24/09/2021
WPK Concrete Products
(Additive ခေါ် Admixture များ အကြောင်း )
Admixture
Admixture သည် Additive ဆိုသည့် စကားလုံးမှ ဆင်းသက်လာပြီး ထပ်မံထည့်ပေါင်းသည့် ပစ္စည်း ဖြစ်သောကြောင့် ဖြစ်သည်။ Concrete ဆိုသည့် ဝေါဟာရ စကားလုံး တခုဖြစ်ဖို့အတွက် Admixture မပါလည်း ဖြစ်သောကြောင့်ဟု သတ်မှတ်နိုင်သည်။ Admixture တွင် Chemical Admixture နှင့် Mineral Admixture ဟူ၍ နှစ်မျိုးရှိသည်။ Chemical Admixture သည် မိမိတို့ ပုံမှန်အသုံးပြုနေသော Chemical ဖွဲ့စည်း တည်ဆောက်မှု့ဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး Mineral Admixture ဆိုသည်မှာ သဘာ၀တွင်းထွက်များနှင့် စွန့်ပစ်ပစ္စည်းများအားလုံး Recycle ပြုလုပ်ခြင်းဖြင့် သဘာ၀တရားကို ကာကွယ်ပြီး ဖြစ်သလို ကွန်ကရိ ၏ အရည်အသွေးကိုလည်း တိုးတက်စေသဖြင့် နောက်ပိုင်းတွင် Mineral Admixture များ ပိုမိုအသုံးပြုရန်ရည်ညွှန်းလာကြပါသည်။ Mineral Admixture ကို ဥပမာ အားဖြင့် ပြောရမည်ဆိုလျှင် ကျနော်တို့ အသုံးပြုနေသည့် မြေကြီးဖြင့် ပြုလုပ်ထားသော ပန်းအိုးမြေအိုး အစရှိသည်များကွဲအက်သွားပါက စွန့်ပစ်ကြသည်။ ထိုသို့ စွန့်ပစ်ထားသော ပစ္စည်းများကို ပြန်လည် အမှုန့်ကြိတ်ပြီး ကွန်ကရိ အတွင်းသို့ ထည့်သွင်း အသုံးပြုခြင်း ဖြစ်သည်။
Mineral Admixture
၁.Natural Pozzolan (သဘာ၀အတိုင်းရရှိသော မီးတောင်ချော်ရည်များမှ ခဲသွားသော ကျောက်တုံးများအား ပြန်လည် အမှုန့်ကြိတ် ထားခြင်းဖြင့်ရရှိသည်။ ကျနော်တို့နိုင်ငံတွင် ပုပ္ပားတောင် အနီးတဝုိက် ချော်ခဲများမှ ရရှိသည်။)
၂. Fly Ash (ကျောက်မီးသွေးပြာများသည် ကျောက်မီးသွေး အသုံးပြုသော လျှပ်စစ်ဓါတ်အားပေးစက်ရုံများမှ ထွက်ရှိလာသော ပြာများမှ ရရှိသည်။ ကျနော်တို့နိုင်ငံတွင် ရှမ်းပြည်နယ် ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံများမှ အဓိက ရရှိသည်။)
၃. Ground Black Furnace Slag (သံရည်ကျိုစက်ရုံများမှ သံရည်ကျိုပြီး ကြာလာသောအခါ အပေါ်တွင် ကပ်နေသော ချေးများအား ပြန်လည် အမှုန့်ကြိတ်ပြီး သုံးနိုင်သည့် Recycle အမျိုးအစားပင်ဖြစ်သည်။
၄. Calcined Clay (အထက်တွင် ပြောခဲ့သည့်အတိုင်း ရွှံ့များအား မီးဖုတ် အသုံးပြုပြီး ပြုလုပ်ထားသည့် အုတ်ခဲ ရေအိုး ပန်းအိုး အစ ရှိသည့် ပျက်စီးသွားသော အရာများအား ပြန်လည် ထုထောင်း အမှုန့်ကြိတ်ထားပြီး ကွန်ကရိအတွင်း ထည့်သွင်း အသုံးပြုထားခြင်း ဖြစ်သည်။)
၅. Silica Fume ( Computer ဖုန်း အစရှိသည့် ထုတ်လုပ်သည့် စက်ရုံများတွင် ရရှိနိုင်သည်။ ကွန်ပြူတာတွင် Chip ဟုခေါ်သည့် အရာများ ထုတ်လုပ်ရာတွင် ထွက်လာသော အမှုန်အားမှ ရရှိသောကြောင့် စျေးကြီးသော mineral admixture တမျိုးဖြစ်သည်။ စျေးကြီးသော်လည်း ထိုအထဲတွင် စီလီကာဓါတ်အပြည့်အ၀ ပါသဖြင့် High Strength Concrete များဖျော်စပ်ရာတွင် အသုံးပြုကို ပြုရသည်။
၆. Agricultural Waste ( ဆိုသည်မှာ စိုက်ပျိုးရေးမှ ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများအား မီးရှို့ ပြာချပြီး ပြန်လည် အသုံးချခြင်းဖြစ်သည်။ ဥပမာ အားဖြင့် ကျနော်တို့သည် စပါးတွင် ဆန်ကိုသာ စားသုံးပြီး စပါးခွံကို မစားသုံးကြပါ။ ထိုစပါးခွံအား မီးရှို့ပြီး အရင်က အိုးတိုက်ဖွဲပြာ အနေဖြင့် အသုံးပြုသော ထိုအိုးတိုက်ဖွဲပြာအား အမှုန့်ကြိတ်ပြီး အသုံးပြုနိုင်သည်။ နောက်တမျိုးအနေဖြင့် ကျနော်တို့သည် ကြံအား ကြံမှ ထွက်ရှိသော အရည်ကိုသာ အသုံးပြု သို့မဟုတ် သောက်သုံးသောကြောင့် ထိုကြံဖတ်အားလည်း မီးရှို့ပြာချ အမှုန့်ကြိတ်ပြီး ကွန်ကရိအတွင်း ထည့်သွင်း အသုံးချနိုင်သည်။ )
၇. Pulverized fuel ash (၄င်းသည်လည်း ကျောက်မီးသွေးအား မီးရှို့ ပြာဖြစ်သွားသော အမှုန့်ဖြစ်သည်။ ၄င်းသည် လျှပ်စစ်ဓါတ်အားပေးစက်ရုံမှ ထွက်ရှိသော ကျောက်မီးသွေး ပြာများ မပါ၀င်ပါ။ ဥပမာ ကျောက်မီးသွေး သုံး ရထားများ
Chemical Admixture
Chemical Admixture သည် Mineral Admixture များသို့ မဟုတ်ဘဲ လူတို့ တီထွင် ဖန်တီးထားသော အရာများဖြစ်သည်။Chemical Admixture သည် ကွန်ကရိ ၏ ဂုဏ်သတ္တိများကို မိမိတို့ အလိုရှိသလို ထ်ိန်းချုပ်နိုင်ရန် အသုံးပြုသည်။ ဥပမာ ကွန်ကရိ ၏ Setting Time သည် ပုံမှန် ၂ နာရီလောက်သာ ရှိသောကြောင့် ကွန်ကရိ Setting Time ကို မြန်စေရန်လည်း သုံးနိုင်သလို နှေးစေရန်လည်း အသုံးပြုကြသည်။
အသုံးများကြသည့် Admixture များမှာ
1. Retarder Admixture
2. High Range Water Reduce Admixture
3. Water Proofing Admixture
4. Slump Retention Admixture (ယခုနောက်ပိုင်း Bored Pile များတွင် အသုံးများလာသလို အခြား ကြာသည့် အခြေအနေများတွင်လည်း အသုံးပြုလာကြသည်။)
Chemical Admixture များအား ASTM C 494 တွင် ဖေါ်ပြထားပြီး Type အနေဖြင့် ၇ မျိုးရှိသည်။
Type A—Water-reducing admixtures,
Type B—Retarding admixtures,
Type C—Accelerating admixtures,
Type D—Water-reducing and retarding admixtures,
Type E—Water-reducing and accelerating admixtures,
Type F—Water-reducing, high range admixtures, and
Type G—Water-reducing, high range, and retarding admixtures.
တို့ ဖြစ်ကြသည်။ ထိုအထဲတွင် သတိပြုစရာ အချက်များ ဖေါ်ပြရမည်မှာ Retarder Admixture နှင့် Slump Retention Admixture များအား Slab ဘဲ ပြောပြော Floor ဘဲ ပြောပြော သွန်းလောင်းရာ နွေရာသီတွင် သတိပြု သုံးစွဲအပ်ပါသည်။
Crd