12/09/2021
သဘာဝမြေဩဇာ ငှက်ပျောခွံအကြောင်း 🍌
******************************
အိမ်တွင်းစွန့်ပစ်ပစ္စည်းတွေနဲ့ ငွေမကုန် အန္တရယ်မဖြစ်စေဘဲနဲ့ ကိုယ့်ရဲ့နှင်းဆီလေးတွေကို ဝေဆာလှပအောင်ပြုလုပ်နိုင်ပါတယ်နော်
ဒီနေ့ကတော့ နှင်းဆီအတွက်ငှက်ပျောခွံအသုံးပြုနည်းဖြစ်ပါတယ်✔️
အိမ်တိုင်းမှာအလွယ်တကူရရှိနိုင်ပြီးတော့ စွန့်ပစ်ပစ္စည်းဖြစ်တဲ့ စားပြီးသားငှက်ပျောခွံတွေမှာ အပင်တွေအတွက်လိုအပ်တဲ့ Potassium, Phosphorus နဲ့ Calcium တွေကြွယ်ဝစွာပါဝင်တဲ့အတွက် အပင်တွေကိုများစွာအကျိုးပြုနိုင်ပါတယ်ရှင့် 🌿
ရိုးရှင်းလွယ်ကူပြီး ထိရောက်တဲ့ငှက်ပျောခွံအသုံးပြုနည်းတွေကတော့ -
(၁) ငှက်ပျောခွံကိုအခြောက်ခံ၊ အမှုန့်ကြိတ်စက်နဲ့ကြိတ်ပြီး ရလာတဲ့ငှက်ပျောခွံအမှုန့်တွေကို နှင်းဆီပင်ထဲထည့်မဲ့မြေနဲ့ရောစပ်ပြီး သဘာဝမြေဩဇာအဖြစ်အသုံးပြုနိုင်ပါတယ်။
စိုက်ပြီးသားနှင်းဆီပန်းအိုးရဲ့ အပင်ခြေတစ်ဝိုက်ကို မြေလေးဆွပြီးအမှုန့်လေးတွေထည့်ပြီးတဲ့နောက် ရေလောင်းပေးလို့ရပါတယ်။
တစ်လကိုတစ်ကြိမ်လောက်လုပ်ပေးယုံနဲ့ သိသိသာသာအပွင့်တွေဝေဆာလာနိုင်မှာပဲဖြစ်ပါတယ်နော်။
(၂) ငှက်ပျောခွံကိုကတ်ကြေးနဲ့လိုသလောက်အပိုင်းအစလေးတွေညှပ်ပြီးတော့ အဖုံးပါတဲ့ဘူးလေးထဲထည့် ၊ ဘူးထဲကိုရေထည့်ပြီးအဖုံးပိတ်၊ နေရောင်ခြည်တိုက်ရိုက်မထိတဲ့နေရာမှာ သုံးရက်လောက်ထားပေးပါ။
သုံးရက်ပြည့်တဲ့အခါမှာ အဖုံးဖွင့်မွှေပြီး ရလာတဲ့ငှက်ပျောခွံစိမ်ထားတဲ့အရည်တွေကို အပင်ခြေမှာလောင်းပေးနိုင်ပါတယ်။ တစ်ပတ်တစ်ကြိမ်လောက်လုပ်ပေးယုံနဲ့ စိတ်ကျေနပ်စရာရလာဒ်ကိုရနိုင်မှာဖြစ်ပါတယ်။
အရည်ခွက်သေးတစ်ခွက်လောက်ကို ရေတစ်လီတာနဲ့ရောပြီးတော့လည်း ရွက်ဖြန်းအနေနဲ့အသုံးပြုလို့ရပါတယ်။
(၃)ကတော့အလွယ်ဆုံးနည်းပါရှင့်
ငှက်ပျောခွံလေးတွေကို ကတ်ကြေးနဲ့ခပ်သေးသေးညှပ်ပြီး နှင်းဆီပန်းအိုးလေးကိုပတ်ပတ်လည်မြေဆွပြီးတော့ ညှပ်ထားတဲ့ငှက်ပျောခွံလေးတွေထည့်ပြီး မြေလေးပြန်ဖုံးပေးဖို့ပဲဖြစ်ပါတယ်။
ငှက်ပျောခွံဟာ အပင်အတွက်အရမ်းအသုံးဝင်လှတဲ့သဘာဝဓာတ်မြေဩဇာဖြစ်တာကြောင့် အသုံးပြုကြည့်ကြဖို့အကြံပြုပါတယ်နော် ✔️
စိုက်ပျိုးသမျှပွင့်လန်းလှပကြပါစေရှင်
Let beauty speak for you with Roses & More 🌿💕