MCC - Myanmar Construction Community

MCC - Myanmar Construction Community Construction community in myanmar

crd SCG
23/06/2022

crd SCG

ဒီနေ့မှာတော့ သံအကြောင်းကို ဗဟုသုတအဖြစ် ဝေမျှပေးလိုက်ပါတယ်နော်REBAR_SIZE_စစ်ခြင်းSite ထဲ သံချောင်းတွေကို Caliper နှင့် လာ...
31/01/2021

ဒီနေ့မှာတော့ သံအကြောင်းကို ဗဟုသုတအဖြစ် ဝေမျှပေးလိုက်ပါတယ်နော်

REBAR_SIZE_စစ်ခြင်း
Site ထဲ သံချောင်းတွေကို Caliper နှင့် လာတိုင်းတယ်တဲ့။ သံချောင်း Size တွေက မပြည့်ဘူး ဆိုပြီး ဖြစ်လာပါတယ်။
Reinforced Concrete တွေထဲ ထည့်တဲ့ သံချောင်းတွေက Deformed Bar တွေပါ။ သံချောင်းမှာ အလျားလိုက် ဘေးနှစ်ဖက် ဖောင်းလိုင်း Longitudinal Rib ၂ ခုပါပြီး ပတ်ပတ်လည် ဖောင်းလိုင်း Transverse Rib သို့မဟုတ် Lateral Rib သို့မဟုတ် Lateral Inclined Rib ဆိုပြီး ပါပါတယ်။
ကွန်ကရစ်နှင့် သံချောင်း Bonding တွဲဆက်မှု ကောင်းစေရန် Deformed လုပ်ထားတဲ့ သဘောပါ။
ဖောင်းလိုင်း အတိုင်း တိုင်းတဲ့ Diameter ကို Outer Diameter လို့ခေါ်ပြီး ဖောင်းလိုင်းမပါပဲ သံချောင်းသက်သက် တိုင်းတာကို Inner Diameter လို့ ခေါ်ပါတယ်။
ကျွန်တော်တို့ ပြောပြောနေတဲ့ 16mm တို့ 20mm တို့ဆိုတာတွေက Nominal Sizes တွေပါ။
In manufacturing, a nominal size or trade size is a size “in name only” used for identification ဖြစ်ပါတယ်။
Nominal ဆိုတာ မည်ကာမတ္တပါ။ တကယ်လဲ Specifications တွေမှာ Nominal Diameter ဆိုပြီး ရေးပါတယ်။
အဲဒါကြောင့် Deformed Bar တွေရဲ့ Inner Diameter တွေကို Caliper နှင့် တိုင်းကြည့်တာမှာ အဲဒီ 16mm တို့ 20mm တို့ မရပါဘူး။ 15mm လောက် 19mm လောက်ပဲ ရပါမယ်။ Outer Diameter ကတော့ Nominal Diameter ထက် ကြီးပါမယ်။
သံချောင်းမှ မဟုတ်ပါဘူး။ သစ်သားတွေလဲ အဲလိုပါပဲ။ ၄”x၂” ဆို ၃-၁/၂” x ၁-၁/၂” လောက်ပါပဲ။ လွန်ရောကျွံရော ၃-၃/၄” x ၁-၃/၄” ပါပဲ။
အဲဒါကို Tolerance ဆိုပြီး တရားဝင် လက်ခံပါတယ်။ ကျွန်တော်တို့ အရင်က သုံးခဲ့တဲ့ 3.5” Floppy Disk ဆိုတာက အမှန်တကယ် 90mm (3.54”) ရှိပြီး 1.44MB ဆိုတာမှာ အမှန်တကယ် 1,474,560 Bytes ရှိပါတယ်။ အဲဒါကြောင့် 3.5” 1.44MB Floppy Disk ဆိုတာက Nominal တွေ ဖြစ်ပါတယ်။
တကယ်တမ်း သံချောင်းရဲ့ Specifications သတ်မှတ် စံချိန်စံနူန်း နှင့် ညီမညီကို Sample တွေယူပြီး Quality Control Lab ဓါတ်ခွဲခန်းမှာ သက်ဆိုင်ရာ ကရိယာတွေနှင့် စမ်းသပ် စစ်ဆေးရမှာ ဖြစ်ပါတယ်။
အဲဒီအခါကျမှ သံချောင်းရဲ့ Strength တွေ Sizes တွေ Weight တွေ မှန်မမှန် ဆိုတာကို အတိအကျ သိရပါမယ်။
အဓိကအားဖြင့် Strength နှင့် Mass Weight စတာတွေကို အဓိကထား တိုင်းတာပါတယ်။ အခုနောက်ပိုင်း စမ်းသပ်တဲ့ ကရိယာတွေမှာ လေဆာတွေ ဘာတွေနှင့် တိုင်းတာတာမို့ အတိုင်းအတာအားဖြင့် ဒဿမနောက် ကိန်းဂဏန်းတွေထိ အတိအကျ ပြပါတယ်။
Site ထဲ Caliper နှင့် တိုင်းတာရင်တော့ Nominal Diameter တို့ Tolerance တို့တော့ ရှိမှာ ဖြစ်ပါတယ်။
Deformed bar ရဲ့ Inner Diameter တွေတိုင်းကြည့်ပြီး သံချောင်း Size မပြည့်ဘူး ဆိုတာမျိုးတွေ ခဏခဏ ကြားကြားနေရလို့ပါ။
Special Credit to U Kyithar Myint.

အဆောက်အဦးတစ်ခု ဆောက်လုပ်လျှင် မဖြစ်မနေ အသုံးပြုရမည့် အုတ်အမျိုးအစားများဆောက်လုပ်ရေးလုပ်ငန်းများ သာမက မိမိအိမ်ဆောက်လုပ်သေ...
29/01/2021

အဆောက်အဦးတစ်ခု ဆောက်လုပ်လျှင် မဖြစ်မနေ အသုံးပြုရမည့် အုတ်အမျိုးအစားများ

ဆောက်လုပ်ရေးလုပ်ငန်းများ သာမက မိမိအိမ်ဆောက်လုပ်သောအခါတွင်လည်း ရွေးချယ်နိုင်ရန်အတွက် အုတ်အမျိုးအစား (၉) မျိုးကိုဖော်ပြပေးလိုက်ပါတယ်။

၁။ သာမာန်ရိုးရိုးအုတ်

သာမန်အဆောက်အအုံများတွင် သုံးသောရိုးရိုးအုတ်များကို မြန်မာနိုင်ငံအနှံ့အပြားမှာတွေ့ရှိနိုင်ပါတယ်။ လယ်ကွက်အတွင်းမှတူးဖော်ရရှိကာ မြေစေးတို့ဖြင့် ပြုလုပ်ထားပြီး အရပ်ဒေသလိုက်၍ အုတ်ပုံစံနှင့်အရွယ်အစားအနည်းငယ်ပြောင်းလဲမှု ရှိနိုင်ပါတယ်။

အုတ်ချပ်မျက်နှာပြင်တစ်ဖက်တွင် ချိုင့်ခွက်များပါရှိတတ်သောကြောင့် အုတ်ချပ်ကိုကိုင်တွယ်ရာမှာ လွယ်ကူပေ့ါပါးစေသည့်အပြင် အုတ်တစ်ချပ်နှင့်တစ်ချပ်အကြားရှိ အင်္ဂတေဆက်ကြောင်းများကို ပိုမိုဆက်စပ်ခိုင်မြဲစေနိုင်ပါတယ်။ အုတ်နံရံများစီသောအခါ ချိုင့်ခွက်ကလေးများပါသော အုတ်မျက်နှာပြင်ကိုအပေါ်မှထား၍စီရပါမည်။


၂။ မီးခံအုတ်

မီးခံအုတ်ကို မီးအပူဒဏ်ခံနိုင်သောရွှံ့စေးမြေတစ်မျိုးမှထုတ်ယူရရှိကာ မြေစေးတွင် သဲကျောက် ၅၅ ရာခိုင်နှုန်းမှ ၇၇ ရာခိုင်နှုန်းနှင့် အလျူမီနာ ၂၂ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအထိ ပါဝင်ပြီးအပူရှိန် 1400 ံC တိုင်အောင်မီးဖုတ်ပေးခြင်းဖြင့် မီးခံအုတ်များကို ရရှိနိုင်ပါတယ်။

မီးအပူရှိန် 2000 ံC အထိခံနိုင်သော အုတ်ကိုရရှိလျှင် သဲကျောက်မှုန့် ၉၅ ရာခိုင်နှုှန်းမှ ၉၇ ရာခိုင်နှုှန်းနှင့် ထုံးတို့ကို ရောစပ်ကာ ဖိနှိပ်သွင်းခြင်းဖြင့် မီးခံအုတ်များကို ရရှိနိုင်ပါတယ်။

မီးခံအုတ်များကိုဘွိုင်လာအိုး၏ အောက်ခံခုံများ၊ မီးဖိုများနှင့် အခြားအပူဒဏ်ခံရန်လိုအပ်သောနေရာများတွင် ထည့်သွင်းအသုံးပြုနိုင်ပါတယ်။


၃။ ကြွေရည်သုတ်အုတ်

မီးခံသည့် မြေစေးတစ်မျိုးအား ပုံသွင်းကာ သင့်တော်သော ကြွေရည်သုတ် သို့မဟုတ် ချော်ရည်များ သုတ်လိမ်း၍ မီးဖုတ်ခြင်းဖြင့် ရရှိပါတယ်။ ယင်းအုတ်များက ရေတိုက်စားခြင်း၊ အက်ဆစ်များ ထိတွေ့ခြင်းတို့မှ ကာကွယ်ရန်နှင့် မျက်နှာပြင်ချောမွေ့ လှပစေရန် glazing ပြုလုပ်ပေးရပါတယ်။

Glazing ပြုလုပ်နည်း (၃) မျိုးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

(က) Natural Glazing : အုတ်များကို အပူချိန်များစွာ ပေးလိုက်သောအခါ ရွှံ့စေးမှုန့်များ တစ်ခုနှင့်တစ်ခု အရည်ပျော် ပေါင်းစပ်သွားခြင်းဖြင့် ရရှိပါတယ်။

(ခ) Common Salt Glazing : အုတ်များဖုတ်သောအခါ ရိုးရိုးဆားကို အုတ်များပေါ်သို့ ပက်ဖျန်းပေးခြင်းဖြင့် အုတ်မျက်နှာပြင်ပေါ်တွင် ဓာတ်ပြုကာ ဖြစ်ပေါ်လာ၍ ချေ

“SCG Smartwood ကိုကွန်ကရစ်ကြမ်းခင်းပေါ်တွင်တပ်ဆင်နည်းလမ်းညွှန် လေး ......”           နေအိမ်အလှဆင်ခြင်းတွေအတွက် နေရာမျိုး...
26/01/2021

“SCG Smartwood ကိုကွန်ကရစ်ကြမ်းခင်းပေါ်တွင်တပ်ဆင်နည်းလမ်းညွှန် လေး ......”
နေအိမ်အလှဆင်ခြင်းတွေအတွက် နေရာမျိုးစုံမှာအသုံးပြုနိုင်တဲ့ SCG Smartwood ကိုကွန်ကရစ်ပေါ်မှာကြမ်းခင်းအနေနဲ့ အသုံးပြုနိုင်ဖို့ ကိုယ်တိုင်ကိုယ်ကျတပ်ဆင်နိုင်မယ့်နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

• ဆီနှင့်အမှိုက်သရိုက်များ၊ ဖုန်များမရှိစေရန် သန့်ရှင်းရေးပြုလုပ်ပါ။
• ထွန်ခြစ်ပါသန်လျက်ကိုအသုံးပြုပြီး(ထွန်သွားသည် ၆-၈ မီလီမီတာအရှည်ရှိရမည်) ဘိလပ်မြေကော်ကို ကြမ်းပြင်တွင်သုတ် လိမ်းပါ။ ကြမ်းပြင်ပေါ်တွင်ကော်များတညီတညာတည်းဖြစ်ရန်ဂရုစိုက်ပါ။
• SCG Smartwood သစ်သားပြားနောက်ဖက်ခြမ်းတွင်လည်း ကော်ပါးပါးသုတ်ပါ။
• ပလပ်တစ်ဝေါပလပ်နှင့် SCG အပ်ဖျားထိပ် ၃၈ မီလီမီတာအရှည်စကူကို အသုံးပြုပြီးကော်သုတ်ထားသည့်မျက်နှာပြင်သို့ SCG Smartwood သစ်သားပြားကိုချကပ်ပါ။ စကူချက်တစ်ခုနှင့် တစ်ခုကို ၆၀ စင်တီမီတာခွာထားပါ။
• ကော်ခြောက်ရန် ၂၄ နာရီအ ခြောက်ခံပါ။ ယင်းအပေါ်မှဖိုင်ဘာဘိလပ်မြေကြမ်းခင်းများတွင် သုတ်ရန်အထူးထုတ်
လုပ်ထားသည့် SCG Acrylic ကြမ်းပြင်သုတ်ဆေးကို အသုံးပြုကာဆေးသုတ်ပါ။

Crd -SCG

"လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော ...
13/01/2021

"လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"

မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတိုက်၊ လှေဦးတိုက်"မှာ အနေမကောင်းဘူး၊ လှည်းလမ်း၊ ကားလမ်း၊ လူသွားလမ်း သုံးလမ်းဆုံတဲ့ လမ်းဆုံကို မျက်နှာမူပြီး အိမ်မဆောက်သင့်ဘူး။ ဖုန်းရွှေပညာစာအုပ်မှာတော့ ....(T) ပုံ လမ်းဆုံလမ်းခွလို့ ဆိုထားတယ်။ ဒီလိုမြေအနေအထားမျိုးကိုလည်း မြို့ပြအိမ်နေယာအကွက်တွေပေါ်မှာ အတွေ့များပါတယ်။ "လှည်းဦးတိုက်၊ လှေဦးတိုက်" မြေနေရာပေါ်မှာ အိမ်ဆောက်၊ တိုက်ဆောက်ထားတာ အများကြီးရှိပါတယ်။

"လှည်းဦးတိုက်၊ လှေဦးတိုက်" အိမ်ကတော့ ခိုက်တယ်။ အဲဒီအိမ်မှာ နေတဲ့သူတွေဟာ စီးပွားတိုးတက်မှုမရှိဘူး။ အိမ်တွင်းရေး၊ အိမ်ထောင်ရေးတွေမှာလည်း အဆင်မပြေဖြစ်မယ်။

ဖုန်းရွှေပညာမှာရော ၊ မြန်မာ့ရိုးရာ ရှေးထုံးအစဥ်လာနည်းမှာရော ...မနေသင့် မနေထိုက်တဲ့ အိမ်နေရာအနေအထားမျိုးဖြစ်နေတယ်။

ဒါပေမယ့်....မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာ နည်းမှာတော့ "လှည်းဦးတိုက်၊ လှေဦးတိုက်" နေရာမျိုး၊ အိမ်မျိုး၊ အဆောက်အဦးမျိုးမှာ စတိုးဆိုင်၊ လ္ဘက်ရည်ဆိုင်၊ စျေးဆိုင်တွေဖွင့်ရင်တော့ ကောင်းတယ်။ ဖွင့်သင့်တယ်လို့ပြောထားတယ်။
စောစောက ပြောခဲ့တဲ့အတိုင်းပဲ ဗီဒီယို၊ ရုပ်ရှင်ရုံ၊ ကာရာအိုကေခန်းမ၊ ပျော်ပွဲစားရုံ၊ အရက်ဆိုင်၊ ဘီယာဆိုင်တွေကိုဖွင့်ရင် အကောင်းဆုံးပေါ့။
အမှန်တော့ "စျေးကွက်မြင်ကွင်း" အကောင်းဆုံး ဖြစ်နေလို့ပဲ။ ယုတ္တိဗေဒ ဆင်ခြင်တုံတရားနဲ့ စဥ်းစားကြည့်မယ်။ မျက်နှာချင်းဆိုင်၊ ရှေ့တူရှုလမ်းရဲ့ ဟိုးအဝေးကတောင် ကိုယ့်ရဲ့ဆိုင်၊ ကိုယ့်ရဲ့ပွဲရုံကို မြင်နေရတယ်။ သုံးဘက်မြင်ကွင်း(3D) ဖြစ်နေတယ်။"စျေးကွက်မြင်ကွင်း"အားသာမှုရှိလို့ပြောရင်မှန်တယ်။

လူနေရင်ခိုက်တယ်ဆိုတာပြန်ပြီးစဥ်းစားကြည့်ပါ။ "လှည်းဦးတိုက်၊လှေဦးတိုက်"အိမ်ကို ခိုးခြင်၊ ၀ှက်ခြင်၊ လုယက်တိုက်ခိုက်ချင်တဲ့လူတွေက အဝေးကကြည့်ပြီး ထောက်လှမ်းလို့ လွယ်ကူတယ်။ လှည်းတွေ၊ ကားတွေ ရှေ့တူရှုလမ်းက တည့်တည့်မောင်းလာပြီး ကိုယ့်အိမ်ရှေ့မှာ ဘယ်ညာကွေ့သွားရင် ဖုန်းတွေဟာ အိမ်ထဲတန်း၀င်လာမှာပဲ။ ရှေ့တူရှုလမ်းက အသုဘချလာပြီဆိုပါတော့ အဲဒီအနိဋ္ဌာရုံမြင်ကွင်းကြီးကို အချိန်တော်တော်ကြာကြာမြင်တွေ့နေရမယ်။
ရွာတွေမှာဆိုရင် "လှည်းဦးတိုက်၊ လှေဦးတိုက်" တဲတွေတွေကို ရှေ့တူရှုလှည်းလမ်းကလာတဲ့ နွားအုပ်၊ ကျွဲအုပ်ထဲက တစ်ကောင်စ၊ နှစ်ကောင်စကျွံ၀င်လာတာမျိုးကို ခနခဏခံရတယ်။ ဒါကယုတ္တိဗေဒ ဆင်ခြင်တုံတရားနဲ့ "လှည်းဦးတိုက်၊ လှေဦးတိုက်" မှာနေမကောင်းဘူး၊ အိမ်မဆောက်သင့်ဘူးလို့ပြောတာပါ။
ဒါပေမယ့်..."ဒီလို "လှည်းဦးတိုက်၊လှေဦးတိုက်" နေရာမျိုးမှာ အိမ်ဆောက်မိပြီ၊ အိမ်ဆောက်ထားပြီဆိုင်ရင် ဘယ်လိုကွာကွယ်မလဲ၊ ဒါကလွယ်ပါတယ်။
~တံခါးမကြီးကို လမ်းနဲ့တည့်တည့်နေရာက ပြောင်းပေးလိုက်ရမယ်။
~ဒီနည်းထက် ပိုကောင်းတာကတော့ တံခါးရဲ့အပေါ်ဘက်၊ အိမ်အ၀င်အ၀ တံခါးရဲ့အပေါ်ဘက်မှာ မှန်တစ်ချပ်ကာထား၊ ချိတ်ဆွဲထားရမယ်။ "လှည်းဦးတိုက်၊လှေဦးတိုက်"အိမ်တွေမှာမှန်ထောင်ထားတာ၊ မှန်ချိတ်ထားတာ တွေ့ရတယ်။ တချို့မှန်ချပ်တွေက သေးလွန်းတယ်၊ တချို့မှန်ချပ်တွေက ကြီးလွန်းတယ်။ ခြောက်လက်မပတ်လည် စတုရန်းပုံ ပုံရိပ်ထင်တဲ့ မှန်တစ်ချပ်ဖြစ်ရမယ်။ မှန်တစ်ချပ်ရဲ့အလယ်မှာ အနီရောင်နဲ့ စတုရန်းအကွက်လေး(1"or 2")ပတ်လည် အကွက်လေးရေးထားရမယ်။
~အိမ်၀မှာ အသောကပင်တွေ စိုက်ထားတာမျိုး အုတ်တံတိုင်းမြင့်မြင့်ကာထားတာမျိုး၊ ရေပန်းတစ်ခု တပ်ထားတာမျိုးနဲ့လည်း ကာကွယ်နိုင်တယ်ဆိုပေမယ့် မြေအနေအထားအရ မဖြစ်နိုင်ပါဘူး၊ မှန်ချပ်ကပ်တာ၊ ချိတ်တာပဲကောင်းပါတယ်။

အရေးကြီးဆုံးကတော့ ...(Y) ပုံလမ်းဆုံ, "ကြက်လျှာစွန်းပုံမြေနေရာ", တြိဂံမြေကွက်ပေါ်မှာ ဆောက်ထားတဲ့ အိမ်က အရှောင်သင့်ဆုံး အခိုက်ဆုံးမြေနေရာပါပဲ

#မူရင်းစာရေးသူ ကို၀င်းဇော်(သစ်တော)ကို Credit ပေးပါတယ်

12/01/2021

ကိုယ်တိုင်ပြုလုပ်လိုသူများအတွက် ကြွေပြားခင်းနည်း အဆင့်ဆင့်

လေ့လာသင်ယူချင်သများနဲ့ ကိုယ်တိုင်ကြွေပြားခင်းလိုသူများအတွက် ကြမ်းခင်းကြွေပြားခင်းနည်းကိုတင်ပေးလိုက်ပါတယ်ခင်ဗျာ..

#ကြွေပြားခင်းခြင်း

12/01/2021

ကိုယ်တိုင်ပြုလုပ်လိုသူများအတွက် ကြွေပြားခင်းခြင်း

🎨နည်းစနစ်တကျ အိမ်ဆေးသုတ်မယ်      အိမ်ကို ဆေးသုတ်ဖို့ စဉ်းစားနေသူတွေအတွက် ဆေးသုတ်ရာတွင် နံရံဘအကွက် ထခြင်း ကွာကျခြင်း ဗြုတ...
08/01/2021

🎨နည်းစနစ်တကျ အိမ်ဆေးသုတ်မယ်

အိမ်ကို ဆေးသုတ်ဖို့ စဉ်းစားနေသူတွေအတွက် ဆေးသုတ်ရာတွင် နံရံဘအကွက် ထခြင်း ကွာကျခြင်း ဗြုတ်ထခြင်းတွေမဖြစ်အောင် သုတ်သင့်တဲ့ step အနည်းငယ်ကို ဖော်ပြပေးချင်ပါတယ် ခင်ဗျာ။

🎨နံရံ တို့ မျက်နှာကျက် တို့အတွက် သုတ်မယ် ဆိုရင် ရေဆေးကို အသုံးပြုရပါတယ်။
သစ်သား သံ တို့အတွက် သဘောင်္ဆေး သုတ်ပေးရပါတယ်။
🎨ဆေးစသုတ်မယ်ဆိုရင်
၁။ နံရံ မှာ ရှိတဲ့ ဆေးဟောင်းတွေ ခွါချပါ
၂။ ကော်ပတ် အကြမ်း တိုက်ပါ။
၃။ ရေစိမ့်မှုမရှိတောင် ရေတားဆေး သုတ်ပါ
၎။ ချိုင့် ခွက် သံရိုက်ရတွေဖြည့်ဖို့ ပတ်တီး ရိုက်ပါ။
၅။ ရေစားကော်ပတ် ထပ်တိုက်ပါ။
၆။ခံဆေး အဖြူသုတ်ပါ။
၇။ရေဆေး ပထမ ကုတ်ကို ရေ ၂၀% ရောပြီး သုတ်ပါ။
၈။ရေဆေး ဒုတိယ ကုတ်ကို ရေ ၁၀% ရောပြီးသုတ်ပါ။
ဒေါင့်တွေအတွက် Brush ကိုအသုံးပြုပြီးသုတ်ပါ။

🎨တဆင့်စီမှာ ဆေးခြောက်မှ နောက်တဆင့်သွားပါ။
လှပပြီူ အရောင်အသွေးစုံတဲ့ အခန်းလေးရရှိပါပြီ။
😇😇😇




 #ဘိလပ်မြေကွာကျခြင်း“ဘိလပ်မြေနံရံကိုခေါက်ကြည့်တဲ့အခါ ကြားရတဲ့အသံသည် နံရံအတွင်းမှာ အက်ကြောင်းမရှိသော်လည်းဘိလပ်မြေရဲ့အပေါ်...
29/12/2020

#ဘိလပ်မြေကွာကျခြင်း
“ဘိလပ်မြေနံရံကိုခေါက်ကြည့်တဲ့အခါ ကြားရတဲ့အသံသည် နံရံအတွင်းမှာ အက်ကြောင်းမရှိသော်လည်းဘိလပ်မြေရဲ့အပေါ်ယံလွှာ ကွာနေခြင်းကြောင့်ဖြစ်ပါတယ်။”

ဆောက်လုပ်ရေးလုပ်ငန်းတွေပြီးသွားတဲ့အချိန် ဘိလပ်မြေနံရံကိုခေါက်ကြည့်တဲ့အခါ ကြားရတဲ့သံဟာ နံရံအတွင်းရှိအခေါင်း ပေါက်များမှကြားရသောအသံဖြစ်ပါတယ်။ ထိုအသံသည်ကားနံရံအတွင်းမှာ အက်ကြောင်းမရှိသော်လည်း ဘိလပ်မြေရဲ့ အပေါ်ယံလွှာကွာနေခြင်းကြောင့်ဖြစ်ပါတယ်။ မျက်နှာပြင်ရှိဘိလပ်မြေအချောကိုင်ထားတဲ့အလွှာမှာညစ်ပတ်နေခြင်း၊ ခြောက်သွေ့ လွန်းခြင်း၊ ချောမွတ်လွန်းခြင်းနှင့် မျက်နှာပြင်ထူလွန်းခြင်းကြောင့် ဘိလပ်မြေဟာကောင်းစွာမစွဲကပ်နိုင်ခြင်းဖြစ်ပါတယ်။ ဘိလပ်မြေ ကွာကျခြင်းကိုကာကွယ်နိုင်ဖို့အတွက် နံရံအားအချောမကိုင်မီတစ်ရက်လောက်ကြိုပြီး မျက်နှာပြင်ကိုရေလောင်းထားပါ။ အချောကိုင်ခြင်းမစတင်မီ မျက်နှာပြင်ကိုအနည်းငယ်စိုထိုင်းထားပါ။ ပြီးလျှင်တော့ အပေါ်ယံလွှာကိုခွာချ၍ ဘိလပ်မြေစွဲကပ်အားကောင်းစေဖို့ကြမ်းတမ်းသောမျက် နှာပြင်ရအောင်ပြုလုပ်ထားပြီးရင်တော့ အချောကိုင်ခြင်းလုပ်ငန်းတွေကို ပြန်လည်စတင်နိုင်ပါပြီ။

လက်သမားဆရာနဲ့ ပန်းရံဆရာတို့ စကားများကြသောအခါ
24/12/2020

လက်သမားဆရာနဲ့ ပန်းရံဆရာတို့ စကားများကြသောအခါ

--- ဘိလပ်မြေ၊ အင်္ဂတေ ၊ကွန်ကရစ် တို့ ရဲ့ မတူကွဲပြားမှုများ ---ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အသုံးပြုတဲ့ ဘိလပ်မြေ၊ ကွန်ကရစ် န...
21/12/2020

--- ဘိလပ်မြေ၊ အင်္ဂတေ ၊ကွန်ကရစ် တို့ ရဲ့ မတူကွဲပြားမှုများ ---
ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အသုံးပြုတဲ့ ဘိလပ်မြေ၊ ကွန်ကရစ် နဲ့ အင်္ဂတေ တို့ရဲ့ အသုံးပြုပုံကို အခုထိတိုင် သေချာစွာ မရှင်းလင်းသေးတဲ့သူတွေ ရှိပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းခွင် နဲ့ အကျွမ်းတဝင်မရှိတဲ့သူတွေအဖို့ ဒီအသုံးအနှုန်း (၃) ခုဟာ တူသယောင်ယောင် ထင်ရစေပါတယ်။ အခုဒီ(၃)မျိုးရဲ့ မတူကွဲပြားမှုတွေအကြောင်းကို ဒီနေ့ဖော်ပြပေးသွားပါ့မယ်။
- ဘိလပ်မြေ (Cement)
ဘိလပ်မြေ သည် ဆောက်လုပ်ရေးဆိုင်ရာ Materials များတွင် အခြေခံ အကျဆုံးနှင့် အရေးပါဆုံးသော Material တစ်ခုဖြစ်သည်။ ဘိလပ်မြေ သည် Binding Material အမျိုးအစား ဖြစ်ပြီး ရေနှင့် ထိတွေ့ ပြီးနောက် စတင် မာကြော သော သဘောရှိသည်။ အဓိကကုန်ကြမ်းများဖြစ်သည့် သဲကျောက်(Sand Stone)၊ သံကျောက် (Iron Stone)၊ နှင့် ထုံးကျောက် (Limestone) တို့အားအပူချိန် (1450℃ )အပူပေးပြီးနောက် ထွက်ရှိလာသော ဒြပ်ပေါင်း များကို ဂေါဒန်ကျောက် (Gypsum) နှင့်အချိုးကျရောစပ်ပြီး အရောအနှော ဒြပ်ပေါင်းတစ်ခုတည်း အဖြစ်သို့ရောက်ရှိသွားကာ ဘိလပ်မြေရယ်လို့ ဖြစ်လာရတာပဲ ဖြစ်ပါတယ်။ ဘိလပ်မြေကိုအသုံးပြု၍ အုတ်စီလုပ်ငန်း၊ အချောကိုင်လုပ်ငန်း၊ အဆောက်အဦ စီမံကိန်းများနှင့် လမ်းတံတားစီမံကိန်းများတွင် ကွန်ကရစ်သွန်းလောင်းခြင်းလုပ်ငန်းများအား တွင်ကျယ်စွာ အသုံးပြုလျက်ရှိပါသည်။
- အင်္ဂတေ (Motor)
အင်္ဂတေသည် ( ဘိလပ်မြေ + သဲ + ရေ ) တို့ ပေါင်းစပ်ထားသော အရောအနှော ဖြစ်သည်။ အင်္ဂတေ သည် ကွန်ကရစ် နှင့် စာလျှင် ( W/C ဘိလပ်မြေ၊ ရေ ) များပြီး အင်္ဂတေ ၏ အသုံးပြုမည့် နေရာကို လိုက်ကာ အသုံးပြုရန် လွယ်ကူ ပြီး စေးကပ်မှု ဆွဲအားကောင်းစေရန် အဓိကထား ဖျော်စပ်ကြသည်။ တစ်ခါတစ်ရံ ထုံးကို ပါထည့်သွင်း အသုံးပြုကြသည် ကို တွေ့ရလိမ့်မည်။
ကောင်းမွန်သော အင်္ဂတေ အရောတစ်ခုရစေရန်အတွက် သင့်တော်သော အချိုး ( ဘိလပ်မြေ+သဲ + ရေ ) ၊ ကောင်းမွန် သော ဘိလပ်မြေ ၊ နုန်းကင်းစင်သော နုန်းနည်းသော နူးညံ့သော သဲ ( FM နည်းသော သဲ) ၊သန့်ရှင်းသော ရေ စသည်တို့ လိုအပ်သည်။ အုတ် နံရံများ အချောကိုင်ရာတွင် ဖြစ်တတ်သော Plastic shrinkage crack ကလေးများ မဖြစ် စေရန် အချောကိုင် မည့် အုတ်မျက်နှာပြင် အား ရေဝအောင် လောင်းပေးခြင်းသော်လည်းကောင်း၊ အသုံးပြုမည့် အုတ်ပုံ များကို နေ့စဉ် ရေဖြန်းထားခြင်း သော်လည်းကောင်း ပြုလုပ်ခြင်းဖြင့် plaster အစိုဓာတ်ကို ထိန်းသိမ်းပေး ရန် လိုအပ် သည်။ဘိလပ်မြေသည် ရေနှင့်ရောစပ်လိုက်သောအခါ ဓာတ်ပြုပြီး အပူထွက်ရှိလာသောကြောင့် အင်္ဂတေ မှ အစိုဓာတ် ကို ပိုမိုထိန်းသိမ်းပေးရန် ( curing ) လုပ်ပေးရန် လိုအပ်သည်။
- ကွန်ကရစ် (Concrete)
ကွန်ကရစ် သည် လည်း ဘိလပ်မြေကို အခြေခံထားပြီး အဓိကကျသော structural element တစ်မျိုးဖြစ်သည်။ ဘိလပ်မြေကို အခြေခံထားခြင်း အားလျော်စွာ concrete သည် အဆောက်အဦ ၏ ဖိအားဒဏ် ခံနိုင်မှု ကို အဓိက အထောက်အကူ ပြုသည်။
( သံကူကွန်ကရစ် Reinforced အဆောက်အဦ များတွင် ပါဝင်သော rebar များသည် ကွန်ကရစ် ထက် ဖိအားဒဏ် ခံနိုင်ရာတွင်လည်းကောင်း ဆွဲအားဒဏ် ခံနိုင်ရာတွင်လည်းကောင်း သာလွန်သည်။ )
ကွန်ကရစ် သည် အခြေခံအားဖြင့် ( ဘိလပ်မြေ + သဲ + ကျောက် တို့ကို ရေဖြင့် အချိုးကျ ရောစပ်ထားခြင်းဖြစ်ပြီး ) ပါဝင်သော ဘိလပ်မြေ နှင့် ရေ ပမာဏ ကို လိုက် ပြီး ခံနိုင်ရည်အား တို့ ကွာခြားကျပါတယ်။ ရေများလေလေ ဘိလပ်မြေ ခံနိုင်ရည် အားကျလေလေ ကွန်ကရစ် ခံနိုင်ရည်အား ကျလေလေ ဖြစ်သည်။ သို့သော် ... ယင်း concrete ကို မိမိအလို ရှိသော အဆောက်အဦ ၏ structural member များ( beam , column , slab , bored pile foundation etc,..) တွင် ထည့်သွင်း သွန်းလောင်းနိုင်ရန် ၊ လိုအပ်သော အချောသတ် လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်စေရန် သင့်တော် သော Concrete အပျော့အမာ ရရှိရန်လည်း လိုအပ်သေးသည်။ ( concrete workability, consistency,.)
ယခု အခါ Ready mixed concrete များ boompump များ ဖြင့် တွင်တွင်ကျယ်ကျယ် သွန်းလောင်းလာနိုင်ပြီ ဖြစ်ရာ ကြီးမားကျယ်ပြန့်သော concrete လုပ်ငန်းကြီး များအတွက် ကွန်ကရစ် အရည်အသွေး ပိုမို တည်ငြိမ်စေရန်နှင့် အစိုဓာတ်ကိုထိန်းသိမ်းပေးရန် (curing)လုပ်ပေးခြင်းဖြင့်သော်လည်းကောင်း၊ လုပ်ငန်းအချိန်မှီ ပြီးစီးမှု အတွက်သော် လည်းကောင်း အထောက်အကူ ပြုခြင်းဖြင့် တည်ဆောက်ရေး လုပ်ငန်းခွင်များ ပိုမို တွင်ကျယ်လာပြီ ဖြစ်ပါသည်။
ဖော်ပြပါ အချက်တွေကို ကြည့်ပြီး ဘိလပ်မြေ၊ ကွန်ကရစ် နဲ့ အင်္ဂတေ တို့ရဲ့ ကွဲပြားမှုကို သိရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Crd

  သစ်သားပြားများဖြင့် နေအိမ်ကိုအေးမြစေခြင်း--------------------------------------------------------------------------ကျရ...
15/12/2020

သစ်သားပြားများဖြင့် နေအိမ်ကိုအေးမြစေခြင်း
--------------------------------------------------------------------------
ကျရောက်လာသောနေရောင်ခြည်သည် အုတ်နံရံကနေတဆင့် အိမ်အတွင်းသို့ အပူတွေဟာ အလွယ်တကူ ဝင်ရောက်တတ်ပါတယ်။
အဲ့တာကိုဖြေရှင်းနိုင်မဲ့ နည်းလမ်းကတော့ SCG Smartwoodသစ်သားပြားကို နေရောင်ခြည်ဝင်တဲ့ ဦးတည်ရာအတိုင်း တပ်ဆင်ပေးနိုင်ပါတယ်။ SCG Smartwood သစ်သားပြားများကို နေရောင်ခြည်ကိုတိုက်ရိုက်ထိတွေ့ပြီး အပူကိုစုတ်ယူပေးတဲ့ ကြာခံနယ်အဖြစ် အသုံးပြုလို့ရပါတယ်။ အုတ်နံရံကို ဖြတ်ပြီး အိမ်အတွင်းသို့မဝင်ခင် အကြားရှိနေရာလပ်များမှာ အပူတွေစုပုံလာပါလိမ့်မယ်။အပူကာပြားတပ်ဆင်ထားခြင်းကလည်း အပုူကို စုပ်ယူပေးနိုင်ပါတယ်။ထိုနည်းများက အိမ်အတွင်း အပူချိန်ကိုလျှော့ချစေကာ အိမ်ကိုအေးမြစေနိုင်သောကြောင့် အဲကွန်းစသော စွမ်းအင်များကို ခြွေတာပေးနိုင်ပါတယ်။ ထို့ပြင် နေအိမ်အပြင်အဆင် ဒီဇိုင်းကိုပါ လှပသွားစေပါတယ်။

Address

West Zay Haung Street
Myaungmya

Website

Alerts

Be the first to know and let us send you an email when MCC - Myanmar Construction Community posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share