Hydro Net Myanmar
Hydro Net Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hydro Net Myanmar, Well water drilling service, Mandalay.
(Unicode)မင်္ဂလာပါခဗျာ...Hydro Net Co. Itd မွ ရေချိုရေသန့်ရရှိရေးအတွက် စက်ရေတွင်းများကိုတူးဖော်ပေးလျက်ရှိပါသည်။ Covid ကာ...
09/09/2020
(Unicode)
မင်္ဂလာပါခဗျာ...
Hydro Net Co. Itd မွ ရေချိုရေသန့်ရရှိရေးအတွက် စက်ရေတွင်းများကိုတူးဖော်ပေးလျက်ရှိပါသည်။
Covid ကာလ ဖြစ်သော်လည်း အချို့ဒေသများမှာ ရေချိုရရှိရေးသည် အလွန်အရေးပါသဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကိုလိုက်နာလျက် ရေချိုရေသန့်ရရှိရေးကို အစဉ် ဆောင်ရွက် နေပါတယ် ခဗ်။
လူကြီးမင်းတို့၏ နေအိမ်၊ အလုပ်ခွင်များ နှင့် အခြားသော ဌာနဆိုင်ရာဒေသများတွင် ရေချို ရေသန့်ရရှိရေးအတွက် ကျွန်နော်တို့ Hydro Net Co. Ltd မွ
စက်ပိုင်းဆိုင်ရာ အထောက်အပံ့ပြည့်ဝခြင်း၊
ခေတ်မှီကိရိယာများဖြင့် ရေရနိုင် မရနိုင် တိုင်းတာပေးနိုင်ခြင်း၊
မြေအောက်ရေတူးဖော်ခွင့် ပါမစ် တင်ပေးခြင်း၊
အစရှိသော ဝန်ဆောင်မှုများကြောင့် လူကြီးမင်းတို့ အနေနှင့် အလုပ်ရှုပ်သက်သာခြင်း၊ အချိန်ကုန် သက်သာခြင်း၊ စိတ်ချမှုရှိခြင်းစသော ကောင်းကျိုးများကိုလဲ ရရှိနိုင်မှာဖြစ်ပါတယ် ခဗ် 😊...။
"ရောဂါ ကာလမွာ ကိုယ် ချစ်ရတဲ့သူတွေနဲ့
အကြာကြီးနေရဖို့ ဂရုစိုက်ကြပါခဗျ.... 😷"
ကျန်းမာကြပါစေကြောင်း အထူး ဆုတောင်းလျက်...
Hydro NetCo. Ltd
#စက်ရေတွင်းတူးဖော်ရေးလုပ်ငန်းစု
#စက်ရေတွင်း
#အဝီစိတွင်းရေ
(ZawGyi)
မဂၤလာပါခဗ်ာ...
Hydro Net Co. Itd မှ ရေချိုရေသန့်ရရှိရေးအတွက် စက်ရေတွင်းများကိုတူးဖော်ပေးလျက်ရှိပါသည်။
Covid ကာလ ဖြစ်သော်လည်း အချို့ဒေသများမှာ ရေချိုရရှိရေးသည် အလွန်အရေးပါသဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကိုလိုက်နာလျက် ရေချိုရေသန့်ရရှိရေးကို အစဉ် ဆောင်ရွက် နေပါတယ် ခဗျ။
လူကြီးမင်းတို့၏ နေအိမ်၊ အလုပ်ခွင်များ နှင့် အခြားသော ဌာနဆိုင်ရာဒေသများတွင် ရေချို ရေသန့်ရရှိရေးအတွက် ကျွန်နော်တို့ Hydro Net Co. Ltd မှ
အစရှိသော ဝန်ဆောင်မှုများကြောင့် လူကြီးမင်းတို့ အနေနှင့် အလုပ်ရှုပ်သက်သာခြင်း၊ အချိန်ကုန် သက်သာခြင်း၊ စိတ်ချမှုရှိခြင်းစသော ကောင်းကျိုးများကိုလဲ ရရှိနိုင်မှာဖြစ်ပါတယ် ခဗျ 😊...။
"ရောဂါ ကာလမှာ ကိုယ် ချစ်ရတဲ့သူတွေနဲ့
Hydro NetCo. Ltd
#စက်ရေတွင်း
#အဝီစိတွင်းရေ
29/06/2020
[[Zawgyi]]
မင်္ဂလာပါခင်ဗျာ စက်ရေတွင်းဆေးကြောနည်းများ (Well Developing Methods) အခန်းကြီးတွင် ပါဝင်သော အခန်းကြီး အခန်းငယ်များကို ယခင် Post များတွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ယခု post တွင် အထူးအားကောင်းသော ရေစုပ်စက်ဖြင့် ရေစုပ်ထုတ်၍ ဆေးကြောနည်းအား ဖော်ပြသွားမည်ဖြစ်ပါသည်။
https://www.facebook.com/100518528368372/posts/122559996164225/
- အထူးအားကောင်းသော ရေစုပ်စက်ဖြင့် ရေစုပ်ထုတ်၍ဆေးကြောခြင်း - (Over Pumping)
ဤနည်းသည် တူးဖော် ပိုက်မြှုပ်ပြီးစရေတွင်းတွင် မူလထွက်ရှိမည်ဟုမျှော်မှန်းထားသော ရေထွက်နှုန်းထက်ပို၍ စုပ်ထုတ်နိုင်သည့် အားကောင်းသော အင်းအားကြီးရေစုပ်စက် တပ်ဆင်ကာ တွင်းထဲရှိ ရေမျက်နှာပြင်အများဆုံးနိမ့်ကျသည်အထိ ရေနောက်များကို စုပ်ထုတ်ပေးခြင်းပင်ဖြစ်သည်။
ထိုကဲ့သို့ဆောင်ရွက်ပါက တွင်းထဲရှိ ရေမျက်နှာပြင်နိမ့်ကျမှုသည် များသဖြင့် မူလရေမျက်နှာပြင်နှင့် နိမ့်မြင့်ကွာခြားမှုလည်း များပေမည်။ ထိုအခါတွင်း၏ ဘေးပတ်ပတ်လည်ရှိ ရေအောင်းလွှာ အတွင်းမှ ရွှံ့၊ နူန်းနှင့် သဲမှုန်တို့သည် ရေနှင့် အတူတွင်းထဲသို့ စကာပိုက်ကိုဖြတ်ကာ အရှိဖြင့် စီးဝင်လာပြီး ရေစုပ်စက်မှ တစ်ဆင့် မြေပေါ်သို့ ထွက်လာပေလိမ့်မည်။ ဤလုပ်ငန်းကို အချိန်ကြာကြာ နှင့် ကြိမ်ဖန်များစွာဆောင်ရွက်ခြင်းဖြင့် တူးဖော်ပြီးစ စက်ရေတွင်းကို ပြောင်စင်အောင် ဆေးကြောနိုင်သည်။ သို့သော် အချင်း ၄လက်မ ထက်သေးသော စက်ရေတွင်းများနှင့် ရေထွက်အားကောင်းသော တွင်းကျယ်များကို ဆေးေုကာရာတွင် ရေစုပ်စက်ကို ပိုက်ထဲသို့ချရန်မဖြစ်နိုင်ခြင်းနှင့် ထိရောက်စွာ ရေလွှာ နိမ့်ကျစေရန် မဆောင်ရွက်နိုင်ခြင်းတို့ကြောင့် အသုံးမတဲ့လှပေ။ ထို့အပြင် သဲ နှင့် ကျောက်စရစ် ရောပြွမ်းနေသော ရေအောင်းလွှာများတွင် သဲများတံတားသဖွယ် ပိတ်ဆို့ခြင်း ဖြစ်တတ်သဖြင့် အထူး ဂရုစိုက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ် ဖြစ်ပါသည်။
အထူးအားကောင်းသော ရေစုပ်စက်ဖြင့် ရေစုပ်ထုတ်၍ဆေးကြောခြင်း (Over Pumping) အား ဤမျှ မှီငြမ်းဖော်ပြအပ်ပါသည်။ မှီငြမ်းအပ်သော ဆောင်းပါး စာတမ်း ပြုစုသူ ဆရာများအား ဂါရဝထားလျက်...
#မြေအောက်ရေ
Hydro Net Co.ltd
[[Unicode]]
မင်္ဂလာပါခင်ဗျာ စက်ရေတွင်းဆေးကြောနည်းများ (Well Developing Methods) အခန်းကြီးတွင် ပါဝင်သော အခန်းကြီး အခန်းငယ်များကို ယခင် Post များတွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ယခု post တွင် အထူးအားကောင်းသော ရေစုပ်စက်ဖြင့် ရေစုပ်ထုတ်၍ ဆေးကြောနည်းအား ဖော်ပြသွားမည်ဖြစ်ပါသည်။
သမာရိုးက် အားကောင်းသောလေမှုတ်စက်ဖြင့် လေမှုတ်ဆေးကြောခြင်း ခေါင်းစဉ်ကြီးအောက် တွင်းပေါက်ဖွင့်၍လေးမှုတ်ဆေးကြောနည်း -
https://www.facebook.com/100518528368372/posts/122559996164225/
- အထူးအားကောင်းသော ရေစုပ်စက်ဖြင့် ရေစုပ်ထုတ်၍ဆေးကြောခြင်း - (Over Pumping)
ဤနည်းသည် တူးဖော် ပိုက်မြှုပ်ပြီးစရေတွင်းတွင် မူလထွက်ရှိမည်ဟုမျှော်မှန်းထားသော ရေထွက်နှုန်းထက်ပို၍ စုပ်ထုတ်နိုင်သည့် အားကောင်းသော အင်းအားကြီးရေစုပ်စက် တပ်ဆင်ကာ တွင်းထဲရှိ ရေမျက်နှာပြင်အများဆုံးနိမ့်ကျသည်အထိ ရေနောက်များကို စုပ်ထုတ်ပေးခြင်းပင်ဖြစ်သည်။
ထိုကဲ့သို့ဆောင်ရွက်ပါက တွင်းထဲရှိ ရေမျက်နှာပြင်နိမ့်ကျမှုသည် များသဖြင့် မူလရေမျက်နှာပြင်နှင့် နိမ့်မြင့်ကွာခြားမှုလည်း များပေမည်။ ထိုအခါတွင်း၏ ဘေးပတ်ပတ်လည်ရှိ ရေအောင်းလွှာ အတွင်းမှ ရွှံ့၊ နူန်းနှင့် သဲမှုန်တို့သည် ရေနှင့် အတူတွင်းထဲသို့ စကာပိုက်ကိုဖြတ်ကာ အရှိဖြင့် စီးဝင်လာပြီး ရေစုပ်စက်မှ တစ်ဆင့် မြေပေါ်သို့ ထွက်လာပေလိမ့်မည်။ ဤလုပ်ငန်းကို အချိန်ကြာကြာ နှင့် ကြိမ်ဖန်များစွာဆောင်ရွက်ခြင်းဖြင့် တူးဖော်ပြီးစ စက်ရေတွင်းကို ပြောင်စင်အောင် ဆေးကြောနိုင်သည်။ သို့သော် အချင်း ၄လက်မ ထက်သေးသော စက်ရေတွင်းများနှင့် ရေထွက်အားကောင်းသော တွင်းကျယ်များကို ဆေးေုကာရာတွင် ရေစုပ်စက်ကို ပိုက်ထဲသို့ချရန်မဖြစ်နိုင်ခြင်းနှင့် ထိရောက်စွာ ရေလွှာ နိမ့်ကျစေရန် မဆောင်ရွက်နိုင်ခြင်းတို့ကြောင့် အသုံးမတဲ့လှပေ။ ထို့အပြင် သဲ နှင့် ကျောက်စရစ် ရောပြွမ်းနေသော ရေအောင်းလွှာများတွင် သဲများတံတားသဖွယ် ပိတ်ဆို့ခြင်း ဖြစ်တတ်သဖြင့် အထူး ဂရုစိုက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ် ဖြစ်ပါသည်။
အထူးအားကောင်းသော ရေစုပ်စက်ဖြင့် ရေစုပ်ထုတ်၍ဆေးကြောခြင်း (Over Pumping) အား ဤမ်ွ မှီငြမ်းဖော်ပြအပ်ပါသည်။ မှီငြမ်းအပ်သော ဆောင်းပါး စာတမ်း ပြုစုသူ ဆရာမ်ားအား ဂါရဝထားလျက်...
#မြေအောက်ရေ
Hydro Net Co.ltd
[Zawgyi]မင်္ဂလာပါ ခဗျာ စက်ရေတွင်းဆေးကြောနည်းများ (Well Developing Methods) အခန်းကြီးတွင် ပါဝင်သော သမာရိုးကျ အားကောင်းသောလေ...
28/06/2020
[Zawgyi]
မှတ်ချက် - ဤ ကိရိယာကို ရေစစ်စကာထဲရောက်သည်အထိ မချရ၊ စကာ၏အထက် သုံးလေးပေခန့်အထိသာ ချရမည်။
Surge Plunger ကို အလွယ်တကူ သိရှိ သဘောပေါက် နားလည်နိုင်ရန် အောက်တွင်ပုံဖြင့်ဖော်ပြအပ်ပါသည်။ Surger Plunger ကို အသုံးပြု၍ လေမှုတ်ဆေးကြောခြင်းကို ဤမျှ မှီငြမ်းတင်ပြအပ်ပါသည်။ မှီငြမ်းအပ်သော စာတမ်း၊ ဆောင်းပါး ပြုစုသူ ဆရာများအား ဂါရဝထားလျက်...။
#မြေအောက်ရေ
Hydro Net Co.ltd
[Unicode]
မင်္ဂလာပါ ခဗ်ာ စက်ရေတွင်းဆေးကြောနည်းများ (Well Developing Methods) အခန်းကြီးတွင် ပါဝင်သော သမာရိုးကျ အားကောင်းသောလေမှုတ်စက်ဖြင့် လေမှုတ်ဆေးကြောခြင်း ခေါင်းစဉ်ကြီးအောက်မှ တွင်းပေါက်ဖွင့်၍လေးမှုတ်ဆေးကြောနည်း နှင့် တွင်းပေါက်ပိတ်၍ လေမှုတ် ဆေးကြောနည်း တို့အား ယခင် post များတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခု post တွင် အခြားခေါင်းစဉ်ကြီးဖြစ်သော Surge Plunger ကိုအသုံးပြု၍လေမှုတ် ဆေးကြောနည်းကို ဖော်ပြသွားမည်ဖြစ်ပါသည်။
ယခင် Post များအားဖတ်ရန် -
စက်ရေတွင်းဆေးကြောနည်းများ
(Well Developing Methods) -
https://www.facebook.com/100518528368372/posts/117579339995624/
သမာရိုးကျ အားကောင်းသောလေမှုတ်စက်ဖြင့် လေမှုတ်ဆေးကြောခြင်း ခေါင်းစဉ်ကြီးအောက် တွင်းပေါက်ဖွင့်၍လေးမှုတ်ဆေးကြောနည်း -
https://www.facebook.com/100518528368372/posts/118866199866938/
တွင်းပေါက်ပိတ်၍ လေးမှုတ်ဆေးကြောနည်း -
https://www.facebook.com/100518528368372/posts/120820059671552/
- Surge Plunger ကိုအသုံးပြု၍လေမှုတ်ဆေးကြောခြင်း -
စက်ရေတွင်းအလတ်ကြီးများနှင့် အကြီးများကို ဆေးကြောသန့်စင်ရာတွင် အများဆုံးအသုံးပြုနေကြသော နည်းလမ်းမှာ Surge Plunger ဖြင့် မွှေနှောက်ကာ ဆေးကြောခြင်းပင်ဖြစ်သည်။
အောက်ပါပုံတွင်ပြထားသော ကိရိယာသည် ၈ လက်မ စက်ရေတွင်းများဆေးကြောရာတွင် အသုံးပြုသော ဘားတပ် Surge Plunger ဖြစ်သည်။ ယခင်ကအဆိုပါကိရိယာကို ရရာ ပစ္စည်းဖြင့် ပြုလုပ်ကြသော်လည်း ယခုအခါ သစ်သားဖြင့်ပြုလုပ်ကြသည်။ စက်ရေတွင်းတစ်တွင်းကို ဆေးကြောမည်ဆိုပါက အဆိုပါ စက်ရေတွင်း၏ အချင်းထက် အနည်းငယ်သေးသော Surge Plunger ကိုလြန္တံ ထိပ်တွင်တပ်ဆင်၍တွင်းထဲ၌ရှိသော ရေလွှာ၏ အောက် ၁၀ပေ ၁၅ပေခန့် ရောက်သည်ထိ ခ်ကာ ရှေးဦးစွာ လြန္တံကို အထက်/အောက် ဖြည်းညှင်းစွာ လှုပ်ရှားပေးရသည်။
ထို့နောက် လြန္တံ လှုပ်ရှားမှု အရှိန်ကို တဖြည်းဖြည်း မြှင့်တင်ပေးရသည်။ ထိုကဲ့သို့ဆောင်ရွက် ပေးခြင်းဖြင့် တွင်းထဲရှိရေတို့သည် ရေစစ်စကာ ကိုဖြတ်၍ ရေအောင်းလွှာအတွင်းသို့ စီးဝင်လိုက်၊ ရေအောင်းလွှာ အတွင်းမှ ရေကို တွင်းထဲသို့ ပြန်လည်စီးဝင်လိုက်ဖြစ်ကာ တွင်း၏ ဘေးပတ်ပတ်လည်ရှိရေစစ်စကာကို ဖြတ်၍ ဝင်နိုင်သောသဲများ၊ နူန်းများသည် ရေနှင့်အတူတွင်းထဲသို့ ဝင်ရောက် အနည်ထိုင်သောအခါ Surge Plunger ကို ပြန်ထုတ်၍ လေပိုက်ချကာမှုတ်ထုတ်ပစ်ပါ။ ဤလုပ်ငန်းကို အကြိမ်ဖန်များစွာဆောင်ရွက်ပါက တွင်း၏ပတ်ပတ်လည်၌ ရေစစ်စကာကို ဖြတ်၍ဝင်နိုင်သော သဲမ်ား နူန်းများနှင့် ရွှံ့စေးခဲများ ကုန်စင်သွားပေလိမ့်မည်။
မှတ်ချက် - ဤ ကိရိယာကို ရေစစ်စကာထဲရောက်သည်အထိ မခ်ရ၊ စကာ၏အထက် သုံးလေးပေခန့်အထိသာ ချရမည်။
Surge Plunger ကို အလြယ္တကူ သိရှိ သဘောပေါက် နားလည်နိုင်ရန် အောက်တွင်ပုံဖြင့်ဖော်ပြအပ်ပါသည်။ Surger Plunger ကို အသုံးပြု၍ လေမှုတ်ဆေးကြောခြင်းကို ဤမ်ွ မှီငြမ်းတင်ပြအပ်ပါသည်။ မှီငြမ်းအပ်သော စာတမ်း၊ ဆောင်းပါး ပြုစုသူ ဆရာမ်ားအား ဂါရဝထားလျက်...။
#စက်ရေတွင်းတူးဖော်ရေးလုပ်ငန်းစု
#မြေအောက်ရေ
Hydro Net Co.ltd
မင်္ဂလာပါခဗျာ စက်ရေတွင်းဆေးကြောနည်းများ (Well Developing Methods) အခန်းကြီးတွင် ပါဝင်သော သမာရိုးကျ အားကောင်းသောလေမှုတ်စက်ဖြ...
25/06/2020
မင်္ဂလာပါခဗျာ စက်ရေတွင်းဆေးကြောနည်းများ (Well Developing Methods) အခန်းကြီးတွင် ပါဝင်သော သမာရိုးကျ အားကောင်းသောလေမှုတ်စက်ဖြင့် လေမှုတ်ဆေးကြောခြင်း ခေါင်းစဉ်ကြီးအောက်မှ တွင်းပေါက်ဖွင့်၍လေးမှုတ်ဆေးကြောနည်း အား ယခင် post တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခု post တွင် သမာရိုးကျ အားကောင်းသောလေမှုတ်စက်ဖြင့် လေမှုတ်ဆေးကြောခြင်းမှ နောက်တစ်နည်းဖြစ်သော တွင်းပေါက်ပိတ်၍ လေမှုတ်ဆေးကြောနည်းကို မှီငြမ်းဖော်ပြအပ်ပါသည်။ မှီငြမ်းအပ်သော စာတမ်းပြုစုသူ ဆရာများအား ဂါရဝထားလျက်...။
(Well Developing Methods) ကိုဖတ်ရန် -
သမာရိုးကျ အားကောင်းသောလေမှုတ်စက်ဖြင့် လေမှုတ်ဆေးကြောခြင်း ခေါင်းစဉ်ကြီးအောက် တွင်းပေါက်ဖွင့်၍လေးမှုတ်ဆေးကြောနည်း ကိုဖတ်ရန် -
- တွင်းပေါက်ပိတ်၍လေမှုတ်ဆေးကြောနည်း - သည် ယခင် post တွင်ဖော်ပြခဲ့သော လေမှုတ်ဆေးကြောနည်းနှင့် လေမှုတ်ခြင်း လုပ်ငန်းဆောင်ရွက်နေစဉ် တွင်းပေါက် အဖွင့်/အပိတ် နှင့် ချထားသော လေပိုက်/ရေထွက်ပိုက်တို့၏ အနေအထားကွာခြားသည်မှအပ ကျန်အခြေခံနည်းစနစ်တို့ တူညီကြပါသည်။ ဒုတိယနည်းတွင် လေမှုတ်ပိုက်နှင့် ရေထုတ်ပိုက်တို့၏ အဆုံးများသည် ရေစစ်စကာပိုက်၏ အထက်တွင် အမြဲတစေ ရှိနေရမည်ဖြစ်သည်။ လေမှုတ်နေစဉ် တွင်းပေါက်ကို လုံအောင် ပိတ်ထားသည့်အတွက် တွင်းထဲ၌ရှိသော ရေအချို့သည် အပေါ်မှ မှုတ်သွင်းလိုက်သော လေ၏ဖိညှစ်တွန်းကန်အားတို့ကြောင့် ရေစစ်စကာ ကို ဖြတ်ကာ ရေအောင်းလွှာအတွင်းသို့ ပြန်လည်စီးဝင်သွားသဖြင့် နောက်ပြန် ဆေးကြောသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
တွင်းထဲတွင်ရှိနေသော ရေမျက်နှာပြင်သည် ချထားသော ရေထွက်ပိုက်၏ အခြေရောက်သည်အထိ နိမ့်ကျသွားသောအခါ ရေစစ်စကာ ကိုဖြတ်၍ တွင်းထဲသို့ စီးဝင်နေသောရေသည် ဆက်လက်စီးဝင်တော့မည် မဟုတ်ဘဲ ရေထွက်ပိုက်မှ လေများ ပြန်အန်ထွက်လာလိမ့်မည်။ ထိုအခါတွင်းထဲသို့ လေမှုတ်သွင်းခြင်းလုပ်ငန်းကို ဖြတ်တောက် ရပ်တန့်ပြီး တွင်းထိပ်ဝတွင် တပ်ဆင်ထားသော လေထုတ်ဘားကို ဖွင့်ပေးပါ။ ရေအောင်းလွှာအတွင်းရှိ ရေများသည် စက်ရေတွင်းထဲသို့ ရေစစ်စကာကိုဖြတ်၍ မူလရေမျက်နှာပြင်ရောက်သည်အထိ ပြန်လည် စီးဝင် လာပေလိမ့်မည်။ ထို့နောက် တွင်းဝတွင် တပ်ထားသော လေဘားကို ပြန်ပိတ်၍ လေမှုတ်ခြင်း လုပ်ငန်းကို ထပ်မံ ဆောင်ရွက်ပါ။ အထက်ဖော်ပြပါ အတိုင်း ကြိမ်ဖန်များစွာ ဆောင်ရွက်ခြင်းဖြင့် စက်ရေတွင်းကိုပြောင်စင်အောင် ဆေးကြောနိုင်ပါလိမ့်မည်။ ဤနည်းစနစ်သည် ရေအောင်းလွှာအတွင်း လေခိုအောင်းပိတ်ဆို့မှုများ ဖြစ်တတ်သဖြင့် မှုတ်သွင်းသော လေ အမြောက်အမြား ရေအောင်းလွှာ အတွင်းသို့ မဝင်ရန် အထူး ဂရုစိုက်ရပါသည်။
မှတ်ချက် ။ ။ လေမှုတ်ပိုက်ကို ရေစစ်စကာအတွင်းသို့ မချပါနှင့်၊ ရေတွင်းထဲတွင်ရှိသော ရေနောက်များ ကုန်စင်အောင် ခပ်ထုတ်/စုပ်ထုတ်ပြီးမှ ဤလုပ်ငန်းကို ဆောင်ရွက်ပါ။
တွင်းပေါက်ပိတ်၍လေမှုတ်ဆေးကြောခြင်းပုံကိုပါ ပူးတွဲ ဖော်ပြအပ်ပါသည်။
#စက်ရေတူးဖော်ရေးတွင်းလုပ်ငန်းစု
#မြေအောက်ရေ
Hydro Net Co.ltd
မင်္ဂလာပါခ​ဗျာ စက်ရေတွင်းဆေးကြောနည်းများ (Well Developing Methods) ကို အရင် post တွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ယခု post တွင...
23/06/2020
မင်္ဂလာပါခ​ဗျာ စက်ရေတွင်းဆေးကြောနည်းများ (Well Developing Methods) ကို အရင် post တွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ယခု post တွင် ၎င်း စက်ရေတွင်းဆေးကြောနည်းများထဲမှ သမာရိုးကျ အားကောင်းသော လေမှုတ်စက်ဖြင့် လေမှုတ်ဆေးကြောခြင်းကို ဖော်ပြသွားမည် ဖြစ်ပါသည်။
(Well Developing Methods) ကိုဖတ်ရန် -
သမာရိုးကျ အားကောင်းသော လေမှုတ်စက်ဖြင့် မှုတ်၍ဆေးကြောခြင်း လုပ်ငန်းပို ကျွန်ုပ်တို့ မြန်မာနိုင်ငံ၌ အရပ်တူးလက်တွင်းများကိုရော၊ ဌာနဆိုင်ရာမှ တူးဖော်သည့် စက်တွင်းများကိုပါလက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နေကြသဖြင့် အထူးအဆန်းနည်းလမ်းမဟုတ်ပေ။ သို့ရာတွင် ထိုလုပ်ငန်းသည် စနစ်တစ်ကျ ဆောင်ရွက်ပါမှ မြန်မြန်နှင့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး စနစ်မကျပါက အကျိုးသက်ရောက်မှု နည်းတတ်ပါသည်။ ထို့အပြင် ဤလေမှုတ်၍ဆေးကြောခြင်းလုပ်ငန်းကို အများအားဖြင့် စက်ရေတွင်းငယ်များ (အချင်း ၆လက်္မထက်မကျယ်သောတွင်းများ) ၌သာ ဆောင်ရွက်လေ့ ရှိပါသည်။ စက်ရေတွင်းတစ်တွင်းအား လေဖြင့် မှုတ်၍ ဆေးကြောရာတွင် တွင်းပေါက်ကို ဖွင့်၍ မှုတ်ခြင်းနှင့် တွင်းပေါက်ကို ပိတ်၍မှုတ်ခြင်းဟူ၍ နှစ်မျိုးနှစ်စား ရှိပါသေးသည်။
- တွင်းပေါက်ဖွင့်၍ လေမှုတ်ဆေးကြောခြင်း - (Open Well Developing) ဆိုသည်မှာ တူးပြီးစ စက်ရေတွင်းထဲသို့ ရိုးရိုးလေးပိုက်ချကာ အားကောင်းသော လေမှုတ်စက်ဖြင့် မှုတ်ထုတ်ခြင်းပင်ဖြစ်သည်။ ဤကဲ့သို့ ဆောင်ရွက်ခြင်းအားဖြင့် တွင်း၏ပတ်ပတ်လည်တွင်ရှိသော အနည်များနှင့် တူးဖော်စဉ်က အသုံးပြုခဲ့သော ရွှံ့ရည်များ၊ ရေစစ်စကာ အတွင်းဖြတ်၍ဝင်နိုင်သော သဲမှုန်များ၊ နှုန်းများသည် ရေနှင့်အတူ ထွက်သွားသဖြင့် တွင်းပြောင်ကာ ရေထွက်နှုန်းကောင်းလာပေလိမ့်မည်။ ဤလုပ်ငန်းကို အပြည့်အဝ အောင်မြင်မှုရရှိစေရန် အရေးကြီးသော အချက်မှာ လေမှုတ်နေစဉ် လေပိုက်၏ ရေနစ်မြုပ်နေသော အပိုင်းသည် ၆၀%ခန့်ရှိရပေလိမ့်မည်။ အချင်း ၂လက်မ ၃လက်မရှိသော စက်ရေတွင်းငယ်များကို ဤနည်းဖြင့်ဆေးကြောပါက လေပိုက်တစ်ခုတည်းသာ ချရန်လိုအပ်သော်လည်း ၄လက်မနှင့် အထက်တွင်းများကိုမူ လေပိုက်နှင့် တွဲ၍ ရေထွက်ပိုက်ကိုပါ ချပေးရသည်။ တွဲ၍ချသော လေပိုက်နှင့် ရေပိုက်တို့၏ အချိုးကို အောက်တွင် ဇယားဖြင့် ဖော်ပြအပ်ပါသည်။
စက်ရေတွင်း တစ်တွင်းကို လေအားဖြင့်စတင်ဆေးကြောမည်ဆိုပါက ရှေးဦးစွာ ရေထွက်ပိုက်ကို ရေစစ်စကာ ပိုက်၏ အဆုံးသို့ မရောက်ခင် ၂ပေခန့်အကွာထိ ချပါ။ ထို့နောက်လေမှုတ်ပိုက်ကို ကနဦးချထားသော ရေပိုက်ထဲတွင် ပိုက်အလျားနှင့် တစ်ပေ နှစ်ပေခန့်လျှော့၍ချပြီး ဖြည်းညင်းစွာ လေမှုတ်စက်ဖြင့် မှုတ်ပေးပါ။ ထိုအခါ ရေတွင်းထဲမှ ရေနောက်များ ရေထွက်ပိုက်မှ ထွက်လာပါလိမ့်မည်။
ထွက်လာသောရေကို ကြည်သည်အထိလေဆက်မှုတ်ပေးပါ။ ရေကြည်သွားပါက မှုတ်စက်မှ လာသောလေပိုက်ကို ခေတ္တပိတ်ထားပါ။ လေမှုတ်စက်၏ လေအားကိုဖြည့်ရန်နှင့် တွင်းပြိုစေရန်ဖြစ်ပါသည်။ ထိုသို့လေပိုက်ပိတ်ထားစဉ် အဆိုပါ လေပိုက်ကိုတွင်းထဲသို့ ရေထွက်ပိုက်၏အောက် တစ်ပေနှစ်ပေခန့်ထိလျှော့ချကာလေပိုက်ကိုပြန်၍ဖွင့်ပေးပါ။ ထိုအခါ လေအချို့သည် စကာပေါက်ကို ဖြတ်၍ ရေအောင်းလွှာတွင်းသို့ ဝင်သွားသဖြင့် ရေအောင်းလွှာကို လေဖြင့် မွှေနှောက်ပေးသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ ထို့နောက် လေပိုက်ကို ရေပိုက်အတွင်းသို့ ပြန်လည်ဆွဲတင်ကာ မှုတ်ရိုးမှုတ်စဉ် အတိုင်းဆက်လက်မှုတ်ပေးပါ။ ဤလုပ်ငန်းကို ကြိမ်ဖန်များစွာ ဆောင်ရွက်ခြင်းဖြင့်စက်ရေတွင့်ကို ပြောင်စင်အောင်ဆေးကြောနိုင်ပါသည်။
တွင်းပေါက်ဖွင့်၍ လေဖြင့်ဆေးကြောနည်း နောက်တစ်နည်းရှိပါသေးသည်။ ထိုနည်းသည် ဖော်ပြခဲ့သောနည်းနှင့် လေပေးပုံခြင်းသာကွာပါသည်။ လုပ်ငန်းဆောင်ရွက်ပုံမှာ တူပြီး စက်ရေတွင်းထဲသို့လေပိုက်ချ၍ လေမှုတ်စက်ဖြင့်မှုတ်သော်လည်း ယခင်ကကဲ့သို့ တွင်း၏ထိပ်ဝမှရေထွက်လာသည်အထိ မမှုတ်သေးဘဲ ထွက်လာသောရေတွင်းအဝနားသို့ရောက်သောအခါလေမှုတ်ခြင်း လုပ်ငန်းကို ခေတ္တရပ်ထားခြင်းပင်ဖြစ်သည်။ ထိုကဲ့သို့ လေရပ်တန့်လိုက်ပါက လေ၏ တွန်းကန်အားကြောင့် ပိုက်လုံးတစ်လျှောက်တက်လာသောရေသည် လေရုတ်တရက် ဖြတ်တောက်လိုက်သောကြောင့် တွင်းထဲသို့ အရှိန်ဖြင့် ပြန်လည်စီးဝင်သွားပေမည်။ ထိုအခါ ရေအချို့သည် ရေစစ်စကာ ကိုဖြတ်၍ ရေအောင်းလွှာအတွင်းသို့ ပြန်လည်စီးဝင်သွားသဖြင့် ရေဖြင့်နောက်ပြန်ဆေးကြောမှုကို ခံရပေမည်။ အဆိုပါလုပ်ငန်းကို လေးငါးကြိမ်ခန့် ဆက်တိုက် ဆောင်ရွက်ပြီးမှ တွင်းထဲတွင် ဝင်ရောက်နေသော ရေနောက်များကို ကုန်စင်သည်အထိ ပထမနည်းအတိုင်း မှုတ်ထုတ်ပစ်ခြင်းပင်ဖြစ်သည်။
- တွင်းပေါက်ပိတ်၍ လေမှုတ် ဆေးကြောနည်း - ကို နောက် post တွင် ဆက်လက်ဖော်ပြသွားမည်ဖြစ်ပါသည်။
#မြေအောက်ရေ
Hydro Net Co.ltd
21/06/2020
စက်ရေတွင်းများကို ကျွန်ုပ်တို့ မြန်မာနိုင်ငံ၏ ဒေသ အနှံ့အပြားတွင် တူးဖော်နေကြပြီဖြစ်ကြောင်း ရှေ့တွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ၎င်းနှင့်ဆက်လျင်း၍ ဤ စက်ရေတွင်းဆေးကြောနည်းများကို မှီငြမ်းဖော်ပြအပ်ပါသည်။
လွန်တူးစက်ဖြင့်သော်လည်းကောင်း၊ လက်တူး နည်းစနစ်ဖြင့်သော်လည်းကောင်း၊ တူးဖော်၍ ပိုက်ချပြီး ချိန်တွင် ၎င်းစက်ရေတွင်းမှ သန့်ရှင်းသော ကြည်လင်သောရေကို များများရရှိနိုင်ရန်အတွက် တွင်းဆေးကြောခြင်း လုပ်ငန်းစဉ်ကို မလွဲမသွေ ဆောင်ရွက်ရပေလိမ့်မည်။ ထိုသို့ဆောင်ရွက်ရာတွင် အချိန်တိုတောင်းခြင်း၊ စနစ်မကျခြင်းနှင့် မှားယွင်းချွတ်ချော်မှုများရှိခဲ့ပါက ရေထွက်နည်းခြင်း၊ ရေနောက်ခြင်း သဲလိုက်များခြင်း နှင့် တွင်းသက်တမ်းတိုတောင်းခြင်းတိုကို ရင်ဆိုင်ရပေမည်။ စက်ရေတွင်းများကို ဆေးကြောရာတွင် လေဖြင့်သော်လည်းကောင်း၊ ရေဖြင့်သော်လည်းကောင်း၊ နှစ်မျိုးစလုံးဖြင့်သော်လည်းကောင်း ဆေးကြောကြသည်။
လေဖြင့်ဆေးကြောခြင်းလုပ်ငန်းစဉ်ကို ထပ်မံ၍ ၁။ သမာရိုးကျအားကောင်းသောလေမှုတ်စက်ဖြင့် မှုတ်၍ဆေးကြောခြင်း နှင့် ၂။ Surge Plunger ကို အသုံးပြု၍ လေမှုတ်ဆေးကြောခြင်းဟူ၍ နှစ်မျိုး ခွဲခြားထားပြီး ရေဖြင့်ဆေးကြောခြင်းလုပ်ငန်းကိုလည်း....
၁။ အင်အားကြီးရေစုပ်စက်ကိုအသုံးပြု၍
ရေစုပ်ထုတ်ဆေးကြောခြင်း
၂။ နောက်ပြန်ဆေးကြောခြင်း (ဝါ)
ရေကြည်ထိုးခြင်း နှင့်
၃။ အားကောင်းသောရေ၏ အလျင်ကို အသုံးပြု၍
ရေဂျက်ဖြင့်ဆေးကြောခြင်းဟူ၍ သုံးမျိုးသုံးစား
ထပ်မံခွဲခြားထားပါသည်။
အသေးစိပ် အချက်လက်များကို နောက်ပို့စ်များတွင် ထပ်မံဖော်ပြသွားမည်ဖြစ်သောကြောင့် မိတ်ဆွေတို့ အနေနှင့် Hydro Net Myanmar Page ကို Like လုပ်ထားရန်လိုအပ်ပေမည်။
စာတမ်းပြုစုသူ ဆရာများကို အစဉ်လေးစားလျက်...
#မြေအောက်ရေ
Hydro Net Co.ltd
- စက်ရေတွင်းတူးဖော်ရာတွင် ကျောက်စရစ်ရံလုပ်ငန်းဆောင်ရွက်ရန် လို/မလို ဆုံးဖြတ်ခြင်း -စက်ရေတွင်းတူးဖော်ရာတွင် အောက်ခံရေအောင...
20/06/2020
- စက်ရေတွင်းတူးဖော်ရာတွင် ကျောက်စရစ်ရံလုပ်ငန်းဆောင်ရွက်ရန် လို/မလို ဆုံးဖြတ်ခြင်း -
စက်ရေတွင်းတူးဖော်ရာတွင် အောက်ခံရေအောင်းလွှာ၏ လုံးစေ့အရွယ်သည် သေးလွန်းနေပါက သဲ့များ စကာပေညက်ကိုဖြတ်၍ လိုက်လာနိုင်သောကြောင့် ရေစစ်စကာပိုက် ပိတ်ဆို့မှုများ ဖြစ်တတ်သဖြင့် တွင်းထဲသို့သဲလိုက်နည်းနိုင်သမျှနည်းစေရန် ကျောက်စရစ်ရံလုပ်ငန်းကိုဆောင်ရွက်ရပေသည်။ အဆိုပါလုပ်ငန်း ဆောင်ရွက်ရန် လိုမလိုကို အောက်ပါ အချက်များအပေါ် အခြေခံ၍ ဆုံးဖြတ်ရသည်။
ရေအောင်းလွှာ၏ လုံးစေ့အရွယ် ၁၀%(D10) သည် (၀.၂၅) mm ထက်ကြီးနေပါက လုံးစေ့ရွယ် ၆၀%(D60) သည် (၀.၇၅) mm ထက်ကြီးပြီး၊ Cu = D60/D10 သည် ၃ထက်များနေပါက ကျောက်စရစ်ရံလုပ်ငန်းဆောင်ရွက်ရန် မလိုအပ်ပေ၊ သို့သော် ရေစစ်စကာ​ပေါက်ကို အနည်းဆုံး (၀.၇၅)mm ကျယ်အောင်ဖောက်ရပေလိမ့်မည်။ ထိုကဲ့သို့မဟုတ်ပါက ကျောက်စရစ်ရံလုပ်ငန်းကို မလွဲမသွေဆောင်ရွက်ရပေလိမ့်မည်။ လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုသင့်သော ကျောက်စရစ် အမျိုးအစားမှာ -
လုံးဝိုင်းချောမွေ့ပြီးသန့်ရှင်းသော ရွှံ့စေးနှင့်နှုန်းကင်းစင်သော၊ စီလီကာကျောက်စရစ်ဖြစ်ရမည်။
အရွယ်ပမာဏမှာ (၁၀)mm ထက်မကြီးစေရ၊ ဖြစ်နိုင်လျှင် (၂)mm နှင့် (၈)mm ကြားတွင်ရှိပါက ပိုသင့်လျော်ပါသည်။
ဖော်ပြပါကျောက်စရစ်အရည်အသွေးကို စနစ်တစ်ကျရွေးချယ်ပါကအောက်ပါ အခြေအနေနှင့် ကိုက်ညီအောင် ရွေးချယ်ရသည်။
ရေအောင်းလွှာ၏လုံးစေ့အရွယ် ၃%(D30) ၏ ၄ဆ နှင့် ၆ဆ ကိုအခြေခံပြီး (Cu = ၂.၅) ရအောင် ရေအောင်းလွှာ၏ လုံးစေ့အရွယ် ပျံနှံ့ပုံမျဉ်းကွေး (Grain size distribution curve of aquifer) နှင့်အပြိုင်ချောမွေ့ပြေပြစ်သော မျဉ်းကွေးနှစ်ကြောင်းရေးဆွဲပါ။ ကာရံမည့် ကျောက်စရစ်၏ လုံးစေ့အရွယ် ပျံ့နှံ့ပုံမျဉ်းကွေးသည် အထက်တွင်ရေးဆွဲထားသော မျဉ်းကွေးနှစ်ကြောင်း၏ ကြားတွင်ရှိရမည်ဖြစ်ပြီး Cu သည် (၂.၅) နှင့်အထက်တွင်ရှိရပါမည်။ စကာပေါက်အရွယ်အစားသည် ကာရံထားသောကျောက်စရစ်၏ လုံးစေ့ရွယ် ၁၀%(D10)နှင့်ညီအောင် ဖောက်ရမည်။ အလွယ်တကူနားလည်နိုင်ရန်အတွက် လုံးစေ့အရွယ်ပျံ့နှံ့ပုံ မျဉ်းကွေးနမူနာ ပုံကို ဖော်ပြအပ်ပါသည်။
လူကြီးမင်းတို့၏ ဗဟုသုတနှင့် လုပ်ငန်းဆောင်တာများ အဆင်ပြေချောမွေ့စေရန်အလို့ငှါ စက်ရေတွင်းတူး​ဖော်ရာတွင် ကျောက်စရစ်ရံလုပ်ငန်း ဆောင်ရွက်ရန် လို/မလို ဆုံးဖြတ်ခြင်းကို ဤမျှ မှီငြမ်းဖော်ပြအပ်ပါသည်။ စာတမ်းပြုစုသူ ဆရာများကိုလဲ အစဉ်လေးစားလျက်...။
Hydro Net Co.ltd
- စက်ရေတွင်းတူးဖော်ခြင်း -ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် စက်ရေတွင်းများတူးဖော်ကာ ရေကို စုပ်တင်/မှုတ်တင် ၍ အသုံးပြုနေကြသည်...
18/06/2020
- စက်ရေတွင်းတူးဖော်ခြင်း -
ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် စက်ရေတွင်းများတူးဖော်ကာ ရေကို စုပ်တင်/မှုတ်တင် ၍ အသုံးပြုနေကြသည်မှာ ကာလအတန်ကြာနေပြီဖြစ်သောကြောင့် စက်ရေတွင်းတူးဖော်ရေးလုပ်ငန်းများတွင် အတော်အတန် ကျွမ်းကျင်နေကြပြီဖြစ်သည်။ ကျွမ်းကျင်မှုအလျောက် ထိရောက်သော အံဝင်ခွင်ကျဒီဇိုင်းပုံစံထုတ်၍ ဆောင်ရွက်ကြရန်လဲလိုအပ်ပေသည်။ အောက်ခံရေအောင်းလွှာ၏ အခြေအနေနှင့်လိုက်လျောညီထွေရှိသော အံဝင်ခွင်ကျဖြစ်သော ဒီဇိုင်းပုံစံရေးဆွဲကာ စနစ်တစ်ကျ တူးဖော်ဆေးကျောလျှင် -
၁။ ငွေကုန်ကြေးကျသက်သာခြင်း
၂။ ရေထွက်အားကောင်းခြင်း
၃။ ရေချိုရေကောင်းရရှိခြင်းနှင့်
၎။ တာရှည်ခိုင်ခံ့ခြင်း
အစရှိသော ကောင်ကျိုးများ ခံစားရနိုင်သည်။
စက်ရေတွင်းတူးဖော်ရာတွင် အောက်ခံရေအောင်းလွှာ၏ လုံးစေ့အရွယ် ပျံ့နှံ့မှု (grain size distribution) ကို စနစ်တစ်ကြ စကာချ၍ တိုင်းတာမှုများဆောင်ရွက်ရန်လိုအပ်သည်။ လုပ်ဆောင်ရမည့်လုပ်ငန်းမှာ လုံးစေ့အရွယ် စကာချစစ်ဆေးခြင်းများဆောင်ရွက်ပြီး ထိုလုံးစေ့အရွယ်နှင့်ချိန်၍ ရေစစ်စကာ ပေါက်ဖောက်ရပါမည်။ လိုအပ်ပါက ကျောက်စရစ်ရံလုပ်ငန်းများပင် ဆောင်ရွက်ရပါလိမ့်မည်။ သို့မှသာ အောက်ခံရေအောင်းလွှာနှင့် အံဝင်ခွင်ကျဖြစ်သော ဒီဇိုင်းပုံစံကို ထုတ်လုပ်နိုင်ပေလိမ့်မည်။ ကျောက်စရစ်ရံလုပ်ငန်းတွင်အသုံးပြုသော ကျောက်စရစ်ကိုလည်း အဆိုပါ လုံးစေ့ရွယ် နှင့်ချိန်၍ရွေးရပါသည်။
စက်ရေတွင်းများနှင့်ပါတ်သက်သော အခြေခံ အချက်အလက်များနှင့် အခေါ်အဝေါ်များကို မိတ်ဆွေတို့ အလွယ်တကူ မြင်သာစေရန် ဖော်ပြအပ်ပါသည်။
Hydro Net Co.ltd
လူကြီးမင်းတို့၏ နေအိမ်များ၊ ကျောင်းဝန်းများ၊ အလုပ်ရုံများ၊ လုပ်ငန်းဆောင်တာ နေရာများအတွက် မြေအောက်ရေချို တူးဖော်အသုံးပြုရ...
15/06/2020
လူကြီးမင်းတို့၏ နေအိမ်များ၊ ကျောင်းဝန်းများ၊ အလုပ်ရုံများ၊ လုပ်ငန်းဆောင်တာ နေရာများအတွက် မြေအောက်ရေချို တူးဖော်အသုံးပြုရန် လိုအပ်လာတဲ့အခါ ဝါရင့်မြေအောက်ရေ တူးဖော်ရေးသမားများ၊ အရည်အသွေးကောင်းမွန်သော မြေအောက်ရေတူးဖော်ရေးစက် တို့ကို စနစ်ကျနစွာ အသုံးပြုထားသော လူကြီးမင်းတို့ရဲ့ Hydro Net Myanmar ကို ဆက်သွယ်လိုက်ပါ။
- ရေသန့်ရှင်းဖို့ အရေးကြီးတယ် -
Tube Well Drilling,
Mini Bored Pile Drilling and Water Supply
Engineering Group
Contact imfo:
Mdy; Ph 09 - 201 6913, 09 - 402 666 800
Gmail - [email protected]
YGN; Ph 09 - 515 9917, 09 - 448 034 883
Gmail - [email protected]
#မြေအောက်ရေတူးဖော်ရေးလုပ်ငန်းစု
Hydro Net Co.ltd
- ရေပေးဝေရေးစနစ် ဘယ်လိုပေါ်ပေါက်လာသလဲ -လူတို့သည် သဘာဝသတ္တလောက၌ ရပ်တည်နိုင်ရေးအတွက် အစားအစာ၊ နေထိုင်စရာ၊ လေ၊ ရေ စသည်တို့သည်...
13/06/2020
- ရေပေးဝေရေးစနစ် ဘယ်လိုပေါ်ပေါက်လာသလဲ -
လူတို့သည် သဘာဝသတ္တလောက၌ ရပ်တည်နိုင်ရေးအတွက် အစားအစာ၊ နေထိုင်စရာ၊ လေ၊ ရေ စသည်တို့သည် မရှိမဖြစ် လိုအပ်သော ရုပ်ဝတ္ထများဖြစ်​ကြောင်း မိတ်ဆွေတို့ သိရှိပြီးဖြစ်ပါသည်။ ၎င်းတို့အနက်ရေသည် အဓိကအကျဆုံးသော လိုအပ်ချက်ဖြစ်သည်။ အစား အစာ၊ အာဟာရများထဲ၌ ရေပါဝင်သည်မှ စ၍ စွန့်ပစ်သည်အထိ ရေ၏ အသုံးဝင်မှုသည် မရှိမဖြစ် ကဏ္ဍမှ ပါဝင်နေပေသည်။
ရှေးအကျဆုံး ရေရယူပုံမှာ သဘာဝမှ ရယူခြင်း နှင့် တီထွင်ဖန်တီး၍ရယူခြင်းတို့ ဖြစ်သည်။ သဘာဝမှ ရယူပုံမှာ မြစ်ချောင်း၊ အင်းအိုင်တို့မှသယ်ယူခြင်းဖြစ်သည်။ ထို့ကြောင့်ရှေးအခါက မြို့ကြီးများကို မြစ်ချောင်းများနဘေး၌တည်ထားခဲ့ကြသည်ကို မြင်တွေ့နိုင်ပါသည်။ တီထွင်ဖန်တီး၍ ရယူခြင်းမှာ ရေကန်များတူဖော်၍ ရေရယူခြင်းဖြစ်သည်။ ရှေးအခါက ရေသုံးစွဲမှု ဓလေ့အရ သဘာဝနည်းဖြင့်ဖြစ်စေ၊ တီထွင်ဖန်တီးမှုအရဖြစ်စေ ရယူနိုင်ခဲ့သောရေမှာ လုံလောက်မှုရှိခဲ့ပေသည်။ သို့ရာတွင် ယခုခေတ်အခါ လူဦးရေတိုးပွားလာခြင်း၊ မြို့ပြနေရာ ကျယ်ပြန့်လာခြင်းတို့ကြောင့် သုံးစွဲရန် ရေလုံလောက်မှု၊ ရေသယ်ယူမှုများ ခက်ခဲလာခဲ့သည်။ ထို့ကြောင့် လူတို့ တီထွင်ကြံဆမှုများဖြင့် ရေမြောင်းများ၊ မြေအောက်ရေမြောင်းများ၊ ပိုက်ဆက်သွယ်တန်းမှုများ ဖြစ်ပေါ်လာရသည်။ ရေအရင်းအမြစ်သည် နိမ့်သောနေရာတွင်ရှိနေပါက ရေကိုအမြင့်သို့တင်ရန် လိုအပ်လာသည်။ ထို့အကြောင်းကြောင့် ရေစုပ်စက်၊ ရေတင်စက် များတီထွင်လာကြရပြန်သည်။ လူနေမှု စနစ်မြင့်မားလာ၍ စက်ရုံများ၊ အလုပ်ရုံများ ပေါ်ပေါက်လာသောအခါ ရေလိုအပ်မှုသည် အလွန်များပြားလာပြန်သည်။ ရေသိုလှောင်ရန်လိုအပ်လာတော့သည်။ ထိုအခါ မြေအောက်ရေလှောင်ကန်များ၊ ရေစင်မြင့်များဖြစ်ပေါ်လာရသည်။
လူတို့အတွက် ရေပေးဝေးရေးစနစ် အဆင့်ဆင့်ပေါ်ပေါက်လာပုံကို ဤမျှ မှီငြမ်းတင်ပြအပ်ပါသည်။ မှီငြမ်းရာစာကိုးကား ဆောင်းပါးပြုစုသူ ဆရာများကို ဂါရဝထားလျက်...။
Hydro Net Co.ltd
Photo from Google.
- မြေအောက်ရေပြန်လည်ဖြည့်တင်းခြင်း -မြေအောက်ရေသည် သတ္တလောက တစ်ခုလုံးအတွက် တန်ဖိုးမဖြတ်နိုင်​သော သဘာဝအရင်းအမြစ်ဖြစ်ကြောင်း ...
12/06/2020
- မြေအောက်ရေပြန်လည်ဖြည့်တင်းခြင်း -
မြေအောက်ရေသည် သတ္တလောက တစ်ခုလုံးအတွက် တန်ဖိုးမဖြတ်နိုင်​သော သဘာဝအရင်းအမြစ်ဖြစ်ကြောင်း မိတ်ဆွေတို့ အတော်အတန် သိပြီးလောက်ပြီဖြစ်ပါသည်။ ကျွန်ုပ်တို့ ကိုယ်ကျိုးအတွက် မြေအောက်ရေ ထုတ်ယူသုံးစွဲခြင်းကြောင့် ရေရှည်တွင် မြေအောက်ရေပမာဏ လျော့နည်းခြင်းကို ခံစားရနိုင်သည်။ ယနေ့ခေတ်တွင် မြေအောက်ရေ လျော့နည်းလာခြင်းကို ကမ္ဘာ့နေရာ အနှံ့အပြားတွင် ကြုံတွေ့နေကြရသည်။ ထို့အကြောင့်ပင် ကျွန်ုပ်တို့သည် မြေအောက်ရေလျှော့နည်းလာခြင်း ဖြစ်စဉ်ကို သတိထား ကာကွယ်ရန် လိုအပ်ပါသည်။
မြေအောက်ရေသည် မိုးရွာခြင်း ဆီးနှင်းကျခြင်းတို့မှလည်းကောင်း ​မြစ်၊ ချောင်း၊ အင်၊ အိုင် စသည့် ​မြေပေါ် ရေကြောများမှ လည်းကောင်း ​အလိုလျောက် ပြန်လည်ဖြည့်တင်းနိုင်သည်။ သို့ရာတွင် လူတို့၏ ဖွံ့ဖြိုးတိုးတက်ရေလုပ်ငန်းဆောင်တာများ ဖြစ်ကြသော လမ်းခင်းခြင်း၊ တိုက်တာများဆောက်လုပ်ခြင်း၊ သစ်ထုတ်လုပ်ခြင်း အစရှိသော လုပ်ငန်းများကြောင့် မြေအောက်ရေ ပြန်လည်ဖြည့်တင်းခြင် ကို နှောင့်နှေးစေသည်။ ထိုလုပ်ငန်းဆောင်တာများသည် အပေါ်ယံမြေဆီမှ ရေစိမ့်ဝင်ခြင်းကို ပိတ်ပင် လျော့နည်းစေသည်။ ထို့ပြင် ကျွန်ုပ်တို့သည် ရေကို သတိမမူမိပဲ အလွန်ကျွံသုံးစွဲမိခြင်းဖြင့်လည်း မြေအောက်ရေကို တန်ဖိုးမဲ့ ဆုံးရှုံးကြရသည်။
ဥပမာ - ရေပိုက်ကို သေချာစွာ မပိတ်ခြင်း၊ မလိုအပ်ဘဲ အိမ်ရှေ့ ကွန်ကရစ်ကြမ်းခင်းခြင်း၊ အိမ်တွင်း အလှပန်းပင်များ စိုက်ခြင်း အစရှိသည်။
ရေကို အသုံးပြုပြီး ရေပိုက်ခေါင်း ပိတ်ရာတွင် ရေစက်များ ကျမကျ မစစ်ဆေးပဲ ချန်ခဲ့ခြင်းက ရေကိုအလွန်အကျွံ ဆုံးရှုံးရနိုင်သည်။ မလိုအပ်ဘဲ အိမ်ရှေ့ ကွန်ကရစ်ခင်းခြင်းသည် မြေဆီမှ ရေစိမ့်ဝင်ရန်အတွက် မြေဆီနေရာ အလဟသ ဆုံးရှုံးရနိုင်သည်။ အိမ်တွင် ပန်းပင်နှင့် အခြားအပင်များကို အလှစိုက်ပျိုးခြင်းထက် ကျွန်ုပ်တို့ ပါတ်ဝန်းကျင်ရှိ သဘာဝပေါက်ပင်များနှင့် မြက်များကို ရှင်သန်စေခြင်းက မြေသြဇာများကြွေးခြင်း ရေလောင်းခြင်းများ မပြုလုပ်ရဘဲ ကျွန်ုတို့အိမ် ပတ်ဝန်းကျင်ကိုသာယာလှပစေသည်းအပြင် ရေအလွန်အကျွံ သုံးစွဲမိခြင်းမှလဲ ဝေးနိုင်ပါသည်။
မြေအောက်ရေ ပြန်လည်ဖြည့်တင်းခြင်း ဖြစ်စဉ်ကို အထောက်အကူပြုရန် အလို့ငှါ ဤမျှအကျဉ်းချုံး ဖော်ပြအပ်ပါသည်။
Hydro Net Co.ltd
Photo from Google.
- မြေအောက်ရေ နှင့် စက်ရေတွင်း တူးဖော်ခြင်း သမိုင်း -ကျွန်ုပ်တို့ နေထိုင်ရာ ကမ္ဘာမြေသည် မည်မျှပင် ရေပမာဏ ပေါများသည် ဆိုစေက...
11/06/2020
- မြေအောက်ရေ နှင့်
စက်ရေတွင်း တူးဖော်ခြင်း သမိုင်း -
ကျွန်ုပ်တို့ နေထိုင်ရာ ကမ္ဘာမြေသည် မည်မျှပင် ရေပမာဏ ပေါများသည် ဆိုစေကာမူ ရေပမာဏ၏ ၂% (၁.၄ ဘီလီယံကုဗကီလိုမီတာ) မျှသာ ရေချိုဖြစ်ပြီး ၎င်းပမာဏထဲမှ (၂၀၀၀ ကုဗကီလိုမီတာ) ခန့်သာ လက်လှမ်းမှီ ထုတ်ယူ သုံးစွဲနိုင်သော အခြေအနေတွင်ရှိသည်။ ရေကို နည်းမျိုးစုံဖြင့် ရှာဖွေ သုံးစွဲကရာတွင် တစ်ကမ္ဘာလုံး၌ တစ်နေ့လျှင် လူဦးရေငါးသောင်းခန့်သည် မသန့်ရှင်းသောရေ (ကျန်းမာရေးနှင့် မညီညွှတ်သောရေ) ကို သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသောရောဂါပိုးများဖြင့်သေဆုံးနေရကြောင်းလေ့လာသိရှိရပါသည်။ ကမ္ဘာမြေကြီ၏ အနက်ပိုင်းတွင်ရှိသော မြေအောက်ရေသည် ရောဂါပိုးမွှားများကင်စင်နိုင်သဖြင့် စက်ရေတွင်းတူးဖော် ထုတ်ယူ သုံးစွဲမှုသည် ရောဂါကင်းနိုင်မည် (ကျန်းမာရေးနှင့်ညီညွှတ်မည်) ဟုဆိုရပေမည်။ သို့ရာတွင် မြေအောက်ရေသည် အောက်ခံ မြေလွှာကျောက်လွှာ အမျိုးမျိုးတို့ကိုဖြတ်သန်းစီးဆင်းခိုအောင်းနေသောကြောင့် ရေတွင်ပျော်ဝင်နိုင်သော ဓာတ်ဆားများပါဝင်နေတတ်ပါသည်။
ခရစ်တော်မပေါ်မီ နှစ်ပေါင်း (၂၁၀၀) ခန့်ကတည်းက အီဂျစ်ပြည်တွင် မြေအောက်ရေတွင်း ၁၄ တွင်းခန့် တူးဖော်၍ ထုတ်ယူ သုံးစွဲခဲ့ကြောင်း မှတ်တမ်းများရှိခဲ့သည်။ သို့သော် စက်ရေတွင်းကိုမူ သက္ကရာဇ် ၁၁၂၆ ခုနှစ်တွင် ပြင်သစ်ပြည် Artois ဒေသ၌ အောင်မြင်စွာ တူးဖော်ခဲ့သဖြင့် ထို Artois ဒေသကို အစွဲပြု၍ စက်ရေတွင်းကို Artesian Well ဟု ခေါ်တွင်သွားသည်။ ၁၈၅၇ နှစ်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်၌ တူးဖော်ပြီးစီးခဲ့သော အချင်း ၂၈ လက်မ နှင့် အနက် ၁၉၂၃ ပေရှိ (Passy) စက်ရေတွင်းသည် နေ့စဉ် ရေဂါလန် ငါးဆယ့် ငါးသိန်း ရှစ်သောင်း ထွက်ရှိကြောင်း သိရပါသည်...။
မြေအောက်ရေနှင့် စက်ရေတွင်း သမိုင်းကို ဗဟုသုတ ရရန်အလို့ငှါ ဤမျှ မှီငြမ်းဖော်ပြအပ်ပါသည်... မှီငြမ်းအပ်သော ဆရာများ စာတမ်းပြုစုသူများကို ဂါရဝပြုအပ်ပါသည်။
Hydro Net Co.ltd
Photo from Google.
Address
Mandalay
Website
Alerts
Be the first to know and let us send you an email when Hydro Net Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Share