04/08/2026
ဒူးရင်းပင် ရေဝပ်ပါက အောက်ဆီဂျင်ပြတ်လပ်မှုနှင့်အတူ ❗
ဖြစ်တတ်သော အခြေအနေများ နှင့် 💥
ဖြေရှင်းနည်း လမ်းညွှန်ချက်များ 💡💡
✴ (1) အာဟာရဓာတ် ချို့တဲ့ခြင်း လက္ခဏာများ (N၊ K၊ Mg) 💥
🔶 နိုက်ထရိုဂျင် (N) ချို့တဲ့ခြင်း: 🔶
ရွက်ဟောင်းများ တစ်ပင်လုံး ဖြူဖျော့ဝါလာခြင်း၊ 🍁
ကြီးထွားမှု ရပ်တန့်ခြင်း ❗ ၊ ထိပ်ဖူးကြီးထွားမှု ရပ်တန့်ခြင်း ❗ ၊
အရွက်ကြွေခြင်း...🍂
🔶 ပိုတက်စီယမ် (K) ချို့တဲ့ခြင်း: 🔶
အရွက်ဖျားနှင့် အရွက်နားများ ညိုမည်းတူးလာခြင်း၊ 🍁
အပင် ပုံမှန်မဟုတ်ဘဲ နွမ်းဖတ်လာခြင်း၊
အရွက်၏ လေဝင်လေထွက်ပေါက်ကို မထိန်းချုပ်နိုင်ခြင်း...❗
🔶 မဂ္ဂနီစီယမ် (Mg) ချို့တဲ့ခြင်း: 🔶
ရွက်ဟောင်းများ၏ ရွက်ကြောကြား ဝါလာခြင်း၊
(ရွက်ကြောမကြီးများမူ နက်မှောင်သော
အစိမ်းရောင်အဖြစ် ကျန်ရှိနေခြင်း)...
✴(2) ဒြပ်စင်များနှင့် အဆိပ်ငွေ့များကြောင့်
အဆိပ်သင့်ခြင်း လက္ခဏာများ 💥
♦ သံဓာတ် (Fe²⁺) နှင့် မဂ္ဂနိစ် (Mn²⁺) အဆိပ်သင့်ခြင်း: ♦
အရွက်ပေါ်တွင် အညိုရင့်ရောင် သို့မဟုတ်
ကြေးနီရောင် အစက်အပြောက်များ ဖြစ်ပေါ်ခြင်း၊ ❗
အရွက်နားများ ရုတ်တရက် တူးလာခြင်း...🍁
♦ ဇင့် (Zn) နှင့် ကြေးနီ (Cu) စုပ်ယူမှုကို ပိတ်ဆို့ခြင်း: ♦
အသစ်ထွက်လာသော ရွက်နုများ သေးငယ်ခြင်း၊ ❗
ရှည်လျားချွန်ထက်ခြင်းနှင့် ❗
မပြည့်စုံ/ပုံပျက်ခြင်း...❗
♦ ဟိုက်ဒရိုဂျင် ဆာလဖိုက် (H₂S) နှင့်
မှို (Phytophthora sp.) အဆိပ်သင့်ခြင်း: ♦
အမြစ်ဖျားများ ပုပ်ဆွေးပြီး
အမည်းရောင်ပြောင်းကာ
အပေါ်ယံ အရေခွံကွာကျခြင်း၊ ❗
မှိုရောဂါ ချက်ချင်း ဝင်ရောက်ပူးတွဲတိုက်ခိုက်ခြင်း..❗
💠 (3) အက်ဆစ်မြေ (မြေချဉ်ခြင်း) ၏ သက်ရောက်မှုများ 💠
🔺 မြေဆီလွှာ အက်ဆစ်ဓာတ် ပိုများလာခြင်း (pH နိမ့်ခြင်း): 🔺
ကယ်လ်စီယမ် (Ca) နှင့် ဘိုရွန် (B) စုပ်ယူမှုကို ပိတ်ဆို့ခြင်း၊ ❗
အညွန့်များ တွန့်လိမ်ခြင်း၊ 🍂
ထိပ်ဖူးကြီးထွားမှု ရပ်တန့်ခြင်း..❗
ဖြေရှင်းနည်း လမ်းညွှန်ချက်များ -👇👇
• ✅ ရေနုတ်မြောင်းများ အမြန်ဆုံး ဖော်ပေးပါ..✅
• ✅ အရွက်နှင့် အမြစ်များကို ဂရုတစိုက် ပုံမှန်စောင့်ကြည့်ပါ..✅
• ✅ မြေဆီလွှာသို့ မြေဩဇာ ကျွေးခြင်းကို ရပ်ဆိုင်းထားပါ ⛔..
အရွက်မှတစ်ဆင့် ဖြန်းခြင်းလုပ်ဆောင်ပါ..✅💦
💉 အသေးစိတ်ကုသနည်း 💉
• ✅ အမြစ်တူးကြည့်ခြင်း: ✅
အမြစ်ကို တူးဖော်ကြည့်ပါ၊
အမည်းရောင်ပြောင်းကာ ပုပ်စော်နံနေပါက 👇
စိုးရိမ်ရသော (အရေးပေါ်) အခြေအနေ ဖြစ်သည်..📌📌
• ✅ အရွက်ဖျန်းဆေးသုံးခြင်း :✅
အရွက်မှတစ်ဆင့် အနည်းလိုအာဟာရအားဆေးကို
(Mg,Zinc,Cu,Ca, B) ကို ဖျန်းပေးပါ..💦 ✅ ဒူးရင်းပင် ရေဝပ်ပြီး အမြစ်ပုပ်ခြင်း၊ မြေချဉ်ခြင်းနှင့်
အာဟာရဓာတ် ချို့တဲ့ခြင်း ပြဿနာများအတွက်
လိုအပ်ပါက အောက်ပါ စိုက်ပျိုးရေးဆေးဝါးများနှင့်
ပြုပြင်နည်းများကို စနစ်တကျ အသုံးပြုရပါမည်..✅👇
❇ (1).. အမြစ်ပုပ်မှို (Phytophthora) ကို နှိမ်နင်းရန် ❇
( ရေဝပ်ရာမှ ဖြစ်ပေါ်လာသော မှိုရောဂါအတွက်)
မှိုသတ်ဆေး (Fungicides) တစ်မျိုးမျိုးကို
အသုံးပြုနိုင်ပါသည် -👇👇
💡 Metalaxyl (မက်တလဆီ): 💡
မြေကြီးထဲသို့ လောင်းပေးခြင်း သို့မဟုတ်
အပင်ခြေတွင် ဖျန်းပေးခြင်းဖြင့်
အမြစ်ပုပ်ခြင်းကို သက်သာစေသည် ...👍
💡 Fosetyl-Aluminium (ဖော့စတိုင်း-အလူမီနီယမ်): 💡
အပင်ထဲသို့ စိမ့်ဝင်မှုအားကောင်းပြီး
မှိုရောဂါကို ထိရောက်စွာ ကာကွယ်ပေးသည်..👍
💡 Phosphonic Acid : 💡
အပင်ကြီးများဖြစ်ပါက
ပင်စည်ထဲသို့ ဆေးထိုးသွင်းခြင်း 💉
(Trunk Injection) နည်းလမ်းဖြင့် တိုက်ရိုက်ကုသနိုင်ပါသည်..👍
💡 Trichoderma (ထရိုင်ကိုဒါးမား) : 💡
ရောဂါသိပ်မပြင်းထန်ပါက သို့မဟုတ်
ကြိုတင်ကာကွယ်လိုပါက Trichoderma (ထရိုင်ကိုဒါးမား)
အကျိုးပြုမှိုကို မြေဆီလွှာထဲ ထည့်ပေးနိုင်သည်..👍
❇ (2).. မြေချဉ်ခြင်း (pH နိမ့်ခြင်း) ကို ပြုပြင်ရန်
ဒိုလိုမိုက် (Dolomite): ❇
အပင်ခြေပတ်ပတ်လည်ကိုဒိုလိုမိုက် ကျွေးပေးခြင်းဖြင့်
မြေဆီလွှာ pH ကို ပုံမှန် (၅.၅ - ၆.၅) ရောက်အောင်
မြှင့်တင်ပေးနိုင်ပြီး
ကယ်လ်စီယမ်ဓာတ်ကိုလည်း ဖြည့်တင်းပေးပါ..👍
❇ (3).. အရွက်ဖျန်း အာဟာရဓာတ်များ ကျွေးရန်
(Foliar Fertilizers)❇
အမြစ်များ ပုပ်နေချိန်တွင် မြေဩဇာကျွေးပါက
ပိုမိုအဆိပ်သင့်စေနိုင်သောကြောင့်
အရွက်မှတစ်ဆင့်သာ ဆေးဖျန်းရပါမည် ..💦
💡 အနည်းလိုအာဟာရ (Micronutrients):💡
မဂ္ဂနီစီယမ် (Mg)၊ ဘိုရွန် (B)၊ ဇင့် (Zn) နှင့်
ကြေးနီ (Cu) တို့ပါဝင်သော အရွက်ဖျန်းအားဆေးကို သုံးစွဲပါ..👍
💡 အမိုင်နိုအက်ဆစ် (Amino Acids) နှင့်
ဟူမစ်အက်ဆစ် (Humic Acid):💡
အပင်ဆဲလ်များ ပြန်လည်လန်းဆန်းလာစေရန်နှင့်
အမြစ်သစ်များ အမြန်ထွက်လာစေရန် အားဖြည့်ပေးပါသည်..👍
⚠️ အရေးကြီးသော သတိပြုရန်အချက်: 📌
ဆေးမဖျန်းမီ ရေနုတ်မြောင်းများ ဖော်ပေးပြီး
မြေကြီးခြောက်သွေ့အောင် အရင်ဆုံး လုပ်ဆောင်ရပါမည်။
မြေကြီး ရေဝပ်နေသေးပါက ❗❗
မည်သည့်ဆေးမျှ ထိရောက်မည် မဟုတ်ပါ။❗❗
Dr.Theint
ျိုးဥယျာဉ်
#နှစ်ရှည်သီးနှံများ၊ပန်းပင်အမျိုးမျိုးနှင့်
#ထိုင်း/မြန်မာ မျိုးသန့်ကိုင်းဆက်ပျိုးပင်လက်လီလက်ကားဖြန့်ချီရေး
#အမှတ်44.ဘဲရမ်းလေးဧကပျိုးဥယျာဥ်အုပ်စု.မုဒုံမြို့.မွန်ပြည်နယ်