29/01/2026
နေအိမ်၊ ရုံးခန်းတစ်ခုမှာရှိတဲ့ နံရံသားကို မှန်သားမျက်နှာပြင်လို ပြောင်ချောနေအောင် ပြုလုပ်တဲ့နေရာမှာ
ဆေးအကောင်းစားကြီးတွေသုတ်တာထက် မျက်နှာပြင် ပြင်ဆင်မှု အဆင့်တွေအပေါ်မှာ (၈၀) ရာခိုင်နှုန်းလောက် မူတည်ပါတယ်။
ဒီနေရာမှာ ဆေးသုတ်ဆရာကြီးတွေ သုံးနေကြဖြစ်တဲ့ နည်းလမ်းများကို ပြောပြပေးလိုပါတယ်ခင်ဗျာ။
၁။ နံရံသား အချောကိုင်ပတ်တီးရိုက်ခြင်း။
အခြေခံအားဖြင့်တော့ နံရံသား ချောမွေ့ဖို့ရာအတွက် ဒီအဆင့်မှ စတင်လုပ်ဆောင်ရပါမယ်နော်။
၂။ ကော်ပတ်စားခြင်း။
ဒီအဆင့်ကတဆင့် နံရံသား မျက်နှာပြင်မှာ အဖုအထစ်လေးတွေ ရှိမရှိကို အလွယ်တကူ သိနိုင်မှာဖြစ်ပြီး ချောမွေ့မှုမရှိနေရင်တော့ ပြန်လည်ကော်ပတ်စား ပေးရပါမယ်နော်။
၃။ ဖုန်မုန့်များ သန့်စင်ခြင်း။
ကော်ပတ်စားပြီးတဲ့နောက် ထွက်လာတဲ့ ဖုန်မှုန့်လေးတွေဟာ ဆေးသုတ်တဲ့အခါ အဖုအထစ်တွေ ဖြစ်စေပါတယ်။ ဒါကြောင့်မို့ ဖုန်မှုန့်များကို အကုန်စင်အောင် သုတ်ပေးဖို့လည်း လိုအပ်ပါတယ်။
၄။ Primer (ခံဆေး) အသုံးပြုခြင်း။
ခံဆေးဟာ နံရံနဲ့ ဆေးသားကို တစ်သားတည်း ဖြစ်စေပါတယ်။ ခံဆေးကောင်းမှ အပေါ်ဆေး သုတ်တဲ့အခါ အစင်းကြောင်းတွေ မထင်မှာ ဖြစ်တဲ့အတွက် ခံဆေးကလည်း မဖြစ်မနေ သုံးပေးဖို့ လိုအပ်ပါတယ်။
၅။ ဆေးသုတ်ကိရိယာများ အသုံးပြုခြင်း။
မှန်ပြင်လိုချောချင်တဲ့အခါ အမွေးပွတဲ့ Roller တွေအစား အကောင်းဆုံး နည်းလမ်းဖြစ်တဲ့ ဆေးဖြန်းစက် နဲ့ ဖြန်းပြီး အသုံးပြုခြင်းပါပဲ။
၆။ ဆေးအမျိုးအစား ရွေးချယ်ခြင်း။
ချောမွေ့ပြောင်လက်မှုကို လိုချင်တဲ့အတွက် High-Gloss, Semi-Gloss အမျိုးအစား ဆေးတွေကို ရွေးချယ် သုံးပေးရပါမယ်။
ဆေးသား ထူထူထဲထဲနဲ့ ချောမွတ်တဲ့ Finish ကို ပေးနိုင်တာဆိုရင်တော့ အဆင့်မြင့် Acrylic ဆေးတွေက အသင့်တော်ဆုံးပါနော်။
နံရံကို မှန်သားပြင်လို ဖြစ်အောင် လုပ်တာဟာ အချိန်ပေးရပြီး စိတ်ရှည်ဖို့ လိုပါတယ်။ အထူးသဖြင့် ကော်ပတ်စားတဲ့ အဆင့်နေရာမှာ စိတ်ကြိုက်ချောမွေ့ထားမှသာ ဆေးသုတ်တဲ့အခါ ရလဒ်ကောင်းရရှိစေမှာ ဖြစ်ပါတယ်။
အခုပြောပြခဲ့တဲ့ နည်းစနစ်တွေအတိုင်း အသုံးပြုမယ်ဆိုရင်တော့ မိတ်ဆွေအနေနဲ့ မှန်သားမျက်နှာပြင်လိုမျိုး ချောမွေ့တဲ့နံရံသားကို ရရှိပိုင်ဆိုင်နိုင်မှာ အသေအချာပါပဲနော်။
နေအိမ်သုတ်ဆေးနှင့် ပတ်သက်ပြီး သိလိုသမျှအကြောင်းအရာများအား ကျနော်တို့ 🌈 𝑹𝒂𝒊𝒏𝒃𝒐𝒘 𝑯𝒐𝒖𝒔𝒆 မှာ (အခမဲ့) ဆက်သွယ်မေးမြန်းနိုင်ပါပြီ။
🌈 𝑹𝒂𝒊𝒏𝒃𝒐𝒘 𝑯𝒐𝒖𝒔𝒆 - နေအိမ်သုတ်ဆေးအရောင်းဆိုင်
📲 Ph - 09 772 125 252 / 09 787 522 238
📌 အမှတ် - နန (၉/၄၄) ၆၁အေ၊ ၁၃၂.၁၃၃ လမ်းကြား၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။
#ရေဆေး #ဆီဆေး #ဗြုပ်ဆေး #ရေလုံဆေး