Hsan Layaung Thit Construction Co. ,Ltd

Hsan Layaung Thit Construction Co. ,Ltd ဆောက်လုပ်ရေးဝန်ဆောင်မှုလုပ်ငန်း

🙏🙏🙏
11/01/2024

🙏🙏🙏

01/12/2023
🙏🙏🙏မကြာမီရက်ပိုင်းအတွင်း ဆန်းလရောင်သစ်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ပေးတော့မှာဖြစ်တဲ့လယ်ဝေးမြို့ အမှတ်(၆)ရပ်ကွက် မြို့သစ်(၄)လ...
07/11/2022

🙏🙏🙏
မကြာမီရက်ပိုင်းအတွင်း ဆန်းလရောင်သစ်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ပေးတော့မှာဖြစ်တဲ့လယ်ဝေးမြို့ အမှတ်(၆)ရပ်ကွက် မြို့သစ်(၄)လမ်း တွင် ဆောက်လုပ်မည့် TZ Mobil Shop လေးပဲဖြစ်ပါတယ်ရှင့်
HLYT Co.,Ltd
09-43033887

07/11/2022

ဆန်းလရောင်သစ်ကုမ္ပဏီသို့ ယုံကြည်စွာနှင့်လုပ်ငန်းအပ်နှံပြီး အဆောက်အဦဆောက်လုပ်ခွင့်ပေးခဲ့ကြသော အိမ်ရှင်မိသားစုများနှင့် ဌာနဆိုင်ရာမှလူကြီးများအားလုံး စိတ်​၏ချမ်းသာခြင်းကိုယ်​၏ကျန်းမာခြင်းများနှင့်ပြည့်စုံကြပါစေ
ယနေ့ကျရောက်သော တန်ဆောင်မုန်းလပြည့်နေ့လေးတွင် ကုမ္ပဏီမိသားစုများအားလုံးမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်
🙏🙏🙏🙏🙏

🙏🙏🙏🙏🙏7/11/2022ထန်းတပင် VIP ရက်ကွက်အတွင်းဆောင်ရွက်နေသော အဆောက်အဦလေးရဲ့ လုပ်ငန်ပြီးစီးမှုအ​ခြေအနေလေးပါHLYT Co.,Ltd09430338...
07/11/2022

🙏🙏🙏🙏🙏
7/11/2022
ထန်းတပင် VIP ရက်ကွက်အတွင်းဆောင်ရွက်နေသော အဆောက်အဦလေးရဲ့ လုပ်ငန်ပြီးစီးမှုအ​ခြေအနေလေးပါ
HLYT Co.,Ltd
0943033887
ဒ-၂၇၆ စစ်တောင်း(၂)လမ်း ရွှေအင်ကြင်းရပ်ကွက် ဒက္ခိဏသီရိမြို့ နေပြည်တော်

28/10/2022

"အတွေးလွန် ကျွန်ဖြစ်"

ဖားတစ်ကောင်ဟာ
ကင်းခြေများတစ်ကောင်
လမ်းလျှောက် လာတာကိုမြင်တော့
ဒီလိုစဉ်းစားမိတယ်။

ငါ့မှာ ခြေနှစ်ချောင်း
လက်နှစ်ဖက်ရှိတာတောင်
လမ်းလျှောက်ရတာ ခက်ခဲတယ်
တခါတစ်လေ ဘယ်ညာမှားပြီး
ခြေလှမ်းတွေ လွဲနေတတ်သေးတာ
ဒါပေမယ့် ဒီကောင်ကြီးက
ခြေထောက်တွေ
မရေမတွက်နိုင်အောင်ရှိနေတာ
ဘယ်လိုများ လမ်းလျှောက်သလဲမသိဘူး တော်တော်ထူးဆန်းတာပဲ
ဒီကင်းခြေများ ဒီခြေထောက်က
အရင်လှမ်း ဟိုခြေထောက်က
နောက်မှလမ်းဆိုပြီး
သူ့ခြေထောက်တွေကိုသူ
ဘယ်လိုများ ထိန်းချုပ်လဲ မသိဘူး"

အဲ့ဒါနဲ့ … ဖားက
ကင်းခြေများကို သွားပြီး
ဒီလိုမေးလိုက်တယ် …

ဒီလောက်များတဲ့
ခြေထောက်တွေနဲ့
မင်းဘယ်လို လမ်းလျှောက်သလဲ
ငါ သေသေချာချာ စဉ်းစားကြည့်ပြီးပြီ
ဘယ်လိုမှ တွေးမရဘူး
ခြေထောက်တစ်ချောင်းချင်းစီကို
ထိန်းချုပ်နိုင်ဖို့ဆိုတာ
တော်တော်မလွယ်တဲ့ ကိစ္စပဲ"

ငါလည်း မွေးကတည်းက
ဒီလိုပဲ လျှောက်လာခဲ့တာ
ဒီကိစ္စနဲ့ပတ်သတ်ပြီး
တစ်ခါမှ မတွေးဖူးပါဘူး။

ဘာပဲဖြစ်ဖြစ်မေးလာပြီ
ဆိုတော့လည်း အဖြေရှာရမှာပေါ့
နေအုန်း … ငါစဉ်းစားကြည့်လိုက်အုန်းမယ်
ဆိုပြီး တစ်အောင့်လောက် ရပ်ပြီး
တွေးကြည့်နေရောတဲ့ …!

အဲ့ဒီအတွေးမျိုးဟာ
ကင်းခြေများအတွက်
ပထမဆုံးသော အတွေးဖြစ်သလို
ဘယ်ခြေထောက်ကို အရင်ရွေ့ရမလဲ
ဘယ်ခြေထောက်ကိုကျတော့
နောက်မှရွေ့ရမလဲ ဆိုပြီး
ခြေထောက်တွေတစ်ချောင်းခြင်းစီနဲ့
စမ်းစစ်ကြည့်လိုက်တဲ့အခါ
ခြေလှမ်းတွေမှားကုန်ပြီး
တည့်တည့်တောင်လျှောက်လို့မရတော့ပဲ
ကို့ယို့ကားယားတွေ ဖြစ်ကုန်ပါလေရော။

ဒါနဲ့ ဖားကိုပြောတာပေါ့
မင်းနောက်တစ်ခါ တခြား
ကင်းခြေများတွေကို
ဒီလိုမေးခွန်းမျိုး
ဘယ်တော့မှ သွားမမေးမိစေနဲ့
နားလည်လား …!
ငါ့ဖာသာ ဒီပုံစံအတိုင်း
လမ်းလျှောက်လာခဲ့တာ
ဘာပြသနာမှမရှိခဲ့ဖူးဘူး။

အခုမင်းမေးခွန်းကြောင့်
ငါလမ်းလျှောက်ရတာတောင်
ခက်ကုန်ပြီ
ဘယ်ခြေထောက်အရင်
စလှမ်းရမှန်းမသိတော့ဘူး
ဘယ်လိုလုပ်မလဲ"?

ကျွန်တော်တို့ လူတွေလည်း
ဒီအတိုင်းနေ နေကြတာ
အေးချမ်းနေကြပြီ
ဒါပေမဲ့ တခြားလူတွေက
သူတို့ပြသနာ အသီးသီးတွေ
ယူလာပြီးပြောကြတဲ့အခါ
ကိုယ်သွားနားထောင်ပြီး
သူတို့နဲ့အတူ သွားပြီး
စိတ်ရှုပ်စိတ်ညစ်ရရော။

ဘဝက နေလို့ရ
စားလို့လောက်ငှနေရင်
ဘာမှပူလောင်စရာမရှိဘူး
တစ်ခြားလူတွေ
ဘဝကောင်းစားနေတာမြင်ရော…

ဟိုလူကဒီလိုကောင်းစားနေတာ။
ဒီလူက ဒီလို စိန်ရွှေ ရတနာ
ပိုက်ဆံတွေ ချမ်းသာတာ
အိမ်ရှိတာ … ကားရှိတာ
ရည်းစားချောချောလေး ရှိတာ
ဆိုတာတွေလည်း မြင်ရော …
ကိုယ့်ဖာသာကိုယ်
လျှောက်ပြီးတွေးတော့တာ …!
နောက်ဆုံးတော့ သောကတွေက
ကိုယ့်စိတ်ကို ကူးစက်ပူလောင်စေ
တော့တာပါပဲ ဘယ်သူဘာပြောပြော
ကိုယ့်လမ်းကိုယ် မှန်မှန်လေး
လျှောက်လှမ်း သွားပါ
သူများပြောစကားတွေနဲ့
လမ်းမှားမရောက်ပါစေနဲ့
မတွေဝေပါနဲ့။

28.Dec.2020

25/10/2022

ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ဘာလို့ ဆိုဒ်အင်ဂျင်နီယာတွေကို ငှားလည်းသိလား❓
-----------------------------------------------
အကြောင်းအရင်းက တစ်ခုဘဲရှိတယ်။ အလုပ်ကို သေချာလုပ်တတ်တယ်လို့ယူဆလို့ ...
-------------------------------------------
အပြင်မှာ ပန်းရံတွေ လက်သမားတွေက မမြင်ရင် မမြင်သလိုဆိုဒ်ထဲမှာ ဖြစ်သလိုလုပ်ကြတာ။ အကယ်လို့ အင်ဂျင်နီယာသာရှိမယ်ဆိုရင် ဖြစ်သလိုမလုပ်အောင် တည့်မှတ်ပေးမယ်လို့ ယူဆလို့

ကိုယ်က ဖြစ်သလိုလုပ်တတ်တဲ့သူဆိုရင် ဆိုဒ်အင်ဂျင်နီယာမလုပ်တာကောင်းတယ်။ တကယ်တော့ ကျောင်းတုန်းက သင်ခဲ့တဲ့ ပညာတိုင်းက အပြင်မှာအသုံးဝင်တာမဟုတ်ဘူးဗျ

အင်ဂျင်နီယာတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်တစ်ခုက သာမှန်လူတစ်ယောက်နဲ့မတူဘူး။ တူနေတယ်ဆိုရင် အဲ့လူက အင်ဂျင်နီယာမဟုတ်တော့ဘူး

အိမ်ရှင်တွေနဲ့တွေ့ရင် ရှေ့နေတွေထက်တောင် စကားကို လှပအောင်ပြောရသေးတယ်။ အဲ့ဒါတွေက အပြင်မှာတကယ်အလုပ်လုပ်ဖူးမှသိတာ။

ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ယောက်မှာ ချမ်းသာနိုင်တဲ့နည်းလမ်းတွေ အများကြီးရှိတယ်ဗျ။ ဒါပေမယ့် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်ဖို့ဆိုရင်တော့ အရင်ဆုံး Network ကောင်းဖို့လိုတယ်။

Network မရှိရင် လုပ်ငန်းရမှာမဟုတ်ဘူး။ Network ကောင်းပြီး အရေချင်းရှိလို့ကတော့ ဒီမှာ နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့ အင်ဂျင်နီယာတွေထက်တောင် ပိုရှာနိုင်သေးတယ်။

ဒါပေမဲ့ လူဆိုတာ ကာလ၊ဒေတ၊ကံ ဆိုတာရှိသေးတယ်။ လူတိုင်းဒီလိုအခွင့်ရေးကို ရတာတော့မဟုတ်ဘူး။ ပြောချင်တာကတော့ ဆောက်လုပ်ရေးလုပ်ငန်းမှာလည်း လုပ်နိုင်ရင် လုပ်နိုင်သလို အခွင့်အလန်းတွေရှိနေသေးတယ်ဆိုတာပါဘဲ။

စိတ်ပျက်ပြီး လှည့်ပြန်သွားတဲ့သူရှိသလို ချမ်းသာပြီး သူဌေးဖြစ်သွားတဲ့ သူတွေလည်းရှိတယ်။ ဆောက်လုပ်ရေးအကြောင်းကို အင်ဂျင်နီယာတွေလောက်မသိတဲ့ ကန်ထရိုက်တွေတောင် ပိုပိုပြီး ချမ်းသာသွားကြသေးတာပဲ။ အင်ဂျင်နီယာနဲ့ ကန်ထရိုက်ရဲ့ အဓိက ကွာခြားချက်က Network ဘဲ။

အင်ဂျင်နီယာအများစုက Network မကောင်းကြဘူး။ တခြားနယ်ပယ်က လူတွေနဲ့ ဆက်သွယ်ဖို့နေနေသာသာ ကိုယ့်အချင်းချင်းတောင် မတည့်ကြဘူး။ ပညာပြိုင်ကြတယ်။ စီးပွားရေးသမားတွေက သူတို့အချင်းချင်းတွေ့ရင် ဘာလုပ်ငန်းစပ်တူရှယ်ယာလုပ်လို့ရလည်းတိုင်ပင်ကြတယ်။ အင်ဂျင်နီယာတွေကျတော့ ဘယ်သူပိုတတ်လည်းပြိုင်တယ်။

သေချာတာတစ်ခုကတော့ Network ကောင်းလို့ကတော့ အလုပ်လုပ်ရတာ သိပ်မပင်ပန်းတော့ဘူး။ အတတ်ပညာပိုင်းမှာလည်း ဒီသဘောတရားပါဘဲ။ လူတစ်ယောက်က အတတ်ပညာတိုးတက်တဲ့ အသိုင်းဝိုင်းထဲကိုရောက်သွားတဲ့အခါမှာ ကိုယ်ကိုယ်တိုင်ကလည်း လေ့လာချင်စိတ်ဖြစ်လာသလို အသစ်သစ်တွေလည်း တဖြေးဖြေးပိုသိလာတယ်။

အင်ဂျင်နီယာတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုလည်း Self Developing ဖြစ်အောင်လုပ်ပြီး Network ကိုလည်း များများချဲ့နိုင်လို့ကတော့ အောင်မြင်ဖို့ အခွင့်အလန်းတစ်ခုရလာမယ်လို့ မြင်မိတယ်. . . 🔻🔻

ကျတော်ကတော့ တစ်ယောက်နဲ့တစ်ယောက် ပညာပြိုင်နေရတာလောက် ပျင်းစရာကောင်းတာမရှိဘူး ... ဘယ်သူပိုတတ်လည်း ငြင်းနေတာထက် ဘာလုပ်ရင် ပိုက်ဆံပိုရမလည်းဆိုတာကိုဘဲ တွေးနေမိတယ်
--------------------------------------------


22.10.2022 ထန်းတပင် VIP ရပ်ကွက်အတွင်းရှိအဆောက်အဦလေးရဲ့ လုပ်ငန်းပြီးစီးမှုအခြေအနေလေးပါ
22/10/2022

22.10.2022
ထန်းတပင် VIP ရပ်ကွက်အတွင်းရှိအဆောက်အဦလေးရဲ့ လုပ်ငန်းပြီးစီးမှုအခြေအနေလေးပါ

18.10.2022 ရက်နေ့တွင်အပ်နှံခဲ့သော လယ်ဝေးမြို့ ကျော်မော်ရတနာရွှေဆိုင် အဆောက်အဦလေးဖြစ်ပါတယ်ရှင့်အလျား 32’ အနံ 40’ ရှိသော R...
19/10/2022

18.10.2022 ရက်နေ့တွင်အပ်နှံခဲ့သော လယ်ဝေးမြို့ ကျော်မော်ရတနာရွှေဆိုင် အဆောက်အဦလေးဖြစ်ပါတယ်ရှင့်
အလျား 32’ အနံ 40’ ရှိသော RC နှစ်ထပ်ခွဲအဆောက်အဦလေးကို ဆန်းလရောင်သစ်ကုမ္ပဏီအနေဖြင့် အိမ်ရှင်များစိတ်တိုင်းကျတည်ဆောက်ပေးခဲ့တာပဲဖြစ်ပါတယ်
အဆောက်အဦ Archi Design
Structural design များ
အဆောက်အဦဆောက်လုပ်ခွင့်
ခန့်မှန်းချေကုန်ကျစရိတ်တွက်ချက်ပေးခြင်းများနှင့်
ပြီးစီးကြောင်းများကို ကုမ္ပဏီမှ လိုင်စင်အင်ဂျင်နီယာကိုယ်တိုင်တာဝန်ယူဆောင်ရွက်ပေးထားခြင်းဖြစ်ပါတယ်
လူကြီးမင်းတို့တည်ဆောက်လိုသော အဆောက်အဦ အိမ်ရာများအတွက် အသေးစိတ်ညှိနှိုင်းဆွေးနွေးတိုင်ပင်လိုပါက ဆန်းလရောင်သစ်ကုမ္ပဏီ
ဖုန်း- 0943033887
09797731300 သို့ ဆက်သွယ်နိုင်ပါတယ်ရှင်
ရုံးခန်းလိပ်စာ -ဒ-၂၇၆ /စစ်တောင်း (၂)လမ်း /ရွှေအင်ကြင်းရပ်ကွက် /ဒက္ခိဏသီရိမြို့နယ် /နေပြည်တော်

ဆန်းလရောင်သစ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ထန်းတပင် VIP ရပ်ကွက်မြရွှေဝါ(၂)လမ်း (ဒ-၆၂၀၉)အဆောက်အဦပြီးစီးမှုအခြေအနေ...
22/09/2022

ဆန်းလရောင်သစ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ထန်းတပင် VIP ရပ်ကွက်
မြရွှေဝါ(၂)လမ်း (ဒ-၆၂၀၉)
အဆောက်အဦပြီးစီးမှုအခြေအနေလေးပါ

HLYT # #

ဆန်းလရောင်သစ်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်မည့် ဒက္ခိဏသီရိမြို့နယ်| ထန်းတပင် VIP ရက်ကွက် တွင် အသစ်တည်ဆောက်မည့်အဆောက်အဦမြေနေရာ...
27/08/2022

ဆန်းလရောင်သစ်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်မည့် ဒက္ခိဏသီရိမြို့နယ်| ထန်းတပင် VIP ရက်ကွက်
တွင် အသစ်တည်ဆောက်မည့်အဆောက်အဦမြေနေရာအား မြေသန့် ပန္နက်တင်မင်္ဂလာအခမ်းအနား

ဆန်းလရောင်သစ်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျှက်ရှိသော လယ်ဝေးမြို့နယ် ကျော်မော်ရတနာရွှေဆိုင် အဆောက်အဦပြီးစီးမှုအခြေအနေ
21/08/2022

ဆန်းလရောင်သစ်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျှက်ရှိသော လယ်ဝေးမြို့နယ် ကျော်မော်ရတနာရွှေဆိုင် အဆောက်အဦပြီးစီးမှုအခြေအနေ

Address

Sittaung 2 Street
Naypyidaw

Telephone

+95943033887

Website

Alerts

Be the first to know and let us send you an email when Hsan Layaung Thit Construction Co. ,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share