10/04/2026
#စီးပွားဖြစ်ဆူးပုတ်စိုက်ပျိုးနည်း
တောရောမြို့ပါကြိုက်နှစ်သက်တာကြောင့်မို့ နေရာတိုင်းလိုလိုမှာ ဈေးကွက်ရှိတဲ့ ဟင်းရွက်တမျိုးဖြစ်ပါတယ်။ ပဲဟင်းထဲ ခတ်သောက်တာ၊ သီးသန့်ကြော်စားတာ ကြက်ဥနဲ့ ရောကြော်စားသောက်တတ်ကြတာကြောင့် ဈေးကွက်ကကျယ်ပြန့်လာပြီး စီးပွားဖြစ်စိုက်ပျိုးလာသူတွေလည်း များလာပါတယ်။
ဆူးပုပ်မှာလည်း ဆူးပုတ်ကလေးမျိုးနှင့် ဆူးပုပ်ကြီးမျိုးဆိုပြီး နှစ်မျိုးခွဲခြားထားပါတယ်။
(၁) ဆူးပုပ်ကလေးမျိုး🌲🌲🌲🌲
အရွက်အရွယ်အစားရော အပင်အရွယ်အစားပါ သေးငယ်ပြီး အရွက်အနံ့မှာလည်း ဆူးပုပ်ကြီးလောက် မပြင်းပါ။ မြန်မာနိုင်ငံမှာတော့ ဆူးပုပ်ကလေးကို မြေလတ်ဒေသ(မကွေး၊ ကျောက်ပန်းတောင်း)တို့တွင် အစိုက်များသည်။ ထိုဒေသများတွင် ဆူးပုပ်ကြီးထက် ဆူးပုပ်ကလေးကို ပို၍အသုံးများပါတယ်။
၁။ ရေမြေ ရာသီဥတု
-----------------
ဆူးပုပ်သည် တောင်ပေါ်မြေပြန့်မရွေး ဖြစ်ထွန်းသဖြင့် ရာသီဥတုမရွေးသော အပင်ဖြစ်သည်။ ဆူးပုပ်သည် ရေဝပ်သည့် စိမ့်စွဲမြေမျိုးကို အနှစ်သက်ပါပြီး မြေစေး၊ စနယ်မြေစေးကိုလည်း အနှစ်သက်ပါတယ်။ ဂဝံမြေ၊ သဲမြေ၊ ကျောက်စရစ် အနည်းငယ်ခံသောမြေတို့တွင် အပေါ်ယံမြေသား ထူကကောင်းပါသည်။ ရေနှုတ်အားကောင်းသော မြေမျိုးဖြစ်ရပါမည်။
စိုက်ခင်းသည် မြေရိုင်းဖြစ်ပါက မိုးမကျမှီ သစ်ငတ်တူးခြင်း ပြုလုပ်ရပါသည်။ မိုးကျလျှင် ထယ်တစ်လွှာဝင်ပြီး ထွန်မွှေ၁၍ မြေညှိပြီး စိုက်မြောင်းများကို ပေ(၄၀)အရှည် မြောင်းများအဖြစ် ဆွဲပေးထားရပါမည်။
၂။ စိုက်ခင်းမြေပြုပြင်ခြင်း
--------------------------
ဆူးပုပ်စိုက်ခင်း ပြုလုပ်မည့်နေရာသည် မြေရိုင်းဖြစ်ပါက မိုးမကျမီ သစ်ငုတ်တူးခြင်း၊ သစ်ငုတ်များပြောင်အောင် ကောက်ခြင်းများ ပြုလုပ်ရပါမည်။ မိုးကျပြီးနောက် ထယ်ဝင်၍ရသည်နှင့် ထယ်တစ်လွှာထိုး၊ ထွန်မွှေပြီး မြေကိုပြန်ညှိထားရပါသည်။
စိုက်မြောင်းများဆွဲရာတွင် ၁၀ လံ( ၄၀ ပေ)မြောင်းများ ဆွဲလေ့ရှိသည်။ စိုက်မြောင်းများကို တောင်နှင့်မြောက် ဆွဲလေ့ရှိသည်။
၃။ စိုက်ပျိုးခြင်း
--------------
စိုက်မြောင်းများတွင် အနက်(၈)လက်မခန့ျနှင့ျ အကျယ်(၄-၆)လက်မခန့ျ ကျင်းကလေးများ တူးရသည်။ ကျင်းတစ်ခုနှင့်တစ်ခုကို အနည်းဆုံး (၆)ပေစီခြား၍ တူးရသည်။ မြေထုပ်စည်းပင်ကို ကျင်းထဲတွင် (၄)လက်မမွှုပျ၍ စိုက်ရသည်။
စိုက်ရာတွင် အပင်ကိုထောင်မတ်နေအောင် စိုက်ပြီး မြေပြန်ဖုံးရသည်။ထို့နောက် အပင်ခြေရင်း ရေမဝပ်စေရန်အတွက် (၆)လက်မ အမြင့် ဦးချွန်မြေပုံကလေးကို အပင်ခြေရင်းတွင် ပြုလုပ်ပြီး မြေမဟာစေရန် ဖိသိပ်ပေးရသည်။
၄။ မြေသြဇာကျွေးခြင်း
----------------------
စိုက်ပြီး(၁၁)ရက်ခန့်တွင် (၁၀)လံမြောင်းတစ်မြောင်းကို နွားချေး( ၁ - ၆ )တောင်းအထိထည့်သည်။ နွားချေး မြေသြဇာထည့်ပြီး ရေဝအောင်လောင်းပေးရသည်။ မြေထုပ်စီးပင် စိုက်ပြီး (၆)လလောက်အကြာတွင် အပင်မှ အတက်ကြီးများထွက်ပေါ်လာပါလိမ့်မည်။ ထိုအတက်ကြီးများကို(၁)ပေခန့်မြင့်လာလျှင် ဖြတ်ပေးရသည်။ယင်းအတက်များမှ အညွန့်အသစ်များလိုက်လာလျှင် အောက်ဆုံးအတက်ကို ချန်၍ ခူးယူစားသုံးနိုင်သည်။
ဆူးပုတ်ပင်သည် ကိုင်းချိုင်ခြင်းကို မနှစ်သက်သဖြင့် ကိုင်းခြောက်များကိုသာ ဖယ်ရှားပေးသင့်ပါသည်။ကိုင်းဖြတ်များပါက အပင်သေသည်အထိ ဖြစ်နိုင်သည်။ မြေသြဇာအတွက် (၁၀)လံမြောင်းတစ်မြောင်းကို တင်းတောင်းဖြင့် နွားချေး(၆)တောင်းခန့် ကျွေးရသည်။ အညွန့်များများထွက်စေချင်ရင် မြေသြဇာနဲ့ ရေကို ပုံမှန်ပေးဖို့တော့ အရေးကြီးပါတယ်။
၅။ ဆွတ်ခူးခြင်းနှင့် အထွက်
---------------------------
စိုက်ပျိုးပြီး ၆လခန့် အကြာမှာ ကိုင်းမကြီးများမှ ထွက်လာသော အညွန့်များကို အောက်ဆုံးအခက်တခု ချန်၍ခူးနိုင်ပါသည်။ အညွန့်ခူးခြင်းကို (၁)ရက်ခူး (၃)ရက်အနားပေး စနစ်ဖြင့် ဆောင်ရွက်နိုင်ပါသည်။ စိုက်ဧကနည်းရင် သုံးလေးရက်ြခြား တခါဖြတ်လို့ရပါတယ်။ အပင်သက်တမ်း (၂၅)နှစ်ကျော်လာရင်တော့ အပင်အိုပြီး အထွက်နှုန်းနည်းတတ်လို့ တခြားအပင်သစ်နဲ့ လဲလှယ်စိုက်ပျိုးပေးသင့်ပါသည်။
တစ်ဧက တစ်ကြိမ်ခူးလျှင် တစ်စည်း(၂-၃)ညွန့်ပါအစည်းပေါင်း (၄၀၀ ခန့် ရသည်။ ဖေဖေါ်ဝါရီလမှ ဇွန်လအတွင်းခူးရာတွင် တစ်ဧက တစ်ကြိမ်ခူးလျှင် အစည်း(၁၀၀၀-၁၅၀၀)အထိ ထွက်သည်။ နောက်ပိုင်းတွင် တစ်ဧကတစ်ကြိမ်ခူးလျှင် အစည်း(၅၀၀၀)ခန့် အထိထွက်နိုင်သည်။
ဆူးပုတ်ကြီးပျိုးပင် ၁ပင် ၈၀၀ ကျပ်နဲ့ (အနဲဆုံး အပင်၁၀၀) အော်ဒါလက်ခံပျိုးပေးနေပါပြီ
Ph or viber 09 254 341 598
#သူ့ထက်အောင်ပျိုးဥယျာဉ်
ပြင်ဦးလွင်မြို့နယ် နောင်လှိုင်အုပ်စု ပါအယ် ကျေးရွာ
ပြင်ဦးလွင်-လားရှိုးလမ်း မိုင်တိုင်၅၀အနီး
ဒီဇင်ဘာခြံမှ ၁၅မိနစ်