Super Cook

Call Directions Website Contact the business

Super Cook အရသာ စုံလင်တဲ့ ဟင်းချက် အနှစ်များ

ပျော်ရွှင်စရာကောင်းတဲ့ 🐍မြွေနှစ်မှာ အစစအရာရာ တိုးတက်အောင်မြင်ပါစေကြောင်း Super Cook မှ ဆုမွန်ကောင်းတောင်းလိုက်ပါရစေရှင် ...
29/01/2025

ပျော်ရွှင်စရာကောင်းတဲ့ 🐍မြွေနှစ်မှာ အစစအရာရာ တိုးတက်အောင်မြင်ပါစေကြောင်း Super Cook မှ ဆုမွန်ကောင်းတောင်းလိုက်ပါရစေရှင် 🙏


🍄သဘာဝအဆိပ်အတောက်များ - မှို🍄📍မှိုကို အခြေခံသော အဆိပ်အတောက် နမူနာ        အက်ဖလာတောက်ဆင် (Aflatoxins)⭐️ပြောင်း၊ ငရုတ်၊ မြေ...
09/09/2024

🍄သဘာဝအဆိပ်အတောက်များ - မှို🍄

📍မှိုကို အခြေခံသော အဆိပ်အတောက် နမူနာ
အက်ဖလာတောက်ဆင် (Aflatoxins)

⭐️ပြောင်း၊ ငရုတ်၊ မြေပဲ၊ ဆန်၊ နှမ်းတို့ကို ကောင်းစွာမသိုလှောင်ပါက မှိုများပေါက်လာပြီး အက်ဖလာတောက်ဆင်အဆိပ်ကို ဖြစ်ပေါ်စေသည်။

⭐️အက်ဖလာတောက်ဆင်ကို ပမာဏများများ
စားသုံးမိပါက အသဲကင်ဆာကို ဖြစ်စေနိုင်သည်။

⭐️မှန်ကန်သော သိုလှောင်မှုနည်းလမ်း (အပူချိန်၊ အချိန် နှင့် စိုထိုင်းစ) သည် အက်ဖလာတောက်ဆင် ဖြစ်ပွားမှုကို လျှော့ချပေးနိုင်သည်။

Super Cook ရဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်ရာမှာလဲ နိုင်ငံတကာစံနှုန်း ISO 22000:2018 စံနှုန်းများဖြင့် သဘာဝ အဆိပ်အတောက်များ မဖြစ်ရအောင် စီမံထုတ်လုပ်ပေးလျက် ရှိပါတယ်



🙏ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့🙏ဝါဆိုလပြည့်နေ့ဟာ ဆိုရင်🕯ဂေါတမမြတ်စွာဘုရားလောင်း ပဋိသန္ဓေတည်သော နေ့🕯တောထွက်တော်မူသောနေ့🕯ဓ...
20/07/2024

🙏ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့🙏

ဝါဆိုလပြည့်နေ့ဟာ ဆိုရင်

🕯ဂေါတမမြတ်စွာဘုရားလောင်း ပဋိသန္ဓေ
တည်သော နေ့
🕯တောထွက်တော်မူသောနေ့
🕯ဓမ္မစကြာတရားဦးကို စတင်ဟောတော်မူသောနေ့
🕯တန်ခိုးပြာဋိကို ပြတော်မူသောနေ့
🕯ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့
🕯တရားရတနာ စတင်ပေါ်ပေါက်သောနေ့
🕯သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့
🕯"ဧဟိ ဘိက္ခု"ဟူသော စကားကို စတင်ကြားသိ
ရသောနေ့တို့ဖြစ်ပါတယ်

ဒီလို ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ထားရတဲ့
နေ့ထူးနေ့မြတ်၊ ဝါဆိုလပြည့်နေ့မှစပြီး 7 ရက်
သားသမီးအားလုံး စိတ်အေးချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ တရားထူးတရားမြတ်များရရှိကြပြီး နိဗ္ဗာန်ချမ်းသာရောက်နိုင်ကြပါစေလို့ Super Cook မှ ဆုတောင်းဂါရဝ ပြုလိုက်ပါတယ် 🙇‍♂️🙇‍♂️🙇‍♂️


#ဝါဆိုလပြည့်နေ့

11/07/2024

တုန်ယမ်း ထမင်းကြော်လေး ကြော်စားမယ် ... 👌
Super Cook ရှိရင် လွယ်ကူပြီး စားလို့လဲ အဆင်ပြေတယ်လေ 😋


#ထမင်းကြော်

🌧️🫧မိုးအေးအေးနဲ့ အရမ်းလိုက်ဖက်တဲ့ မာလာမောက်ချိုက်ကို Super Cookက အနှစ်ထုပ်လေးတွေနဲ့ အိမ်မှာလွယ်လွယ်ကူကူလုပ်စားကြမယ်😋လုပ်...
09/07/2024

🌧️🫧မိုးအေးအေးနဲ့ အရမ်းလိုက်ဖက်တဲ့ မာလာမောက်ချိုက်ကို Super Cookက အနှစ်ထုပ်လေးတွေနဲ့ အိမ်မှာလွယ်လွယ်ကူကူလုပ်စားကြမယ်😋

လုပ်နည်းလေးက အရမ်းလွယ်ကူရိုးရှင်းလို့ လိုက်လုပ်စားလို့ရအောင် မင်မင်ကတင်ပေးလိုက်ပါတယ်ရှင့်🤍

မာလာမောက်ချိုက်လေး စပြီးချက်တော့မယ်ဆို မပါမဖြစ်လေးကတော့ Super Cook က
◾️မာလအရသာအနှစ်ထုပ်လေးနဲ့
◾️ဟော့ပေါ့အရသာအနှစ်ထုပ်လေးပါ

အနှစ်ထုပ်လေးတွေရှိပြီဆိုရင်တော့အရင်ဆုံး

၁။ နှစ်သက်ရာ အသား၊ အသားလုံး နှင့် အရွက်တို့ကို ပြင်ဆင်ထားပေးပါ။

၂။ Super Cook ကထုတ်တဲ့ မာလအနှစ်ထုပ်လေးနဲ့ ပေါ့ဟော့အနှစ်ထုပ်လေး၂ မျိုးကို ပေါင်းစပ်ပြီး ပြုလုပ်ရမှာဖြစ်လို့ ရေကို မာလာမောက်ချိုက်လေး ချက်မယ့်အိုးထဲမှာ ဆူအောင်တည်ထားပေးရပါမယ်။

၃။ တည်ထားတဲ့ရေနွေးလေးတွေ ဆူလာပြီဆိုရင်တော့ ပြင်ဆင်ထားတဲ့အသားနဲ့အရွက်ပမာဏကိုကြည့်ပြီး အနှစ်ထုပ်လေးတွေကိုအိုးထဲသို့ အချိုးကျဖောက်ထည့်ပေးပါ။
(ဒီအဆင့်မှာ အရည်နှင့် အသား၊အရွက်များပေါ် မူတည်ပြီး မိမိ နှစ်သက်သလောက် အထုပ်အရေအတွက်ကို ချိန်ဆထည့်နိုင်ပါတယ်)

၄။ တည်ထားတဲ့ဟင်းရည်လေးတွေ ပွက်လာပြီဆိုရင်တော့ ပြင်ဆင်ထားသော အသားနှင့် အသားလုံးများကိုထည့်ပါ။ အသားများ ကျက်သလောက်ဖြစ်ပြီဆိုရင် ဟင်းသီးဟင်းရွက်များကို ထည့်နိုင်ပါပြီ။

၅။ အသားနဲ့ ဟင်းရွက်တွေ ကျက်ပြီဆိုရင်တော့ ပန်းကန်လုံးထဲထည့်ပြီး အနံ့အရသာနဲ့ပြည့်စုံတဲ့ မာလာမောက်ချိုက်လေးကို အရသာရှိရှိစားသုံးနိုင်ပါပြီ😋

🤗လုပ်ရတဲ့အဆင့်နည်းပြီး လုပ်နည်းလေးကလဲအရမ်းကိုလွယ်ကူရိုးရှင်းလို့ မိသားစုတွေနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ဆုံတဲ့အခါမှာပဲဖြစ်ဖြစ် လိုက်လုပ်စားကြည့်နော်😋

#ဟင်းအနှစ်
#မာလာမောက်ချိုက်
#မာလအရသာ #ဟော့ပေါ့အရသာ

💙Super Cook ရဲ့ "မာလအရသာ" ဟင်းအနှစ်လေးရှိရင် အချိန်နေရာမရွေး စားချင်တာအလွယ်တကူလုပ်စားလို့ရပါပြီ🍲မာလာရှမ်းကောလုပ်စားမလား🥔...
25/06/2024

💙Super Cook ရဲ့ "မာလအရသာ" ဟင်းအနှစ်လေးရှိရင် အချိန်နေရာမရွေး စားချင်တာအလွယ်တကူလုပ်စားလို့ရပါပြီ

🍲မာလာရှမ်းကောလုပ်စားမလား
🥔အာလူးမာလာလုပ်စားမလား
🥣မာလာဟင်းစားမလား
ကြိုက်တာလုပ်စား Super Cook ရဲ့ "မာလအရသာ" ဟင်းအနှစ်ထုပ်လေးနဲ့ဆို လွယ်ကူပြီး အရသာရှိနေစေရမယ်နော်😋👨‍🍳


#မာလအရသာ #ဟင်းအနှစ်

💦မိုးအေးအေးနဲ့ အရသာရှိတဲ့ Budget Hotpot လေးစားကြမယ်♨️♨️😋🌧️🌧️မိုးကလဲအရမ်းရွာ ရာသီဥတုကလည်း ♨️ဟော့ပေါ့စားဖို့ဆွဲဆောင်နေတော့...
18/06/2024

💦မိုးအေးအေးနဲ့ အရသာရှိတဲ့ Budget Hotpot လေးစားကြမယ်♨️♨️😋

🌧️🌧️မိုးကလဲအရမ်းရွာ ရာသီဥတုကလည်း ♨️ဟော့ပေါ့စားဖို့ဆွဲဆောင်နေတော့…🤕

♨️ဟော့ပေါ့လည်းစားချင်တယ်
💸Budget လည်းချွေတာချင်တယ်ဆိုတဲ့သူတွေအတွက်🤫

🏃‍♀️‍➡️အပြင်မှာသွားစားရင်ပိုက်ဆံအများကြီးကုန်တဲ့ ဟော့ပေါ့ကို သူငယ်ချင်းတွေနဲ့လုပ်စားချင်ရင်ပဲဖြစ်ဖြစ်၊ မိသားစုတွေနဲ့လုပ်စားချင်ရင်ပဲဖြစ်ဖြစ် Budget နည်းနည်းနဲ့အိမ်မှာလုပ်စားနိုင်ဖို့ Super Cook က ♨️ဟော့ပေါ့အရသာထုပ်လေးရှိထားဖို့ပဲလိုပါတယ်📣😋

🤗Super Cook ကထုတ်ထားတဲ့♨️ဟော့ပေါ့အရသာအနှစ်ထုပ်လေးက ဈေးသက်သာပြီး ဟော့ပေါ့အရသာလည်းကွက်တိရတာမို့ Budget Hotpot ကိုအိမ်မှာလုပ်စားချင်တဲ့သူတွေအတွက် အသင့်တော်ဆုံးပဲနော်😋😋



#ဟော့ပေါ့အရသာ
#ဟင်းအနှစ်

🌱သဘာဝအဆိပ်အတောက်များ - အပင်များ🌱🥬အပင်များကို အခြေခံသော အဆိပ်အတောက် နမူနာ📌Cyanogenic glycosides✔️ပီလောပီနံ၊ မျှစ်စိမ်း၊ ပ...
13/06/2024

🌱သဘာဝအဆိပ်အတောက်များ - အပင်များ🌱

🥬အပင်များကို အခြေခံသော အဆိပ်အတောက် နမူနာ

📌Cyanogenic glycosides

✔️ပီလောပီနံ၊ မျှစ်စိမ်း၊ ပဲပုတ် တို့တွင် ရှိနိုင်သည်။

✔️ထိုအစားအစာများသည် အစာကြေဖျက်ချိန် တွင် ဆိုက်ရာနိုက် အဖြစ်သို့ ပြောင်းလဲသွား သည်။

✔️ဆိုက်ရာနိုက် အဆိပ်သင့်မှုသည် အာရုံကြော ဆိုင်ရာ ရောဂါများကို ဖြစ်စေနိုင်ပြီး အသက် သေဆုံးသည်အထိ ဖြစ်နိုင်သည်။

✔️ထိုအဆိပ်တို့ကို အစားအစာ ထုတ်လုပ်ခြင်း (ချက်ပြုတ်ခြင်း (သို့)အချဉ်ဖောက်ခြင်း) တို့ ဖြင့် ဖယ်ရှားနိုင်သည်။

📌အပင်များမှ ထွက်သော အဆိပ်အနေဖြင့် မတူညီသော အမျိုးအစားပေါင်း အနည်းဆုံး (၂၇၀) ရှိသည်။

Super Cook ရဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်ရာမှာလဲ နိုင်ငံတကာစံနှုန်း ISO 22000:2018 စံနှုန်းများဖြင့် သဘာဝ အဆိပ်အတောက်များ မဖြစ်ရအောင် စီမံထုတ်လုပ်ပေးလျက် ရှိပါတယ်။



⚠️ဓာတုဆိုင်ရာ ဘေးအန္တရာယ် - အစားအစာတွင် မရည်ရွယ်ပဲ ပါဝင်နိုင်သည့် ဓာတုအဆိပ်များ⚠️☠️ပိုးသတ်ဆေး အကြွင်းအကျန်များ📌ဟင်းသီးဟင...
28/05/2024

⚠️ဓာတုဆိုင်ရာ ဘေးအန္တရာယ် - အစားအစာတွင် မရည်ရွယ်ပဲ ပါဝင်နိုင်သည့် ဓာတုအဆိပ်များ⚠️

☠️ပိုးသတ်ဆေး အကြွင်းအကျန်များ

📌ဟင်းသီးဟင်းရွက်များ နှင့် သစ်သီးများတွင် ပိုးသတ်ဆေး အကြွင်းအကျန်များ တင်ကျန်ရစ်နိုင်သည်။

📌ထိုအသီးအရွက်များကို အချိန်ကြာမြင့်စွာ နှင့် အကြိမ်ရေများများ စားသုံးမိပါက ပြင်းထန်သော နာမကျန်းဖြစ်ခြင်းများ ဖြစ်စေနိုင်သည်။ (ဥပမာ ကင်ဆာ ရောဂါအမျိုးမျိုး)

✔️ပိုးသတ်ဆေးအကြွင်းအကျန်များ အန္တရာယ်ကို လျှော့ချနိုင်ရန်

💧ဟင်းသီးဟင်းရွက် နှင့် သစ်သီးများကို ဆေးကြောခြင်း - ပိုးသတ်ဆေး အကြွင်းအကျန်များကို ဖယ်ရှားပါ

🍌အချို့ သော ဟင်းသီး ဟင်းရွက် နှင့် သစ်သီးများအတွက် ပြင်ပအခွံကို ဖယ်ပစ်ခြင်းဖြင့်လည်း လုပ်ဆောင်နိုင်သည်။

🧺ဓါတုလွတ်သစ်သီးနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများမှ ဝယ်ယူစားသုံးခြင်းကိုလည်း ထည့်သွင်းစဉ်းစားနိုင်သည်။

Super Cook ရဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်ရာမှာလဲ နိုင်ငံတကာ စံနှုန်းများဖြင့် ဓာတုဆိုင်ရာ ဘေးအန္တရာယ် တားဆီးသည့် နည်းလမ်းများနှင့်အညီ စီမံထုတ်လုပ်ပေးလျက် ရှိပါတယ်။
😍💖🥰

ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ထားရာ နေ့ထူးနေ့မြတ်များထဲက တစ်ခုဖြစ်တဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့မှစပြီး ဗုဒ္ဓဘာသာဝင်များအားလုံး မြ...
22/05/2024

ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ထားရာ နေ့ထူးနေ့မြတ်များထဲက တစ်ခုဖြစ်တဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့မှစပြီး ဗုဒ္ဓဘာသာဝင်များအားလုံး မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ တရားတော်နဲ့အညီ နေထိုင် ကျင့်ကြံ အားထုတ်ကြပြီး သံသရာဝဋ်ဆင်းရဲမှ အမြန်ဆုံးလွတ်မြောက်ပါစေလို့ Super Cook မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်🙏🙏🙏


Super Cook နဲ့ဆို အားလုံး အိုကေတယ်👌ဟင်းပွဲတစ်ပွဲကို အရသာရှိရှိနဲ့စားဖို့ ဟင်းအနှစ်တွေသီးသန့်ချက်နေစရာမလိုတော့ဘူးနော် 💯Su...
21/05/2024

Super Cook နဲ့ဆို အားလုံး အိုကေတယ်👌

ဟင်းပွဲတစ်ပွဲကို အရသာရှိရှိနဲ့စားဖို့ ဟင်းအနှစ်တွေသီးသန့်ချက်နေစရာမလိုတော့ဘူးနော် 💯

Super Cook ဟင်းအနှစ်နဲ့ဆို လွယ်ကူမြန်ဆန် အရသာရှိတဲ့ဟင်းပွဲတွေ တစ်ပွဲပြီးတစ်ပွဲ ဖန်တီးလို့ရပါပြီ 🥘

ကဲ ဒါဆိုရင်တော့ အရသာရှိတဲ့ ဟင်းပွဲတွေဖြစ်လာစေဖို့ Super Cook ကို သုံးကြစို့ 😍🥰


#ဟင်းအနှစ်
#မာလအရသာ
#ဟော့ပေါ့အရသာ
#ပုစွန်ချဥ်စပ်အရသာ

Address


Alerts

Be the first to know and let us send you an email when Super Cook posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Super Cook:

Shortcuts

  • Want your business to be the top-listed home improvement business?

Share