Novatek

Call Directions Website Contact the business

Novatek Architectural Design Consultant/
Design & Engineering Vocational School, Mandalay
09 2016484, 09 798727272

Architectural Design Consultant
Design & Engineering Vocational School, Mandalay
092016484, 09798 727272

နိုဝင်ဘာလမှာ ဖွင့်လှစ်မည့် Job Skillset သင်တန်းများ အချိန်ညှိနှိုင်း တက်ရောက်နိုင်ပါပြီ Novatek Design+ Training Service...
30/10/2026

နိုဝင်ဘာလမှာ ဖွင့်လှစ်မည့် Job Skillset သင်တန်းများ
အချိန်ညှိနှိုင်း တက်ရောက်နိုင်ပါပြီ
Novatek Design+ Training Services
Novatek Building
65A St, bet 34 St & 35 Streets, Mandalay
Hotline: 092016484 (Viber)
09798727272 (Telegram )

Sketch book ထားခြင်းက ဒီဇိုင်းသင်ယူခြင်းမှာ ဘယ်လို အရေးပါသလဲ ?  Drawing ပုံဆွဲသင်ခြင်းက..ပန်းချီ ပန်းပု ဒီဇိုင်း ဖက်ရှင်...
24/10/2026

Sketch book ထားခြင်းက ဒီဇိုင်းသင်ယူခြင်းမှာ ဘယ်လို အရေးပါသလဲ ?
Drawing ပုံဆွဲသင်ခြင်းက..ပန်းချီ ပန်းပု ဒီဇိုင်း ဖက်ရှင် ဂရပ်ဖစ် နဲ့ ဗိသုကာ တို့ကို ဆက်လက်လေ့လာတတ်အောင် စကားပြောသင်ခြင်းနဲ့ အတူတူပဲ ဖြစ်ပါတယ်။
Living space တွေကို ဒီဇိုင်းလုပ်ချင်တဲ့ကျောင်းသားတွေအတွက်..ကမ္ဘာ့တလွှားက ကိုယိပိုင်စတိုင်နဲ့ vernacular အိမ်လေးတွေကို လေ့လာကူးဆွဲစေခြင်းက လူနေမှု နဲ့ အိမ်တွေ အကြောင်းကို..မြင်တတ်အောင်
သင်ယူစေခြင်းနဲ့အတူတူပဲ ဖြစ်ပါတယ်။

ဒီဇိုင်းတစ်ခု မြေပြင် ပေါ်ကို ရောက်လာဖို့ sketch တခုကနေ အစပြု တတ်တာcreative industry က
လူတွေ အသိဆုံးဖြစ်ပါတယ်။ ဒါ့ကြောင့် ကျောင်းသားတွေကို အပတ်စဥ် sketch diary ဆွဲပီးတင်ခိုင်းပါတယ်။
ဆွဲရမယ့် topic တွေ အိမ်ရဲ့ကာရိုက်တာ အင်္ဂါရပ်တွေကို လေ့လာတတ်ဖို့ ကိုတော့ ဆရာဦးအောင်ဇော်မင်းက လမ်းညွှန်ပေးထားပီး ဆွဲတတ်ခဲ့သူရော ခုမှ ပုံဆွဲစသင်မယ့်သူကိုပါ..လိုင်း တ ‌ေကြာင်းချင်းကစ.. ပြန်လည်သင်ကြားပေးတဲ့သူက တော့ မန္တလေးပန်းချီပန်းပုကျောင်းက ကျောင်းအုပ်ကြီး ပန်းချီဆရာကြီး ဦးစိုးဝင်းအောင် ဖြစ်ပါတယ်။

Sketch book တွေ က နောက်ပိုင်း creative လုပ်ရမယ့်အရာ တွေအတွက် နဲ့ designer personality ရရှိဖို့ အတွက် အလေ့အထတွေ ကုန်ကြမ်းတွေဖြစ်ပါတယ်။

သူတို့ကြိုးစားမှုကို...အသိအမှတ်ပြုတဲ့အနေနဲ့ အပတ်စဥ်ရေးဆွဲ ပြသခဲ့တဲ့ထဲက ..စာမျက်နှာတချို့ကို
ပြန်လည် မျှဝေလိုက်ပါတယ်။
Novatek Design School
မန္တလေးမြို့။

၃ ရက်စာ  Project Management Class လာတက်သူ တွေ ကို သင်ပေးတဲ့  topics တွေအပေါ် နားလည်မှု အသုံးချစဥ်းစားနိုင်မှု ရှိမရှိ As...
22/10/2026

၃ ရက်စာ Project Management Class လာတက်သူ တွေ ကို
သင်ပေးတဲ့ topics တွေအပေါ် နားလည်မှု အသုံးချစဥ်းစားနိုင်မှု ရှိမရှိ Assessment ပြန်လုပ်တာက Serious ဖြစ်တယ်လို့ ထင်ရပေမယ့် သင်ကြားမှုထိ ရောက် စေချင်တဲ့ Quality Focus တစ်ခု အနေနဲ့ ပြုလုပ်ဖြစ်ပါတယ်။

မနက်ဖြန် ကနေ ၃ရက် ဆက်တိုက် မနက် ၁၀-၁၂မှာ ကျောင်းသားဟောင်းတွေကို Project Management သင်ပေးဖို့ စီစဥ်ရင်း vacant seats ၈ ခ...
18/10/2026

မနက်ဖြန် ကနေ ၃ရက် ဆက်တိုက် မနက် ၁၀-၁၂မှာ ကျောင်းသားဟောင်းတွေကို Project Management သင်ပေးဖို့ စီစဥ်ရင်း vacant seats ၈ ခုံ ရှိနေလို့ စိတ်ဝင်စားလို့ တက်ရောက်ချင်တယ်ဆိုရင် သင်တန်းကြေး ပေးစရာမလိုဘဲ နံက် ၉ နာရီနောက် ဆုံး နာမည် Occupation စတာ
message ပို့ပြီး confirm လုပ် join နိုင်ပါတယ် ။
​(နည်းနည်းတော့ နောက်ကျနေပြီဖြစ်ပေမဲ့ မူရင်း Concept က လူတိုင်းအတွက် အသုံးတည့်ပါတယ်..သင်ဖြစ်တာကတော့ Design နဲ့ ဆောက်လုပ်ရေး Project ရုံးတွေမှာ လုပ်နေတဲ့သူတွေ Project Management skill တက်အောင် ကူညီပေးဖို့ ရည်ရွယ်ပါတယ် )

Design School ရဲ့ ပထမရက် ၃၀ အတွင်း ကျောင်းသားတွေရဲ့ Learning Progress တစ်ခုပါ။ ကျွန်တော်တို့ Design Education မှာ Drawin...
11/10/2026

Design School ရဲ့ ပထမရက် ၃၀ အတွင်း ကျောင်းသားတွေ
ရဲ့ Learning Progress တစ်ခုပါ။ ကျွန်တော်တို့ Design Education မှာ Drawing Skills တွေကို သီးသန့်သင်ကြားရုံမဟုတ်ဘဲ Architectural Knowledge နဲ့ Design Thinking ကိုပါ ချိတ်ဆက်သင်ကြားဖို့ အလေးထားပါတယ်။

ဒီလေ့ကျင့်ခန်းမှာ ကျောင်းသားတွေကို 3D Modeling နာရီ ၂၀ ခန့် သင်ကြားပြီးနောက် Art History သင်ခန်းစာ ၂ ချိန်ကနေ Historical Architectural Styles တွေရဲ့ Characteristics တွေကို လေ့လာစေခဲ့ပါတယ်။

ထို့နောက် Floor Plan ၃၊ ၄ ခုထဲက မိမိနှစ်သက်ရာ Plan တစ်ခုကို ရွေးချယ်ပြီး လေ့လာထားတဲ့ Architectural Style နဲ့ ကိုက်ညီတဲ့ 3D House Model တစ်ခု ဖန်တီးစေခဲ့ပါတယ်။

ဒီလေ့ကျင့်ခန်းကနေ Queen Anne, Plantation, Gothic စတဲ့ Architectural Characters တွေနဲ့ ကျောင်းသားတွေရဲ့ 3D Models တွေ ထွက်ပေါ်လာခဲ့ပါတယ်။

နောက်ဆုံးမှာ မိမိတို့ ဖန်တီးထားတဲ့ Models တွေကို AI-assisted Visualization နဲ့ Presentation ပြန်လည်ပြုလုပ်စေခဲ့ပါတယ်။

Our Learning Objectives

• Historical Architectural Styles တွေရဲ့ အခြေခံ Characteristics တွေကို ခွဲခြားနားလည်နိုင်ရန်။

• ပေးထားတဲ့ Floor Plan တစ်ခုကနေ သတ်မှတ်ထားတဲ့ Architectural Character နဲ့ ကိုက်ညီတဲ့ 3D Form ကို ပြန်လည်ဖော်ထုတ်နိုင်ရန်။

• Architectural Knowledge, Modeling Skills နဲ့ AI Visualization ကို လက်တွေ့ချိတ်ဆက်အသုံးချနိုင်ရန်။

ဒီလေ့ကျင့်ခန်းရဲ့ အဓိကရည်ရွယ်ချက်က လှပတဲ့ 3D ပုံတွေ ထွက်လာဖို့တစ်ခုတည်း မဟုတ်ပါဘူး။

ဘာကို ဖန်တီးနေသလဲ၊ ဘာကြောင့် ဒီလိုဖန်တီးရသလဲဆိုတာ နားလည်ပြီး ဖန်တီးတတ်ဖို့ ဖြစ်ပါတယ်။

ပထမရက် ၃၀ အတွင်း ကျောင်းသားတွေဟာ ဒီအခြေခံ Learning Outcomes တွေကို စတင်ပြသနိုင်လာကြပါပြီ။ ဆက်လက်လေ့လာတိုးတက်ဖို့ အများကြီး ကျန်ရှိနေသေးပေမယ့် ဒါဟာ အားရစရာ Learning Progress တစ်ခုဖြစ်ပါတယ်။

AI က Modeling နဲ့ Visualization လုပ်ငန်းစဉ်တွေကို ပိုမိုလွယ်ကူမြန်ဆန်စေနိုင်တဲ့ခေတ်မှာ ကျွန်တော်တို့ရဲ့ Teaching Approach ကတော့

Understand the Architecture.
Develop the Skills.
Apply the Technology.

AI ကို အသုံးချတတ်ရုံသာမက Architectural Knowledge နဲ့ Design Decisions တွေကို နားလည်ပြီး ဖန်တီးနိုင်တဲ့ Designers တွေ ဖြစ်လာစေဖို့ပါပဲ။

Student Works | First 30 Days | Architectural History × 3D Modeling × AI Visualization

⛑️Construction & Interior Estimates သင်ရိုး Outline များ ကြေညာခြင်း⛑️Construction Estimates: ( 40 hours)Estimate မိတ်ဆက်...
10/10/2026

⛑️Construction & Interior Estimates သင်ရိုး Outline များ ကြေညာခြင်း

⛑️Construction Estimates: ( 40 hours)
Estimate မိတ်ဆက် နှင့် အသေးစိတ်တိုင်းတာခြင်း
Builder Estimate နှင့် Bill of Quantity
Abstract of cost (Material + labor)
Material only တွက်ချက်ခြင်း
Labor only တွက်ချက်ခြင်း
RCနှင့် Steel Structure အဆောက်အဦ များ တွက်ချက်ခြင်း ၊ ခေါင် မိုးများ တွက်ချက်ခြင်း
Summary of cost
PAE

⛑️Interior Fit-out Estimates : ( 40 hours)
Estimate မိတ်ဆက် (Quotation Vs Estimates Vs BQ )
အသေးစိတ်တိုင်းတာခြင်း
Finishing Vs Structural Vs Decorative Materials များ ခွဲခြားတွက်ခြင်း
လေဘာခတွက်ချက်ခြင်း (Daily Vs Per Job) Vs Sub Com Rate
မမြင်နိုင်သော hidden Costs များ
Interior Session လုပ်ငန်းခွဲများ
Risk Management
How to write professional quotation
Renovtion ပ‌ရောဂျက် ငယ်တစ်ခု တွက်ချက် ပြင်ဆင်ခြင်း
Apartment Interior တစ်ခုကို တွက်ချက် ပြင်ဆင်ခြင်း

⛑️Novatek Design+ Training Services
65A st, Bet 34 & 35 Streets, Mandalay.
092016484
09798727272

အခက်အခဲလေးတွေကြောင့် နှစ်အတန်ကြာရပ်ထားတဲ့ Estimates သင်တန်းတွေ ပြန်ဖွင့်တော့မည်။ပြန်မိတ်ဆက်ရရင်  တီချယ် သဲဇင်ပြုံးက Stru...
04/10/2026

အခက်အခဲလေးတွေကြောင့် နှစ်အတန်ကြာရပ်ထားတဲ့ Estimates သင်တန်းတွေ ပြန်ဖွင့်တော့မည်။
ပြန်မိတ်ဆက်ရရင်
တီချယ် သဲဇင်ပြုံးက Structure Design နဲ့ Quantity Surveying ကို တွက်ချက် လုပ်ကိုင်ပေးနေတဲ့ Summit Engineering Group က Civil Engineer တဦး ဖြစ်ပါတယ်။
သက်ဆိုင်ရာ structure & architectural drawing တွေပေါ် မှာ ကြည့်ပီး MS excel နဲ့ BQ -QS Steel Structure RCC structure စတာတွေကို တွက်ချက်တတ်အောင် သင်ကြားပေးမှာဖြစ်ပါတယ်။
တီချယ် ရွှေဇင်က တော့ Novatek ရဲ့ Project Management Section ဘက် မှာ ၅ နှစ်ကြာ တာဝန်ယူလုပ်ကိုင်နေသူ LCCI level 3 နဲ့ Project Management Diploma ရရှိထားတဲ့ Mechatronic engineer ဘွဲ့ ရ
တဦး ဖြစ်ပါတယ် ။ အကြမ်းထည် အပီး ဆက်ဝင်ရတဲ့ Interior ပဲဖြစ်ဖြစ်
ပြန်ပြင်ရတဲ့ Interior ပဲဖြစ်ဖြစ် Cost Estimates တွက် အောင် တွက်ချက်နိုင်ဖို့ သင်ကြားပေးမှာဖြစ်ပါတယ်။

ဘယ်သူတွေ တက်သင့်သလဲ
ဆောက်လုပ်ရေး ဆိုက်မှာ Structure & Archi drawing တွေ နဲ့ estimate တွက် ပေးဖို့ လို တဲ့ အင်ဂျင်နီယာတွေ
Design ဆွဲတတ်ပီး လုပ်ငန်းခွင်မှာ Estimate ပါ လိုအပ်လာတဲ့ ဒီဇိုင်းနာ တွေ
Decoration လုပ်ငန်းတွေမှာ Estimate တွက်ပေးသူ အဖြစ် အလုပ်လုပ်မယ့် သူတွေ
ဆောက်လုပ်ရေး လုပ်ငန်းသစ် ပိုင်ရှင်တွေ တက်ရောက်သင့် ပါတယ်။

BQ-QS အင်ဂျင်နီယာ တယောက် ပြောဖူးတဲ့ စကားရှိပါတယ်။

Estimate သမားလောက် drawing ကို သေချာ စေ.စပ် ကြည့်ရတာ Estimate သမားပဲ ရှိပါတယ်တဲ့
လုပ်ကွက်.. ပစ္စည်း အလေအလွင့် ဟာကွက် ပိုကွက် လိုကွက် တွေ ကို drawing ကနေ ပစ္စည်းစာရင်း ငွေစာရင်း ဖြစ်အောင် ပြောင်းပေးရတာပါတဲ့
နောက်တခု က အချိန်နဲ့ အလေအလွင့်ပါပဲတဲ့

ဆောက်လုပ်ရေး နဲ့ အိမ်တွင်းအလှဆင်လုပ်ငန်းတိုင်းမှာ မရှိမဖြစ် မသိမဖြစ် skill တစ်ခု ဆိုရင်လည်း မမှားပါဘူး

သင်ရိုးအသေးစိတ်ကိုတော့ နောက်ပိုစ့် မှာ ဆက်ကြေညာပါ့မယ်။

Novatek Design+ Training
Mandalay

Design School က အခြေခံပညာကျောင်းလည်း မဟုတ်သလို..တက္ကသိုလ် ဘွဲ့ ကြို သင်တန်းလည်း မဟုတ်ပါဘူး။  ဒီဇိုင်းဆွဲတဲ့  လုပ်ငန်းခွင...
02/10/2026

Design School က အခြေခံပညာကျောင်းလည်း မဟုတ်သလို..တက္ကသိုလ် ဘွဲ့ ကြို သင်တန်းလည်း မဟုတ်ပါဘူး။
ဒီဇိုင်းဆွဲတဲ့ လုပ်ငန်းခွင် ဆီကို ဆက်သွားဖို့ နဲ့
ဒီဇိုင်းကျောင်းတွေကို ဆက်တက်မယ့် သူတွေ..အတွက် သင်ရိုးဖြစ်ပါတယ်။
ဒါ့ကြောင့် သင်ပီး ရပ်သွားမယ့်သူတွေထက်စာရင် ဆက်သွားမယ့် သူတွေအတွက်
အကျိုးရှိမယ့် သင်ရိုးဖြစ်ပါတယ်။

လာသင်တဲ့ ကျောင်းသားကို.. အပြင်လုပ်ငန်းခွင် ရဲ့ လုပ်ပုံလုပ်နည်း တွေ စိန်ခေါ် မှုတွေကို.. သိရှိဖို့
Novatek Design Team အပါအဝင် Field Professional တွေ ရဲ့ အတွေ့ အကြုံ တွေ နဲ့ ဖြည့်စွက် သင်ကြားပေးပါတယ်။
သက်ဆိုင်ရာ ပြည်တွင်းပြည်ပ တက္ကသိုလ် တွေက သင်ကြားရေး အတွေ့ အကြုံရှိ တဲ့ ဆရာတွေ
မာစတာပီးထားတဲ့ ဆရာတွေ ကလည်း တနှစ်စာ တတ်သွားသင့်တဲ့
အခြေခံ Baseline နဲ့ ကြည့်ရှု အကဲဖြတ်သင်ကြားပေးပါတယ်။ Accreditation ကိုသိ တဲ့ ဆရာတွေ
ပါဝင်ခြင်းက ကျောင်းသားတွေကို လုပ်ငန်းထောင်နိုင်ဖို့ထက်.... ဒီဇိုင်းနာလို့ Professional အလုပ်တစ်ခုရဲ့ မလျှော့ သင့်တဲ့ အတိုင်းအတာကို သိစေဖို့ ဖြစ်ပါတယ်။

အတန်းမှာ သေချာ လိုက်လုပ်ရင် ဒီField ထဲကို ဝင်လာမယ် ကျောင်းဆက်တက်မယ် ဆိုတဲ့ ရည်မှန်းချက် ရှိရင်.. တကယ်ရလိုက်မယ့် Universal ဖြစ်တဲ့ fundamentals တွေကို သင်ကြားတာမို့..Serious Program အနေနဲ့ follow လုပ်ရင်း အပြင်မှာ တကယ် ဖြစ် သွားတဲ့ ကျောင်းသားတွေ လည်း ရှိပါတယ်။ ပေါ့ ပေါ့ လေး နေခဲ့သူ
လမ်းမှာ Motivation ကျသွားသူ ကသာ.. မရလိုက်တာမျိုးပါ။
တနှစ်စာနဲ့ အချိန်ပေးရတာ Potential တွေံ ရခဲ့တဲ့ ကျောင်းသား ဟောင်းတွေကပဲ ဒီကျောင်းရဲ့ တန်ဖိုး ဖြစ်ပါတယ် လို့
အင်တိတ်သစ်..တက်ဖို့ စောင့်နေကြတဲ့ ကျောင်းသား အသစ်များကို အသိပေးလိုက်ရပါတယ်။

Novatek Design School
Novatek Design + Training Services
65ASt, bet 34 & 35 Streets
Mandalay

၂၀၁၀လောက်က ဖွင့်မယ့်သင်တန်းတွေကို ရတနာပုံ မန္တလေးနေ့စဥ် စတဲ့ သတင်းစာတွေကနေ ကြေညာရပါတယ်။ ဘယ်နှကော်လံ၊ ဘယ်နှလက်မဆိုပြီး သတ...
26/09/2026

၂၀၁၀လောက်က ဖွင့်မယ့်သင်တန်းတွေကို ရတနာပုံ မန္တလေးနေ့စဥ် စတဲ့ သတင်းစာတွေကနေ ကြေညာရပါတယ်။ ဘယ်နှကော်လံ၊ ဘယ်နှလက်မဆိုပြီး သတင်းစာတိုက် ကြော်ငြာဌာနမှာ နေရာကြိုဝယ်၊ အဖြူအမဲဒီဇိုင်းနဲ့ ထည့်ရပါတယ်။ တစ်ရက်နဲ့ လူမသိမှာစိုးရင် ၃-၄ ရက်ဆက်တိုက် ထည့်ကြော်ငြာရပါတယ်။
သင်တန်းတက်ချင်သူတွေကလည်း ကြိုးဖုန်းကနေ ဆက်သွယ်စာရင်းပေးကြပါတယ်။ အဲဒီတုန်းက NOVATEK ရဲ့ ဖုန်းနံပါတ်က 02 62452 ပါ။
နောက်ပိုင်း Social Media ခေတ်ရောက်လာတော့ ဖွင့်မယ့်အတန်းချိန်တွေကို Page ကနေ ကြေညာလာပြီး၊ သင်တန်းတက်သူတွေကလည်း လက်ကိုင်ဖုန်း Message တွေကနေ ဆက်သွယ်စာရင်းပေးလာကြပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၂၀–၂၀၂၆ ခုနှစ် ၇ နှစ်လောက်မှာ အရေးကြီးသတင်းတွေ၊ စိတ်ဖိစီးစရာသတင်းတွေကြားထဲ သင်တန်းကြော်ငြာတွေ ထပ်ပြီး မျက်စိနောက်စရာ မဖြစ်စေချင်တာကြောင့် Design School လို တစ်နှစ်သင်တန်းကလွဲရင် လစဉ်ဖွင့်နေတဲ့ အတန်းတွေကို ပုံမှန်မကြေညာဖြစ်ခဲ့ပါဘူး။ လာရောက်မေးမြန်းသူတွေရှိမှ လူစုစီစဉ်ပြီး အတန်းဖွင့်ပေးတာမျိုးနဲ့ပဲ ဆက်သွားခဲ့ပါတယ်။
ဒီနှစ်တွေကြားမှာ ပေါ်လာလိုက်၊ ပျောက်သွားလိုက်၊ ပိတ်လိုက်၊ ပြန်ဖွင့်လိုက်ဖြစ်ခဲ့တဲ့ သင်တန်းတွေလည်း အများကြီးရှိခဲ့ပါတယ်။
NOVATEK က ၁၆ နှစ်တာ ဆက်လက်ရပ်တည်နိုင်ခဲ့တာဟာ NOVATEK တစ်ခုတည်း ကောင်းလို့၊ တော်လို့ မဟုတ်ပါဘူး။
၁၆ နှစ်အတွင်း တက်ရောက်ခဲ့ကြတဲ့ သင်တန်းသားတွေရဲ့ တစ်ဆင့်အညွှန်း၊ သတင်းစကားတွေနဲ့ စေတနာ၊ အတွေ့အကြုံပေါင်းစပ်ပြီး လုပ်ငန်းခွင်ဝင်နိုင်အောင် ခေတ်နဲ့အညီ သင်ကြားပေးခဲ့ကြတဲ့ ဆရာ၊ ဆရာမတွေရဲ့ အားထုတ်မှုတွေကြောင့် သင်တန်းတစ်ခုအဖြစ် ပျောက်ကွယ်မသွားဘဲ ဒီနေ့အထိ ခရီးဆက်နိုင်ခဲ့တာပါ။
အဲဒီအတွက် ဆရာ၊ ဆရာမများ၊ သင်တန်းသားဟောင်း/သစ်များနဲ့ လုပ်ငန်းခွင်က မိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ပါတယ်။
အောက်တိုဘာလကစပြီး NOVATEK ရဲ့ လစဉ်ဖွင့်လှစ်မယ့် အတန်းချိန်တွေကို Page ကနေ ပုံမှန်ကြေညာပေးသွားပါမယ်။ ခုလို မကြေညာတာလည်း ၆နှစ် ၇ နှစ် ရှိခဲ့ပါပီ။
တက်ရောက်လိုသူတွေအနေနဲ့ လစဉ်အချိန်ဇယားကို ဝင်ကြည့်ရုံနဲ့ ကိုယ်တက်ချင်တဲ့ Course၊ နေ့ရက်၊ အချိန်ကို သိရှိပြီး ကြိုတင်စီစဉ်နိုင်မှာ ဖြစ်ပါတယ်။
October 2026 Upcoming Classes 👇

✨ ✨  AI နဲ့အတူ ဆက်လက်ရွေ့နေတဲ့ သင်ကြားမှု ✨ ပြီးခဲ့တဲ့လတွေက ကျောင်းသားတွေရဲ့ AI-assisted visualization လေ့ကျင့်မှုကနေ ထွ...
21/09/2026

✨ ✨ AI နဲ့အတူ ဆက်လက်ရွေ့နေတဲ့ သင်ကြားမှု

✨ ပြီးခဲ့တဲ့လတွေက ကျောင်းသားတွေရဲ့ AI-assisted visualization လေ့ကျင့်မှုကနေ ထွက်လာတဲ့ Result အချို့ကို ဒီ Post မှာ ပြန်မျှဝေထားပါတယ်။

AI က ရပ်မနေတော့ ပြီးခဲ့တဲ့လက သင်ခဲ့တာက ဒီနေ့မှာ နည်းနည်းဟောင်းသွားနိုင်ပါတယ်။

ပြီးခဲ့တဲ့ လအနည်းငယ်ကပဲ Novatek မှ ကျောင်းသားတွေကို သူတို့ကိုယ်တိုင်ဆွဲထားတဲ့ 3D Model တွေကို AI နဲ့ Visualize လုပ်ကြည့်ဖို့ Prompt ရေးနည်း course တခု ဖြည့် ပေးခဲ့ပါတယ်။

အဓိက ရည်ရွယ်ချက်က “AI နဲ့ ပုံကောင်းတစ်ပုံထုတ်တတ်ဖို့” တစ်ခုတည်း မဟုတ်ပါဘူး။

ကိုယ်ဆွဲထားတဲ့ Model ကို AI ကိုပြပြီး “ဒီ Design ကို ဘယ်လိုမြင်စေချင်လဲ?” “ဘယ်လို Material?” “ဘယ်လို Atmosphere?” ဆိုတဲ့ စဉ်းစားမှုတွေကို တစ်ခါတည်း စမ်းကြည့်နိုင်အောင်ပါ။
ဒါပေမယ့် ကျောင်းသားတွေကို အမြဲပြောဖြစ်တာတစ်ခုရှိပါတယ်။

✨ AI က ပုံအ ချော ပေး နိုင်တာနဲ့ Design ကို သိတာ မတူပါဘူး။
Modeling မမှန်ရင် AI ကလည်း မမှန်တဲ့အရာကိုသာ ပိုလှအောင် ပြပေးနိုင်ပါတယ်။
အချိုးမမှန်တာ၊ Scale မမှန်တာ၊ ဆောက်လို့မရတာ၊ Function မကိုက်တာတွေက Photorealistic ဖြစ်သွားတာနဲ့ ဒီဇိုင်း မှန်ကန်သွားတာ မဟုတ်ပါဘူး။

✨ ဒါကြောင့် Novatek ရဲ့ AI ပေါင်း စပ် လာတဲ့ training မှာ
AI Skill တစ်ခုတည်းထက် Design Skill + Modeling Skill + Visual Thinking + AI Tool ဒီလေးခုကို တွဲပြီးစဉ်းစားတတ်ဖို့ အလေးထားပါတယ်။

✨ပြီးတော့ စိတ်ဝင်စားစရာကောင်းတာက ဒီလို သင်နေတဲ့အချိန်မှာပဲ AI နဲ့ Design ရဲ့ ဆက်နွယ်မှုက ထပ်ပြီးမြန်ဆန်လာပါတယ်။
အရင်က AI ကို ကိုယ့် Model ရဲ့ Visualization အတွက် အသုံးချခဲ့ကြတယ်။
အခုတော့ AI က Modeling Process ထဲကိုပါ ဝင်လာနိုင်တဲ့ အဆင့် ကို ရောက်လာနေပါပြီ။

✨စာရေးပြီး VIZပုံထုတ်တာကနေ ကိုယ့် Model ကို ပြင်ဆင်တာ၊ Geometry ဖန်တီးတာ၊ Design Option တွေ စမ်းတာအထိ AI နဲ့ လူ ကြားက Interface က ပိုပြီး နီးလာနေပါတယ်။

ဒါက Designer တွေအတွက် “AI က အလုပ်ယူတော့မယ်” ဆိုတဲ့အကြောင်းထက် Designer တစ်ယောက်ရဲ့ အလုပ်လုပ်ပုံ Work Flow က ဘယ်လိုပြောင်းလဲသွားမလဲ ဆိုတာကို ပိုစဉ်းစားစရာဖြစ်လာပါတယ်။

လွန်ခဲ့တဲ့နှစ်တွေတုန်းက
Better Model → Better Render ဆိုတာ အရေးကြီးခဲ့တယ်။

✨ အခုတော့ Better Design Thinking → Better Model → Better AI Direction → Better Result ဆိုတဲ့ Workflow တစ်ခုဆီ ရွေ့လာနေသလိုပါပဲ။

ဒါကြောင့် AI ကို ကြောက်စရာ Tool တစ်ခုအနေနဲ့ မမြင်ဘဲ
ကိုယ့်ရဲ့ Design Ability ကို ပိုမြန်အောင်၊ ပိုကျယ်ပြန့် အောင် ကူညီပေးနိုင်တဲ့ Design Assistant တစ်ခုအနေနဲ့ အသုံးချဖို့ သင်ကြားနေပါတယ်။

ပုံတွေကိုကြည့်တဲ့အခါ AI က ဘယ်လောက်ကောင်းသလဲဆိုတာထက်

✨ ကျောင်းသားတစ်ယောက်ရဲ့ Idea ကို AI နဲ့ ဘယ်လို Visual ကောင်းအောင် ပြောင်းလဲလုပ်လာနိုင်သလဲ ဆိုတာကို ကြည့်ပေးစေချင်ပါတယ်။

ဒါကြောင့် Design Education ဆိုတာလည်း Tool တစ်ခုကို သင်ပြီးဆုံးသွားတာမဟုတ်ဘဲ
ပြောင်းလဲနေတဲ့ Tool တွေနဲ့အတူ စဉ်းစားတတ်အောင် သင်ပေးရတဲ့အရာ ဖြစ်လာနေပါတယ်။

Everybody is creative. လူတိုင်းက ပုံတွေ ထုတ်လာနိုင်ပါတယ်။

ဒါပေမယ့် Creative ဖြစ်တာကို Design ဖြစ်လာအောင် လေ့ကျင့်ဖို့တော့ လိုပါတယ်။

Address

65A Street, Between 34 X 35 Sts
Mandalay

Opening Hours

Monday 10:00 - 17:30
Tuesday 10:00 - 20:30
Wednesday 10:00 - 20:30
Thursday 10:00 - 20:30
Friday 10:00 - 20:30
Saturday 10:00 - 20:30
Sunday 10:00 - 20:30

Telephone

+9592016484

Alerts

Be the first to know and let us send you an email when Novatek posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Novatek:

Shortcuts

Share

Nearby home improvement businesses