Pi Ti Cho Plant Shop

Pi Ti Cho Plant Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pi Ti Cho Plant Shop, No.680 (B) Ground Floor, 3rd Street, Ngamoeyeik Ward, Thingangyun Township, Thingangyun.

28/06/2022

ယခုလတ်တ​လော Pi Ti Cho plant shop မှာ ရနိုင်တာ​လေး​တွေက
1) ပန်းအိုးအမျိုးမျိုး
2) spray ဘူး အမျိုးမျိုး
3) ​ရေ​လောင်း ခရား 2ltr နှင့် 6 ltr
4) ​မြေ​ဆွေး
5) အုန်းတုံး ​တွေရပါမယ်ရှင့်

မနက်ဖြန်ဆိုတာမသေချာတော့တာမို့ အကယ်လို့ မင်းမှာ နှစ်လနဲ့ချီ စကားမပြောဖြစ်တဲ့ သူငယ်ချင်းရှိနေရင်၊အကယ်လို့ မင်းမှာ ချစ်လျက်...
30/06/2021

မနက်ဖြန်ဆိုတာမသေချာတော့တာမို့

အကယ်လို့ မင်းမှာ နှစ်လနဲ့ချီ စကားမပြောဖြစ်တဲ့ သူငယ်ချင်းရှိနေရင်၊

အကယ်လို့ မင်းမှာ ချစ်လျက်နဲ့ လက်လွတ်ပစ်လိုက်ရတဲ့ ရည်းစားဟောင်းရှိနေရင်၊

အကယ်လို့ မင်းမှာ မာနတွေနဲ့ မခေါ်မပြောနိုင်ကြတဲ့ မောင်နှမတွေရှိနေရင်၊

အကယ်လို့ မင်းဟာ အိမ်နဲ့အလှမ်းဝေးနေတာကြာတဲ့ သား၊ သမီး တစ်ယောက်ဖြစ်နေရင်၊

အကယ်လို့ မင်းဆီမှာ မပြောရသေးတဲ့ "ချစ်တယ်" ဆိုတဲ့ စကားတွေစုနေရင်၊

နောက်မကျသွားခင်မှာ မင်း စတင်လိုက်ပါ၊
ဖုန်း call လေး တစ် call ဖြစ်ဖြစ်၊စာလေးတစ်စောင်ဖြစ်ဖြစ်၊

မနက်ဖြန်တွေမှာ ဘာဖြစ်လာမလဲ မသေချာတော့ဘူး။

မင်းအတွက်လည်း မသေချာဘူး၊ မင်းချစ်ရတဲ့လူတွေအတွက်လည်း မသေချာဘူး။

အကယ်လို့ မတော်တဆ ဆိုတာနောက်မှာ နောင်တတွေနဲ့ မကျန်ခဲ့ချင်ရင်၊ မင်းချစ်တဲ့လူတွေကို မပြောဖြစ်ခဲ့တဲ့ စကားတွေကို အခုပဲ ထုတ်ပြောလိုက်ပါ။

ချစ်တယ် ဆိုတဲ့ စကားပဲဖြစ်ဖြစ်၊
ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားပဲဖြစ်ဖြစ်၊
တောင်းပန်ပါတယ် ဆိုတဲ့ စကားပဲဖြစ်ဖြစ်၊

မပြောဖြစ်လိုက်တဲ့ စကားလေးတစ်ခွန်းကလည်း တစ်သက်စာ နောင်တတွေအဖြစ်ကျန်နေတတ်တာ မင်းနားလည်မှာပါ။

  ရှားစောင်းလက်ပတ်ပင် စိုက်ပျိုးထိန်းသိမ်းနည်း▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️ရှားစောင်းလက်ပတ်ရဲ့ ကျန်းမာရေးအတွက် အသုံးဝ...
25/05/2021



ရှားစောင်းလက်ပတ်ပင် စိုက်ပျိုးထိန်းသိမ်းနည်း
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

ရှားစောင်းလက်ပတ်ရဲ့ ကျန်းမာရေးအတွက် အသုံးဝင်ပုံတွေကိုတော့ တော်တော်များများသိရှိပြီး ကြပြီလို့ထင်ပါတယ်။ ဒါကြောင့်မို့ ဒီနေ့မှာတော့ ရှားစောင်းလက်ပတ်အပင်ကို စိုက်ပျိုးတဲ့နေရာမှာ ဆောင်ရန် ရှောင်ရန်အချက်လေးတွေကိုပဲ အဓိကထား ဖော်ပြပေးသွားပါမယ်။

ရှားစောင်းလက်ပပ်အပင်ကို အဓိကအားဖြင့် ပြုစုပျိုးထောင်တဲ့အခါမှာ နေရောင် ခြည် လုံလုံလောက်လောက် ရရှိရပါမယ်၊ ရေလောင်းတဲ့အကြိမ်ရေကို လျှော့လောင်းရမယ်၊ ရှားစောင်းလက်ပပ်စိုက်ပျိုးသင့်တဲ့ မြေအမျိုးအစားကတော့ လေဝင်လေထွက်ကောင်းစေတဲ့ မြေအမျိုးအစား၊ ရေစီးဆင်းမှုလွယ်စေပြီး ရေဓာတ်သို မှီးထား နိုင်တဲ့မြေမျိုးဖြစ် ရပါမယ်၊ အိမ်မှာ အိုးနဲ့စိုက်မယ်ဆိုရင်တော့ ဈေးကွက်မှာ အလွယ်တကူဝယ်ယူနိုင်တဲ့ အဆင့်သင့်မြေတွေကို မြေဆွေးတွေနဲ့ ရောမွှေ၍ စိုက်ပျိုးလိုက်ရင်ရပါတယ်။ ရှားစောင်းလက်ပပ်ပင်ကို မြေနီ၊ မြေကျစ်၊ မြေပွများတွင် အစိုဓာတ်အသင့်အတင့်ရရှိယုံနှင့် စိုက်ပျိုးနိုင်ပါတယ်။

စိုက်ပျိုးမယ်ဆိုရင် မြေထဲတွေမှာ သဲကြမ်းနည်းနည်း၊ သစ်ရွက်စေးမြေ နည်းနည်း၊ မီးသွေးမှုန့်နည်းနည်း ဖြည့်စွက်ရောနှောစိုက်ပျိုးရပါတယ်။ သစ်ရွက်ဆွေး မြေတွေထဲမှာ ဇီဝမြေသြဇာတွေ အများအပြား ပါဝင်နေတဲ့အတွက် အကောင်းစားမြေမျိုး ဖြစ်သွားမှာ ဖြစ်ပါတယ်။ ရှားစောင်းလက်ပပ်က အက်ဆစ်အချဉ် ဓာတ်နည်းပါးပြီး အယ်လ်ကာလီများတဲ့ မြေမျိုးကိုနှစ်သက်ပါတယ်။

**** ရှားစောင်းလက်ပပ်စိုက်ပျိုးနည်းများ ****
ရှားစောင်းလက်ပပ်ကို ပန်းအိုးထဲထည့်စိုက်တဲ့နည်းနှင့် မြေကြီးမှာ တိုက်ရိုက် စိုက်တဲ့နည်းဆိုပြီး နှစ်နည်းစိုက်ပျိုးလို့ရပါတယ်၊ မိမိကြိုက်နှစ်သက်တဲ့နည်းနဲ့ စိုက်ပျိုး နိုင်ပါတယ်၊ စိုက်နည်းမတူညီတဲ့အတွက် ပေါက်ရောက်ကြီးထွားမှုမှာလဲ ကွာခြား မှုရှိ တတ်ပါတယ်၊ မြေကြီးမှာချစိုက်တဲ့ ရှားစောင်းလက်ပပ်က ပန်းအိုးထဲ ထည့်စိုက်တဲ့ ရှားစောင်းလက်ပပ်ထက် ပိုပြီးအပေါက်မြန်ပြီး အကြီးထွားသန်မာစေပါတယ်။ ရှားစောင်းလက်ပပ်ပင်ကို တစ်ပင်နှင့်တစ်ပင် (၅)ပေခြား စိုက်ပျိုးရပါတယ်၊ စိုက်ပျိုးပြီးတစ်နှစ်သားအရွယ်မှာ အပင်လက်များ သန်မာထွားကျိုင်းကာ ဖြစ်ထွန်းအောင်မြင် လာပါလိမ့်မယ်။

အပင်အလက်များသည် နွေဥတု၌ အတွင်းအနှစ်အနည်း ငယ်သာရှိပြီး မိုးနှင့်၊ ဆောင်းဥတုမှာ အတွင်းအနှစ်များသည် ဂျယ်လီကဲ့သို့ ဖောင်းနေပြီး အပင်အလက်ကို ဓားဖြင့်လှီးဖြတ်လျှင် အတွင်းအနှစ်များသည် ဂျယ်လီသဏ္ဍန် အိတွဲတွဲဖြင့် ဆေးဘက်ဝင်တယ်လို့ ဆိုပါတယ်။ ရှားစောင်းလက်ပပ်အပင်ကို အပင်ခြေရင်းတွင် ပြာအနည်းငယ်စီပုံပေးပါက ပို၍ဖြစ်ထွန်း လွယ်ပါတယ်။

**** မြေသြဇာမများစေနဲ့ ***
ရှားစောင်းလက်ပပ်က စင်စစ်မှာတော့ မြေသြဇာမကျွေးလဲ ရှားစောင်းလက်ပပ်က ကြီးထွားမှာပါပဲ၊ ဒါပေမယ့် သင့်လျော်တဲ့ မြေသြဇာနည်းနည်းကျွေးပေးရင်တော့ ကြီးထွားမှု့ကို မြန်ဆန်စေပါတယ်၊ မြေသြဇာအကျွေးများ လွန်းပြန်လျှင်လည်း အမြစ်ပုပ်သွားတတ်ပါတယ်၊ မြေသြဇာကို သင့်ရုံလောက်သာထည့်ပါ။

**** မြေကြီးမှာစိုက်ရင် လိုက်နာရမည့် အချက်များ ****
မြေကြီးမှာချစိုက်တဲ့ ရှားစောင်းလက်ပပ်က ပန်းအိုးထဲထည့်စိုက်တဲ့ ရှားစောင်းလက်ပပ်ထက် ပိုပြီးကြီးထွားလေ့ ရှိပါတယ်။ ရှားစောင်းလက်ပပ်ကို အကောင်းဆုံးက နေရောင်ခြည်ကောင်းကောင်းရတတ်တဲ့ အရှေ့အရပ်နဲ့ တောင်အရပ်က စိုက်ပျိုးသင့်တဲ့နေရာကောင်းတွေပါပဲ။ ရှားစောင်းလက်ပပ်ကို မိုးရေဝပ်တဲ့နေရာမျိုးမှာ လုံးဝမစိုက်ပျိုးသင့်ပါဘူး ၊ ဘာကြောင့်လဲဆိုတော့ ရှားစောင်းလက်ပပ်က သဲကန္တာရဒေသဇာတိအပင် မျိုးဖြစ် လေတော့ ရေများတာကိုမကြိုက်ပါဘူး၊ မိုးရွာပင်ရွာသော်လည်း ရေမြန်မြန်စီးပြီး ရေတင်မကျန် ရေမဝပ်ဖို့ သိပ်အရေးကြီးပါတယ်။

**** အသစ်ပြန်စိုက်ပြီးတဲ့ နောက်တစ်လ ရေမလောင်းပါနဲ့ ****
တခြားအပင်တွေဟာ အပင်ပြောင်းရွှေ့စိုက်တာပဲဖြစ်ဖြစ်၊ အသစ်ပြန်စိုက်တာပဲဖြစ်ဖြစ်၊ ရေလုံလုံလောက်လောက် လောင်းရစမြဲပါ၊ ဒါပေမယ့် ရှားစောင်းလက်ပပ်ကတော့ လုံးဝမတူဘဲ အသစ်ပြန်စိုက်ပြီးတဲ့နောက်တစ်လလုံး ရေလောင်းကို မလောင်းရပါဘူး ၊ တစ်လပြည့်ပြီးနောက်မှ ရေအဝလောင်းရပါတယ်၊ အဲဒီအချက်ကိုတော့ အထူးသတိပြုသင့်ပါတယ်။ ဆောင်းကာလကုန်လွန်တာနဲ့ နွေပေါက်ပြီဆိုရင် ရှားစောင်းလက်ပပ်ပင်ကို အသစ်ပြန်စိုက်လို့ရပါပြီ၊ အသစ်ပြန်စိုက်ပြီး နှစ်လကြာပြီးနောက် ပဲဖတ်၊ (သို့) နှမ်းဖတ်ကို တစ်ကော်၊ နှစ်ကော် (သို့) ကြက် ချေးခြောက် တစ်ကော်၊နှစ်ကော် ကျွေးလိုက်ပါ၊ ဆောင်းတွင်းမှာတော့ ဘာမြေသြဇာမှ ကျွေးဖို့မလိုပါဘူး။

**** သားတက်ခွဲစိုက်နည်း ****
သားတက်ခွဲစိုက်နည်းကတော့ မိခင်အပင်မကြီးရဲ့အမြစ်ကို မထိခိုက်စေဘဲ သားတက်ကို အမြစ်ပါနုတ်ယူပြီး အဲဒီသားတက်ကို အမြစ်ပါစိုက်တဲ့နည်းပဲဖြစ်ပါတယ်၊ ပထမဆုံးသားတက်ကို နုတ်ယူပါ ၊ လေဝင်လေထွက်ကောင်းပြီး နေရိပ်ရတဲ့နေရာမှာ ရက်သတ္တတစ်ပတ်လောက် အခြောက်ခံထားပါ၊ သေသေချာချာခြောက်ပြီဆိုတော့မှ မြေထဲကိုစိုက်ထည့်လိုက်ပါ၊ ချက်ချင်းရေမလောင်းပါနဲ့၊ အမြစ်တွေ အသေအချာခိုင်လာမှ ရေလောင်းပါ။ မကြာခင် အပင်သစ်က အမြစ်ထွက်လာပါမယ်၊ အပင်သစ်ရဲ့ အရွက်နည်းနည်း အဝါရောင်သန်းလာပေမယ့် တစ်ခုခုဖြစ်သွားပီလို့ မထင်လိုက်ပါနဲ့ ၊ စိတ်မပူပါနဲ့၊ အမြစ် တဖြည်းဖြည်းရှည်ထွက်လာရငိ အရွက်လဲပိုပြီး သန်လာပါလိမ့်မယ်၊ အရွက်ရဲ့အရောင်ကလဲ အစိမ်းရင့်ရောင် ပြောင်းလဲလာပါလိမ့်မယ်၊ အဲဒီတော့မှ အသေအချာစစ်ဆေးကြည့်ပြီးမှ ရောင်းလောင်းပါလို့ အကြုံပြု ချင်ပါတယ်။

Crd OPEN_DOOR

  ကိုယ့်စိတ်နဲ့ ထပ်တူကျလို့ ကူးယူတင်ပြပါသည်အိမ်မှာ ဟင်းကောင်းချက်လို့ ကိုယ့်သားသမီးကို ထမင်းဘူးထည့်ပေးတဲ့အခါ..." ဟဲ့...ဒ...
21/05/2021



ကိုယ့်စိတ်နဲ့ ထပ်တူကျလို့ ကူးယူတင်ပြပါသည်

အိမ်မှာ ဟင်းကောင်းချက်လို့ ကိုယ့်သားသမီးကို ထမင်းဘူးထည့်ပေးတဲ့အခါ...
" ဟဲ့...ဒီဟင်းက စျေးကြီးတယ်...စား​​စေချင်လို့ထည့်​​ပေးလိုက်တာ...သူငယ်ချင်း​တွေ လျှောက်မ​ကျွေးနဲ့...ကိုယ့်ဘာသာကိုယ်စား...''လို့ အသင်ခံရတဲ့ သားသမီးနဲ့....

" ဟဲ့ ဒီဟင်းက စျေးကြီးတယ်..တစ်ယောက်ထဲမစားနဲ့နော် သူငယ်ချင်းတွေနဲ့ ဝေမျှစား....'' ဆိုပြီး
အသင်ခံရတဲ့ သားသမီး.....
အရွယ်ရောက်ပြီး ပတ်ဝန်းကျင်မှာ ကျင်လည်တဲ့အခါ
မတူကြပါဘူး။

နဂိုကတည်းက စျေးကြီးတာကို စားနိူင်တဲ့ လူတန်းစားတွေဟာ အရွယ်ရောက်တဲ့အခါမှာလည်း လုပ်ငန်းရှင်တွေ ဖြစ်လာပါတယ်။
"ကိုယ့်ဘာကိုယ်စား''လို့ ခလေးအရွယ်ကတည်းက အသင်ခံရတဲ့သူတွေဟာ လုပ်ငန်းရှင်ဖြစ်တော့လည်း
ကိုယ့်ဘာကိုယ်ပဲစားချင်တော့တာပါပဲ။
လုပ်အားခအချိန်ပိုကြေးတွေ အပြည့်မပေးချင်ဘူး....အကျိုးမြတ်ရဘို့ အလုပ်ချိန်တွေ ခိုးချင်တယ်...ကိုယ်အမြတ်အစွန်းရဘို့ပဲကြည့်တော့တာပါပဲ။ရတဲ့အမြတ်အစွန်းတွေကိုလည်း အများအတွက် မဝေမျှချင်ပါဘူး။

"ဝေမျှစားလို့..'' အသင်ခံရတဲ့သားသမီးတွေဟာ အရွယ်ရောက်ပြီးလုပ်ငန်းရှင်ဖြစ်တဲ့အခါ လုပ်အားခတွေအပြည့်ပေးတယ် အချိန်ပိုကြေးတွေ အပြည့်အဝပေးတယ်။ ကိုယ့်ရတဲ့အမြတ်အစွန်းကနေ ကိုယ့်အလုပ်သမားတွေအတွက် အခွင့်အလမ်းတွေ တိုးတတ်မူတွေဝေမျှပေးပါတယ်။

"ဒီလုပ်ငန်းရှင်ကတော့ လူ​တွေအပေါ် ကောင်းတယ် အကျိုးပြုတယ်ဟေ့ '' နဲ့
"ဒီလုပ်ငန်းရှင်ကတော့ လူ​တွေအ​ပေါ်မကောင်းဘူးသူ့အတွက်ပဲသူကြည့်တယ်ဟေ့ '' ဆိုတာတွေဟာ....သူတို့ကြီးပြင်းလာတဲ့ အခြေအနေပေါ်မှာမူတည်ပါသည်။

ဒါကြောင့် ကဗျာဆရာ William Wordsworth ရဲ့
" The Child is father of the Man ''
ဆိုတဲ့ လူကြီးဖြစ်ဘို့ ခလေးဘဝကနေ ကျော်ဖြတ်ရတာ။လူကြီးဘဝကို ခလေးဘဝက​မွေးပေးလိုက်တာ။ခလေးဟာ လူကြီးရဲ့အဖေ... ခလေးကောင်းမှ လူကြီးကောင်းမယ်ဆိုတာ တကယ်မှန်ပါတယ်။

ကျွန်တော်တို့တိုင်းပြည်မှာ ကိုယ့်အတွက်ပဲကိုယ်လုပ်နေတဲ့ လူတွေကိုတွေ့တိုင်း ငယ်ငယ်ကတည်းက....." ကိုယ့်ဘာသာကိုယ်စား..'' လို့ သင်ပေးတဲ့မိဘမျိုးတွေကနေ ကြီးပြင်းလာတာပဲဖြစ်မယ်လို့တွေးပြီး ပြုံးမိပါတယ်။

Saya U Khin Zaw

═══════════════════════အတာအိုးအကြောင်း သိကောင်းစရာများ═══════════════════════အတာအိုးဆိုတာ သင်္ကြန်တွင်းမှာ သိကြားမင်းက လ...
12/04/2021

═══════════════════════
အတာအိုးအကြောင်း သိကောင်းစရာများ
═══════════════════════
အတာအိုးဆိုတာ သင်္ကြန်တွင်းမှာ သိကြားမင်းက လူ့ပြည်ကို ဆင်းလာတယ်လို့ အယူရှိတယ်။ အဲ့ဒီအချိန်မှာ သိကြားမင်းကို ကြိုတာပေါ့။ အဲ့ဒီအချိန်အတွင်းမှာ မကောင်းမှု တတ်နိုင်သမျှမလုပ်ဘဲ ကောင်းမှု ကုသိုလ်နဲ့ပဲမွေ့လျော် ကြပါတယ်။ ဒီလိုပါပဲ အတာအိုးနဲ့ အတူ အတာပန်းဆိုတာရှိတယ်။ အတာပန်းတွေကတော့........

တနင်္ဂနွေဆို အ-ဥ -အုန်းရွက်၊သြဇာရွက် ၊
တနင်္လာအတွက်ဆို … က -ခ-ဂ-ဃ-င ထဲက ကန့်ကော်ပန်း၊ခရေ …
အင်္ဂင်္ါဆို ဇီးရွက်၊
ဗုဒ္ဓဟူးဆို ရွက်လှ၊ရေတမာ၊
ကြာသပတေးဆို မြေဇာ၊မာလကာရွက်၊
သောကြာဆိုသပြေပန်း၊
စနေဆို တမာရွက်၊ ဒန်းပန်း၊ အစရှိသဖြင့်...... နေ့ ၇ နေ့ကိုကိုယ်စားပြုတဲ့ ၇ နေ့နံပန်းနဲ့ပါ။ တစ်ချို့ကလဲ ပတ်၀န်းကျင်ကိုမူတည်ပီး ဒန်း၊ ဇီး၊ စသည်ဖြင့် ထည့်ကြတယ်။ သင်္ကြန် ၄ရက်လုံး အတာအိုးနဲ့ကြိုပီး နှစ်ဆန်းတစ်ရက်နေ့ရောက်တော့ သဲဖြူ၊ ချည်ကြိုးတွေထပ်ဖြည့်ပီး အန္တရာယ်ကင်း ပရိတ်ရွတ်ကြတဲ့အခါ “အတာအိုး” နဲ့ “အတာပန်း” ကနေ “ပရိတ်အိုး” နဲ့ “ပရိတ်ပန်း” အဖြစ် အသွင်ကူးပြောင်းပီး မိမ်တို့အိမ် ပတ်ပတ်လည်မှာ “ပရိတ်ပန်း” “ပရိတ်သဲ” တွေနဲ့ ကာရံပီး အန္တရာယ်ကင်းအောင် လုပ်တယ်လို့ အယူရှိတယ်။

သင်္ကြန်ပုံပြင်

တခါက သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ ၂-ယောက် စကားလက်ဆုံ ပြောကြရာ ‘ကဿပဘုရားရှင်လက်ထက် မတိုင်ခင်က လူ့ပြည်၌ တစ်ပတ်လျှင် ၈-ရက် ရှိခဲ့ပြီး ယခုအခါ ၇-ရက်သို့ ပြောင်းသွားပြီဖြစ်ကြောင်း’ သိကြားမင်းက ပြောလေရာ ဗြဟ္မာမင်းက မဖြစ်နိုင်ဘူးဆိုကာ ငြင်းခုံကြပါသတဲ့။

ထို့နောက် ရှူံးတဲ့သူ ခေါင်းဖြတ်ခံကြေးဟု သတ်မှတ်ကာ လူ့ပြည်သို့ ဆင်းပြီး ထိုအချိန်က သီလ၊ သမာဓိနှင့် ပြည့်စုံသည့် ရသေ့ထံတွင် အဆုံးအဖြတ် ခံယူကြပါသတဲ့။ အဘိဉာဏ်ရ ရသေ့က ယခုအခါတွင် လူ့ပြည်တွင် တနင်္ဂနွေအစ စနေအဆုံး ၇-ရက်သာ ရှိတော့သည်ဟု အဆုံးအဖြတ်ပေးခဲ့လေသတဲ့။ ဗြဟ္မာမင်းလည်း သူ့ကတိအတိုင်း သူ၏ဦးခေါင်းကို အဓိဋ္ဌာန်ဖြင့် ဖြတ်ပြီး သိကြားမင်းလက်သို့ ပေးအပ်လိုက်ပါတယ်။

ထိုဗြဟ္မာဦးခေါင်းပြတ်ကြီး သိကြားမင်းလက်ထဲသို့ ရောက်သည့်အခါ ဒီဗြဟ္မာဦးခေါင်းပြတ်ကြီးကို မြေပေါ်ချထားလျှင် ၇-နှစ် ကမ္ဘာမီးလောင်ပြီး မိုးခေါင်လိမ့်မည်၊ ရေတွင် ထားပါကလည်း သမုဒ္ဒရာ ၇-စင်းမှ ရေများ ခန်းခြောက်သွားလိမ့်မည်လို့ သိကြားမင်းက စဉ်းစားမိသတဲ့။ ဒါနဲ့ မြေမှာလည်း မထား၊ ရေသို့လည်း မပို့တော့ဘဲ နတ်သမီး ၇-ယောက်ကို တစ်ဦးလျှင် တစ်နှစ်စီ ဗြဟ္မာဦးခေါင်းကို ကိုင်ထားရန် တာဝန်ပေးလိုက်သတဲ့။

ထိုနတ်သမီးတွေရဲ့ တစ်ဦးမှ တစ်ဦးသို့ ဗြဟ္မာဦးခေါင်းကိုင်ရန် အလွှဲအပြောင်းကို သင်္ကန္တလို့ ခေါ်ပြီး ထိုမှ ရွေ့လျော ဆင်းသက်ကာ သင်္ကြန်ဆိုတာ ဖြစ်လာပါသတဲ့။ ဒါကတော့ သင်္ကြန်နဲ့ပတ်သက်လို့ ပြောတတ်တဲ့ ပုံပြင်ပါ။

မြန်မာပြည်မှာ တစ်နှစ်တစ်ခါ ထုတ်ဝေတဲ့ သင်္ကြန်စာများမှာလည်း ဗြဟ္မာမင်းကြီးရဲ့ ဦးခေါင်းကို လွှဲပြောင်းပေးနေပုံကို ဖော်ပြလေ့ရှိတာ သတိပြုမိပါတယ်။

ဘာပဲပြောပြော သင်္ကြန်ဆိုတာ ပြောင်းရွှေ့ခြင်း အဓိပ္ပာယ်လို့သာ လွယ်လွယ် မှတ်လိုက်ကြပါစို့။

မြန်မာသင်္ကြန်ပွဲတော်များအစပုဂံခေတ်က

ရှေးမှတ်တမ်းများအရ ရေကစားပွဲတော်ကို ပထမဆုံး စတင်ခဲ့သည့် ဘုရင်မှာ ပုဂံခေတ်၊ နရသီဟပတေ့မင်းလက်ထက်တွင်ဟု သိရပါတယ်။ ထိုမင်းသည် ရေကစားပွဲတော်တွင် သူ၏မိဖုရား စောလုံကို စ,နောက်မိခဲ့ဖြင့် စောလုံမှ ထမင်းပွဲတွင် အဆိပ်ထည့်ကာ လုပ်ကြံသည်အထိ ဖြစ်ခဲ့ပါတယ်။ ဘုရင်က အချိန်မီ သိရှိသဖြင့် အသက်မသေခဲ့ဘဲ မိဖုရားစောလုံကို မီးကျီးခဲရဲရဲတွင် မီးကင်သတ်စေခဲ့ပါတယ်။ သင်္ကြန်အစ ကြေကွဲစရာ မှတ်တမ်းလေးတစ်ခုဟုသာ ဆိုပါရစေ။

ရှောင်ကြဉ်ဖွယ်ရာအဖြာဖြာ

ရှေးပညာရှိကြီးတွေဟာ အတာနှစ်ဦးမှာ ရှောင်ကြဉ်ရမယ့် ဓလေ့တချို့ သတ်မှတ်ထားတာ မှတ်သား သတိပြု ဆင်ခြင်ဖွယ် တွေ့ရပါတယ်။အဲဒါတွေက သင်္ကြန်အခါမှာ ......

(၁) ငိုကြွေးခြင်း၊ ပူဆွေးခြင်း။
(၂) လိင်ဆက်ဆံခြင်း။
(၃) သူတပါးအသက် သတ်ဖြတ်ခြင်း။
(၄) အရက် မူးယစ်ဆေးဝါး သုံးစွဲခြင်း။
(၅) စိတ်ဆိုးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း။
(၆) သွေးဖောက် သွေးထုတ်ခြင်း။
(၇) ဆီလိမ်း ဆေးလိမ်းခြင်း။
(၈) သစ်ပင်ခုတ်ဖြတ်ခြင်း၊ ထင်းခုတ်ခြင်း။
(၉) ကုန်ပစ္စည်း ဝယ်ယူသိုလှောင်ခြင်း။
(၁၀) ကုန်ပစ္စည်း ရောင်းချခြင်း၊ ဆိုင်ထွက်ခြင်း မပြုကြရဘူး ဆိုတာပါပဲ။(သူ့ခေတ် သူ့အခါ သူ့ဓလေ့ထုံးစံ သူ့အကြောင်းအကျိုးနဲ့သူ ရှိပါလိမ့်မယ်။)
သင်္ကြန်တွင်းသာ မဟုတ်ဘဲ ဘယ်အချိန်အခါမဆို မကောင်းသော အပြုအမူ၊ အပြောအဆို၊ အကြံအစည်တွေကို ရှောင်ကြဉ်ရပါတယ်။

သင်္ကြန်ချိန်ခါ ပြုဖွယ်ရာများ

“မဟာသင်္ကြန်”နှင့် တွဲဖက်၍ “အတာ”၊ “အတာစား” ဟူသော ဝေါဟာရတို့ကို ပြောဆို သုံးစွဲကြတာကို တွေ့ရပါတယ်။

“အတာ”ဟူသည် လောကီအလို ‘ဒဏ်သင့်ခြင်း’ ဖြစ်သည်။ တနည်းအားဖြင့် ‘အန္တ-အဆုံး’ဟူသော ပါဠိပုဒ်မှ ‘အတာ’ဖြစ်လာသည်ဟုလည်း ကြံဆကြပါတယ်။

ယင်းအလိုအားဖြင့် “အတာ”ဟူသည် ‘နောက်ဆုံးကာလ၊ အကျပိုင်းကာလ’ကို ဆိုလိုပါတယ်။

အတာရက်ကိုဤသို့ဆို

“အတာရက်”မှာ သင်္ကြန်အတက်ရက် ဖြစ်၏။ နှစ်တစ်နှစ်၏ နောက်ဆုံးရက်ပင် ဖြစ်တယ်။ သင်္ကြန်အတက်ရက်နှင့် မွေးနေ့တိုက်ဆိုင်သူများသည် “အတာသင့်”သူများ ဖြစ်လာပါတယ်။ ဒါကိုပင် အတာစားသည်ဟု ပြောဆို သုံးစွဲနေကြပါသေးတယ်။

အတာစားသည့် နေ့နံသားသမီးတို့သည် အတာတက်မည့်အချိန် အတိအကျတွင် “အတာစား”ရပါတယ်။ အတာစားဟူသည် အတာတက်ချိန်မှာ ကောင်းမွန် သန့်ရှင်းစွာ ဝတ်စား ဆင်ယင်လျက် အရှေ့တောင်အရပ်သို့ မျက်နှာမူကာ ပူဇော်ရိုသေထိုက်သူများကို လှူဖွယ်ပစ္စည်းတို့ဖြင့် ဆက်ကပ်ခြင်း လှူဒါန်းပူဇော်ခြင်း ပြုကြရတယ်လို့ ဖော်ပြထားတာတွေ တွေ့ရပါတယ်။

အတာစားခြင်းအကျိုးအမျိုးမျိုး

အတာစားခြင်း၏ အကျိုးကား … အတာပုည၊ ကုသလကို၊ ပြုကြကုန်သော၊ အမျိုးသား အမျိုးသမီးတို့သည် “အတာကမ္မံ ကရောန္တဿ မဟာဘောဂံ မဟာသုခံ မဟပ္ဖလံ စတုဒ္ဒိသံ ဝေရီဇေယျသုမင်္ဂလံ”ဟု ရှေးပညာရှိတို့ ရေးဖွဲ့ခဲ့သည်နှင့်အညီ ထိုကဲ့သို့ ရတနာသုံးပါး စသည်တို့အား လှူဒါန်း ပူဇော်ကြသော သူတို့သည် ကောင်းကျိုးချမ်းသာ မင်္ဂလာတရား ပြန့်ပွားတိုးတက် ပြည့်စုံကုန်ရာသည် … ဟု မှတ်သားရဖူးပါတယ်။

အတာအိုးအတာပန်း

အတာအိုးကို သင်္ကြန်ကို စောင့်ကြိုသည့်အနေဖြင့် သင်္ကြန်မကျခင် ကြိုတင် ပြင်ဆင်ရသည်။ (၇)ရက်သားသမီးတို့အတွက် ရည်ရွယ်၍ ပန်း ၇-မျိုးဖြစ်စေ၊ အညွန့် ၇-မျိုးဖြစ်စေ ရေပြည့်အိုးမှာ ထိုးလေ့ ထည့်ကြလေ့ရှိပါတယ်။

အညာနယ်ဘက်မှာတော့ သင်္ကြန်ကျသည်နှင့်တပြိုင်နက် အတာအိုးမှ ရေကို သွန်၍ သင်္ကြန်ပန်း၊ သင်္ကြန်အညွန့်တို့ကို အိမ်ဦး ဝင်းထရံ စသည်တို့၌ ထိုးစိုက်ကာ နှစ်သစ်မှာ ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာဖို့ ဆုတောင်းဆုယူ ပြုကြလေ့ရှိပါသည်။

Credit: Myanmar Gezette.
(အထက်ဖော်ပြသည်များကတော့ ရိုးရာဓလေ့ထုံးစံ ကဲ့သို့ဖြစ်နေသောကိစ္စရပ်များသာဖြစ်ပါသည်။)

sharing caring 🌿
ဝေမျှကုသိုလ်

26/01/2021



COVID-19 ကာကွယ်ဆေး မထိုးသင့်သောသူများ
**********************************************
1.) ၁၈ နှစ် အောက် ကလေးများ မထိုးရပါ.
2.) ကိုယ်ဝန်ဆောင် မိခင်များ မထိုးရပါ..
3.) နို့တိုက်နေသော မိခင်များ မထိုးရပါ..
4.) တခြားသော ကာကွယ်ဆေးများနှင့် ဓာတ်မတည့်သူများ မထိုးရပါ..
5.) COVID-19 ရောဂါ လက်ရှိ ခံစားနေရသူများ မထိုးရပါ..
6.) COVID-19 ရောဂါဖြစ်ပြီး သွေးရည်ကြည်ကုထုံးဖြင့် ကုသထားသူများ မထိုးရပါ..
7.) ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးကုသထားသူများ မထိုးရပါ..
8.) ကိုယ်ခံအားကျနေသူများ.. မထိုးရပါ..
9.) ကင်ဆာရောဂါဖြစ်နေသူများ.. မထိုးရပါ..
10.) တခြားသော ကာကွယ်ဆေးများထိုးသည့်ရက်နှင့် ၁၄ ရက်ခြားပြီးမှ ထိုးရပါမည်..
(ဥပမာ.. ခွေးရူးပျံကာကွယ်ဆေး၊ ဘီပိုးကာကွယ်ဆေး၊)

ကာကွယ်ဆေးကို (၂)ကြိမ်ထိုးရပါမည်..
ဒုတိယအကြိမ်ကို (၂၈)ရက်ခြားပြီးမှ ထိုးရပါမည်..
ကိုယ်ဝန် ရှိ-မရှိ မသေခြာလျှင်.. စစ်ဆေးပြီး.. ကိုယ်ဝန်မရှိမှထိုးပါ..
ပထမအကြိမ်ထိုးပြီး.. တစ်လအတွင်း ကိုယ်ဝန်မရှိအောင်နေပါ.. တစ်လကြာပြီးမှ ဒုတိယအကြိမ်ထပ်ထိုးရပါမည့်အတွက်ကြောင့်ပါ..

နှလုံး၊ သွေးတိုး၊ လေးဘက်နာ၊ အစစ်အမြစ်ရောင်ဂေါက်ရောဂါ၊ ပန်းနာရင်ကြပ် စသောရောဂါများအတွက် ဆေးသောက်နေသူများ ကာကွယ်ဆေးထိုးလို့ရပါသည်..
ရောဂါပြင်းထန်စွာ ခံစားနေရလျှင် ဆရာဝန်နှင့် ပြသပြီးမှ ထိုးပါ...

ကာကွယ်ဆေးဆိုတာ ထိုးထားတာ အကောင်းဆုံးပါ..
ကျွန်တော်တို့ လက်မောင်းမှာ ကာကွယ်ဆေးပေါင်း များစွာ ထိုးခဲ့ပြီးပါပြီ..
အထူးအဆန်းမဟုတ်ပါ..

GO AWAY CORONA

" ပံ့သကူ"- ဒီဘက်ခေတ်မှာ လူငယ်တော်တော်များများ မကြားဖူးတော့ဘဲ တိမ်မြုပ် ပျောက်ကွယ်လာနေပြီ ဖြစ်တဲ့ ဓလေ့တစ်ခုပါ။- ကိုယ် လှူ...
29/11/2020

" ပံ့သကူ"
- ဒီဘက်ခေတ်မှာ လူငယ်တော်တော်များများ မကြားဖူးတော့ဘဲ တိမ်မြုပ် ပျောက်ကွယ်လာနေပြီ ဖြစ်တဲ့ ဓလေ့တစ်ခုပါ။
- ကိုယ် လှူချင်၊ တန်းချင်တဲ့ ပစ္စည်း၊ ငွေကြေး၊ အသုံးအဆောင် ပစ္စည်း တစ်ခုခုကို အိတ်တစ်လုံးထဲမှာ ထည့်။
- ပြီးရင် လူသူကင်းတဲ့ အချိန်မှာ လမ်းနေရာ တစ်ခုခုမှာ သွားပြီး ချထားကြတာပါ။
- ခြွင်းချက်တော့ ရှိပါတယ်။
အဲဒီလို ချထားတဲ့အခါမှာ ဘယ်သူမှ မသိစေရပါဘူး။ ကိုယ် တစ်ယောက်သာ သိရပါမယ်။
လူသွားလမ်းလို လူတွေ တွေ့မြင်လွယ်တဲ့ နေရမျိုးလည်း ဖြစ်ရပါမယ်။ အလှူဆိုပြီး ရေထဲ ပစ်ချလိုက်သလို မျိုးတော့လည်း မဖြစ်ရပါဘူး။
နောက် တစ်ရက်မှာ ကိုယ်လှူလိုက်တဲ့ ပစ္စည်းကို ရသွားတဲ့ လူက ကောင်းချီးမင်္ဂလာ ပေးတဲ့အခါမှာ ကုသိုလ်လည်း ရတာပေါ့။
ရှေးအခါက ရဟန်းတွေဟာ အမှိုက်ပုံ၊ သချႋုင်း စတဲ့ နေရာတွေကနေ အဝတ်စုတ်တွေကို ကောက်ယူပြီး သင်္ကန်းတစ်ထည်ဖြစ်အောင် ပေါင်းစပ် ချုပ်ဝတ်ကြလေ့ ရှိတယ်။ အဲ့ဒီသင်္ကန်းကို ပံ့သကူသင်္ကန်းလို့ ခေါ်တယ်။ သင်္ကန်းကာင်းကောင်းလေး ရတဲ့အခါ အဲဒီ ရဟန်းအဖို့ တစ်နွေစာ တရားကောင်းကောင်း အားထုတ်လို့ ရနိုင်တာပေါ့။ ရဟန်းတစ်ပါး သင်္ကန်းချုပ်ဖို့ ပံ့သကူလိုက်ကောက်ရာမှာ အဝတ်ကောင်းကောင်း တစ်ခု ရသွားရင် ဖြစ်တဲ့ ပီတိနဲ့ အလားတူပါတယ်။ ကုသိုလ်ရပုံချင်းလည်း တူပါတယ်။
- ဒါကြောင့် " ပံ့သကူ ပစ်တယ်" ဆိုတဲ့ စကား ပေါ်ပေါက်လာတာပါ။

Credit

24/10/2020

#သူတစ်ပါးရဲ့ #ပိုင်ဆိုင်မှုကို #မိမိပိုငိဆိုင်မှုလို့

ဘယ်သောအခါမှ မမှတ်စေချင်
************

တစ်ခါတုန်းက ကျီးကန်းတစ်ကောင်နဲ့ခွေးတစ်ကောင်က မိတ်ဆွေဖြစ်တယ်
ကျီးကန်းက ကြက်ဥမကြိုက်ဘူး၊
ကြက်ဥကို သူရရှိခဲ့တဲ့ အချိန်တိုင်း အမြဲတမ်း ခွေးကို ပေးလေ့ရှိတယ်။
အစပိုင်းတော့ ခွေးက ကျီးကန်းကို ကျေးဇူးတင်နေတာပေါ့၊

ကြာတော့ အကျင့် ဖြစ်သွားတယ်။

အကျင့်ဖြစ်လာတော့ ဒီကြက်ဥဟာ သူ့ကို ပေးကိုပေးရမှာလို့ ဆိုတဲ့ စိတ် ဖြစ်လာတယ်။

တနေ့ကျတော့
ကျီးကန်းက ကြက်ဥကို ငါးကို ပေးလိုက်တော့ အဲ့ဒါကိုခွေးက မြင်တော့ မကျေနပ်တော့ဘူး။

ကြက်ဥဟာအစကတည်းက ကျီးကန်းပိုင်တယ်ဆိုတာ သူမေ့သွားတယ်။

သူပိုင်တဲ့ကြက်ဥဘယ်သူ့ကို ပေးမယ်ဆိုတာ
ကျီးကန်းမှာ ဆုံးဖြတ်ခွင့်ရှိတယ်ဆိုတာ
မေ့သွားတယ်။

ဒါနဲ့သူတို့စကားများကြပြီး
အခင်အမင် ပျက်သွားကြတယ်။

***************************

သိပ်ပူတဲ့နွေရာသီတခုမှာ၊
လူတစုက
မြစ်ရေလှိုင်းထဲမှာ ဖောင်စီးသွားကြတယ်။

ဖောင်စီးရင်းနဲ့ ရေဆော့ရင်း
ကောင်မလေးတယောက်ရဲ့ ဖိနပ်
ရေထဲကျသွားတယ်။

ကမ်းပေါ်ရောက်ဖို့
ပူခြစ်နေတဲ့ သဲပြင်ကျယ်ကြီးကို ဖြတ်ရမယ်။

ဒါနဲ့ကောင်မလေးက
သူနဲ့လှေအတူစီးတဲ့ သူတွေဆီက
တယောက်ယောက် ဖိနပ်ငှားနိုင်မလားလို့
အကူညီတောင်းတယ်။

လူတစ်ယောက်မှာ ဖိနပ်တရံပဲပါတာ
ဘယ်သူမှ မပေးချင် ကြဘူး။
ကောင်မလေးက
မကျေနပ်ဖြစ်သွားတယ်။

ဒါနဲ့ သူက
ဒီလူတွေအားလုံး မကောင်းဘူး။
ကူညီချင်စိတ် မရှိကြဘူးလို့တွက်လိုက်တယ်။

နောက်တော့ လူတစ်ယောက်က
သူ့ဖိနပ်ကို ပေးလိုက်တယ်။
ကောင်မလေးက
ကျေးဇူးတင် ကြောင်းပြောလိုက်တယ်။

ဖိနပ်ပေးလိုက်တဲ့လူက
" ဘယ်သူမှမင်းကို ကူညီဖို့တာ၀န် မရှိပါဘူး။
မင်းကိုကူညီတာ
ခင်မင်မှုတစ်ခုကြောင့်ပဲ၊
မကူညီဖြစ်ရင်
ဒါကိုဒေါသမကြီးပါနဲ့
ဒါ သူများ right ပါ

အဲ့လိုပြောတော့
ကောင်မလေးစိတ်ထဲ တွေးမိသွားတယ်။
အဲ့ချိန်ကစပြီး
သူ့ကို ကူညီဖူးသူတွေကို
အမြဲမှတ်သား ထားပြီး
ပြန်လည် ကျေးဇူးဆပ်လေ့ရှိလာပါတယ်။

ကျနော်တို့ဟာ...
အမြဲတမ်းသူများက
ကိုယ့်အပေါ်ကောင်းဖို့ပဲ မျှော်လင့်ကြတယ်။
အစပိုင်းတော့
ကျေးဇူးတင်မဆုံးဘူးပေါ့။

ကြာလာတော့
သူများ ကိုယ့်အပေါ်ကောင်းတာကို
အမြဲလိုချင်တဲ့ အကျင့် ဖြစ်လာတယ် ။

ဒါကို
ဖြစ်သင့်တဲ့အရာလို့ထင်လာတယ်။
တနေ့မှာ ကိုယ့်အပေါ်မကောင်းခဲ့ရင်
အပြစ်တင်ရှုံ့ချ မိတော့တယ်။

တကယ်တန်းကျတော့၊
သူများမကောင်းတော့တာ မဟုတ်ပါဘူး။
ကိုယ့်ရဲ့စိတ်တွေက ပြောင်းကုန်တာပါ။

ရနေကျဆိုတော့ ရပိုင်ခွင့်တစ်ခုလိုမြင်လာပြီး
ကျေးဇူးတရားဆိုတာကို
မေ့သွားတာပါ။

***************************

ညနေတခုမှာ
ဆိတ်လေးတစ်ကောင်ဟာ
တောင်ကုန်းပေါ်မှာ ဆော့နေတယ်။

ရုတ်တရက်
သစ်ပင်ခြုံကြားထဲက
၀ံပုလွေတကောင်ထွက်လာပြီး
ဆိတ်ကိုစားမယ်ပြင်တယ်။

ဆိတ်လေးဟာ
အသံကျယ်နဲ့အော်ပြီး
သူငယ်ချင်းတွေကို
အကူအညီ လှမ်းတောင်းတယ်။

နွားက
သစ်ပင်ခြုံထဲက တချက်လှမ်းကြည့်ပြီး
၀ံပုလွေကို မြင်တော့ ပြေးပါလေရော။

မြင်းက
ခေါင်းငုံပြီး တချက်ကြည့်၊
၀ံပုလွေမြင်တော့ ဝှစ်ကနဲကိုပြေးပြန်ရော။

၀က်ကလည်း
ဖြတ်သွားရင်း ဝံပုလွေကိုမြင်တာနဲ့
ကမန်းကတန်း တောင်ပေါ်က ဆင်းပြေးရော။

တောင်အောက်မှာရှိတဲ့ ခွေးက
ဆိတ်အော်သံ ကြားတော့
ကမန်းကတန်းတောင်ပေါ်ပြေးတက်
ခြုံပုတ်တွေထဲက ဖြတ်ပြီး
၀ံပုလွေရဲ့ လည်မြိုကို ကိုက်ခဲပစ်လိုက်တယ်။

၀ံပုလွေက နာလွန်းလို့ ထအော်တယ်၊
ခွေးမာန်ဖီလိုက်တော့
လန့်ပြီးပြေးပါလေရော..။

အိမ်ပြန်ရောက်တော့၊ သူငယ်ချင်းတွေ
အားလုံး ရောက်လာတယ်။

နွားက…
နင်ကဘာလို့ငါ့ကိုမခေါ်တာလဲ..
ငါ့ဂျိုနဲ့ သူ့ဗိုက်ပေါက်အောင်လုပ်ပစ်မှာပေါ့......၊

မြင်းက…
နင်ကဘာလို့ငါ့ကိုမပြောလဲ၊
ငါသူ့ခေါင်းကို ခွာနဲ့ကန်ပစ်မှာပေါ့.......။

၀က်က…
နင်ငါ့ကိုခေါ်ရောပေါ့
ငါတစ်ချက်ပက်လိုက်ရင်
သူတောင်ပေါ်ကတောင် ပြုတ်ကျသွားမှာ....။

အဲ့လို ပြောသံတွေကြားမှာ
ခွေးလေး မပါခဲ့ပါ။

မိတ်ဆွေစစ်ဆိုတာ
စကားအလှတွေ သုံးနေစရာမလိုပါဘူး။

တကယ့်လိုအပ်ချိန်မှာ
မင်းကို လက်လှမ်း ကူညီတဲ့သူဟာ
မိတ်ဆွေစစ်ပါ။

************************

အနားမှာရှိနေတဲ့သူငယ်ချင်းတွေ၊
ခင်မင်နေတဲ့ သူငယ်ချင်း တွေဟာ
သူငယ်ချင်းအစစ် ဟုတ်မဟုတ်
မသေချာသေးပါ။

တစ်ခါတလေ အဝေးမှာရှိနေပြီး အမြဲတမ်း
ပေါင်းသင်းနေတာ မဟုတ်ပေမယ့် မင်းတကယ်
အကူအညီလိုအပ်နေချိန်မှာ ၊ အပိုမပြောပဲ
ကူညီတဲ့သူ ဂရုစိုကျတဲ့သူသာ
တကယ့် မိတ်ဆွေ/သူငယ်ချင်း အစစ်ပါပဲ။

ဘ၀မှာ တန်ဖိုးထားသင့်တဲ့ မိတ်ဆွေ
သူငယ်ချင်းကောင်း များ ပိုင်ဆိုင်ကြပါစေ....


; Original Uploader.

ဒေါက်တာ အရှင်သီဟဉာဏာဘိဝံသ
ရွှင်လန်းချမ်းမြေ့ပါစေ

 ရန်ကုန်တိုင်းဒေသကြီး Stay At Home ကာလအတွင်း ခွင့်ပြုလုပ်ငန်းများ လည်ပတ်မည်ဆိုပါက Online မှ မှတ်ပုံတင်နိုင်*************...
28/09/2020


ရန်ကုန်တိုင်းဒေသကြီး Stay At Home ကာလအတွင်း ခွင့်ပြုလုပ်ငန်းများ လည်ပတ်မည်ဆိုပါက Online မှ မှတ်ပုံတင်နိုင်
*********************************************
🔹COVID 19 ကပ်ရောဂါကာကွယ်တားဆီး၊ ထိန်းချုပ်ရေးအတွက် Stay At Home အစီအစဉ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသော ခွင့်ပြုလုပ်ငန်းအမျိုးအစားတွင်ပါဝင်သည့် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းများ၊ ကုမ္ပဏီများအနေဖြင့် လုပ်ငန်းလည်ပတ်လုပ်ကိုင်မည်ဆိုပါက Online မှတစ်ဆင့် မှတ်ပုံတင်ရန်လိုအပ်ပါသည်။

🔹မှတ်ပုံတင်ထားသော လုပ်ငန်းများမှ ဝန်ထမ်းများနှင့် မော်တော်ယာဉ်များကိုသာ မြို့နယ်တစ်မြို့နယ်မှ တစ်မြို့နယ် ဖြတ်ကျော်ခွင့်ရမည်ဖြစ်ပါသည်။ မှတ်ပုံတင်ခြင်းပြီးမြောက်ပါက ဝန်ထမ်းတဦးချင်းစီနှင့် မော်တော်ယာဉ်တစ်စီးချင်းအတွက် QR Code ပါ ID ရရှိမည်ဖြစ်ပြီး၊ နယ်မြေဖြတ်ကျော်ခြင်းအတွက် စစ်ဆေးရာတွင် QR Code ပါ ID အား ပြသရမည်ဖြစ်ပါသည်။

🔹Online မှ မှတ်ပုံတင်ခြင်းကို အောက်ပါ Link တွင် ဝင်ရောက်မှတ်ပုံတင်နိုင်ပါသည်။
https://QRpass.SawSawShar.gov.mm တွင် ဝင်ရောက်မှတ်ပုံတင်နိုင်ပါသည်။

🔹မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်နှင့်ပတ်သက်၍ အဆင်မပြေမှုတစ်စုံတစ်ရာရှိပါက ဖုန်းနပါတ် ၀၉-၆၉၄၈၂၀၂၄၄, ၀၉-၄၀၂၇၉၀၇၄၄၊ ၀၉-၆၇၇၇၂၇၄၀၅ သို့ ရုံးချိန် အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)

27/09/2020



ဖောင်ဖျက်တိုက်ပွဲ
-----------------------

ရန်ကုန်မှာ ပိုးတွေ့လူနာ ၇၀၀ ကျော် တွေ့နေရပါတယ်။ ရှင်းရှင်းပြောရရင် အခုထိ မကျသေးပါဘူး။ ဘာလို့လဲဆိုရင် စည်းကမ်းမလိုက်နာကြတဲ့လူတွေ အများကြီးရှိနေသေးလို့ပါ။ ရန်ကုန်မှာက လူတွေက ဆန္ဒ ၂ခု ကွဲနေပါတယ်။ တဖွဲ့က ပိတ်ဆိုတဲ့အဖွဲ့နဲ့ တဖွဲ့က မပိတ်နဲ့ဆိုတဲ့အဖွဲ့ပါ။ ဒီ ၂ဖွဲ့ကြားထဲမှာ အစိုးရက ကျဉ်းထဲကြပ်ထဲရောက်နေရပါတယ်။ တဖြည်းဖြည်းချင်းပဲ လုပ်ရပါတယ်။ အခု မနက်ဖြန်ကစလို့ မြို့နယ်ကျော် ပိတ်မယ်ဆိုတာနဲ့ လူအများစုက အသံထွက်လာပါတယ်။ အဲဒါက ဘာကိုပြသလဲဆိုရင် Stay at home မနေပဲ အကြောင်းတခုခုနဲ့ သွားနေကြဆဲဆိုတာကို ပြပါတယ်။ အဲဒီလိုဆို ဒီရောဂါကို အနိုင်ရဖို့က အလှမ်းဝေးနေဆဲပါ။

အားလုံးသိတဲ့အတိုင်း ရန်ကုန်မှာ ဆေးရုံတွေမှာ လက်ခံနိုင်တာထက် ပိုနေပါပီ။ ထပ်တိုးချဲ့သမျှအကုန် လူတွေပြည့်နေပါတယ်။ ကျန်းမာရေး၀န်ထမ်းတွေက မနိုင်၀န်ထမ်းပီး အသက်စွန့်တိုက်နေရတယ်။ လက်မခံနိုင်တော့သူတွေကို အိမ်ပြန်လွှတ်နေရတယ်။ Stay at home အမိန့်ထုတ်ထားတာ ၁လ နီးပါးရှိပါပီ။ တင်းကြပ်သောအမိန့်ထုတ်တာက တပတ်နီးပါးရှိပါပီ။ ရန်ကုန်ဟာ မပြောင်းလဲသေးပါဘူး။ လမ်းပေါ်မှာ သွားနေကြတုန်း။ တချို့ဆို အကြောင်းမရှိပဲ သွားနေကြတယ်။ ဓာတ်ပုံရိုက်ကြသူတွေလဲရှိတယ်။ အရေးမကြီးပဲ သွားနေကြသူတွေလဲရှိပါတယ်။ ဒီတော့ ဘာဖြစ်လဲဆိုတော့ ရောဂါကို မထိန်းနိုင်သေးပါဘူး။

စည်းကမ်းလိုက်နာပီး အိမ်ထဲမှာနေသူတွေရှိပါတယ်။ သူတို့အတွက် မတရားပါဘူး။ အိမ်ထဲမှာနေလို့ မကူးပေမယ့် ကူးစက်နှုန်းမကျမချင်း သူတို့ပါ အလုပ်အကိုင်ပျက်နေရပါတယ်။ ကလေးတွေ ကျောင်းမတက်ရဘူး။ ၀င်ငွေမရှိဘူး။ အလုပ်မတက်ရဘူး။ ဒါတွေက အပြင်မှာ မလိုအပ်ပဲ သွားလာနေကြသူတွေကြောင့်ပါ။ တင်းကြပ်စွာ ကိုင်တွယ်လိုက်တဲ့ မလေးရှားတို့ ဗီယက်နမ်တို့ တရုတ်တို့မှာ ပိုးတွေ့လူနာတွေ နည်းနေပီ။ ပျောက်နေပီ။ တောင်ကိုရီးယားမှာ ရုပ်ရှင်ရိုက်နေကြပီ။ ဥရောပမှာ ဟိုတနေ့က ဘောလုံးပွဲမှာ ပရိသတ် ၁သောင်းကျော် တက်ရောက်အားပေးနေပီ။ ကျနော်တို့ဆီမှာ ဘာမှ ဖြစ်မလာသေးပါဘူး။

အမေရိကန်လို ဖွင့်ပါဆိုပီး ပေါတောတောတွေ ရေးတာမျိုးလဲ နားမယောင်ကြပါနဲ့။ အဲဒီလုပ်ရပ်ဟာ အမေရိကန် CDC နဲ့ ဆေးပညာရှင်တွေရဲ့ အကြံပေးချက်တခုမှ မပါပါဘူး။ အခုထိ Herd Immunity မရပဲ လူ ၂ သိန်းကျော်သေပီး ၇ သန်း ကူးစက်ခံနေရလို့ ထရန့်ကို ဆဲနေကြတာ တပြည်လုံးပါပဲ။ ဘာသိပ္ပံအချက်အလက်တွေ နည်းပညာတွေမှ မပါပါဘူး။ Herd Immunity ရဖို့က နိုင်ငံရဲ့ လူဦးရေ ၇၀% လောက် ကူးစက်ခံရပါမယ်။ မြန်မာပြည်ဆို သန်း ၄၀ လောက်ပေါ့။ အခု ၁၀၀၀၀ မှာ ၂၀၀ လောက်သေတယ်ဆိုတော့ သန်း ၄၀ ဆို စဉ်းစားသာကြည့်ပါ။ ကျနော်တို့ ပြည်သူ့အသက်တွေကို အဲလောက်များများ မစတေးနိုင်ပါဘူး။ ကျနော်တို့လို ဆင်းရဲတဲ့ အာဆီယံနိုင်ငံအများစုဟာ ဒီနည်းလမ်းပဲ သုံးကြရပါတယ်။

ဒီတော့ မနက်ဖြန်ကစပီး မြို့နယ်ကျော်တာတွေကို ပိတ်ပါတော့မယ်။ ဒီရောဂါတိုက်ဖျက်ရာမှာ ဌာနတခုထဲ လုပ်လို့မရပါဘူး။ အားလုံးဝိုင်း၀န်းရပါမယ်။ မနက်ဖြန်မှာ ပိတ်တာက ဖြစ်သင့်တာ ကြာပါပီ။ QR Pass တွေကိုလဲ သေချာစိစစ်ထုတ်ပေးသင့်ပါတယ်။ မဆိုင်တဲ့သူတွေက ညာပီးထုတ်နေကြလို့ပါ။ နောက်ပီး အဓိက လမ်းမကြီးတွေကနေ သေချာစိစစ်ရပါမယ်။ ရဲတပ်ဖွဲ့ပါ ပါ၀င်လာတော့ ပိုပီးတော့ အဆင်ပြေပါမယ်။ အဲဒီ QR Pass ဟာ ခွင့်ပြုထားတဲ့လုပ်ငန်းတွေအတွက်ပဲ ထုတ်ပေးတာဖြစ်ပီး မဆိုင်တဲ့လူတွေ မလျှောက်သင့်ပါ။ အစိုးရ၀န်ထမ်းတွေနဲ့ ကျန်းမာရေးကလူတွေကတော့ ၀န်ထမ်းကတ်နဲ့ပဲ သွားနိုင်ပါတယ်။ ကျနော်တို့ ဒီလိုလုပ်မှသာ ကူးစက်တာကို ထိန်းနိုင်ပါတယ်။ မဟုတ်ရင် ၂ ပတ်ပီးလဲ မကျခဲ့ရင် ဘာဆက်လုပ်မလဲ။ Stay at home သက်တမ်းပဲ ထပ်တိုးမလား။ စား၀တ်နေရေးကိုပဲ ကြည့်ရမလား။ မနိုင်၀န်ထမ်းနေရတဲ့ ကျန်းမာရေးစနစ်ပြိုလဲသွားရင် ဘယ်လိုလုပ်မလဲ။ ဒီတော့ ဒီ ၂ပတ်က သေရေးရှင်ရေးပါပဲ။ ဖောင်ဖျက်တိုက်ရမယ့် အချိန်ပါ။

အခုလို မြို့နယ်မကျော်ရတဲ့အခါ ဘယ်လိုတွေဖြစ်လာနိုင်မလဲ။ ဒါကတော့ ရှင်းပါတယ်။ လက်ရှိအနေအထားအရ Down Town မြို့နယ်တွေမှာ ပိုးတွေ့သူ အနည်းငယ်တက်လာပေမယ့် ဒါက ထိန်းလို့ရနိုင်ပါတယ်။ လူတွေ စည်းကမ်းတကျ အိမ်ထဲမှာနေတဲ့မြို့နယ်တွေ၊ Mask တွေသေချာတပ်တဲ့ မြို့နယ်တွေမှာ ကူးစက်နှုန်းတွေ ကျလာပါမယ်။ စည်းကမ်းသိပ်မလိုက်နာတဲ့ ဆင်ခြေဖုံးမြို့နယ်တွေဖြစ်တဲ့ လှိုင်သာယာတို့ဘက်မှာ ကူးစက်နှုန်းတွေက စတင်မြင့်တက်လာနေပါပီ။ ကူးစက်နှုန်းကျလာတဲ့ မြို့နယ်တွေကို ကူးစက်သူမရှိအောင်အထိ လုပ်လို့ရပါတယ်။ ထို့အတူပဲ ကူးစက်မှုနှုန်းတက်လာတဲ့မြို့နယ်တွေကို သေချာ ပိတ်ပီး ကုလို့ရနိုင်ပါတယ်။ မဟုတ်ရင် ကူးစက်မှုနှုန်းများနေတဲ့ မြို့နယ်တွေက ကူးစက်မှုနည်းတဲ့မြို့နယ်တွေကိုလာလိုက် သွားလိုက်နဲ့ ရောဂါဖြန့်နေကြရင် ဘယ်တော့မှ ပီးတော့မှာ မဟုတ်ပါဘူး။

ဒါကြောင့် မနက်ဖြန်ကစပီး တင်းတင်းကြပ်ကြပ်ကိုင်တွယ်မှာကို လိုက်နာပေးကြပါ။ တချို့က အလုပ်လေးတွေရှိလို့ ကိစ္စလေးတွေရှိလို့ သွားလို့ရမလားဆိုပီး သိချင်ကြသူတွေရှိပါတယ်။ ကျနော့်အမြင်ကတော့ အိမ်ထဲမှာပဲနေပါ။ ခွင့်ပြုထားတဲ့ အလုပ်တွေမဟုတ်ရင် မသွားပါနဲ့။ အားနာမှုနဲ့ ခွင့်ပြုနေကြရင်တော့ လူတိုင်းလမ်းပေါ်ရောက်ပီး အခုလိုပဲ မထူးဆန်းတဲ့ Stay home ပဲ ဆက်ဖြစ်ပီး ရန်ကုန်ဟာ အခက်တွေ့ရပါလိမ့်မယ်။ ကြီးကြပ်တဲ့အဖွဲ့တွေကလဲ တင်းတင်းကြပ်ကြပ် စိစစ်မယ်။ ပြည်သူကလဲ စည်းကမ်းတွေကို လိုက်နာကြမယ်ဆိုရင်တော့ ရန်ကုန်ဟာ ဒီကပ်ဘေးကို ကျော်လွန်နိုင်ပါလိမ့်မယ်။ မဟုတ်ရင်တော့ ထူးမခြားနားပဲဖြစ်ပါလိမ့်မယ်။ ရန်ကုန်မြို့အတွက် အရေးအကြီးဆုံးနေ့တွေပါပဲ။ ဖောင်ဖျက်ပီး တိုက်ပွဲ၀င်ရမယ့်အနေအထားပါ။ အားလုံးညီရင် ဒီတိုက်ပွဲကို အောင်နိုင်ပါလိမ့်မယ်။ ယုံကြည်စွာနဲ့ မျှော်လင့်နေပါတယ်။

Credit Nay Thway

❌ဆပ်ပြာနဲ့ ဒီလို မဆေးရပါဘူးနော် ❌Crd🥦  #အသီးအရွက်တွေကိုဘယ်လိုဆေးမလဲ⁉️~~~~~~~~~~~~~~~~~~~~~~~~ဈေးကဝယ်လာတဲ့ ဟင်းသီးဟင်းရွက...
24/09/2020

❌ဆပ်ပြာနဲ့ ဒီလို မဆေးရပါဘူးနော် ❌

Crd

🥦 #အသီးအရွက်တွေကိုဘယ်လိုဆေးမလဲ⁉️
~~~~~~~~~~~~~~~~~~~~~~~~
ဈေးကဝယ်လာတဲ့ ဟင်းသီးဟင်းရွက်တွေအပေါ် virus ကပ်ပါလာမှာ စိုးကြမှာပါ။ တယောက်ယောက်က ချောင်ဆိုးသွားရင်၊ လက်နဲ့ကိုင်သွားရင် ဘယ်လိုလုပ်မလဲ တွေးကြတာပါ။

👉 အခုအချိန်အထိ ပိုးရှိတဲ့ ဟင်းသီးဟင်းရွက်စားမိလို့ ကူးစက်တဲ့ case မရှိသေးပါ။

🇪🇺 European Food Safey Authority က ထုတ်ပြန်ထားချက်မှာ အစားအစာက ကူးစက်မှု မတွေ့သေးပါတဲ့။

http://www.efsa.europa.eu/en/news/coronavirus-no-evidence-food-source-or-transmission-route

ဒီကိစ္စနဲ့ပတ်သက်ပြီး Dr Jeffery Vanwingen ဆိုသူက youtube မှာ ဆပ်ပြာနဲ့ဆေးပြတဲ့ တာကို တွေ့ဖူးပါတယ်။

👉 ပြဿနာက ကိုယ်ထင်ရာကိုယ်လုပ်ကြတာပါ။

🧼🥕🚿 တကယ်တော့ ဟင်းသီးဟင်းရွက်တွေကို ဆပ်ပြာနဲ့ဆေးခြင်းဟာ ကောင်းကျိုးထက်ဆိုးကျိုးကို ပိုဖြစ်စေပါတယ်။

♦️ အသီးအရွက်တွေမှာ အပေါက်ငယ်ကလေးတွေပါပြီး ဆပ်ပြာကို စုပ်ယူပါတယ်။

ဟင်းသီးဟင်းရွက်ဆေးဖို့ အထူးစီမံထားတဲ့ ဆပ်ပြာလိုအရည်မျိုးဆိုရင် ပြဿနာမရှိပါ။

♦️ ဟင်းသီးဟင်းရွက်တွေကို ဆပ်ပြာနဲ့ ဆေးခြင်းဖြင့် အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဗိုက်နာခြင်း စတာတွေ ဖြစ်စေတတ်တာကို သတိပြုပါ။

♦️ အရက်ပျံပါတဲ့ ရေမလိုဆေးရည်နဲ့ ပွတ်ဆေးတာလည်း လုံးဝမလုပ်သင့်ပါ။

♦️ ရေရောထားတဲ့ အစွန်းချွတ်ဆေး bleach က အန္တရာယ်အလွန်များပါတယ်။ လုံးဝမလုပ်ရပါ။

♦️ vinegar ရှာလကာရည်နဲ့ လီမွန် lemon juice တွေကလည်း မထိရောက်ပါ။

🧼 ဆပ်ပြာကို မဖြစ်မနေသုံးရမှာက #စဉ်းနှီးတုံး၊ #ဒါး နဲ့ #လက်ပါ။ 👈

♦️ အားလုံးသတိမထားမိတာက ဟင်းသီးဟင်းရွက်ထက် အန္တရာယ်များတာကလှီးတဲ့ စဉ့်နှီးတုံးပါ။ ပြီးတော့ လှီးတဲ့ဒါး။

❌ အသားလည်း ဒီစဉ့်နှီးတုံးနဲ့လှီး၊ အသီးအရွက်လည်း ဒါနဲ့ပဲလှီးတာ အန္တရာယ်များလှပါတယ်။

✅ အသားလှီးဖို့ သပ်သပ်၊ အသီးအရွက်လှီးဖို့ သပ်သပ် စဉ့်နှီးတုံးနဲ့ ဒါးကို ခွဲထားပါ။

❌ အသားလှီးထားပြီးတော့ ရေဆေးပြီးပေမယ့် သခွားသီးထပ်လှီးခြင်းဟာ အန္တရာယ်များပါတယ်။

ဒါးတွေကို နံရံကြား၊ စားပွဲကြားထိုးခြင်းကိုလည်း ရှောင်ကြဉ်ကြရပါမယ်။ ဒီကာလမှာ အစာအဆိပ်သင့်လို့ ဆေးရုံရောက်ရရင် မချောင်ပါ။

👉 ဈေးကပြန်ပြန်လာခြင်း လက်ဆေးပါ။

👉 အသီးအရွက်၊ အသားငါးကို #မကိုင်ခင်နဲ့ကိုင်ပြီးရင် လက်ကိုဆပ်ပြာနဲ့ဆေးပါ။

ဒီ virus အတွက် အဓိကစိုးရိမ်ကြမှာက ကန်ဇွန်းရွက်၊ မြင်းခွာရွက်၊ သခွားသီး စတဲ့ အသီးအရွက်တွေလို့ တွက်မိပါတယ်။

ဒီကိစ္စကို လိုက်ဖတ်ကြည့်တော့ ဆပ်ပြာနဲ့ အသီးအရွက်ကို ဆေးတာကို အားမပေးကြပါ။

✅ ကျနော်တို့ လုပ်သင့်တာက မိရိုးဖလာနည်းဖြစ်တဲ့ ဆား နည်းနည်းထည့်ပြီး ရေနဲ့ဆေးတာပါပဲ။

Centre for Science and Enviroment CSE ရဲ့အဆိုအရ ဆား 2% ပါတဲ့ရေအေးနဲ့ဆေးရင် ဓာတုဓာတ်ကြွင်း 75% ရာနှုန်းကို ဖယ်ရှားနိုင်ပါတယ်တဲ့။

ဆေးနည်း (၂ ) နည်းရှိပါတယ်။

(၁) ရေအေး 4 ခွက်ကို ဆား 2 ဇွန်းနှုန်းနဲ့ ဖျော်ပြီး အသီးအရွက်ကို ရေစိမ်ထားပါ။

(၂) ရေများများရရင် ရေပိုက်ကရေနဲ့ ကြာကြာ ဆေးချတာမျိုးက အကောင်းဆုံးနည်းပါ။

ဘယ်လိုပဲဖြစ်ဖြစ် အဲ့လိုဆေးခြင်းတွေဟာ ပိုးရှိရင် 90% နဲ့ အထက် ဖယ်ပစ်မယ့်နှုန်းက အလွန်များပါတယ်။

ဒါက ကိုယ့်အိမ်မှာ ကိုယ်တတ်နိုင်သမျှ ပိုးသန့်အောင်ဆေးဖို့ပါ။

👉 စားသောက်ဆိုင်တွေ၊ အစားအသောက်ပြင်ဆင်ရသူတွေ အနေနဲ့ ဒီလိုကာလမှာ အထူးဂရုပြုရမှာ ဖြစ်ပါတယ်။

နေမကောင်းသူရှိရင် အလုပ်မှ အနားပေးပြီး အစားအသောက်ကို ထိတွေ့သယ်ယူခြင်းမှ ရှောင်ကြဉ်ရမည်ဖြစ်ပါကြောင်း။

Credit >>Richard Myo Thant

ပိန်းပန်းရောင် နှင့် ပိန်းဆန်းလေးပါ အရမ်းလှပါတယ်နော် တစ်အိုး - 13500 /-*** delivery မရှိပါ ***
16/09/2020

ပိန်းပန်းရောင် နှင့် ပိန်းဆန်းလေးပါ
အရမ်းလှပါတယ်နော်
တစ်အိုး - 13500 /-

*** delivery မရှိပါ ***

Address

No.680 (B) Ground Floor, 3rd Street, Ngamoeyeik Ward, Thingangyun Township
Thingangyun

Telephone

+959797932114

Website

Alerts

Be the first to know and let us send you an email when Pi Ti Cho Plant Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pi Ti Cho Plant Shop:

Share