Charm သစ်ပင်ပန်းပင်မျိုးစုံ ရောင်းဝယ်ရေး

  • Home
  • Myanmar
  • Yangon
  • Charm သစ်ပင်ပန်းပင်မျိုးစုံ ရောင်းဝယ်ရေး

Charm သစ်ပင်ပန်းပင်မျိုးစုံ ရောင်းဝယ်ရေး ပန်းပင် ပျိုးပင်များကို‌ ဈေးနှုန်း?

25/01/2022

သစ်ပင်ပန်းပင်မျိုးစုံကို 👇👇👇
https://www.facebook.com/Charm-သစ်ပင်-ပန်းပင်-မျိုးစုံရောင်း၀ယ်ရေး-II-1610993002523681/
ဒီကနေလေ့လာပြီး အကြိုက်တွေ့ရင် မှာယူအားပေးနိုင်ပါတယ်ရှင့်

အလှပန်းပင်များ၊ သီးပင်စားပင်များနှင့် အရိပ်ရအပင်ကြီးများကို ဈေးနှုန်းသင့်တင့်စွာဖြင့် ဝယ်ယူနိုင်ပြီး အပင်စိုက်ဝန်ဆောင်မှုများလည်း ရနေပါပြီရှင့်။
09-798 163 969/09-987 336 879

☘️🍀🌱အိပ်မပျော်သူများအတွက် ပူစီနံရွက်☘️🍀အိပ်မပျော်တဲ့ မိတ်ဆွေများအတွက် ကျွန်မလုပ်နေကျ ဆေးနည်းလေး ပေးပါရစေ။အိပ်ဆေးသောက်အိပ...
24/08/2021

☘️🍀🌱အိပ်မပျော်သူများအတွက် ပူစီနံရွက်☘️🍀

အိပ်မပျော်တဲ့ မိတ်ဆွေများအတွက် ကျွန်မလုပ်နေကျ ဆေးနည်းလေး ပေးပါရစေ။

အိပ်ဆေးသောက်အိပ်ခြင်းဟာ ရေရှည်မှာ မကောင်းပါဘူး။ ဒီနိုင်ငံမှာဆို အိပ်ဆေး လုံးဝ မပေးပါဘူး။

အရင်ကတော့ နွားနို့ပူပူလေးကို မအိပ်ခင် နာရီဝက်လောက်အလိုမှာ သောက်လိုက်ပြီးမှ အိပ်ရင် အိပ်ပျော်တယ်ဆိုလို့ သောက်ကြည့်ပါတယ်။ မဆိုးပါဘူး။ ဒါပေမယ့် နွားနို့သိပ်မကြိုက်တတ်တဲ့ ကျွန်မအတွက် သိပ်အဆင်မပြေပါဘူး။

ဒါနဲ့ အညာမှာနေတဲ့ မွေးသမိခင်ကို မေးရတော့တာပေါ့။ သမီးရေ အိပ်မပျော်ရင် ရေနွေးထဲကို ပူစီနံအရွက် ၅ ရွက် ၆ ရွက်ကို ထည့်ပြီး ခပ်နွေးနွေးလေး အနေအထားရောက်ရင် သောက်ပြီး အိပ်ယာထဲ ဝင်လိုက်ပါတဲ့။ ခဏနေရင် အိပ်ပျော်သွားလိုက်မယ်တဲ့။

တစ်ကယ့်ကို အဟုတ် အိပ်ဆေးကောင်းလေးပါ။ အခုတော့အိမ်မှာ ပူစီနံကို အခင်းဖြစ်အောင်စိုက်ထား လိုက်ပါတော့တယ်။

သြော် နောက်တစ်ခုက ပူစီနံအရည်ကို သောက်ခြင်းဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသလို အဆီလည်း ကျစေပါတယ်တဲ့။

မိတ်ဆွေများ လိုသလို အသုံးပြုနိုင်ကြပါစေ.....

အိန္ဒိယ အစားအစာတွေထဲမှာရော အတို့အမြုပ် အနေနဲ့ပါ စားနိုင်တဲ့ ပူစီနံ စားရုံနဲ့ လေ့ကျင့်ခန်းတွေ ထူးထူး ထွေထွေ သိပ်လုပ်စရာ မလိုပဲ ကိုယ်အလေးချိန် ကောင်းကောင်း လျော့ချနိင်ပါတယ်။ ပူစီနံက သင့်ကို ဘယ်လို ကျန်းမာရေး ကောင်းကျိုးတွေ ဖြစ်စေပါသလဲ။

(၁) အစာကြေစေတယ်
- ခံတွင်းကိုလည်း ရှင်းစေတယ်၊ အစာကိုလည်း ကြေစေတယ်၊ အစာမာ စားတာ များရင်၊ ဒါမှမဟုတ် အစာမကြေ ဖြစ်နေရင် ပူစီနံ နည်းနည်းလောက် စားပေးရုံနဲ့ အစောကြေ အဆင်ပြေစေပါလိမ့်မယ်။

(၂) အာရုံကြော အားကောင်းစေတယ်၊ ခေါင်းကိုက်ပျောက်ကင်းစေတယ်
- ပူစီနံကို ပုံမှန် စားသုံးပေးခြင်းက အာရုံကြော အားကောင်းစေတာ တွေ့ရသလို ခေါင်းကိုက်နေချိန်မှာလည်း စားသုံးပေးမယ် ဆိုရင် ပူစီနံရဲ့ အနံ့ကြောင့် ခေါင်းကိုက်ပျေက်ကင်းစေတာ တွေ့ရပါတယ်။

(၃) ချွဲကျစေတယ်၊ ချောင်းဆိုးပျောက်စေတယ်
- ချောင်းဆိုးပျောက်ဆေး အများစုမှာ ပူစီနံရဲ့ ဓါတ်ကို ထည့်သွင်း ထုတ်လုပ်ထားတာ တွေ့နိုင်သလို အနည်းငယ် ပူရှိန်တဲ့ ဓါတ်ကြောင့် ချွဲကျစေသလို ချောင်းဆိုလည်း ပျောက်ကင်းစေတာ တွေ့ရပါတယ်။

(၄) ပန်းနာရင်ကျပ်လည်း သက်သာစေနိုင်တယ်
- အများဆုံးသော ပန်းနာရင်ကျပ် သမားတွေရဲ့ လက်စွဲတော် အစားအစာလည်းဖြစ်၊ အကောင်းဆုံး စားသုံးသင့်တဲ့ အရွက်က ပူစီနံပါ၊ လည်ချောင်းရှင်းပြီး အသက်ရှုလမ်းကြောင်း ကောင်းမွန်စေတာ တွေ့ရပါတယ်။

(၅) မိခင်များ နို့ထွက်ကောင်းစေတယ်
- နို့တိုက်မိခင်တွေ နို့ထွက်ကောင်းစေချင်တယ် ဆိုရင်လည်း ပူစီနံ အနည်းငယ် ပုံမှန် စားသုံးပေးသင့်ပါတယ်။ နို့ထွက်အားကောင်းလာစေနိုင်ပါတယ်။

(၆) အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်တယ်
- ပူစီနံရွက်ထဲမှာ ပါရှိတဲ့ ပူရှိန်တဲ့ ဓါတ်ဟာ သွေးထဲက အဆီခဲတွေကို ဖယ်ရှားပေးနိုင်ပြီး အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။

(၇) အသားရေစိုပြေစေတယ်
- အရွယ်ကို ပုံမှန် စားသုံးပေးခြင်းက အရေပြားကို စိုစွတ် အေးမြစေတယ်၊ စိုပြေစေတယ်၊ နေပူဒဏ် ခံနိုင်စေတယ်၊ ပူစီနံနဲ့ ဖော်စပ်ထားတဲ့ အရေပြား လိမ်းဆေးတွေက အရေပြား ကူးစက်ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။

(၈) သတိမေ့ခြင်းကို သက်သာစေနိုင်တယ်
- အသက်အရွယ် ကြီးမားလာခြင်း အတွက်ရော စိတ်ဖိစီးမှု များခြင်းကြောင့် သတိမေ့ခြင်းကို ပူစီနံက ကာကွယ်ပေးနိုင်တာ၊ သက်သာစေနိုင်တာ တွေ့ရပါတယ်။

(၉) ကိုယ်အလေးချိန် မှန်စေတယ်
- အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်သလို ကိုယ်အလေးချိန် များနေသူတွေ၊ အ၀လွန်နေသူတွေကိုလည်း သွေးထဲက အဆီတွေဖယ်ပေးနိုင်တာကြောင့် ကိုယ်အလေးချိန် မှန်ပြီး ပိန်စေနိုင်တာလည်း တွေ့ရပါတယ်။

(၁၀) ကင်ဆာကိုလည်း ကာကွယ်ပေးနိုင်တယ်
- အထိရောက်ဆုံး ကာကွယ်မှု ပေးနိုင်တာ မဟုတ်ပေမယ့် နောက်ဆုံး လေ့လာတွေ့ရှိချက်တွေ အရတော့ ကင်ဆာဖြစ်စေမယ့် ဆဲလ်တွေ ဖြစ်တည်မှုနဲ့ ကင်ဆာဆဲလ်တွေ သေစေနိုင်မှုကို ပူစီနံဓါတ်က ကူညီ တိုက်ဖျက်ပေးနိုင်တာ တွေ့ရပါတယ်..

to Original Uploader☘️🍀☘️

သစ်ပင် ပန်းပင် အလှပင်များ ၀ယ်ယူနိုင်ပါသည်
17/08/2021

သစ်ပင် ပန်းပင် အလှပင်များ ၀ယ်ယူနိုင်ပါသည်

👉အသည်းနဲ့ပတ်သက်တဲ့ ရောဂါတွေအတွက် အစွမ်းထက်တဲ့ ကြက်သဟင်း🌿ဒီတစ်ခါ မျှဝေပေးချင်တာကတော့ အသည်းရောဂါတွေအတွက် အစွမ်းထက်တဲ့ ကြက်...
07/08/2021

👉အသည်းနဲ့ပတ်သက်တဲ့ ရောဂါတွေအတွက်

အစွမ်းထက်တဲ့ ကြက်သဟင်း

🌿ဒီတစ်ခါ မျှဝေပေးချင်တာကတော့ အသည်းရောဂါတွေအတွက် အစွမ်းထက်တဲ့ ကြက်သဟင်း ရွက်ရဲ့ ဆေးဖက်ဝင်ပုံလေးပဲဖြစ်ပါတယ်။
အသည်းအထူးကုသမားတော်အလား ကြက်သဟင်း ရွက်ဟာ အသည်းနဲ့ ပတ်သက်ပြီး အထူးကုသမားတော်အလား အစွမ်းထက်ပါတယ်။ ဆေးအ နေနဲ့ သောက်ရင်တော့ နေ့စဉ်အချိန်မှန် သောက်ပေးဖို့ လိုအပ်ပါတယ်။

🌿သက်သာပျောက်ကင်းတဲ့အသည်းရောဂါများ – အသည်းရောင်အသားဝါ ဘီပိုး စီပိုး၊ အသည်း ကြီးခြင်း၊ အသည်းခြောက်ခြင်းစတဲ့ရောဂါတွေ သက်သာပျောက်ကင်းစေပါတယ်။

🌿ဆေးနည်း – ဆေးရွက်လက်တွင်းတစ်ဆုပ်ကို ရေစင်စင်ဆေးပြီး ရေမတ်ခွက်နှစ်ခွက်ထည့် တစ်ရည်ကောင်းဆူအောင်ပြုတ်ပြီး ကျန်တဲ့အရည်ကို တစ်ရက်၃ကြိမ်ခွဲသောက်ပါ။ ဒါမှမဟုတ် ပဲဟင်းချိုချက်ပြီး သောက်လည်းရပါတယ်။ ဟင်းချို ချက်သောက်တဲ့အခါ အချိုမှုန့်မထည့်တာ ပိုကောင်းပါတယ်။ အရွက်ကို ပြုတ်တို့လည်းရပါတယ်။ ရောဂါမပျောက်မခြင်း နေ့စဉ်သောက်ရမှာပါ။

😊😊ပုစွန်ခြောက်လေးနဲ့ ကြော်ချက်လေး ချက်စား
ပဲနီလေး အရည်သောက်ထဲကိုလဲ ခပ်သောက်စားလို့ရပါတယ်ရှင့်😊

လောက်သေရွက်နှင့်ပတ်သက်လို့ မေးမြန်း ထားမှုတွက် မှတ်စု Page ရဲ့ စုစည်းမှုများ 🌿🌱🌿🌱🌿🌱🌿🌱🌿🌱မြန်မာ့ဆေးဖက်ဝင် လောက်သေပင်======...
23/07/2021

လောက်သေရွက်နှင့်ပတ်သက်လို့ မေးမြန်း ထားမှုတွက်
မှတ်စု Page ရဲ့ စုစည်းမှုများ

🌿🌱🌿🌱🌿🌱🌿🌱🌿🌱
မြန်မာ့ဆေးဖက်ဝင် လောက်သေပင်
========================

Item Name ------ Desmodium triquetrum DC(လောက်သေပင်)(ရွှေကူသံလျှက်ပင်)
Category --------- Raw Material
Botany Term ----- Desmodium triquetrum DC
Species Family --- Papilionaceae.

မြန်မာ နိုင်ငံ အောက်ပိုင်း စွတ်စို သော ဒေသ များ ၌ ပေါက်၏။သဘာ၀ အလျောက် ပေါက်ရောက်သည်။

►အပင်

ပင်ပျော့ ပင်ငယ် သက်ပြင်း မျိုး ဖြစ်သည်။ မှီတွယ် ရာမရှိ သော နေရာများ ၌ မြေပေါ်တွင် ဖြန့်တွား ပေါက်၏ ။ အမြင့် ၅-၆ ပေခန့် မြင့်၏။ ပင်စည် သေးသွယ် ပြီး မွဲခြောက်ခြောက် ရောင်ရှိသည်။ အကိုင်း အခက် များ အညိုရောင် ရှိသည်။

►အရွက်

ရွက် လွဲ ထွက်၏။ အလျား ၆ လက်မ ၊ အနံ ၂ လက်မ ခန့် ရှိ၏။ ရွက်ထိပ် ချွန်၏ ။ အပေါ် မျက်နှာ ပြင်တွင် သေးငယ်သော ဆူးကလေးများ ရှိသည်။ ရွက်ညှာ အတောင် ပါသည်။ ရွက်ညှာရင်း နား တွင် ရွက်စွယ် အဖတ်လေး များ ရှိ၏ ။

►အပွင့်

အလွန်သေး ငယ် ၏။ နီရောင် သမ်းသော အညိ်ုရောင် သို့မဟုတ် မရန်းရောင် ရှိ၏။ နတ်တော်၊ ပြာသိုလ များ တွင် ပွင့် ၏။

►အသီး

သီးတောင့် ဖြစ်သည်။ ၁ လက်မမျှ ရှည်၍ ပြား၏ ။ ၁ လက်မ မျှ ရှည်၍ ပြား၏။အဆစ် ၆-၈ ထိရှိ ပြီး ပြောင်ချော ၏ ။ သို့မဟုတ် အမွေးနု များ ရှိသည်။ တပေါင်း ၊ တန်ခူး လများ တွင် အသီး ရင့် မှည့့်သည်။

►အသုံးဝင်ပုံ

အမြစ် ၊ အရွက် ။

►အာနိသင်

မြန်မာ ဆေးကျမ်း များ အလိုအရ လောက်သေ ပင် သည် လေ ၊ သလိပ် သည်းခြေကို နိုင်၏ ။ အသက်ကို ရှည်စေ ၏ ။ ကာမကို အားပေး ၏ ။ ရောဂါ ဖြစ်စေသော ပိုး များ ကို ပယ်တတ် ၏ ။ အဆီကို တိုးပွား စေ ၏ ။ အူတို့ ကို တွန့်ရှုံ့ စေတတ် ၏ ။ အဖျား ရောဂါ ၊ အဖျား ရောဂါ ကြောင့် ဖြစ်သော စိတ်မသက်သာ မှု ၊ လေရောဂါ၊ မြင်းသရိုက် ၊ ဖောရောင်ခြင်း ၊ပန်းနာ ချောင်းဆိုး ၊ ရေငတ်နှင့် အန်ခြင်း တို့ကို ပျောက်စေနိုင် သည်။

►အမြစ်အသုံးပြုပုံ

၁။ ဆီးတွင် သွေးပါသော ရောဂါ အတွက် အမြစ်ကို ငရုတ်ကောင်း အနည်းငယ် ထည့်ကျိုပြီး ဆီးပြွန် ချောင်းမှ ၎င်း ပြုတ်ဆေး ကို ဖန်ပြွန် ပိုက် စသည်ဖြင့် သွင်းပေး သော် ပျောက်၏။

►အရွက်အသုံးပြုပုံ

၁။ အရွက် မနုမရင့် ကို ပြုတ်၍ သုပ်စား ခြင်း ၊ တို့စား ခြင်း ဖြင့် ၀မ်းကိုက် ရောဂါ ၊ ၀မ်းဖော ၀မ်းရောင် ရောဂါ ၊ ကလေးများ သန်၀မ်းကိုက် ခြင်း၊ ရင်ပြည့်ရင်ကယ် ဖြစ် ခြင်း ပျောက်၏ ။

၂။ အရွက်ကို လက်ဖက် ခြောက် ကဲ့သို့ သောက်သုံး သော် ဆီးပူ ဆီးအောင့် ရောဂါ နှင့် အရေပြား ရောဂါ ပျောက်၏။

၃။ ၎င်းအရွက် ကို အခြားသော ဆေးပင် တို့နှင့် ပေါင်းစပ်၍ ဆီးရွှင် ဆေးအဖြစ် ဖော်စပ် သုံးနိုင်သည်။

၄။ လောက်သေရွက် နှင့် ထား၀ယ် မှိုင်း ရွက် ကို ရေနွေး ဖြော ၍ သုပ်စား သော် ဆီးပူ ၊ ဆီးအောင့် ၊ ၀မ်းကိုက် ၊ သွေး၀မ်းသွား ၊ သွေးမြင်း သရိုက် ၊ မီးယပ် သွေးလွန် တို့ကို ရပ်တန့် စေသည်။

၅။ လောက်သေ ရွက်ခြောက် ၊ ဖလံ တောင် ေ၀ှး ရွက်ခြောက် တို့ကို ဆတူ အမှုန့် ပြု ၍ အုန်းဆီ နှင့် ဖျော် စပ်ပြီး နေပူပူ တွင် လှန်း၍ အပေါ် ဆီအကြည်ကို နားတွင်း သို့ အစက်ချ ခြင်း၊ ကြက်တောင်နှင့် ကြပ်ပေးခြင်း ပြုလုပ်ပါက နားပြည်ယို ၊ နားကိုက် ရောဂါ များ ပျောက်ရန် နားတွင်း ရှိ ပိုးများကို သေစေသည်။ လိမ်းဆေး အဖြစ် သုံးပါက ၀ဲနာ၊ အနာစက်နာ ၊ အနာမီးလျှံ ၊ အိုင်းနာ ၊ ဒက်နာများ ပျောက်၏။

၆။ လောက်သေရွက် ၊ စံကားစိမ်း ပွင့်ခြောက် တို့ကို နှမ်းဆီ စစ်စစ်နှင့် စိမ်ပြီး ခေါင်းလိမ်းဆီ အဖြစ် သုံးပါက ခေါင်းကိုက် ၊ ခေါင်းပူ ၊ ဗောက်ထခြင်း ၊ ယားခြင်း ၊ သန်းပေါခြင်း များ ပျောက်၍ ဦးနှောက် ကို ကြည်လင် စေသည်။

၇။ လောက်သေရွက် နှင့် ဆောက်ပြာရွက် ၂ မျိုးကို ပြုတ်၍ ရေနွေးနွေး ဖြင့် မီးဖွား ပြီး နောက် မိခင် ကို လည်းကောင်း ၊ ကလေးကို လည်းကောင်း ချိုးပေးပါက ကျဗဟုံး ရောဂါ ၊ မွေးကတည်း က ပါလာတတ်သော သူငယ်နာ မျိုးစုံ ၊ အကြောတက် ၊ အကြောကပ် ရောဂါနှင့် မိဘကိုယ်မှ ကူးစက်တတ် သော ရောဂါ များကို ကာကွယ်နိုင် ၏။

၈။ လောက်သေရွက် ကို ကိုယ်ပူ ချွဲထ ၊ အညှော်၀င် ၊ ချောင်းဆိုး နှာစေး ၊ နှာပိတ် ရောဂါ အတွက် လည်း ဆေးဖော် စပ်သုံးနိုင် ၏ ။

၉။ လောက်သေရွက် ၊ ရေခရာ ရွက် ၊ နနွင်း ရိုးရိုး အရွက် ဆတူ အကျွမ်း လှော်၍ နှမ်းဆီတွင် ဖျော် လိမ်းပါက ကလေးများ ချက်ကြိုး ချက်တိုင် ကိုက်ခြင်း ပျောက်၍ ချက်ကြိုး ကြွေလွယ်၏ ။ နို့ချောင်း ပိတ် ၊ နို့နာ ၊ နို့ပျဉ်းထ သော မိခင် များကို လိမ်းပေးက လျင်မြန်စွာ သက်သာ ပျောက်ကင်း စေ၏။

၁၀။ ကလေးများ အနာစက် ၊ ၀ဲစို ၊ အိုင်းနာ ကို လောက်သေရွက် အကျွမ်းလှော်၍ ရေနံကြီး စစ် စစ် နှင့် လူးလျှင် ပျောက်၏ ။

၁၁။ ကျွဲ နွား များ အနာပေါက်၍ လောက်ကောင် များကျခြင်း ၊ ငပိအိုး တွင် လောက်ကောင်များ ကျခြင်း အတွက် ၎င်း လောက်သေရွက် ကို ထောင်း၍ အမှုန့်ဖြူး ပေးသော် လောက်များ သေကြေ ပျက်စီး ပြီး အနာများ ကို လည်း အသားနု တက်၍ ကျက်စေ၏။

၁၂။ စအို မျှော့ ၀င်ကာ ရောဂါ အတွက် လောက်သေရွက် ၊ ကြွက်နား ပေါင်းရွက်၊ ကြက်မွေး(ကြက်တောင် မှ အမွေး) ၎င်း ၃ ပါး ဆတူ စု၍ ပြုတ်ပြီး အငွေ့ကို ချေွးအောင်း သကဲ့သို့ အိုးပေါ်တွင် ထိုင်ပြီး အခိုး အငွေ့ များ အခြား သို့ မထွက် နိုင်ရန် ခါးအောက်ပိုင်း နှင့် အိုးကို ပါ အ၀တ်ထူ ထူ ရစ်ပတ်၍ အငွေ့ မှိုင်း ခံပါက မျှော့များ အကောင် လိုက်သော် လည်းကောင်း၊ ကြေပြုတ်၍ သော်လည်းကောင်း ကျလာစေ ၏ ။ လောက်သေရွက် နှင့် ကြွက်နားပေါင်း ဆတူပြုတ် ၍ လက်ဖက်ရည် ကြမ်းပန်းကန်လုံး နှင့်လည်း ခပ်ပူပူ သောက်ပေးရ ၏။

မြန်မာ့ဆေးဖက်ဝင်အပင်များ
@@@@@@@@@@@@@@@

လောက်သေရွက် နှင် ့ပျောက်ကင်းနိုင်သော ရောဂါများ....
======================================
လောက်သေ ပင် သည် လေ ၊ သလိပ် သည်းခြေကို နိုင်၏ ။ အသက်ကို ရှည်စေ ၏ ။ ကာမကို အားပေး ၏ ။ ရောဂါ ဖြစ်စေသော ပိုး များ ကို ပယ်တတ် ၏ ။ အဆီကို တိုးပွား စေ ၏ ။ အူတို့ ကို တွန့်ရှုံ့ စေတတ် ၏ ။ အဖျား ...ရောဂါ ၊ အဖျား ရောဂါ ကြောင့် ဖြစ်သော စိတ်မသက်သာ မှု ၊ လေရောဂါ၊ မြင်းသရိုက် ၊ ဖောရောင်ခြင်း ၊ပန်းနာ ချောင်းဆိုး ၊ ရေငတ်နှင့် အန်ခြင်း တို့ကို ပျောက်စေနိုင်သည်။

ဆီးတွင် သွေးပါသော ရောဂါ အတွက် အမြစ်ကို ငရုတ်ကောင်း အနည်းငယ် ထည့်ကျိုပြီး ဆီးပြွန် ချောင်းမှ ၎င်း ပြုတ်ဆေး ကို ဖန်ပြွန် ပိုက် စသည်ဖြင့် သွင်းပေး သော် ပျောက်၏။ အရွက် မနုမရင့် ကို ပြုတ်၍ သုပ်စား ခြင်း ၊ တို့စား ခြင်း ဖြင့် ၀မ်းကိုက် ရောဂါ ၊ ၀မ်းဖော ၀မ်းရောင် ရောဂါ ၊ ကလေးများ သန်၀မ်းကိုက် ခြင်း၊ ရင်ပြည့်ရင်ကယ် ဖြစ် ခြင်း ပျောက်၏ ။အရွက်ကို လက်ဖက် ခြောက် ကဲ့သို့ သောက်သုံး သော် ဆီးပူ ဆီးအောင့် ရောဂါ နှင့် အရေပြား ရောဂါ ပျောက်၏။

၎င်းအရွက် ကို အခြားသော ဆေးပင် တို့နှင့် ပေါင်းစပ်၍ ဆီးရွှင် ဆေးအဖြစ် ဖော်စပ် သုံးနိုင်သည်။ လောက်သေရွက် နှင့် ထား၀ယ် မှိုင်း ရွက် ကို ရေနွေး ဖြော ၍ သုပ်စား သော် ဆီးပူ ၊ ဆီးအောင့် ၊ ၀မ်းကိုက် ၊ သွေး့၀မ်း သွား ၊ သွေးမြင်း သရိုက် ၊ မီးယပ် သွေးလွန် တို့ကို ရပ်တန့် စေသည်။ လောက်သေ ရွက်ခြောက် ၊ ဖလံ တောင် ေ၀ှး ရွက်ခြောက် တို့ကို ဆတူ အမှုန့် ပြု ၍ အုန်းဆီ နှင့် ဖျော် စပ်ပြီး နေပူပူ တွင် လှန်း၍ အပေါ် ဆီအကြည်ကို နားတွင်း သို့ အစက်ချ ခြင်း၊ ကြက်တောင်နှင့် ကြပ်ပေးခြင်း ပြုလုပ်ပါက နားပြည်ယို ၊ နားကိုက် ရောဂါ များ ပျောက်ရန် နားတွင်း ရှိ ပိုးများကို သေစေသည်။

လိမ်းဆေး အဖြစ် သုံးပါက ၀ဲနာ၊ အနာစက်နာ ၊ အနာမီးလျှံ ၊ အိုင်းနာ ၊ ဒက်နာများ ပျောက်၏။ လောက်သေရွက် ၊ စံကားစိမ်း ပွင့်ခြောက် တို့ကို နှမ်းဆီ စစ်စစ်နှင့် စိမ်ပြီး ခေါင်းလိမ်းဆီ အဖြစ် သုံးပါက ခေါင်းကိုက် ၊ ခေါင်းပူ ၊ ဗောက်ထခြင်း ၊ ယားခြင်း ၊ သန်းပေါခြင်း များ ပျောက်၍ ဦးနှောက် ကို ကြည်လင် စေသည်။

လောက်သေရွက် နှင့် ဆောက်ပြာရွက် ၂ မျိုးကို ပြုတ်၍ ရေနွေးနွေး ဖြင့် မီးဖွား ပြီး နောက် မိခင် ကို လည်းကောင်း ၊ ကလေးကို လည်းကောင်း ချိုးပေးပါက ကျဗဟုံး ရောဂါ ၊ မွေးကတည်း က ပါလာတတ်သော သူငယ်နာ မျိုးစုံ ၊ အကြောတက် ၊ အကြောကပ် ရောဂါနှင့် မိဘကိုယ်မှ ကူးစက်တတ် သော ရောဂါ များကို ကာကွယ်နိုင် ၏။ လောက်သေရွက် ကို ကိုယ်ပူ ချွဲထ ၊ အညှော်၀င် ၊ ချောင်းဆိုး နှာစေး ၊ နှာပိတ် ရောဂါ အတွက် လည်း ဆေးဖော် စပ်သုံးနိုင် ၏ ။

လောက်သေရွက် ၊ ရေခရာ ရွက် ၊ နနွင်း ရိုးရိုး အရွက် ဆတူ အကျွမ်း လှော်၍ နှမ်းဆီတွင် ဖျော် လိမ်းပါက ကလေးများ ချက်ကြိုး ချက်တိုင် ကိုက်ခြင်း ပျောက်၍ ချက်ကြိုး ကြွေလွယ်၏ ။ နို့ချောင်း ပိတ် ၊ နို့နာ ၊ နို့ပျဉ်းထ သော မိခင် များကို လိမ်းပေးက လျင်မြန်စွာ သက်သာ ပျောက်ကင်း စေ၏ ။ ကလေးများ အနာစက် ၊ ၀ဲစို ၊ အိုင်းနာ ကို လောက်သေရွက် အကျွမ်းလှော်၍ ရေနံကြီး စစ် စစ် နှင့် လူးလျှင် ပျောက်၏ ။

ကျွဲ နွား များ အနာပေါက်၍ လောက်ကောင် များကျခြင်း ၊ ငပိအိုး တွင် လောက်ကောင်များ ကျခြင်း အတွက် ၎င်း လောက်သေရွက် ကို ထောင်း၍ အမှုန့်ဖြူး ပေးသော် လောက်များ သေကြေ ပျက်စီး ပြီး အနာများ ကို လည်း အသားနု တက်၍ ကျက်စေ၏။ စအို မျှော့ ၀င်ကာ ရောဂါ အတွက် လောက်သေရွက် ၊ ကြွက်နား ပေါင်းရွက်၊ ကြက်မွေး (ကြက်တောင် မှ အမွေး) ၎င်း ၃ ပါး ဆတူ စု၍ ပြုတ်ပြီး အငွေ့ကို ချေွးအောင်း သကဲ့သို့ အိုးပေါ်တွင် ထိုင်ပြီး အခိုး အငွေ့ များ အခြား သို့ မထွက် နိုင်ရန် ခါးအောက်ပိုင်း နှင့် အိုးကို ပါ အ၀တ်ထူ ထူ ရစ်ပတ်၍ အငွေ့ မှိုင်း ခံပါက မျှော့များ အကောင် လိုက်သော် လည်းကောင်း၊ ကြေပြုတ်၍ သော်လည်းကောင်း ကျလာစေ ၏ ။

လောက်သေရွက် နှင့် ကြွက်နားပေါင်း ဆတူပြုတ် ၍ လက်ဖက်ရည် ကြမ်းပန်းကန်လုံး နှင့်လည်း ခပ်ပူပူ သောက်ပေးရ ၏။

မှတ်စု page

မြန်မာ့ဆေးမြီးတိုများ
@@@@@@@@@@@@@@@@@@@@ #@@

 #မီးကွင်းဂမုန်း 🌿🌱🍃အနံ့မရတော့ဘူးဆိုတာနဲ့မီးကွင်းဂမုန်း+ပင်စိမ်းနှစ်မျိုး ဆားနဲ့ထောင်းအရည်ညှစ်သောက်ကြပါတစ်နေ့သုံးကြိမ် န...
21/07/2021

#မီးကွင်းဂမုန်း 🌿🌱🍃

အနံ့မရတော့ဘူးဆိုတာနဲ့
မီးကွင်းဂမုန်း+ပင်စိမ်းနှစ်မျိုး ဆားနဲ့ထောင်း
အရည်ညှစ်သောက်ကြပါ
တစ်နေ့သုံးကြိမ် နှစ်ရက်သောက်ပီးရင် ပိုးသေပီး ဝမ်းထဲပါသွားပါမယ်။ လက်တွေ့အကျိူးရှိလို့ပါ
သဘာဝဆေးကပိုကောင်းပါတယ်..💯💯

🌿🍃မီးကွင်းဂမုန်း တိုင်းရင်းဆေးအသုံး

🌱🌿မီးကွင်းဂမုန်းက မြန်မာနိုင်ငံအနှံအပြားမှာ ပေါက်ရောက်ပါတယ်။ မီးကွင်းဂမုန်းကို မြန်မာတိုင်းရင်းဆေးအရ ကုသနိုင်တဲ့ဆေးနည်းများကတော့.......

#မီးကွင်းဂမုန်း အရိုးနှင့်အရွက်ကို ထုထောင်း၍ သုံးခွက်တစ်ခွက်တင် ကျိုချက်ပြီး ရရှိသောအရည်ကို ဒသကြားအနည်းငယ် ခတ်၍သောက်သော် သွေးအန်ရောဂါပျောက်၏။
*တစ်ကြိမ်လျှင် ကြွေဇွန်းတစ်ဇွန်းခန့်ဖြင့် တစ်နေ့သုံးကြိမ် သောက်ပါ။

#နားပြည်ယိုရောဂါဖြစ်ပါက အရွက်ကို မီးကင်ပြီး နားတွင်းသို့ အရည်ညှစ်ထည့်ပေးပါကပျောက်ကင်း၏။

#မီးကွင်းဂမုန်းအရွက် အနည်းငယ်ကို သုပ်စားခြင်း၊ တို့စားခြင်းတို့ဖြင့် ဝမ်းကိုက်ရောဂါပျောက်၏။

#သွေးဝမ်းသွားလျှင် မီးကွင်းဂမုန်းအရွက်ကို အရည်ညှစ်၍ ကြွေဇွန်းတစ်ဇွန်းခန့် သောက်ပေးခြင်းဖြင့် ပျောက်ကင်း၏။

#မီးလောင်၊ အပူလောင်ခြင်းဖြစ်ပါက မီးကွင်းဂမုန်းအရွက်နုကို သကြားအနည်းငယ်နှင့် ရောပြီး ထုထောင်းကြိတ်ခြေ၍ လိမ်းပေးရ၏။

#မီးကွင်းဂမုန်းကို ထောင်း၍ရသောအရည်နှင့် သကြားအနည်းငယ်ရောပြီး ဇွန်းသေးတစ်ဇွန်းခန့် တစ်နေ့သုံးကြိမ်သောက်သော် သလိပ်ကပ်ချောင်းဆိုးရောဂါ ပျောက်၏။ 🌾

(၁ )လိပ်ခေါင်း
အတွင်းလိပ်/အပြင်လိပ် သမားများအတွက် မီးကွင်းဂမုန်းအရွက်(၉)ရွက်ကို၊သကြားအနည်း ငယ်၊သံပုရာတစ်စိတ်၊ဆားသင့် ထည့်ပြီး သုံးခွက်တစ် ခွက်ပြုတ်ကျို သောက်ခြင်းဖြင့် လိပ်ခေါင်းရောဂါ သက်သာပျောက်ကင်း ကြောင်း တွဲဖက်ရန်က ခရုဖင်ရှည်ခွံအား ဆန်ဆေးရည်ဖြင့် သွေးကာ လိမ်းပေးရပါမည်။

(၂) ခေါင်းပေါ်မှဘောက်ထခြင်းကို မီးကွင်းဂမုန်းကို ထောင်း၍ သတ္တု ရည်ဖြင့်ခေါင်းလျော်ပါက ဘောက်မထဟုဆို၍ခေါင်းလျော်သည်လည်းရှိ သည်။ ဘောက်မထတော့ဟုဆိုသည်။

(၃) နှာခေါင်းသွေးလျံသူအား အရွက်အဆစ်များထုထောင်းကာ နှာခေါင်းတွင်အုံပေးပါက နှာခေါင်းသွေးလျံခြင်း သက်သာပျောက်ကင်းသည်ကလက်တွေ့ဖြစ်သည်။

(၄)သွေးကင်ဆာရောဂါ ငွေကုန်ကြေးကျမခံနိုင်ဘဲအနောက်တိုင်းဆေးဖြင့် ကုသရန်အခက်အခဲရှိသူတို့ အရွက်နှင့်ပင်စည်ကို ကျေညက်အောင် ထောင်းပြီး ထမင်းစားဇွန်းတစ်ဇွန်းမျှ အရည်ရယူကာ ယင်းဆေး အရည် ကိုစတီးဇွန်း၊ ကြေးဇွန်းပေါ်တင်ပြီးအပူပေးကာ ခေတ္တ အအေးခံ သောက် ရသည် ဆိုပါသည်။

မီးကွင်းဂမုန်းဆေးရည်ကို နံနက်စာထမင်းပြီးတစ်ကြိမ်၊ညနေစာထမင်းစားပြီး တစ်ကြိမ် အစာစားပြီးချိန်နှင့်(၁)နာရီခြားကာ တစ်ဇွန်းသောက်ရသည် ဆိုပါသည်။

ထိုသို့တစ်ပတ်လျှင်သုံးရက် တစ်လခန့်သောက်သုံးပေးခြင်းဖြင့် သွေးကင် ဆာ တဖြည်းဖြည်းပျောက်ကင်းသက်သာသွားစေသည် ဟုညွန်းပါသည်။

(၅)ဆီးချိုနှင့်ဆီးကျောက်

မီးကွင်းဂမုန်းကိုးရွက်၊သံပုရာသီးတစ်စိတ်၊ဆားအနည်းငယ်ဖြင့် နေ့စဉ်သုံးခွက်တစ်ခွက် ပြုတ်ကျိုသောက််ပေးပါက ဆီးချိုနှင့်ဆီးကျောက်ရောဂါသိသာစွာ သက်သာပျောက်ကင်းခွင့်ရပါသည်။ မီးကွင်းဆေးရည်အရောင်မှာပန်းရောင်ခရမ်း ဖက်သို့ သန်းပါသည်။ ကိုယ်တိုင်လည်းလက်တွေ့သောက်စသုံးပါသည်။

(၆)မကြာသေးမီကပင်သင်တန်းတက်ရောက်နေ သောမိတ်ဆွေတစ်ဦးနား ကိုက်သည်ဆို၍ အရွက်ကိုရေစင်အောင်ဆေးပြီးနား အတွင်း သို့သတ္တုရည် စိမ်းညှစ်ထည့်ပေးရာ အမှန်ပင်ပျောက် ကင်းသွားပါသည်။နားကိုက်နားရည်ယိုက အရွက်ရည်ကို ညှစ်၍နာအတွင်း အစက်ချရသည်။

(၇)၀မ်းကိုက်ခြင်း

အစာကြောင့်၊ရေကြောင့် အမျိုးမျိုးသောအကြောင်းများ ဖြင့် ၀မ်းကိုက်ခဲ့ ပါလျှင် ထန်းလျက်(၅)ခဲဖြင့် အရွက်ကို (၃)ခွက်(၁)ခွက်ပြုတ်ကျိုသောက် ပေးခြင်းနှင့် အရွက်ကို ပြုတ်၍သုပ်စားပါက အမှန်ပင် ၀မ်းကိုက်ပျောက်ကင်း ပါသည်။

(၈)သွေးအန်ခြင်း

ရုတ်တစ်ရပ် သွေးအန်ခြင်းကြုံပါက အရိုး/အရွက်ကို (၃)ခွက်(၁)ခွက်၊ ဒိုပါလာ (မှန်ညိုရောင်)သကြားဖြင့် တစ်နေ့လျှင် ကြွေဇွန်း (၁)ဇွန်း နေ့စဉ် (၃)ကြိမ်သောက်ရပါသည်။

(၉)သွေး၀မ်းဆင်းခြင်း

အရွက်ကို သတ္တုရည်ညှစ်ပြီး ကြွေဇွန်း(၁)ဇွန်းသောက် ပေးခြင်း ဖြင့်ပျောက် ကင်းစေသည်။

(၁၀)မီးလောင်၊အပူလောင်မကြာခဏဖြစ် တတ်ကြပါသည်။ အရွက်နုကိုသကြား အနည်းငယ်ရောပြီးထုထောင်းချေမွ၍ လိမ်းပေးပါကသက်သာပျောက်ကင်းစေပါသည်။ ကိုယ်တိုင် လည်း ထိုနည်းအတိုင်းအသုံးပြုခဲ့ပါသည်။

Credit - တိုင်းရင်းဆေး
#ကျန်းမာရေးစုဘူး

😊😊😊
20/07/2021

😊😊😊

အပင်ပို့ခြင်းအနုပညာ   #ပန်းပင်  #ပျိုးပင်
11/07/2021

အပင်ပို့ခြင်းအနုပညာ


#ပန်းပင်
#ပျိုးပင်

🌹 နှင်းဆီတွေ လက်ကျန်ထပ်ဖြတ်မယ်နော် 🌹👉 3ပင် 7000 👈(အရောင်မရွေးရ 3ရောင်ထည့်ပေးသည်) ဒီတစ်ခေါက်အပင်တွေ ပိုလှပါတယ်အပင်အရေအတွက...
11/07/2021

🌹 နှင်းဆီတွေ လက်ကျန်ထပ်ဖြတ်မယ်နော် 🌹

👉 3ပင် 7000 👈(အရောင်မရွေးရ 3ရောင်ထည့်ပေးသည်) ဒီတစ်ခေါက်အပင်တွေ ပိုလှပါတယ်

အပင်အရေအတွက်များရင် အရောင်စုံမျှထည့်ပေးပါတယ်နော် 🥰🥰🥰
ရန်ကုန် အိမ်အရောက်ငွေချေစနစ်နဲ့ မြိုနယ်အလိုက် ပို့ခလေးတွေရှိပါမယ်ရှင့် 🚛🚛🚛
နယ်ဆိုငွေကြိုလွှဲစနစ်နဲ့ ကားဂိတ်ကနေတင်ပေးပါတယ် တန်ဆာခက ၀ယ်ယူသူဘက်ကရှင်းပေးရပါမယ်နော် 💰💰💰
Order >> cb or 09-973478718


#ပန်းပင်
#ပျိုးပင်
#နှင်းဆီ

ပိုးစေးနှဲတွေ့ရင်အမြန်နှိမ်နှင်းပါ********************   မလေးစကားပင်တွေမှာ တွေ့ရများတဲ့ပိုးကတော့ပုံမှာမြင်တွေ့ရသလို ပိုး...
10/07/2021

ပိုးစေးနှဲတွေ့ရင်အမြန်နှိမ်နှင်းပါ
********************
မလေးစကားပင်တွေမှာ တွေ့ရများတဲ့ပိုးကတော့
ပုံမှာမြင်တွေ့ရသလို ပိုးဖြူဖြူလုံးလုံးတုတ်တုတ်ချစ်
စရာဝဝကစ်ကစ်လေးတွေပါပဲ
သူ့နာမည်က " ပိုးစေးနှဲ " သူတွယ်ပြီဆိုအပင်အား
ယုတ်လာမယ် အဖူးအုံတွေကြွေမယ် ဒါ့ကြောင့် ချစ်
စရာလေးတွေဟယ် ဆိုပြီးတော့ တော့အလှကြည့်မ
နေကြပါနဲ့ အမြန်နှိမ်နှင်းဖို့ပြင်ပေတော့
ဘယ်လိုနှိမ်နှင်းရမှာလည်း နည်းလမ်းပြောဦး?
အာ့လိုမေးမှာကြိုသိလို့ ပြောပြပေးလိုက်မယ် တစ်ခါ
တည်း
ဒက်တောဆေးရည်သုံးလေးစက်လောက်နဲ့ ဆပ်ပြာ
ရည်အနည်းငယ် ရေနဲ့ရောသမပြီးဖြန်းပေးလို့ရသလို
ဆေးရွက်ကြီးရေစိမ်ပြီး စိမ်လို့ရတဲ့ဆေးစိမ်ရည်ဖြင့်
ဖြန်းပေးလို့လည်းရပါတယ် နောက်ထပ်တစ်နည်းက
အရက်ပျံနည်းနည်း စားဆီနည်းနည်း ဆပ်ပြာရည်
နည်းနည်းတို့ကို ရေနဲ့ရောစပ်ပြီးဖြန်းပေးလို့ရပါ
တယ် ဒီနည်းကလအရက်ပျံပါဝင်တာကြောင့် ဆေး
မဖြန်းမီ အပင်ကို ရေအရင်ဖြန်းပြီးမှ ဆေးဖြန်း
ဆေးဖြန်းပြီးတာနည့် အပင်မှာပိုးတွေဂန့်သွားပြီဆို
ရေအမြန်ပြန်ဖြန်းပေးရပါမယ် အာ့လိုရေပြန်မဖြန်း
ရင် အရက်ပျံပါဝင်တဲ့အတွက် အပင်ဆေးလောင်
ခြင်းတွေဖြစ်ပေါ်စေနိုင်ပါတယ် ဒါ့ကြောင့်ယခု
နောက်ဆုံးနည်းကိုသုံးမယ်ဆို ရေပြန်ဖြန်းဖို့ သတိရ
ပေးပါ
မနက်ကတင် ဘုရားရှိခိုးထားတယ် အခုပိုးတွေနှိမ်
နှင်းဖို့နည်းလမ်းပြမိပြီ ခက်ပြီ ခက်ပြီ😁

အားလုံးပိုးစေးနှဲရန်မှကင်းလွတ်ဝေးနိုင်ကြပါစေ

" စိတ်ချမ်းသာချင်ရင် သစ်ပင်စိုက်ပါ "
My Gallery
Credit to original uploader.

ပိုင်ရှင်များထံ ယနေ့အပင်ပို့   #ပန်းပင်  #ပျိုးပင်
09/07/2021

ပိုင်ရှင်များထံ ယနေ့အပင်ပို့


#ပန်းပင်
#ပျိုးပင်

🌺 ခေါင်ရမ်းပန်း 🌺ကမ္ဘာပေါ်မှာလာပွင့်တဲ့နတ်ပန်းကိုပြပါဆိုရင်" ခေါင်ရမ်းပန်း “ ကိုလက်ညှိုးထိုးပြရလိမ့်မယ်။ခေါင်ရမ်းပန်းနဲ့...
01/07/2021

🌺 ခေါင်ရမ်းပန်း 🌺

ကမ္ဘာပေါ်မှာလာပွင့်တဲ့နတ်ပန်းကို
ပြပါဆိုရင်" ခေါင်ရမ်းပန်း “ ကို
လက်ညှိုးထိုးပြရလိမ့်မယ်။

ခေါင်ရမ်းပန်းနဲ့ပတ်သက်ပြီးကျွန်တော်တို့လူမျိုးဟာအစွဲကြီးခဲ့ကြတယ် ၊

ဒါဟာအသုဘပန်း ၊ အလောင်းတွေမှာပန်ရတာမကောင်းတဲ့ပန်း ၊ အမင်္ဂလာပန်းလို့သမုတ်ပြီး
ဒီပန်းတွေကိုတွေ့ရရင်ကိုစိတ်ထဲမှာအဆင်မပြေကြတာတွေ ၊ ထိမိတို့မိရမှာကိုတောင်လက်ရွံ့ကြတဲ့အထိလူအတော်များများမလိုလားတဲ့ပန်းဖြစ်နေခဲ့တယ်။

တတ်သလောက်ဘိုလိုမှုတ်ရရင်
ခေါင်ရမ်းပန်းတွေဟာ Negative Energy Wave တွေကို
ပြန်ဆင့်ခေါ်နိုင်တဲ့ပန်းအမျိုးအစားပဲ

နားလည်လွယ်အောင်ပြောရရင်ကုန်ဆုံးသွားတဲ့စွမ်းအင်တွေပြန်ဖြည့်တဲ့ပန်း ။
ကိုယ့်မှာမရှိတော့တာတွေကိုရှိအောင်ပြန်လုပ်ပေးနိုင်တဲ့
ပန်းပဲ ။

ဥပမာဆိုရရင်အမျိုးသမီးတစ်ယောက်ကအရွယ်ရောက်
လို့မှသီးချိန်တန်မသီးပွင့်ချိန်တန်မပွင့်ဖြစ်ရင်
ခေါင်ရမ်းပန်းကိုပန်ပြီးအချစ်သီချင်းမြူးမြူးလေး
တွေဆိုပေးမယ်ဆိုရင် ချစ်တဲ့ကြိုက်တဲ့အမျိုးသားတွေ
တစ်ပုံကြီးပေါ်လာတော့တာပဲ ။
ဒီလိုပဲအရွယ်လွန်တဲ့အပျိုကြီးတွေလည်း
အိမ်ထောင်ကျကိုကျတယ် ၊ ဆိုမယ့်သီချင်းရွေးသာ
ထားပြီးခေါင်ရမ်းပန်းသာရှာထားပေတော့ ။

ငွေကြေးခက်ခဲတဲ့မိသားစုတွေမှာဆိုရင်လည်း
ခေါင်ရမ်းပန်းပင်စိုက်ထားရုံနဲ့ခေါင်ရမ်းပန်းက
သူ့ပတ်ဝန်းကျင်မှာရှိသင့်ရှိထိုက်ပြီးလိုအပ်နေတာတွေ
ဖြည့်ပေးတဲ့အစွမ်းရှိလို့ငွေကြေးအဆင်ပြေလာမယ်။

အဲ့ဒီလိုပဲလင်ကပစ်ပစ် မယားကပစ်ပစ်
အဲ့လိုလူတွေခေါင်ရမ်းပန်းပန်ပြီး ၅ ရက်လောက်သာ
ညအိပ်လိုက် ရောက်ရာအရပ်ကနေအိမ်ရောက်လာလိမ့်
မယ်။

အဲ့ဒီလိုရှိရင်းစွဲကနေဆုံးရှုံးသွားတဲ့အရာတွေကို
ပြန်ဆွဲယူနိုင်တဲ့အစွမ်းရှိလို့ရှေးအခါက
သေသွားတဲ့မသာတွေကို ပါးစပ်ထဲမတ်စေ့ထည့် ၊
ခေါင်ရမ်းပန်းပန်ပေးပြီးမန်းမှုတ်လိုက်တာနဲ့
မသာကသူ့ဟာသူကူးတို့ဆိပ်ထိသွား ၊ တစ်ဖက်ကမ်းထိ
ကိုယ့်ဘာသာလှေလှော်ပြီးသွားသေတယ်
" ကိုယ့်မသာကိုယ်ချ" ဆိုတဲ့စကားအဲ့မှာစတယ်ထင်
တာပါပဲ။

ဒါတင်ပဲလားဆိုတော့
အကယ်၍ မိမိဟာ ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးခြင်း၊ ဆံပင်မသန်ခြင်းနှင့် ဦးရေပြားပေါ်၌ ဘောက်စွဲကပ်ခြင်းများ ဖြစ်နေတယ်ဆိုရင် ခေါင်ရမ်းပန်း(သို့) ဆည်းလည်းပန်း(Chinese Hibiscus)အပွင့်ကို အုန်းဆီ(Coconut Oil)ဖြင့် ဆီကျန်သည့်တိုင်အောင် ကြော်ချက်ပါ။ (ဆီကျန်သည့်တိုင်အောင်ဆိုတာက ပန်းပွင့် အိုးကပ်၊ ဂျိုးကပ်ပြီး ညိုမဲသွားသည်အထိ ကြော်ခိုင်းတာပါ)
ပီးနောက် အအေးခံပါ။ အအေးခံပြီးပါက ကျန်ရှိတဲ့ဆီကို စစ်ယူပြီး ပုလင်းတစ်လုံးထဲ၌ သိမ်းဆည်း၍ ညအိမ်ယာမဝင်မှီ မိမိ၏ ဆံပင်နဲ့ဦးရေးပြားထဲ စိမ့်ဝင်အောင် ပွတ်လိမ်းပေးပါက ဆံပင်ပေါက်ခြင်း၊ ဆံပင်သန်ခြင်းနှင့် ဦးရေပြား ဘောက်စွဲကပ်ခြင်းများ ကင်းစင်ပပျောက်လာ
ပါလိမ့်မယ်။

အဲ့ဒီလိုမသာချခြင်း ၊ အသုဘတွေမှာသာသုံးသည့်
အမင်္ဂလာပန်းမဟုတ်ကြောင်းလေးပြောရင်း
( ၇ ) ရက်သားသမီးတို့ ဉာဏ်ပွင့်သလို
လိုရင်လိုသလိုအသုံးပြုနိုင်စေရန် ရေးသားပေးလိုက်
ပါတယ် ။
ပြန်လည်မျှဝေပေးပါသည်...။
Credit to original uploader.

Address

Yangon

Telephone

+959973478718

Website

Alerts

Be the first to know and let us send you an email when Charm သစ်ပင်ပန်းပင်မျိုးစုံ ရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category