23/03/2026
ကားအဟောင်းကို အသစ်အတိုင်း ပြန်လည်စိုပြေချောမွေ့သွားစေမယ့် UCO Putty🌟
UCO Putty ဆိုတာဘာလဲ?
UCO Putty ဟာ Polyester resin ကို အခြေခံထားတဲ့ 2K (Two-Component) အမျိုးအစား ကားပတ်တီးဖြစ်ပါတယ်။ သူက ကားကိုယ်ထည်မှာ ချိုင့်ဝင်နေတာတွေ၊ ပွန်းပဲ့ရာတွေနဲ့ မျက်နှာပြင် မညီမညာဖြစ်နေတာတွေကို ပြန်လည်ဖြည့်တင်းဖို့အတွက် အဓိကအသုံးပြုပါတယ်။
✔️အဓိက ထူးခြားချက်များ
◽မာကျောမှု မြန်ဆန်ခြင်း - Hardener (ခဲဆေး) နဲ့ ရောစပ်ပြီးနောက် မိနစ်ပိုင်းအတွင်း ခြောက်သွေ့မာကျောသွားတဲ့အတွက် အလုပ်ကိုပိုမြန်စေပါတယ်။
◽မျက်နှာပြင် ကပ်တွယ်မှုကောင်းခြင်း - သံထည်၊ အလူမီနီယံနဲ့ ယခင်ရှိပြီးသား ဆေးသားဟောင်းတွေပေါ်မှာ ကောင်းမွန်စွာ ကပ်တွယ်နိုင်ပါတယ်။
◽စားရလွယ်ကူခြင်း - ခြောက်သွားတဲ့အခါ ပတ်တီးစားရတာ (ကော်ပတ် နဲ့ တိုက်ရတာ) ချောမွေ့ပြီး ဖုန်မှုန့်ထွက်နည်းပါတယ်။
◽ကျုံ့နိုင်ဆန့်နိုင်စွမ်း - အပူဒဏ်၊ အအေးဒဏ်ကြောင့် ကားသံထည် ကျုံ့ခြင်း၊ ပွခြင်းဖြစ်ပေါ်တဲ့အခါ ကွဲအက်ထွက်ခြင်း မရှိအောင် ခံနိုင်ရည်ရှိပါတယ်။
✔️အသုံးပြုပုံ အဆင့်ဆင့်
💥မျက်နှာပြင် သန့်စင်ခြင်း - ပတ်တီးမတင်ခင် ဖုန်၊ ဆီ၊ သံချေးနဲ့ ရေငွေ့တွေကို စင်ကြယ်အောင် အရင်သန့်ရှင်းရေး လုပ်ရပါမယ်။
💥ရောစပ်ခြင်း - Putty (ဗူးကြီးထဲက အနှစ်) ကို လိုအပ်သလောက်ယူပြီး Hardener (ပြွန်လေးထဲက ဆေး) ကို ၂% ကနေ ၃% ဝန်းကျင် (အစက်အနည်းငယ်) ထည့်ပြီး အရောင်တစ်ပြေးညီဖြစ်အောင် သေချာနှံ့အောင် ရောစပ်ပါ။
💥ပတ်တီးတင်ခြင်း - ပတ်တီးဓား (Spreader) ကိုသုံးပြီး လိုအပ်တဲ့ နေရာမှာ အလွှာလိုက် ညီညာအောင် တင်ပေးပါ။
💥အခြောက်ခံခြင်း - ပုံမှန်အားဖြင့် မိနစ် ၂၀ ကနေ ၃၀ ဝန်းကျင်ဆိုရင် ပတ်တီးစားလို့ရတဲ့ အဆင့်ကို ရောက်ရှိပါတယ်။
💥ကော်ပတ်တိုက်ခြင်း - ပတ်တီးခြောက်သွားရင် နံပါတ် ၈၀ ဒါမှမဟုတ် ၁၂၀ ကော်ပတ်နဲ့ စတင်တိုက်စားပြီး မျက်နှာပြင် ညီသွားတဲ့အခါ နံပါတ်အနုလေးတွေနဲ့ အချောသတ်ပြီးပါက သင့်ကားဆေးသားဟာအသစ်လိုတောက်ပြောင်နေမှာပဲဖြစ်ပါတယ်။
🚗ကားနဲ့ပတ်သက်တဲ့အရာအားလုံးကို တစ်နေရာတည်းမှာ ဝယ်ယူချင်တယ်ဆိုရင်တော့ ကျွန်မတို့ရဲ့ GoldenJaguar ဆိုင်လေးကိုသတိရလိုက်ပါနော်😉
Golden Jaguar Yangon Address
📌 အမှတ် - ၈၇၇ ၊ ပင်လုံလမ်းမကြီး ၊ ၃၄ ရပ်ကွက် ၊ မြောက်ဒဂုံမြို့နယ် ၊ ရန်ကုန်မြို့ 🏙️
📞 09 795 594 046 , 09 420 048 210
📧 [email protected]
မန္တလေးမြို့မှ Customer များအတွက် –
Golden Jaguar Mandalay Address
📌 အမှတ် - ၃၄/က ၊ လမ်း (၆၀) ၊ (၄၀) နဲ့ (၄၁) လမ်းကြား ၊ မဟာအောင်မြေမြို့နယ် ၊ မန္တလေးမြို့ 🏙️