18/09/2024
အလုပ်နဲ့သက်သေပြပါ
ကျွန်တော်တို့ဘဝမှာ ကိုယ်က
ဘာကြီးပါဆိုတာကို လူတွေယုံစားဖို့
လုပ်ရတဲ့နည်းလမ်းတစ်ခုပဲရှိပါတယ်။
အဲတာကတော့အလုပ်နဲ့သက်သေပြခြင်းဖြစ်ပါတယ်။
သင်က စျေးရောင်းကောင်းတဲ့သူလား?
သီချင်းဆိုကောင်းတဲ့သူလား?
ကားမောင်းကျွမ်းတဲ့သူလား?
သင်ဘယ်လိုလူဖြစ်တယ်ဆိုတာကို
ပါးစပ်နဲ့လိုက်ပြောနေလို့ ဘယ်သူမှ
ယုံမှာမဟုတ်ပါဘူး။
ယုံလဲလူအနည်းငယ်ပဲဖြစ်ပါလိမ့်မယ်။
လူတွေရဲ့ယုံကြည်မှုကို
ရဖို့ဆိုရင် အလုပ်လုပ်ပြနိုင်ဖို့လိုပါတယ်။
သင်ဟာဘယ်လောက်တော်တော်
ဘယ်လောက်ပဲသိသိ
ဘာမှ အဖြစ်ရှိအောင်လုပ်မပြနိုင်ဘူးဆိုရင်
ဘယ်သူမှလဲအထင်ကြီးမှာမဟုတ်သလို
ဘာမှလဲဖြစ်လာမှာမဟုတ်ပါဘူး။
မိမိရဲ့ အတွေးခေါ် အကြံဉာဏ်
ဘယ်လောက်ကောင်းကောင်း
လက်တွေ့ အကောင်အထည်မဖော်နိုင်ရင်
ဘာစီးပွားမှဖြစ်မှာမဟုတ်ပါဘူး။
ဒါကြောင့်
အလုပ်လုပ်ပါ။
အကြံဉာဏ်တို့ Plan တို့ဆိုတာ
လူတိုင်းမှာရှိပါတယ်။
သို့သော် အကောင်အထည်ဖော်နိုင်တဲ့သူတွေကပဲ
အသီးအပွင့်ကိုခံစားသွားရတာဖြစ်ပါတယ်။
အချုပ်အနေနဲ့ပြောရရင်
စကားတွေအများကြီးပြောမနေပဲ
လူတွေကို လိုက်ရှင်းပြမနေပဲ
မိမိယုံကြည်ရာကိုသာ တစိုက်မတ်မတ်လုပ်။
အလုပ်က သက်သေပြသွားပါလိမ့်မယ်။
အဆုံးထိဖတ်ပေးလို့
ကျေးဇူးတင်ပါတယ်။
မူရင်းရေးသားသူအား လေးစားစွာ Crd