APin-အပင်

APin-အပင် Indoor plant နှင့် လက်မှုမြေအိုးများ ကိုဈေး?

🌱🌱အပင်ပြန်လာပါပြီနော် 🌱စိမ်းစို နေတဲ့ အခန်းထောင့် စားပွဲထောင့်ဟာ စိတ်ကြည်လင်မှုကိုပေးနိုင်ပါတယ်။ ဒါ့ကြောင့် အရမ်း ဂရုစို...
08/09/2023

🌱🌱အပင်ပြန်လာပါပြီနော် 🌱
စိမ်းစို နေတဲ့ အခန်းထောင့် စားပွဲထောင့်ဟာ စိတ်ကြည်လင်မှုကိုပေးနိုင်ပါတယ်။
ဒါ့ကြောင့် အရမ်း ဂရုစိုက်စရာမလိုတဲ့ ရေစိမ်အပင်လေးတွေကို ဈေးသက်သက်သာသာနဲ့ရောင်းချပေးချင်ပါတယ်။ ❤️

ဘာယူယူ ၂၀၀၀ နဲ့ယူပါနော် 🤩

၁ပတ်အတွင်းအပင်သေသွားရင် အစားထိုးပြန်ပေးပေးပါမယ်။
ဖန်ပုလင်းလေးတော့ ပြန်လဲပေးရပါမယ်နော်
delivery ခ တော့ ဝယ်သူဖက် ကပေးပေးပါနော်

အခန်းထဲ က စားပွဲလေး လှပစိမ်းစို ရန်အရေး APin-အပင် ကိုအားပေး 👏 😉

အိမ်တွင်းထဲက အကြည်ဓာတ်🌿လူအများစုဘယ်လောက်ပဲ အပြင်မှာပျော်ပျော် လှုပ်ရှားမှုတွေလုပ်လုပ် နောက်ဆုံးအမြဲသတိရကြတာကတော့ အိမ်ဆို...
23/08/2022

အိမ်တွင်းထဲက အကြည်ဓာတ်🌿

လူအများစုဘယ်လောက်ပဲ အပြင်မှာပျော်ပျော် လှုပ်ရှားမှုတွေလုပ်လုပ် နောက်ဆုံးအမြဲသတိရကြတာကတော့ အိမ်ဆိုတဲ့နေရာလေးပါပဲ။🏡

အိမ်နဲ့ ဝေးရာအရပ်ရောက်တိုင်း ဘယ်လောက်ပဲ အလုပ်တွေများနေပါ‌စေ ပျော်ရွှင်မှုတွေနဲ့ တွေ့ကြုံနေပါ‌စေ လူတိုင်းရဲ့နှလုံးသားထဲမှာ တစ်နည်းမဟုတ်တစ်နည်းနဲ့ နွေးထွေးမှုတွေအမြဲပေးတတ်တဲ့ ဒီအိမ်လေးကို အမြဲသတိရကြလေ့ရှိပါတယ်။💚

အိမ်မှာပဲနေပြီး အိမ်ချစ်တတ်တဲ့သူတွေဆိုရင် မိမိလှရင်လှသလို မိမိကိုယ်ကိုဂရုစိုက်ရင် ဂရုစိုက်သလို ‌အိမ်လေးကိုလည်း အလှဆင်ပေး ဂရုစိုက်ပေးတတ်ကြရင်း နေထိုင်ရာဒီအိမ်လေးကို ပိုပိုပြီးတော့ကိုချစ်လာပါတော့တယ်။ 🌸

သင်ကိုယ်တိုင်ရော အဲ့လိုမစတင်ချင်ဘူးလား? 🦜

သင်ကိုယ်တိုင်ရော သင့်ရဲ့အိမ်လေးကို သာယာလှပ နေချင်စဖွယ်ချစ်စရာကောင်းမှုတွေနဲ့ မပြည့်နှက်စေချင်ဘူးလား? 🍀

သင်ကိုယ်တိုင် သင့်ကိုလုံခြုံနွေးထွေးမှုတွေ‌ပေးစွမ်းနိုင်တဲ့ သင့်ရဲ့အိမ်ကလေးကို လှပစိမ်းစိုစေချင်တယ်ဆိုရင်တော့ A Pin-အပင် ကနေပြီး တစ်ဖက်တစ်လမ်းကနေ ကူညီနိုင်မှာ အသေအချာပါပဲ။🤗

ဘယ်အချိန်မဆို သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းပြီး မိမိရဲ့ အိမ်တွင်းကိုပါ လှပစေနိုင်တဲ့အပြင် မိမိကိုယ်လည်း စိတ်အေးချမ်းမှုကို ပေးစွမ်းနိုင်မယ့်အထဲမှာ အိမ်တွင်း အပင်စိုက်ပျိုးမှလည်းပါဝင်ပါတယ်။ 🌱

အဲ့တာကြောင့် အိမ်တွင်းမှာ စိုက်ပျိုးလို့ရမယ့် အပင်လေးတွေကို လိုအပ်နေပြီဆိုရင်တော့ A Pin-အပင်ကို ဆက်သွယ်ဖို့ လုံးဝမမေ့နဲ့နော်။🌼

02/05/2022

မိုက်ခရိုပလတ်စတစ်ဆိုတာ⁉️

သင့်ရဲ့နေ့စဉ်ဘဝမှာ အမြဲပါဝင်နေတတ်တဲ့ ပလတ်စတစ်တွေဟာ မိမိတို့ရဲ့ ပတ်ဝန်းကျင်၊ အမှိုက်ပုံနဲ့ ပင်လယ်သမုဒ္ဒရာတွေမှာပဲ လမ်းဆုံးတယ်လို့သင်ထင်နေပါသလား? 🤔

အမှန်တကယ်တော့ ဒီပလတ်စတစ်တွေဟာ သူတို့ကို မဆင်မခြင်သုံးစွဲနေကြတဲ့ လူသားတို့ရဲ့ ခန္ဓာကိုယ်ထဲကိုလည်း ဒုက္ခမျိုးစုံပေးဖို့ နေ့စဉ်ဝင်ရောက်နေကြပါတယ်။ ❗️

💢မိုက်ခရိုပလတ်စတစ်လို့ခေါ်တဲ့ ပလတ်စတစ်အမှုန်လေးတွေဟာ အရွယ်အစားအားဖြင့်ဆိုရင်တော့ 5mm အောက် သေးငယ်ပြီး တစ်ခါတစ်ရံမှာ မျက်စိနဲ့မမြင်နိုင်ရလောက်အောင် သေးငယ်လွန်းတဲ့ ပလတ်စတစ်အမှုန်လေးတွေ ဖြစ်ပါတယ်။ တစ်ခါသုံးပလတ်စတစ်တွေ၊ နာနိုပလတ်စတစ် (nano-plastics) ပါဝင်တဲ့ အလှပြင်ပစ္စည်းတွေ၊ ပလတ်စတစ်သောက်ရေဗူးတွေကို အသုံးပြုခြင်းတို့ကြောင့် မိုက်ခရိုပလတ်စတစ်တွေဟာ မိမိတို့ရဲ့ ခန္ဓာကိုယ်ထဲကို နေ့စဉ်နဲ့အမျှဝင်ရောက်နေပါတော့တယ်။

၂၀၁၉ ခုနှစ်က WWF ရဲ့ လေ့လာတွေ့ရှိချက်အရ လူပုဂ္ဂိုလ် တစ်ဦးချင်းစီတိုင်း တစ်ပတ်မှာ မိုက်ခရိုပလတ်စတစ် ၅ ဂရမ်ဝန်းကျင်နဲ့ တစ်နှစ်မှာ ၂၅၀ ဂရမ်ဝန်းကျင် စားသုံးမိနေကြပါပြီ။

အခုဆိုရင် လူ့အဆုတ်နဲ့ သွေးထဲမှာ မိုက်ခရိုပလတ်စတစ်တွေကိုပါ တွေ့ရှိနေရပြီး ပိုပြီးဆိုးရွားတဲ့ အချက်ကတော့ ကိုယ်ဝန်ဆောင်မိခင်တို့ရဲ့ အချင်းထဲမှာပါ မိုက်ခရိုပလတ်စတစ်တွေကို တွေ့ရှိနေရတာပဲဖြစ်ပါတယ်။ ဒီအချက်က ‘နောက်မွေးဖွားလာမယ့် လူသားမျိုးဆက်အတွက် သတိပေးချက်တစ်ခုလိုပါပဲ။ ❗️

♻️သဘာဝပတ်ဝန်းကျင်ရဲ့ သာယာလှပမှုနဲ့ ရေရှည်တည်တံ့ရေးတို့အတွက်သာမက သက်ရှိသတ္တဝါတို့ရဲ့ ကျန်းမာရေးကိုပါ ဆိုးရွားစွာထိခိုက်စေနိုင်တဲ့ ဒီလိုပလတ်စတစ်မဆင်မခြင် အသုံးပြုမှုတွေကို မလျှော့ချနိုင်ဘူးဆိုရင်တော့ မိမိတို့ရဲ့ ခန္ဓာကိုယ်အတွင်း မိုက်ခရိုပလတ်စတစ်တွေ ဝင်ရောက်မှုကိုပါ တားဆီးနိုင်မှာမဟုတ်တဲ့ အခြေအနေတစ်ခုကို ရောက်ရှိလာနိုင်မှာပါ။ အဲ့လိုအခြေအနေမျိုးကို ကြိုတင်ကာကွယ်တားဆီးနိုင်ဖို့အတွက် မိမိကစပြီး ပလတ်စတစ်အသုံးပြုမှုကို အတတ်နိုင်ဆုံးလျှော့ချဖို့ အင်မတန်လိုအပ်ပါတယ်။ ❗️

♻️ဆက်လက်ပြီး မိုက်ခရိုပလတ်စတစ်အကြောင်းကို ယခုလတစ်လလုံး ဗဟုသုတတွေ အနေနဲ့မျှဝေပေးသွားမှာဖြစ်တဲ့အပြင် Prevent Plastics ရဲ့အရမ်းရေပန်းစားနေတဲ့ Tote Bag လေးတွေကိုလည်းရယူနိုင်မယ့် campaign လေးရှိသေးတဲ့အတွက် စောင့်မျှော်ပေးကြပါဉီးနော်။ 😉

Microplastics are tiny pieces of plastics that are smaller than 5 mm in size that enter the marine and land environments due to plastic pollution. Some of these microplastics are tiny enough not to be visible by humans’ normal eyesight. ❗️ Usually, microplastics can enter human bodies when using nano-plastic containing products such as cosmetics. People can also get microplastics in their bodies by consuming certain types of food & beverages like seafood, honey, beer, bottled water, fruits, and vegetables. We eat, drink, and breathe microplastics every day.

‼️According to a study conducted by WWF, people consume roughly around 5 grams of microplastics every week and 250 grams each year. A more alarming finding is that microplastics can even be found in the placenta meaning that babies can be born with pre-birth contact with microplastics which can have concerning effects on their development in their later life🫄

♻️For this whole month of May, Prevent Plastics Myanmar is focusing on Microplastics Campaign, sharing knowledge about the consequences of using plastics and the effect of microplastics on humans and our environment. Besides, we are planning for Microplastics Event at which the impact of plastic usage will be clearly shown through paintings, photos, storytelling and others. At this Microplastics Event, Tote bags by Prevent Plastics Myanmar will also be given away to reduce plastics.♻️

Apin-အပင် တို့ ရောင်းတဲ့ မုန့်ဟင်းခါး ပါနော် အားပေးပါနော်။ 3 portions Homemade mohinga for 6500 MMK only. Order now caus...
04/02/2022

Apin-အပင် တို့ ရောင်းတဲ့ မုန့်ဟင်းခါး ပါနော်
အားပေးပါနော်။

3 portions Homemade mohinga for 6500 MMK only. Order now cause it is plastic and MSG-free...

ငါးခူမုန့်ဟင်းခါး 🎣🥳
ပဲဘူးငါးဖယ်ဘဲဥ ပါအပြီး ကို ၃ ပွဲ ကို ၆၅၀၀ မှ စတင်ပီး မှာယူနိုင်ပါပီ။
လာမယ့် Sunday အတွက် အခုပဲ မှာလိုက်ပါနော်။
ပလတ်စတစ် မပါတဲ့ ထုတ်ပိုးမှုနဲ့ အချိုမုန့် လုံးဝမပါတဲ့အိမ်ချက်လက်ရာစစ်စစ် ငါးခူမုန့်ဟင်းခါး။

အုန်းနို့ခေါက်ဆွဲ
🥥အုန်းနို့အစစ်ကို အသုံးပြုထားတာကြောင့် အရသာက ပျစ်နှစ်ပြီး တကယ့်ကို စားကောင်းစေမှာပါနော်
ပုဇွန်အနံ့လေးရယ် ခေါက်ဆွဲရဲ့ အရသာတွေရှိမှုတွေအပြင် အသည်း ကြက်သား ပဲသွေးတို့ကိုပါ မြှိန်ယှက် စွာ စားသုံး နိုင်မှာဖြစ်ပါတယ်
တစ်ပွဲမှာပါဝင်မှာကတော့ - ခေါက်ဆွဲ အလုံး၊ ဘဲဥ ၁ချမ်း၊ ပဲကြော်၊ငါးဖယ်၊ ကြက်အသဲ၊ ပုဇွန်ထုပ်၊ ပဲသွေး၊ အကြွပ်ကြော်၊ ကြက်ခြေထောက်(upon request)၊ အရသာပြည့်ဟင်းရည်တို့ဖြစ်ပါတယ်။
၁ပွဲ ဈေးနှုန်းကတော့ - ၆၅၀၀ ဖြစ်ပြီး ထုပ်ပိုးမှုမှာပါတဲ့ နှီးတောင်းနဲ့ဖန်ပုလင်း လေးတွေ ပြန်ပေးရင် ၂၀၀၀ ပြန်အမ်းပေးမှာပါ

delivery only🚚

Its been a while.အပင်လေးတွေ ကြိုက်တာယူ ၃၀၀၀ ပါရှင်။ ပျောက်နေ တာကြာသွားလို့ promotion ပေးတာပါ။အရင်ကလို delivery ကတော့ မသက...
03/01/2022

Its been a while.
အပင်လေးတွေ ကြိုက်တာယူ ၃၀၀၀ ပါရှင်။
ပျောက်နေ တာကြာသွားလို့ promotion ပေးတာပါ။
အရင်ကလို delivery ကတော့ မသက်သာနိုင်တော့ပါဘူး။ ဆီဈေး တွေ တက်လို့ ကား ဆရာက မကိုက်လို့ပါတဲ့ နော်။
အို သီးသန့် ဆို ၂၀၀၀ ပါ promotion ဈေးပါနော်။
အခုပဲ order တင်လိုက်တော့နော်

ရှင်သန် ချင်တဲ့ အပင်လေးတွေကတော့ မြေ မှာကော ရေမှာပါ ရှင်သန်အောင် ကြိုးပမ်း ကြပါတယ် ရေစိမ်အပင်လေး တွေက စဉ်ပေါ် မှာ ပစ်ထားတ...
18/10/2021

ရှင်သန် ချင်တဲ့ အပင်လေးတွေကတော့ မြေ မှာကော ရေမှာပါ ရှင်သန်အောင် ကြိုးပမ်း ကြပါတယ်
ရေစိမ်အပင်လေး တွေက စဉ်ပေါ် မှာ ပစ်ထားတာ တောင် အမြစ်တွေဝေစာနေကျပါတယ်
အပင်-Apin တို့ page က အမြစ်မထွက်သေးတဲ့အပင်လေးတွေ ရောင်းပေးရတာ ပိုနှစ်သက်ပါတယ်
အပင်ချစ်သူတွေ အမြစ်လေးတွေ ထွက်လာတာ ကိုကြည့်ရင်းကြည်နူးစေချင်လို့ပါ။
အမြစ်ထွက်ပြှးသားမှ ယူချင်လဲ ရောင်းပေးပါတယ်နော်။ အချိန်နဲ့နေရာယူတဲ့ တန်ဖိုးလေးတော့ ပေါင်းတောင်းပါရစေ 🙏
ပုံလေးတွေကြည့်ပြီး အမြစ်တွေနဲ့ အတူ ယုံကြည်မှုအတွက်ရှင်သန်ကြမယ်
reduce၊ reuse၊ recycle များများလုပ်မယ်
ပလတ်စတစ်ကိုလျှော့ချကြရအောင်နော်

🪴 Apin-အပင် တို့ page က ပလတ်စတစ် ဆန့်ကျင်သူ (တနည်းအားဖြင့် ဂုဏ်ယူ ပြီးပြောရရင်) သဘာဝပါတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတွေပေါ...
16/10/2021

🪴 Apin-အပင် တို့ page က
ပလတ်စတစ် ဆန့်ကျင်သူ
(တနည်းအားဖြင့် ဂုဏ်ယူ ပြီးပြောရရင်)
သဘာဝပါတ်ဝန်းကျင်ကို
ချစ်မြတ်နိုးသူတွေပေါ့။
♻️ Recycle Jar လေးတွေ ထဲ
အပင်ထည့်ပီးရောင်းရခြင်းကတော့
အိမ်မှာရှိနေ တဲ့ အသုံးပြုပီးသား
ဖန်ပုလင်းလေးများကို ပြန်လည်ပြီး
ပုံပြောင်း အသုံးပြုလို့ရတယ်ဆိုတာကို
မျက်မြင် ပြချင်တာကြောင့်ရယ်
ဈေးသက်သာ စွာ အပင်လေး
ပိုင်ဆိုင် နိုင်ပါတယ် ဆိုတာ
သတိပြုမိစေချင်တာပါ။
🌱 အားလုံးလဲ ပလတ်စတစ်လျှော့ ချရင်း အပင်လေးတွေ နဲ့ စိတ်အပန်းဖြေ ကြပါနော် ။

အပင်-Apin တို့ ရဲ့ မုန့်ဟင်းခါး pageပါ အားပေးလို့ ရပါတယ် ဗိုက်ဆာမှ မှာပါနော် ပလတ်စတစ် မသုံး တဲ့ ထုပ်ပိုးမှုလေးနဲ့ပါ နော်
02/10/2021

အပင်-Apin တို့ ရဲ့ မုန့်ဟင်းခါး pageပါ
အားပေးလို့ ရပါတယ်
ဗိုက်ဆာမှ မှာပါနော်
ပလတ်စတစ် မသုံး တဲ့ ထုပ်ပိုးမှုလေးနဲ့ပါ နော်

🪴မြေအိုးလေးတွေဟာ အပင်လေးတွေ ရှင်သန်ဖို့အတွက် ကောင်းမွန်တဲ့ အအေးဓာတ်ကိုပေးပါတယ် မြေအိုးနဲ့အပင် စိုက်ခြင်းက local product ...
26/09/2021

🪴မြေအိုးလေးတွေဟာ အပင်လေးတွေ ရှင်သန်ဖို့အတွက် ကောင်းမွန်တဲ့ အအေးဓာတ်ကိုပေးပါတယ်
မြေအိုးနဲ့အပင် စိုက်ခြင်းက local product လေးတွေကို အားပေး ပံ့ပိုးရာ လည်း ရောက် အပင်တွေ လဲ ကောင်မွန်စွာရှင်သန်နိုင်စေပါတယ်

Apin-အပင် တို့ က ရှားပါတဲ့ အပင်လေးတွေ ထက် အလေ့ကျပေါက်ပီး မျက်စိပဿဒ ဖြစ်စေတဲ့ အပင်လေးတွေကို ပိုပီး စိုက်ဖြစ်ပါတယ်
ဂရုစိုက်ပြုစုရလွယ်သလို လူတိုင်းလည် စိုက်ပျိုးနိုင်အောင်ပါ

အပင်ကြောင်းနဲ့ဈေးကိုတော့ ပုံတစ်ခုစီမှာဖော်ပြထားပါတယ်
ဖတ်ကြည့်ပေးနော်
Delivery ကိုဈေးသက်သာအောင် option လေးတွေရှိပါတယ်
စုပေါင်းပို့ - ၁၀၀၀ (ရန်ကင်း၊ဗဟန်း၊မရမ်းကုန်း၊သင်္ကန်းကျွန်း၊တောင်ဥက္ကလာ)
အခြား - ၂၅၀၀

အပင် တစ်ပင်ကို ၃၀၀၀ ဝန်းကျင်ဆိုပင်မဲ့ ငွေ ပိုမှ အားပေးပါ ပိုက်ဆံ စုထားပါ လို အပ်သူကိုဝေမျှပါနော် အပင်လေးတွေကို မိမိရဲ့ ဧ...
23/09/2021

အပင် တစ်ပင်ကို ၃၀၀၀ ဝန်းကျင်ဆိုပင်မဲ့ ငွေ ပိုမှ အားပေးပါ
ပိုက်ဆံ စုထားပါ လို အပ်သူကိုဝေမျှပါနော်

အပင်လေးတွေကို မိမိရဲ့ ဧည့်ခန်း အိမ်ခန်း ထမင်းစားပွဲ TV စင် ရေချိုးခန်း တို့မှာ စိုက်ပျိုးထားခြင်းက စိတ်ကြည်နူးမှုကို ပေးစွမ်းနိုင်ပါတယ်
အပင်လေးတွေ ကို ပြည်တွင်း မှာ ပြုလုပ်တဲ့ မြေအိုးလေး နဲ့ စိုက်ပျိုးထားပါတယ်
Apin-အပင် တို့ကတော့ လူတိုင်း အိမ်မှာ 🪴အပင်ရှိစေချင်တယ်
🌱အပင်လေးတွေကို ဈေးသက်သက်သာသာ 🛻delivery ဈေးလဲမများအောင်ရောင်းချပေးနေပါတယ်နော်။

🪴အပင်ကြောင်းနဲ့ဈေးကိုတော့ ပုံတစ်ခုစီမှာဖော်ပြထားပါတယ်။
ဖတ်ကြည့်ပေးနော်။

စုပေါင်းပို့ - ၁၀၀၀ (ရန်ကင်း၊ဗဟန်း၊မရမ်းကုန်း၊သင်္ကန်းကျွန်း၊တောင်ဥက္ကလာ)
အခြား - ၂၅၀၀

အားလုံးလဲ ပလတ်စတစ်လျှော့ ချရင်း ♻️အပင်လေးတွေ နဲ့ စိတ်အပန်းဖြေ ကြပါနော်
ပိုက်ဆံ အပို နည်းနေရင် အပင် လေးတွေမဝယ်ပါနဲ့အုံးနော်
ရှိတဲ့အပင်လေးတွေကိုပြုစုပါ🙏

ဆိုင်ပေါ်၊ အိုးလေးတွေထဲ၊ social media ပေါ် မရောက်ခင်အထိတော့ အပင်လေး🌱အများစု က အလေ့ကျပေါက် ကြတယ် ကြမ်းတမ်းစွာရှင်သန်ကြရတယ...
21/09/2021

ဆိုင်ပေါ်၊ အိုးလေးတွေထဲ၊ social media ပေါ် မရောက်ခင်အထိတော့ အပင်လေး🌱အများစု က အလေ့ကျပေါက် ကြတယ်
ကြမ်းတမ်းစွာရှင်သန်ကြရတယ်
လှပ စွာပြင်ဆင်ပီး ရောင်းသူ ထံမှ အပင်ချစ်သူတွေစီ ရောက်တော့ အပင်လေးတွေဟာ ပိုလို့တောင်နူးညံ့ လာကြပါတယ်
ပြုစုယုယ သူပေါ်မှု တည်ကာ ကောင်းမွန် တစ်လှည့် နွဲ့ဆိုး တစ်လှည့် ရှင်သန် ကျပါတယ်
လူတိုင်းကို အပင်စိုင်စေချင်တယ်
Apin-အပင် တို့ကတော့ လူတိုင်း အိမ်မှာ 🪴အပင်ရှိစေချင်တယ်
အပင်လေးတွေကို ဈေးသက်သက်သာသာ delivery ဈေးလဲမများအောင်ရောင်းချပေးနေပါတယ်နော်။🌱
အပင်ကြောင်းနဲ့ဈေးကိုတော့ ပုံတစ်ခုစီမှာဖော်ပြထားပါတယ်။
ဖတ်ကြည့်ပေးနော်။🛻
စုပေါင်းပို့ - ၁၀၀၀ (ရန်ကင်း၊ဗဟန်း၊မရမ်းကုန်း၊သင်္ကန်းကျွန်း၊တောင်ဥက္ကလာ)
အခြား - ၂၅၀၀

♻️အားလုံးလဲ ပလတ်စတစ်လျှော့ ချရင်း 🌱အပင်လေးတွေ နဲ့ စိတ်အပန်းဖြေ ကြပါနော်

ပိုက်ဆံ အပို နည်းနေရင် အပင် လေးတွေမဝယ်ပါနဲ့အုံးနော်
ရှိတဲ့အပင်လေးတွေကိုပြုစုပါ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when APin-အပင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category