြေဆီလွှာအချဉ်ဓာတ်ကို လျော့နည်းစေတဲ့အပြင် ကြက်ဥခွံရှိ ကယ်လ်ဆီယမ်ကာဗွန်နိတ်က မြေဆီလွှာရဲ့ pH အဆင့်ကို နိမ့်ကျစေပြီး အက်စစ်ဓာတ်ထက် အယ်ကာလီကို ဖြစ်စေပါတယ်။ ကြက်ဥခွံက အမြစ်ကြီးထွားမှုကို အားပေးပြီး ကယ်လ်ဆီယမ်ကာဗွန်နိတ်က အပင်အမြစ်ကို ဖွံ့ဖြိုးစေရန် ကူညီပေးတာကြောင့် အပင်ကြီးထွားမှုမြန်ပြီး သန်မာစေပါတယ်။

🔰 ကြက်ဥခွံသုံးခြင်းက အပွင့်ပုပ်ခြင်းကို သက်သာစေတဲ့အပြင် ပိုးမွှားကျရောက်တာကိုလည်း ထိန်းချုပ်ပေးပါတယ်။

🔰 ခရမ်းချဉ်ပင်လို ကယ်လ်ဆီယမ်ချို့တဲ့ခြင်းကြောင့် အသီးအနှံတွေမှာ အမဲစက်တွေ (blossom end rot- အသီးပုပ်တာတို့) ဖြစ်လာတတ်ပါတယ်။ ဒါ့ကြောင့် ကြက်ဥခွံမြေသြဇာသုံးပြီး ကယ်လ်ဆီယမ်ကို ပေါင်းထည့်ခြင်းက အသီးအနှံများ ရှင်သန်ကြီးထွားစေပြီး အပွင့်ပုပ်ခြင်းကို လျော့နည်းစေပါတယ်။

🔰 ကြက်ဥခွံကို အမှုန့်ကြိတ်ပြီး စိုက်ခင်းထဲက အပင်တွေရဲ့ အမြစ်နားမှာ ပုံထားပေးရင်လည်း စိုက်ခင်းတွေကို ဖျက်ဆီးတတ်တဲ့ ပိုးကောင်တွေ၊ ခရုတွေ၊ ကျိုင်းကောင်လို ပိုးမွှားတွေကိုလည်း နှိမ်နင်းပေးနိုင်ပါတယ်။ ကယ်လ်ဆီယမ်အပြင် ဆီဒီယမ်အနည်းငယ်ပါဝင်တာကြောင့်လည်း အပင်တွေကို အားဖြည့်ပေးနိုင်ပါတယ်။

🔰 ကြိတ်ချေထားတဲ့ ကြက်ဥခွံအမှုန့်တွေကို မြေဆွေးပုံထဲ ထည့်ပြီး မြေဆွေးနဲ့လည်း ရောသုံးနိုင်ပါတယ်။ အများစုကတော့ အာဟာရဓာတ်ပိုမိုရရှိစေရန် နိုက်ထရိုဂျင်နှင့် ပိုတက်ဆီယမ်ကြွယ်ဝတဲ့ ကော်ဖီစေ့တွေကို ပေါင်းထည့်ပြီးလည်း နည်းလမ်း အမျိုးမျိုးနဲ့ သုံးကြပါတယ်။

🔰 ကြက်ဥခွံတွေကို ခရမ်းချဉ်ပင်မှာ သုံးရင် အပင်အတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်ဓာတ်ကို ပေါပေါများများ ပံ့ပိုးပေးနိုင်ပါတယ်။ အသုံးပြုနည်းကတော့ ကြက်ဥခွံကို အမှုန့်ဖြစ်အောင် ချေမွပြီး ခရမ်းချဉ်ပင်ရဲ့အမြစ်နားမှာ တွင်းတူးပြီး ‌ထည့်လိုက်လို့ ရပါတယ်။

🥚 ကြက်ဥခွံကို အပင်အတွက် ဘယ်လိုသုံးမလဲ…📌

(၁) 🔎 သန့်ရှင်းခြောက်သွေ့တဲ့ ကြက်ဥခွံတွေကို အမှုန့်ဖြစ်အောင် ကြိတ်ပါ။ မသုံးခင်မှာ ‌အခွံကို ဆေးကြောပြီး ‌အခြောက်ခံဖို့ လိုပါတယ်။ ကြိတ်ပြီးသား အမှုန့်တွေကို အပင်မှာ တိုက်ရိုက်ထည့်ပြီး သုံးနိုင်သလို ရေနွေးနဲ့‌ ရောပြီးလည်း သုံးနိုင်ပါတယ်။ အရောအနှောကို တစ်နေ့တစ်ကြိမ် မွှေပေးဖို့လိုပါတယ်။ ခုနစ်ရက်ကြာပြီးနောက်မှာတော့ အပင်အမြစ်နဲ့ အနည်းငယ်ခွာပြီး မြေကြီးထဲကို တိုက်ရိုက်လောင်းချပြီး သုံးနိုင်ပါတယ်။

(၂) 🔎 ကြက်ဥခွံကို သန့်ရှင်းရန် ရေနွေးနဲ့ ဆေးပေးပါ။ ဆေးတဲ့အခါ ကြက်ဥခွံအတွင်း အခြားအကြွင်းအကျန်များ မကျန်အောင် လက်နဲ့ဆေးပေးပါ။ ဒါပေမဲ့ အာဟာာရအများစု ပါဝင်နေတဲ့ အခွံအတွင်းက အမြှေးပါးလေးတွေ ကျန်နေစေရန် ဂရုစိုက်ဖို့‌တော့ လိုပါတယ်။

🔺 အမှုန့်ဖြစ်အောင် ချေထားတဲ့ ကြက်ဥခွံ စားပွဲတင်ဇွန်းသုံးဇွန်း (30 g) ကို အိုးတစ်လုံးထဲ ထည့်ပါ။ ‌ကြိတ်ချေတဲ့အခါ အမှုန့်‌ဖြစ်လေ ပျော်ဝင်မှုမြန်လေပါပဲ။ အပိုအာဟာရဓာတ်အတွက် ဆားခါးတစ်ဇွန်း (15g) ကိုလည်း ရောထည့်နိုင်ပါတယ်။ ဆားခါးမှာ မဂ္ဂနီဆီယမ်နဲ့ ဆာလဖိတ် မြင့်မားစွာပါဝင်ပြီး နှစ်မျိုးလုံးက အသီးအပွင့်ကို အားပေးပြီး အပင်အတွက် အကျိုးပြုပေးနိုင်ပါတယ်။

🔺 အိုးထဲတွင် ဆားခါး၊ ကြက်ဥခွံနဲ့ ရေတစ်ဂါလံထည့်ကာ ရေနဲ့ ပျော်ဝင်သည်အထိ အပူပေးပြီး ကျိုပါ။ ကျိုပြီးတဲ့အခါ ‌ရက်အနည်းငယ်‌‌ခန့် အိုးတစ်လုံးလုံးတွင် လေလုံအောင် ဖုံးအုပ်ထားဖို့ လိုပါတယ်။ အဖုံးဖွင့်လိုက်ရင် အာဟာရဓာတ်များ လျော့နည်းသွားနိုင်တာကြောင့်ပါ။

🔺 အသုံးပြုမည့် အပင်အနေအထားအရ ရေ(၄)ဂါလံမှာ စားပွဲတင်ဇွန်း (၁၀-၁၅) ဇွန်းအထိ ရောစပ်သုံးနိုင်ပါတယ်။ တစ်လတစ်ကြိမ် (သို့) တစ်ကြိမ်ထက် ပိုပြီးလည်း သုံးပေးလို့ ရပါတယ်။

🥚 ကြက်ဥခွံသုံးရင် ဘယ်အချက်တွေ သတိထားသင့်လဲ..📌

📌 ကြက်ဥခွံက ပြီးပြည့်စုံတဲ့ သဘာဝမြေဩဇာမဟုတ်တာကြောင့် အခြားအော်ဂဲနစ် မြေဆွေး‌မြေဩဇာတို့နဲ့ တွဲဖက် အသုံးပြုရန် လိုပါတယ်။

📌 အခွံတွေကို ကောင်းကောင်း မကြိတ်ချေတဲ့အခါ‌ မြေဩဇာပေးနိုင်ရန် ပြိုကွဲဖို့ အချိန်ကြာနိုင်ပါတယ်။

📌 ကြက်ဥအစိမ်းမှာက အပင်ကို ထိခိုက်စေနိုင်သည့် အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေ ပါဝင်နိုင်ပါတယ်။

📌 ရေမဆေးရသေးတဲ့ ကြက်ဥခွံကို သီးနှံပင်အတွက် မသုံးသင့်ပါဘူး။

📌ကြက်ဥခွံကို စနစ်တကျ မဆေးကြောရင် ပိုးမွှားတွေကို ဆွဲဆောင်နိုင်တာကြောင့် သေချာဆေးကြောပြီးရင်လည်း မှိုမကြီးထွားစေရန် အသုံးမပြုခင်မှာ အခြောက်ခံဖို့ လိုပါတယ်။

📌 အက်စစ်ဓာတ်ကြိုက်တဲ့ အပင်တွေမှာ ကြက်ဥခွံ သုံးခြင်းကို သတိထားသင့်ပါတယ်။

📌 မြေဆွေးပုံမှာ ကြက်ဥခွံအများကြီး ထည့်ရင် မြေဆွေးရဲ့ pH ကို ပြောင်းလဲသွားနိုင်ပါတယ်။

🌱🌱 အပင်အတွက် ကြက်ဥခွံ သုံးခြင်းက ပြုလုပ်ရလွယ်ပြီး မီးဖိုချောင်မှာပင် အလွယ်တကူရနိုင်တာကြောင့် သီးနှံပင်အတွက် အကျိုးဖြစ်‌ထွန်းစေတဲ့ သဘာဝ အော်ဂဲနစ်မြေဩဇာတစ်မျိုးပါပဲ။ ဒါပေမဲ့ တန်ဆေးလွန်ဘေးမဖြစ်အောင် အသုံးပြုရာတွင် စနစ်တကျနဲ့ ဂရုစိုက်သင့်ပါတယ်...

09/05/2024

😍

💐  #ပန်းပျိုးမြေ 💐 #သဘာဝ၅မျိုးစပ်မြေဆွေး လက်လီ/လက်ကားရပါပီရှင့်💁‍♀️🌱  #ပန်းပျိုးမြေ သဘာဝစပ်မြေဆွေး များကို ဂျပန်နည်းပညာဖ...
06/05/2024

💐 #ပန်းပျိုးမြေ 💐
#သဘာဝ၅မျိုးစပ်မြေဆွေး လက်လီ/လက်ကားရပါပီရှင့်💁‍♀️

🌱 #ပန်းပျိုးမြေ သဘာဝစပ်မြေဆွေး များကို ဂျပန်နည်းပညာဖြင့်ပြုလုပ်ထားပြီး ဓာတုဆေးဝါးမပါဝင်သည့် အော်ဂဲနစ်မြေဆွေးဖြစ်သောကြောင့်
အပင်စိုက်ဖို့ဘဲဖြစ်ဖြစ်/မျိုးစေ့ပျိုးဖို့ဘဲဖြစ်ဖြစ် ယုံကြည်စိတ်ချစွာ အသုံပြုနိုင်ပါသည်။ 💯💯💯

🌱 ဒီမြေဆွေးလေးကို သုံးဖူးတဲ့သူတိုင်း ကြိုက်ကြတာမို့ မသုံးဖူးတဲ့ သူလေးတွေများရှိရင် စမ်းသုံးကြည့်ဖို့ အကြံပေးချင်ပါတယ်ရှင့် 😍

#9.5Kg တစ်အိတ် 5500 ပါရှင့်

✅မန်းလေး
အိမ်အရောက်ငွေချေရပါတယ်
ကျန်မြို့နယ်များငွေလွှဲဝင်ပြီး1/2ရက်အတွင်းဂိတ်တင်ပေးပါတယ်ရှင့်

𝙈𝙤𝙧𝙣𝙞𝙣𝙜 𝙁𝙡𝙤𝙬𝙚𝙧𝙨 𝙈𝘿𝙔
☎️𝟎𝟗𝟒𝟎𝟐𝟓𝟗𝟔𝟏𝟏𝟐

🏡𝘼𝘿𝙍𝙀𝙎𝙎 𝟒𝟔*𝟒𝟕ကြား 𝟏𝟏𝟒𝘿လမ်း/𝙈𝙖𝙣𝙙𝙖𝙡𝙖𝙮

🩷
02/05/2024

🩷

Address

114Dလမ်း 46*47ကြား
Mandalay

Telephone

+959402596112

Website

Alerts

Be the first to know and let us send you an email when 𝙈𝙤𝙧𝙣𝙞𝙣𝙜 𝙁𝙡𝙤𝙬𝙚𝙧𝙨 𝙈𝘿𝙔 - ပန်းပင်မျိုးစုံရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category