14/06/2022
YANGON, MYANMAR
Firm | KAA Architects
Type | Commercial ¶ Restaurant
Status | Conceptual
Year | 2020
Size | 15,000 ~ 18,000 Sqft
🫧ပြီးခဲ့ တဲ့ KAA Architects ရဲ့အနုပညာ လက်ရာ များထဲက ထူးခြားတဲ့ လက်ရာ တစ်ခု ကတော့ ရန်ကုန်မြို့ ရဲ့ အထင်ကရ နေရာတစ်ခု ဖြစ်တဲ့ အမှတ် (၆) ကမ္ဘောဇလမ်းl ဗဟန်းမြို့နယ် l ရန်ကုန်မြို့ မှာ တည်ရှိသောအကျယ်အဝန်း အားဖြင့် (၂၅၀၀၀) စတုရန်းပေခန့်ရှိသောမြေကွက်ပေါ် ရှေးဟောင်းလူနေအဆောက်အဦးဝင်း(Classical Residence) ကို မူလလက်ရာမပျက်အောင် ထိန်းသိမ်း စောင့်ရှောက်လျက် အခြားသော ထပ်တိုး အဆောက်အဦးများ ကို Functional Requirements နှင့် အညီ ထပ်မံ ဖြည့်စွက် လျက် Renovation Design ဖြစ်သော White Cottage Restaurant အား ဖော်ပြလိုက်ပါတယ် 🫧
Design Style & Concept 🫧
ရန်ကုန်မြို့သည် မုတ်သုံ ရာသီဥတု ဒေသ အတွင်း တွင်ရှိနေပါသော ကြောင့် ဒေသနှင့် လိုက်လျောညီထွေ ရှိစေရန် Original Classical Architecture Style မှ Classical Tropical Architecture Style သို့ပြောင်းလဲဖန်တီးခဲ့ကြပါသည် ....မြို့ပြ ၏မွမ်းကျပ် မှုများမှ တခဏတာ လွပ်မြောက် စေရန် သဘာဝ နှင့်လိုက်လျော ညီထွေမှု ရှိစေရန် Urban Oasis အသွင် ဖန်တီး ခဲ့ကြပါသည် 🫧
💧Original Load Bearing Structure of the house
နှစ်ထပ်လူနေအိမ်အား ခေတ်မှီ စားသောက်ဆိုင် အဖြစ် ပြောင်းလဲ ဖွင့်လှစ်မည် ဖြစ်သော ကြောင့် အခန်းဖွဲ့စည်းမှု အချို့အား ပြုပြင် ပြောင်းလဲ ခဲ့ကြပါသည် ..... မူလ အမြင်အား အတတ်နိုင်ဆုံး ထိန်းသိမ်းနိုင်စေရန် ရည်ရွယ်ချက်ဖြင့် Spaces, Walls and Ceiling များကို မကွယ်ဝှက်ပဲ အတိတ် ပုံရိပ်များကို ဖော်ဆောင်နေစေခဲ့ကြပါသည် .... ပျက်စီးလုနီးပါး ဖြစ်နေသော စားသောက်ဆိုင် ပထမထပ်ရှိ အမိုးအောက် မျက်နှက်ကျက် များကိုမူ ဖယ်ရှားရန် ဆုံးဖြတ် ခဲ့ကြပြီး မူလ အမိုး Framing System ကို Structurally ခိုင်ခံ့မှုရှိစေရန် အတွက်သာအစားထိုး ပြုပြင်မွမ်းမံ ခဲ့ကြပြီး Ceiling Design အဖြစ် ဖန်တီးခဲ့ကြပါသည်🫧
💧 Attached Kitchen
မြေညီထပ်တွင် Restaurant တစ်ခုလုံးအား ထောက်ပံ့နိုင်သော အဆင့်မှီ Kitchen အား မူလ အဆောက်အဦး နှင့် တွဲဆက်ပြီး တိုးချဲ့ ဆောက်လုပ် အလှဆင်ခြင်း ... ယင်း Kitchen Area ၏ အပေါ်ထပ်ကို မူလ အဆောင်၏ အပေါထပ်မှ Attached Open Terrace အဖြစ် ထားရှိပြီး Outdoor Seating Area အဖြစ် ထားရှိ ဖန်တီးခဲ့ကြပါသည်🫧
💧Bar & Restaurant
ထူးခြားချက် မှာ မူလ ရှိနေသော သစ်ပင်အား အဆောက်အဦးအတွင်း ချန်ထားပြီး Foundation နှင့်တွဲဆက်ပြီး ခက်ခက်ခဲခဲ ဖန်တီးခဲ့ကြပါသည် .... မြေညီထပ်အား လမ်းမမှ သော်လည်းကောင်း ခြံဝင်းထဲ မှ ကြည့်လျင် သော်လည်းကောင်း အမြင့်ဆုံးနေရာ တွင်တည်ရှိ ခြင်းသည် ယင်း၏ ထူးခြားမှု တစ်ခုဖြစ်ပါသည်....Common Ground Tank အား ယင်းနှစ်ထပ်ဆောင်၏ Foundation နှင့် တွဲရန် ဆုံးဖြတ်ချက်အားလည်း အထောက်အကူ ဖြစ်စေ ခဲ့ပါသည် ... Facade Design သည် မူရင်း Classical အဆောက်အဦး အား (Harmony) လိုက်ဖက်မှုရှိသော အသွင်အပြင် နှင့် Tropical Modern Style တို့အား လိုက်ဖက်ညီစွာ ပေါင်းစပ်ခဲ့ကြပါသည်🫧
💧Public Toilets & Gym
Gym အားကစား လုပ်ဆောင်သူများ သည် Garden, Swimming Pool & Water Feature တို့ကို အပေါ်စီး မှနေပြီး ကြည့်ရှုခံစား နိုင်ကြပါသည် ... Changing Room & Public Toilets တို့အား အောက်ထပ် တွင် Natural Tiles နှင့် Wood တို့အားလိုက်ဖက်ညီစွာ အလှဆင်ထားရှိပါသည်🫧
💧Outdoor Area
သဘာဝ နှင့်အတူတကွ ယှဉ်တွဲ ခံစားနိုင်ရန်ရည်ရွယ်ချက် ဖြင့် မြင်ကွင်း အား ဆက်စပ်မှု အဖြစ် Water Feature အသွင် ရေကူးကန် နှင့် ရေတံခွန် တို့အား တစ်ပေါင်းတစည်း တည်း ဖြစ်စေရန် ဖန်တီးခဲ့ပါသည် ... နှစ်ထပ် အဆောက်အဦး သုံးခု အလယ်တွင် Focal Point အဖြစ် ရှိနေခဲ့ပါသည် ....Open Seating Area အား ရေကူးကန် နှင့် တဆက်စပ်တည်း ထိုင်နိုင်စေရန် မူလ နှစ်ထပ် အဆောင် နှင့် တွဲလျက် ဖန်တီးထားရှိခြင်း ....မူလအဆောက်အဦး ၏ အလှကို ပံ့ပိုး ကူညီ မှုပေးနိုင်သော မြေခင်းအလှစီမံ မှု တွင် Timber Gazebo သည် ဖြည့်စွက်မှု အစိတါအပိုင်း တစ်ခု ဖြစ်ပေသည်🫧
💧Pavement Materials တို့အား ရွေးချယ်ရာတွင် အဆောက်အဦး နှင့် သဘာဝ ကို ပေါင်းစပ် (Incorporate nature) ဖြစ်စေရန် ရည်ရွယ်ပြီးရွေးချယ်ခဲ့ကြပါသည်🫧
💧Approach
အဆောက်အဦး အား ချည်းကပ် လာရာတွင် Landscaping Plants & Green Small Mountain ကိုမြင်ရမည် ဖြစ်ပြီး သဘာဝ ဆန်သောလျှောက်လမ်း လေး မှ လာရောက်ရမည် ဖြစ်ပါသည် … Outdoor Seating Area အား လမ်းမှLevel အမြင့် မူရင်းအဆောက်အဦး နှင့် တူညီသော အမြင့်တွင် တွင် ဖန်တီး ထားရှိမှုသည် အမြင်အား ဖြင့်ပိုမို ဆွဲဆောင်မှုရှိစေ ပါသည် 🫧