30/04/2022
ကင်ဆာ အပါဝင် ရောဂါမျိုးစုံတွက်
ဆေးဖက်ဝင်
မိုးနှံသီး (မိုးနံ မွန်းနံ) (မိုးနဲသီး)
(မှတ်စု page စုစည်းမှု)
Azima sarmentosa Benth.
Needle bush
Family. Salvadoraceae
Common Names: Mo-hnan
အညာသားမှန်ရင် မိုးနှံပင်ကို ရင်းနှီးကြွမ်းဝင်ကြတယ်၊ အပူပိုင်းကိုနှစ်သက်ပြီး မြေမရွေးပေါက်နိုင်သောအပင်ပါ၊ တောင်ပေါ်ဒေသမှာ လုံးဝမတွေ့နိုင်တဲ့အပင်လည်းဖြစ်ပါတယ်၊ ချင်းပြည်မှာ ၆ နှစ်တာနေခဲ့ရပြီး အခုမှ ပြန်လည်ဆုံရတဲ့အပင်လည်းဖြစ်ပါတယ်၊ ပေါက်ပွားနှုံးကောင်းလှတော့ အချို့နိုင်ငံတွေမှာ deforestation ဖြစ်တဲ့နေရာအချို့ မှာ အစားထိုးဖို့ကျိုးစားနေရတဲ့အပင်လည်းဖြစ်ပါတယ်၊ မုံရွာတဝိုက်တော့ ဘယ်နေရာသွားသွားဒီအပင်တွေခြည့်ပါဘဲ၊
မြန်မာပြည်မှာတော Species ..၂ ပင်ဘဲရှိပြီး...Mandalay, Sagaing, Magwe တိုင်းတွေမှာဘဲပေါက်တယ်၊ ဆူးရှိတဲ့ခြုံပင်ကြီးပါ..အရွက်တွေက မာကြော ပြောင်လက်နေပြီး ရွက်ဆိုင်ထွက်လေ့ရှိတယ်၊ အပင်က
အလွန်ကိုင်းဖြာပြီး အကိုင်းတွေက တွဲလျားကျနေပါတယ်၊ အရွက်ကိုခြေပွတ်လိုက်ရင်အနံ့ရှိပါတယ်၊ မာကြောသော ဆူးတွေရှိပါတယ်၊ Stipules ရွက်စွယ် ပါသော်လည်း အလွန်ငယ်ပါတယ် ၊ ပန်းပွင့်လေးတွေက အရမ်းသေးငယ်ပြီး လိင်မစုံကြပါဘူး အဖိုပင် အမပင် သီးခြားစီရှိပါတယ်၊ (dioecious) ၊ ပွင့်ဖတ်အုံက campanulate ခွက် ပုံရှိပြီး အဝိုက် ၄ခုရှိပါတယ်၊ ပွင့်ချပ် ၄ ခုပါပြီး ကွာလို့နေပါတယ်၊ အဖိုပွင့်လေးတွေမှာ ဝတ်ဆံဖိုတွေဟာ ပွင့်ချပ်ထက်ရှည်ပါတယ်၊ အမပွင့်မှာ ဝတ်ဆံဖိုတွေဟာ သေးငယ်ပြီး မြုံကြတယ်၊ အစေ့အိမ်က လုံးဝန်းပြီး အခန်း၂ခန်းရှိပါတယ် အသီးကတော့ ဘယ်ရီသီးဖြစ်ပြီး အစေ့ ၁စေ့ကနေ ၃စေ့ထိပါပါတယ်၊ အသီးတွေက သင်္ကြန် ရက်ပိုင်းလောက်ဆို ရင့်မဲ့လာပြီး ပုံထဲကလို အဖြူရောင် ဘယ်ရီသီးများဖြစ်လို့လာပါတယ်၊ မုံးနှံအသီးကို တမင်သက်သက် စားလေ့မရှိသော်လည်း သင်္ကြန်ကာလမှာ ရောဂါဘယကင်းတယ်ဆိုပြီး အယူအဆနဲ့ စားလေ့ရှိကြပါတယ်။ မိုးနှံဟာ တိုင်းရင်းဆေးမှာလည်းထင်ရှားလှပါတယ်။
အရှင်နာဂသိမ်ဆေးကျမ်းထဲမှာတော့
“ဂုဏ်နဲ့စွမ်းရည်မှာ” အမြစ်ခေါက်သည် အစာမကြေလေပြည့်ရောဂါ၌ အသုံးပြုနိုင်၏၊ အရွက်ကို မီးဖွားသော မိန်းမကိုကြွေးမွေးနိုင်၏။ ဆီးရောဂါကို ပျောက်ကင်းစေနိုင်၏၊ရေဖျဉ်းရောဂါ၊နာတာရှည် သွေးဝမ်းရောဂါ ဝမ်းမီးနှုံခြင်းတို့တွင် အသုံးပြုနိုင်သည်။ ထို့ပြင် ရောဂါလိုက်အသုံးပြုပုံများကို လည်း အသေးစိတ် လေ့လာနိုင်ပါသေးသည်၊
***ရေဖျဉ်းနဲ့ ဆီးချုပ်ရောဂါအတွက် အမြစ်အစိုအခြောက်ကို ညက်အောင်ထောင်း၍ ညှစ်၍ရသောအရေ ၁ကျပ်သား နှင့် ဆိပ်နို့ ၆ ကျပ်သားရောသောက်ပေးက သက်သာပျောက်ကင်းစေနိုင်သည်၊
****ထူးဆန်းတာတခုကမိုးနှံသီး ၉ လုံးကို တခါစား ၃ လုံးဖြင့် တဆက်တည်း ၉ လုံးစားလျှင့် ကျောက်ရောဂါကာကွယ်နိုင်တဲ့အယူအဆပါဘဲ၊ ငယ်ငယ်က အမေက မိုးနှံသီး ၇ လုံး အတင်းစားခိုင်းခဲ့တာမှတ်မိသေးရော့၊ မစားခြင်စားခြင်နဲ့စားခဲ့ရတာလေ၊
****ဆရာတော်ကြီး ရဲ့စာထဲမှာ မြင်းခြံနယ်ဖက်အချို့မှာ ခွေးကိုမြွေကိုက်လျှင် ယင်းခွေးတကိုယ်လုံးကို မိုးနှံဆူးဖြင့် တကိုယ်လုံး သွေးထွက်အောင်ထိုးဆွခြင်းဖြင့် ထိုခွေးမှာ မြွေဆိပ်ပြယ်ကာ အသက်ရှင်သန်သွားနိုင်သည်ဟုဆိုထားလို့ မိုးနှံဆူးအစွမ်းကိုအံသြမိပါတယ်၊
***မကြာမီးကလည်း Facebook က post တခုမှာ ကင်ဆာပျောက်ပြီမြန်မာပြည်ဆိုပြီး တင်ထားဖူးပါတယ်၊ share သူ like သူများနဲ့ အတော်လူသိလာပါသေးတယ်၊ ဆူးပါသောအရွက်စိမ်းကို ရေနွေးဆူဆူမှာ ၃ မိနစ်ထားထည့်သောက်ရုံနဲ့ အပူအကြိတ်မြစ်ပွားနာ၊ အသည်းရောဂါ သားအိမ်ကင်ဆာ ကာကွယ်နိုင်သည်လို့ဆိုထားပါတယ်၊ side effect လည်းမရှိနိုင်တာမို့ စောဒက မတက်လိုပါဘူး ယုံကြည်မှုဟာတခါတလေ ရောဂါကို သက်သာစေပါတယ်၊ ***အခုအချိန်က အဖူးနု အရွက်နုထွက်တဲ့အချိန်လည်းဖြစ်တာမို့ ခူးပြီး ကြော်ချက်ပြီး စားခြင်စား၊ ဒါမှမဟုတ် ဟင်းခါးချက်၍ ပြုတ်ပြီးလည်းစားနိုင်ပါတယ်၊ မိုးနှံဖူးကိုပြုတ် ဆီချက် ပဲမှုန့် မြေပဲထောင်း နဲ့ သုပ်စားရင်လည်းအတော်ကောင်းပါတယ်၊ အနဲငယ်ခါးသက်သော သဘောရှိပါတယ်၊ ယခင်အခါက ကျောက်ပေါက်သူများ ကျောက်ဆိုးပါခြင်း ကျောက်များအိုင်းကျခြင်းဖြစ်ပါက အရွက်ကို ဟင်းချိုလုပ်ကာသောက်ကြရတယ်လို့သိရပါတယ်။ website တခုမှာ မိုးနှံ Azima tetracantha ရဲ့ ဆေးဝင်ပုံတွေကို အခုလို ဖော်ပြထားတာဟာဖြင့် အလွန်ကိုစိတ်ဝင်စားစရာကောင်းလှတယ်
****Medicinal uses of Azima tetracantha :
The sap of the plant is applied directly to treat toothache and bleeding gums after tooth extraction and also as a disinfectant.
***The roots are antidote and diuretic
***They are used in the treatment of rheumatism, dropsy and stomach disorders.
The pounded roots are applied directly to snakebites, whilst an infusion is also taken orally as a treatment for them.
The root bark is used in the treatment of rheumatism အဆစ်မြစ်ယောင်ခြင်း.
The bark is expectorant သလိပ်ရွှင်ဆေး .
The leaves are stimulant အားကြွဆေး. They are eaten with food as a treatment for rheumatism. The leaf juice is used in the treatment of asthma ပန်းနာရင်ကြပ်ရောဂါ and coughs ချောင်းဆိုး caused by phthisis. The pickled leaves are used as an appetizer and against colds. An infusion of the leaves is used to treat venereal diseases.
The crushed leaves are applied directly to painful teeth, whilst the leaf juice is applied to the ears to treat earaches.
The juice of the berries is applied directly into the ear to treat earache နားကိုက်.
The dimeric piperidine alkaloids azimine, azcarpine and carpaine have been isolated from all plant parts.
All parts contain glucosinolates. These are hydrolyzed into thiocyanates and isothiocyanates, and the resulting compounds have anti-oxidant and sometimes “anticarcinogenic activities”.
Terpenoids are present in the roots and the leaves.
The seeds contain a complex mixture of about 25 flavonoids, predominantly as glycosides and acyl-glycosides, the most important being quercetin, isorhamnetin, rhamnetin and rhamnazin.
Despite the plant's traditional uses, the leaves have tested negative in antibacterial and antifungal tests.
The anti-inflammatory activity of the powdered leaf has been confirmed in tests on oedema in rats.
The wound-healing activity of a methanol extract was confirmed both as ointment and when injected.
အခြားဆေးဝင်ပုံတွေ မပြောလိုပေမဲ့
anticarcinogenic activity ရှိနေတာကတော့ ဆန်းပြားလှတယ်။ ယခင်ဆောင်းပါးရှင်ပြောသလို ကင်ဆာရောဂါ ကို တားဆီးပေးနိုင်သော အစွမ်းက တခါတရံရှိနေတယ်ဆိုတာသိရလို့ပါ၊ ဘယ်လိုဘဲဆို အညာနွေပူပူမှာ တွေ့ရတဲ့ မိုးနှံပင် မိုးနှံသီးတွေ မှာ ကျနော်တို့ မသိသေးတဲ့ စိတ်ဝင်စားစရာ အချက်တွေပြည့်လို့နေတာကို ဘယ်သူမှ ညင်းလို့မရပါဘူး၊
Credit - မှတ်စု စုစည်းမှု
ကိုးကားမှုများ
flora of China
e flora.org
အရှင်နာဂသိမ်ပုံပြဆေးအဘိဓာန်