ღ𝖎𝖓𝖎 𝓟𝖆𝖗𝖆ᵭ𝖎𝖘𝖊

  • Home
  • Myanmar
  • Mandalay
  • ღ𝖎𝖓𝖎 𝓟𝖆𝖗𝖆ᵭ𝖎𝖘𝖊

ღ𝖎𝖓𝖎 𝓟𝖆𝖗𝖆ᵭ𝖎𝖘𝖊 Mini Plant Lovers' Paradise

Crassula Capitella Succulents (Red Pagoda)❤❤❤❤❤❤❤❤ အပင်လေးတွေက နာမည်အတိုင်း ဘုရားစေတီပုံစံလိုဖြစ်နေပါတယ်။ Succulents အပင...
25/02/2022

Crassula Capitella Succulents (Red Pagoda)
❤❤❤❤❤❤❤❤

အပင်လေးတွေက နာမည်အတိုင်း ဘုရားစေတီပုံစံလိုဖြစ်နေပါတယ်။ Succulents အပင်တွေကြားမှာလည်း ဆွဲဆောင်မှုရှိတဲ့အပင်အမျိုးအစားလေးဖြစ်ပါတယ်။ Crassula Capitella Succulentsဆိုပေမယ့် အပင်patternပုံစံကွဲလေးများလည်း ရှိပါသေးတယ်။

Red flames, Red Pagoda, Campfire Plantဆိုပြီးအမည်လေးတွေနဲ့လည်းခေါ်ကြပါသေးတယ်။

အပင်ပုံစံမှာ စေတီလို အထပ်လိုက်အလွှာလေးတွေဖြစ်ပြီး နေရောင်ခြည်ကောင်းစွာရရှိပါက တောက်ပသော အနီရောင်ဖြစ်ပေါ်တတ်ပါတယ်။ ပန်းပွင့်ရာသီကတော့ နွေရာသီဖြစ်ပြီး ပန်းအရောင်ကတော့ အဖြူရောင်လေးတွေဖြစ်ပါတယ်။ မူရင်းပေါက်ရောက်ရာဒေသကတော့ တောင်အာဖရိကဖြစ်ပါတယ်။

Sedeveria 'Markus'🥑🥑🥑🥑🥑🥑🥑🥑 Sedeveria 'Markus'ကတော့ Sedumနဲ့ Echeveriaမျိုးနွယ်ရဲ့ Hybrid(မျိုးစပ်) မျိုးပဲဖြစ်ပါတယ်။ အရွ...
25/02/2022

Sedeveria 'Markus'
🥑🥑🥑🥑🥑🥑🥑🥑

Sedeveria 'Markus'ကတော့ Sedumနဲ့ Echeveriaမျိုးနွယ်ရဲ့ Hybrid(မျိုးစပ်) မျိုးပဲဖြစ်ပါတယ်။ အရွက်များသည် ရှည်လျားသော သော့သဏ္ဌာန်ရှိပြီး အရှေ့ဘက်သို့ ခပ်စောင်းစောင်းလေးဖြစ်နေတတ်ပါတယ်။ အရွက်မျက်နှာပြင်ရှေ့ဘက်သည် ချော့မွေ့ပြီး၊ နောက်ဖက်တွက် ဖောင်းကားနေတတ်သည်။ အရောင်အများစုမှာ အစိမ်းရောင်၊ အဝါမှလိမ္မော်ရောင်၊ပန်းရောင်စသဖြင့်ရှိတတ်သည်။ နေရောင်ခြည်ရရှိမှုပေါ်မူတည်ပြီး နီမြန်းတတ်သည်။

Sedum rubrotinctum 'Aurora'🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒Crassulaceaeလို့ခေါ်တဲ့အပင်မျိုးရင်းစုထဲပါဝင်ပြီး Sedumအမျိုးအစားဝင်ဖြစ်ပါတယ်။  Je...
18/02/2022

Sedum rubrotinctum 'Aurora'
🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒

Crassulaceaeလို့ခေါ်တဲ့အပင်မျိုးရင်းစုထဲပါဝင်ပြီး Sedumအမျိုးအစားဝင်ဖြစ်ပါတယ်။

Jelly Bean Plant, Aurora Sedum, Pink Jelly Beanဆိုပြီးလည်း ခေါ်ဆိုကြပါသေးတယ်။

အပင်ပုံစံမှာ ပြွန်ပုံသဏ္ဌာန် ရှည်လုံးလုံး အရွက်များရှိပြီး အရွက်တွေမှာ နေရောင်ရရှိမှုပေါ်မူတည်၍ ပန်းရောင်(သို့)အနီရောင်သမ်းနေတတ်ပါတယ်။ အပွင့်ပုံစံမှာ ကြယ်ပုံသဏ္ဌာန်ရှိနဲ့ အဝါရောင်အပွင့်လေးတွေစုပြုံနေတတ်ပြီး နွေအခါမှာ ပွင့်တတ်ပါတယ်။

Sedum pachyphyllum Rose🤚🏻✋🏻🤚🏻✋🏻🤚🏻✋🏻🤚🏻✋🏻🤚🏻✋🏻🤚🏻✋🏻🤚🏻✋🏻🤚🏻✋🏻 Crassulaceaeလို့ခေါ်တဲ့အပင်မျိုးရင်းစုထဲပါဝင်ပြီး Sedumအမျိုးအစာ...
18/02/2022

Sedum pachyphyllum Rose
🤚🏻✋🏻🤚🏻✋🏻🤚🏻✋🏻🤚🏻✋🏻🤚🏻✋🏻🤚🏻✋🏻🤚🏻✋🏻🤚🏻✋🏻

Crassulaceaeလို့ခေါ်တဲ့အပင်မျိုးရင်းစုထဲပါဝင်ပြီး Sedumအမျိုးအစားဝင်ဖြစ်ပါတယ်။

Jelly Bean Plant, Blue Jelly Bean, Many Fingers, Stonecropဆိုပြီးလည်း ခေါ်ဆိုကြပါသေးတယ်။

အပင်ပုံစံမှာ ပြွန်ပုံသဏ္ဌာန် ရှည်မြောမြောအရွက်များရှိပြီး အရွက်ထိပ်လေးတွေမှာ နေရောင်ရရှိမှုပေါ်မူတည်၍ အဝါရောင်(သို့)အနီရောင်သမ်းနေတတ်ပါတယ်။ အပွင့်ပုံစံမှာ ကြယ်ပုံသဏ္ဌာန်ရှိပြီး အဝါရောင်အပွင့်လေးတွေစုပြုံပြီး နွေအခါမှာ ပွင့်တတ်ပါတယ်။

Sedum adolphi Firestorm 🔥🔥🔥🔥🔥🔥🔥🔥     "Firestorm Succulent"လို့လည်း ခေါ်ဆိုကြသည်။ နေရောင်ကောင်းကောင်းရရှိမှု သို့မဟုတ် အေ...
04/02/2022

Sedum adolphi Firestorm
🔥🔥🔥🔥🔥🔥🔥🔥
"Firestorm Succulent"လို့လည်း ခေါ်ဆိုကြသည်။

နေရောင်ကောင်းကောင်းရရှိမှု သို့မဟုတ် အေးမြသောအချိန်များတွင် အရွက်ဘေးပတ်လည်တွင် အနီရောင်အနားသတ်များဖြင့် ရွှေအိုရောင်ဘက်သမ်းနေတတ်သည်။ ဒါ့ကြောင့် "Golden Sedum"ဟူ၍လည်း လူသိများသည်။ ပုံမှန်အလင်းရောင်ကောင်းကောင်းရရှိချိန်တွင်မူ စိမ်းဝါရောင်ဘက်သမ်းနေတတ်ကြသည်။

နွေဦးရာသီတွင် ကြယ်ပုံသဏ္ဍာန် အဖြူရောင် သို့ နို့နှစ်ရောင် ပန်းပွင့်များပွင့်တတ်ပြီး စိမ်းဝါရောင်အရွက် နှင့် မီးတောက်နေသော အနားသတ်များကို ပြောင်မြောက်စွာ ခြားနားလှပစေသည်။ အကြမ်းခံသောအပင်များဖြစ်ပြီး သဲမြေများတွင် ပေါက်ရောက်သည်။

Sedum🌺🌺🌺🌺🌺🌺🌺🌺           Sedumသည် ယေဘုယျအားဖြင့် "stonecrops" ဟုခေါ်သော အပင်မျိုးကွဲဖြစ်သည့် "Crassculaceae"မျိုးရင်းအုပ်...
04/02/2022

Sedum
🌺🌺🌺🌺🌺🌺🌺🌺
Sedumသည် ယေဘုယျအားဖြင့် "stonecrops" ဟုခေါ်သော အပင်မျိုးကွဲဖြစ်သည့် "Crassculaceae"မျိုးရင်းအုပ်စုရဲ့ ကြီးမားသောမျိုးစုဖြစ်သည်။ မျိုးစိတ် 600 အထိပါ၀င်သောမျိုးစိတ်အဖြစ်ဖော်ပြခဲ့ပြီးနောက်ပိုင်းတွင် 400 မှ 500 သို့လျှော့ချခဲ့သည်။ အပင်များတွင် ရေသိုလှောင်ထားသော အရွက်များရှိသည်။ ပန်းပွင့်များတွင် များသောအားဖြင့် ပွင့်ဖက်ငါးချပ်ပါရှိပြီး တစ်ခါတစ်ရံ လေးချပ် သို့မဟုတ် ခြောက်ချပ်သာရှိသည်။

Credit Photo

Succulents 🌵🌿🌵🌿🌵🌿🌵🌿🌵🌿🌵🌿🌵🌿🌵 အရည်ရွှမ်းသော၊ရေသိုလှောင်ရန် ထူထဲသော တစ်ရှူးများရှိသော မည်သည့်အပင်မဆို Succulents ပင်များလို့...
04/02/2022

Succulents
🌵🌿🌵🌿🌵🌿🌵🌿🌵🌿🌵🌿🌵🌿🌵
အရည်ရွှမ်းသော၊ရေသိုလှောင်ရန် ထူထဲသော တစ်ရှူးများရှိသော မည်သည့်အပင်မဆို Succulents ပင်များလို့ခေါ်ဆိုလို့ရပါတယ် ။ အရည်ရွှမ်းသော Succulents အပင်အချို့သည် (ဥပမာ cacti)အရွက်မရှိသော သို့မဟုတ် အလွန်သေးငယ်သောအရွက်များရှိသည့်ပင်စည်တွင်သာ ရေသိုလှောင်ထားပြီး၊
(ဥပမာ agaves)အရွက်များတွင်သာ ရေကို အဓိကထားသိုလှောင်ပါသည်။ အရည်ရွှမ်းပင်အများစုသည် နက်ရှိုင်းသော သို့မဟုတ် ကျယ်ပြန့်သော အမြစ်စနစ်များရှိပြီး သဲကန္တာရ သို့မဟုတ် Semi-dryရာသီရှိသော ဒေသများတွင် မွေးဖွားကြသည်။

Succulents အပင်များသည် အပင်မျိုးစိတ် 60 ကျော်တွင် တွေ့ရလေ့ရှိပြီး ၄င်းတို့ထဲတွင် Aizoaceae ၊ Cactaceae နှင့် Crassulaceae ဟုခေါ်သည် အပင်မျိုးအုပ်စုများလည်းပါဝင်ကြသည်။

Succulents အပင်များသည် သဘာဝအလျောက်ပေါက်ရောက်တတ်သောအပင်မျိုးစိတ်များဖြစ်ပြီး ခက်ခဲကြမ်းတမ်းသော သဲကန္တာရ၊ ကျောက်တောင်များတွင်တောင် ပေါက်ရောက်လေ့ရှိသည်။

Credit Photo

Crasscula ovata "Ogre's Ears" or Gollum Jade👂🏻👂🏻👂🏻👂🏻👂🏻👂🏻👂🏻👂🏻👂🏻👂🏻👂🏻👂🏻👂🏻👂🏻👂🏻👂🏻👂🏻
02/02/2022

Crasscula ovata "Ogre's Ears" or Gollum Jade
👂🏻👂🏻👂🏻👂🏻👂🏻👂🏻👂🏻👂🏻👂🏻👂🏻👂🏻👂🏻👂🏻👂🏻👂🏻👂🏻👂🏻

Ogre's Ears Succulents or Gollum Jade Crasscula 👂👂👂👂👂👂👂👂 Succulents မျိုးနွယ်ဝင်ဖြစ်ပြီး Jade Plants အုပ်စုမှာလည်းပါဝင်ပ...
02/02/2022

Ogre's Ears Succulents or Gollum Jade Crasscula
👂👂👂👂👂👂👂👂
Succulents မျိုးနွယ်ဝင်ဖြစ်ပြီး Jade Plants အုပ်စုမှာလည်းပါဝင်ပါတယ်။

အပင်ရဲ့ပုံသဏ္ဌာန်ကတော့ ပုလွေ သို့ ပြွန်ပုံစံရှည်မျောမျော အရွက်လေးများရှိပြီး တောက်ပတဲ့ အစိမ်းရောင်ရှိပါတယ်။ အအေးဒဏ်ကြောင့်သော်လည်းကောင်း နေရောင်ချည်ရရှိမှုပေါ်မူတည်၍သော်လည်းကောင်း အရွက်ထိပ်ဖျားလေးများ နီမြန်းမြန်း ဖြစ်နေတတ်ပါတယ်။ အဖြူရောင်ကြယ်ပုံသဏ္ဌာန် အပွင့်လေးများပွင့်တတ်ပြီး အစုလိုက်လေးတွေ ပွင့်လေ့ရှိပါတယ်။

အပင်ရဲ့အရွက်သည် "Swamp Ogre"လို့ခေါ်တဲ့ ဘီလူးလေးရဲ့နားရွက်နဲ့ဆင်တူသောကြောင့် "Ogre's Ears"လို့ခေါ်ဆိုကြခြင်းဖြစ်ပါတယ်။ Swamp ogreဇာတ်ကောင်လေးကို အစွဲပြုပြီးလည်း Shrek's earလို့လည်းခေါ်ကြသေးတယ်။
'Crassula'အရည်ရွမ်းသောအပင်မျိုးစိတ်၂၀၀မှာပါဝင်တဲ့ Crasscula Ovata "Ogre's Ears"က စိုက်ပျိုးပြုစုရလွယ်ကူပြီး အကြမ်းခံတဲ့Succulentsအမျိုးအစားဖြစ်တဲ့အတွက် Indoor plantအနေနဲ့လည်း စိုက်ပျိုးကြပါတယ်။


(Swamp ogreဇာတ်ကောင်လေးဖြစ်တဲ့ Shrek ogreပုံလေးနဲ့ အပင်ရဲ့ပန်းပုံလေးကို commentမှာ တင်ပေးထားပါတယ်ဗျ။)

💖💖💖💖💖💖💖💖လူတစ်ယောက်ကို ချစ်မယ်ဆိုရင်အဲဒိလူရဲ့ အတိတ်ကို လက်ခံနိုင်မှ ချစ်ပါတဲ့။အတိတ်မှာ သူဘာပဲဖြစ်ခဲ့ဖြစ်ခဲ့မင်းသူ့အပေါ် တ...
08/01/2022

💖💖💖💖💖💖💖💖
လူတစ်ယောက်ကို ချစ်မယ်ဆိုရင်
အဲဒိလူရဲ့ အတိတ်ကို လက်ခံနိုင်မှ ချစ်ပါတဲ့။
အတိတ်မှာ သူဘာပဲဖြစ်ခဲ့ဖြစ်ခဲ့
မင်းသူ့အပေါ် တန်ဖိုးထားရင်
မင်းအတွတ် တန်ဖိုးရှိနေမှာပဲ...။
(Lin Nyo Thway)

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when ღ𝖎𝖓𝖎 𝓟𝖆𝖗𝖆ᵭ𝖎𝖘𝖊 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category