NexT LeveL Pro

NexT LeveL Pro step next level together with us

ထိုင်း-ခမာ စစ်ပွဲခမာ လို့သုံးနှုန်းရတာက  ကမ္ဘောဒီးယားကို ရိုက်ရတာ စာအရှည်ကြီးမို့ပါ  😁😁😁😁နိုင်ငံရေး ရှုထောင့်ကို ခဏထားလိ...
25/07/2025

ထိုင်း-ခမာ စစ်ပွဲ

ခမာ လို့သုံးနှုန်းရတာက
ကမ္ဘောဒီးယားကို ရိုက်ရတာ
စာအရှည်ကြီးမို့ပါ 😁😁😁😁

နိုင်ငံရေး ရှုထောင့်ကို ခဏထားလို့
စစ်ရေး ရှုထောင့်ကနေပဲ ကြည့်ရင်
၂၀၁၈ ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့
အာမေးနီးယား-အဇာဘိုင်ဂျန်လိုမျိုးဖြစ်မလားပဲ

အာမေးနီးယားတွေက ဇရှိတယ်
တိုက်ရည်ခိုက်ရည် ကောင်းတယ်ပေါ့
ဒါပေမဲ့
တကယ်ဖြစ်လာချိန်ကျတော့
နည်းပညာနဲ့ ခေတ်မီစစ်လက်နက်သာတဲ့နိုင်ငံက သာသွားတာပါပဲ

အဲ့တုန်းက အဇာဘိုင်ဂျန်က
တူရကီထုတ် ဘာရတ်တာ ဒရုန်းတွေနဲ့
ဇပြင်းပါတယ်ဆိုတဲ့ အာမေးနီးယားတွေကို သမသွားတာမြင်မကောင်းဘူး
တစ်ဖက်စောင်းနင်းကို ဖြစ်လို့

အခုလည်း ခမာတွေ ဘယ်လောက်မာတယ်ပြောပြော
သူတို့ထက် အဆပေါင်းများစွာ
ခေတ်မီစစ်လက်နက်တွေ သာလွန်တဲ့ ထိုင်းကို ယှဉ်နိုင်ဖို့ မလွယ်ပါ

ထိုင်းစစ်တပ်က
မြန်မာပြည်က ၁၀၂၇ ကို သင်ခန်းစာယူပြီး
ဒရုန်းတွေ ပြင်ထားတာမှ မကြာသေးဘူး
အခု စစ်ပွဲလည်း ဖြစ်ရော ထုတ်သုံးတော့တာပဲ

မြန်မာပြည်မှာလည်း ၂၀၁၈ တုန်းက
အာမေးနီးယား-အဇာဘိုင်ဂျန် စစ်ပွဲကို
လေ့လာသုံးသပ်ခဲ့ကြတာပဲ
ဒရုန်းတွေ ဘယ်လို ထိရောက်တယ် ဘာညာ
ပြီးတော့ အဲ့သုံးသပ်ချက်တွေက ဘယ်ချောင်ရောက်သွားလဲမသိ

၁၀၂၇ နဲ့ သမခံရမှ
အလန့်တကြား ထလုပ်ကြတယ်
အခုတော့
စစ်တပ်ဘက်က ပြန်ပြီး အလေးသာလာတဲ့
အရိပ်အယောင်တွေ ပြလာနေပြီ
ရေရှည်မှာတော့
ပြည်တွင်းလက်နက်ကိုင်အဖွဲ့တွေကို
စစ်တပ်က ဒရုန်းနဲ့ပဲ ပြန်သမမဲ့ သဘောရှိတယ်
ကြည့်ရသလောက်က

မှတ်ချက်။
စာကို ကူးယူဖော်ပြလိုပါက ပိုင်ရှင်ကို ခရက်ဒစ်ပေးခြင်းဖြင့် သင်၏ ရိုးသားမှုကို တည်ဆောက်ပါ။

25/07/2025

ဒီ ပေ့ချ် ကို နိုင်ငံရေး၊ စစ်ရေး တင်ဖို့ဆိုပြီး လုပ်ခဲ့တာ အကြောင်းအမျိုးမျိုးနဲ့ ရပ်သွားခဲ့တာ အခုမှပဲ ပြန် ဝင်ဖြစ်တော့တယ်။ နောက်ပိုင်းကျရင်တော့ Team ကို သေချာလေး ပြန်ဖွဲ့ပြီး လည်ပတ်နိုင်ဖို့ စီမံသွားပါမယ်။

ရေးစရာ ကုန်ကြမ်းတွေက အများကြီးပါ

လူငယ်တွေကို နိုင်ငံရေး၊ စစ်ရေး အသိဉာဏ်ပညာ မျှဝေချင်လို့ပါ
ကိုယ်လေ့လာမိသလောက်လေးပေါ့

လူကြီးတွေကိုတော့ စကားထဲထည့်မပြောတော့ဘူး
အတော်များများက ငါသိ ငါတတ်၊ မင်းဘာသိလို့လဲ ဆိုတာတွေက များလို့

16/10/2024

ဟစ်ဇ်ဘိုလာဒုံးကျည်က
အစ္စရေးစစ်တပ်ရဲ့
ထမင်းစားဆောင်ပေါ်ကို
စစ်သားတွေ ထမင်းစားနေချိန်မှ
တည့်တည့်လာကျလို့
အစ္စရေးစစ်သား ၄ ဦး ‌ေ သ
၆၀ ကျော် ဒဏ်ရာရ

ရုရှားကာကွယ်ရေးဝန်ကြီးတရုတ်ကို ရောက်နေပြီအခုလို စစ်ရေးတင်းမာနေတဲ့အချိန်ချစ်ကြည်ရေးသက်သက်သွားတာတော့မဖြစ်နိုင်ပါ
14/10/2024

ရုရှားကာကွယ်ရေးဝန်ကြီး
တရုတ်ကို ရောက်နေပြီ

အခုလို
စစ်ရေးတင်းမာနေတဲ့အချိန်
ချစ်ကြည်ရေးသက်သက်သွားတာတော့
မဖြစ်နိုင်ပါ

ပြောလို့တောင် မဆုံးသေးဘူးတရုတ်ကြီးကလည်းထိုင်ဝမ်ကျွန်းပတ်လည်မှာဟန်ရေးတပြပြနဲ့စစ်ရေးလေ့ကျင့်နေပြန်ပြီတဲ့ကမ္ဘာမြေကတော့စစ်မိ...
14/10/2024

ပြောလို့တောင် မဆုံးသေးဘူး
တရုတ်ကြီးကလည်း
ထိုင်ဝမ်ကျွန်းပတ်လည်မှာ
ဟန်ရေးတပြပြနဲ့
စစ်ရေးလေ့ကျင့်နေပြန်ပြီတဲ့

ကမ္ဘာမြေကတော့
စစ်မိစ္ဆာတွေကြားမှာ
မျက်ခုံး ခပ်လှုပ်လှုပ်နဲ့ပါပဲ

2023 အောက်တိုဘာလ 7 ရက်နေ့တုန်းကအစ္စရေးတင့်ကားပေါ် အောင်ပွဲခံနေခဲ့တဲ့ပါလက်စတိုင်းများ
14/10/2024

2023 အောက်တိုဘာလ 7 ရက်နေ့တုန်းက
အစ္စရေးတင့်ကားပေါ် အောင်ပွဲခံနေခဲ့တဲ့
ပါလက်စတိုင်းများ

14/10/2024

ရုရှားကို လက်နက်ခဲယမ်းတွေ ထောက်ပံ့နေတဲ့ မြောက်ကိုရီးယား

ခေတ်သစ်စစ်ပွဲတွေမှာကျည်ကာဒိုင်း ballistic shield တွေကိုကျယ်ပြန့်စွာ အသုံးပြုလာကြလျက်ရှိပါတယ်
14/10/2024

ခေတ်သစ်စစ်ပွဲတွေမှာ
ကျည်ကာဒိုင်း ballistic shield တွေကို
ကျယ်ပြန့်စွာ အသုံးပြုလာကြလျက်ရှိပါတယ်

14/10/2024

စစ်တုရင်ရွှေ့ကွက်များ

၁၊ အမေရိကန်က ရုရှားကို ဖဲ့ဖို့
ယူကရိန်းကို NATO ထဲထည့်
မယ်ဆိုပြီး အကွက်ရွှေ့တယ်
၂၊ ရုရှားက အဲ့အကွက်ကို ငြင်းလို့မရဘူး
ယူကရိန်းကို ဝင်တိုက်ရတယ်
၃၊ အမေရိကန်တွေ တစ်ကွက်လိုသွားတာက
ရေနံဈေးတွေ တက်ကုန်တယ်၊ ဂျုံဈေးတွေ
တက်ကုန်တယ်
ယူကရိန်း နဲ့ ရုရှားက ဂျုံတင်ပို့သူ ကမ္ဘာ့နံပါတ် ၁ နဲ့ ၂ ၊ ရုရှားက စီးပွားရေး မထိခိုက်ဘဲ စစ်ဆက်တိုက် နိုင်နေတယ်
သူများအားကိုးနဲ့ စစ်တိုက်တဲ့ ဇန်လန်စကီးရဲ့
အတွေးအခေါ်နဲ့ ဦးနှောက်က အံ့မခန်းပဲ
ကြားက နိုင်ငံနဲ့ပြည်သူက တစ်စစီဖြစ်ရပြီ

၄၊ ဟားမတ်စ်က အစ္စရေးကို ဝင်တိုက်တယ်
ဂါဇာ တစ်ခုလုံး အစ္စရေးက ဝင်ချေတယ်

၅၊ အခု ဟစ်ဇ်ဘိုလာ အလှည့်၊ အီရန် နေလို့မရတော့ ဘူး၊ အစ္စရေးက အဲ့အကွက် လိုချင်တာ၊ အီရန်ကို စစ်ထဲ ဆွဲထည့်ပြီး သူ့ရဲ့ nuclear ability နဲ့ အလားအလာကို လုံးဝဖျက်ဆီးပစ်ချင်တာ
အီရန်ကလည်း ဒီအကွက်မြင်လို့ တတ်နိုင်သမျှ သည်းခံပြီး စစ်ကိုရှောင်နေတာ၊ နျူလက်နက်ကို
လက်ဝယ်ပိုင်ပိုင် ရတဲ့အထိ စစ်ဖြစ်လို့မရသေးဘူး
သူ့တွက်ကိန်းနဲ့သူ။

၆၊ ဖြစ်အံ့ဆဲဆဲ အစ္စရေး အီရန်စစ်ကိုပဲအားလုံးက စိတ်ဝင်စား အာရုံစိုက်နေကြပြီ၊ ဒါက ရုရှား လိုချင်တဲ့အကွက်၊ ယူကရိန်းပွဲကို ဒါမှ မြန်မြန်ဖြတ်လို့ရမှာ

၇၊ မြောက်ကိုရီးယား အမြောက်တပ်မ ၈ ခုက နယ်စပ်မှာ တိုက်ပွဲဝင်အသင့် နေရာယူလာတယ်
အမေရိကန်ကို အရူးမီးဝိုင်းဖြစ်အောင် ပူတင်ရဲ့ ကစားကွက်၊ အစ္စရေးကိုကူဖို့ လုပ်နေချိန်။ အရှေ့ဖျားမှာပါ flash point တစ်ခု မီးစာဖြည့်ပြီး အကွက်ရွှေ့လိုက်တာ

၈၊ အခုချိန် တရုတ်ကြီးကသာ ထိုင်ဝမ်သိမ်းဖို့
အရိပ်အယောင် ထပြင်ရင်တော့

၉၊ အီရန်ဖက်ကလည်း ရုရှား က အခိုင်အမာ ရပ်ပြ ထားတယ်၊ ရုရှား က အီရန် နဲ့ မြောက်ကိုရီးယား မဟာမိတ်တွေနဲ့ ကစားပြီး သူ့လိုလားချက်
ယူကရိန်းကို ရအောင် ဖန်တီးဖို့ အခြေအနေ ကို အကွက်ရွှေ့နေပါတယ်

တရုတ်ကြီးက လိမ္မာပါးနပ်စွာနဲ့
စောင့်ကြည့်နေပါတယ်

ကြက်လည်းမော
ယာလည်းညက် အကွက်မျိုး။

ဝေယံ

Fiber cable drone တွေလာပါပြီလှံနဲ့ဒိုင်းနဲ့ ပြိုင်ပွဲကတော့အဆုံးသတ်မည်မဟုတ်ရပ်တန့်နေသူတွေကျန်ခဲ့မည်ခံရမည်ရှုံးနိမ့်မည်
14/10/2024

Fiber cable drone တွေ
လာပါပြီ
လှံနဲ့ဒိုင်းနဲ့ ပြိုင်ပွဲကတော့
အဆုံးသတ်မည်မဟုတ်

ရပ်တန့်နေသူတွေ
ကျန်ခဲ့မည်

ခံရမည်

ရှုံးနိမ့်မည်

14/10/2024

အီရန် ရဲ့ အရေးကြီးတဲ့
နျူကလီးယားနေရာတွေ
ရေနံ နေရာတွေကို
အနှေးနဲ့ အမြန်
အစ္စရေးက တိုက်လိမ့်မယ်လို့
ယူဆရပါတယ်။

ထရမ့်သာ သမ္မတ ဖြစ်လာရင်တော့
သေချာပေါက်
အီရန်ကို အပြင်းအထန်
တိုက်ပါလိမ့်မယ်

အမေရိကန် နိုင်ငံရေးမှာ
နောက်ကွယ်ကနေ
ဂျူးတွေ ပါဝင်နေတာ ကြာပါပြီ

01/08/2024

အီရန်မြေအောက် နျုကလီးယားစခန်းတွေကို ဖြိုခွင်းမဲ့
အမေရိကန်တို့ရဲ့ Bunker Buster
GBU 72 ဗုံးများ

Address

Naypyidaw

Website

Alerts

Be the first to know and let us send you an email when NexT LeveL Pro posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share