Flower Diary

Flower Diary Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Flower Diary, Nurseries & Gardening Store, No. 133, Thirimingalar Street, 8th miles , Pyay Road, Yangon.

Flower diary ချစ်သူတို့အတွက် flower diary မှ ဒီတစ်ခါ ပြည်တွင်း ထွက် ပန်းထိမ် မနိုင်ပန်းခရမ်းရောင်လေးတွေ ရောင်းပေး ပါရစေ။...
23/06/2021

Flower diary ချစ်သူတို့အတွက် flower diary မှ ဒီတစ်ခါ ပြည်တွင်း ထွက် ပန်းထိမ် မနိုင်ပန်းခရမ်းရောင်လေးတွေ ရောင်းပေး ပါရစေ။

ပြင်ဦးလွင် ဒေသမှာစိုက်ပျိုးထားတဲ့လတ်ဆတ်တဲ့ ပန်းထိမ် မနိုင်ပန်း ( Globba flowers ) လေးတွေ ခု In stock ရှိနေပါတယ်နော်။ 💕💕

အခက်အခဲ ဖြစ်နေတဲ့ ပြည်တွင်းမှ ပန်းစိုက်တောင်သူများကို တစ်ဖက်တစ်လမ်းမှ ကူညီပေးနိုင် ကြိုးစားနေပါတယ် 💐💐💐

Curcuma flowers (Siam tulips) are coming soon!! Flower diary ရဲ့ အရောင်းရဆုံး item လေး ဖြစ်တဲ့  Siam tulip တောင်ကြာပန်းတ...
12/06/2021

Curcuma flowers (Siam tulips) are coming soon!!

Flower diary ရဲ့ အရောင်းရဆုံး item လေး ဖြစ်တဲ့ Siam tulip တောင်ကြာပန်းတွေ ရဲ့ ရာသီကိုရောက်လာပါပြီ။ လက်လီလက်ကား မကြာခင် ဖြန့်ချီ ရောင်းချ ပေးတော့ မှာ ပါ နော် 💐💐💐

The beautiful hydrangeas cultivated in Myanmar will be sold and distributed by flower diary in Myanmar very soon💐💐💐 Flow...
09/06/2021

The beautiful hydrangeas cultivated in Myanmar will be sold and distributed by flower diary in Myanmar very soon💐💐💐

Flower diary မှ မြန်မာပြည်တွင်းတွင်စိုက်ပျိုးထုတ်လုပ်သော ခြောက်လ ပန်းလေးတွေ ကို မကြာမှီ ရောင်းချ၊ဖြန့်ချီပေးတော့မှာပါ။ လက်ကားယူလိုသူများ အခုထဲက ဆက်သွယ်ထားနိုင်ပါတယ် နော် 💐💐💐

Available Tulips (in stock) at Flower diary 🌷🌷🌷10 flowers for 16,000 kyats Flower diary မှာ လက်ရှိ in stock ရှိနေတဲ့ ကျူ...
03/02/2021

Available Tulips (in stock) at Flower diary 🌷🌷🌷

10 flowers for 16,000 kyats

Flower diary မှာ လက်ရှိ in stock ရှိနေတဲ့ ကျူးလစ်ပန်း လေးတွေ ပါ 🌷🌷🌷

၁၀ ခက် တစ်စည်း ကို ၁၆၀၀၀ ကျပ်ပါ နော်။ အရောင် 5 ရောင်ရှိပါတယ်

Flower diary ချစ်သူများ အတွက် ပေါ်ဦးပေါ်ဖျား ဖြစ်တဲ့ ရှမ်းပြည်ရဲ့ ဒေသ ထွက် ပန်းလေး ဖြစ် တဲ့ ရေမွှေးသစ္စာ ( Freesia ) ပန်...
02/02/2021

Flower diary ချစ်သူများ အတွက် ပေါ်ဦးပေါ်ဖျား ဖြစ်တဲ့ ရှမ်းပြည်ရဲ့ ဒေသ ထွက် ပန်းလေး ဖြစ် တဲ့ ရေမွှေးသစ္စာ ( Freesia ) ပန်းလေးတွေ ရောင်းချ ပေးချင်ပါတယ် 💕💕💕

ရနံ့က တော်တော် ကိုမွှေးတာ ပါ။ သူမွှေးပုံက အီပြီး ခေါင်းမူးခေါင်းကိုက်ခြင်းမျိုး မဟုတ်ပဲ စိတ်ကို ကြည်လင်လန်းဆန်း စေတဲ့ သင်းသင်း လေးမွှေးတာမျိုးပါ။ 💐💐💐

အိမ်မှာတော့ဘုရားလှူထားတာ တစ်အိမ်လုံးကိုမွှေးနေရောပဲ 💕💕💕

တစ်စည်းကို ၃၀၀၀ ကျပ်ပါ။ ၄ စည်းကို ၁၀၀၀၀ ကျပ်နဲ့ ရောင်းချပေးမှာ ပါ

တစ်စည်းကို ၁၀ ခက်ထက် မက ပါပါတယ်

အိမ်အရောက် delivery ဖြင့်ရောင်းချပေးနေပါပြီ 🏡🏡🏡

ချစ်ရပါသော Flower diary customer တို့ရေ 💐💐💐 အမှန်တစ်ကယ် တော့ မနေ့ ပန်းအသစ်တွေ ရောက်ပေမယ့် မနေ့ က နိုင်ငံရေး အခြေအနေ တွေ ...
02/02/2021

ချစ်ရပါသော Flower diary customer တို့ရေ 💐💐💐

အမှန်တစ်ကယ် တော့ မနေ့ ပန်းအသစ်တွေ ရောက်ပေမယ့် မနေ့ က နိုင်ငံရေး အခြေအနေ တွေ ကြောင့် ရော၊ ထိုကိစ္စ ကြောင့် emotional breakdown ဖြစ်၊ စိတ်ထိခိုက်ပြီး ဘာမှ မလုပ်နိုင်မကိုင်နိုင်တာ ကြောင့် ပါ ပန်းအရောင်း post မတင်ဖြစ်ခဲ့တာပါ 🌷🌷🌷

ဒါပေမယ့် ဒီနေ့ ညမှာတော့ အရောင်း post တင်ပါတော့မယ်နော်။ အိမ််မှာနေပြီး ပန်းလှလှလေးတွေ ကပ်လှူနိုင်အောင် စီစဉ်ပေးသွားပါ့မယ် နော် 💐💐💐

ဒီနေ့ ပြောပြမယ့် နှင်းဆီလေး က တော့ လက်ရှိ Flower diary ရဲ့ လူကြိုက်များ ရေပန်းစား နေတဲ့ ရွှေဝါရောင်နှင်းဆီလေး Gold strik...
30/01/2021

ဒီနေ့ ပြောပြမယ့် နှင်းဆီလေး က တော့ လက်ရှိ Flower diary ရဲ့ လူကြိုက်များ ရေပန်းစား နေတဲ့ ရွှေဝါရောင်နှင်းဆီလေး Gold strike ပဲဖြစ်ပါတယ် 🌹🌹🌹💛💛💛

ဒီ Gold strike ဆိုတဲ့ နှင်းဆီလေးဟာ အမေရိကန် နိုင်ငံမှာ 1955 ခုနှစ်ထဲက မျိုးစပ်ထုတ်လုပ်ထားတဲ့ နှင်းဆီမျိုး ဖြစ်ပါတယ်

နှစ်ပေါင်း ၆၀ ကျော် ၇၀ နီး ပါး သက်တမ်းရှိတဲ့ ဒီနှင်းဆီမျိုးလေးဟာ ခုချိန် ထိပါ နန်းဆန် ဆန် ရွှေဝါရောင် လေး လှနေဆဲပါပဲ 💛💛💛

လက်ရှိမှာလဲ ပြည်တွင်းမှာ စျေးကွက်အဆင့်မှီ စိုက်ပျိုးထုတ်လုပ်နေပြီ ဖြစ်ပါတယ် 🌹🌹🌹

ဒီနေ့ တော့ ချစ်ဖို့ ကောင်းအောင် အရောင်စို ပြီး ရဲတောက် နေတဲ့ နှင်းဆီ လိမ္မော် နီရောင်လေး နဲ့ မိတ်ဆက်ပေးပါရစေ 🌹🌹🌹 သူ့နာမည...
29/01/2021

ဒီနေ့ တော့ ချစ်ဖို့ ကောင်းအောင် အရောင်စို ပြီး ရဲတောက် နေတဲ့ နှင်းဆီ လိမ္မော် နီရောင်လေး နဲ့ မိတ်ဆက်ပေးပါရစေ 🌹🌹🌹

သူ့နာမည်လေး က Autumn sunblaze လို့ခေါ်ပါတယ်။ ဆောင်းဦးရာ သီမှာ မီးတောက်သဏ္ဍာန် တောက်နေသော နေမင်းကြီး လို့ အဓိပ္ပာယ်ရမှာပေါ့ 🌹🌹🌹 နာမည်နဲ့ လိုက်အောင် ကို ရဲပြီး စိုတောက်နေတာနော်

အပွင့်က ပုံမှန် အပွင့်ကြီးထက် အနည်းငယ် သေးပေမယ့် အရောင်လေး ရယ် ပန်းသား မာတောက်နေတာလေးရယ် နဲ့တင် ဆွဲဆောင်မှု သိပ်ရှိနေပါပြီ 🌹🌹🌹

မြန်မာပြည်မှာ တင် ခုလို လှပတဲ့ နိုင်ငံခြားမျိုးနှင်းဆီလေး တွေ ကို စျေးကွက် အဆင့်မှီအောင် စိုက်ပျိုးရောင်းချ နေပါပြီ

  🌷 coming soon 🔜
28/01/2021

🌷 coming soon 🔜

Flower diary ချစ်သူတို့ က်ို ဒီ တစ်ခါ တော့ တောင်ကြီးခရိုင်ထဲ က ပဲ farm No. 2 ကို အလည် ခေါ်သွားချင်ပါတယ် နော် 🌹🌹🌹 ဟိုနေ့က...
27/01/2021

Flower diary ချစ်သူတို့ က်ို ဒီ တစ်ခါ တော့ တောင်ကြီးခရိုင်ထဲ က ပဲ farm No. 2 ကို အလည် ခေါ်သွားချင်ပါတယ် နော် 🌹🌹🌹 ဟိုနေ့က တင်တဲ့ post က farm No.1 ပါ။

နိုင်ငံခြား မျိုးနှင်းဆီ တွေ ကို ခေတ်မှီ စိုက်ပျိုး ရေး နည်းစနစ်တွေ နဲ့ စျေးကွက် အဆင့်မှီကို စိုက်ပျိုးထားမှု ကို ဂုဏ်ယူ လျက် ပါ 🌹🌹🌹

များမကြာမှီ မှာ ပြည်တွင်း စျေးကွက် ကိုသာ မက ပြည်ပ စျေးကွက် ကို ပါ နေရာယူနိုင်အောင် ကြိုးစား သွားကြမှာပါ 🌹🌹🌹

ဒီတစ်ခါ တော့ Astromelia လို့ခေါ်တဲ့ လီလီမျိုးနွယ်ဝင် ပန်းလှလှ ဆန်းဆန်းလေး ရောင်းပေးချင်ပါတယ်။ 💐💐💐 အပွင့်က မကြီးပေမယ့် ချ...
25/01/2021

ဒီတစ်ခါ တော့ Astromelia လို့ခေါ်တဲ့ လီလီမျိုးနွယ်ဝင် ပန်းလှလှ ဆန်းဆန်းလေး ရောင်းပေးချင်ပါတယ်။ 💐💐💐

အပွင့်က မကြီးပေမယ့် ချစ်ဖို့ ကောင်းတာလေး ပေါ့ 💐💐💐 အရောင်လေးတွေကလဲ ဆန်းမှ ဆန်းပဲ

အကြာကြီးလဲ အထားခံပါတယ်။ ရိုးတံ က ၂ ပေနီးပါးရှိပါတယ်

၁၀ ခက် တစ်စည်း ကို ၈၅၀၀ ကျပ်ပါ။ အနည်းဆုံး ၁၀ ခက်မှ စရောင်းပေးနေပါပြီ

အိမ်အရောက် delivery ဖြင့်လဲ ရောင်းချပေးနေပါပြီ🚙🚙🚙

ဒီတစ်ခါတော့ Flower diary ချစ်သူတို့ ကို Flower diary ရဲ့ နိုင်ငံခြား နှင်းဆီ မျိုး တွေ ကို ကိုင်းကူးကိုင်းဆက် ပြီးမျိုးပ...
24/01/2021

ဒီတစ်ခါတော့ Flower diary ချစ်သူတို့ ကို Flower diary ရဲ့ နိုင်ငံခြား နှင်းဆီ မျိုး တွေ ကို ကိုင်းကူးကိုင်းဆက် ပြီးမျိုးပွါး ထုတ်လုပ် ပေးတဲ့ ခြံ ကြီးထဲ ကို အလည်ခေါ်သွားပါရစေ 🌹🌹🌹

ပထမဆုံး ၂ ပုံ ကတော့ မကြာမှီ ပန်းထုတ်လုပ်တော့မယ့် Flower diary ရဲ့ future products များ ဖြစ်ပါတယ် 🌹🌹🌹 ပုံလေးတွေ အောက်မှ caption လေးတွေ ရေးပေးထားပါတယ် နော်

ခုလို ခိုင်မာတဲ့ စျေးကွက်တည်ဆောက်ဖို့ဆိုတာ မျိုးထုတ်ပေး သူ၊ စိုက်ပျိုးသူ၊ ဖြန့်ဖြူးသူ၊ ဝယ်ယူ အသုံးပြုသူ တို့ အားလုံး လိုက်ဖက်ညီစွာ ကိုယ့်တာဝန် ကိုယ် ကျေ ကြဖို့ အလွန်ပင် အရေးကြီးပါတယ် 💕💕💕

Address

No. 133, Thirimingalar Street, 8th Miles , Pyay Road
Yangon

Telephone

+959775048282

Website

Alerts

Be the first to know and let us send you an email when Flower Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share