27/06/2025
မြေဆီလွှာပြုပြင်ခြင်း နှင့် ပတ်သက်သော မှတ်ချက်များ
""""""""""""""""""""""""""""""""""""""""""""""""""
သက်ရှိသတ္တဝါအားလုံး၊ မြေကြီးပေါ်မှာ နည်းမျိုးစုံဖြင့် မှီတည် အသက်ရှင်သန်နေကြရပါတယ်။
အထူးသဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ
လုပ်ကိုင်ရာတွင်၊ အခြေခံအကျဆုံး မူလ၊ပဓါန အရာသည်၊ မြေကြီး(တနည်းအားဖြင့်)မြေဆီလွှာ သာလျှင်ဖြစ်ပါတယ်။
အကြောင်းနဲ့ အကျိုးတရား
(Cause and effect)သီအိုရီအရ,မြေဆီလွှာကို အမှီပြုရတဲ့
သီးနှံတွေ ၊များများထွက်ပြီး၊ကောင်းကောင်းသီးပွင့်နိုင်ဖို့ အကြောင်းတရား(Cause)ကောင်းဖို့လိုအပ်တာ အမှန်ပါ။
အေကြာင်းတရား(Cause) ကောင်းရင်၊
အကျိုးတရား (effect )ကောင်းမှာ အသေအချာပါဘဲ။
မြေဆီလွှာကောင်းခြင်းလက္ခဏာများ
"""""""""""""""""""""""""""""""""""""""""""""""""
၁။မြေအမျိုးအစား(soil type)
၂။မြေချဥ်/ငံ ကိန်း (soil pH)
၃။မြေကြီးအာဟာရ (soil nutrients)
အထက်ပါ အချက်များကို ကြည့်၍ မြေဆီလှွာ ကောင်းခြင်း၊မကောင်းခြင်း လေ့လာအကဲခတ်နိုင်ပါတယ်။
၁။မြေဆီလွှာအမျိုးအစား
""""""""""""""""""""""
-သဲမြေလား(sand)
-နုံးမြေလား (silt)
-မြေစေးမြေလား (Clay)
ယေဘုယျ ခြုံငုံသုံးသပ်ပါက.
သဲ+နူံး+ မြေစေး = နုံးမြေနု(loam) မြေဟာ အပင်အတော်များများအတွက် ၊အကောင်းဆူံးမြေလို့ ဆိုနိုင်ပါတယ်။
၂။ မြေကြီးpH
မြေဆီလွှာကောင်းခြင်းလက္ခဏာထဲမှာ မြေချဥ်ငံ ကိန်းမျှတဖိူ့ လည်း အရေးပါပါတယ်။
pH.6နဲ့ 8 အကြား ရှိနေမှ၊ မြေဆီလွှာကောင်းခြင်းမည်ပါတယ်။
၃။မြေကြီးအာဟာရ
မြေဆီလွှာ ကောင်းခြင်းလက္ခဏာတွေထဲမှာ၊
သီးနှံပင်တွေကြိုက်နှစ်သက်တဲ့အာဟာရတွေ ရှိနေဖို့လည်း လိုအပ်ပါတယ်။
အပင်တွေကြိုက်တဲ့ အာဟာရ အမျိုး ၂၀ ရှိတယ်လို့၊ပညာရှင်တွေ ဆိုထားပါတယ်။
ကာဗွန်၊ဟိုက်ဒြိုဂျင်၊အောက်ဆီဂျင်
-နိုက်ထရိုဂျင်၊ဖော့စဖရပ်၊ပိုတက်စီယံ
-ကယ်လ်စီယံ၊မဂ္ဂမီစီယံ၊ဆာလဖာ
-မင်းဂနိ၊ဇင့်၊သံ၊ကော့ပါး၊ဘိုရွန်၊မော်လစ်ဒီနမ်
ဆီလီကွန်၊ကိုဘော့၊နီကယ်၊ဗာနာဒီယံ၊စထရွန်တီယံ၊(BAC, fertilizer)
သင့်မြေဟာ..
မြေသေ(Dead soil)လား?
မြေရှင်( living soil) လား?
""""""""""""""""""""""""""""
မြေသေ(Dead soil)ဆိုတာ..
-သစ်ဆွေးဓါတ်ကင်းမဲ့ပြီး၊ စိုလွယ်၊ခြောက်လွယ်သော /ထယ်ထိုးလျှင် နှမ်းဖတ်တောင့်ထွက်သော/ပတ်ကြားအက်သော /အမြစ်ဆီသို့ ရေမစိမ့်နိုင်/လေမရှူနိုင်သော.အထိန်းအသိမ်းမဲ့မြေမျိုးကိုခေါ်ပါတယ်။
-ရေတိုက်စားခံရပြီး ၊အပေါ်ယံမြေဆီလွှာအာဟာရဓါတ် ကင်းမဲ့သောမြေ..
-ဓါတုဗေဒပစ္စည်းများ(ပေါင်းသတ်ဆေး၊ပိုးသတ်ဆေး၊ ဓါတ်မြေသြဇာ..စသည်)အလွန်အကျွံသုံးစွဲပြီး ဓါတ်ကြွင်းများသောမြေ..
-ပေါင်းမြက်များ၊ဖျက်ပိုးများ၊ရေဆိုးရေညစ်များ၊
စက်ရုံစွန့်ပစ်ရေဝင်မြေများ..
အဆိုပါ.မြေအမျိုးအစား များကို မြေသေ(Dead soil)လို့ သတ်မှတ်နိုင်ပါတယ်။
သေချာတာကတော့..
အဆိုပါ အချက်တွေနဲ့ ကိုက်ညီနေသော မည်သည့်
လယ်ယာကိုင်းကျွန်းမြေမဆို..စိုက်ပျိုးရေးလုပ်ငန်း ဖြစ်ထွန်းဖို့ဝေးစွ..အကြွေးကျရုံသာအဖတ်တင်ပါလိမ့်မယ်။
မြေရှင်(Living soil)
မြေရှင်ဆိုသည်မှာ..
-တီကောင် ကဲ့သို့ မြေတွင်းေပျာ်ပြီး၊သီးနှံပင်များ အာဟာရ စုပ်ယူနိုင်ရန် ကူညီပေးသော ပိုးကောင်များရှင်သန်သောမြေ..
-မှို၊ဘက်တီးရီးယားကဲ့သိူ့ အကျိုးပြု အနုဇီဝများ
ရှင်သန်နိုင်သောမြေ..
-ရိုးပြတ်များ၊အပင်အကြွင်းအကျန် အဆွေးမြေ့များ၊သစ်ဆွေးများသောမြေ..
-မြေဖုံးပင်များနှင့် သီးနှံပင်အမြစ်များထိ ရေစိမ့်ဝင်နိုင်သော၊ရေစီးရေလာ/အစိုဓါတ်ထိန်းနိုင်သောမြေ...
-တနည်းအား ကျန်းမာသောမြေ ကို ရှင်သန်သောမြေ(Living soil)လို့သတ်မှတ်နိုင်ပါတယ်။
အပင်ကောင်းချင်..."မြေကိုပြင်"
လူကိုကောင်းချင်....."စိတ် ကိုပြင်"
""""""""""""""""""""""""""""""""
"အပင်ကောင်းမှ အထွက်ကောင်းမယ်" ဆိုပြီး..
မြေကြီးကိုမပြင်ဘဲ၊ အပင်ပေါက်ပြီးမှ၊.အားဆေး အကောင်းစားများ၊ပိုးသတ်ဆေး/မှိုသတ်ဆေး/ဓါတ်မြေသြဇာ စျေးကြီးပေးပြီး ဝယ်သုံးနေကြရပါတယ်၊
ကုန်ကျစရိတ် က မသက်သာ၊ အထွက်နုန်းက..တက်မလာ။
ဆိုတော့ကား...
တောင်သူများအနေနဲ့.အထူးသတိပြုမိစေချင်တာကတော့..
၁။မြေကြီးတွေ ပျက်နေပါတယ်၊မကျန်းမာတော့ပါဘူး..
(အပေါ်ယံမြေလွှာရဲ့၊ ရုပ်ပိုင်း/ဓါတ်ပိုင်း ၂မျိုးလုံး ပြုပြင်ပြောင်းလဲပေးဖို့လိုအပ်နေပါပြီ)
၂။ရာသီဥတု၊သဘာဝပတ်ဝန်းကျင် သိသာစွာ ပြောင်းလဲနေပါတယ်။
(နည်းစနစ်တွေ လိုက်ပါ ပြောင်းလဲဖို့လိုပါပြီ)
၃။နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တဲ့၊သီးနှံဖျက်ပိုးတွေ(ပေါင်းပင်/ပိုးမွှား/ရောဂါ) မနိုင်မနင်း ဖြစ်နေပါတယ်။
(ဓါတုဗေဒ ဆေး တခုတည်း၊အားကိုးနေလို့မရတော့ပါဘူး၊ သဘာဝဆေးနည်းတွေ၊ဘက်စုံကာကွယ်နည်းတွေကို၊မဖြစ်မနေအသုံးပြုဖို့ လိုအပ်နေပါပြီ)
သို့ဖြစ်ပါ၍.. မိမိစိုက်ခင်းမြေအမျိုးအစား အလိုက်၊လိုအပ်ချက်များကို အသိ၊သတိဖြင့် ပြုပြင်ဆောင်ရွက်နိုင်ပါရန်နှင့်..
ဓါတ်မြေသြဇာ အသုံးပြုတိုင်း၊သဘာဝမြေသြဇာ တွဲဖက် အသုံးပြုပြီးသကာလ၊ သီးနှံပင်အမြစ်များ အစာရေစာ အလွယ်တကူစုပ်ယူစားသုံးနိုင်သော /ကျန်းမာသော/ရှင်သန်သော(Living soil)
များ ဖြစအောင် ပြုပြင် လုပ်ဆောင်နိုင်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပါတယ်ခင်ဗျာ။
Credit to --- ဦးသာပို / Thartharpopo
#စိုက်ရေးပျိုးရေးဗဟုသုတ