08/01/2026
Dendrobium လို့ခေါ်ကြတဲ့ ဖြတ်ပန်းကြိုက် သစ်ခွပင်ဟာ စျေးသင့်တယ်။ ပန်းပွင့်လွယ်တယ်။ သားတက်အသစ်လေးတခုထွကိလာရင် သားတက်သာ သန်စွမ်းပါစေ။ သေချာပေါက် အဖူးထွက်တယ်။ ပန်းခိုင်ကရှည်လို့ အပွင့်များတယ်။ ပန်းအရောင်ကလည်းစုံတယ်။ သစ်ခွစစိုက်ကာစ ခြံရှင် အသစ်ကလေးကျမလည်း Dendro နဲ့ စခဲ့တာပါ။ ပြောရရင် စိုက်ရလွယ်တယ်ပေါ့ရှင်။
အဲ…
အဲ့ဒီသူများတွေအတွက်လွယ်လှတဲ့ မမဟာ ကျမအတွက် အတော်ခက်ခဲ့ပါတယ်ရှင်။
ထိုင်းဘက်ကဝင်တဲ့ စပ်မျိုးသစ်ခွပင်တွေရဲ့ သဘာဝအရ သူတို့ဟာ အပူပိုင်းမှာစိုက်လို့ရတဲ့မျိုးတွေဖြစ်သလို moisture သိပ်ကြိုက်တဲ့အမျိုးပါ။ moisture အင်မတန်နဲပြီး ပူပြင်းခြောက်သွေ့တဲ့ မန်းလေးမှာ ကျမခက်ခက်ခဲခဲပြုစုခဲ့ရပါတယ်။
ကျမတို့ မန်းလေးမြို့ပေါ်မှာတောင်မှ ရေကောင်းပြီးအပင်ပျော်တဲ့ နေရာ၊ ရေမကောင်းပဲ အပင်မပျော်တဲ့နေရာတွေရှိကြပါတယ်။ ကျမရွေးချယ်ခဲ့တဲ့ ခြံနေရာဟာ ရေလည်းမကောင်း၊ သစ်ခွပါမပျော်တဲ့ နေရာပါ။ အဲ့ဒါအမှန်တကယ်ပါနော်။
နေရာ၊ ရေ ၊ လေ၊ အနေအထားတွေ တော်တော်ပြင်ခဲ့ရတာပါ။
သစ်ခွခြံကြီးတခုဖြစ်အောင် ပြင်ဆင်ရပုံအဆင့်ဆင့် ကို နေ့စဉ်မှတ်တမ်းတခုအနေနဲ့ နေ့စဉ်ရေးပေးမှာမို့ စိတ်ဝင်စားရင်လာရောက် ဖတ်ရှု့နိုင်ပါတယ်ရှင်။