ကိုကြီးကျော် ငွေထည်ဆိုင်

ကိုကြီးကျော် ငွေထည်ဆိုင် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ကိုကြီးကျော် ငွေထည်ဆိုင်, Mandalay.

ကဲ ကိုကြီးကျော်ပြောပြီညီဘွားတို့ကိုယ်ချစ်မြတ်နိုးရပါတယ်ဆိုတဲ့ကိုယ့်ရဲ့ soul mate လေးတွေအတွက်ဒါမျိုးလေးတွေကိုအမိုက်စားဒီဇ...
28/04/2026

ကဲ ကိုကြီးကျော်ပြောပြီ
ညီဘွားတို့
ကိုယ်ချစ်မြတ်နိုးရပါတယ်ဆိုတဲ့
ကိုယ့်ရဲ့ soul mate လေးတွေအတွက်
ဒါမျိုးလေးတွေကို
အမိုက်စားဒီဇိုင်းလေးတွေနဲ့
ခတ်ပေးချင်ရင်
အားမနာနဲ့
နေ့ရော ညရော
အားမနာတမ်းသာဆက်သွယ်လိုက်
I'll be there for you...

ကိုကြီးကျော်

ဒီခေတ်မှာ အထည် Design လေးတွေ ဒီလို လှတာလေးတွေကိုဒီလို ခေတ်မှီမှီထည်ထည်လေးတွေ ဝတ်ချင်တယ်ဆိုရွှေနဲ့ကသိပ်အဆင်မပြေတော့ဘူးညီမ...
28/04/2026

ဒီခေတ်မှာ
အထည် Design လေးတွေ
ဒီလို လှတာလေးတွေကို
ဒီလို ခေတ်မှီမှီထည်ထည်လေးတွေ ဝတ်ချင်တယ်ဆို
ရွှေနဲ့ကသိပ်အဆင်မပြေတော့ဘူး
ညီမလေးတို့ရေ
ကိုယ့်အတွက် ချစ်သက်လက်ဆောင်ဝယ်ပေးချင်တဲ့
ညီလေးတို့အတွက်လည်းစဉ်းစားရပြီပေါ့...

ဒီရွှေစျေးနဲ့မှာ ဒီကာလခတ်ရင်
ဒီလိုအထည်တခုခတ်ရင်
အနည်းဆုံး တကျပ်ကျော် ကုန်ကိုကုန်တော့
ပိုက်ဆံအရ တွက်ကြည့်ရင် သာမန်ဝန်ထမ်းကလေးတယောက်အတွက် မလွယ်ပါဘူး...

ဒီ Design ဆို
ပိုလို့တောင် ကုန်ပါသေးတယ်...

ဒီရက်ပိုင်း CB မှာ လာမေးကြတဲ့ ညီမလေးတွေ ညီလေးတွေတော်တော်များများက စျေးမေးပြီးရင်
တွန့်တွန့်သွားကြတော့
လက်ဝတ်ရတနာကို ထိထိမိမိလှလှပပ
ဝတ်ချင်ရင် ပိုက်ဆံကို အရမ်းမဖြုန်းတီးဘဲ
ငွေထည်ဝတ်ပါ
ညီ‌လေး ညီမလေးတို့ရေ...

ပိုက်ဆံကိုစုချင်ရင်
အခေါက်ရွှေသာ စုပါ
ရေရှည်မှာ
တန်ဖိုးတက်ချင်ရင်တော့
ကျောက်ကောင်းကို စုပါလို့ပဲ အကြံပေးချင်ပါတယ်…

အခုပြထားတဲ့ပုံကလဲ
ငွေထည်ပါ
ဒီ Design ကိုပဲ ထပ်ခါထပ်ခါခတ်ခိုင်းတဲ့
အကို့ရဲ့ Customer တွေ အားလုံးက တကယ့်ကို
မန္တလေးမြို့
မျက်နှာဖုံးတွေချည်းကို
လေးငါးယောက်ရှိတယ် …

ပြောချင်တာက
လက်ဝတ်ရတနာဝတ်ရင်
ဒါကြီးက ငွေထည်မို့ဆိုတဲ့
စိတ်မထားပါနဲ့
တကယ့်သူဌေးတွေ
တော်တော်များများ
ငွေထည်ဝတ်ကြတာ…

မိုးကုတ်ကျောက်အစစ်ရဲ့
တွင်းထွက်တန်ဖိုးကသာ
အဓိကပါ...

ငွေကုန်ကြေးကျမများတဲ့
တမျိုးပြီးတမျိုး
ထည်လဲဝတ်နိုင်ဖို့က
ငွေထည်လေးတွေဟာ
တကယ်ထိရောက်
အကျိုးရှိပါတယ်...

လိုချင်ရင်
အားမနာတမ်းမေးပါ
ကြိုက်သလိုပြောပါ
အားလုံးကို
ကိုကြီးကျော််််က
စိတ်တိုင်းကျဖြစ်စေရပါမယ်...

အရာရာအားလုံး
ကိုကြီးကျော်နဲ့ဆို
တချက်မှစိတ်မပျက်စေရပဲ
အဆင်ပြေရပါမယ်လို့...

ဒီနေ့တော့သလင်းဝါ(ဒါမှမဟုတ်)စလင်းဝါ(Citrine)လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ဗျ...ဘာကြောင့်လဲဆိုတော့စီးပွားရေး လူမှုရေး ကျန်းမာရေ...
08/04/2026

ဒီနေ့တော့
သလင်းဝါ(ဒါမှမဟုတ်)
စလင်းဝါ(Citrine)လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ဗျ...

ဘာကြောင့်လဲဆိုတော့
စီးပွားရေး လူမှုရေး ကျန်းမာရေး သုံးခုလုံးနဲ့ အထူးအဆင်ပြေ သင့်လျော်တဲ့ Crystal ကျောက်ကို အကြံပြုရမယ်ဆိုရင် Crystal လေ့လာသူ မည်သူမဆို Citrine ကိုပဲ အကြံပြုကြမှာပါပဲ...

Citrine ဆိုတဲ့
ကျောက်အမျိုးအစားကို
မြန်မာလိုဆိုရင် သလင်းဝါလို့ ခေါ်မယ်ထင်ပါတယ်...

တချို့ကျောက်တွေက အရောင်တူသလိုလို ရှိပေမယ့် ဖွဲ့စည်းပုံမတူရင် သဘာဝအကျိုးပေးပုံခြင်း မတူတာမို့ မြန်မာလိုနာမည်တပ်လိုက်ရင် အခြားမတူညီတဲ့ ကျောက်နဲ့ လွဲသွားမှာ စိုးမိလို့ပါ...

ဆိုတော့ ကျွန်‌တော် Citrine
လို့ပဲ ဆက်ရေးသွားပါ့မယ်။
Citrine ဆိုတာ ပြင်သစ်စကားလုံး Citron ကလာတဲ့ စကားပါ
Lemon လို့ အဓိပ္ပါယ်ရပါတယ်
ရှောက်သီးမှည့် အဝါအရောင်နဲ့ တူတာကြောင့် တင်စားခေါ်ဝေါ်တာပါ...

ကျွန်တော်တို့
မြန်မာနိုင်ငံမှာလည်း
ကျောက်မျက်ပေါင်းများစွာ
ထွက်ပါတယ်
အဲဒီ့ကျောက်တွေထဲမှာ Citrine လည်း ပါဝင်ပါတယ်...

Citrine ဆိုတဲ့ ကျောက်ဟာ သဘာဝအတိုင်းဆိုရင် အဝါနုအရောင်လေးရှိပါတယ်...

Citrine ကို ဆိုင်တွေရဲ့
ငွေထည့်တဲ့ အံဆွဲထဲမှာထည့်ထားရင်ကို လုပ်ငန်းလည်ပတ်ပြီး ရောင်းပန်းဝယ်ပန်း ပွင့်လန်းတာမို့ Merchant Stone ကုန်သည်ကျောက်လို့လည်း တင်စား ခေါ်ဝေါ်ကြပါတယ်...

ဆိုတော့ကာ
အရှည်ကြီးမရေးတော့ပါဘူး
Citrine နဲ့ ခေတ်မှီမှီ လှလှလေး
ငွေထည်လေးနဲ့ခတ်ထားတဲ့
အထည်လေးတွေ
ကျွန်တော့်ဆီမှာရှိပါတယ်
လိုအပ်ရင် အားမနာတန်းမေးမြန်းနိုင်ပါတယ်တယ်ခင်ဗျား...

♥️♥️♥️

မိုးကုတ်သဘာဝပတ္တမြားလေးတွေကို စိန်သန့်သန့်လေးတွေနဲ့ Daily Wear လေးတွေခတ်ထားပေးတယ်ဗျ...ဝတ်ထားရင် တအားကိုလှလိုချင်ကင်ဆက်သွ...
05/04/2026

မိုးကုတ်သဘာဝ
ပတ္တမြားလေးတွေကို
စိန်သန့်သန့်လေးတွေနဲ့ Daily Wear လေးတွေ
ခတ်ထားပေးတယ်ဗျ...

ဝတ်ထားရင် တအားကိုလှ
လိုချင်ကင်ဆက်သွယ်ပါနော့...♥️

ဒီနေ့အတွက် မင်္ဂလာလေး...♥️
01/04/2026

ဒီနေ့အတွက် မင်္ဂလာလေး...♥️

Morning ပါစောစောစီးစီး မင်္ဂလာရှိရှိလေးတွေ♥️♥️♥️
31/03/2026

Morning ပါ
စောစောစီးစီး
မင်္ဂလာရှိရှိလေးတွေ
♥️♥️♥️

နဝရတ် ကိုးပါးလက်စွပ်ဆိုတာမြန်မာလူမျိုးတို့ရဲ့ အစဉ်အလာ ရတနာဆိုတာအားလုံးသိကြပြီးသားပါ...နဝရတ် ဆိုတာနဝရတနဆိုတဲ့ပါဠိမှလာပါတယ...
30/03/2026

နဝရတ် ကိုးပါးလက်စွပ်ဆိုတာ
မြန်မာလူမျိုးတို့ရဲ့
အစဉ်အလာ ရတနာဆိုတာ
အားလုံးသိကြပြီးသားပါ...

နဝရတ် ဆိုတာ
နဝရတနဆိုတဲ့
ပါဠိမှလာပါတယ်
ရတနာကိုးပါးလို့ အနက်ရတယ်...

နဝရတ် ကိုးပါးချယ်ထားတဲ့ လက်စွပ်ကို နဝရတ်လက်စွပ်လို့ခေါ်ပါတယ်...

ကဝိလကဏာ
သတ်ပုံကျမ်းအရလည်း
မျက်စုံလည်းသတ်၊ နဝရတ်၊ စီခတ်အမွန်းတင် လို့ပါပါတယ်...

နဝရတ် ကိုးပါးတွင် အပါအဝင် ကျောက်မျက်ရတနာ တစ်ပါးစီရဲ့တန်ခိုးအာနိသင် တွေကတော့...

ပတ္တမြား ဘုန်းတောက်
မြ ကျောက် အေးချမ်း
စိန် စွမ်းဂုဏ်ရောင်
ကြောင် ကား သိဒ္ဓိ

မဏိ နီလာ
မေတ္တာကဲချုပ်
ဂေါ်မိတ် ခွန်အား
ဥဿဖယား ကျန်းမာ
သန္တာ ကြီးကဲ

ပုလဲ ကျက်သရေ
ဂုဏ်ကိုးဝေသည်
ကိုးထွေ နဝရတ် စွမ်းရည်တည်း...
လို့ဆိုပါတယ်

ဒီလို ကျောက်စစ်စစ်နဲ့
နဝရတ်ကိုးပါးလက်စွပ်လေးတွေကို အားလုံးအတွက်
ယနေ့ရွှေဈေးကို ထည့်တွက်စရာမလိုအောင်
လှလှပပ ခန့်ခန့်ထည်ထည်လေး
ငွေထည်လေးနဲ့
သေချာခတ်ပေးထားပါတယ်...

လိုအပ်ခဲ့ရင်
ဆက်သွယ်ပါ
အားမနာတမ်းမေးမြန်းပါခင်ဗျား
♥️♥️♥️

လိုအပ်ရင်ဆက်သွယ်ပါအားမနာတမ်းမေးပါတကယ့်ကို ခန့်ခန့်ထည်ထည်နဲ့မိုးကုတ်ကျောက်စစ်စစ်ပွဲတက်လှလှလေးတွေကို‌ဈေးတန်တန်လေးနဲ့သေချာလ...
30/03/2026

လိုအပ်ရင်ဆက်သွယ်ပါ
အားမနာတမ်းမေးပါ
တကယ့်ကို ခန့်ခန့်ထည်ထည်နဲ့
မိုးကုတ်ကျောက်စစ်စစ်
ပွဲတက်လှလှလေးတွေကို
‌ဈေးတန်တန်လေးနဲ့
သေချာလေးခတ်ပေးထားပါတယ်ခင်ဗျ ♥️

27/03/2026

ရွှေစျေးတွေများတဲ့ခေတ်မှာ
ရွှေထည်အတိုင်း ခန့်ခန့်ထည်ထည် ပွဲတိုးစေမဲ့ Design တွေ ဖန်တီးပေးထားပါတယ် …

ပွဲတပွဲပြီးတပွဲ
ငွေကုန်ကြေးကျမများပဲ
လက်ဝတ်ရတနာတွေ
မထပ်ဘဲ ဝတ်ချင်တယ်ဆို
ကိုကြီးကျော််ဆီမှာ
စိတ်တိုင်းကျဝယ်ယူနိုင်ပါပြီ …

ငွေထည်လေးတွေကို လက်ရာကောင်းကောင်းနဲ့ ဖန်တီးပေးထားတာမို့ Quality ရွှေထည်တွေ ဝတ်နေရတဲ့အတိုင်း ခံစားရစေဖို့
အာမခံပါတယ်ခင်ဗျ..

သူယောင်လေးကိုSpinal ပတ်ထားတာလေး♥️♥️♥️
24/03/2026

သူယောင်လေးကို
Spinal ပတ်ထားတာလေး
♥️♥️♥️

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when ကိုကြီးကျော် ငွေထည်ဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share