04/03/2026
Pentas အများအားဖြင့် Star Flower လို့လည်းခေါ်ကြပါတယ် 🌸မြန်မာလို ပူပြင်းတဲ့ရာသီဥတုမှာလည်း အဆင်ပြေတဲ့ပန်းမျိုးေလးပါရှင် 🌞
နေရောင်ကောင်းရင် တစ်နှစ်လုံးနီးပါး ပွင့်တတ်ပါတယ်🌸
အောက်မှာ စိုက်နည်းပါ ရေးပြထားပေးပါတယ်ရှင့်
မျိုးစေ့တစ်ထုတ် အရောင်အရောပါ ၆၅၀၀ကျပ်🍃
ကြယ်ပုံစံ ပန်းသေးသေးလေးတွေ အစုလိုက် ပွင့်ပြီး
အရောင် – ပန်းနု၊ ပန်းရင့်၊အဖြူ၊ ခရမ်း ဆိုပြီးရှိပါတယ်
🌸
🌱 စိုက်နည်း
1️⃣ နေရောင်အပြည့်အဝရတဲ့ေနရာကို နှစ်သက်ပါတယ်
(အနည်းဆုံး တစ်နေ့ 4–6 နာရီ နေရောင်ရတဲ့ေနရာ)
အရိပ်ရတဲ့ေနရာမှာ ထားမိရင် ပန်းမပွင့်တာမျိုး ဖြစ်နတတ်ပါတယ်
2️⃣ ရေစိမ့်ကောင်းတဲ့ မြေဆီလေးနဲ့ မြေမွမွလေးဖြစ်ေအာင်စိုက်ရင်အဆင်ေပြပါတယ်
3️⃣ မြေအစိုဓာတ်ရရုံေလာက်သာေလာင်းေပးရန်
မြေခြောက်သွားမှ ထပ်လောင်းပါ
ရေများလွန်းရင်လဲ အမြစ်ပုပ်နိုင်ပါတယ်
🌿 ထိန်းသိမ်းနည်း
✔️ အပတ်စဉ် အပင်အားဆေး အနည်းငယ်ထည့်ပေးနိုင်တယ်
✔️ အပူချိန် 35°C ဝန်းကျင်မှာ အကောင်းဆုံးကြီးထွားတယ်
🌸 ပြန်စိုက်ချင်ရင်
မျိုးစေ့နဲ့ စိုက်လို့ရတယ်
အမြစ်ကိုလဲ ပြန်ပျိုးစိုက်လည်း အလွယ်တကူပေါက်တတ်ပါတယ်🌸