Colorful Pot ရောင်စုံပန်းအိုးလေး

  • Home
  • Myanmar
  • Yangon
  • Colorful Pot ရောင်စုံပန်းအိုးလေး

Colorful Pot ရောင်စုံပန်းအိုးလေး For happy gardeners - We are here to supply gardening accessories only at affordable prices.

ရောင်စုံပန်းအိုးလေးမှ ကြိုဆိုပါတယ်။
ကိုယ်တိုင်လည်း အပင်လေးတွေကို ချစ်မြတ်နိုးသူမို့ ပန်းပင်လေးတွေကို မြတ်နိုးတဲ့ ဥယျာဉ်မှူးများအတွက် လိုအပ်တဲ့ပစ္စည်းလေးတွေကို ပစ္စည်းမှန်၊ ဈေးမှန်နဲ့ တစ်နေရာထဲမှာ ဝယ်ယူရရှိနိုင်ဖို့ ရည်ရွယ်ချက်ကလေးနဲ့ ဆိုင်‌လေးကိုဖွင့်ဖြစ်တာပါ။

24/08/2026
24/08/2026

ဆွမ်းမွှေးကျား အုံကြီး ဆိုဒ်ကြီး

🌧️ မိုးရာသီမှာ အပင်တွေ အမြစ်မပုပ်ဘဲ စိမ်းစိုကျန်းမာနေစေမယ့် "ရေစီးရေလာကောင်း မြေဆွေးစပ်နည်း"မိုးရာသီရောက်ပြီဆိုတာနဲ့ အပင...
24/08/2026

🌧️ မိုးရာသီမှာ အပင်တွေ အမြစ်မပုပ်ဘဲ စိမ်းစိုကျန်းမာနေစေမယ့် "ရေစီးရေလာကောင်း မြေဆွေးစပ်နည်း"

မိုးရာသီရောက်ပြီဆိုတာနဲ့ အပင်ချစ်သူတွေ အစိုးရိမ်ရဆုံးက "ရေဝပ်ပြီး အမြစ်ပုပ်တာ" နဲ့ "မြေကြီး အစိုဓာတ်များလွန်ပြီး မှိုတက်တာ" ပဲဖြစ်ပါတယ်။

နွေရာသီမှာ သုံးတဲ့ ပုံမှန်မြေဆွေးအတိုင်း စိုက်မိရင် မိုးရေချိန်များတဲ့အခါ အိုးထဲမှာ ရေတွေအကြာကြီး ဝပ်နေပြီး အပင် အမြစ်ပုပ်ပြီး သေသွားတတ်ပါတယ်။ ဒါကြောင့် မိုးရာသီမှာ ရေစီးရေလာ အလွန်ကောင်းမွန်တဲ့ မြေစပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။

🥣 မိုးရာသီသုံး မြေစပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

* ပုံမှန် နုန်းမြေ သို့မဟုတ် နီဝါမြေ: ၁ ပုံ (အပင်အမြစ် တွယ်နိုင်ရန်)

* အုန်းဖတ် / အုန်းခွံစပ်: ၁ ပုံ (အစိုဓာတ်ကို မအီဘဲ ထိန်းပေးရန်)

* စက်ဖွဲပြာ / ဖွဲမီးသွေး: ၁ ပုံ (မြေကြီး ပေါ့ပါးပြီး အောက်ဆီဂျင် ရရှိရန်)

* ကျောက်ခဲ / သဲကြမ်း / မီးသွေးခဲကျိုး: ၁ ပုံ (ရေစီးဆင်းမှု မြန်ဆန်စေရန်)

* သဘာဝ မြေဩဇာ (ဘိုကာရှီမြေဩဇာ၊ နွားချေးခြောက် သို့မဟုတ် တီကျစ်မြေ): 0.5 ပုံ

💡 စိုက်ပျိုး‌မြေစပ်နည်း (How to Mix)

* ပါဝင်ပစ္စည်း အားလုံးကို နှံ့စပ်အောင် သေချာ ရောစပ်ပေးပါ။

* အိုးအောက်ခြေ ပြင်ဆင်နည်း:
အိုးအောက်ခြေ အပေါက်ကို သတင်းစာစက္ကူ / စကာကွက်လေး အုပ်ပြီး မီးသွေးခဲ သို့မဟုတ် ကျောက်ခဲအသေးလေးများကို ၁ လက်မခန့် အရင် ခင်းပေးပါ။ (ဒါမှ ရေပိုတွေ တန်းထွက်သွားမှာပါ)

* စပ်ထားသော မြေဆွေးကို ထည့်၍ အပင်ကို စိုက်ပျိုးနိုင်ပါပြီ။

🌿 Colorful Pot ရဲ့ မိုးရာသီ အထူး Tip!
မြေစပ်တဲ့အခါ နနွင်းမှုန့် (သို့မဟုတ်) သစ်သားမီးသွေးမှုန့် နည်းနည်းလေး ရောထည့်ပေးရင် မိုးရာသီမှာ ဖြစ်တတ်တဲ့ မှိုရောဂါနဲ့ အမြစ်ပိုးမွှားတွေကို သဘာဝအတိုင်း ကာကွယ်ပေးပါတယ်။

💬 Colorful Pot ရောင်စုံပန်းအိုးလေး ချစ်သူတို့ အိမ်က အပင်လေးတွေရော မိုးရာသီမှာ မြေကြီး ရေဝပ်တဲ့ ပြဿနာ ကြုံနေရပါသလား?

ကွန်မန့်မှာ အပင်ပုံလေးတွေ ပြပြီး မေးမြန်းခဲ့လို့ ရပါတယ်နော်!

အပင်အလှစိုက်အိုး ပရီမီယံအိုးလေးများနှင့် အပင်ပြုစုနည်း အသေးစိတ်ကို သိရှိလိုပါက Colorful Pot Messenger သို့ စာပို့မေးမြန်းနိုင်ပါတယ်ခင်ဗျ 💚

24/08/2026

#ဘွန်ဆိုင်းစမ်းကြည့်မယ် #နွေခရမ်း

4500 တန်လေးတွေ တစ်ဖြတ်
22/08/2026

4500 တန်လေးတွေ တစ်ဖြတ်

🌸🌳 “ပန်းပင်ကို ဘွန်ဆိုင်းလုပ်လို့ရမလား?” 🤔ရပါတယ်… ကိုယ်တိုင် စမ်းကြည့်မလား? 😍🌱ဒီပုံထဲက အလှလေးကိုကြည့်ပြီး“ဒီလိုပင်မျိုး ...
22/08/2026

🌸🌳 “ပန်းပင်ကို ဘွန်ဆိုင်းလုပ်လို့ရမလား?” 🤔
ရပါတယ်… ကိုယ်တိုင် စမ်းကြည့်မလား? 😍🌱

ဒီပုံထဲက အလှလေးကိုကြည့်ပြီး
“ဒီလိုပင်မျိုး ငါကိုယ်တိုင် ပုံဖော်ကြည့်ချင်တယ်…”
လို့ တွေးမိနေပြီဆိုရင် ဒီပို့စ်လေးက သင့်အတွက်ပါ။ 💚

🌸 နွေခရမ်း (Vinca / Madagascar Periwinkle) ပျိုးပင်လေးတွေကို ရောင်းချပေးနေပါပြီ။

ဒီအပင်လေးက ပန်းပွင့်လှရုံမကဘဲ
🌳 အကိုင်းအခက်တွေကို စိတ်ကြိုက်ပုံဖော်ပြီး ဘွန်ဆိုင်းစတိုင်နဲ့ စမ်းသပ်စိုက်ပျိုးကြည့်လို့ရတဲ့ အပင်လေး ဖြစ်ပါတယ်။

✨ ဒီတော့ ဘွန်ဆိုင်းအပင်တစ်ပင် ဝယ်ဖို့မဟုတ်ဘူး…
ကိုယ်တိုင် ဘွန်ဆိုင်းတစ်ပင် ဖန်တီးဖို့ အပင်လေးတစ်ပင် ဝယ်တာပါ။ 🥰

✂️ ကိုယ်တိုင်ကိုင်းဖြတ်မယ်
🌱 ကိုယ်တိုင်ပုံဖော်မယ်
🪴 ကိုယ်တိုင်စိုက်မယ်
🌳 တစ်နေ့ကျရင် ကိုယ်တိုင်ဖန်တီးထားတဲ့ “Vinca Bonsai” လေးကို ကြည့်ပြီး ဂုဏ်ယူမယ်…

အပင်စိုက်တာကို ဝါသနာပါသူတွေအတွက် “လက်တည့်စမ်း” ဖို့ စိန်ခေါ်မှုလေးတစ်ခုပါ။ 😉💚

📸 ဒီပုံကတော့ ပျိုးပင်ကနေ ကိုယ်တိုင်ပုံဖော်စိုက်ပျိုးနိုင်မယ့် ရလဒ်ပုံစံကို ပြထားတာပါ။

👉 ရောင်းချတာက ဘွန်ဆိုင်းလုပ်ပြီးသားအပင်မဟုတ်ဘဲ နွေခရမ်း (Vinca) ပျိုးပင်လေးတွေဆို‌တော့ ဈေးမများဘူး 4500 ပဲဆိုတော့ သုံးလေးပင်ပူး အုံအကြီး အရောင်စုံ ဖန်တီးသင့်ကြောင်းပါ။ 🌱

💬 “ငါ့အပင်လေးကို ဘွန်ဆိုင်းလုပ်ကြည့်မယ်!” ဆိုတဲ့သူတွေရှိလား? 😍

📩 ပျိုးပင်လေးတွေ ဈေးနှုန်းကတော့ 4500။ အရောင်စုံတုန်းလေး ရွေးထားနော်။ ယိုးဒယား မဟုတ်တဲ့ မြန်မာမျိုးစစ်စစ်မို့ မိုးထဲလေထဲ အကြမ်းခံလေးပါ။

🌈🪴 ရောင်စုံပန်းအိုးလေး
စိုက်ဖို့အပင်ရောင်းတာမဟုတ်ဘူး… ကိုယ်တိုင်ဖန်တီးဖို့ အခွင့်အရေးလေးတွေ ရောင်းတာပါ။ 💚

#နွေခရမ်း #ဘွန်ဆိုင်းစမ်းကြည့်မယ် #ဘွန်ဆိုင်း #ပျိုးပင် #အပင်စိုက်ဝါသနာရှင်များ #ရောင်စုံပန်းအိုးလေး

ရှင်လေးရှင်တို့ဆုံတဲ့အချိန်ရောက်ပြန်ပီ
17/08/2026

ရှင်လေးရှင်တို့ဆုံတဲ့အချိန်ရောက်ပြန်ပီ

10/08/2026

ဟမ်မလေးးး မှန်လိုက်တာ 😂😂😂
ဘဝတူလေးတွေ ရှိလား 😅

သဘာဝရဲ့ အစိမ်းရောင်အလှတရားလေးတွေကို တစ်နေရာထဲမှာ စုစည်းပေးထားပါတယ် 🌿✨အိမ်ထဲမှာပဲထားထား၊ စိတ်ကို လန်းဆန်းအေးမြစေမယ့် အပင်...
09/08/2026

သဘာဝရဲ့ အစိမ်းရောင်အလှတရားလေးတွေကို တစ်နေရာထဲမှာ စုစည်းပေးထားပါတယ် 🌿✨
အိမ်ထဲမှာပဲထားထား၊ စိတ်ကို လန်းဆန်းအေးမြစေမယ့် အပင်လှလှလေးတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ဆိုင်လေးကို လှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါရစေနော် 💚

Address

403 Bogyoke Aung San Street, Shwe Paukkan
Yangon

Alerts

Be the first to know and let us send you an email when Colorful Pot ရောင်စုံပန်းအိုးလေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share