Chit Htwe Painting Group

Chit Htwe Painting Group 09 961 870 520

လူတွေရဲ့ကိုယ်ကျင့်တရားတွေ ၊ ခံယူချက်တွေဆိုတာ မရယ်ရတဲ့ဟာသကြီး ။ သူတို့ဘဝထဲကို ပြဿနာဆိုတာလေးတစ်စက်လောက်ချပေးကြည့် အဲ့ဒါတွေ...
24/10/2024

လူတွေရဲ့ကိုယ်ကျင့်တရားတွေ ၊ ခံယူချက်တွေဆိုတာ မရယ်ရတဲ့ဟာသကြီး ။ သူတို့ဘဝထဲကို ပြဿနာဆိုတာလေးတစ်စက်လောက်ချပေးကြည့် အဲ့ဒါတွေအကုန်လုံးကိုပစ်ချလိုက်ကြလိမ့်မယ် ။ လောကကြီးကအခွင့်အရေးပေးထားလို့သာ လူကောင်းဖြစ်နေကြတာ ။ မင်းတွေ့မှာပါ...ငါမင်းကိုပြမယ် ။ တကယ်ကျဥ်းထဲကြပ်ထဲရောက်လာရင် ယဥ်ကျေးမှုမြင့်လှပါချည်ရဲ့ဆိုတဲ့ဒီလူတွေ အချင်းချင်းပြန်တောင်စားကြလိမ့်ဦးမယ် ။ သိပြီမလား... ငါကမကောင်းဆိုးဝါးမဟုတ်ဘူးကွ ။ ဒီလူ့အဖွဲ့အစည်းရဲ့အရှေ့ကိုကြိုရောက်ရုံနေပဲ ။

- -

ဘာဆက်လုပ်လို့ လုပ်ရမှန်း မသိတော့တဲ့ နေ့တွေလည်း ရှိခဲ့တယ်ဘယ်သူ့ကို မျှော်လင့်ပြီး ရှေ့ဆက်ရမှန်း မသိတဲ့ နေ့တွေလည်း ရှိဖူးတ...
15/08/2024

ဘာဆက်လုပ်လို့ လုပ်ရမှန်း
မသိတော့တဲ့ နေ့တွေလည်း ရှိခဲ့တယ်

ဘယ်သူ့ကို မျှော်လင့်ပြီး ရှေ့ဆက်ရမှန်း
မသိတဲ့ နေ့တွေလည်း ရှိဖူးတယ်

ဘာဆက်ဖြစ်မယ်ဆိုတာကိုလည်း
ငါတို့မှာ ရွေးချယ်ခွင့် အကြွင်းမရှိ ။

-နွေသစ်ငြိမ်း

-လူငယ်-  90 Kid တွေမှာ အားသာချက်တွေရှိတယ်- အိမ်ထောင်မကျသေးရင် အိမ်ပြန်မအိပ်လည်းရတယ်- အသက် ၅၀ အရွယ်ကို အကိုကြီးခေါ်လို့ရပ...
25/05/2024

-လူငယ်-

90 Kid တွေမှာ အားသာချက်တွေရှိတယ်

- အိမ်ထောင်မကျသေးရင် အိမ်ပြန်မအိပ်လည်းရတယ်

- အသက် ၅၀ အရွယ်ကို အကိုကြီးခေါ်လို့ရပြီးတော့
- အသက် ၂၀ အရွယ်ကို ညီလေး ခေါ်လို့ရနေပြန်တယ်

- အဖွဲ့အစည်းကို ဦးဆောင်နိုင်ပြီးတော့
- ဟုတ်ကဲ့ပါ ၊ လုပ်လိုက်ပါမယ် ဆရာ ဆိုတဲ့ နေရာမှာလည်း နေလို့ရသေးတယ်

- တချို့လည်း ဂစ်တာတီးတတ်ကြတယ်
- တချို့လည်း ကားမောင်းတတ်ကြတယ်

- အများစုကတော့ အလုပ်အကိုင်အတည်တကျနဲ့ပေါ့

- တချို့လည်း အဖေဖြစ်ကုန်ပြီ
- တချို့လည်း အသည်းကွဲလို့ကောင်းတုန်း

- တစ်ညလုံးမအိပ်ပဲ နေနိုင်ကြသေးတယ်
- စိတ်ဖိစီးမှုကို ရင်ဆိုင်ဖို့ သီချင်းအကျယ်ကြီး အော်ဆိုလို့ ရသေးတယ်

- ခရီးတွေ တော်တော်သွားပြီးကြပြီ
- တချို့က နိုင်ငံခြားမှာ အခြေချလို့

- စိတ်ဓာတ်မကျဖူးတဲ့ ကောင်တော့ မရှိသလောက်ပဲ
- အချို့လည်း sandwich အသက်အရွယ်လို့ပြောကြပြန်တယ်

- အမှားတွေရှိပြီးကြပြီ
- ပြန်ရုန်းထဖူးတဲ့ အတွေ့အကြုံတွေမှ အများကြီးပဲ

- ဟီးဟီးဟားဟား လုပ်လို့ရသေးသလို
- တနေကုန် ခပ်တည်တည်ရင်ဆိုင်ရတဲ့နေ့တွေလည်း အိတ်ထောင်ထဲမှာ အပြည့်ပဲလေ

- အကိုလို့ အခေါ်ခံရတော့လည်း ပြုံးပြီး
- ဦးလေး လာခေါ်ရင်လည်း အေး အေး ဆိုပြီး ရယ်ကျဲကျဲနဲ့ပေါ့ဗျာ

- ကျေးဇူးရှင်တွေအများကြီး ကြုံခဲ့ရပြီး
- ကိုယ်က ကျေးဇူးပြုထားတာတွေလည်း မနည်းတော့

- နောက်ကျောမှာ ဓားဒဏ်ရာတွေ လည်း ရှိနေခဲ့ပြီး
- အသည်းခိုက်အောင် နာခဲ့ရတာတွေလည်း ဒီရင်မှာ .

- ညီ ၄၀၀ ဆိုတဲ့ စာတွေလည်း နားလည်နိုင်သေးသလို
- Gen Lee တွေဖက်ကိုလည်း တွေးမိနေပြန်ရော

- သေဘေးတွေလည်း ကြုံဖူးကြပြီဖြစ်သလို
- On cloud 9 လည်း ဖြစ်ဖူးကြမှာပါ

သန်းခေါင်ယံညထဲမှာ . မျှော်လင့်ပြီးတော့ မက်တဲ့ အိပ်မက်လေးတွေ ဆိုတဲ့ သီချင်းကို နှစ်ခြိုက်တတ်ကြပြီးတော့

တိမ်ညိုတွေ အုံ့ဆိုင်းတဲ့ ရာသီ . ဒီကမ္ဘာဟာ အလွမ်းဖျား လွမ်းနာကြီး ဆိုလည်း ဝင်ဖီးလ်လိုက်တဲ့သူက ဖီးလ်လိုက်ကြတာပါပဲ

သေတဲ့ကောင်တွေလည်း သေသွားပြီ

အမြင့်ကြီးပျံတဲ့ကောင်တွေလည်း ပျံနေကြပြီ

ကျနော်လား .

ရှေ့ကို ကြည့်ရင် မောတတ်လို့
အနောက်လေး ပြန်လှည့်ကြည့်လိုက်
နည်းနည်းခိုးပြုံးလိုက်

ဘေးနားကို ကြည့်လိုက်
ငယ်သွေးက ပြုံးပြလိုက်နဲ့

ဆက် တော့ သွား နေ တာ ပါ ပဲ ..
ရင်ကို နွေးထွေးစေတဲ့ စကားစုလေးပဲ။လွတ်လပ်စွာ မှားခွင့်၊လဲကျခွင့် သင်ယူခွင့်တွေ ရတဲ့ ကာလ အပိုင်းအခြား မဟုတ်လား ။

ဘဝကို ကျရာနေရာကနေ အကောင်းဆုံး ရုန်းကန်ရတာက ခက်ခဲပင်ပန်းတယ်ဆိုပေမဲ့ လူငယ်ဘဝရဲ့ အရသာပဲရယ်။

ဒီအသက်အရွယ် ဒီအခိုက်အတန့်က အမှတ်တရတွေ၊အဖြစ်အပျက်တွေက တစ်သက်လုံးပြန်တွေးဖို့ အကောင်းဆုံး အချိန်တွေလို့တောင် ဆိုရမယ်ထင်တယ်။

လွဲချော်ခဲ့တဲ့ အချစ်ရေးတွေ၊ သူငယ်ချင်းတွေနဲ့ အမှတ်တရတွေ လက်လွတ်ခဲ့ရတဲ့ အိမ်မက်အချို့ရယ်နဲ့အတူ လူငယ်ဘဝဟာ အနုပျိုဆုံးနဲ့ ဒဏ်ရာအမာရွတ်တွေကြားမှာ ပျော်နိုင်တဲ့ ခံနိုင်ရည်ရှိတဲ့ အရွယ်ပဲထင်ပါရဲ့။

So, no matter what happens in your life, enjoy your youthfulness with infinite love, laughter and memories ...

-Han Min Bo

အိမ်ရှင် ရွေးတဲ့ Colour လေး မဆိုးဘူး😘အိမ် နံပါတ်ကတော့ ကိုယ်ကြိုက်တဲ့  😂No.9
01/05/2024

အိမ်ရှင် ရွေးတဲ့ Colour လေး မဆိုးဘူး😘
အိမ် နံပါတ်ကတော့ ကိုယ်ကြိုက်တဲ့ 😂No.9

လူတစ်ယောက်မှာ လူတစ်ယောက်ပဲလိုတယ်။အဲ့ဒီလူက ဘဝမှာ မင်းကိုယုံတဲ့သူ။သတ္တိတွေ အင်အားတွေ ပေးနိုင်တဲ့သူ။မင်းဘာလုပ်လုပ် မင်းကိုအ...
10/04/2024

လူတစ်ယောက်မှာ လူတစ်ယောက်ပဲလိုတယ်။

အဲ့ဒီလူက ဘဝမှာ မင်းကိုယုံတဲ့သူ။
သတ္တိတွေ အင်အားတွေ ပေးနိုင်တဲ့သူ။
မင်းဘာလုပ်လုပ် မင်းကိုအားပေးတဲ့သူ။
ဘာပဲလွဲလွဲ နားလည်ပေးနိုင်တဲ့သူ။

နောက်ဆုံး ..
မင်း အမှားတွေလုပ်နေဦးတော့
I’ll be there for you ဆိုတဲ့သူ။

လူတစ်ယောက်မှာ လူတစ်ယောက်ပဲလိုတယ်။

💭 || 6.4.2024

ခြံစည်းရိုးရယ် တင်ဒါ အလုပ်ရယ် ဘဲ လုပ်တက်တဲ့ မင်းတို့  ကိုရီးပါ😂
30/03/2024

ခြံစည်းရိုးရယ် တင်ဒါ အလုပ်ရယ် ဘဲ လုပ်တက်တဲ့ မင်းတို့ ကိုရီးပါ😂

22/03/2024

အာဖရိက ဆရန်ဂတီဒေသရှိ Wildebeest (အာဖရိကစိုင်) တွေဟာ နှစ်စဉ်ရေကြည်ရာမြက်နုရာကို ရွှေ့ပြောင်းအခြေချရပါတယ်။

အဲ့ဒီလို မဖြစ်မနေပြောင်းရွှေ့ကျက်စားခရီးသွားရာလမ်းမှာ အန္တရာယ်တွေနဲ့ရင်ဆိုင်ကြရပါတယ်။

လမ်းတလျှောက်မှာ ခြင်္သေ့တွေ၊ ကျားသစ်တွေ၊ ခွေးအတွေက အလစ်ဝင်ဆွဲဖို့စောင့်နေတာနဲ့ ကြုံရပါတယ်။

မြစ်တွေကို မဖြစ်မနေဖြတ်ကူးရချိန်မှာ ရွံ့ရေထဲကနေရုတ်တရက်ပေါ်လာပြီး ရေထဲဆွဲချသွားတတ်တဲ့ မိချောင်းတွေကို ရင်ဆိုင်ကြရပါတယ်။

ဒါပေမဲ့ ဘယ်လောက်ပဲအန္တရာယ်များသည်ဖြစ်စေ အာဖရိကစိုင်အကောင်ရေ တစ်သန်းကျော်ဟာ နှစ်စဉ်နှစ်တိုင်း ဒီ migration ခရီးကိုအစဉ်အဆက်ခရီးနှင်ဆဲပါပဲ။

အဲ့ဒီအန္တရာယ်တွေ၊ ရန်စွယ်တွေကြားမှာပဲ သူတို့ရဲ့မျိုးဆက်သစ်တွေကိုမွေးဖွားကာ ပြုစုပျိုးထောင်သွားကြတာပါ။

(Wildebeest ဝီဒါးဘိစ်ကို မြန်မာလိုမရှိတဲ့အတွက် အာဖရိကစိုင်လို့ မြင်သာအောင်ရေးထားတာဖြစ်ပါတယ်၊ မြန်မာစိုင်နဲ့မတူပါ)

အန္တရာယ်များတဲ့ခရီးကို မဖြစ်မနေရွှေ့ပြောင်းခရီးနှင်ရတော့မယ်ဆိုရင် ...

(၁) အလျင်မလိုပါနဲ့၊ Plan သေချာချပါ။

(၂) သေချာစဉ်းစားတိုင်ပင်ပြီးပြီဆိုရင် ဆုံးဖြတ်ချက်ပြတ်သားပါ။ ချီတုံချတုံဖြစ်ခြင်းကို ရှောင်ကြဉ်ပါ။

(၃) Resilience ခံနိုင်ရည်ရှိဖို့ကြိုးစားပါ။

(၄) Confidence ယုံကြည်ချက်ရှိပါ။

(၅) ဘယ်တော့မှနောင်တမရပါနဲ့။

ရွှေ့ပြောင်းအခြေချခြင်းဟာ ရေရှည်ကိစ္စဖြစ်တဲ့အတွက် သေချာမေးမြန်းစုံစမ်းပြီးမှ ခရီးထွက်တာကောင်းပါတယ်။

အေး .. ထွက်ဖို့သေချာပြီလို့ ယူဆခဲ့ရင် ချီတုံချတုံမလုပ်ပါနဲ့။

နောက်ဆုံးကနေလိုက်တဲ့အကောင်ဟာ အုပ်စုနဲ့ကွဲပြီးကျန်ရစ်တတ်သလို၊ မြစ်လယ်ခေါင်မှာ Sink or Swim ခုန်ရမလိုမခုန်ရမလို ချီတုံချတုံဖြစ်နေတဲ့အကောင်ဟာ ရေနစ်ရင်နစ် မနစ်ရင်မိကျောင်းစာဖြစ်တတ်ပါတယ်။

ကိုယ်နဲ့တကွပြောင်းရွှေ့မယ့်ကလေးတွေ မိသားစုဝင်တွေကို ဒူပေနာပေခံနိုင်အောင် သင်ပေးထားပါ။

အာဖရိကစိုင်ပေါက်လေးတွေဟာ မွေးပြီးနာရီပိုင်းအကြာမှာပဲ မိဘနဲ့ကပ်လိုက်ရတာပါ။ ဒါ့ကြောင့်လည်း နောက်နှစ်မှာ ဒီခရီးကိုထပ်ပြီးသူတို့ ဦးဆောင်ပြီး ထပ်သွားနိုင်တာပါ။

ကိုယ်ကျင်လည်ရာဒေသမဟုတ်တဲ့အတွက် အခက်အခဲမျိုးစုံကို ရင်ဆိုင်ဖြေရှင်းရင်း စိတ်ဓာတ်ကျတတ်ပါတယ်။ ငါလုပ်နိုင်တယ်လို့ မိမိကိုယ်ကိုယုံကြည်မှုထားပါ။ Self-confidence က #နိုင်ငံခြားမှာကိုယ်နဲ့မကွာထားရတဲ့အရာဖြစ်ပါတယ်။

အရေးအကြီးဆုံးပြောချင်တာက #ဘယ်တော့မှနောင်တမရပါနဲ့။ မုန်တိုင်းနဲ့ရင်ဆိုင်ရချိန်မှာ မလာမိရင်ကောင်းသားလို့ တွေးတတ်ပါတယ်။

တကယ်တမ်းပြောရရင် အခုလိုခရီးထွက်ခြင်းဟာ Adventure တစ်ခုဖြစ်ပြီး အတွေ့အကြုံအသစ်နဲ့ ပတ်ဝန်းကျင် contact အသစ်တွေဟာ ဘယ်တော့မှအလကားမဖြစ်ပါ။

ဟာ ... တို့ဆီမှာငြိမ်းချမ်းသွားရင် ထွက်ခဲ့တာအလကားပဲလို့ မတွေးပါနဲ့။

ငါထွက်ကိုထွက်မှဖြစ်မယ်လို့ဆုံးဖြတ်ခဲ့တာမလား?

အေး ... တို့ဆီမှာငြိမ်းချမ်းသွားရင်တောင် မင်းမှာနှစ်နိုင်ငံအလုပ်ခွလုပ်လို့ရတဲ့အရည်အချင်းသစ်တွေရသွားပါလိမ့်မယ်။

တစ်ခုတော့ရှိတယ်။ ရေလိုက်ငါးလိုက် သူများထွက်လို့ လိုက်ထွက်တာမျိုးတော့မလုပ်ပါနဲ့။

တကယ်တမ်းပြောရရင် The journey is more important than the destination. (ပြည်ပထွက်ပြီးရုန်းကန်ကြတဲ့ခရီးဟာ ဘယ်ကိုသွားမယ်ဆိုတာထက် ပိုအရေးကြီးပါတယ်)

စွန့်စားမှုအသစ်၊ အတွေ့အကြုံအသစ်ဆိုတာ ဘဝမှာလိုအပ်ပါတယ်။

အရေးအကြီးဆုံးသတိထားဖို့က -
လည်ပင်းမှာဓားထောက်ခံရလို့ ဒုက္ခရောက်နေတဲ့လူတွေကို #ရသမျှခွာယူဖို့စောင့်နေတဲ့ ခွေးအတွေအများကြီးဆိုတာ သတိထားပါ။

ကြောက်လန့်တကြားမပြေးပါနဲ့။

ကျားသစ်တွေ၊ ခြင်္သေ့တွေ၊ မိကျောင်းတွေကြောင့် သေရမှာကြောက်ပြီးပြေးကြပေမဲ့ အာဖရိကစိုင် အကောင်ရေ (၂) သန်းလောက်မှာ သားရဲတွေရဲ့အစာဖြစ်တာက အကောင်ရေ ထောင်ဂဏန်းပဲရှိပါတယ်။ စုစုပေါင်းရဲ့ (၁) ရာခိုင်နှုန်းတောင်မရှိပါဘူး။

မြစ်ကိုဖြတ်ကျော်ရင်း တစ်ကောင်နဲ့တစ်ကောင်တိုးကြဝေ့ကြ၊ မြစ်ထဲခုန်ချရင်းသေကျေကြရတာက သားရဲရဲ့အစာဖြစ်ပြီးသေရတာထက်ပိုများပါတယ်။

ဒါ့ကြောင့်အလျင်စလိုပြေးရင်း ကြုံရမယ့် အန္တရာယ်ကိုသတိထားဖို့ remind လုပ်တာဖြစ်ပါတယ်။

ကိုယ့်လက်ထဲကငွေသည် ကိုယ်နဲ့ကိုယ့်မိသားစုရဲ့အနာဂတ်မို့ အလျင်စလိုယုံပြီးလုပ်လိုက်တာမျိုးမလုပ်မိပါစေနဲ့။

သိထားဖို့တစ်ခုက အခုဒီစာကိုရေးနေတဲ့ကျနော်ကိုယ်တိုင်ဟာ မဖြစ်မနေထွက်ဖို့လိုအပ်လာလို့ ဆုံးဖြတ်ချက်ယတိပြတ်ချပြီးထွက်လာခဲ့ဖူးသူ၊ အခက်အခဲအမျိုးစုံကို ရင်ဆိုင်ဖြတ်သန်းခဲ့ဖူးတဲ့သူ၊ ဆူစိုက်လုပ်ချင်လောက်တဲ့အထိ စိတ်ဒုက္ခရောက်ခဲ့ဖူးသူဆိုတာ သိထားပါ။

အားလုံးဖြတ်သန်းနေရတဲ့လမ်းဟာ ကိုယ်ဖြတ်သန်းခဲ့ဖူးတဲ့လမ်းမို့လို့ ကွက်ကွက်ကွင်းကွင်းမြင်ပါတယ်။

စိတ်မပြတ်ရင်မထွက်ခဲ့နဲ့ - ထွက်ခဲ့ပြီးရင် စိတ်မပျက်နဲ့

တစ်ယောက်နဲ့တစ်ယောက်မတူတာမို့လို့ ကိုယ်တတ်နိုင်သလောက်ပြောပြီး အားပေးလိုက်ပါတယ်။

အားလုံးအဆင်ပြေချောမွေ့ကြပါစေ

Richard Myo Thant
22-February -2024

ခေတ်ပျက်မှ ပျော်စရာဟာတန်ဖိုးကြီးမှန်း ငါသိရတယ်လှလှပပ ရှုံးလိုက်ဖို့ကလွဲရင်ကျွန်တော့်ကမ္ဘာမှာ ကျန်တာ မရှိတော့ဘူးကျွန်တော်...
15/03/2024

ခေတ်ပျက်မှ ပျော်စရာဟာ
တန်ဖိုးကြီးမှန်း ငါသိရတယ်

လှလှပပ ရှုံးလိုက်ဖို့ကလွဲရင်
ကျွန်တော့်ကမ္ဘာမှာ ကျန်တာ မရှိတော့ဘူး

ကျွန်တော် လုပ်ပြခွင့် မရှိပါသောတွေ
ကျွန်တော် ပြိုလဲလို့ မဖြစ်ပါသောတွေ
ကျွန်တော် ပိုင်ဆိုင်ဖို့ မဖြစ်နိုင်သောတွေကြား
ရှင်သန်နိုင်ဖို့ဟာ ဇဝေဇဝါ ပါပဲ

နေလို့ လဲ မပျော်
သေလို့လဲ မဖြစ်
ငါတို့ ခေတ်မှ ပျက်နေလိုက်တဲ့ ဘဝ တွေကြား
ငါဟာ သူလိုလို ငါလိုလို
ဘုရင်လိုလို ကျွန်လိုလို
ငရဲမှာ ပျော်လိုက် နိဗ္ဗာန်အား မျှော်လိုက်ပါပဲ ။

#ဒဿ 2024

မမှားအောင် ကြိုးစားပြီး နေတယ်မှားသွားခဲ့တဲ့အခါလဲ ကြိုးစားပြီး ပြင်တယ်ကျွန်တော်က လိမ္မာပါတယ်ခင်ဗျာတို့သာ အပြစ်တင်တာ စောနေ...
11/03/2024

မမှားအောင် ကြိုးစားပြီး နေတယ်
မှားသွားခဲ့တဲ့အခါလဲ ကြိုးစားပြီး ပြင်တယ်

ကျွန်တော်က လိမ္မာပါတယ်
ခင်ဗျာတို့သာ အပြစ်တင်တာ စောနေတာ။

#ဒဿ 2024

ဆိုဒ် သားပေါက်လေးပါ😍ဒီအီမ်ရှင်က Covid 19 Lock Down ကာလမှာသူအိမ်တွေ တိုက်ခန်းတွေကို ကိုယ်ဘဲအပ်ခဲ့တယ်အခုလဲ ယုံယုံကြည်ကြည်န...
10/03/2024

ဆိုဒ် သားပေါက်လေးပါ😍
ဒီအီမ်ရှင်က Covid 19 Lock Down ကာလမှာ
သူအိမ်တွေ တိုက်ခန်းတွေကို ကိုယ်ဘဲအပ်ခဲ့တယ်
အခုလဲ ယုံယုံကြည်ကြည်နဲ့ ကိုယ်ပါဘဲ😏

ဝါသနာနဲ့ကင်းကွာနေလို့အမှိုက်ဖြစ်နေတဲ့ ရွက်ပုန်းသီးတွေရယ်တော်ရာမှာနေပြီးပျော်ပျော်သေဖို့လုပ်နေတဲ့ ကျောက်ရိုင်းတွေရယ်မှန်တ...
06/01/2024

ဝါသနာနဲ့ကင်းကွာနေလို့
အမှိုက်ဖြစ်နေတဲ့ ရွက်ပုန်းသီးတွေရယ်
တော်ရာမှာနေပြီး
ပျော်ပျော်သေဖို့လုပ်နေတဲ့ ကျောက်ရိုင်းတွေရယ်
မှန်တယ်ထင်ရာလမ်းကို
နောင်တကင်းစွာလျှောက်ပြီး နောက်မျိုးစေ့တွေဖို့
ငယ်ရွယ်မှုကို ရင်းနှီးထားတဲ့ ပတ္တမြားခဲတွေရယ်..။

ကဲပြော...!
ဒီသက်ရှိတွေက လူငယ်ဖြစ်ကြောင်းကို
ဘာနဲ့သက်သေထပ်ပြရအုံးမလဲ //

#ရိုးတံ

☮🕊👑

အလုပ်အပ်သော Cilent များက မေးပါတယ်😂ဗမာလား၊ကုလား မွတ်စလင်လား အသက်က ဘယ်လောက်လဲ ပါပါသေးတယ်☺ကျနော်  ဗမာပါ ဗုဒ္ဓဘာသာ ဆိုလည်း မ...
29/12/2023

အလုပ်အပ်သော Cilent များက မေးပါတယ်😂
ဗမာလား၊ကုလား မွတ်စလင်လား အသက်က ဘယ်လောက်လဲ ပါပါသေးတယ်☺
ကျနော် ဗမာပါ ဗုဒ္ဓဘာသာ ဆိုလည်း မယုံပါဘူး
ကျနော်တို့ မိသားစု ဘုရားဆူး😁😁ဗုဒ္ဓဘာသာပါ
ဘုန်းကြီးဝတ်တုံးက ပုံ မနည်းရှာထားရတယ်😅😅

Address

Thanlyin

Website

Alerts

Be the first to know and let us send you an email when Chit Htwe Painting Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category