May Ma Ma's plants collection

May Ma Ma's plants collection Nurseries and Gardening store

https://www.facebook.com/share/p/1AwgkgbDo4/
16/05/2025

https://www.facebook.com/share/p/1AwgkgbDo4/

ဒီလို သဘာဝပတ်ဝန်းကျင် နားလည်တဲ့
တောင်သူတွေ များများပေါ်ထွက်လာဖို့ လိုအပ်ပါသည်။

"စနစ် - system ကိုကြည့်တတ်သူ"

တောင်သူကြီး #ဦးအောင်ဝင်း က
ရွာသစ်ကုန်းကျေးရွာ၊ ပုသိမ်မြို့နယ်
မှာနေထိုင်ခဲ့သူပါ။ အသက် ၆၀ ကျော်
အရွယ်မှာ ကွယ်လွန်ခဲ့ပြီးဖြစ်ပါတယ်။
သူ့ရဲ့ထူးခြားချက်က ခေတ် နဲ့ စနစ်ကို
နားလည်အောင်သုံးသပ်ပြနိုင်ခြင်းပါပဲ။

သူစိုက်ပျိုးမယ့် မျိုးစေ့၊ မျိုးဆံများကို ကိုယ်တိုင်သိမ်းဆည်းထားနိုင်သူလည်း
ဖြစ်ခဲ့ပါတယ်။ ဦးအောင်ဝင်း မကွယ်လွန်
ခင်ကာလမှာ ဆုံတွေ့စကားပြောဖြစ်ခဲ့တယ်။
သူ့စကားများထဲက အချို့ကို ပြန်လည်
ထုတ်နှုတ် ဖော်ပြလိုက်ရပါပြီ။

လယ်ဆိုသည်မှာ . . .

လယ် ဆိုတာက စပါးကြီးပဲ ရှိနေတာ
မဟုတ်ဘူး။ လတ်တလော စားစရာ
တွေလည်းရှိနေတာမျိုး။ ငါး၊ ဖား၊ ပုစွန်၊
တောဟင်းရွက်တွေ ရှိတယ်။ ဘယ်နေ
ရာကြည့်ကြည့် စားစရာပဲ။ အခု ခေတ်
မှာတော့ ဘာစားစရာမှ သိပ်မကျန်
တော့ဘူး။ ဒီတော့ လယ် ဆိုတာ
ပျော်စရာ မကောင်းတော့ဘူးပေါ့။

လယ်ပြင်ဆင် လယ်စိုက်ခြင်း . . .

အရင်ကာလ ကတော့ မိုးရာသီမှာပဲ
လယ်ကိုစိုက်တယ်။ လယ်ပြင်ရင်တောင်
ဂဏာန်းနဲ့ လိပ်တွေ နေမယ့်
ကုန်းချန်ထားပေးတယ်။
ချောင်းစပ်မှာ အပင်အကုန် မခုတ်
ကြဘူး။ ငါး ပုစွန် နဲ့ ငှက် နေဖို့
ချန်ထားတယ်။ ကောက်လှိုင်း တချို့
ကို သစ်ပင်ပေါ်တင်ထားကြတယ်။
ငှက်စားဖို့ ကုသိုလ်လုပ်တာပေါ့။

လယ်ပတ်ဝန်းကျင်ထိန်းသိမ်းခြင်း . . .

လယ်ဝန်းကျင် အပင်စိုက်ရင်တောင်
ဒေသမျိုးအပင်ပဲစိုက်တယ်။ အခု
ခေတ်လို မလေးရှားပိတောက် တို့
ယူကလစ် တို့မစိုက်ဘူး။ ငှက်တောင်
မနေတဲ့ အပင်တွေလေ။ အပင်ကြီး
ဆိုရင် တော်ရုံမခုတ်ဘူး။ ကြွက် ပေါ
လာမှာစိုးလို့။ လင်းဆွဲတွေ နေမယ့်
အပင်ကြီးတွေ မရှိရင် ကြွက် ဖမ်းမယ့်
အကောင်တွေပျောက်ကုန်မယ်။

ဒေသရာသီ သီးနှံဆိုတာ . . .

ရာသီသီးနှံဆိုတာ သူ့ရာသီ သူနဲ့
ကိုက်တဲ့ဒေသမှာပဲ ဖြစ်ထွန်းတယ်။
ကိုယ်လိုချင်သလောက် မထွက်ဘူး။
ပိုးဒဏ်ခံနိုင်တယ်။ အရသာရှိတယ်။
အရမ်းထွက်အောင် တွန်းလို့မရဘူး။

လယ်သမား ဒုက္ခ . . .

နွေစပါးစီမံကိန်း စလာတော့ နွေ
ရာသီမှာပါ စိုက်ကြရတယ်။ ဒီစီမံကိန်း
က မလုပ်မနေရလေ။ မလုပ်ရင် လယ်
သိမ်းတာခံရတယ်။ တောင်သူတွေလည်း
ကြောက်လန့်ပြီး လုပ်ရတာပေါ့။
နွေစပါးက ဓာတုမသုံးရင်အဆင်မပြေဘူး။

မိုး ပြီးတော့ နွေ စပါးထပ်စိုက်တဲ့အခါ
နွား အစား စက်တွေသုံးလာရတယ်။
ဝယ်ရတာပေါ့။ အစောပိုင်း တနှစ်နှစ်နှစ်
မှာတော့ တောင်သူတွေ အဆင်ပြေကြ
တာပေါ့။ ဟော မကြာပါဘူး စပါးဈေး
တွေထိုးကျသွားတော့ အဆင်မပြေကြ
တော့ဘူး။ အကြွေးလည်း ပိကုန်ကြရော။
တဖက်ကလည်း စက်ဆီဈေး ဓာတ်မြေ
ဩဇာဈေး တွေကလည်း တဖြည်းဖြည်း
ဈေးတက်လာကြတယ်။ အကြွေးသံ
သရာက အဲဒီကတည်းက စလည်နေ
ခဲ့တာ ခုထိပါပဲ။

လယ်သမားဆိုသည်မှာ . . .

ငါးမွေးတဲ့သူ၊ မျိုးစေ့ရောင်းတဲ့သူ
နဲ့ စီးပွားဖြစ်ကြက်မွေးသူတွေ ကို
တောင်သူလယ်သမားထဲ ထဲ့ထားတယ်။
လယ်သမား အစစ်ဆိုတာ အစဉ်
အဆက် လယ်ယာလုပ်ငန်း လုပ်
ကိုင်ကြတဲ့ သူတွေလေ။ ကျနော်တို့
လယ်သမားတွေရဲ့ မြေယာကို
အနှောက်အယှက် မရှိစေဘဲ
လယ်လုပ်ခွင့် ပေးစေချင်ပါတယ်။

ဦးအောင်ဝင်း၏ အကြီးဆုံးဆန္ဒ . .
" တောင်သူတွေ အတွက် ဒေသမျိုးစေ့
တွေ ထိန်းထားမယ့် တောင်သူမျိုးစေ့
ဘဏ် (native seed bank)
ပေါ်ထွန်းလာစေချင်လိုက်တာဗျာ "

တောင်သူ ဦးအောင်ဝင်း
(၂၀၂၀ ခုနှစ်၌ ပြောပြခဲ့သမျှ)

Credit


အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ

ရေနံ့သာဒင်းဂါးညီနောင်များသစ်ပင်စိုက်၊ရေကန်ဖော်၊ဇရပ်ဆောက်၊ရေချမ်းစင်တည်အဖွဲ့

12/03/2023

စိုက်ပျိုးထားတဲ့ ခရမ်းချဉ်သီးတွေ စျေးမကောင်းလို့ ချောင်းထဲ လွှင့်ပစ်လိုက်ရတယ် ဆိုသူများ အတွက်.......crd.

==== ခရမ်းချဉ်သီး အခြောက်လုပ်ကြမယ် =====
🍅🍅🍅🍅🍅🍅🍅🍅🍅🍅🍅🍅🍅🍅🍅🍅
ခရမ်းချဉ်ပေါတဲ့ရာသီမှာ ခရမ်းချဉ်သီးအခြောက် လုပ်ထားသင့်ပါတယ်။ မရမ်းသီးအခြောက်လှမ်းထားသလိုပေါ့။ တောင်သူတွေအနေနဲ့လည်း ရောင်းမကုန်မယ့်အတူတူ အခြောက်လုပ်ထားတာက စျေးကွက်သစ်ကို ဖော်ဆောင်နိုင်ပါလိမ့်မယ်။

ဘာပဲလုပ်လုပ် သန့်ရှင်းပြီး ကျန်းမာရေးနဲ့အညီဖြစ်စေဖို့ သတိပြုပြီး လုပ်ကိုင်စေချင်ပါတယ်။ ရောင်းသူနဲ့ဝယ်သူက အပြန်အလှန် မှီခိုနေကြရတာ မဟုတ်လား။

သဲတရှပ်ရှပ်နဲ့ စားစရာတွေ အမှိုက်ပါလာတဲ့ စားစရာဆိုလည်း ကိုယ့်အနေနဲ့လည်း သဘောမကျဘူး မဟုတ်လား။ ကဲထားပါတော့။
ခရမ်းချဉ်အခြောက်ကို ဆက်လုပ်ကြပါစို့။

ခရမ်းချဉ်သီးအခြောက် လုပ်တော့မယ်ဆိုရင် ခရမ်းချဉ်တစ်ပိသာကို ထုံး (အသင့်စားထုံး) ၂ ကျပ်သား နဲ့ KMS - ၀.၀၅ ကျပ်သား ထည့်ပေးဖို့လိုပါတယ်။ KMS အကြောင်းကတော့အရင်ရက်က ရေးပေးထားတဲ့ ခရမ်းချဉ်သီးဆော့ဖ် လုပ်နည်းမှာ အပြည့်အစုံရေပေးထားလို့ ပြန်မရေးတော့ပါဘူး။

ဘယ်လို လုပ်ရမလဲဆိုတော့
အသီးတွေကို ရေသန့်သန့်လေးနဲ့ဆေးလိုက်ပါ။ ဆေးပြီးတော့ အညှာကိုဖယ်ပေါ့။ ပြီးတော့ အညှာကို အကွင်းလိုက် ဖယ်ထုတ်၊ အလုံးကို ထက်ခြမ်းခြမ်းပြီး အစေ့တွေဖယ်လိုက်ပါ။

ဒါတွေလုပ်ပြီးရင် ထုံးရည်ကြည်မှာ တစ်နာရီခွဲ စိမ်ပေးပါ။ ထုံးရည်ကြည်စိမ်ပြီးရင် ထုံးတွေ ပါမလာအောင် ရေနဲ့ ၃ ကြိမ်ဆေးပေးပါ။ ၃ ကြိမ်ဆေးပြီးရင်တော့ ရေစစ်ပေးပါ။

ရေစစ်ပြီး KMS ကို သတ်မှတ်အချိုးအတိုင်း ထည့်နယ်ပေးပါ။ ဒီလုပ်ငန်းစဉ်တွေပြီးရင်တော့ အခြောက်ခံနိုင်ပါပြီ။

နေနဲ့လှမ်းရင် ၄ ရက်ကနေ ၈ ရက်ခန့်ကြာပါမယ်။ စက်နဲ့ အခြောက်ခံခဲ့ရင် ၈၀- ၉၀ ဒီဂရီစင်တီဂရိတ် ဆိုရင် ၉ နာရီကြာပါမယ်။ ခရမ်းချဉ်သီးရဲ့ ၈၃ ရာခိုင်နှုန်းက ရေဖြစ်ပါတယ်။

ထုံးရည်ကြည်စိမ်ရာမှာ ထုံးရေကြည်သာ ဖြစ်ဖို့လိုပါတယ်။ ထုံးအနှစ်တွေ လုံးဝပါမလာစေဖို့ သတိထားသင့်ပါတယ်။

ကိုင်တွယ်တဲ့လက်လေးလည်းသန့်ပါစေနော်။
အထားအသို အသုံးအဆောင်တွေလ်ာပါနေပါစေ။
အခြောက်လှန်းခန်းကို သီးသန့်ဖိနပ်နဲ့ဝင်ပေးပါ။

အခြောက်ခံမယ်ဆိုရင်တော့ အသီးတွေ အပြည့်အဝ ရင့်မှည့်မှသာ ခူးဆွတ်သင့်ပါတယ်။ ရင့်မှည့်အသီးတွေကို ရွေးချယ် ခူးဆွတ်ခြင်းပြုလုပ်ပြီးပါက အထက်ပါအတိုင်း စနစ်တကျ လုပ်ဆောင်ဖို့လိုပါမယ်။

အလြောက်မလှန်းခင် လုပ်ဆောင်ရမှာတွေ လုပ်ပြီးပြီဆိုရင်တော့ အသီးတွေကို နေရောင်နဲ့ အခြောက်လှန်းခြင်း၊ ထမင်းမီးသွေးနဲ့ အခြောက်လှန်းခြင်း အပြင် စပါးခွံ မီးဖိုသုံးအခြောက်လှန်းခြင်း၊

လျှပ်စစ်စွမ်းအင် နဲ့ ဂတ်စ် စတာတွေ အသုံးပြုပြီး အခြောက်လှန်ခြင်းတို့ အထဲက ကိုယ်အဆင်ပြေနိုင်မယ့်နည်းလမ်းနဲ့ ဆောင်ရွက် နိုင်ပါတယ်။ လျှပ်စစ်စွမ်းအင်သုံး သီးနှံအခြောက်ခံစက်တိုင်းကိုလည်း အသုံးပြုနိုင်ပါတယ်။

*နေရောင်ကောင်းစွာရပြီး နေရာပေါရင်တော့ နေနဲ့ လှန်းပါ ကုန်ကျစရိတ်သက်သာပါတယ်။

အခြောက်ခံခြင်း
အခြောက်ခံခြင်းအဆင့်က အရည်အသွေးသက်ရောက်မှုရှိတဲ့ အရေးကြီးတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ အရောင်နဲ့ အနံ့၊ အရသာဆုံးရှုံးမှု မဖြစ်စေရန် ခူးဆွတ်ပြီး ရွေးချယ် အခြောက်ခံရန် အရေးကြီးပါတယ်။

အခြောက်ခံစက်နဲ့ အခြောက်ခံရာမှာ အပူချိန်က ၈၀-၉၀ ဒီဂရီစင်တီဂရိတ် ထားပါက ၉ နာရီအထိ အခြောက်ခံရမှာ ဖြစ်ပါတယ်။ ခရမ်းချဉ်သီးရဲ့ ၈၃ % ဟာ ရေဓာတ်ဖြစ်ပါတယ်။

အကယ်၍ အခြောက်ခံချိန်ကြာမြင့်ပါက မှိုများစွဲကပ်နိုင်ပါတယ်။ လုပ်ငန်းအရွယ်အစားနှင့် ဒေသမိုးလေဝသ အခြေအနေပေါ်မှုတည်၍ အခြောက်ခံသည့်နည်းလမ်းများစွာရှိပါတယ်။

နေပူလှန်းခြင်းဖြင့် အခြောက်ခံခြင်း
ကွန်ကရစ်ကြမ်းခင်း သို့မဟုတ် ဆင့်များပြုလုပ်ပြီး နေအပူကို အသုံးပြုကာ အခြောက်ခံကြခြင်းဖြစ်ပါတယ်။ ဒီလို အခြောက်ခံရာမှာ မူလအရောင်အား ထိန်းတားနိုင်ရန် နေရောင်ခြည်ကို တိုက်ရိုက်မကျရောက်စေဘဲ ပလပ်စတစ်အမိုးအကာတွေနဲ့ အခြောက်ခံသင့်ပါတယ်။

ဖုန်နဲ့ အမှိုက်တွေ မဝင်တော့သလို နေရောင်အပူပြင်းပါက အရောင်မှိန်သွားနိုင်တာကိုလည်း ကာကွယ်ပြီးးဖြစ်ပါမယ်။ နေပူလှန်းခြင်းဟာ အရိုးရှင်းဆုံးနဲ့ စရိတ်အသက်သာဆုံးနည်းလမ်းဖြစ်ပါတယ်။

အရည်အသွေးအကောင်းဆုံးကို မရရှိနိုင်ပါ။ ဒီနည်းလမ်းကတော့ ခြောက်သွေ့ပြီး အပူချိန်များတဲ့ ရာသီဥတုရှိတဲ့ ဒေသတွေမှာ အထူးသင့်လျှော်ပါတယ်။

ထင်းမီးဖြင့် အခြောက်ခံခြင်း
အလုံးစုံခြောက်သွေ့ရန် နာရီပေါင်းအတော် ကြာမြင့်ပါတယ်။ ဒီလိုအခြောက်ခံရာမှာ မီးခိုးနံ့တွေ စွဲကပ်သွားပြီး အနံ့ အသက်မကောင်းတော့ပါ။

ခြောက်သွေ့မှုမှာ ညီညာမှုမရှိဘဲ တူးခြစ်ခြင်း၊ မီးခိုးနံ့ နံခြင်းတွေ ဖြစ်စေပြီး အရည်အသွေးကို ထိခိုက်စေပါတယ်။ အခြောက်ခံနေစဉ် မီးတောက်တွေ မများစေရန် ထိန်းညှိပေးရခြင်း၊

အပေါ်အောက် လှန်ပေးရခြင်းတို့ကို ပြုလုပ်ပေးရပါတယ်။ ထင်းမီးနဲ့ အခြောက်ခံပါက အရည်အသွေးကောင်းတဲ့ ဖာလာတွေ မရရှိနိုင်ပါ။

လျှပ်စစ် (သို့) သဘာဝဓာတ်ငွေ့သုံး အခြောက်ခံစက်ဖြင့် အခြောက်ခံခြင်း
ပမာဏများစွာကို အခြောက်ခံရာမှာ အကောင်းဆုံးနည်းလမ်း တစ်ခုဖြစ်ပြီး အခြောက်ခံချိန်မှာ ရာသီဥတုကို ထည့်သွင်းစဉ်းစားဖို့သိပ်မလိုအပ်ပါဘူး။

လုပ်ငန်းသုံးအတွက် အထူးသင့်လျှော်ပါတယ်။ အခြောက်ခံတဲ့နည်းလမ်းတွေထဲမှာတော့ ကုန်ကျစရိတ် အများဆုံးဖြစ်ပေမဲ့ အရည်အသွေးအကောင်းဆုံးကို ရရှိစေပါတယ်။

အခြောက်ခံရာမှာ အပူချိန် ၈၀-၉၀ ဒီဂရီစင်တီဂရိတ်ထက် မကျော်လွန်ရန် အထူး သတိပြုရမှာဖြစ်ပါတယ်။ လိုအပ်ချက်နဲ့ ငွေကြေးပမာဏအပေါ်မူတည်ပြီး အခြောက်ခံစက် အရွယ်အစားအမျိုးမျိုးကို ဝယ်ယူ ရရှိနိုင်ပါတယ်။



Credit

KMS =SMS –Sodium/Potassium Metabisulphite က အဖြူရောင်အမှုန့်ဖြစ်ပြီး အလေးချိန် သိပ်သည်းပါတယ်။ သစ်သီးဖျော်ရည်၊ ယို၊ သစ်သီးအနှစ်နဲ့ သစ်သီးသနပ်တွေအတွက် သုံးကြပါတယ်။ အကျိုးအာနိသင် သက်ရောက်စေမယ့်ပမာဏကတော့ PH ၂.၄ မှ ၅ အထိဖြစ်ပါတယ်။

အများဆုံး အသုံးပြုရမယ့် ပမာဏကတော့ အသီးတစ်ပိသာကို ၀.၁% ဖြစ်ပါတယ်။ မှိုနဲ့ တဆေးမပေါက်ပွားစေရန် အသုံးပြုပါတယ်။ ပုလင်း၊ ခွက်၊ ယောင်းမ အစရှိတာတွေကို ပိုးသတ်ရာတွင် အသုံးပြုပါတယ်။ S3စိုက်ပျိုးရေးဝန်ဆောင်မှု

Zg
စိုက်ပျိုးထားတဲ့ ခရမ်းချဉ်သီးတွေ စျေးမကောင်းလို့ ချောင်းထဲ လွှင့်ပစ်လိုက်ရတယ် ဆိုသူများ အတွက်.......

==== ခရမ်းချဉ်သီး အခြောက်လုပ်ကြမယ် =====

ခရမ်းချဉ်ပေါတဲ့ရာသီမှာ ခရမ်းချဉ်သီးအခြောက် လုပ်ထားသင့်ပါတယ်။ မရမ်းသီးအခြောက်လှမ်းထားသလိုပေါ့။ တောင်သူတွေအနေနဲ့လည်း ရောင်းမကုန်မယ့်အတူတူ အခြောက်လုပ်ထားတာက စျေးကွက်သစ်ကို ဖော်ဆောင်နိုင်ပါလိမ့်မယ်။

ဘာပဲလုပ်လုပ် သန့်ရှင်းပြီး ကျန်းမာရေးနဲ့အညီဖြစ်စေဖို့ သတိပြုပြီး လုပ်ကိုင်စေချင်ပါတယ်။ ရောင်းသူနဲ့ဝယ်သူက အပြန်အလှန် မှီခိုနေကြရတာ မဟုတ်လား။

သဲတရှပ်ရှပ်နဲ့ စားစရာတွေ အမှိုက်ပါလာတဲ့ စားစရာဆိုလည်း ကိုယ့်အနေနဲ့လည်း သဘောမကျဘူး မဟုတ်လား။ ကဲထားပါတော့။
ခရမ်းချဉ်အခြောက်ကို ဆက်လုပ်ကြပါစို့။

ခရမ်းချဉ်သီးအခြောက် လုပ်တော့မယ်ဆိုရင် ခရမ်းချဉ်တစ်ပိသာကို ထုံး (အသင့်စားထုံး) ၂ ကျပ်သား နဲ့ KMS - ၀.၀၅ ကျပ်သား ထည့်ပေးဖို့လိုပါတယ်။ KMS အကြောင်းကတော့အရင်ရက်က ရေးပေးထားတဲ့ ခရမ်းချဉ်သီးဆော့ဖ် လုပ်နည်းမှာ အပြည့်အစုံရေပေးထားလို့ ပြန်မရေးတော့ပါဘူး။

ဘယ်လို လုပ်ရမလဲဆိုတော့
အသီးတွေကို ရေသန့်သန့်လေးနဲ့ဆေးလိုက်ပါ။ ဆေးပြီးတော့ အညှာကိုဖယ်ပေါ့။ ပြီးတော့ အညှာကို အကွင်းလိုက် ဖယ်ထုတ်၊ အလုံးကို ထက်ခြမ်းခြမ်းပြီး အစေ့တွေဖယ်လိုက်ပါ။

ဒါတွေလုပ်ပြီးရင် ထုံးရည်ကြည်မှာ တစ်နာရီခွဲ စိမ်ပေးပါ။ ထုံးရည်ကြည်စိမ်ပြီးရင် ထုံးတွေ ပါမလာအောင် ရေနဲ့ ၃ ကြိမ်ဆေးပေးပါ။ ၃ ကြိမ်ဆေးပြီးရင်တော့ ရေစစ်ပေးပါ။ ရေစစ်ပြီး KMS ကို သတ်မှတ်အချိုးအတိုင်း ထည့်နယ်ပေးပါ။

ဒီလုပ်ငန်းစဉ်တွေပြီးရင်တော့ အခြောက်ခံနိုင်ပါပြီ။
နေနဲ့လှမ်းရင် ၄ ရက်ကနေ ၈ ရက်ခန့်ကြာပါမယ်။ စက်နဲ့ အခြောက်ခံခဲ့ရင် ၈၀- ၉၀ ဒီဂရီစင်တီဂရိတ် ဆိုရင် ၉ နာရီကြာပါမယ်။ ခရမ်းချဉ်သီးရဲ့ ၈၃ ရာခိုင်နှုန်းက ရေဖြစ်ပါတယ်။

ထုံးရည်ကြည်စိမ်ရာမှာ ထုံးရေကြည်သာ ဖြစ်ဖို့လိုပါတယ်။ ထုံးအနှစ်တွေ လုံးဝပါမလာစေဖို့ သတိထားသင့်ပါတယ်။

ကိုင်တွယ်တဲ့လက်လေးလည်းသန့်ပါစေနော်။
အထားအသို အသုံးအဆောင်တွေလ်ာပါနေပါစေ။
အခြောက်လှန်းခန်းကို သီးသန့်ဖိနပ်နဲ့ဝင်ပေးပါ။

အခြောက်ခံမယ်ဆိုရင်တော့ အသီးတွေ အပြည့်အဝ ရင့်မှည့်မှသာ ခူးဆွတ်သင့်ပါတယ်။ ရင့်မှည့်အသီးတွေကို ရွေးချယ် ခူးဆွတ်ခြင်းပြုလုပ်ပြီးပါက အထက်ပါအတိုင်း စနစ်တကျ လုပ်ဆောင်ဖို့လိုပါမယ်။

အလြောက်မလှန်းခင် လုပ်ဆောင်ရမှာတွေ လုပ်ပြီးပြီဆိုရင်တော့ အသီးတွေကို နေရောင်နဲ့ အခြောက်လှန်းခြင်း၊ ထမင်းမီးသွေးနဲ့ အခြောက်လှန်းခြင်း အပြင် စပါးခွံ မီးဖိုသုံးအခြောက်လှန်းခြင်း၊ လျှပ်စစ်စွမ်းအင် နဲ့ ဂတ်စ် စတာတွေ အသုံးပြုပြီး အခြောက်လှန်ခြင်းတို့ အထဲက ကိုယ်အဆင်ပြေနိုင်မယ့်နည်းလမ်းနဲ့ ဆောင်ရွက် နိုင်ပါတယ်။

လျှပ်စစ်စွမ်းအင်သုံး သီးနှံအခြောက်ခံစက်တိုင်းကိုလည်း အသုံးပြုနိုင်ပါတယ်။
*နေရောင်ကောင်းစွာရပြီး နေရာပေါရင်တော့ နေနဲ့ လှန်းပါ ကုန်ကျစရိတ်သက်သာပါတယ်။

အခြောက်ခံခြင်း
အခြောက်ခံခြင်းအဆင့်က အရည်အသွေးသက်ရောက်မှုရှိတဲ့ အရေးကြီးတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ အရောင်နဲ့ အနံ့၊ အရသာဆုံးရှုံးမှု မဖြစ်စေရန် ခူးဆွတ်ပြီး ရွေးချယ် အခြောက်ခံရန် အရေးကြီးပါတယ်။

အခြောက်ခံစက်နဲ့ အခြောက်ခံရာမှာ အပူချိန်က ၈၀-၉၀ ဒီဂရီစင်တီဂရိတ် ထားပါက ၉ နာရီအထိ အခြောက်ခံရမှာ ဖြစ်ပါတယ်။ ခရမ်းချဉ်သီးရဲ့ ၈၃ % ဟာ ရေဓာတ်ဖြစ်ပါတယ်။ အကယ်၍ အခြောက်ခံချိန်ကြာမြင့်ပါက မှိုများစွဲကပ်နိုင်ပါတယ်။

လုပ်ငန်းအရွယ်အစားနှင့် ဒေသမိုးလေဝသ အခြေအနေပေါ်မှုတည်၍ အခြောက်ခံသည့်နည်းလမ်းများစွာရှိပါတယ်။

နေပူလှန်းခြင်းဖြင့် အခြောက်ခံခြင်း
ကွန်ကရစ်ကြမ်းခင်း သို့မဟုတ် ဆင့်များပြုလုပ်ပြီး နေအပူကို အသုံးပြုကာ အခြောက်ခံကြခြင်းဖြစ်ပါတယ်။

ဒီလို အခြောက်ခံရာမှာ မူလအရောင်အား ထိန်းတားနိုင်ရန် နေရောင်ခြည်ကို တိုက်ရိုက်မကျရောက်စေဘဲ ပလပ်စတစ်အမိုးအကာတွေနဲ့ အခြောက်ခံသင့်ပါတယ်။

ဖုန်နဲ့ အမှိုက်တွေ မဝင်တော့သလို နေရောင်အပူပြင်းပါက အရောင်မှိန်သွားနိုင်တာကိုလည်း ကာကွယ်ပြီးးဖြစ်ပါမယ်။ နေပူလှန်းခြင်းဟာ အရိုးရှင်းဆုံးနဲ့ စရိတ်အသက်သာဆုံးနည်းလမ်းဖြစ်ပါတယ်။

အရည်အသွေးအကောင်းဆုံးကို မရရှိနိုင်ပါ။ ဒီနည်းလမ်းကတော့ ခြောက်သွေ့ပြီး အပူချိန်များတဲ့ ရာသီဥတုရှိတဲ့ ဒေသတွေမှာ အထူးသင့်လျှော်ပါတယ်။

ထင်းမီးဖြင့် အခြောက်ခံခြင်း
အလုံးစုံခြောက်သွေ့ရန် နာရီပေါင်းအတော် ကြာမြင့်ပါတယ်။ ဒီလိုအခြောက်ခံရာမှာ မီးခိုးနံ့တွေ စွဲကပ်သွားပြီး အနံ့ အသက်မကောင်းတော့ပါ။

ခြောက်သွေ့မှုမှာ ညီညာမှုမရှိဘဲ တူးခြစ်ခြင်း၊ မီးခိုးနံ့ နံခြင်းတွေ ဖြစ်စေပြီး အရည်အသွေးကို ထိခိုက်စေပါတယ်။ အခြောက်ခံနေစဉ် မီးတောက်တွေ မများစေရန် ထိန်းညှိပေးရခြင်း၊

အပေါ်အောက် လှန်ပေးရခြင်းတို့ကို ပြုလုပ်ပေးရပါတယ်။ ထင်းမီးနဲ့ အခြောက်ခံပါက အရည်အသွေးကောင်းတဲ့ ဖာလာတွေ မရရှိနိုင်ပါ။

လျှပ်စစ် (သို့) သဘာဝဓာတ်ငွေ့သုံး အခြောက်ခံစက်ဖြင့် အခြောက်ခံခြင်း
ပမာဏများစွာကို အခြောက်ခံရာမှာ အကောင်းဆုံးနည်းလမ်း တစ်ခုဖြစ်ပြီး အခြောက်ခံချိန်မှာ ရာသီဥတုကို ထည့်သွင်းစဉ်းစားဖို့သိပ်မလိုအပ်ပါဘူး။

လုပ်ငန်းသုံးအတွက် အထူးသင့်လျှော်ပါတယ်။ အခြောက်ခံတဲ့နည်းလမ်းတွေထဲမှာတော့ ကုန်ကျစရိတ် အများဆုံးဖြစ်ပေမဲ့ အရည်အသွေးအကောင်းဆုံးကို ရရှိစေပါတယ်။

အခြောက်ခံရာမှာ အပူချိန် ၈၀-၉၀ ဒီဂရီစင်တီဂရိတ်ထက် မကျော်လွန်ရန် အထူး သတိပြုရမှာဖြစ်ပါတယ်။ လိုအပ်ချက်နဲ့ ငွေကြေးပမာဏအပေါ်မူတည်ပြီး အခြောက်ခံစက် အရွယ်အစားအမျိုးမျိုးကို ဝယ်ယူ ရရှိနိုင်ပါတယ်။



Credit

KMS =SMS –Sodium/Potassium Metabisulphite က အဖြူရောင်အမှုန့်ဖြစ်ပြီး အလေးချိန် သိပ်သည်းပါတယ်။ သစ်သီးဖျော်ရည်၊ ယို၊ သစ်သီးအနှစ်နဲ့ သစ်သီးသနပ်တွေအတွက် သုံးကြပါတယ်။

အကျိုးအာနိသင် သက်ရောက်စေမယ့်ပမာဏကတော့ PH ၂.၄ မှ ၅ အထိဖြစ်ပါတယ်။ အများဆုံး အသုံးပြုရမယ့် ပမာဏကတော့ အသီးတစ်ပိသာကို ၀.၁% ဖြစ်ပါတယ်။

မှိုနဲ့ တဆေးမပေါက်ပွားစေရန် အသုံးပြုပါတယ်။ ပုလင်း၊ ခွက်၊ ယောင်းမ အစရှိတာတွေကို ပိုးသတ်ရာတွင် အသုံးပြုပါတယ်။ S3စိုက်ပျိုးရေးဝန်ဆောင်မှု

KMS/ SMS နဲ့ပတ်သက်လို့ အသေးစိတ်ကိုတော့ ဒီမှာ လင့်မှာဝင်ကြပါခင်ဗျ https://www.facebook.com/Myanmar-Chemical-Mart-189407121788212/

12/06/2022

ဦးပြောင်ကြီးရေ😍😍ရောင်းစားလို့ရပြီးကုန်ချောထုပ်ပြီးသရက်ရွက်
အရမ်းကို အံ့ဩမိ ပါသည် ဖတ်ကြည့်ကြပါအုံးး
ကျနော်တို့ နိုင်ငံမှာပေါများလှတဲ့
သရက်ရွက်( Mango Leave ) ကို အမေရိကန်
နိုင်ငံမှာ ၂အောင်စ ကို 13$ နဲ့ရောင်းနေတာ
တွေ့ရတော့ ဘာတွေကောင်းလဲဆို google
ခေါက်ကြည့်လိုက်ပါတယ် ။
သူများတွေရောင်းနေတာ ကုန်ချောအဆင့်တောင်မဟုတ်ပါဖူးနော် ။
သူများရောင်းတာထိုင်ဝယ်စားနေရမယ် ခေတ်
လဲ မဟုတ်တော့ပါဖူး ။
သရက်သီးအရွက်ဟာ သရက်သီးထက် အဟာရ
ပိုများနေပါတယ် ။
ဗီတာမင် အေ ဘီ စီနဲ့ antioxidant တွေကြွယ်
ဝပါတယ် ။
သရက်ရွက်ကို ဆေးဘက်ဆိုင်ရာမှာ ရေနဲ့ပြုတ်၍
ဖြစ်စေ အရွက်ကိုအမှုန့်ပြုလုပ်ဖြစ်စေ အသုံးပြုနိုင်သလို အရှေ့တောင်အာရှမှာချက်ပြုတ်စားသောက်ကြပါတယ် ။
ဆေးဘက်ဆိုင်ရာအနေဖြင့် ဆီးချိုရောဂါကို
ထိန်းညိဖို့သောက်သုံးကြပါတယ် ။
ဒါအပြင် သွေးတိုးရောဂါ ထိန်းညိပေးပါတယ် စိတ်ရောဂါ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကုသနိုင်ပါတယ် ။
အကျိတ်တွေနဲ့ ကင်ဆာရောဂါကြီးထွားမှုကို
လျော့ချပေးပါတယ် ။
သည်းခြေမှာ ကျောက်တည်ခြင်းကို ခြေဖျက်
နိုင်ပါတယ်။
အစာအိမ်ရောဂါတွေသွေးဝမ်းသွားရောဂါတွေ
ကုသနိုင်ပါတယ်။
ကြို့ထိုးတဲ့ ရောဂါအတွက်ဆို သရွက်ရွက်ခြောက်ကိုမီးရှို့ပီး ရှူပေးရင်ပျောက်ကင်းပါတယ်။
မီးလောင်ဒဏ်ရာတွေမှာ အသုံးပြုနိုင်ပါတယ်
နားကိုက်ရောဂါကုသနိုင်ပါတယ် ။
ကိုယ်အလေးချိန်ကို လျော့ချနိုင်ပါတယ်
သုံးစွဲနည်းအသေးစိတ်ကို google မှာ
mango leave benefit ဆိုပီး ရှာနိုင်ပါတယ်
အလျင်းသင့်ရင် ဘာသာပြန်ပြီးဖော်ပြပေး
ပါအုန်းမယ်
Credit
မူရင်းတင်သူ
အလွန်ဆေးဖက်ဝင်သော သရက်ရွက်
ဒီနေ့မျှဝေပေးမဲ့အကြောင်းအရာကတော့ သရက်ရွက် ကိုစားသုံးရာတွင်ရရှိမဲ့ ကျွမ်းကျင်သူများ အထောက်အထားဖြင့် ထင်ပြထားသော ကောင်းကျိုး၊ ဆိုးကျိုးနှင့် စားသုံးနည်းပဲဖြစ်ပါတယ်။
သရက်ရွက်သည် Vitamin A, B နဲ့ C ကြွယ်ဝ ပြီး potassium, magnesium ဓာတ်လဲပါဝင်သောကြောင့် ကျန်းမာရေးအတွက်အလွန်အထောက်ကူပြု၍ ဆေးဖက်ဝင်ကြောင်းတင်ပြချင်ပါသည်။
သရက်ရွက် နှင့် ကျန်းမာရေး-
1. သရက်ရွက်တွင် anthocyanidins ဆိုသောဓာတ်ပါသောကြောင့် သရက်ရွက်ကို ရေနွေးတွင် တစ်ညအကြာစိမ်၍ ရလာသောအရေကို သောက်သုံးခြင်းဖြင့် အစပျိုးနေသောသွေးချို ရောဂါသက်သာစေရန်ကူညီပေးသည်။
2. သရက်ရွက်သည် သွေးတိုးခြင်းကိုလဲသက်သာစေပါသည်။
3. သရက်ရွက်ကို ရေချိုးသောကြွေဇလုံထဲထည့်၍ ရေချိုးခြင်းသည် စိုးရိမ်ပူပန်မှု/anxiety ကိုလဲ လျော့အောင်ကူညီပေးပါသည်။
4. ကျောက်ကပ်ကျောက်တည် ခြင်းနှင့် သည်းခြေအိပ်ကျောက်တည် ခြင်းများဖြစ်ပါက သရက်ရွက်ကို အမှုန့်ကြိတ်ပြီး ရေနွေးထဲတစ်ညထား၍ နေ့တိုင်းသောက်လျှင် ကျောက်များကျေစေပြီး ပျောက်စေပါတယ်ရှင့်။
5. သရက်ရွက်များများကို ပြုပ်၍ ပျားရည်အနည်းငယ်ဖြင့် သောက်လျှင် အသံပျောက်ခြင်း၊ အအေးမိ ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်း၊ ပန်းနာရင်ကြပ် တို့ကိုပျောက်စေပါသည်။
6. သရက်ရွက် တွင် adiponectin ပါသောကြောင့် အဆီပိုများကျပြီး ဝိတ်ထိန်းရာတွင်အထောက်ကူပြုပါသည်။
7. သရက်ရွက်သည် ကင်ဆာ ကာကွဲပေးသည်။
သရက်ရွက် စားသုံးနည်း-
1. Blender/ကြိတ်စက်ထဲသို့ သရက်ရွက် အမှုန့်ကို ရေ ဖြင့် သောက်ခြင်း။ ရေချိုး ကန်ထဲထည့်၍ ချိုးခြင်း။
2. သရက်ရွက် ၁၀-၁၅ ရွက်ကို ရေ 150ml တွင်ပြုတ်၍ ရေနွေးကြမ်းအဖြစ် သောက်နိုင်ပါသည်။
3. နောက်ဆုံးနည်းကတော့ မြန်မာတွေအကြိုက် တို့စရာအနေဖြင့် လတ်လတ်ဆတ်ဆတ် စားနိုင်သည်။
သရက်ရွက် ၏ဆိုးကျိုး-
သရက်ရွက်တွင် ဆိုးကျိုးအကြီးကျယ်မရှိပါ။ စားသုံးရန် အန္တရာယ်ကင်းသည်ဟု ဆိုထားပါသည်။

 #သရက်ပင်မျိုးစိတ်ပြောင်းလဲခြင်းမိမိခြံဝန်းထဲမှာ စိန်တစ်လုံးသရက်လို စျေးကွက်ဝင်တဲ့ သရက်မျိုးစိတ်တွေ စိုက်မရလို့ စိတ်ညစ်န...
07/06/2022

#သရက်ပင်မျိုးစိတ်ပြောင်းလဲခြင်း

မိမိခြံဝန်းထဲမှာ စိန်တစ်လုံးသရက်လို စျေးကွက်ဝင်တဲ့ သရက်မျိုးစိတ်တွေ စိုက်မရလို့ စိတ်ညစ်နေပါသလား...

စိတ်မညစ်ပါနဲ့
သရက်ပင်တစ်ပင် ရှိရုံနဲ့ ကြိုက်နှစ်သက်တဲ့ သရက်မျိုးစိတ်ကို ပြောင်းလဲလို့ ရနေပါပြီ.......

ပြောင်းလဲပုံ အဆင့်ဆင့်ကို တစ်ပုံချင်းစီအောက်မှာ လေ့လာရင်း မိမိကိုယ်တိုင်လက်တွေ့ ပြောင်းလဲ ကြည့်လိုက်ပါ...

မူရင်း Link...

https://www.facebook.com/655369941319868/posts/1957638361093013/?d=n

28/04/2022

အပင်တွေကို တိုက်ရိုက် ကြက်ဥခွံ ၊ဟင်းအချိုမှုန့် ၊ငါးပိတွေ ကျွေးတာထက်ပိုထိရောက်သောနည်း ရလဒ်ကောင်း
အော်ဂဲနစ် ဆေးရည် အလွယ်တ ကူ ပြုလုပ်အသုံးပြုနည်း။

အပင်အတွက် အမြစ်ကိုလည်း သန်မာစေပါတယ်
အရွက် အပွင့် အသီးတို့အတွက် အရွက်သန် အပွင့်အား ကောင်း အရသာရှိသော အသီးကို ဖြစ်စေပါတယ်။
ကုန်ကြမ်းများ
--------
☑ကြက်ဥ ၁ လုံး
☑ကြက်ဥအခွံ ၂ လုံး
☑ဟင်းအချို မှုန့် ၁ ဇွန်း
☑ငါးပိစိမ်း အရည် ၁ ဇွန်း
(မျှင်ငပိ /ငပိထောင်း ထောင်းတဲ့ ငပိစိမ်း ၁ ဇွန်း လည်း သုံးလို့ရ)

ပြုလုပ်နည်း
--------
ကြက်ဥ ၁ လုံးခေါက်ပါ ဟင်းအချိုမှုန့် ၁ ဇွန်း ထည့်ပါ
ငါးပိရည် ၁ ဇွန်းထည့်ပါ

အသီးဖျော်စက်ထဲထည့်ပြီး ကြက်ဥအခွံ ၂ လုံး သမ အောင် ရောကြိတ်ပါ ဖျော်စက် မရှိသူများ ကြက်ဥအခွံကိုငရုပ်ဆုံ ကိုသန့်စင်အောင်ဆေးပြီး ကြက်ဥအခွံ ကို ထောင်းနိုင်ပါတယ်။
ရေ ၁ လီတာစီ ရေဘူးထဲ အဆင်သင့် ထည့်ထားပါ

အသင့်ကြိတ် ဖျော်ထားသော ကြက်ဥ အရည်ကို
၁ ဇွန်းဆီ ထည့်ပါ သမအောင် လုပ်ခါပါ
၅-၆ ပုလင်းခန့်ရပါလိမ့်မည်။

အဖုံး လုံအောင်ပိတ်ပါ နေပူတွင် ဆေးထည့်ထားသော ရေဘူး ၇ ရက်ထားပါ။တစ်နေ့ ၁ ကြိမ် လုပ်ခါပေးရပါမည်။ ၂၁-ရက်အတွင်းမှာတော့ အနုဇီဝပိုးများပေါက်ပွားပြီး အနီရောင် ရှိသော ဂျူလင်စီ
စံခေါစင်ကိုရရှိပါပြီ။

ဆေးအောင်မြင်ပြီး ဆေးရည် ဖြစ်လာပြီဆိုပါက
ပြန်လည် ပွားယူရတာပိုပြီး လျင်မြန်ပါတယ်

ပွားနည်း
-----
ကြက်ဥ ၁ လုံး
ဟင်းချို မှုန့် ၁ ဇွန်း
ငါးပိရည် ၁ ဇွန်း
ဆေးဦးရည် ၂ ဇွန်း သမအောင်
မှပေါ ။

၁ လီတာရှိသော ရေအသင့်ပုလင်းထဲ ၁ ဇွန်းစီထည့်ပါ ၅/၆ ပုလင်း လီတာခန့်ရပါမည်။

သမရောစပ်ထားသော အရည် ထည့်ပြီး သား ထဲ နောက်ထပ် ဆေး ဦးရည် ၃ ဇွန်း ထပ်ထည့်ပြီး လုပ်ခါပါ ပုလင်းကို လဲရက်အဖုံးပိတ် နေ ပူထဲ ၇ ရက် ထားပါ အရင် ပထမ ဆေး လို ၂၁ ရက်စောင့်စရာ မလိုတော့ပါ။

၇ ရက် ပြည့်ရင် အသုံးပြုလို့ရပါပြီဗျာ။

အသုံးပြုနည်း
--------
ဆေးဖျန်းပုံး ၂၀ လီတာ ၁ ပုံးကို ဆေးရည် ၂ဝ ဇွန်း
၇ ရက် ၁ကြိမ်ဖျန်းပေးပါ ။

ကျစ်နေသော မြေအတွက် မြေကြီးထဲထည့်ပါ ဆေးရည် ၂၀ ဇွန်း ရေ ၂၀လီတာ
ရော မြေကြီးထဲထည့်ဖျန်း အပင်အတွက် အမြစ်ကိုလည်း သန်မာစေတယ် အစာချက်အား ပိုမို ကောင်းမွန်စေပါတယ်။

စိုက်ပျိုးရေးနည်းပညာ

ရောင်စုံလေး❤️❤️❤️
30/03/2022

ရောင်စုံလေး❤️❤️❤️

ရေစပါယ် အလှ
27/03/2022

ရေစပါယ် အလှ

ဒီနေ့ည (၂၁ ည) ကနေစမယ့် တဖြည်းဖြည်းချင်းလေပြင်းလာမယ့် အနေအထားကနေ မနက်ဖြန်နေ့လည်ပိုင်း ရန်ကုန်မှာ 30 knots wind gust ရှိမယ...
21/03/2022

ဒီနေ့ည (၂၁ ည) ကနေစမယ့် တဖြည်းဖြည်းချင်းလေပြင်းလာမယ့် အနေအထားကနေ
မနက်ဖြန်နေ့လည်ပိုင်း ရန်ကုန်မှာ 30 knots wind gust ရှိမယ့် အနေအထားပါ...
( 30 knots = 55.6 km/hr)
ဧရာဝတီတိုင်း ကမ်းခြေမြေနိမ့်ပိုင်းဘက်တွေမှာတော့ ပိုပြင်းမှာပါ...

IMD ခန့်မှန်းချက်အတိုင်း
ဒီနေ့(မတ်လ ၂၁ ရက်) ညနေ ၆ နာရီခွဲမှာ
ဆိုင်ကလုန်းမုန်တိုင်း ASANI အဆင့်ကို
ရောက်လာနိုင်ဘွယ်ရှိတာကလဲ
သေချာသလောက်ရှိပြီဆိုတော့ ..

မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း ပြင်စလူကို ဦးတည်ပြီး
ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်မယ်ဆိုရင် ဧရာဝတီတိုင်းတောင်ပိုင်း၊
ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းဒေသအချို့မှာ
လေပြင်းတိုက်ခတ်တာနဲ့ မိုးကြီးတာတွေ
ဒီနေ့ညမှာ စတင်ကြုံတွေ့ရနိုင်ပါမယ်။

လေပြင်းတိုက်ခတ်ချိန်မှာတော့
တစ်နာရီ မိုင် ၄၀ မှ ၅၀ လောက်အထိရှိနိုင်ပြီး မိုးသည်းထန်နိုင်တာ၊
သစ်ပင်/ဓါတ်တိုင်တွေ လဲပြိုတာ ရှိနိုင်ပါမယ်။

#မူရင်းရေးသားသူအားလေးစားစွာကူးယူတင်ပြအပ်ပါသည်

ဇလပ်အသေး မနက်မိုးလင်းရင် သင်းသင်း‌‌ေလးမွှေးနေပြီးဖြူးဖွေးစွတ်နေအောင်ပွင့်တာအပွင့်မပွင့်တဲ့နေ့ကိုမရှိဘူးအိမ်ရှေ့ခြံစည်းရိ...
21/03/2022

ဇလပ်အသေး
မနက်မိုးလင်းရင် သင်းသင်း‌‌ေလးမွှေးနေပြီး
ဖြူးဖွေးစွတ်နေအောင်ပွင့်တာ
အပွင့်မပွင့်တဲ့နေ့ကိုမရှိဘူး
အိမ်ရှေ့ခြံစည်းရိုးလေးမှာစိုက်ရင် အမောပြေပဲ
ဒီလိုအပင်လှလှလေးတွေစိုက်ချင်ရင် မှာ လာရောက်မှာယူအားပေးနိုင်ပါတယ်ရှင့်🦋

Address

Bo Sun Pat Street
Yangon

Website

Alerts

Be the first to know and let us send you an email when May Ma Ma's plants collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category