26/10/2023
🏠 ကုဗကျင်း ၊ ဘိလပ်မြေနှင့်သံချောင်းတွက်နည်း 🏠
မြန်မာပြည်ဆောက်လုပ်ရေးမှာ
ကျင်းနဲ့ ပြောကြပါတယ်။
ကုဗကျင်းနဲ စကွဲယားကျင်း ဆိုပြီးရှိပါတယ်။
"ကုဗကျင်း"
↔️ - ကုဗကျင်းက အလျား အနံ အမြင့်
၃ ခု မြှောက်တာပါ။
၃ ခုမြှောက်လို့ ၁၀၀ ရရင် ၁ ကျင်းပါ။
၅၀ ဆို ကျင်းဝက်၊ ၂၅ ဆို ကျင်းတစ်မတ် စသဖြင့်ပါ။
↔️- ကုဗကျင်းကို ၉ လက်မနဲ့အထက် အုတ်စီခြင်းတို့ ကွန်ကရစ်လောင်းခြင်းတို့ မြေကြီးတူးခြင်းတို့မှာ
အများဆုံးသုံးပါတယ်။
👉 - ရှိသမျှ အလျားအနံအမြင့်တွေ လိုက်မြှောက် ပေါင်းလိုက်ရင် ကုဗကျင်းထွက်လာပါပြီ။
👉 - မြေကြီး၁ ကျင်းဆို ၁၀ပေပတ်လည်
၁ ပေ အနက် ရှိရပါမယ်။
👷 - 1:3:6 အချိုး
ကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်ခန့်
သဲကျင်းဝက် ကျောက် ၁ ကျင်း
👷 - 1:2:4 အချိုး
ကွန်ကရစ် ဘိလပ်မြေ ၁၈ အိတ်ကျော်ခန့်
သဲကျင်းဝက် ကျောက် ၁ ကျင်း
👷 - 1: 1-1/2 အချိုး
ကွန်ကရစ် ဘိလပ်မြေ ၂၅ အိတ်ခန့်
သဲကျင်းဝက် ကျောက်၁ ကျင်း
👉 - အုတ်ဖိနပ်တွေမှာ အသုံးများတဲ့
၉ လက်မအထက် အုတ်စီခြင်း
ကုဗတစ်ကျင်းဆို ၁၃၅၀ လုံး၊
ဘိလပ်မြေကတော့ သုံးတဲ့အချိုးမှာမူတည်ပါတယ်။
- အများသုံးတဲ့ 1:4 အချိုးဆို ဘိလပ်မြေ ၆ အိတ်နီးပါး၊
သဲ .၂၈ ကျင်းတစ်မတ် သာသာလောက်ရှိပါမယ်။
-------------------------------------------
"စကွဲယားကျင်း"
➡️ - စကွဲယားကျင်း အလျားနဲ့ အနံ ပဲမြှောက်ပြီး ၁၀၀ ဆို ၁ ကျင်း။
👇👇👇👇👇👇👇
- ၄လက်မခွဲ အုတ်စီခြင်း
ဆေးသုတ်ခြင်းတို့
အမိုးမိုးခြင်းတို့
ကြွေပြားကပ်ခြင်းတို့မှာ သုံးပါတယ်။
- နံရံတွေမှာ အသုံးများတဲ့ ၄.၅ လက်မ အုတ်စီခြင်း မှာ အုတ် ၅၅၀ လုံး
- 1:4 အချိုး ဘိလပ်မြေ 2.7 အိတ် သဲ .11 ကျင်း
-------------------------------------------
"သံချောင်း"
👉 - သံချောင်းတစ်ချောင်းဟာ ဆိုက်မှန်ပါက ပေ ၄၀/ ၁၂ မီတာရှိရပါတယ်။
သို့ပေမယ့် ၃၉ပေ ၆ လက်မလောက်ဆို မှန်တယ်ပြောရပါမယ်။
➡️ ဘာမားဖြစ်ကတော့ အတိအကျပြောလို့ မရပါဘူး။
တစ်တန်မှာရှိရမယ့် အချောင်းရေက
👇👇👇👇👇👇👇
- 10 မီလီ ၃မူး ( ၃/၈) မှာ ပေ၄၀ အရှည် ၁၃၅ ချောင်း
- ၁၂ မီလီ ၅မူး ( 1/2) မှာ ၈၈ ချောင်း
- ၁၆ မီလီ ၆မူး ( 5/8) မှာ ၅၃ ချောင်း
- ၂၀ မီလီ ၃မတ် (3/4) မှာ ၃၃ ချောင်း
- ၂၅ မီလီ ကျပ်လုံးမှာ (1) မှာ ၂၁ ချောင်း ရှိပါတယ်။
-------------------------------------------
"ဘိလပ်မြေ"
⏩ - ဘိလပ်မြေ ၁ အိတ်ဟာ ၅၀ ကီလိုလေးပြီး အိတ်၂၀ ဟာ ၁ တန်ပါ။
⏩ - သံချောင်းတွေဆက်ဖို့လိုရင် တိုင်တွေမှာ အနည်းဆုံး အဆ ၄၀ ထပ်မိနေစေ ရပါမယ်။
⏩ - ထုပ်တွေ ယက်မတွေမှာတော့
အဆ ၆၂ လောက်ထိ သုံးတတ်ပါတယ်။
ဆက်သွယ်ချက်က
👇👇👇👇👇👇
၁မီတာ 1M မှာ ၃ ပေ ၃ လက်မ ၃ မူးရှိပါတယ်။
လက်သမားနဲ့ ယှဉ်ပြောလို့ရတဲ့အခေါ်ပါ။
1 M မီတာ= 3.281 ပေ
1 လက်မ= 25.4 mm မီလီမီတာ
1 ( 1m X 1m) မီတာ စကွဲယား = 10.78 ပေစကွဲယား
ကွန်ကရစ် 1 (1mX 1mX 1m) မီတာကျု = 35.32 ကုဗပေ Cuft
-------------------------------------------
အထပ်သား၊ အမဲပြား၊ ဖော်မီကာနှင့် အခြားဆက်စပ် အိမ်ဆောက်ပစ္စည်းတွေလိုအပ်တယ်ဆိုရင်တော့ မြတ်သစ္စာကိုသာ အရောက်လာခဲ့ပါခင်ဗျာ၊
ဆိုင်လိပ်စာလေးတွေကတော့
🏠မြတ်သစ္စာ ၁
အမှတ် ၁၃၇ ၊ အခန်း ၁ ၊ ရွှေဝါလမ်းကြီးနှင့် နီလာလမ်းထောင့် ၊ ဘဏ်၀န်း ၊ စော်ဘွားကြီးကုန်း ၊ အင်းစိန်။
09 4424 555 21 , 09 50 5656 1
🏠မြတ်သစ္စာ ၂
အဆောင် ၁၁၀ ၊ အခန်း (၄,၅,၆,၇) ၊ သန္တာလမ်းမကြီး ၊ စော်ဘွားကြီးကုန်း ၊ အင်းစိန်။
09 4424 555 22 , 09 506 777 2
🏠 မြတ်သစ္စာ ၃
အဆောင်(၆/၂)၊ အခန်း(ဂ)၊
နီလာရှစ်လမ်း၊ စော်ဘွားကြီးကုန်း၊ အင်းစိန်။
09 881 444 112 , 09 881 433 332