Moesandar Construction Design Group

Moesandar Construction Design Group Architectural Designer

မြေဧက တွက်နည်းမြေဧက ဘယ်လိုတွက်ရသလဲ ခဏခဏ မေးလာလို့ အတတ်နိုင်ဆုံး ရှင်းလင်းအောင် တွက်နည်းကို ဖော်ပြလိုက်ပါတယ်။ မိမိမြေကွက်...
21/06/2023

မြေဧက တွက်နည်း

မြေဧက ဘယ်လိုတွက်ရသလဲ ခဏခဏ မေးလာလို့ အတတ်နိုင်ဆုံး ရှင်းလင်းအောင် တွက်နည်းကို ဖော်ပြလိုက်ပါတယ်။ မိမိမြေကွက်ရဲ့ ပုံသဏ္ဍန်ကိုကြည့်ပြီး ဧက တွက်နိုင်ပါတယ်။

၁။ လေးနားညီ စတုရန်းပုံစံ ဖြစ်ပါက
၂၀၈.၇၁' × ၂၀၈.၇၁' = ၄၃၅၅၉.၈၆ = ၁ ဧက
ဥပမာ ~~~~
၁၀၀ ပေ ပတ်လည်အကွက် ဖြစ်လျင်
၁၀၀' × ၁၀၀' ÷ ၄၃၅၆၀=၀. ၂၂၉ ဧက

၂။ နှစ်နားညီ စတုဂံပုံစံ ဖြစ်လျှင်
(လ x န)' ÷ ၄၃၅၆၀ = __ဧက
ဥပမာ ~~~~
(၄၀'×၆၀')÷၄၃၅၆၀ = ၀.၀၅၅ ဧက
(၆၀'×၈၀')÷၄၃၅၆၀ = ၀.၁၁ ဧက
(၆၀'×၁၀၀')÷၄၃၅၆၀ = ၀.၁၃၇ ဧက
(၈၀'×၁၀၀')÷၄၃၅၆၀ = ၀.၁၈၃၆ ဧက
(၁၀၀'×၁၀၀')÷၄၃၅၆၀ = ၀. ၂၂၉ ဧက

၃။ နှစ်နားပြိုင် တြာဗီဇီယံပုံစံ ဖြစ်ပါက
ပြိုင်နားနှစ်ခုပေါင်း ÷ ၂ x နံ ÷ ၄၃၅၆၀ = ဧက
ဥပမာ ~~~~
[{(၅၀+၈၀)÷၂}×၆၀]÷၄၃၅၆၀ = ၀.၀၈၉ ဧက

၄။ တြိဂံပုံစံဖြစ်လျင်၅ x အခြေ x အမြင့် ÷ ၄၃၅၆၀ = ဧက
½ အခြေ x အမြင့် ÷ ၄၃၅၆၀ = ဧက
ဥပမာ ~~~~၅ × ၁၀၀' × ၅၀' ÷ ၄၃၅၆၀ = ၀.၀၅၇ ဧက

၅။ ထောင့်မှန် တြိဂံပုံစံဖြစ်လျှင်
အခြေ x အမြင့် = ရလာဒ် ÷ ၂ ÷ ၄၃၅၆၀
ဥပမာ ~~~~
၁၀၀' × ၅၀' = ၅၀၀၀'
၅၀၀၀ ÷ ၂ ÷ ၄၃၅၆၀ = ၀.၀၅၇ ဧက

၆။ စက်ဝိုင်းပုံစံဖြစ်လျှင်
အချင်းဝက် x အချင်းဝက် x ပိုင်ကိန်း ÷ ၄၃၅၆၀ = ဧက ဖြစ်သည်။ ထို့ကြောင့်
အချင်း x အချင်း x .၇၈၅၄ ÷ ၄၃၅၆၀ = ဧက (ပုံသေမြှောက်ကိန်း .၇၈၅၄)
(.၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို အနားလေးဖက် ၄ နှင့်စားပြီး စတုရန်းကွက်ဖေါ်ခြင်းဖြစ်သည်)
ဥပမာ ~~~~
၅၀' × ၅၀' × .၇၈၅၄ ÷ ၄၃၅၆၀ = ၀.၀၄၅ ဧက

၇။ အနား ၅ မျက်နှာ ၆ မျက်နှာနှင့် အနားများစွာပါသော ပုံစံဖြစ်လျှင် စတုဂံ စတုရန်း တြိဂံစသည် အကွက်စိပ်ပြီးတွက်၊ ရလာဒ်အားလုံးကိုပေါင်း၍ ၄၃၅၆၀ ဖြင့်စား။

၁ ဧက = ၄၃၅၆၀ စတုရန်းပေ ဖြစ်ပါသည်။

အညွှန်း....
လ = အလျား
န= အနံ
' = ပေ
(မျိုးမင်းထွန်း)
credit to copy

ငလျင်လှုပ်နေစဉ်အတွင်း အဆောက်အဦတစ်ခုသည် တုန်ခါမှုနည်းတယ်ဆိုရင် ဘာ့ကြောင့်ပိုကောင်းတယ်လို့ ကျနော်ပြောခဲ့တာလဲ။ငလျင်ဒဏ်ခံနို...
17/06/2023

ငလျင်လှုပ်နေစဉ်အတွင်း အဆောက်အဦတစ်ခုသည် တုန်ခါမှုနည်းတယ်ဆိုရင် ဘာ့ကြောင့်ပိုကောင်းတယ်လို့ ကျနော်ပြောခဲ့တာလဲ။

ငလျင်ဒဏ်ခံနိုင်ရည်ရှိစေရန်နှင့် တုန်ခါမှုပမာဏကို လျှော့ချရန် ဒီဇိုင်းထုတ်ထားသည့် အဆောက်အအုံများကို ငလျင်အန္တရာယ်ရှိတဲ့ဒေသတွေမှာ တည်ဆောက်ထားရင် ပိုမိုဘေးကင်းသည်လို့ ကျနော်တို့အကြမ်းဖျင်းယူဆလို့ရပါတယ်။ ဒီနောက်ကွယ်က အကြောင်းရင်းတွေကို လေ့လာကြည့်ရအောင်။

၁။Structural Integrity

အလွန်အကျွံမလှုပ်တဲ့ အဆောက်အဦများသည် ငလျင်လှုပ်ခတ်စဉ်အတွင်း သိသိသာသာ ပျက်စီးနိုင်ခြေ နည်းပါးပါသည်။ ၎င်းတို့အား Reinforced Materials၊ Flexible Joints နှင့် ငလျင်ဆိုင်ရာ စွမ်းအင်များကို Dissipate လုပ်နိုင်ဖို့ ဒီဇိုင်းထုတ်ထားပြီး ကျနော်တို့အဆောက်အဦးရဲ့ Stability ကိုကောင်းစေပါတယ်။

၂။နေထိုင်သူများဘေးကင်းရေး အတွက်ပိုစိတ်ချရပါတယ်။

တုန်ခါမှုနည်းမယ်ဆိုရင် ငလျင်လှုပ်ခတ်ချိန်တွင် အန္တရာယ်အဖြစ်နိုင်ဆုံးဖြစ်တဲ့ ပြိုကျနိုင်ခြေကို လျော့နည်းစေပါတယ်။ အတော်အတန် တည်ငြိမ်သော အဆောက်အအုံများသည် အဆောက်အအုံအတွင်း နေထိုင်သူများအတွက် ဘေးကင်းစေပါတယ်။

၃။Non Structural Elements-ဝန်မထမ်းသော အဆောက်အဦးရှိ အစိတ်အပိုင်းများ အတွက်လည်းအကျိုးသက်ရောက်မှုရှိပါတယ်။

အလွန်အကျွံတုန်ခါခြင်းသည် မျက်နှာကျက်၊ အခန်းကန့်နံရံများ နှင့် ပရိဘောဂများကဲ့သို့ Non-Structural Elements တွေကို ပြုတ်ကျတာတို့ ၊ ထိခိုက်မိတာတို့ ဖြစ်တတ်ပါတယ်။ တုန်ခါမှုကို လျှော့ချရန် ဒီဇိုင်းထုတ်ထားသော အဆောက်အဦများမှာ‌တော့ အဲ့လိုဖြစ်ဖို့ရာနဲတာပေါ့။ ဒါ့ကြောင်းအရမ်းတုန်ခါတဲ့အဆောက်အဦးထက်ပိုကောင်းတယ်လို့ဆိုလိုတာပါ။

၄။ပျက်စီးမှု လျော့ပါးရေး-

တုန်ခါမှုနည်းသော အဆောက်အဦများမှာ Structural Members တွေဖြစ်တဲ့ တိုင် ၊ ယက်မ ၊ Floor Slab စသည်တို့အပြင် ၊ အဆောက်အဦးအတွင်းရှိ စက်ကရိယာများ ဥပမာ ဆေးရုံတွေဆိုရင် MRI စက် ၊ X-Ray Machine နှင့် အဆောက်အဦးအတွင်းရှိ Facility များ ထိခိုက်မှု အနည်းဆုံးဖြစ်နိုင်ပါတယ်။ လှုပ်ရှားမှုနည်းတဲ့အတွက် မီးလောင်ကျွမ်းမှု၊ ဓာတ်ငွေ့ယိုစိမ့်မှုနှင့် လျှပ်စစ်အန္တရာယ်များအတွက် ဖြစ်နိုင်ခြေကို လျှော့ချပေးကာ ပိုပြီးနေထိုင်သူတွေကိုဘေးကင်းစေပါတယ်။

ဤအကျိုးကျေးဇူးများရရှိဖို့အတွက် ငလျင်ဒဏ်ခံနိုင်သော အဆောက်အဦဒီဇိုင်းသည် သင့်လျော်သောအခြေခံအုတ်မြစ်ဒီဇိုင်း ( Foundation Design)၊ ဘေးတိုက်ဝန်ခံနိုင်ရည်ရှိသောစနစ်များ(Lateral Force Resisting Systems)၊ အဆောက

ဒီပုံလေးကို Post တင်ပြီး Senior Engineer ကြီးတစ်ယောက်က ပြောကြည့်ပါဦးတဲ့ ....ကျနော့အမြင်မှာတော့....Data တွေမစုံပဲ Design ...
15/06/2023

ဒီပုံလေးကို Post တင်ပြီး Senior Engineer ကြီးတစ်ယောက်က ပြောကြည့်ပါဦးတဲ့ ....

ကျနော့အမြင်မှာတော့....

Data တွေမစုံပဲ Design တစ်ခုကို Comments ပေးရတာ အတော်ကိုခက်တယ်။ အရင်ကဒီလိုမျိုးအလားတူလုပ်ခဲ့ဖူးရင် အခု Data နှင့် အရင်က ကိုယ့်ရဲ့ Design Data ကိုယှဉ်ပြီးပြောနိုင်မယ်။ ဥပမာ Steel ရဲ့ Strength Q235 (34 ksi) နှင့် Q345(50 ksi) ဟာ ဓာတ်ပုံတစ်ပုံကိုကြည့်ရုံနှင့်သိနိုင်တာမဟုတ်ဖူး။

ဆိုပါတော့ဗျာ.... ကိုယ်က Q235 နှင့် အရင်က Design လုပ်ထားပြီးရထားတဲ့ Data ကိုမှတ်ထားမိမယ်။ အခုဓာတ်ပုံထဲကဟာက Q345 ဖြစ်နေပြီး Size သေးတယ်လို့ ကိုယ်ဝေဖန်မိရင် ကိုယ့်ဝေဖန်မှုဟာ မှန်နိုင်ပါ့မလား...

Data စုံမှ Comment တစ်စုံတရာ ပေးတာက Right Way ပါ။

တချို့က ဥပမာလေးနှင့်မှပိုမြင်ကြလို့ ကိုယ့်လူတို့ ဆေးခန်းသွားပြတာလေးနှင့် ဥပမာပေးချင်တယ်။ ကိုယ့်လူတို့က ခေါင်းမူးလို့ပါဆိုပြီးဆေးခန်းပြရင် ဆရာဝန်ဘာလုပ်ပါသလဲ ... အနည်းဆုံး နားကြပ်နှင့်စမ်း ၊ သွေးပေါင်ချိန်တော့တိုင်းပြီ ။ ဒါ့အပြင် လိုအပ်ရင်ဒီထက်အသေးစိတ်တဲ့စမ်းသပ်မှုတွေလုပ်ပြီးမှ ဘာဖြစ်တယ်ဆိုတာကောက်ချက်ချပြီး ရောဂါကိုနာမည်တပ်မှာ။ ပြီးမှ ဆရာဝန်က ကုပါလိမ့်မယ်။

စမ်းသပ်ခန်းထဲဝင်လာကတည်းက ခေါင်းမူးတယ်ဆရာလို့ပြောတာနှင့် တန်းပြီးခင်ဗျား ဦးနှောက်ကင်ဆာဖြစ်တာလို့ပြောရင် လှည့်ပြန်လာခဲ့လိုက်ပါ 😜 ...

ပိုဆိုးတာက ခေါင်းမူးတယ်ဆရာဆိုပြီး လူနာကို ဓာတ်ပုံရိုက်ထားတာကိုင်လာပြီး တစ်ယောက်ယောက်ကဆရာဝန်စီလာရင် ဆရာဝန်က ဘာပြောမယ်ထင်တုန်း .... 😁

ပြန်ပြောပါမယ် ....

အချက်အလက်စုံမှ တစုံတရာမှတ်ချက်ပေးပါ ....

ကျနော်တို့ လိုတာလေးတွေ မေးရအောင်ပါ။

Engr.Kyaw Thu Naing

Photo Credit...

“ Civil & Structure Engineer တစ်ဦးအဖြစ်ရပ်တည်ကြတဲ့အခါ … “ပုံမှန် low-Budget market ထဲမှာ ၁ ထပ်တိုက်ကို Structure Design ...
14/06/2023

“ Civil & Structure Engineer
တစ်ဦးအဖြစ်ရပ်တည်ကြတဲ့အခါ … “

ပုံမှန် low-Budget market ထဲမှာ ၁ ထပ်တိုက်ကို
Structure Design အပ်တာ .. သိပ်မရှိတတ်ပါဘူး

၅ သိန်းလောက်တောင်းရင် ထွက်ပြေးတာပါပဲ ..
(ဒီအင်ဂျင်နီယာ / client ကတော့ တန်ဖိုးသိတော့
Structure Design fees - ၅ သိန်းနဲ့အပ်ပါတယ်)

Loading မသိ Configuration ကဘယ်လိုဖြစ်ဖြစ်
Material လဲဘာလာလာ ၉ လက်မတိုင်နဲ့ ချကြတာပဲ
(12”x12” တိုင်ဆိုရင် မျက်စိထဲတော်တော်ကြီးပြီပဲ ..)

ပုံပြထားတဲ့ ၁ ထပ်တိုက်လေးမှာလဲ
ထူးခြားချက်က အများကြီးသိပ်မရှိပါဘူး ..
အဓိက Requirement တစ်ခုကတော့
၉ ပေ ဝဲထားမယ့် Cantilever ပါတယ် …
သူ့ကိုထိန်းမယ့် တိုင်ကို ပြန်ချုပ်မယ့် beam မရှိဘူး

သူ့အတွက် Beam size ကတွက်ချက်မှုအရ
12”x12” ထွက်တယ် .. ဒါကလဲ သူ့ရဲ့ own weight နဲ့ slab တစ်ခုပဲ ထမ်းစရာရှိလို့။

ဒီနေရာမှာ beam size ထက် အရေးကြီးတာ
Development length ပါပဲ …

Ld နဲ့ မလုံလောက်တော့ Ldh ပေါ့ ..
Ldh တင် 13.25” လိုအပ်ချက်ရှိတယ် …

ဒီတော့ သူ့ကို Restraint လုပ်ပေးရမယ့်
Vertical member တိုင် size က
Calculation အရ 15” minimum ရှိမှရမယ်

ပုံမှန်ရပ်ကွက်ထဲဆောက်သလို ဘာလာလာ
9”x9” တိုင်၊ 12”x12” တိုင်နဲ့ မလုံလောက်ဘူး..
column dimension 12”x15” လိုအပ်တယ် ..

ဒါတောင် Concrete strength = 2800 psi
HRB 400 Rebar = 58000 psi နဲ့လုပ်တာပါ

HRB 500 သာဆိုရင် Ldh = 15” လိုပြီး
Column size ကလဲ 18” ဖြစ်သွားမယ်
ဘာလာလာ 9”x9” (or) 12”x12” တိုင်က
ဘယ်လိုမှ Ldh မလုံလောက်ပါဘူး ..

ဒီနေရာမှာ Cantilever အလျားရှည်လို့
As များများလိုမယ် .. Rebar diameter
ခပ်ကြီးကြီးသုံးမယ်ဆိုရင်လဲ ပိုအဆင်မပြေပါဘူး

18mm နဲ့ 16mm နှစ်ခုထဲ ယှဉ်ရွေးရင်
16mm ကိုပဲ အရေအတွက်တိုးပေးတာ
ပိုပြီး Economical design ဖြစ်ပါတယ် …

Safety, Economy အပြင် Construction မှာ
Column + Beam = Frame action မရသေးတဲ့
Free standing column အဆင့်မှာပါ Cantilever 9ft ကို stable ဖြစ်အောင် လုပ်ဖို့
အရေးကြီးတဲ့ Formwork & Falsework ကို
28 days strength မရမချင်း prop တွေမဖြုတ်ပဲ
ထောက်ထားသင့်တဲ့ ကာလကိုပါ Drawing မှာ
တစ်ခါထဲ ဆွဲပြပြီး အကြံပြုထားပေးတယ် ..

၁ ထပ်တိုက်ကို ၁ သိန်း/ ၂ သိန်းနဲ့ ရတဲ့
Black market မှာ ဒီလို drawing မရတာ
အမှန်ပါပဲ ..

ပုံမှန်ဆံပင်ညှပ်ဆိုင်ချင်းတူပေမယ့်
ညှပ်ခ ၁၅၀၀ တန်နဲ့ ၅၀၀၀ တန်ကွာကြသလို
Design လောက မှာလဲ သူ့

 RC နှင့် Steel Structure ခြားနားချက်R.C နဲ့ Steel Structure နှစ်ခုလုံးမှာ -load transfer method က တူတူပါပဲ။သို့သော် R.C...
13/06/2023



RC နှင့် Steel Structure ခြားနားချက်

R.C နဲ့ Steel Structure နှစ်ခုလုံးမှာ -
load transfer method က တူတူပါပဲ။
သို့သော် R.C က သံကူကွန်ကရစ်
Steel Structure ကတော့ Mild Steel ဆိုပြီး တည်ဆောက်ခြင်းဆိုင်ရာ အသုံးပြု ပစ္စည်းအမျိုးအစားကွာပါတယ်။

R.C
ဝန်အားတွေကို သံကူဘိလပ်မြေကွန်ရစ်တွေကနေမြေကြီးပေါ်ကို သက်ရောက်စေပါတယ်

Steel Structure
ဝန်အားတွေကို Steel Member တွေကတစ်ဆင့် မြေကြီးပေါ် သက်ရောက်စေပါတယ်။

R.C
ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အစိတ်အပိုင်းများ၏ ပုံစံအရွယ်အစားတွေဟာ ကြီးမားပါတယ်။

Steel Structure
ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အစိတ်အပိုင်းများ၏ ပုံစံအရွယ်အစားတွေဟာ R.C ထက် သေးငယ်ပါတယ်။

RC
ငလျင်ဒဏ်နဲ့ လေအားခံနိုင်ရည်ကတော့ နည်းပါတယ်။

Steel Structure
ငလျင်ဒဏ်နဲ့ လေအားခံနိုင်ရည် အားသာပါတယ်။

RC
Tensile strength က Steel Structure နဲ့ ယှဥ်ရင် နည်းပါတယ်။

Steel Structure
Tensile strength အ​နေဖြင့် RC တွေထက် အားသာချက်ရှိနေပါတယ်။

RC
လုပ်သားလိုအပ်ချက် ပိုပြီးများပါတယ်။ intensive ဖြစ်တယ်ပေါ့။

Steel Structure
လုပ်သားလိုအပ်မှုနည်းပြီး အလုပ်ရုံတစ်ခုတည်းမှာပဲ ကြိုတင် ထုတ်လုပ်ရေး ဆောင်ရွက်နိုင်မှု အားသာပါတယ်။

RC
Construction လုပ်ငန်းဆောင်ရွက်ချိန် ပိုမိုကြာတတ်ပါတယ်။

Steel Structure
Construction လုပ်ငန်းဆောင်ရွက်ချိန် ပိုမိုမြန်ဆန်မှု ရှိပါတယ်။

RC
သံချေးတက်ခြင်းအတွက်စိတ်ပူစရာမလိုအပ်ပါဘူး။
သို့သော်လည်း လုပ်ငန်းဆာင်ရွက်စဥ် ဂရုစိုက်မှု အားနည်းခဲ့လျှင် ပြန်လည်ပြုပြင်မှုအတွက် မူလတည်ဆောက်ခြင်း ကုန်ကျစရိတ်ထက်ပင် ပိုနေတတ်ပါသေးတယ်။

Steel Structure
Steel structure ကတော့ သေချာပါတယ် အချိန်တစ်ခုကြာရင် သံချေးတက်မှာပါ။
(ကြိုတင်ကာကွယ်ခြင်းများ ဆောင်ရွက်ရန်လိုအပ်။)

RC
ပြန်လည်ပြုပြင်မှုအတွက် ကုန်ကျစရိတ်ပိုတယ်။
ပြုပြင်မှုအတွက်လည်း ခက်ခဲတယ်။

Steel Structure
ပြန်လည်ပြုပြင်မှု ကုန်ကျစရိတ် သက်သာတယ်။
ပြုပြင်မှုအတွက်လည်း လွယ်ကူပါတယ်။

RC
သက်တမ်းအားဖြင့် အရေးကြီး ဆုံးဖြတ်ရပေမဲ့ တည်ဆောက်မှု နည်းပညာ အရမ်းကြီး ဆုံးဖြတ်ရ
မခက်ခဲပါ။

Steel Structure
သက်တမ်းအားဖြင့် အရေးကြီး ဆုံးဖြတ်ရသလို တည်ဆောက်မှု နည်းပညာဟာလည်း အရမ်းအရေးကြီးပါတယ်။

RC
ဆောက်လုပ်မှုအတွက် ကျွမ်းကျင်လုပ်သားအပြင်
မကျွမ်းကျင်သူများလည်း ပေါများစွာ ဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်။

Steel Structure
ကျွမ်းကျင်လုပ်သားများသာ အဓိက ဦးစားပေး ဆောင်

 #အုတ်စီရာတွင် လိုက်နာရမည့် စည်းကမ်းတချို့ #ထွက်ရှိထားသောစာအုပ်အကြောင်းကို အောက်ဖော်ပြပါ link တွင် ဖတ်ရူ့နိုင်ပါသည်   အင...
10/06/2023

#အုတ်စီရာတွင် လိုက်နာရမည့် စည်းကမ်းတချို့

#ထွက်ရှိထားသောစာအုပ်အကြောင်းကို
အောက်ဖော်ပြပါ link တွင် ဖတ်ရူ့နိုင်ပါသည်

အင်ဂျင်နီယာမှတ်စု အပိုင်း(၁)

https://m.facebook.com/story.php?story_fbid=523159423003211&id=100059274745367

အင်ဂျင်နီယာမှတ်စု အပိုင်း(၂)

https://www.facebook.com/109143193958925/posts/516646439875263/

Sharing များဖတ်ရူ့ရန်နှိပ်ပါ။

https://m.facebook.com/story.php?story_fbid=488945079312066&id=109143193958925

#ယခုစာများကို U-HtetWunnaAung
မှ ရှာဖွေစုစည်းတင်ပြထားခြင်းဖြစ်ပါသည်။

(BE-Civil)

 #ကဲကဲ #လိပ်ဖမ်းနည်းတဲ့ဗျ လိပ်တခါးကိုယ်တိုင်လုပ်ချင်သူများအတွက် share ယူထားကြဗျာ
09/06/2023

#ကဲကဲ

#လိပ်ဖမ်းနည်းတဲ့ဗျ လိပ်တခါးကိုယ်တိုင်လုပ်ချင်သူများအတွက် share ယူထားကြဗျာ

09/06/2023
Stair Design😊  design group👇👇👇  Design🤝🤝  Design👌🤝🤝
30/05/2023

Stair Design😊
design group👇👇👇
Design🤝🤝
Design👌🤝🤝

Civil & Structure Engineer တစ်ဦးအဖြစ်ရပ်တည်ကြတဲ့အခါ  ပုံမှန် low-Budget market ထဲမှာ ၁ ထပ်တိုက်ကို Structure Design အပ်တ...
29/05/2023

Civil & Structure Engineer
တစ်ဦးအဖြစ်ရပ်တည်ကြတဲ့အခါ

ပုံမှန် low-Budget market ထဲမှာ ၁ ထပ်တိုက်ကို
Structure Design အပ်တာ .. သိပ်မရှိတတ်ပါဘူး

၅ သိန်းလောက်တောင်းရင် ထွက်ပြေးတာပါပဲ ..
(ဒီအင်ဂျင်နီယာ / client ကတော့ တန်ဖိုးသိတော့
Structure Design fees - ၅ သိန်းနဲ့အပ်ပါတယ်)

Loading မသိ Configuration ကဘယ်လိုဖြစ်ဖြစ်
Material လဲဘာလာလာ ၉ လက်မတိုင်နဲ့ ချကြတာပဲ
(12x12 တိုင်ဆိုရင် မျက်စိထဲတော်တော်ကြီးပြီပဲ ..)

ပုံပြထားတဲ့ ၁ ထပ်တိုက်လေးမှာလဲ
ထူးခြားချက်က အများကြီးသိပ်မရှိပါဘူး ..
အဓိက Requirement တစ်ခုကတော့
၉ ပေ ဝဲထားမယ့် Cantilever ပါတယ်
သူ့ကိုထိန်းမယ့် တိုင်ကို ပြန်ချုပ်မယ့် beam မရှိဘူး

သူ့အတွက် Beam size ကတွက်ချက်မှုအရ
12x12 ထွက်တယ် .. ဒါကလဲ သူ့ရဲ့ own weight နဲ့ slab တစ်ခုပဲ ထမ်းစရာရှိလို့။

ဒီနေရာမှာ beam size ထက် အရေးကြီးတာ
Development length ပါပဲ

Ld နဲ့ မလုံလောက်တော့ Ldh ပေါ့ ..
Ldh တင် 13.25 လိုအပ်ချက်ရှိတယ်

ဒီတော့ သူ့ကို Restraint လုပ်ပေးရမယ့်
Vertical member တိုင် size က
Calculation အရ 15 minimum ရှိမှရမယ်

ပုံမှန်ရပ်ကွက်ထဲဆောက်သလို ဘာလာလာ
9x9 တိုင်၊ 12x12 တိုင်နဲ့ မလုံလောက်ဘူး..
column dimension 12x15 လိုအပ်တယ် ..

ဒါတောင် Concrete strength = 2800 psi
HRB 400 Rebar = 58000 psi နဲ့လုပ်တာပါ

HRB 500 သာဆိုရင် Ldh = 15 လိုပြီး
Column size ကလဲ 18 ဖြစ်သွားမယ်
ဘာလာလာ 9x9 (or) 12x12 တိုင်က
ဘယ်လိုမှ Ldh မလုံလောက်ပါဘူး ..

ဒီနေရာမှာ Cantilever အလျားရှည်လို့
As များများလိုမယ် .. Rebar diameter
ခပ်ကြီးကြီးသုံးမယ်ဆိုရင်လဲ ပိုအဆင်မပြေပါဘူး

18mm နဲ့ 16mm နှစ်ခုထဲ ယှဉ်ရွေးရင်
16mm ကိုပဲ အရေအတွက်တိုးပေးတာ
ပိုပြီး Economical design ဖြစ်ပါတယ်

Safety, Economy အပြင် Construction မှာ
Column + Beam = Frame action မရသေးတဲ့
Free standing column အဆင့်မှာပါ Cantilever 9ft ကို stable ဖြစ်အောင် လုပ်ဖို့
အရေးကြီးတဲ့ Formwork & Falsework ကို
28 days strength မရမချင်း prop တွေမဖြုတ်ပဲ
ထောက်ထားသင့်တဲ့ ကာလကိုပါ Drawing မှာ
တစ်ခါထဲ ဆွဲပြပြီး အကြံပြုထားပေးတယ် ..

၁ ထပ်တိုက်ကို ၁ သိန်း/ ၂ သိန်းနဲ့ ရတဲ့
Black market မှာ ဒီလို drawing မရတာ
အမှန်ပါပဲ ..

ပုံမှန်ဆံပင်ညှပ်ဆိုင်ချင်းတူပေမယ့်
ညှပ်ခ ၁၅၀၀ တန်နဲ့ ၅၀၀၀ တန်ကွာကြသလို
Design လောက မှာလဲ သူ့အိုးနဲ့သူ့ဆန်ပါပဲ ..

မဖြစ်မနေသိထားသင့်တဲ့ အဆောက်အဦးတွေနဲ့ပတ်သက်တဲ့ loadတွေအကြောင်း ကျနော်တို့က structureတခုရဲ့ အတိုင်းအတာတွေကို တွက်ထုတ်ဖို့ဆ...
19/05/2023

မဖြစ်မနေသိထားသင့်တဲ့ အဆောက်အဦးတွေနဲ့ပတ်သက်တဲ့ loadတွေအကြောင်း
ကျနော်တို့က structureတခုရဲ့ အတိုင်းအတာတွေကို တွက်ထုတ်ဖို့ဆိုရင် အဲ့ဒီstructureက supportလုပ်ရမဲ့ loadတွေကို မဖြစ်မနေသိဖို့လိုအပ်ပါတယ်။ တခါတလေ designတွက်ဖို့အတွက် structureအမျိုးအစားကိုရွေးချယ်တဲ့အခါမှာ အဲ့ဒီstructureပေါ်မှာ သက်ရောက်မဲ့ loadတွေကို ကျနော်တို့က ကြိုတင်ခန့်မှန်းတွက်ဆရပါတယ်။ ဉပမာ- လေတိုက်နုန်းမြင့်တဲ့နေရာဒေသတခုမှာ အထက်မြင့်အဆောက်ဦးတခုကို designမယ်ဆိုရင် ကျနော်တို့က shear wallတွေနှင့် tubular frame system structureမျိုးကိုရွေးချယ်ရပါတယ်။ ဒါ့အပြင် အဲ့ဒီအဆောက်အဦးက ငလျင်ပြင်းတဲ့ နေရာဒေသမှာတည်ရှိမယ်ဆိုရင် အဲ့ဒီstructureရဲ့ frameနှင့် connectionတွေကို ductileဖြစ်အောင် designလုပ်ရပါမယ်။
Structureရဲ့ အမျိုးအစားကိုရွေးချယ်ပြီးတဲ့အခါမှာ အဲ့ဒီstructureပေါ်မှာ သက်ရောက်မဲ့ Loadတွေကို ထမ်းဆောင်ရမဲ့ elementတွေကနေအစ သူတို့ကိုထောက်ပံံ့ပေးမဲ့ structural memberတွေကနေတဆင့် foundationထိအဆင့်ဆင့် desginတွက်ရပါမယ်။ အဆောက်အဦးတခုမှာဆိုရင် floor slabကိုအရင် designတွက်ရပါမယ် ပြီးမှ သူတို့ကိုထောက်ပံ့ထားတဲ့ beamတွေ columnတွေနဲ့ နောက်ဆုံးမှာတော့ foundationကို တွက်ရပါမယ်။အဲ့ဒါကြောင့် structureတခုကို designတွက်ဖို့ဆိုရင် structureပေါ်သက်ရောက်မဲ့ loadsတွေကို အရင်ဆုံးသိဖို့က အရေးကြီးပါတယ်။ ။
structureတခုအတွက် လိုအပ်တဲ့ design loadတွေကို codeတွေကနေ သက်မှတ်ထားပါတယ်။ ရေဘုယအားဖြင့် structure engineerတွေက building codeနှင့် design codeဆိုတဲ့ code၂ခုကိုအသုံးပြုပြီး designလုပ်ကြရပါတယ်။ Building codeဆိုတာ အစိုးရအဖွဲ့စည်းတွေရဲ့ လိုအပ်ချက်အရ structureပေါ်မှာ သက်ရောက်မဲ့ minimum design loadsတွေနှင့် ဆောက်လုပ်ရေးအတွက် အနည်းဆုံးစံသက်မှတ်ချက်တွေကို သက်မှတ်ဖော်ပြထားခြင်းဖြစ်တယ်။ Design codeတွေမှာ တော့ technical standardတွေရဲ့အသေးစိတ်ကိုဖော်ပြထားပြီး အမှန်တကယ် structural designအတွက် လိုအပ်ချက်များတွက်ထုတ်တဲ့နေရာမှာ အသုံးပြုလေ့ရှိပါတယ်။နောက်ပိုင်းမှာ အဲ့ဒီ code၂ခုအကြောင်းကိုအကျယ်တဝန်းရေးပါဦးမယ်။ဒါပေမဲ့ တကယ်တမ်းကြတော့ codeဆိုတာ sturctureတွေကို designတွက်ဖို့အတွက် ရေဘုယလမ်းညွှန်မှု့တခု (General Guide)သက်သက်လောက်သာဖြစ်တယ်လို့ သိရမယ်။ ဘာကြောင့်လဲဆိုရင် Structureတခုရဲ့ designအတွက်ကတော့ structure designerကပဲ အပြည့်အဝတာဝန်ရှိသူဖြစ်ပါတယ်။ အဆောက်

Address

Yangon

Alerts

Be the first to know and let us send you an email when Moesandar Construction Design Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Moesandar Construction Design Group:

Share