ရောင်နီစံ ကြွေပြားနှင့်အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး

  • Home
  • Myanmar
  • Yangon
  • ရောင်နီစံ ကြွေပြားနှင့်အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး

ရောင်နီစံ ကြွေပြားနှင့်အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ရောင်နီစံ ကြွေပြားနှင့်အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး, Home improvement, Yangon.

ဝီရိယဆိုတာ ၄ ဆင့်ရှိတယ်■ ပထမအဆင့်က အလုပ်တစ်ခုကို လုပ်မယ်လို့ ဆုံးဖြတ်တာ၊ အဲဒါ အနိမ့်ဆုံးအဆင့် ဝီရိယ။ ■ ဒုတိယအဆင့်က ဆုံးဖ...
15/03/2022

ဝီရိယဆိုတာ ၄ ဆင့်ရှိတယ်

■ ပထမအဆင့်က
အလုပ်တစ်ခုကို လုပ်မယ်လို့ ဆုံးဖြတ်တာ၊
အဲဒါ အနိမ့်ဆုံးအဆင့် ဝီရိယ။

■ ဒုတိယအဆင့်က
ဆုံးဖြတ်ချက်အတိုင်း အလုပ်ကို စပြီးလုပ်တာ။

■ တတိယအဆင့်က
ခက်ခဲပေမယ့်လည်း ဆက်ပြီးလုပ်တာ။

■ စတုတ္ထအဆင့်က
ရှုံးနိမ့်မှုနဲ့ရင်ဆိုင်ရရင်တောင်မှ လက်မမြှောက်ဘဲ နောက်တစ်ခါထပ်ပြီး ကြိုးစားတာ။

အဲဒါ ဝီရိယပါပဲ။

ဒေါ်အောင်ဆန်းစုကြည်

 #ရှင်သန်ပါ။တစ်နေ့တော့အဆိုးတွေကို အားတင်းနိုင်ခဲ့တဲ့အကြောင်းပြောပြချင်တယ်။တစ်နေ့တော့အခက်အခဲတွေကိုတိုက်ပွဲ၀င်နိုင်ခဲ့တဲ့အ...
14/03/2022

#ရှင်သန်ပါ။
တစ်နေ့တော့
အဆိုးတွေကို အားတင်းနိုင်ခဲ့တဲ့အကြောင်း
ပြောပြချင်တယ်။

တစ်နေ့တော့
အခက်အခဲတွေကို
တိုက်ပွဲ၀င်နိုင်ခဲ့တဲ့အကြောင်း
ပြောပြချင်တယ်။

တစ်နေ့တော့
ကိုယ့်အပေါ်ယုတ်မာခဲ့သူတွေကို
ခပ်လှောင်လှောင် ပြုံးပြနိုင်ခဲ့တဲ့အကြောင်း
ပြောပြချင်တယ်။

တစ်နေ့တော့
ကျရှုံးမှုတွေကို
လှေကားတွေလိုနင်းတက်ခဲ့တဲ့အကြောင်း
ပြောပြချင်တယ်။

တစ်နေ့တော့
နှာခေါင်းရှုံ့ခဲ့သူတွေ
ကိုယ့်ကိုမျက်နှာလိုမျက်နှာရ
လက်ဆွဲနှုတ်ဆက်ချိန်အကြောင်း
ပြောပြချင်တယ်။

တစ်နေ့တော့
မျက်ရည်တွေချိုမြိန်လာကြောင်း
ရယ်ရင်းမောရင်းပြောပြချင်တယ်။

တစ်နေ့တော့
ကိုယ့်အိပ်မက်တွေ
ထုဆစ်ပုံဖော်နိုင်ခဲ့တဲ့အကြောင်း
ဂုဏ်ယူစွာပြောပြချင်ပါတယ်။

အဲ့ဒီ့တစ်နေ့အတွက်
ခုချိန်...... ရှင်သန်
အားတင်းထားလိုက်ပါ။

စောင့်ထိန်းအပ်သော လူမှုကျင့်ဝတ်များ🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎(၁) ဘယ်လောက်ပဲ ချစ်ခင်ရင်းနှီးပါစေ။စကားကို လက်လွယ်စပယ် မပြောပါနဲ့။ခံစားတတ်...
12/03/2022

စောင့်ထိန်းအပ်သော လူမှုကျင့်ဝတ်များ
🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎

(၁) ဘယ်လောက်ပဲ ချစ်ခင်ရင်းနှီးပါစေ။
စကားကို လက်လွယ်စပယ် မပြောပါနဲ့။

ခံစားတတ်တဲ့ ဝေဒနာဆိုတာ
လူတိုင်းမှာ ရှိပါတယ်။

(၂) ဘယ်လောက်ပဲ မုန်းတီးနေပါစေ။ အခြားသူရဲ့ပုဂ္ဂိုလ်ရေးကို နှိမ့်ချစော်ကား
တာမျိုး မပြုလုပ်ပါနဲ့။

လေးစားမှုဆိုတာ လူတိုင်းနဲ့ထိုက်တန်သလို
မိမိကိုယ်တိုင်နဲ့လည်း ထိုက်တန်ပါတယ်။

(၃) ဘယ်လောက်ပဲ သဘောကောင်းတဲ့သူနဲ့
တွေ့ပါစေ အခွင့်အရေးကို တဆုံးမနှိုက်ပါနဲ့။

မိမိကိုယ်ကိုယ် ထိန်းသိမ်းတတ်ပါစေ။ အခွင့်
အရေးသမားကို လူတိုင်းက ရွံ့မုန်းကြပါတယ်။

(၄) ဘယ်လောက်ပဲ အလကားရနေပါစေ။
မိမိရသင့်တဲ့ အတိုင်းအရှည် ပမာဏကို
အသိစိတ်နဲ့ ဆင်ခြင်တတ်ပါစေ။ သိက္ခာ
တရားဆိုတာ မွေးမြူသင့်ပါတယ်။

(၅) ဘယ်လောက်ပဲ အခက်အခဲပြဿနာနဲ့
ကြုံရပါစေ မိမိကိုယ်ပိုင် အစွမ်းအစနဲ့ အရင်
ဖြေရှင်းတတ်ပါစေ။ အကူအညီကို အလွယ်
တကူ လိုချင်တဲ့သူ မဖြစ်ပါစေနဲ့။

(၆) ဘယ်လောက်ပဲ ရိုးသားတဲ့လူကို
တွေ့ပါစေ။ သင့်အကျိုးအမြတ်အတွက်
အသုံးမချပါနဲ့။

ရိုးသားမှုဆိုတာ အရည်အသွေးတစ်ခုဖြစ်ပြီး
အခြားသူအတွက် ဖြစ်တည်နေတာ မဟုတ်
ပါဘူး။

(၇) ဘယ်လောက်ပဲ အင်အားကြီးမားတဲ့သူ
သင်ဖြစ်နေလည်း အလွယ်တကူ အနိုင်ကျင့်
ချင်တဲ့ စိတ်ဓာတ်မျိုး မမွေးပါနဲ့။

ဒီကနေ့ အင်အားကြီးမားသူဟာ နောင်
တစ်နေ့မှာ အင်အား ပျောက်ဆုံးသွားနိုင်လို့ပါ။
သံသရာဆိုတာ လည်ပတ်နေပါတယ်။

(၈) ဘယ်လောက်ပဲ အတွေးအခေါ်တွေ ဆန့်
ကျင်ဖက် ဖြစ်နေပါစေ။ ကိုယ်ပဲ မှန်နေတယ်
လို့ မထင်ပါနဲ့။ မကျင့်သုံးနိုင်ရင် ပယ်လိုက်ပါ။

အခြားသူရဲ့ အတွေးအခေါ်ထဲ သင်လည်း
မနေနိုင်သလို သူလည်း နေမှာမဟုတ်ပါဘူး။

(၉) သင်ဘယ်လောက်ပဲ ထူးချွန်ထက်မြက် နေပါစေ
တခြားသူကို ညံ့ဖျင်း တုံးအတယ်လို့
အလွယ်တကူ မှတ်ချက်မပေးပါနဲ့။

နောက်ခံအခြေအနေဆိုတာ တသမတ်တည်း
ရရှိနိုင်တာ မဟုတ်လို့အရည်အချင်းတွေ
ကွဲပြားနေတာကို သတိပြုမိပါစေ။

(၁၀) မိမိကြိုက်နှစ်သက်တဲ့ လူ အရာဝတ္ထု
အတွေးအခေါ် အခြေအနေ တစ်ခုကို မိမိ
ဘာသာ စိတ်ကြိုက် နှစ်သက်ခွင့်ရှိပါတယ်။

ဒါပေမယ့် သူတစ်ပါးကြိုက်နှစ်သက်တဲ့အရာ
တွေကိုတော့ ကဲ့ရဲ့ရှုတ်ချပြီး သင်ကြိုက်တဲ့
အရာတွေကို ဂုဏ်တင်ပြီး ပြောတာမျိုးတော့မဖြစ်သင့်ပါ။

Crd
#ဘဝကိုပြောင်းလဲစေသောအတွေးအခေါ်များ

🔲 မျက်လုံးရှိရက် သူများအပြစ်ကိုပဲမြင်တတ်တာ အ-ကုသိုလ် မျက်လုံးပါ။ 🔲 နားရှိရက် သူများ ဒုက္ခကိုသာ ကြားချင်တာ အ-ကုသိုလ် နားပ...
10/03/2022

🔲 မျက်လုံးရှိရက်
သူများအပြစ်ကိုပဲ
မြင်တတ်တာ
အ-ကုသိုလ် မျက်လုံးပါ။

🔲 နားရှိရက်
သူများ ဒုက္ခကိုသာ
ကြားချင်တာ
အ-ကုသိုလ် နားပါ။

🔲 ပါးစပ်ရှိရက်
တစ်ဖက်သား မကောင်းကြောင်း
ကိုယ့်ကောင်းကြောင်းပဲ
ပြောတတ်တာ
အ-ကုသိုလ် ပါးစပ်ပါ။

🔲 လူအချို့ဟာ
ကိုယ့်ဖက်ကို ကြည့်ရင်
မျက်စိတစ်ဖက် ကန်းနေကြပါတယ်။

🔲 သူတစ်ပါး
တိုးတက်ကြီးပွားကြောင်း
ကြားရရင်
နားတစ်ဖက်ကန်းနေကြပါတယ်။

🔲 သူတစ်ပါးကောင်းကြောင်း
ပြောဖို့ကြုံလာရင်
နှုတ်ဆိတ်ပြီး
အ-နေတတ်ကြပါတယ်။

🔲 လောကကြီးမှာ လူပီသဖို့ရာ
ကိုယ်ချင်းစာတရားထားတတ်မှ
လူဟာ လူနဲ့တူမှာဖြစ်ပါတယ်။

🔲 ဒါကြောင့်
တစ်ဖက်ဇောင်းနင်းပြီး
တစ်ဖက်ပိတ်နေတတ်တဲ့
အထဲမှာ ကိုယ်မပါစေနဲ့။

Credit

ကောင်းကင်နဲ့ မတန်တဲ့ ကြယ် ဆိုတာ မရှိဘူး....။ကမ်းခြေနဲ့ မလိုက်ဖက်တဲ့ လှိုင်း ဆိုတာ မရှိဘူး....။ရေကန်နဲ့ မတင့်တယ်တဲ့ ကြာပင...
07/03/2022

ကောင်းကင်နဲ့ မတန်တဲ့
ကြယ် ဆိုတာ မရှိဘူး....။

ကမ်းခြေနဲ့ မလိုက်ဖက်တဲ့
လှိုင်း ဆိုတာ မရှိဘူး....။

ရေကန်နဲ့ မတင့်တယ်တဲ့
ကြာပင် ဆိုတာ မရှိဘူး....။

ဒုက္ခနဲ့ ကင်းဝေးတဲ့
ဘဝ ဆိုတာ မရှိဘူး....။

ပန်းတိုင်နဲ့ ဝေးသော
ကြိုးစားမှုဆိုတာ မရှိဘူး....။

အောင်မြင်မှုနဲ့ မထိုက်တန်တဲ့
ဆုလဒ် ဆိုတာ မရှိဘူး....။

ကိုယ်ဖြစ်ချင်တာကို ဖြစ်အောင်လုပ်နေရတဲ့ ဘဝတွေဟာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေတာ မဟုတ်ပါဘူး...။
ရည်ရွယ်ချက်တွေနဲ့ အသက်ရှင်နေတာပါ....။

ကြိုးစားတာတွေ ဖြစ်မလာတဲ့အခါ စိတ်ပျက်အားငယ်တတ်တာ သဘာဝပါ....။

အဆင်မပြေတာ တစ်ခုကြောင့် ရည်ရွယ်ချက်တော့ မပျက်စေနဲ့....။
ရည်ရွယ်ချက်ပျက်ရင် ဘဝပျက်တတ်ပါတယ်....။

စိတ်ဓာတ်ကျနေရင် ပန်းတိုင်နဲ့ဝေးသွားမယ်....။
ပန်းတိုင်ဆိုတာ ကိုယ့်ဆီကို မလာပါဘူး....။
ကိုယ်ကသာ ပန်းတိုင်ဆီရောက်အောင် သွားရမှာပါ...။

ဒီနေ့ ကျရှုံးနေလို့
စိတ်ပျက်အားငယ်နေမယ့်အစား
မနက်ဖြန်မှာ
အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ....။

ကြိုးစားမှုရဲ့ မနက်ဖြန်တိုင်းမှာ
အောင်မြင်မှုတွေ ရှိပါတယ်....။

မလျှော့သော ဇွဲ၊ လုံ့လ ၊ဝိရိယ နဲ့ကြိုးစားမယ်ဆိုရင် မနက်ဖြန်တိုင်းမှာ အောင်မြင်မှုတွေက စောင့်ကြိုလို့နေမှာပါ....။

"ထပ် မမှားမိစေနဲ့🔳 လူရယ်လို့ ဖြစ်လာရင်ဘယ်သူမှ အမှားမကင်းနိူင်ပါဘူး။အမှားကြီးနဲ့ အမှားသေးပဲ ကွာခြားတာပါ.....🔳 သူတစ်ပါးကို...
07/03/2022

"ထပ် မမှားမိစေနဲ့

🔳 လူရယ်လို့ ဖြစ်လာရင်
ဘယ်သူမှ အမှားမကင်းနိူင်ပါဘူး။
အမှားကြီးနဲ့ အမှားသေးပဲ ကွာခြားတာပါ.....

🔳 သူတစ်ပါးကို အပြစ်ပြောတော့မယ်ဆိုရင်
ကိုယ် ကိုယ်တိုင်က အမှားကင်းရဲ့လားဆိုတာ အရင်ပြန်တွေးပါ....

🔳 မမှားသော ရှေ့နေ ၊ မသေသော ဆေးသမားဆိုတာ ရှိရဲ့လား
သူတစ်ဖက်သား အမှားကို ဝေဖန် ထုတ်ဖော်ခြင်းဆိုတာ
အောက်တန်းအကျဆုံး လုပ်ရပ်တစ်ခုပါ....

🔳 အမှားကို အမှားမှန်း သိပြီး
အမှန်ဖြစ်အောင် ပြုပြင်တတ်ဖို့ပဲ လိုတယ်.....

🔳 အမှား ကျူးလွန်မိတိုင်း လူညံ့မဟုတ်သလို
သူများအပြစ်တွေကို တိုက်ခိုက် တာ၊ ဝေဖန်တာကလဲ
လူတော် လူကောင်း တွေရဲ့ လူရပ် မဟုတ်ပါဘူး....

🔳 ကိုယ့်အမှားကို ကိုယ်ပြန်မြင်နိူင်ပြီး
အမှားကို အမှန်ဖြစ်အောင်
ပြုပြင်ပြောင်းလဲ တတ်သူက လူတော် ပါ....

🔳 တစိကြိမ်တစ်ခါ မှားခဲ့ဖူးတာကို
အချို့က အခွင့်ကောင်းယူပြီး ဝေဖန် တိုက်ခိုက် ပြစ်တင်ကျလိမ့်မယ်။
ဂရုစိုက်နေဖို့ မလိုဘူး
လက်ရှိမှာ ကိုယ်က မှန်နေဖို့ပဲ လိုတာပါ.....

🔳 လူဆိုတဲ့ အမျိုးက ကိုယ့်မျက်ချေး ကိုယ်မမြင်ကြဘူး
သူများ မျက်ချေးကိုပဲ မြင်တတ်ကျတာ သဘာဝ.....
ဝေဖန် တိုက်ခိုက်တိုင်း စိတ်ဓာတ်ကျ သိမ်ငယ်နေဖို့ မလိုပါဘူး။
ကိုယ့်ရဲ့ အမှားတစ်ခုကို ဝေဖန်တိုက်ခိုက်နေသူမှာလဲ
အမှားတွေ ကျူးလွန်းဖူးကြပါတယ်။
ဘာမှ အားမငယ်လိုက်ပါနဲ့.....

🔳 ဝေဖန်တိုက်ခိုက်သူကို မကျေနပ်လို့
အရွဲ့တိုက်ပြီး ထပ်မမိုက်မိပါစေနဲ့.....
သူတို့ကို အရွဲ့တိုက်လိုက်လို့ ကိုယ်ဘာမှ ပြန်မရဘူး
ကိုယ်ပဲ အမှားပေါ် အမှားဆင့်ပြီး ပြင်မရအပြစ်တွေနဲ့
ဘဝပျက်သွားလိမ့်မယ်နော်.....
သတိလေး ထားပါ။

🔳 ကိုယ့်ကို လာတိုက်ခိုက်နေလဲ မျက်ကွယ်ပြု လျစ်လျူရှူ့ထားလိုက်ပါ
လူတစ်ယောက်ကို အကောင်းဆုံး လက်စားချေမှု့က ဥပေက္ခာ ပြုခြင်းပါ။
မတူလို့ မတုဘူး ဆိုတဲ့ သေဘာပေါ့.....
ကိုယ့်ကို လာကိုက်တဲ့ ခွေးနဲ့ ပြိုင်ကိုက်နေရင်
ကိုယ်ပါ ခွေးဖြစ်သွားတတ်တယ်.....

🔳 အမှားကျူးလွန်ခဲ့မိခြင်းဟာ
အမှန်တရားအတွက် ရင်းနှီး မြှပ်နှံခြင်းမျိုးပဲ ဖြစ်ပါစေ။
ထပ်ဆင့် အမှားကျူးလွန်ဖို့ တွန်းအားမဖြစ်ပါစေနဲ့.....
မှားခဲ့တဲ့ အမှားထဲက သင်ခန်းစာ ယူပါ။
နောက်ထပ် မမှားအောင် သတိထားပါ .....✍✍✍

🔳 သင်ခန်းစာ ဆိုတာ ယူတတ်မှ ရတာမို့
လက်တွေ့ ကြုံခဲ့သမျှကို သင်ခန်းစာ ယူပြီး
ဘဝကို အမှားနည်းအောင် နေထိုင်ရှင်သန်လိုက်ပါ..



ကြံ့ကြံ့ခံနိုင်မှု (Resilience) ဆိုတာ  🔹 မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ဦးစားပေးပြီးတော့ ဟောတာ ဒုက္ခနဲ့တွေ့တဲ့အခါမှာ...
07/03/2022

ကြံ့ကြံ့ခံနိုင်မှု (Resilience) ဆိုတာ



🔹 မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ဦးစားပေးပြီးတော့ ဟောတာ ဒုက္ခနဲ့တွေ့တဲ့အခါမှာ ယိမ်းယိုင်မှု မရှိဘဲနဲ့ Resilience ၊ resilience ဆိုတာက ကြံ့ကြံ့ခံနိုင်တာပေါ့။ ကြံ့ကြံ့ခံနိုင်တယ် ဆိုတဲ့ဟာက ဟို resistance ပြောတာမဟုတ်ဘူး၊ resistance က resist လုပ်တယ် အဲဒါက ကြံ့ကြံ့ခံတယ် အဲဒါက တစ်ခု။ အသုံးပြုတဲ့ အင်္ဂလိပ်စကား။


🔹 နောက်တစ်ခုက Resilience ဆိုတာက ဥပမာ ကားကြပ်လို့ ဒါမှမဟုတ် လိုချင်တဲ့ပစ္စည်းမှာတာ နောက်ကျနေလို့ စိတ်ညစ်သွားရင် စိတ်ညစ်တာကို သိလိုက်တယ်၊ အဲဒီ စိတ်ညစ်တာကနေပြန်ပြီး မြန်မြန်ဆန်ဆန် နလန်ထူနိုင်တာ။


🔹 စိတ်ညစ်တဲ့အခါမှာ အဆိုးမြင်ဝါဒ ဝင်တယ်။ Negative thinking တွေ ဝင်တယ်၊ အဲဒီ Negative thinking ကနေ ပြန်နလန်ထူတာ recover ဖြစ်တယ် ခေါ်တာပေါ့။


🔹 ပြန်ပြီးတော့ နလန်ထူတယ် ပြန်ပြီး recover ဖြစ်တယ် အဲဒီဟာကို positive thinking ခေါ်တာ။ အဲဒီလို ဒုက္ခနဲ့တွေ့တိုင်း ပြဿနာနဲ့ တွေ့တိုင်း ခလုတ်တိုက်တိုင်း ကိုယ့်ဟာကိုယ်ကို ပြန်ပြီးတော့ မြန်မြန်ဆန်ဆန် recover ဖြစ်တာ နလန်ထူတာ နလန်ထနိုင်တာ အတွေးအခေါ်အနေနဲ့ရော စိတ်ခံစားမှု emotion အနေနဲ့ရော ပြန်ပြီးတော့ နလန်ထနိုင်တာ။


🔹 Negative attitude ကနေ Poisitive attitude ပြန်ဖြစ်သွားတယ်။ ရမှရပါ့မလားဆိုတဲ့ သံသယကနေပြီးတော့ ဒီဟာ လုပ်နိုင်ပါတယ်ဆိုပြီးတာ့ ယုံကြည်ချက်လေး ပြန်ပြီးတော့ ရရှိထားတယ်။ Negative ဘက်ကနေ Positive ဘက် ပြန်ရာက်သွားတယ်။


အဲဒါကို Resilience လို့ ခေါ်တယ်။


🔹 Resilience ကို တချို့ psychologist တွေကတော့ Mental Immune System - immunity က ကိုယ်ခံအားကို ပြောတယ်လေ၊ ကိုယ်ခံအားကောင်းတဲ့လူ အအေးဒဏ် ခံနိုင်တယ်၊ နှာစီးဒဏ်တွေ ခံနိုင်တယ်၊ ရာသီဥတု climate ဒဏ်တွေခံနိုင်တယ်။


🔹 အဲဒီလိုပါပဲတဲ့ စိတ်ထဲမှာ စိတ်ဓာတ်ခံအား ခေါ်ရမှာပေါ့ psychological immune system ကောင်းတဲ့ပုဂ္ဂိုလ်၊ အဲဒီပုဂ္ဂိုလ်ကလည်း တော်ရုံတန်ရုံ သူများဝေဖန်တာတို့ တော်ရုံတန်ရုံ အခက်အခဲနဲ့ တွေ့တာမျိုးတို့ အဲဒါမျိုးဆို သူက


🍃 စိတ်ဓာတ် မကျတတ်ဘူး
🍃 လက်မလျှော့တတ်ဘူး


လက်မလျှော့ရုံတင် မကဘူး မိမိတွေးခေါ်တဲ့နေရာမှာ -

🍃 မိမိအတွက်လည်းတွေးတယ်
🍃 သူတစ်ပါးအတွက်လည်း တွေးတယ်


🔹 တချို့ကျတော့ အခက်အခဲနဲ့တွေ့ပြီဆိုရင် ကိုယ့်အတွက်ပဲ တွေးတော့တယ်၊ inward-looking တစ်ခုပဲ လုပ်တော့တယ် outward-looking မလုပ်တော့ဘူး balance မဖြစ်တော့ဘူး။


🙏 ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ဒေါက်တာဓမ္မသာမိ🙏

"နေ့စဉ်အသုံးချ ကရုဏာ(၁၇.၁.၂၀၁၉ မြစ်ကြီးနားမြို့)" တရားတော်မှ ကောက်နှုတ် ရေးသားပူဇော်ပါသည်။




"My own Hero" သီးချင်းနားထောင်ရင်း .....ဘယ်သူမှ မင်းကိုမကူညီနိုင်ပါဘူး ... ဒါပေမယ့်မင်းကို အပြစ်မလွတ်အောင် ပြောမယ့်သူတွေ...
07/03/2022

"My own Hero" သီးချင်းနားထောင်ရင်း .....

ဘယ်သူမှ မင်းကိုမကူညီနိုင်ပါဘူး ... ဒါပေမယ့်မင်းကို အပြစ်မလွတ်အောင် ပြောမယ့်သူတွေ၊ သူတိုသိတယ် တတ်တယ် လမ်းပြမယ်ဆိုသူတွေ သတိထားပါ ....
"Be your own Hero" ကိုယ်တိုင် သူရဲကောင်း ဖြစ်အောင်သာကြိုးစားကြပါ....

ဒီ ၈ ချက်ထဲက ကိုယ်ကြိုက်တာလေးတွေ ယူသုံးပေါ့

Engaged Learning စာဖတ်ပါ လေ့လာပါ မပျင်းပါနဲ့ ကိုယ်တိုင်လေ့လာပါ၊ ဆရာတင်မှားရင် တသက်ပဲ။ ကိုယ်နဲ့ လက်ရှိအခြေအနေမှာ ဘာပညာလိုအပ်တာလဲ ဘယ်လိုလေ့လာလို့ရသလဲ ဘာစာအုပ်ဖတ်ရမှာလဲ။

Focus and Self-Control ကိုယ်စိတ်ကိုယ်ထိမ်းနိုင်ဖို့ အာရုံစိုက်ပါ၊ သူများကို ထိမ်းဖို့ သွားမစဉ်းစားနဲ့။ အချိန်ကုန်တယ်။

Perspective-Taking ရှုထောင့်မျိုးစုံက မြင်နိုင်အောင်ကြည့်ပါ၊ ဘယ်လိုကြည့်ကြည့် ကိုယ်မှန်တယ်လို့ထင်နေရင် စိတ်ပညာကျွမ်းကျင်သူနဲ့ပြကြည့်ပါ။

Good Communication ဆက်ဆံရေးကောင်းပါ၊ တချို့က ဆက်ဆံရေးတော်တော်ကောင်းကြတယ် Social Media များ ချမ်းသာသူတွေ၊ ကိုယ့်အတွက်ရမယ့်လူတွေမှာ Comment တွေ ပလူပျံနေလေရဲ့။ အားမကျနဲ့ ကိုယ်တိုင် hero ဖြစ်ရင်လဲ ဒီ Comment တွေ Like တွေမှာ သာယာမနေပါနဲ့။

Making Connections မိတ်ဆွေကောင်းများနဲ့ အမြဲချိတ်ဆက်နေပါ၊ သူကောင်းဖို့ကြီးပဲ မရှာနဲ့အုံး၊ ကိုယ်လဲကောင်းပါအုံး၊ ကောင်းချင်ယောင်လဲ မဆောင်ပါနဲ့ အချိန်ကစကားပြောတော့ သိလာလိမ့်မယ်။

Critical Thinking ဝေဖန်ပိုင်းခြားပြီး လေ့လာပါ၊ ဆုံးဖြတ်ချက် ချမယ်ဆိုရင် ရေရည်ကိုတွေးပါ ခဏတာ စိတ်ခံစားမှုနဲ့ မဆုံးဖြစ်ပါနဲ့။ လူ့ယဉ်ကျေး မဖြစ်ရင်တောင်သူများကို မရိုင်းတာ အကောင်းဆုံးပါပဲ။

Taking on Challenges စိန်ခေါ်မှု အခက်အခဲများကို ပညာရှိစွာရင်ဆိုင်ပါ။ ပညာမဲ့ရင် ခံရတာများတယ်၊ Challenge ကနေ Problem ဖြစ်သွားနိုင်တယ်။

Self-Directed ကိုယ်တိုင် တွန်းအားပေးပါ၊ သူများတွန်းမှ မရွေ့ပါနဲ့ လူငယ် လူလတ် လူကြီး ကိုယ်လုပ်နိုင်တာအတွက် မိမိကိုယ်တိုင် ပဲတွန်းအားပေးပါ လမ်းမပျောက်ပါနဲ့ လမ်းဖောက်ပါ။ အခုမအောင်မြင်‌သေးရင် နောက်အောင်မြင်မယ်ဆိုတဲ့ စိတ်နဲ့ ပညာနဲ့ယှဉ်ကြိုးစားပါ။

ရန်ကုန် အောင်မင်္ဂလာ ကားဝင်းမှ  ကားဂိတ်ဖုန်းနံပါတ်များ(တစ်နေ့ လိုအပ်လာလိမ့်မယ်)သံလွင်°°°°°°°°ရန်ကုန် ၊ ကြို့ပင်ကောက် ၊ ဇ...
07/03/2022

ရန်ကုန် အောင်မင်္ဂလာ ကားဝင်းမှ ကားဂိတ်ဖုန်းနံပါတ်များ
(တစ်နေ့ လိုအပ်လာလိမ့်မယ်)

သံလွင်
°°°°°°°°
ရန်ကုန် ၊ ကြို့ပင်ကောက် ၊ ဇီးကုန်း ၊ နတ်တလင်း ၊ ပေါင်းတည်၊ ပုတီးကုန်း ၊ သဲကုန်း ၊ ဆင်မြီးဆွဲ! ပြည် အောင်မင်္ဂလာအဝေးပြေးကွင်း
09 253 771 912 /09425786556/
09792615815 09 962190600

မန်းရွှေပြည်
°°°°°°°°°°°°°
ရန်ကုန် ၊ မန္တလေး ၊ လားရိူး
ရန်ကုန် - အောင်မင်္ဂလာကားဝင်း
၀၁၆၃၆၉၈၂ ၊ ၀၁၆၃၇၁၉၂ ၊ ၀၉၂၀၁၈၉၀၂ ၊ ၀၉၇၃၂၄၂၂၈၇
ရန်ကုန် - အောင်ဆန်းကွင်း
၀၁၂၅၄၄၈၃ ၊ ၀၁၂၅၄၄၈၄ ၊ ၀၁၇၀၉၄၂၀
လားရှိုး - မန်ဆူကားဝင်း
၀၈၂၂၂၃၀၉ ၊ ၀၉၅၂၆၁၆၂၉ ၊ ၀၉၉၇၇၉၂၁၁၆၉
လားရှိုး - နန်းမခေါကားဝင်း
၀၉၉၇၇၉၂၁၁၇၁

နယူးအောင်တံခွန်
°°°°°°°°°°°°°°°°°°°°
(ရန်ကုန်သထုံမော်လမြိုင်မြဝတီ)

(ရန်ကုန်ဘားအံကော့ကရိတ်မြဝတီ)
ရန်ကုန် ☎️09 9800 799 38 ☎️09 673000 837 မြဝတီ ☎️ 09 955 6420 46 မော်လမြိုင်☎️09 6789 30809
အောင်မဂ်လာအဝေးပြေး
(စက်မူ့လမ်း သီရိစံတည်းခိုခန်းအနီး)

မန္တလာမင်း
°°°°°°°°°°°°
ရန်ကုန် (က)၃ ပဝင်းအောင်မဂ်လာအဝေးပြေး
09 5020181 / 09 259354411/09253379954 ကုန်တန်ဆာဌာန 09450066418

ဒုဠဝတီမန်း
°°°°°°°°°°°°
သီပေါ ၊ ကျောက်မဲ ၊ မန္တလေး ၊ မိုးညင်း ၊ မြစ်ကြီးနား
02-61938 , 09 - 6500357 , 02-66073 ,
09 -797380914

ရွှေလီဦး
°°°°°°°°°
ရန်ကုန် ၊ မန္တလေး ၊ လားရှိုး၊ မူဆယ် ၊
09-73026546 , 09-5178883 , 01-637651, 09-6501446 , 082-28120 , 082-52359 , 09-2050104

ရိုးမသစ္စာ
°°°°°°°°°°°
ရန်ကုန် ၊ တောင်ကုတ် ၊ ကျောက်ဖြူ ၊ သံတွဲ ၊ ငပလီ ၊
ရန်ကုန် ၊ စစ်တွေ
ရန်ကုန် - 09-8598252 , 09-448005068
09-5192463
တောင်ကုတ် - 043-60365 , 09-8530339
ကျောက်ဖြူ - 09-73810040 , 094-46484
သံတွဲ - 043-65309 , 09-421730310

မိုးထက်အာကာ
°°°°°°°°°°°°°°°°°
ရန်ကုန် ၊ မန္တလေး ၊ ပြင်ဦးလွင်
ရန်ကုန် - အောင်မင်္ဂလာကားဝင်း
၀၉၄၉၅၇၁၄၁၄ ၊ ၀၉၇၃၀၄၆၃၇၈ ၊ ၀၉၄၉၃၃၁၂၉၂
မန္တလေး - ကျွဲဆည်ကန် ၊ ချမ်းမြရွှေပြည်
၀၉၄၉၂၄၂၇၁၈ ၊ ၀၉၇၃၂၂၈၂၉၈ ၊ ၀၉၇၉၇၄၉၁၄၃၃

ရတနာ
°°°°°°°°
(ရန်ကုန်မော်လမြိုင်မုဒုံသံဖြူဇရပ်ရေး
ကြာအင်းဆိပ်ကြီး )
ရန်ကုန် (အောင်မဂ်လာ)
09 767242237 09 767242238 09750079937
ရန်ကုန် (ဒဂုံဧရာ)
09 750079931 09 767242240

နေကြယ်မင်း
°°°°°°°°°°°°°°
ရန်ကုန် ၊ နေပြည်တော် ၊ တပ်ကုန်း ၊ ရမည်းသင်း ၊ ပျော်ဘွယ်
ပြည်ထောင်စုလမ်းမ ၊ မြို့ဦးစေတီ ၊ မြောက်ဒဂုံ
၀၉၉၉၆၉၇၂၈၁၉၈ ၊ ၀၉၉၉၆၉၇၂၈၁၉၉

ရွှေလားရှိုး
°°°°°°°°°°°°
ရန်ကုန် ၊ လားရှိ ူး
ရန်ကုန် - အောင်မင်္ဂလာကားဝင်း
၀၉၇၃၁၄၆၄၆၇ ၊ ၀၉၇၃၁၄၆၄၆၈ ၊ ၀၉၇၃၁၄၆၄၆၉
လားရှိ ူး - နားမခေါ
၀၉၇၃၂၅၆၉၈၁ ၊ ၀၈၂၃၀၇၇၀ ၊ ၀၉၄၇၃၀၁၈၅၄

ရွှေမန်းသူ
°°°°°°°°°°
ရန်ကုန် ၊ နေပြည်တော် ၊ မန ္တလေး ၊ မုံရွာ ၊ တောင်ကြီး
ပခုက္ကူ ၊ ညောင်ဦး ၊ ကျောက်ပန်းတောင်း ၊ ချောက်
မိတ္ထီလာ ၊ မြင်းခြံ ၊ မကွေး ၊ တောင်ငူ ၊ ဆွာ ၊ ပုသိမ်
မော်လမြိုင် ၊ မုဒုံ ၊ ကျိုက္ခမီ ၊ ရေး
တောင်ဥက္ကလာပ - ၀၉၉၉၆၉၇၂၈၁၉၆ ၊ ၀၉၉၉၆၉၇၂၈၁၉၇

ပုဂံမင်းသား
°°°°°°°°°°°°°
ရန်ကုန် ၊ ကျောက်ပန်းတောင်း ၊ ပုဂံညောင်ဦး ၊ ပခုက္ကူ ၊
တောင်ကြီး
ရန်ကုန် - အောင်မင်္ဂလာကားဝင်း
၀၉၇၃၂၃၈၀၅၇ ၊ ၀၉၅၁၅၈၆၅၀ ၊ ၀၉၇၉၆၆၁၄၉၄၂
ညောင်ဦး - အဝေးပြေးကားဝင်း
၀၆၁၆၀၂၀၂ ၊ ၀၉၄၃၁၂၈၇၁၂
ကျောက်ပန်းတောင်း
၀၉၇၉၅၃၁၄၈၇၉
ပခုက္ကူ - ကားဝင်း
၀၉၂၀၄၂၈၄၈ ၊ ၀၉၄၇၂၀၈၀၈၆
တောင်ကြီး
၀၉၄၂၁၁၄၄၈၉၂ ၊ ၀၈၁၂၅၂၁၂

Elite
°°°°°°°
ပုဂံ ၊ ပခုက္ကူ ၊ မုံရွာ ၊ မန ္တလေး ၊ ပြင်ဦးလွင် ၊ နေပြည်တော် ၊
တောင်ကြီး
Customer service - ၀၉၉၇၇၈၃၈၀၀၁ ~၀၀၃

မြင့်မြန်မာ
°°°°°°°°°°°
ရန်ကုန် ၊ ပုသိမ်
ဒဂုံဧရာအဝေးပြေး(လှိုင်သာယာ)
၀၉၃၁၃၆၀၉၁၈ ၊ ၀၉၇၈၄၅၆၅၂၈၁

နန်းထိုက်တော်ဝင်
°°°°°°°°°°°°°°°°°°°
ရန်ကုန် ၊ နတ်မောက် ၊ ရေနံချောင်း ၊ မကွေး ၊ မင်းဘူး
ပွင့်ဖြူ ၊ စလင်း ၊ ဆင်ဖြူ ကျွန်း
ရန်ကုန် - အောင်မင်္ဂလာကားဝင်း
၀၉၇၃၀၂၀၇၆၇ ၊ ၀၉၇၃၁၈၇၉၆၇ ၊ ၀၉၇၈၂၉၅၈၀၃၇
မကွေး
၀၆၃၂၆၅၇၅ ၊ ၀၉၄၇၂၀၁၁၇၄ ၊ ၀၉၇၉၆၉၁၉၈၉၄
ရေနံချောင်း
၀၉၅၃၄၈၀၈၅ ၊ ၀၉၇၉၆၉၁၉၈၉၅ ၊ ၀၉၉၇၇၉၀၅၇၂၅
မင်းဘူး
၀၉၄၇၂၀၀၄၀၆ ၊ ၀၉၇၉၆၉၁၉၈၉၆ ၊ ၀၉၉၇၇၉၀၅၇၂၆
စလင်း
၀၉၉၇၇၉၀၅၇၂၈

🍋စိန်တစ်လုံး🍋
👇📱📞☎👇

သရက်ဂိတ်
👇👇👇
-06821264
- 09440223164
-09402689911

ရန်ကုန်ဂိတ်
👇👇👇
-092305878
-09258264855

ကံမဂိတ်
👇👇👇
-09401549441

အထက်မင်းလှဂိတ်
👇👇👇
-09962305878
-09264115265

ချမ်းမင်း
°°°°°°°°°°
ကျုံမငေး ၊ ဝါးခယ်မ ၊ ရွှေလောင်း ၊ ရန်ကုန်
ဝါးခယ်မ
၀၉၇၇၄၄၄၄၁၂၈ ၊ ၀၉၉၆၁၉၄၄၁၂၈ ၊ ၀၉၄၉၇၀၃၀၇၇

တောင်ပြာတန်း
°°°°°°°°°°°°°°°°°
ရန်ကုန် ၊ တောင်ကြီး ၊ လားရှိ ုး ၊ မူဆယ်
ရန်ကုန် - အောင်မင်္ဂလာကားဝင်း
၀၉၄၂၀၂၀၃၀၄၀ ၊ ၀၉၃၃၄၂၇၇၀၇ ၊ ၀၉၇၉၆၅၃၇၄၁၀
ရန်ကုန် - အောင်ဆန်းကွင်း
၀၉၂၅၁၀၁၈၆၇၁ ၊ ၀၉၄၂၀၂၂၂၃၂၃
တောင်ကြီး
၀၈၁၂၀၂၀၅၈ ၊ ၀၈၁၂၁၂၃၁၆ ၊ ၀၈၁၂၁၂၂၈၅၆
တောင်ကြီး - အေးသာယာကားဝင်း
၀၉၂၆၀၄၇၉၃၇၂
လားရှိ ုး - နားမခေါ်
၀၉၃၁၃၆၄၀၄၈ ၊ ၀၈၂၂၈၁၃၂
မူဆယ်
၀၉၄၂၈၁၈၃၇၇၇ ၊ ၀၉၄၅၈၀၄၀၄၁၂ ၊ ၀၉၂၅၄၁၀၂၄၉၁
သိန်းသန်းချီကားဝင်း
၀၆၉၂၂၂၂၂၃၆ ၊ ၀၆၉၂၁၅၇၅၈၉၈၁၈၄၀

သစ္စာဦး
°°°°°°°°
ရန်ကုန် ၊ တောင်ကြီး ၊ မုံရွာ ၊ ရေဦး ၊ တန့်ဆည်
ရန်ကုန် - အောင်မင်္ဂလာကားဝင်း
၀၉၇၃၂၅၂၉၈၄ ၊ ၀၉၇၃၂၅၂၉၈၅ ၊ ၀၉၄၂၀၀၃၂၂၁၂
တောင်ကြီး
၀၉၄၂၈၃၁၄၆၁၂ ၊ ၀၉၄၉၂၂၄၈၀၆ ၊ ၀၉၇၃၂၅၂၉၈၆
မုံရွာ
၀၉၄၅၀၅၄၅၇၁၁ ၊ ၀၉၇၇၇၅၁၀၉၁၁
ရေဦး
၀၉၄၅၀၅၄၅၇၂၂ ၊ ၀၉၇၇၇၅၁၀၉၂၂
တန့်ဆည်
၀၉၄၅၀၅၄၅၇၃၃ ၊ ၀၉၇၇၇၅၁၀၉၃၃

ဝေဖြိုးအောင်
°°°°°°°°°°°°°°°
ရန်ကုန် ၊ တောင်ကြီး ၊ မကွေး ၊ မြင်းခြံ ၊ ပခုက္ကူ (ကမ္မ)
ချောက် ၊ တညောင်
ရန်ကုန် အောင်မင်္ဂလာကားဝင်း
၀၉၇၃၁၈၁၆၄၇ ၊ ၀၉၄၃၂၀၂၆၆၇
မကွေး
၀၆၃၂၆၂၁၅ ၊ ၀၉၈၆၃၇၀၄၈ ၊ ၀၉၄၀၁၅၈၂၃၇၁
ပခုက္ကူ
၀၆၂၂၃၇၂၆ ၊ ၀၉၃၃၇၈၆၀၇၉
ကမ္မ
၀၉၄၀၁၅၁၁၉၁၄
တောင်ကြီး
၀၈၁၂၀၂၀၈၉ ၊ ၀၉၇၃၁၉၂၄၇၆ ၊ ၀၉၃၁၄၆၈၉၈၅
ချောက်
၀၉၂၃၀၁၂၇၇ ၊ ၀၆၁၂၁၆၇၃
တညောင်
၀၉၄၀၁၅၆၁၉၂၇ ၊ ၀၉၂၅၂၁၈၄၉၆၈
ဆိပ်ဖြူ
၀၉၃၃၀၈၄၉၄၄ ၊ ၀၉၂၅၉၄၄၅၁၈၆
အာကာမိုးမြင့်
၀၉၄၂၅၃၀၅၉၉၃ ၊ ၀၉၇၉၉၆၅၇၀၉၂

အောင်တံခွန်
°°°°°°°°°°°°°°
ရန်ကုန် ၀၉၇၃၁၃၀၇၇၀
ဖဒို ၀၉၄၉၄၄၆၂၅၀
ကျောက်ကြီး ၀၉၄၂၈၁၈၁၆၇၈

ရန်ကြီးအောင်
°°°°°°°°°°°°°°°°
ရန်ကုန် ၊ ညောင်ရွှေ ၊ တောင်ကြီး ၊ မန္တလေး
09-73013761,09-73242560

စည်းစိမ်စံ
°°°°°°°°°°
မန္တလေး ၊ ပျော်ဘွယ် ၊ ရမည်းသင်း ၊ ရွာတန်း
09-254153868 , 09-79776360 ,
09-33456954

ရွှေစကား
°°°°°°°°°°
တမူး ၊ ကလေး ၊ မုံရွာ ၊ မန္တလေး
09-258990433 , 09-789285030

ဗန်းမော်မန်း
°°°°°°°°°°°°°
မန္တလေး ၊ ငါးအိုး ၊ ရွှေဂူ ၊ ဗန်းမော် ၊
မန္တလေး ၊ မြစ်ကြီးနား ၊ တနိင်း
၀၂ ၂၄၄၁၃ ၊ ၀၉၄၃၁၈၂၉၅၆ ၊ ၀၉၂၅၈၀၃၈၈၂၂

အမြဲစိမ်း
ကုန်းလမ်းပို့ဆောင်ရေး ကုမ္မဏီလီမိတက်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
Forever Green Road Transport Co.,Ltd
01-202233 , 01-9010633 , 01-9010634

GA မင်းလက်ဝါး
°°°°°°°°°°°°°°°°°°
ရန်ကုန် ၊ မကွေး ၊ မင်းဘူး ၊ စကု ၊ လယ်ကိုင်း ၊ ပွင့်ဖြူ ၊
ရှောက်တော ၊ စလင်း ၊ ဆင်ဖြူကျွန်း ၊
အောင်မင်္ဂလာကားဝင်း 09-972972900 ,
09-43081660
ဂျိုကာဂိတ်
ရန်ကုန် 09-8583473 , 09-250117722 , 09-797117722
ငါးသိုင်းချောင်း 046-60544 , 09-455644299

ကချင်မန္တလာ
°°°°°°°°°°°°°°°
မန္တလေး ၊ ရွှေဘို ၊ မိုးညင်း ၊ ဟိုပင် ၊ အင်းတော် ဝှေ့ခါ ၊
လုံးခင်း ၊ ဆိပ်မူ ၊ ဖားကန့် ၊ မုံရွာ ၊ ဖားကန့် ၊ ဆယ်ဇင်း ၊ တနိင်း
မန္တလေး 02-23919 , 09-265690003 , 09-265690004 , 09-265690005 ,
09-440694447, 09-440694448
မုံရွာ 09-797448814 , 09-266708277 , 09-2130775

ခိုင်စိုးအောင်
°°°°°°°°°°°°°
မန္တလေး 09-47105438 , 09-402515038

ပန်းချယ်ရီ
°°°°°°°°°°°
မန္တလေး ၊ လားရှိုး ၊ မူဆယ် ၊ မိုးကုတ် ၊ တောင်ကြီး
မန္တလေး 02-61998 , 09-47300180 ,
09-259935414

မိဘဂုဏ်
°°°°°°°°°
ရန်ကုန် 09-8730757 , 01-637074

နဂါးညီးနောင်
°°°°°°°°°°°°°°°
ရပ်စောက် ၊ တောင်ကြီး မန္တလေး ၊ မိထ္ထီလာ ၊ နေပြည်တော် ၊
09-36284891 , 09-782546811

ပြည့်ဖြိုးအောင်
°°°°°°°°°°°°°°°°°
09-401665676 , 09-8601651

ပြုံးပန်းတစ်ရာ
°°°°°°°°°°°°°°°°
ရန်ကုန် ၊ ကျုံပျော် ၊ တောင်ကြီး
09-49265238 , 01-704979

အကယ်ဒမီ
°°°°°°°°°°°°
ရန်ကုန် ၊ မန္တလေး
09-49265238 , 09-33063001,
09-33058286 , 09-33058286

အလင်းရောင်မိုး
°°°°°°°°°°°°°°°°°
ရန်ကုန် ၊ ပဲခူး ၊ ကော့ကရိတ် ၊ မြဝတီ ၊
09-421115517 , 09-224303861

အဆွေတော်
°°°°°°°°°°°°°
ရန်ကုန် ၊ ဘားအံ ၊ ကော့ကရိတ် ၊ မြဝတီ
01-704951 , 09-73225369

အရိဒ္ဒမာ
°°°°°°°°°
ရန်ကုန် ၊ ကျောက်ပန်းတောင်း ၊ ပုဂံ ၊ ညောင်ဦး ၊ ပခုက္ကူ၊ ၊ ကံမ
09-420182767 , 09-420182768

အာကာမင်း
°°°°°°°°°°°°
ရန်ကုန် ၊ မော်လမြိုင် ၊ မုဒုံ ၊ သံဖြူဇရပ် ၊
09-43036195 , 09-43183797

အာကာသ
°°°°°°°°°°°
ရန်ကုန် ၊ မန္တလေး ၊ ပြင်ဦးလွင် ၊ မုံရွာ ၊ ရေဦး ၊ မကွေး ၊
ရေနံချောင်း ၊ ဘားအံ ၊ မော်လမြိုင် ၊
09-789444146,0973000096

အားသစ်
°°°°°°°°°
ရန်ကုန် ၊ မအူပင် ၊ ကျိုက်လတ် ၊ ရေလဲ ၊ ကျောက်ပိ
09-450000584 , 09-795409298

Asia Express
°°°°°°°°°°°°°°°°°
ရန်ကုန် ၊ ပြည် ၊ အောင်လံ ၊ တောင်တွင်းကြီး ၊
09-420091978 , 09-43143640

ATW (Anty Win Family Trading Co,.Ltd)
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ရန်ကုန် ၊ ထားဝယ် ၊ မြိတ်
09-254579922 , 09-31112632

အောင်ချမ်းသာ
°°°°°°°°°°°°°°°°°
ရန်ကုန် ၊ ရွှေလောင်း ၊ ကျွန်းကုန်း ၊ ဝါးခယ်မ ၊ ကျုံမငေး
ရန်ကုန် ၊ ကျိုက်ပိ ၊ မော်ကျွန်း
01-226291 , 09-785067305 , 09-73036973 , 09-785067305

အောင်ထူးစံ
°°°°°°°°°°°°
ရန်ကုန် ၊ ဘားအံ ၊ မြဝတီ
09-250235203 , 09-776210599

အောင်ကမ္ဘာ
°°°°°°°°°°°°°
ရန်ကုန် ၊ မကွေး ၊ မင်းဘူး ၊ မန္တလေး
09-43198116 , 01-701822

အောင်ကျော်မိုး
°°°°°°°°°°°°°°°°°
ရန်ကုန် ၊ မြန်အောင် ၊ ကြံခင်း
ရန်ကုန်၊ ငသိုင်းချောင်း၊ ကွင်းကောက်၊ အင်ကပူ၊
မယ်ဇလီကုန်း ၊ အင်းပင် ၊ မြန်အောင် ၊ ကြံခင်း
ရန်ကုန် ၊ ပခုက္ကူ

ဟိုတယ်သူဋ္ဌေးတစ်ယောက်က သူ့ ဟိုတယ်ကိုဓာတ်လှေကား တပ်ချင်တော့ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတစ်ယောက်ကို ခေါ်ပြီးအလုပ်အပ်တယ်.အဲဒီ ...
07/03/2022

ဟိုတယ်သူဋ္ဌေးတစ်ယောက်က
သူ့ ဟိုတယ်ကိုဓာတ်လှေကား
တပ်ချင်တော့ကျွမ်းကျင်တဲ့
အင်ဂျင်နီယာတစ်ယောက်ကို
ခေါ်ပြီးအလုပ်အပ်တယ်.

အဲဒီ အင်ဂျင်နီယာက သူ တပ်ရမယ့်
ဓာတ်လှေကားအတွက် အထပ်တိုင်းမှာ
အပေါက်ဖောက်ရမှာဖြစ်တဲ့အတွက်
အထပ်တိုင်းကို လိုက်ကြည့်ပြီး
အတိုင်းတာ ယူနေတုန်း.သန့်ရှင်းရေး
အလုပ်သမကြီးတစ်ယောက်
ရောက်လာတယ်,,,

ဆရာ ဘာတွေလုပ်နေတာလဲဟင်?
အဲလိုမေးတော့ အင်ဂျင်နီယာကလည်း
ရိုရိုသေသေ ပြန်ရှင်းပြတယ်,,,

အဒေါ်ရေ ဓာတ်လှေကားတပ်မလို့
အဲဒါ အပေါက်တွေဖောက်ရမှာ
လိုက်ကြည့်နေတာပါ,,,

အဲတော့ အလုပ်သမကြီးက,,,
"ဆရာ ဒါဆို နေရာတွေပိုကျဉ်းသွားပြီး
အမှိုက်တွေလည်း ပိုရှုပ်လာမှာပေါ့နော်
အင်ဂျင်နီယာကြီးလည်း ရယ်နေလိုက်တယ်,,,

ပြီးတော့ သူလည်း သူ့အလုပ်ပြန်လုပ်ဖို့
အာရုံစိုက်မလို့လုပ်,,,
အလုပ်သမကြီးကလည်း လှည့်ထွက်သွားမလို့
လုပ်နေရင်း စကားတခွန်းကို လှည့်ပြောတယ်,,,
ဆရာရယ် အပြင်မှာ တပ်တာမဟုတ်ဘူး

အင်ဂျင်နီယာကြီး ဟိုက်ခနဲဖြစ်သွားပါတယ်,,,
တယ်ဟုတ်ပါလား
ဒါဆိုအပေါက်တွေလိုက်ဖောက်စရာလည်းမလိုသလို
နေရာတွေလည်း မကျဉ်းကုန်တော့ဘူးပေါ့
သူ မစဉ်းစားမိခဲ့တာကို
ထောက်ပြလိုက်တဲ့အတွက်ဖြစ်တယ်,,,

အဲလိုနဲ့ အဆောက်ဦးတွေရဲ့အပြင်ဘက်မှာလည်း
ဓာတ်လှေကားတွေ တပ်ဆင်တဲ့
အလေ့အထတစ်ခု ဖြစ်လာခဲ့ပါတယ်,,,

ကမ္ဘာစစ်အတွင်းမှာပေါ့,,,
စစ်တပ်တစ်ခုဟာ ချီတက်လာရင်း
ပြသနာတစ်ခု ကြုံရပါတယ်,,,

အဲဒါဘာလဲဆိုတော့,,,သူတို့ချီတက်လာတဲ့
လမ်းပေါ်က တံတားတစ်ခုဟာ
သူတို့ထရပ်ကားအမိုးတွေနဲ့မလွတ်တာပါ,,,
အများကြီးမလွယ်တာလည်းမဟုတ်ပဲ
တစ်လက်မလောက် မလွတ်တာပါ,,,
သူတို့အကျပ်ရိုက်ကုန်တယ်,,,

ကားတွေကို အမိုးတွေဖြုတ်မလား.???
ဒီရာပေါင်းများစွာသော ကားတွေအမိုးတွေ
ဖြုတ် ပြန်တပ်ဆို အချိန်တော်တော်ကုန်မယ်,,,

တံတားအပေါ်က မလွတ်သမျှကို
လိုက်ဖြတ်ပစ်မလား
ဒါဆိုရင် တံတားရဲ့ ခံနိုင်ရည်အားကို
ဖျက်စီးသလိုဖြစ်ပြီး
တံတားကျိုးကျသွားနိုင်တယ်,,,

အဲဒိချိန်မှာ ဘေးနားကို အနီးနားရွာက
ကလေးတစ်ယောက် ရောက်လာပါတယ်,,,

သူက စစ်အင်ဂျင်နီယာတွေ တိုင်ပင်နေတဲ့အနားမှာ
အကြာကြီး ထိုင် နားထောင်နေတယ်,,,
သူတို့တွေ ကားအမိုးတွေဖြုတ်ဖို့ ဆုံးဖြတ်လိုက်ပြီး
ဆွေးနွေးမှုကို ရပ်လိုက်ချိန်မှာ,,,

ကလေးက တခုခုပြောချင်တဲ့ မျက်နှာလေးနဲ့
သူတို့ကို ကြည့်နေတယ်,,,
အဲဒိမှာ အင်ဂျင်နီယာ အကြီးတစ်ယောက်က
သူ့ မုန့်တစ်ခုကိုပေးလိုက်ပြီး
ကလေးကို သွားဖို့ပြောတယ်,,,

ဒါပေမယ့် ကလေးက မသွားပဲ
အဲဒိအင်ဂျင်နီယာကို ပြောဖို့ကြိုးစားတယ်,,,
အဲဒါနဲ့ အင်ဂျင်နီယာကြီးက မင်းဘာပြောချင်လို့လဲ
ပြောလေ ဆိုတော့,,,
ကလေးက ပြောတယ်,,,
ဟိုလေ တံတားအမိုးနဲ့ ကားတွေမလွတ်ဘူးဆိုရင်
ကားဘီးတွေကို လေနည်းနည်းစီ
လိုက်လျှော့ကြည့်ပါလား,,,

အင်ဂျင်နီယာတွေ ကိုယ့်နဖူးကိုယ်ရိုက်
ဘေးနားက ကားနဲ့ ခေါင်းနဲ့
ဆောင့်တဲ့သူက ဆောင့်
ဖြစ်ကုန်ပါတော့တယ်,,,

သင်ခန်းစာ

ဘယ်သူ့ကိုမှ အထင်မသေးပါနဲ့
သူတို့ရဲ့အမြင် သူတို့ရဲ့အတွေးကလည်း
ကျွန်တော်တို့ မမြင်မိတဲ့
ရှု့ထောင့်ကဖြစ်နိုင်ပါတယ်။
ဒီစာစုလေးကို ဖက်ဖူးတာကြာပါပြီ
ဘယ်သူရေးမှန်း မသိတော့ပါဘူး
သင်ခန်းစာအနေနဲ့ မှတ်သားသင့်တာမို့
ပြန်လည် ရေးသားပေးလိုက်ရပါသည်,,,

အရည်အချင်းဆိုတာ

တစ်ခါက နာမည်ကြီး တက္ကသိုလ်မှ
ဆရာတစ်ဦးသည် ချောင်ကျသောရွာတစ်ရွာသို့
သွားရောက် လည်ပတ်ခဲ့သည်။
ရွာသို့ရောက်သော်လှေတစီးငှားပြီး
မြစ်တစ်လျှောက် လည်ပတ်ခဲ့သည်။
လှေစတင်ထွက်သောအခါ

ဆရာက လှေသမားအား
ခင်ဗျား သချာင်္ဗေဒတတ်သလား
ကျွန်တော် မတတ်ပါဘူး
ရူပဗေဒ တတ်သလား
ဒါလဲ မတတ်ပါဘူး
"ဒါဆိုရင် ခင်ဗျား ကွန်ပြူတာ
သုံးတတ်သလား

စိတ်မကောင်းပါဘူးဒါလဲ
ကျွန်တော်မတတ်ပါဘူး
ဆရာမှာ ခေါင်းခါပြီး

သင်္ချာမတတ်ရင်
လူ့ဘ၀ရဲ့ ၆ပုံ၂ပုံကို ခင်ဗျားဆုံးရှုံးမယ်

ရူပဗေဒ မတတ်ရင် လူ့ဘ၀ရဲ့
၆ပုံ၁ပုံကို ဆုံးရှုံးမယ်

ကွန်ပြူတာ မတတ်ရင် လူ့ဘ၀ရဲ့
၆ပုံ၁ပုံကို ဆုံးရှုံးမယ်..

ခင်ဗျားရဲ့ ဘ၀ ၆ပုံ၄ပုံဟာ
ဆုံးရှုံးသွားပြီပဲ

ထိုခဏအတွင်း ရာသီဥတု
ပြောင်းပြီး ကောင်းကင်တွင်

တိမ်ညိုများ တက်လာသည်။
မကြာမီ မိုးသက်လေပြင်း
ကျရောက်တော့မည်။
ထိုအခါ လှေသမားက ဆရာအား

ခင်ဗျား ရေကူးတတ်သလား ဟု
မေးလိုက်သည်။

ဆရာက ခဏမျှ ဆွံ့အပြီး
ကျွန်တော် မကူးတတ်ဘူး။
တစ်ခါမှ မသင်ဖူးဘူး ဟု
ပြန်ဖြေလေသည်။

လှေသမားမှာ ခေါင်းကို
သွင်သွင် ရမ်းပြီး..
ဒါဆိုရင် ခင်ဗျားရဲ့ဘ၀
၆ပုံစလုံးဟာဆုံးရှုံးရတော့မယ် ဟု
ပြန်ဖြေခဲ့သည်။

လူတယောက်ဟာ
ကိုယ့်ရဲ့အဆင့်အတန်း
ကိုယ့်ရဲ့ စံချိန်နဲ့
အခြားလူတစ်ယောက်ကို

သွားတိုင်းတာလို့ မရပါဘူး။
တပါးသူကိုအထင်မသေးပါနဲ့။
ငါဆိုတဲ့ ကိုယ့်စံနူန်းနဲ့
အမှားအမှန်ကို မခွဲခြားပါနဲ့။

ဟိုလူမှာ ထီထွင်ဥာဏ်မရှိဘူး
ဒါပေမဲ့ သူဟာ ရိုးသားတယ်
မကောင်းတာကို မကြံစည်တတ်ဘူး။
ဒီလူဟာအပြောအဆို မတတ်ဘူး။

ဒါပေမဲ့ သူဟာ
အလုပ်ကို ကြိုးစားတယ်။
ဖြောင့်မတ်တယ်။
မခိုမကပ်ဘူး။

ငါရဲ့ အရည်အချင်း
သူ့မှာ မရှိသလို သူ့ရဲ့
အရည်အချင်းလဲ
ငါ့မှာ မရှိဘူး ဆိုတာကို
ဘယ်တော့မှ မမေ့ပါနဲ့။

-လူတချို့က...🌹တစ်သက်လုံး မဆင်းရဲတော့ဘူး အမှတ်နဲ့ဘဝင်တွေ မြင့်နေကြတယ်-လူတချို့ကတစ်သက်လုံး မမွဲတော့ဘူး အမှတ်နဲ့မောက်မာနေကြ...
07/03/2022

-လူတချို့က...🌹
တစ်သက်လုံး မဆင်းရဲတော့ဘူး အမှတ်နဲ့
ဘဝင်တွေ မြင့်နေကြတယ်

-လူတချို့က
တစ်သက်လုံး မမွဲတော့ဘူး အမှတ်နဲ့
မောက်မာနေကြတယ်

-လူတချို့က
တစ်သက်လုံး အသာစံရမယ် အမှတ်နဲ့
အထက်စီးဆန် ဆက်ဆံနေကြတယ်

-လူတချို့က
တစ်သက်လုံး အောက်ခြေခံဘဝ
မဖြစ်တော့ဘူးအမှတ်နဲ့
နိုင်ထက်စီးနင်း ပြုမူနေကြတယ်

-လူတချို့က
တစ်သက်လုံး မငတ်တော့ဘူး အမှတ်နဲ့
အောက်ခြေလွတ်နေကြတယ်

-လူတချို့က
တစ်သက်လုံး ပြီးပြည့်စုံမယ် အမှတ်နဲ့
သွေးနားထင် ရောက်နေကြတယ်

-လူတချို့က
တစ်သက်လုံး ချစ်ခင်နေမယ် အမှတ်နဲ့
ယုံကြည်မှုတွေ အလွဲသုံးစား
လုပ်ပြလာနေကြတယ်

-လူတချို့က
တစ်သက်လုံး အကြည်ညိုမပျက်ဘူး
အထင်နဲ့
အရှက်မဲ့ပြ လာနေကြတယ်

-လူတချို့က
တစ်သက်လုံး ကိုးကွယ်နေမယ် အမှတ်နဲ့
ချယ်လှယ်ချင်တိုင်း ချယ်လှယ်
လာနေကြတယ်

-လူတချို့က
တစ်သက်လုံး ငတုံးတွေအတိုင်း
ရှင်သန်မယ် အမှတ်နဲ့ ၊
လှည့်စားလာကြတယ်

-လူတချို့က
တစ်သက်လုံး အမှန်တွေချည်းပဲ -
ရွေးလုပ်ခဲ့တယ် အမှတ်နဲ့ ၊
စကားကြီးစကားကျယ်
ပြောထွက်လာကြတယ်

-လူတချို့ကကိုယ့်အပိုင်ဆိုပြီး
မျက်နှာပြောင်တိုက်
မိန့်မိန့်ကြီးနေ နေကြတယ်

-လူတချို့က
တစ်သက်လုံး မသေတော့ဘူးအမှတ်နဲ့
ကျိန်ဆဲနေကြတယ်

-အဲ့ဒီလူမျိုးတွေထဲ
သင်ကိုယ်တိုင် မပါမိစေနဲ့မိတ်ဆွေ...။

အသက်အရွယ်ရလာတာပါပဲလုပ်ယူပြတဲ့ ဆက်ဆံရေးတစ်ချို့ကိုကိုယ်မကြိုက်တော့သလိုလုပ်ယူပြတဲ့ အပြုံးတစ်ချို့ကိုကိုယ်မနှစ်သက်​တော့ဘူး။...
26/02/2022

အသက်အရွယ်ရလာတာပါပဲ

လုပ်ယူပြတဲ့ ဆက်ဆံရေးတစ်ချို့ကို
ကိုယ်မကြိုက်တော့သလို

လုပ်ယူပြတဲ့ အပြုံးတစ်ချို့ကို
ကိုယ်မနှစ်သက်​တော့ဘူး။

တစ်စုံတစ်ယောက်နဲ့ ဆုံတိုင်းမှာ ပေါ့ပါး
ရယ်မောစွာ နှုတ်ဆက်ခွင့်ရချင်လာတယ်။

တစ်စုံတစ်ယောက်နဲ့ ခင်မင်မှုတိုင်းမှာ
အတုယောင်မပါပဲ ဟန်ဆောင်မှုကင်း
ခြင်လာတယ်။

များသောအားဖြင့်

ကိုယ်ဟာ လက်လွှတ်သင့်တဲ့အချိန်မှာ
လက်လွှတ်တတ်အောင်နေပြီး

ပြောင်းလဲသင့်တဲ့အချိန်မှာ
ပြောင်းလဲတတ်အောင် နေတယ်။

သူများစိတ်ထဲမှာ ကိုယ်ဟာ
နေရာလည်း မလိုချင်တော့သလို

သူများ အမှားတွေထဲမှာ ကိုယ်ဟာ
မပူပန်တော့ဘူး။

အမှောင်ထဲမှာ လင်းအောင်နေသလို

အရှုပ်ထဲမှာ ရှင်းအောင်နေတတ်လာတယ်။

လူ့သဘာဝက

ကိုယ်ကောင်းနေပေမဲ့ အချို့က
တော့ ဆိုးချင်ဆိုးနေမယ်။

အချို့ကကိုယ် ရိုးသားပေမဲ့ ကောက်ကျစ်နေရင် ကောက်ကျစ်
နေမယ်မဟုတ်ဘူးလား။

ဘာပဲ​ဖြစ်ဖြစ်အရေးကြီးတာက ကိုယ်ရိုးသားနေရမယ်။ပျော်ရွှင်နေရမယ်လေ။

ဒါကို ကိုယ်က လိုက်ပြီး
လူတွေရဲ့ အပြုအမူအောက်တွေ ခံစားချက်တွေအောက်မှာ လိုက်ရှင်သန်
နေရင် ဘယ်အေးချမ်းခြင်းရမလဲ။

အဓိကကကိုယ့်အသက်လေးကို ဖြောင့်အောင်ရှူရင်း

ကိုယ့်နေရက်တိုင်းကို
ပျော်ရွှင် အေးချမ်းစွာပဲ
ဖြတ်သန်းရဖို့ပဲလေ။

တစ်ကယ်တော့အသက်အရွယ်ရလာတယ်ဆိုတာ ကိုယ်ဟာ ကြီးပြင်းရင့်ကျက်လာတယ်ဆိုတဲ့ ဘောင်ထဲရောက်သွားတဲ့ သဘောပါပဲ။

ဒါ​ကြောင့်

ကိုယ့်ကိုယ်ကိုယ် ပိုဂရုစိုက်တာ

ကိုယ့်ကိုယ်ကိုယ်ပိုချစ်လို့ရတာ

ကိုယ့်ပျော်ရွှင်မှုကိုပို ဦးစားပေးတာ
တွေဟာ ကိုယ့် အတ္တများတယ်
မနောမကောင်းတာမဟုတ်ပါဘူး။

ကြီးပြင်းလာတာနဲ့အမျှ လူတွေဟာ ကိုယ့်ကိုယ်ကိုယ်ပိုချစ်ရမယ်ဆိုတာ သိလာကြလို့ပါ။

Address

Yangon
11044

Telephone

+959442630413

Website

Alerts

Be the first to know and let us send you an email when ရောင်နီစံ ကြွေပြားနှင့်အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ရောင်နီစံ ကြွေပြားနှင့်အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး:

Share