Home Chancellor Co.,Ltd.

Home Chancellor Co.,Ltd. Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Home Chancellor Co.,Ltd., Home improvement, Yangon.

တရားစစ် တရားမှန်ကိုမိမိရင်ထဲမှာသာ ရှာဖွေပါ🙏🙏🙏🙏🙏🙏🙏
25/03/2024

တရားစစ် တရားမှန်ကို
မိမိရင်ထဲမှာသာ ရှာဖွေပါ
🙏🙏🙏🙏🙏🙏🙏

သံပုရာသည် အချဥ်မဟုတ်------------------သံပုရာခြံ တည်ဆောက်ခြင်း အပိုင်း (၁+၂+၃+၄)သံပုရာစိုက်ပျိုးဖို့ တာဆူနေတဲ့လူတွေရော၊ စ...
04/01/2024

သံပုရာသည် အချဥ်မဟုတ်
------------------

သံပုရာခြံ တည်ဆောက်ခြင်း အပိုင်း (၁+၂+၃+၄)
သံပုရာစိုက်ပျိုးဖို့ တာဆူနေတဲ့လူတွေရော၊ စိုက်ပျိုးချင်လို့ လေ့လာနေသော သူများအ တွက် ရည်ရွယ်ပါတယ်။ ကိုယ်တိုင် တည်ဆောက်ခဲ့ တဲ့ အတွေ့အကြုံလေးနဲ့ ပေါင်းစပ် ပြီး ရေးပေးတာပါ။

ကျနော်လဲ လေ့လာနေဆဲပါ။
သံပုရာစိုက်ပျိုးရေးကို စီးပွားဖြစ် စိုက်ပျိုးချင်သူများ၊ ဝါသနာအရ စိုက်ချင်သူများ အားလုံး မေးတဲ့ မေးခွန်မှာ တစ်နှစ်ကို ဘယ်လောက်သီးလဲ၊ ဘာမျိုးလဲ၊ ယိုးဒယားမျိုးလား၊ အစေ့လွတ်လား၊ အစေ့ပါလား၊ ကိုင်းကူးပင်က ဘယ်နှနှစ် ခံလဲ၊ စသည်ဖြင့် မေးကြပါတယ်။

အားလုံး သိချင်တာလေးတွေလဲ သိရအောင်၊ သိသင့်တာလေးတွေလဲ သိရအောင်ပြောပြပေးချင်ပါတယ်။

၁။ စိုက်ပျိုးရန်နေရာ ရွေးချယ်ခြင်း
၂။ မျိုးရွေးချယ် စိုက်ပျိုးခြင်း
၃။ ပြုစုပျိုးထောင်ခြင်း
၄။ နောက်လိုက်အင်အား
၅။ သံပုရာစျေးကွက်

၁။ စိုက်ပျိုးရန်နေရာ ရွေးချယ်ခြင်း။
ခြံတည်ဆောက်တော့မယ်ဆိုလျှင် မြေနေရာ အရေးကြီးပါတယ်။ တချို့ကတော့ ကိုယ့်မှာ ရှိပြီးသား မြေနေရာပေါ် / မြေလွှတ်မှာ စိုက်ချင်ကြတာပါ။

အခုမှစပြီး တည်မယ့်သူဆိုရင်တော့ စိုက်ပျိုးမည့် မြေနေရာကို ရွေးချယ်ပြီး စိုက်စေချင်ပါတယ်။ လမ်းကောင်းလား၊ ရေပေါရဲ့လား၊ လျှပ်စစ်မီးရနိုင်မလား၊ အလုပ်သမားငှားလို့ ရနိုင်မလား၊ ဖုန်းလိုင်းမိရဲ့လား၊ စသည်တို့ကို အခြေခံအားဖြင့် စုံစမ်းစေချင်ပါတယ်။ (နောက်တခု ရာဘာခြံ ကိုများ ခုတ်ပြီး စိုက်မယ်ဆိုရင် အမြစ်ကိုပါ တူးပြီး ထုတ်ပြစ်ပါ။

ရာဘာမြစ်က အရမ်းကြောက်ဖို့ကောင်းပါတယ်။ ဘေးမှာရှိတဲ့ အပင်အားလုံးကို မျိုပြစ်လိုက်လို့ပါ။)
လမ်းက အရေးကြီးလို့လားဆိုရင်တော့ အရေးကြီးပါတယ်။ နွေတွင်သာ သွားလို့ရပြီး မိုးတွင်းကား၀င်လို့မရဘူးဆိုရင် မလွယ်ပါဘူး၊ ငါ့မှာ ကားမှ မရှိတာပဲ ဆိုရင်တောင် ကား၀င်ထွက်နိုင်မှ အဆင်ပြေမယ်၊ နှစ်ရှည် သီးနှံဖြစ်လို့ပါ။

သံပုရာခြံအတွက် ရေက အရေးကြီးပါတယ်။ ခြံထဲမှာ ရေတွင်းရှိတယ်၊ လက်ရက်တွင်းရှိတယ် ဆိုရုံနဲ့ မလုံလောက်ပါဘူး၊ အပင်သက်တမ်းရင့်လာတာနဲ့ အမျှ ရေလိုအပ်ချက်များလာလို့ပါ။

ကုန်းမြင့်မဟုတ်ဘဲ အနိမ့်ပိုင်း လျှို၊ နွေရာသီ ရေမခန်းတဲ့ စမ်းချောင်းဘေး၊ ဆည်မြောင်းဘေး၊ ကန် ဘေး ဆိုရင်တော့ အတိုင်းအထက် အလွန်ပေါ့။ အဲဒီလိုမှ မဟုတ်ရင် အဝီစိတွင်းတူးခ၊ ရေစက်ဖိုး၊ ပိုက်ဖိုး ထည့်တွက်ရန် လိုပါသည်။

နေရာအနေအထားလိုက်ပြီး တွင်းတူးခ၊ သယ်ယူစရိတ်များ ကွာနိုင်ပါသည်။ အဝီစိရေတွင်းနှင့် စမ်းချောင်း၊ ကန်ရေတို့မှာ ရေတင်ချိန် ကွာပါသည်။
လျှပ်စစ်မီး ရှိရင် ခြံရဲ့ တိုးတက်မှု ပိုပြီးမြန်တာပေါ့။ ရေတင်ခြင်း၊ ရေလောင်းခြင်း တွေမှာ လျှပ်စစ်က အရေးပါပါတယ်။

လျှပ်စစ်မရရင် မီးစက်၊ အင်ဂျင်တို့ အသုံးပြုရ တော့မယ်။ စိတ်ကူးထဲမှာတော့ သံပုရာပင်စိုက်တာ ပျိုး၀ယ်။ မြေကြီးချစိုက်၊ မြေသြဇာ ထည့်၊ အသီးခူး လို့ပဲထင်မှာ၊ မီးစက် အတွက်က ကုန်ကျစရိတ်က တစ်ခါဆိုပေမယ့် ဆီဖိုးက လစဉ်ကုန်တာပါ။

မီးစက်နဲ့ အသုံးပြုပါက မော်တာတွေ ကြာရှည်မခံနိုင်ပါဘူး၊
အလုပ်သမား ငှားဖို့အတွက်လွယ်မလား/ ခြံမှာ အစောင့်ထားဖို့အပြင် အရံလုပ်သားများလဲ ရှိရန်လိုသည်။ ကိုယ်တိုင်လုပ်နိုင်ရင်တော့ မလိုဘူးပေါ့။

ကိုယ်တိုင်မလုပ်နိုင်ပါက စိတ်ချရတဲ့ အလုပ်သမား ရရန်လိုပါသည်။
ဖုန်းလိုင်းမိရဲ့လား ဆိုတာကတော့ မရှိမဖြစ်တော့ မဟုတ်ဘူး ဆိုပေမယ့် လိုတော့လိုအပ်ပါတယ်။

စိုက်ပျိုးရေးအတွက် သတင်းတွေ၊ နည်းပညာအချက်အလက် တွေကအစ အားလုံးက ဖုန်းထဲမှာရှိနေလို့ပါ။ ခြံမှာ နားနေချိန်မှာ လေ့လာနိုင်ပါတယ်။ အခုခေတ်က စိုက်ပျိုးရေးအကြောင်းကို Facebook ပေါ်မှာ အားလုံး မျှဝေထားတာ တွေ့ရပါတယ်။ ယခင် စိုက်ပျိုးရေးလုပ်တဲ့သူတွေနဲ့ ယခု စိုက်ပျိုးရေးလုပ်တဲ့သူတွေ ဘာကွာသလဲမေးရင် နည်းပညာ ကွာပါတယ်။

ယိုးဒယားနိုင်ငံမှာ စိုက်ပျိုးရေးနဲ့ ပါတ်သက်လို့ နိုင်ငံတော်က စိုက်ပျိုးရေး နည်းပညာများကို TV Channel မှ တဆင့် ထုတ်လွှင့်ပေးနေပါတယ်။ စိုက်ပျိုးရေးသမားတိုင်း နည်းပညာ အသစ်တွေကို သိနေပါတယ်။

နောက်ပြီး Public Channel တွေက်လဲ အကျိုးဖြစ်ထွန်းမယ့် စိုက်ပျိုးရေးနည်း တွေကို အပြိုင်အဆိုင် လွှင့်ပေးနေပါတယ်။ အောင်မြင်နေတဲ့ စားပင် သီးပင်တွေ / စိုက်ပျိုးရေးနည်းစနစ်တွေကို Interview လုပ်ထားတာတွေ အများကြီးတွေ့ ရပါတယ်။

(ဘီဘီစီ ဦး၀င်မြင့်ကို အထူးကျေးဇူးတင်ဖို့ ကောင်းပါတယ်။ ယိုးဒယားက နည်းတွေကို မျှဝေပေးနေလို့)။ ကျနော်တို့ မြန်မာပြည်မှာ အဲဒီလိုမရှိပါဘူး၊ အခု Facebook ပေါ်မှာ ရေးပေးနေတဲ့ (ဝါသနာရှင်၊ ပညာရှင်များ) သူတွေ့နေရလို့ ၀မ်းသာစရာပါ။

ကျနော်ကတော့ Facebook ကို သင်ယူစရာအဖြစ် အားကိုးနေရတော့ ဖုန်းလိုင်းလေးမိရင်တော့ အဆင်ပြေတာပေါ့နော်၊ ( လိုအပ်ချက်များကို အကြံပြုလိုပါက မည်သူမဆို အကြံပြု နိုင်ပါသည်။)

သံပုရာခြံ တည်ဆောက်ခြင်း အပိုင်း (၂)
၂။ မျိုးရွေးချယ် စိုက်ပျိုးခြင်း။
သံပုရာ စိုက်ပျိုးချင်သူတိုင်း သိထားသင့်ပါတယ်။ ဘာသံပုရာလဲ၊ ဘာမျိုးလဲ၊ ယိုးဒယားလား၊ အစေ့လွတ်လား၊ အစေ့မဲ့လား၊ မြန်မာသံပုရာပဲ ကြိုက်တယ်။

တိုက်ကြီးသံပုရာ ပိုသီးတယ်၊ ဟော်လန်သံပုရာကို အသီးနှုန်းကောင်းတယ်၊ ရေးသံပုရာက အလုံးကြီးတယ်၊ စသည်ဖြင့် တော်တော်များများမေးကြပါတယ်။

သံပုရာမျိုးတွေကတော့ ကမ္ဘာပေါ်မှာ အများကြီးပါ (နောက်မှထပ်ရေးပါမည်)။ အဓိက ကိုယ် ဘာလုပ်မှာလဲ ဆိုတာကို အဓိက ထားစေချင်ပါတယ်။

ဥပမာ- စီးပွါးဖြစ် သံပုရာသီးရောင်းချင်တယ်ဆိုရင် စျေးကောင်းတဲ့ အသီးမျိုးကို ရွေးချယ်ပါ။ လက်ရှိမြန်မာပြည်မှာ ဘယ်အသီးက စျေးကောင်းနေလဲ လေ့လာကြည့်ဖို့လိုပါတယ်။

ဗမာသံပုရာ၊ ယိုးဒယားသံပုရာ၊ ဟော်လန်သံပုရာ၊ ရေးသံပုရာ ဘယ်မျိုးက စျေးကောင်းရလဲ စုံစမ်းပါ။ ကိုယ်က အသီးရောင်းမှာလေ၊ စျေးကောင်းရမယ့် အသီးကမှ ပိုက်ဆံပိုရမှာလေ။

သံပုရာသီး စျေးကောင်းချိန်က ဖေဖော်ဝါရီလ၊ မတ်လ၊ ဧပြီလ တွေပါ။ စျေးထဲမှာ ရောင်းနေတာတော့ တစ်လုံးကို ၁၀၀၊ ၁၂၀၊ ၁၅၀၊ သုံးလုံး ၅၀၀ စသည်ဖြင့် ရောင်းနေကြတာ တွေ့ရပါတယ်။

ကိုယ်က ရောင်းမယ်ဆိုရင် သုံပုရာ ဒိုင် (သို့) လာကောက်တဲ့သူ (သို့) လက်ကားရောင်းတဲ့သူကို ရောင်းရမှာဆိုတော့ တစ်လုံးကို ၅၀၊ ၆၀၊ ၈၀၊ ၁၀၀၊ ၁၂၀ ဘယ်စျေးနဲ့မိမလဲတော့ မသိဘူးပေါ့နော်၊

တစ်လုံးကို ၁၀၀/ကျပ် ဆိုပါစို့။ (ဥပမာ)နော် - တစ်နှစ်သားခန့် အပင်တစ်ပင်ကို ၃၀ နဲ့ ၅၀ ကြားသီးပါတယ်။

(အပင်ဖြစ်ထွန်းမှုပေါ်မှာတော့ မူတည်ပါတယ်)။ အပင် ၃၀၀ ရှိတဲ့ ခြံမှာ တစ်ပင်ကို အလုံး ၃၀ သီးတယ် ဆိုပါစို့။

ပထမနှစ် အလုံး ၃၀ x အပင် ၃၀၀ = ၉၀၀၀ လုံး
အလုံး ၉၀၀၀ x ၁၀၀ ကျပ်= ၉၀၀ ၀၀၀/ ကျပ်
ဒုတိယနှစ် အလုံး ၁၂၀ x အပင် ၃၀၀ = ၃၆ ၀၀၀ လုံး
အလုံး ၃၆ ၀၀၀ x ၁၀၀ ကျပ် = ၃ ၆၀၀ ၀၀၀/ ကျပ်
နောက်နှစ်များ တွင် ပိုပြီး သီးပါသည်။

ယခုလက်ရှိ သိန်း ၆၀ ကျော် ၀င်နေသော ခြံကို တွေ့ဘူးပါသည်။ ( ယခုတွက်ပြသော နှုန်းမှာ ဥပမာအနေနှင့် ၁ ဧက အပင် ၃၀၀ နှုန်းဖြင့် နွေရာသီ အသီးသီးချိန်မှ ရောင်းရငွေ တွက်ချက်ပုံကို ပြောပြချင်းသာ ဖြစ်ပါသည်၊ ဒီအတိုင်းဖြစ်မည်ဟု မဆိုပါ။

ကုန်ကျစရိတ် ထည့်မထားပါ)
အဲဒီတော့မှ မိမိပတ်၀န်းကျင်မှာ ဘယ်အသီးအမျိုးအစားက စျေးကောင်းလဲ လေ့လာကြည့်ပါ။ ကျနော်ပြောတာကို မယုံပါနဲ့။ သေချာပြီးဆိုရင်တော့ စိုက်ချင်စိုက်ပါ။

နှစ်ရှည်ပင်ဖြစ်လို့ ပထမနှစ်တော့ အရင်းနှီးများပါတယ်။ ၀င်ငွေမရှိပါ။ နောက်နှစ်များတော့ ကုန်ကျစရိတ်က ပုံမှန် စရိတ်သာရှိပါတယ်။
ဒုတိယ အနေနဲ့ ပျိုးထုတ်ရောင်းချင်လို့ သံပုရာပင်စိုက်တယ် ဆိုပါတော့။

လူကြိုက်များတဲ့ အပင်မျိုးကို ရွေးချယ်သင့်ပါတယ်။ ကိုယ်နေထိုင်ရာအရပ်၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး အားလုံးနဲ့ ဆက်သွယ်နိုင်မည်ဆိုရင် ကောင်းပါသည်။

လက်ရှိစျေးကွက်မှာ ရေပန်းစားနေတာ ယိုးဒယားသံပုရာ(မျိုးကွဲ များစွာရှိပါသည်)၊ ဗမာသံပုရာ၊ တိုက်ကြီးသံပုရာ၊ ဟော်လန်သံပုရာ၊ ရေးသံပုရာ စသည်တို့ထဲမှ လူအများဆုံးကြိုက်တဲ့ အပင်မျိုးကို ရွေးချယ်စေချင်ပါတယ်။

အဲဒီတော့မှ အပင် များများရောင်းရမှာပေါ့။ ကိုယ်စိုက်တဲ့ မျိုးက လူမကြိုက်ရင် ဘယ်ရောင်းရမလဲ။ ကိုယ်ခြံက လမ်းမကောင်းတဲ့ ချောင်ကိုရောက်နေရင်လဲ သူများကို ဘယ်လိုရောင်းမလဲ။

ရောင်းလို့ရရင်လဲ ကုန်ကျစရိတ်ပိုပြီးများမှာပေါ့နော်။ လူအင်အားလဲပို သုံးဖို့လိုပါလိမ့်မယ်။ အလုပ်သမားခ၊ သယ်ယူစရိတ် ပိုများပြီးတွက်ထားရမယ်။

တတိယ အနေနဲ့ အိမ်မှာ အပျော်စိုက်ချင်သူများ၊ ခြံထဲမှာ မြေပိုလို့ ဆန့်သလောက် စိုက်ချင်သူများ အနေနဲ့တော့၊ အပင်ရောဂါဒဏ်ခံနိုင်ပြီး အသီးများ၊ အခိုင်လိုက်သီးဆိုတဲ့ မျိုးကို ရွေးချယ်ပြီး စိုက်ပါ။

သစ်ပင်စိုက်တယ်ဆိုတာ ပျော်စရာ ကောင်းပါတယ်။ ကိုယ်စိုက်တဲ့အပင်လေးကို တယုတရနဲ့ စိုက်ပျိုးကြရတာပါ။ အပွင့်များများပွင့် အသီးများများသီးရင် ပိုပျော်ရတာပေါ့။

အိမ်မှာစိုက်တဲ့ အပင်တွေအများစုက ဆေးမဖြန်းကြပါဘူး။ သံပုရာပင်က မှိုရောဂါ၊ ဘောက်ဖတ်၊ ရွက်ထွင်းပိုး၊ ရွက်လိပ်ပိုး၊ စသည့် ရောဂါများ ကျတတ်ပါတယ်။ ထိုရောဂါပိုးများကို ခံနိုင်သည့် အပင်မျိုးရယ်လို့တော့ မရှိပါဘူး။

တော်ရုံ ရောဂါမ၀င်ဘူး၊ အပင်ဖြစ်ထွန်းလွယ်တယ်၊ ဆိုတဲ့ မျိုးများကို ရွေးချယ်ပါ။ သို့မဟုတ်ရင်တော့ အပင်စိုက် ကိုယ့်အပင်ကိုကြည့်ပြီး စိတ်ဓါတ်ပါကျသွားနိုင်ပါတယ်။

ဒီလောက်ဆိုရင်တော့ အပင် မျိုးရွေးချယ်ဖို့ အကြမ်းဖြင်းတော့ သိလောက်ပါပြီဟု ယူဆရပါတယ်။ (လို့အပ်ချက်များရှိပါက မည်သူမဆို ဖြည့်စွက် အကြံပြုနိုင်ပါသည်)

သံပုရာခြံ တည်ဆောက်ခြင်း အပိုင်း (၃)
၃။ ပြုစုပျိုးထောင်ခြင်း။
သုံပုရာပင်ကို ပြုစုပျိုးထောင်မယ်ဆိုရင် အပင်မစိုက်ခင်ကစပြီး ပြေပရစေ။

မစိုက်ခင်ကတည်းက ပြုစုသင့်ပါတယ်။ အရင်ဆုံးမြေပြင်ပါ။
(မြေပင်နည်းကို အရင် post https://www.facebook.com/permalink.php?story_fbid=120987024920368&id=118323958520008
ထဲမှာရေးပြီးပါပြီ။ မြေကြီးမပြုပြင်ပဲစိုက်တဲ့ အပင်နဲ့ သေချာပြုပြင်ပြီးထားတဲ့မြေနဲ့ စိုက်ပျိုးထားတဲ့အပင် ဖြစ်ထွန်းမှုနှုန်း ကွာပါတယ်။

မြေပြင်ထားတာတောင် ပျိုးပင်မကောင်းရင် အပင်ဖြစ်ထွန်းမှုကွာပါတယ်။ ပျိုးပင်မကောင်းတာဆိုတာ ကိုးကူးထားတာခြင်းတူပေမယ့် အမြစ်ထွက်အားနည်းတာ၊ ပျိုးကိုင်းမသံတာ/ မကောင်းတာ စသည်ဖြင့်ပေါ့။

ပျိုးအိတ်မှာ အမြစ်စုံပြီး မြေချစိုက်ပျိုးတဲ့အခါမှာ အမြစ်က ဘေးကမြေကြီးကို စပြီး ကုတ်ကားယူပါတယ်။ အဲဒီအချိန် ပြုပြင်ထားတဲ့မြေကို အမြစ်စွဲရင် ပိုပြီး ကောင်းတာပေါ့။

စိုက်ပြီး သုံးပတ်လောက် အကြာမှာ အညွှန့်လေးတွေထွက် လာလိမ့်မယ်။ အပင်က ပတ်၀န်းကျင် မြေကြီးနဲ့ ထိပြီး ကောင်းမွန်စွာ ရှင်သန်နိုင်ပါပြီ ဆိုတာ ပြန်ပြီး အချက်ပြပေးတာလို့ပဲ ပြောရပါလိမ့်မယ်။ အညွှန့်အသစ်ကလေးတွေက ရင့်လာပြီး အကိုင်းသေးများအဖြစ် တည်ရှိမှာပါ။

၄ လ အတွင်း အပင်ဖြစ်ဖို့ တည်ဆောက်နေပါတယ်။ ထိုအချိန် အစာ အစာကြွေးခြင်း၊ ဆေးဖြန်းခြင်းများ ပုံမှန် ပြုလုပ်ပေးရန် လိုအပ်ပါတယ်။ မြန်မာပြည်အောက်ပိုင်း ဆိုရင် ရေငွေ့/ ဆိုထိုင်းစ ရှိတဲ့ အတွက် ရွက်လိပ်ပိုး၊ ရွက်ထွင်းပိုး၊ ဘောက်ဖတ် စသည့် ပိုးများ ပေါများပါတယ်။ ပုံမှန် ဆေးဖြန်းဖို့ လိုပါတယ်။

( ၃ ရက် တစ်ကြိမ် သို့မဟုတ် တစ်ပတ် တစ်ကြိမ်)
၁ လ မှာ ၄ လ အတွင်း အပင်အပင်ဖြစ်ထွန်းမှုနှေးတယ်လို့ စိတ်ထဲမှာ ခံစားနေရတတ်ပါတယ်။ ဒီကြားထဲမှာ ဆေးမဖြန်းဖြစ်လို့ ရွက်စားပိုးများစားသွားခဲ့ရင် စိတ်ဓါတ်ပါ ကျသွားနိုင်ပါတယ်။

စိတ်ဓါတ်တော့ မကျပါနဲ့ ဘာမှ မဖြစ်ပါဘူး။ အပင် ဖြစ်စဉ်ထဲက ဖြစ်နေကြတစ်ခုပဲလို့ ပြောရမလိုပါပဲ။ အစာကြွေးမယ်ဆိုရင်လဲ ပုလဲတို့၊ ၁၅း၁၅း၁၅း တို့ ၁၅ ရက်တစ်ကြိမ် ကြွေးနိုင်ပါတယ်။

၅ လ၊ ၆ လ နောက်ပိုင်းမှာ အပင်က သိသာလာပါလိမ့်မယ်။ ပင်စည်တွေ တုတ်လာမယ်၊ အတက် အသစ်အကြီးများ၊ အညွှန့်များ၊ အပြိုင်အဆိုင်ထွက်လာပါလိမ့်မယ်။ ရေတော့ မပြတ်ပါစေနဲ့။

ရေငတ်တဲ့ ဒဏ်ကို ခံနိုင်တဲ့ အပင်ရှိသလို၊ မခံနိုင်တဲ့ အပင်လဲရှိပါတယ်။ (၂၀၁၆ ခုနှစ် နွေရာသီဟာ ပူပြင်းလှတဲ့ အပြင်၊ အယ်နီညို ဒဏ်ကို တော်တော်များများ ခံရတာ တွေ့ရတယ်။

ကျနော့ အနီးနားမှာရှိတဲ့ ရေးသံပုရာတို့၊ ဟော်လန်သံပုရာတို့ ရေငတ်ပြီး အသီးတန်းလန်းနဲ့ လက်လွှတ်လိုက်ရတဲ့အတွက် နွေရာသီစျေးကောင်းချိန် ဆုံးရှုံးခဲ့ရပါတယ်။ တိုက်ကြီးသံပုရာခေါ်မလား၊ ဗမာ သံပုရာပင်မှာတော့ ရေငတ်ခံနိုင်တာ တွေ့ရပါတယ်။)

ရေမရင်တော့ အပင်တွေ ညှိုးငယ်စွာနေရပါလိမ့်မယ်၊ အညွှန်အသစ်တွေတက်လာရင် အဖူးအပွင့်တွေပါလာတတ်ပါတယ် (ကိုင်းကူးပင်များကို ဆိုလိုပါသည်)၊

အပင်အားယူချိန်မှာတော့ ချွေပြစ်တာကောင်းပါတယ် (တစ်ဦးနှင့် တစ်ဦး အယူအဆ မတူနိုင်ပါ)။ ဒါမှသာ လာမယ့် ရာသီမှာ အသီးယူနိုင်ဖို့ သန်စွမ်းတဲ့ အပင်တွေ ဖြစ်နေမှာပါ။

အပင်သက်တမ်း တစ်နှစ် ဆိုရင်တော့ အသီးယူလို့ ရပါပြီ။ တစ်နှစ်ပြည့်မည့် အချိန်နှင့် အသီးယူလို့ ရမည့်အချိန် ကွက်တိကျရင်တော့ ပိုကောင်းပါတယ်။

(၈ လ၊ ၉ လ ပိုင်းလောက်စိုက်ရင် ရနိုင်ပါသည်။) အသီးယူခါနီးမှ အပင်ကို ဟိုဟာကြွေး၊ ဒီဟာ ကြွေး လုပ်မဲ့ အစား ပုံမှန်ရက်ပတ်နဲ့ ပြုပြင်ပေးရင် ပိုကောင်းပါတယ်။ ဒီအချိန်ထိပဲ ပြုစုပျိုးထောင်ရမည်ဟု မဆိုလိုပါ။

နှစ်ရှည်ပင်ဖြစ်တဲ့အတွက် ပုံမှန်ပြုစုရမှာပါ။ ပြက္ခဒိန်မှာ မိမိပြုလုပ်ရမည့် ဆေးဖြန်း အစာကြွေး ရက်များကို ကြိုတင်မှတ်သားထားပါ၊ တိကျစွာ လိုက်နာပါ။

သံပုရာပင်က ချုံလို အမျိုးအစား ဖြစ်တဲ့အတွက် ကိုင်းရှုပ်များ မထားပါနဲ့၊ ကိုင်းရှင်းပါ။ လေ၀င်လေထွက် ကောင်းအောင်ထားပါ။ အောက်ချေများရှင်းလင်းထားပါ။ ပေါင်းမရှုပ်ပါစေနဲ့။

ပြောမဲ့သာ ပြောရတယ် ပေါင်းကလဲ ခဏခဏ ရှင်းရပါတယ်။ မရှင်းလိုက်ရင် သိသိသာသာ ရှုပ်လာပါတယ်။ အပေါ်က ပြောပြထားတာလောက် ပုံမှန်လုပ်မယ်ဆိုရင် သင်၏ခြံမှာ လမ်းဖြတ်သွားတဲ့သူ ငေးချင်စရာကောင်းလောက်အောင် ဖြစ်လာပါလိမ့်မယ်။

သံပုရာခြံ တည်ဆောက်ခြင်း အပိုင်း (၄)
၄။ နောက်လိုက်အင်အား
ခြံတည်ဆောက်ခြင်း အတွက် နောက်လိုက် အင်အားလိုအပ်ချက်မှာ သံပုရာခြံတစ်ခုအတွက်မှ မဟုတ်ပါဘူး၊ နှစ်ရှည်သီးနှံပင်များအတွက် အားလုံးနီးပါးမှာ လိုအပ်ပါတယ်။

အခုတော့ သံပုရာခြံ အကြောင်းပဲ ပြောပမယ်။ ယေဘူယျအားဖြင့် မေးလာတဲ့ မေးခွန်းပါ။ သံပုရာခြံ ၁ ဧက လောက်စိုက်ချင်တယ်၊ ဘယ်လောက်ကုန်ကျမလဲဗျ ဆိုရင်တော့ ကျနော် မဖြေတတ်ပါဘူး။

နောက်မှာ ဘယ်လောက်ထပ်ပြီးကုန်ကျမယ်ဆိုတာ အရှေ့မှာဖော်ပြခဲ့သော အပိုင်း(၁) စိုက်ပျိုးရန် နေရာရွေးချယ်ခြင်း https://www.facebook.com/permalink.php?story_fbid=278817732470629&id=118323958520008&substory_index=0 ၊ ပေါ်မှာ မူတည်ပြီး ကွာခြားပါလိမ့်မယ်။ ကိုယ်စိုက်ပျိုးမယ့်ပုံစံ၊

ပုံမှန်စိုက်ပျိုးခြင်း၊ ခေတ်မှီစိုက်ပျိုးရေးပစ္စည်းများ အသုံးပြုခြင်း စသည်တို့ပေါ်မှာ မူတည်ပြီး ကုန်ကျစရိတ်များ ကွာခြားနိုင်ပါတယ်။

စိုက်ပျိုးဖို့မြေနေရာရွေးခြင်းဖို့ဆိုတာ စိုက်ပျိုးမယ့်သူ ၁၀ ရောက်မှာ ၁ ယောက်လောက် ရှိဖို့ခဲရင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်မှာရှိပြီးသားမြေနေ ရာပေါ်မှာပဲ စိုက်ပျိုးဖို့စဉ်းစားကြတာပါ။

ဒီနေရာမှာ ရေ မြေ ရာသီဥတုကောင်းတယ်၊ သံပုရာစိုက်ရရင်ကောင်းမယ်ဆိုပြီး စိုက်တဲ့သူရှားပါလိမ့်မယ်။ အဲဒီအတွက် ကိုယ်စိုက် ပျိုးမယ့်နေရာမှာ ရေရှိချင်မှ ရှိမယ်၊ မီးရှိချင်မှရှိမယ်၊ မြေကောင်းချင်မှကောင်းမယ်၊ အဲဒီပေါ်မှာ မူတည်ပြီး ကုန်ကျစရိတ်တွေ ကွာခြားပါလိမ့်မယ်။

ရေအတွက် လက်တွင်းတူးရမယ် (သို့) အဝီစိတွင်းတူးရမယ့် ကုန်ကျစရိတ်၊ အင်ဂျင်ဖိုး၊ ရေစဉ်၊ ပိုက်သွယ်န်းမှုပုံစံတွေ၊ တခြားစက်ပစ္စည်းတွေ၊ ဒါတွေကုန်ကျပါလိမ့်မယ်။

နောက်တခုက ကိုယ်စိုက်ပျိုးမယ့် ပုံစံပါ။ မြေကြီးမှာ ခြစိုက်မှာလား၊ ကျောက်စည်နဲ့ စိုက်မှာလား ဆိုတာပါပဲ။ ကျနော်တို့ မြန်မာပြည်မှာ စိုက်ပျိုးမှု့ပုံစံက မိရိုးဖလာ စိုက်ပျိုးရေးကနေ ခေတ်မှီနည်းစနစ်ပိုင်းကို ကူးပြောင်းခါစပဲရှိပါသေးတယ်။

(အဲဒီလိုဖြစ် လားဖို့အတွက် အထူးကျေးဇူးတင်ရမှာကတော့ ပွင့်လင်းလာတဲ့ ခေတ်နဲ့ Social Media တစ်ခုဖြစ်တဲ့ Facebook ကို ကျေးဇူးတင်ရမှာပါ။ သူ့ကြောင့် ကျနော်တို့ လေ့လာခွင့်ရတယ်၊ သင်ယူခွင့် ရတယ်၊ သိထားတာတွေကို ပြန်ပြီး မျှဝေခွင့် ရတယ်)။

အမေရိကား၊ မက္ကဆီကို၊ သြစတေးလျားတို့မှာ အပင်ကို အကျဲစိုက်တယ်၊ အပင်ကြီး ပုံစံ မျိုးစိုက်တယ်။ ယိုဒယားမှာက ကျောက်စည်နဲ့ စိုက်ပျိုးကြတယ်။ ကိုယ်စိုက်ပျိုးမယ့် ပုံစံ ပေါ် မူတည်ပြီး ကုန်ကျစရိတ် ကွာခြားနိုင်ပါတယ်။

ကျောက်စည် တစ်လုံးရဲ့ ကုန်ကျစရိတ် **** x 300 အပင်စိုက်ရင် ဘယ်လောက်ကုန်ကျမလဲ ?
ကျောက်စည် တန်ဖိုးမှာ ဒေသတခုနှင့်တခု မတူညီနိုင်ပါ။

စိုက်ပျိုးပြီးသား အပင်တွေကို ဘယ်လိုရေလောင်းမလဲ ?
ပိုက်နဲ့ တစ်ပင်ချင်းစီလိုက် လောင်းမလား၊ အပင်အားလုံးကို ပိုက်တွေသွယ်တန်းပြီး လောင်းမလား ? ရေအား ကောင်းအောင် မော်တာနဲ့ တွန်းမလား ?
ပေါင်းရှင်းဖို့အတွက် မြက်ဖြတ်စက်တွေသုံး မလား ?

ဒါတွေအားလုံးက one time investment တခါ ရင်းနှီးရမည့် အရင်းနှီးတွေပါ။
ဥပမာ အနေနဲ့ ခန့်မှန်း တွက်ပြခြင်းများသာ ဖြစ်ပါသည်။
-----
သံပုရာပင် ၁ ပင် ၂၀၀၀ ကျပ် x ၃၀၀ ပင် = ၆၀၀ ၀၀၀/
ကျောက်စည် ၁ ခွေ ၇၀၀၀ ကျပ် x ၃၀၀ ပင် = ၂ ၁၀၀ ၀၀၀/
အဝီစိတွင်းတူခ = ၁ ၀၀၀ ၀၀၀/
ရေစဉ် = ၁ ၀၀၀ ၀၀၀/
ရေစက် အင်ဂျင် = ၄၀၀ ၀၀၀/
ရေပိုက် အရေအတွက်ပေါ်မူတည် = ?
မြက်ဖြတ်စက် = ၁၂၅ ၀၀၀/

ဖော်ပြပါ ကုန်ကျစရိတ်တွေက တစ်ခါပဲ ကုန်ရမှာပါ။ ကုန်ကျစရိတ်က ဒါလောက်ပဲ တွက်လို့မရပါဘူး။ သံပုရာခြံက ပိုက်ဆံပြန်ရဖို့ ၁နှစ် ခွဲ လောက် အချိန်ယူရပါတယ်။

လစဉ်ကုန်ကျစရိတ်မှာ ဆီဖိုး၊ အလုပ်သမားခ၊ အထွေထွေ စရိတ်၊ လ စဉ် ၁၅၀ ၀၀၀/ လောက် ကုန်ပါတယ်။ ၁၅၀ ၀၀၀ x ၁၈ လ = ၂ ၇၀၀ ၀၀၀/ ကြိုတင်တွက်ထားပါ။ ၁ နှစ် ခွဲ အထိ ဘာဝင်ငွေမှ မရှိပါဘူး။ သံပုရာပျိုးပင် ဝယ်ပြီး စိုက်လိုက်ရင် ပြီးပြီလို့တော့ မထင်စေချင်ပါ။

အရင်းအနှီး များလှကြီးလား ဆိုရင်တော့ မများအောင် ချုံ့နိုင်ပါတယ်။ ကိုယ့်အတွက် မလိုအပ်တဲ့ အပိုင်းကိုဖြုတ်ပါ။ ကိုယ်တိုင် လုပ်နိုင်ရင် အလုပ်သမားခ မကုန်ပါ။

လိုအပ်သလောက် သုံးပါ။ အဆင်ပြေနိုင်မလားဆိုရင် အဆင်ပြေနိုင်ပါတယ်။ စိုက်သင့် သလားမေးလာရင် စိုက်သင့်ပါတယ်။

ရေရှည်အတွက် ကောင်းပါတယ်။ အထက် ဖော်ပြပါ အကြောင်းအရာများသည် ထည့်သွင်း စဉ်းစားရန် ဖော်ပြခြင်းသာ ဖြစ်ပါသည်။ အတိအကျ လုပ်ရမည်ဟု မဆိုလိုပါ။ မိမိမှာ ရှိသော ငွေ အားလုံးကို စိုက်ပျိုးပြစ်လိုက်ရင် နောက်ထပ်လိုအပ်လာသော အသုံးစရိတ်များ အတွက် အခက်အခဲများ ဖြစ်ပေါ်လာတတ်ပါသည်။

နောက်လိုက်ငွေကြေးပြည့်စုံလျှင် ပူစရာမလို ပါ။ နှစ်ရှည်ခြံတွေမှာ ခါးပြတ်တယ်ဆိုတဲ့ စကားကို ခဏခဏ သုံးကြပါတယ်။

ထိုသို့ မဖြစ်စေလို သောကြောင့် စုစည်း တင်ပြခြင်းဖြစ်ပါသည် ။ (လို့အပ်ချက်များရှိပါက မည်သူမဆို ဖြည့်စွက် အကြံပြုနိုင်ပါသည်)

Credit.
သန့်ဇော်
ရွှန်းမြစိမ်း သံပုရာခြံ

💖မေတ္တာသည်သာ အောင်နိုင်ရာ၏။သင်ရဲ့ဘဝပျော်ရွှင်ရအောင်မေတ္တာကိုဆောင်ပြိုရိုင်မလဲချစ်ခြင်းမြဲမည်အမြဲထာဝရပျော်ရွှင်ရအောင်မေတ္...
02/01/2024

💖မေတ္တာသည်သာ အောင်နိုင်ရာ၏။

သင်ရဲ့ဘဝ
ပျော်ရွှင်ရအောင်
မေတ္တာကိုဆောင်
ပြိုရိုင်မလဲ
ချစ်ခြင်းမြဲမည်
အမြဲထာဝရ
ပျော်ရွှင်ရအောင်
မေတ္တာကိုသာမျှဝေပါ။
💖💖💖💖💖💖

2023. နှစ်ကုန်ခါနီးပြီ.. ဒီနှစ်ဘာတွေလုပ်ပြီးပြီလဲ ပြန်ဆန်းစစ်ကြည့်လိုက်တော့...မြေကွက်၂ကွက် ဝယ်နိုင်ခဲ့တယ် ..😛ကိုယ့်နာမည်...
28/12/2023

2023. နှစ်ကုန်ခါနီးပြီ..
ဒီနှစ်ဘာတွေလုပ်ပြီးပြီလဲ
ပြန်ဆန်းစစ်ကြည့်လိုက်တော့...

မြေကွက်၂ကွက် ဝယ်နိုင်ခဲ့တယ် ..😛

ကိုယ့်နာမည်နဲ့လုပ်ထားတဲ့
လုပ်ငန်းကလည်း အရမ်းအဆင်ပြေတယ်။

တစ်လကို အနည်းဆုံး သိန်း ၅၀
မကဘူး ရခဲ့တယ်။

အရောင်းဝယ်ကလည်း
ထင်တာထက် အလုပ်ဖြစ်တယ်။

စားချင်တာတွေလည်း
အကြိမ်ကြိမ် ရှယ်စားဖြစ်ခဲ့တယ်။

ဝယ်ထားတဲ့ မြေကွက်လေးကလည်း
၅ဆလောက် မြတ်ခဲ့တာတွေ ရှိခဲ့တော့
စီးနေတဲ့ကားစုတ်လေးကို
ကောင်းတဲ့မြင့်တဲ့အသစ်နဲ့ လဲနိုင်ခဲ့တယ်။

လက်ရှိလုပ်နေတဲ့လုပ်ငန်းကလဲ
ပိုပြီးအဆင်ပြေလာတယ်...

အလုပ်ကိုလည်း
ပိုမို ကောင်းမွန်အောင် လုပ်နိုင်ခဲ့တယ်။

ဘဏ်မှာလည်း ငွေ သိန်း ၁၅၀၀ကျော်
ထည့်နိုင်ခဲ့တယ် ။

ခုဆို ပိုင်ဆိုင်သမျှတွေက
မိသားစုနဲ့ အေးအေးဆေးဆေး
နေလို့ ရပြီ ။

ဒီနှစ်ထဲ စပ်တူရှယ်ယာ လုပ်ထားတာကလည်း
ပျမ်းမျှတစ်လ သိန်းဆယ်ကျော်မက
ရအုံးမှာဆိုတော့ အေးဆေးဖြစ်နေပါပြီ ။

နှစ်သစ်မှာ သွားချင်တဲ့ ခရီးတွေ ထွက်မယ် ...
စားချင်တာတွေ စားမယ်...
ဝယ်ချင်သမျှ အကုန်ဝယ်မယ်...
😊😁🙂

😄😄😄
အထင်မကြီးနဲ့
အဲတာ ကျတော် မဟုတ်ဘူး...
စိတ်ကူးယဉ်တာ....

😊😆😭
မိတ်ဆွေ ကျတော့်အပေါ် သဘောထားလေး
စီစစ်လို့ ရအောင်လို့ပါ.....

တကယ်ကတော့ 😭😭😭

စာဖတ်ရင်း ဝမ်းသာ
အားကျ နေရင်တော့ သင်ဟာ
ကျတော့်အပေါ် မုဒိတာစိတ်ရှိလို့ပါ 🤗

စာဖတ်ရင်း တစုံတစ်ရာစိတ် ဖြစ်နေရင်တော့

သင်ဟာ ကျတော့်အပေါ် တစုံတစ်ရာ
မူမမှန်စိတ် ရှိလို့ပါ 🙄

စာဖတ်ရင်း ရီချင်နေရင်တော့
သင်ဟာ ကျတော့်အကြောင်း
ကောင်းကောင်းသိသူပါ 😃

ဖတ်နေရင်း
ကိုယ်တိုင်ထပ်တူပျော်နေရင်တော့
သင်ဟာ စိတ်ကောင်းရှိသူပါ....😊😊😊
အသက်ရှည်ဆေးပါ...

copy ယူပြီး ကိုယ့်ဖေ့ဘုတ်ပေါ်တင်ကြည့်။

ဘယ်သူတွေက ကိုယ့်ကို
မုဒိတာပွားနိုင်လဲ သိရတာပေါ့ 😂😂😂

Credit:.....😁😁😁

သေခန်းပြတ်--------ဆရာတင်ညွန့်ရေးသည်။🙏🙏🙏🙏🙏🙏🙏🙏🙏ဒီနေ့ အသုဘ ပို့ သွားခဲ့ပါတယ်။ သေသူက ကိုယ့် ထက်တော့အများကြီးငယ်ပါတယ်။  ၄၀ တေ...
15/12/2023

သေခန်းပြတ်
--------
ဆရာတင်ညွန့်ရေးသည်။
🙏🙏🙏🙏🙏🙏🙏🙏🙏

ဒီနေ့ အသုဘ ပို့ သွားခဲ့ပါတယ်။
သေသူက ကိုယ့် ထက်တော့အများကြီးငယ်ပါတယ်။
၄၀ တောင် မပြည့်သေးဘူး။
'သေမင်း' ဆိုတာက ....’အသက်' မရွေးပါဘူး ...။

'အသုဘပို့တယ်' ဆိုပေမယ့်...
'ကာယကံရှင်'တွေကို မျက်နှာပြပြီး
ခုံလေးတစ်ခုံမှာ အေးအေးဆေးဆေးထိုင်နေရတာပါ။

'တရား'တွေ ....နာကြ၊ ငိုကြ ၊ အော်ကြ …။
စိတ်မချမ်းသာစရာတော့ ကောင်းလှသပေါ့....!။
ကိုယ်လည်း ...တစ်နေ့ ...
ဒီလိုလှည်းလေးနဲ့ အအေးခန်းထဲက
ထုတ်တာကို ခံလာရမယ့်ဘဝ ရောက်ဦးမှာပါပဲ။
မီးရှို့စက်ထဲကို ရောက်သွားပြီးတော့
ခေါင်းတိုင်က မီးခိုးတွေ ထွက်လာရင်
နှစ်ပေါင်းများစွာ ဖြစ်တည်ခဲ့တာတွေ
ကြိုးစား အားထုတ်ခဲ့တာတွေ
'ချစ်တာ'တွေ … ‘မုန်းတာ'တွေ အားလုံး
ဘာမှ မဟုတ်တော့ပါဘူး။

'ကြေးစည်သံ'တွေ ကြားတယ်။
‘အမျှဝေသံ'တွေ ကြားရတယ်။
'ငိုသံ'တွေ မဆုံးသေးဘူး... ။

'လူ'တွေက ...ဝုန်းဝုန်းနဲ့ အခန်းထဲက ပြေးထွက်လာပြီး
ကားတွေပေါ် အလုအယက်တက်ကြတယ်။
'သုသာန်'မှာလည်း ..'သေသူ' က
နောက်ဆုံး....' ပြာ' ဖြစ်တော့မယ်...။

'ရှင်သူ' တွေ က ကားပေါ်မှာ ...။
"နေရာတစ်နေရာ"အတွက် ‘သောက'တွေ ရောက်နေကြတယ်... !!! ။

"နေရာ" ....!!!'အိမ်'မှာ၊'ရုံး'မှာ၊ 'ကျောင်း'မှာ၊'ဌာန'မှာ ၊
‘လွှတ်တော်'မှာ “နေရာ" ရဖို့ 'သောက' တွေ ရောက်နေကြတယ် ! ။
"လောဘ ဒေါသ မောဟ" တွေ
မချုပ်ငြိမ်းသေးသမျှတော့..."နေရာ" အတွက် ...'သောက' တွေဖြစ်နေကြဦးမယ်ထင်ပါရဲ့ !!!

'သခင်' ပဲဖြစ်ခဲ့သည် ဆိုစေ …
'ဘုရင်' ပဲဖြစ်ခဲ့သည် ဆိုစေ …
'သမ္မတ' ပဲ ဖြစ်ခဲ့သည် ဆိုစေ ....
'ဝန်ကြီးချုပ်'ပဲ ဖြစ်ခဲ့သည် ဆိုစေ..
'လွှတ်တော်အမတ်' ပဲ ဖြစ်ခဲ့သည် ဆိုစေ ...
'စစ်သား' ပဲ ဖြစ်ခဲ့သည် ဆိုစေ ..
'ကျွန်' ပဲ ဖြစ်ခဲ့သည် ဆိုစေ ...
နောက်ဆုံးတော့ .....
ဇရပ်ထဲက ရေခဲတိုက်ထဲမှာ ခိုနားဖို့ “နေရာ”
လာတောင်းကြရပါတယ်။

အဲဒီ "နေရာ" ဆိုတာရက်အများကြီး မရပါဘူး။
ဘယ်သူမှ ဖက်တွယ်မထားချင်တော့တဲ့....။
အလောင်းကြီးကို နောက်ဆုံးတော့
ဇရပ်ထဲက အအေးခန်းထဲကို လာထည့်ပြီး
ပထမတစ်ဆင့် သေခန်းဖြတ် လိုက်ကြပါတယ်။

သတ်မှတ်ရက်ကိုရောက်တော့ကားတွေနဲ့ လာကြတယ်။
တွေ့ကြ၊ဆုံကြ ၊နှုတ်ဆက်ကြ ပြုံးကြ။

အဲဒီအချိန်မှာ .....
တစ်ချိန်က အားလုံးနဲ့ တစ်နည်းမဟုတ်
တစ်နည်း ပတ်သက်ခဲ့သူဟာ
လူတွေကြားက လှည်းလေးပေါ်မှာ
ငြိမ်သက်စွာ လှဲပေးနေရပါတယ်။

'တရား'တွေ ....နာကြတယ်။
'အမျှ'တွေ ...ဝေကြတယ်။
'သာဓု'တွေ.... ခေါ်ကြတယ်။

လှည်းလေးပေါ်မှာ တစ်ချိန် က “ငါ” ဆိုတာ
“ဘာမှမဟုတ်တော့ပါလား” !!
"လူ"တွေက... ကားတွေပေါ်ပြေးတက်နေတယ်။
‘အော်ငိုသံ'တွေ တိတ်ကုန်တယ်။

မီးသင်္ဂြိုဟ်တဲ့စက်ခန်းရဲ့ တံခါး က ဝုန်းဆို
ပိတ်သွားတယ်။

“ဟေ့ …
" ငါ တို့ ကား" ရော....”
“ငါ့ နေ ရာ လေ … !!!
အဲဒါ .... ငါ့ နေ ရာ...!! ”

မီးရှို့စက်ခေါင်းတိုင်ပေါ်မှာ
မီးခိုးမည်းတွေတက်လာတယ်။
ဒါပါပဲ... !!!"ဘဝ"ဆိုတာ ....။

နောက်ဆုံးတော့.... လောင်ကျွမ်းသွားပြီး
အပေါ်ကို လွင့်ပျံတက်လာတဲ့ပြာလေးတစ်မှုန်ပါပဲ ! ။

အများကြီးတည်ဆောက်ခဲ့ရတဲ့ 'ဘဝ'ဆိုတာ
နောက်ဆုံးမှာ နာရီဝက်တောင် မကြာလိုက်ပါဘူး! ။
'သုသာန်'ဆိုတာလည်း
‘သေသူ' ကို ‘ရှင်သူ' က နောက်ဆုံး သေခန်းဖြတ်ခဲ့
ရတဲ့နေရာပါပဲ ။

#ဆရာတင်ညွန့်

13/12/2023

Religion | Rare | U Aung Mon (Myat Su Mon) - MMBookshelf

◾စက်မှုဂရန် လျှောက်ချင်ပါတယ် ဘယ်ကနေစတင်လုပ်ဆောင်ရမှာလဲ ❓❓◾လုပ်ငန်းစဉ်တွေကဘာလဲ သိချင်ပါတယ်။ ❓◾ပုဂ္ဂလိကမြေငှားဂရန် / စက်မှ...
13/12/2023

◾စက်မှုဂရန် လျှောက်ချင်ပါတယ် ဘယ်ကနေစတင်လုပ်ဆောင်ရမှာလဲ ❓❓

◾လုပ်ငန်းစဉ်တွေကဘာလဲ သိချင်ပါတယ်။ ❓

◾ပုဂ္ဂလိကမြေငှားဂရန် / စက်မှုမြေငှားဂရန်ရယူလိုသူမှ ဆောင်ရွက်ရမည့်အချက်များ 👇

◾ဂရန်၊ အငှားဂရန်၊ စက်မှုမြေငှားဂရန်နှင့် လိုင်စင်လျှောက်ထားရာတွင် အောက်ဖော်ပြပါ အချက်အလက်များဖော်ပြပါရှိရမည်ဖြစ်ပြီး သက်ဆိုင်ရာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လိပ်မူလျှောက်ထားရမည်ဖြစ်ပါသည်-

(က) လျှောက်ထားသူအမည်၊ အမျိုးသားမှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာနှင့် အလုပ်အကိုင်၊

(ခ) လျှောက်ထားသော မြေတည်ရှိရာ ရပ်ကွက်၊ ဦးပိုင်အမှတ်၊ မြေကွက်အမှတ်၊ လမ်း သို့မဟုတ် နယ်မြေဒေသ၊

(ဂ) လျှောက်ထားမြေ၏ အလား(၄)ရပ်(အရှေ့၊ အနောက်၊ တောင်၊ မြောက်အရပ်ရှိ မြေများ)၊

(ဃ) လျှောက်ထားသောမြေပေါ်တွင် ဆောက်လုပ်မည့်အဆောက်အအုံ၏ အရွယ်အစားနှင့် ဆောက် လုပ်မည့် ပစ္စည်းအမျိုးအမည်များ၊ (ဥပမာ - တိုက်အိမ်၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ သစ်တိုင်အိမ်)

(င) လျှောက်ထားသောမြေကို မည်ကဲ့သို့အသုံးချရန် ရည်ရွယ်ချက်၊ (ဥပမာ- အဆောက်အအုံ ဆောက်လုပ်ရန်၊ လူနေထိုင်ရန် သို့မဟုတ် စက်မှုလက်မှုလုပ်ငန်းလုပ်ကိုင်ရန်)

(စ) လျှောက်ထားသောမြေ၏ နယ်နိမိတ် သတ်မှတ်တိုင်းတာထားခြင်း ရှိ/မရှိ၊ (အောက် မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများနည်းဥပဒေ-၁၁၊ အထက်မြန်မာနိုင်ငံမြေနှင့် အခွန်နည်းဥပဒေ - ၆၂)

(ဆ) လျှောက်လွှာနှင့်အတူ လျှောက်ထားသောမြေ၏ မြေပုံ(၂)ပုံ၊ မြေပုံတွင် လျှောက်ထား သောမြေ၏ အကျယ်အဝန်း အလား(၄)ရပ်နှင့် မြေအမျိုးအစား သို့မဟုတ် ပိုင်ဆိုင်ခွင့်ဖော်ပြရန်၊ ထိုမြေပုံ (၂)ပုံအနက် (၁)ပုံမှာသက်သေခံနိုင်ရန်အတွက် သတ်မှတ် ရုံးခွန်တံဆိပ် ခေါင်းကပ်ပြီး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှူးက လက်မှတ်ရေးထိုးထားသည့် ပုံစံ (၁၀၅) မြေပုံ(၂)ပုံဖြစ်ရမည်၊

(ဇ) လျှောက်ထားသည့်မြေ၏ ရာဇဝင်မြေစာရင်းပုံစံ(၁၀၆) (လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရှိ ၁-က မှတ်ပုံတင်စာရင်းစာအုပ်မှ ကောက်နုတ်ချက်မိတ္တူမှန် တစ် စောင်)၊

(ဈ) လျှောက်ထားမြေပေါ်တွင် ဆောက်လုပ်မည့် အဆောက်အအုံပုံစံ (၂)ပုံ/ ပုံစံမှာ ရှေ့မြင် Front Elevation နှင့် ဘေးမြင် Side Elevation ဖြစ်ရမည်၊

(ည) ဂရန်အသစ်လျှောက်ထားခြင်းဖြစ်ပါက မြေကွက်ရရှိကြောင်း မြေပေးမိန့်ပါရှိရမည်၊

(ဋ) ဂရန်၊ အငှားဂရန်၊ စက်မှုမြေငှားဂရန်နှင့် လိုင်စင်လျှောက်လွှာပေါ်တွင် ရုံးခွန် တံဆိပ် ခေါင်းကပ်ထားပါရှိရမည်၊

(ဌ) လျှောက်ထားမြေသည် လယ်ယာစိုက်ပျိုးမြေဖြစ်ပါက လယ်ယာမြေအား အခြားနည်း အသုံးပြုရန် ခွင့်ပြုမိန့်(လ/ န - ၃၉၊ လယ - ၃၀ - က)၊ လယ - ၃၀ - ခ)၊

(ဍ) မြေငှားဂရန်သက်တမ်းတိုး/အသစ်လဲလျှောက်ထားခြင်း ဖြစ်ပါက မူရင်းမြေငှားဂရန် စာချုပ်ပူးတွဲပါရှိရမည်၊

(ဎ) မြေငှားဂရန်အမည်ပြောင်းလျှောက်ထားခြင်းဖြစ်ပါက မူရင်းမြေငှားဂရန်စာချုပ်ပါရှိ ရမည့်အပြင် မူလပိုင်ရှင်ထံမှ လျှောက်ထားသူသို့ မြေလွှဲပြောင်းပေးခဲ့သည့် တရားဝင် အထောက်အထားစာချုပ်စာတမ်းများပါရှိရ မည်။ (အရောင်းအဝယ်ပြုလုပ်ရယူခဲ့ ပါကတရားဝင်မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ပါရှိရမည်။)

◾ပုဂ္ဂလိကဂရန်/စက်မှုမြေငှားဂရန်အတွက် ဌာနမှဆောင်ရွက်ပေး ရမည့် လုပ်ငန်းစဉ်များ

ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးသည် လျှောက်ထားလာသော လျှောက်လွှာကို သတ်မှတ်ထားသည့် အချက်အလက်များ ပြည့်စုံမှု ရှိ/ မရှိ စိစစ်ပြီး ပြည့်စုံမှုရှိပါက အမှုတွဲမှတ်ပုံစာရင်းစာအုပ်တွင် မှတ်တမ်းတင်စေရန်နှင့် အမှုတွဲဖွင့်လှစ်မည် ဖြစ်ပါသည်။ အချက်အလက်များ မပြည့်စုံပါက လျှောက်ထားခြင်းကို ပယ်နိုင်ပါသည်။ (အောက်မြန်မာပြည် မြို့နှင့် ကျေးရွာမြေများ နည်းဥပဒေ - ၁၅)

အမှုတွဲဖွင့်လှစ်ပြီးပါက အမှုတွဲတွင်ပါရှိသော လျှောက်ထားသူတင်ပြသည့်အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ/ မရှိကို စိစစ်တင်ပြရန် မြို့နယ်အုပ်ချုပ်ရေးမှူး (လက်ထောက်ကော်လိတ္တော် အရာရှိ)ထံ ပေးပို့ရမည်ဖြစ်ပါသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးသည် လျှောက်ထားမြေနှင့်ပတ်သက်၍ အောက်ဖော်ပြပါ အချက် အလက်များကို စိစစ်တင်ပြရန် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသို့ အမှုတွဲပေးပို့ရမည်-

(က) လျှောက်ထားမြေရာဇဝင်၊ (၁ - က စာရင်းအရ)

(ခ) လျှောက်ထားမြေသည် နိုင်ငံတော်အစိုးရက ချထားပိုင်ခွင့်ရှိသောမြေ ဟုတ်/ မဟုတ်၊

(ဂ) လျှောက်ထားမြေကို နိုင်ငံတော်အစိုးရကအသုံးပြုရန် သတ်မှတ်လျာထားခြင်း ရှိ/ မရှိ၊

(ဃ) လျှောက်ထားမြေပေါ်တွင် ကျူးကျော်နေထိုင်သူများ ရှိ/ မရှိ၊

(င) လျှောက်ထားမြေကို ဂရန်၊ အငှားဂရန်၊ လိုင်စင်စသည့်များ ထုတ်ပေးခဲ့ခြင်း ရှိ/ မရှိ၊ အကယ်၍ ရှိခဲ့လျှင် အမှုတွဲနံပါတ်နှင့် ခုနှစ်ကို ဖော်ပြရန်ဖြစ်ပါသည်၊

(စ) လျှောက်ထားမြေကို လျှောက်ထားသူအပြင် အခြားသူများက မြေပုံကူးယူခြင်း၊ လျှောက်ထားခြင်းများ ရှိ/ မရှိ၊

(ဆ) လျှောက်ထားမြေပေါ်တွင် အဆောက်အအုံများ ဆောက်လုပ်ထားခြင်း ရှိ/ မရှိ၊

(ဇ) လျှောက်ထားမြေနှင့် အလားတူမြေပေါ်တွင် မြေငှားခ၏ ရ၅ % ကျသင့်ငွေကို ဖော်ပြရန်၊

(ဈ) လျှောက်ထားမြေနှင့် အလားတူမြေပေါ်တွင် ရောင်းဈေး၏ ၆ % ကျသင့်ငွေကို ဖော်ပြရန်ဖြစ်ပါသည်၊ (စက်မှုမြေငှားဂရန်အတွက် ရောင်းဈေး၏ ၁၂ % ကျသင့် ငွေကို ဖော်ပြရန်)

(ည) လျှောက်ထားမြေအတွက် စည်းကြပ်ရန် မြေငှားခသင့်ငွေကို တွက်ချက်ဖော်ပြပေးရန် ဖြစ်ပါသည်။

လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ အထက်အပိုဒ်ပါ အချက်အလက်များ အပေါ် စိစစ်ပြန်ကြားလာသည့် မြေရာဇဝင်အရ နိုင်ငံတော်အစိုးရက ချထားပေးပိုင်ခွင့်ရှိသော မြေဖြစ်လျှင် ဂရန်၊ လိုင်စင်ချထားပေးခြင်းကို ကန့်ကွက်ရန် ရှိ/ မရှိ၊ ကန့်ကွက်လိုသူရှိက (၁၅)ရက် အတွင်း ကန့်ကွက်နိုင်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ကြော်ငြာရပါမည်။

သတ်မှတ်ရက်အတွင်း ကန့်ကွက်လွှာများရရှိပါက စုံစမ်းစစ်ဆေးပြီး အကြောင်းပြချက် ခိုင်လုံလျှင် လျှောက်ထားချက်ကို ပယ်ခွင့်ရှိသည်။ ကန့်ကွက်ချက်သည် ခိုင်လုံမှုမရှိလျှင်သော် လည်းကောင်း၊ သတ်မှတ်ရက်ကုန်ဆုံးလျှင်သော်လည်းကောင်း မြေငှားဂရန်ထုတ်ပေးခွင့်ပြုနိုင်ရေး အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးသည် ယင်းမြေ နေရာသို့ သက်ဆိုင်ရာမြေတိုင်းစာရေးနှင့်အတူ�ကိုယ်တိုင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ပြန်လည် ပေးပို့ရမည်။

ခရိုင်အုပ်ချုပ်ရေးမှူးသည် ဂရန်လျှောက်ထားမြေ (၁)ဧကအောက်ဖြစ်ပါက အမှုတွဲကို စိစစ်၍ မြေငှားဂရန်ထုတ်ပေးနိုင်ပါသည်။ (အထက်မြန်မာပြည် မြေနှင့်အခွန်နည်းဥပဒေ - ၅၁(ခ) နှင့် အောက်မြန်မာပြည်မြို့နှင့် ကျေးရွာမြေများ နည်းဥပဒေ - ၉)

လျှောက်ထားမြေသည် မြေဧရိယာ(၁)ဧကအထက်မှ (၅)ဧကအထိဖြစ်ပါက တိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ်ရေးမှူးထံ အမှုတွဲတင်ပြ၍ တိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ဖြင့် ခရိုင်အုပ်ချုပ်ရေးမှူး(ကော်လိတ္တော်အရာရှိ)မှ မြေငှားဂရန်ထုတ်ပေးနိုင်ပါသည်။

မြေဧရိယာ(၅)ဧကအထက် လျှောက်ထားလာပါက တိုင်းဒေသကြီး/ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)သို့ ဆက်လက်တင်ပြ၍ ညွှန်ကြားရေးမှူးချုပ်မှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနသို့ တင်ပြ၍ ခွင့်ပြုချက်ရယူရပါမည်။

ပြည်ထောင်စုဝန်ကြီး၏ ခွင့်ပြုချက်ရရှိပါက အထက်မြန်မာနိုင်ငံမြေနှင့် အခွန်နည်းဥပဒေ - ၅၁၊ ခ(ဂ)အရ အောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာမြေများ နည်းဥပဒေ - ၉(ဂ)အရ နှစ်ရှည် မြေငှားဂရန်ပေးရန် သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူး (ကော်လိတ္တော်အရာရှိ)အား လုပ်ပိုင်ခွင့် အပ်နှင်းရန် ဖြစ်ပါသည်။
CRD_ORIGINAL UP LOADER

Home Chancellor Co.,Ltd. ရဲ့ပင်တိုင်မင်းသမီးလေး ကြော်ငြာဝင်ရင် ကြည့်ပေးဦးနော်ချစ်တို့ရေ💖💖💖💖💖💖💖💖💖 သူလေးက ချစ်တို့ရဲ အသဲလ...
12/12/2023

Home Chancellor Co.,Ltd.
ရဲ့ပင်တိုင်မင်းသမီးလေး ကြော်ငြာဝင်ရင် ကြည့်ပေးဦးနော်ချစ်တို့ရေ💖💖💖💖💖💖💖💖💖

သူလေးက ချစ်တို့ရဲ အသဲလေးပေးတာ မျှော်နေတယ်နော်..💝💝💝💝💝💝💝💝💝💝💝💝💝💝😘

003

ကိုဒေက ကြိုသိထားတာ..ကြိုသိတော့ ကြိုပြင်ထားတာပေါ့..🥰🥰🥰🥰🥰ဆီမလိုဘူး လှော်တက်နဲ့ ရွက်နဲ့လုပ်နေပြီဘဲဥလဲ ကြောက်စရာမလိုဘူး🏄‍♀️🏄...
08/12/2023

ကိုဒေက ကြိုသိထားတာ..

ကြိုသိတော့ ကြိုပြင်ထားတာပေါ့..🥰🥰🥰🥰🥰

ဆီမလိုဘူး လှော်တက်နဲ့ ရွက်နဲ့လုပ်နေပြီ
ဘဲဥလဲ ကြောက်စရာမလိုဘူး
🏄‍♀️🏄‍♀️🏄‍♀️🏄‍♀️🏄‍♀️🏄‍♂️🏄‍♂️

အလောင်းစည်သူမင်းထုံး
နှလုံးမူပြီး🤣🤣🤣🤣

ရေကြောင်းမှာ လှေလောင်းနဲ့ပေါ့..

ဆေးသုတ်ပြင်ဆင်ပြီးပြီချစ်တို့ရေ
ငွေဆောင်ရောက်ရင်
လှေငှါးခဖရီး
အကြိုက်လှော်
သွားခြင်ရာသွား
ဂိတ်မရှိ ရဲမစစ်
Free done ဘဲနော်...

အလင်းတစ်စက်🤣🤣🤣🤣သား/သမီးတွေဆိုတာသံသရာဘဝတစ်ခုမှာကိုယ်တွေရဲ့မိဘများဖြစ်ခဲ့ကြလို့ယခုဘဝမှာ ပြန်ပြီးကျေးဇူးဆပ်နေရတာပါမြတ်ဗုဒ္ဓ...
08/12/2023

အလင်းတစ်စက်
🤣🤣🤣🤣
သား/သမီးတွေဆိုတာ
သံသရာဘဝတစ်ခုမှာ
ကိုယ်တွေရဲ့မိဘများဖြစ်ခဲ့ကြလို့
ယခုဘဝမှာ ပြန်ပြီးကျေးဇူးဆပ်နေရတာပါ

မြတ်ဗုဒ္ဓကဟောထားတယ်
သံသရာမှာ ဆွေမျိုးမတော်ဆပ်ဘူးသူမရှိဘူးတဲ့..

သေချာစွာ ပြုစုလုပ်ကျွေးကြကုန်လော့...

(စကားမဆပ် ။ နင်နဲ့ငါနဲ့ ဘာတော်လဲ ????)

🤣🤣🤣🤣☺️☺️🤣🤣🤣

Address

Yangon

Telephone

+9595137353

Website

Alerts

Be the first to know and let us send you an email when Home Chancellor Co.,Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Home Chancellor Co.,Ltd.:

Share