Le nostre notizie

Le nostre notizie Online အပင်ဆိုင်

ကိုယ်တိုင် သဘာဝမြေဩဇာပြုလုပ်နည်း အကြောင်းပါပုံလေးတွေအောက်မှာအသေးစိတ်ပါပါတယ်အပင်ချစ်သူများအတွက် ပြန်လည်မျှဝေခြင်းပါရှင်
12/09/2021

ကိုယ်တိုင် သဘာဝမြေဩဇာပြုလုပ်နည်း အကြောင်းပါ

ပုံလေးတွေအောက်မှာအသေးစိတ်ပါပါတယ်

အပင်ချစ်သူများအတွက် ပြန်လည်မျှဝေခြင်းပါရှင်

ပိန်းပန်း စိုက်ပျိုးနည်း===============ပိန်းပန်းစိုက်ပျိုးနည်း မေးမြန်းထားသူများအတွက်ပါခင်ဗျာ။~ Anthurium- မြန်မာနိုင်ငံ...
05/09/2021

ပိန်းပန်း စိုက်ပျိုးနည်း
===============

ပိန်းပန်းစိုက်ပျိုးနည်း
မေးမြန်းထားသူများအတွက်ပါခင်ဗျာ။
~ Anthurium

- မြန်မာနိုင်ငံတွင်ပိန်းပန်းကို ဒေသမျိုး ၊
တရုတ် နဲ့ ယိုဒယားပိန်းပင်များ
အများဆုံးစိုက်ပျိုးကြပါတယ်ခင်ဗျာ ...

- ပိန်းပင်ဟာ တိုက်ရိုက်နေအလင်းရောင်ကို
လုံးဝမကြိုက်ပါဘူး ..အပင်ကြီးများအောက်
အိမ်တံဆက်မိတ်အောက် တို့တွင်သာ
ထားသင့်ပါတယ် ...

- ဒါမှမဟုတ် စိုက်ပျိုးရေးသုံး အစိမ်းစဇကာ
( ပိုက်စိမ်းစ ) အုပ်မိုးပြီးစိုက်ပျိုးရင်လဲ
အဆင်ပြေပါတယ်ခင်ဗျာ ...

- တိုက်ရိုက် အလင်းရောင်ထိတဲ့အပင်များဟာ အရွက်များဝါကျပြီး သေဆုံးတတ်ပါတယ် ... အရွက်ကြွေရာမှာ နှင်းကြောင့်လဲ ကြွေပါတယ် ...

- အထူးသဖြင့် မလေးရှားမျိုး နဂါးမောက်ပိန်း ( သို )ဇွန်းခွက်ပိန်းများဟာ နှင်းများတာနဲ့အမျှ အရွက်များကြွေကျကုန်ပါတယ် ...

- ဒါပေမယ့် အပင်ကတော့ သေဆုံးခြင်းမရှိပါ ... အရွက်များပြန်ထွက်ရန် အချိန်ယူရပါတယ်

- ပိန်းပင်များဟာပန်းပွင့်ရန်အတွက်
ရက်ပေါင်း ( ၄၀ / ၄၅ ) ရက်လောက်
အချိန်ယူရပါတယ် .အေးတဲ့ရာသီဥတုမှာ
အပွင့်သေးပြီး ရိုးတံတိုပါတယ် ....

- ရေကိုကြိုက်နှစ်သက်မှုမှာတော့
ဒေသမျိုးနဲ့ တရုတ် ၊ ယိုဒယား မျိုး
ပိန်းပင်များဟာ ကွဲပြားခြားနားပါတယ် ...

- ဒေသမျိုးဟာ ရေကိုနေ့စဉ်ဖြန်းပေးလို့
ရပါတယ် ..တရုတ် ၊ ယိုးဒယာမျိုးများကတော့ အောက်ခံမြေကြီး ၊ ပွားစာ ၊ ခြောက်ခါနီးမှ
တစ်ခါလောင်းရင် ရပါပြီ ...

- အဓိက ကတော့ ရေဆင်းကောင်းဖို့ဖြစ်ပါတယ် အပူချိန်အနေနဲ့ ( 60F နှင့် 90F ) ကြားဟာ အကောင်းဆုံးဖြစ်ပါတယ် ...

- ပိန်းပန်းကို မီးသွေးစ ၊ အုန်းဆံခွံ ၊ အုတ်ခဲကျိုး ၊ မြေကြီးအနဲငယ်နဲ့. အိုးများအတွင်းစိုက်ပျိုးနိုင်ပါတယ် ... မြေကြီးပေါ်မှာလဲ စိုက်ပျိုးနိုင်ပါတယ် ...

- မြေသြဇာအနေနဲ့ ( နိုက်ထရိုဂျင် ) ပါဝင်တဲ့ လက်ဖက်ခြောက်ဖတ်များ ၊ ကြက်ဥခွံများဟာ သဘာဝမြေသြဇာတွေပဲ ဖြစ်ပါတယ်ခင်ဗျာ .....

- ပိန်းပန်းစိုက်ပျိုးသူများ ( Group ) မှ
ထုတ်နုတ်တင်ပြပါသည် .....

Credit : တော်ဝင်ပန်း မြေယာရှုခင်း

ပြန်လည်ကူးယူမျှဝေခြင်းဖြစ်ပါသည်

04/09/2021

အိမ်တွင်းစိုက် အပင်တွေဟာ လေထုကို သန့်စင်ပေးပြီး
အောက်ဆီဂျင်ပြန်ထုတ်ပေးတဲ့အတွက် လူသားအကျိုးပြု ပေးကြပါတယ်။

“သင့်အိမ်တွင်းနဲ့ အိပ်ခန်းထဲမှာ ထားသင့်တဲ့
အပင်လေးတွေ”

"အိမ်တွင်းစိုက်ပျိုး၍ အကောင်းဆုံးအပင်များ"

တစ်ချို့ကတော့ အပင်လေးတွေကို အိမ်တွင်းအလှဆင်ရုံ
သက်သက်စိုက်ကြပါတယ်။ ဒါပေမဲ့ ဒီအပင်လေးတွေဟာ
အိမ်ခန်းများကို စိမ်းစိမ်းစိုစိုနဲ့ လှပရုံတင်မကဘူး
လေကိုပါသန့်စင်စေပါတယ်။
အပင်လေးတွေကိုဂရုစိုက်ရင်းနဲ့ စိတ်ဖိစီးမှုတွေကို
လျော့ကျစေနိုင်ပါတယ်။

၂၀၀၈ ခုနှစ်က ဒတ်ခ်ျသုတေသနသမားတွေရဲ့
လေ့လာချက်အရ အခန်းတွင်း အပင်ရှိတဲ့ ဆေးရုံက
လူနာတွေဟာ မရှိတဲ့လူနာတွေထက် စိတ်ဖိစီးမှု
လျော့နည်းကြောင်းတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။

ဒါကြောင့် အိမ်တွင်းစိုက်ပျိုးလို့ကောင်းတဲ့ ပန်းပင် အချို့ကို
တင်ပြလိုက်ပါတယ်။ လွယ်လွယ်ကူကူ စိုက်ပျိုးလို့ရပြီး
အောက်ဆီဂျင်ကိုမြင့်မားစေတဲ့ အပင်မျိုးတွေ ဖြစ်ပါတယ်။

ဒီထဲမှာပါတဲ့ တစ်ချို့အပင်တွေကို
နာဆာ သိပ္ပံပညာရှင်တွေက လေထုအသန့်စင်ဆုံး
အိမ်တွင်းစိုက်ပျိုးပင်တွေအဖြစ် သတ်မှတ်ထားပါတယ်။

"ရှားစောင်းလက်ပတ်"
============
- ရှားစောင်းရဲ့အနှစ်ဟာ ဆေးဖက်ဝင်တာကို အားလုံး
သိပြီးသားပါ။
- အခန်းတွင်း ဓာတုပစ္စည်းတွေကထွက်တဲ့
မသန့်ရှင်းတဲ့လေကို သူက ဖယ်ရှားပေးနိုင်ပါတယ်။
- အန္တရယ်ရှိတဲ့ ဓာတုပစ္စည်းထဲက လေတွေဟာ
အလွန်အကျွံဖြစ်လာပြီဆိုရင်တော့ သူရဲ့အရွက်တွေဟာ
အညိုကွက်ပျောက်လေးတွေ ဖြစ်လာပါတယ်။

"ရာဘာပင်"
======
- ရာဘာပင်ဟာ လေကိုသန့်စင်စေပါတယ်။
- စိုက်ပျိုးလို့ အလွယ်ဆုံးအပင်လည်း ဖြစ်ပါတယ်။
- အလင်းမှိန်မှိန်ထဲမှာတောင် ရှင်သန်ပါတယ်။
- အကြမ်းပတမ်းခံပြီး လေထဲက အဆိပ်အတောက်ကို
ဖယ်ရှားရာမှာ အားကောင်းပါတယ်။

"နဂါးစက်ဂမုန်း"
=========
- စိုက်ပျိုးဖို့ အလင်းရောင်များများ၊ ရေများများမလိုပါဘူး။
- အိမ်ထောင့် ဘယ်နားချထားထားပါ။
- ကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ပြီး ညဘက်မှာ
အောက်စီဂျင်ထုတ်ပေးတဲ့ အပင်ပါ။
- အိပ်ခန်းထဲ ထားသင့်တဲ့အပင်မျိုးပါ။

"English Ivy"
========
- လေထုသန့်စင်မှုအပေးဆုံး နံပါတ်တစ်အပင်အဖြစ်
နာဆာက သတ်မှတ်ထားပါတယ်။
- ဖော်မယ်ဒီဟိုက်ဓာတ်ငွေ့ကို စုပ်ယူရာမှာ
အထိရောက်ဆုံးဖြစ်ပါတယ်။
- ကြမ်းပြင်တွေ၊နံရံတွေမှာ တွယ်ကပ်ပေါက်တတ်တဲ့အပင်မျိုး
ဖြစ်ပါတယ်။
- အိမ်ရဲ့ဆင်ဝင်တို့၊ မျက်နှာစာတို့မှာ အလှဆင်
တတ်ကြပါတယ်။
- လွယ်လွယ်ကူကူပဲ ရှင်သန်ပါတယ်။

"ဝါးပင်"
====
- ဝါးပင်လေးတွေဟာ အိမ်တွင်းမှာ အလွန်ဆွဲဆောင်မှု
ရှိပါတယ်။
- လေသန့်စင်မှု 8.4 ရှိတဲ့ အပင်လေးတွေအဖြစ် နာဆာက
သတ်မှတ်ထားပါတယ်။
- benzene နဲ့ trichloroethylene လို ဓာတုပစ္စည်းတွေကို
ဆုပ်ယူပေးပါတယ်။
- ရေကောင်းကောင်းလောင်းဖို့လိုပြီး နေရိပ်ထဲမှာ
ထားရပါတယ်။ ဒါမှမဟုတ် နေကို တိုက်ရိုက်မရတဲ့ နေရာမှာ
ထားရပါတယ်။

"Golden Pothos"
==========
- ဖော်မယ်ဒီဟိုက်ကို ရှင်းလင်းပေးတဲ့
သူ့ရဲ့အရည်အသွေးကြောင့် နာဆာရဲ့ စာရင်းမှာ
ပါဝင်ပါတယ်။
- မီးဖိုချောင်တွေ၊ ဧည့်ခန်းတွေမှာ ချိတ်ဆွဲထားတတ်ကြတဲ့
အပင်မျိုးပါ။
- နေရောင်နည်းနည်းပဲလိုပြီး အေးတဲ့အပူချိန်မှာ
အလွယ်တကူ ရှင်သန်ပါတယ်။

(iMyanmarHouse Team မှ ဘာသာပြန်သည်။)

***

"အိပ်ခန်းထဲမှာထားသင့်တဲ့ အပင်လေးတွေ"

အိမ်တွင်းစိုက် အပင်တွေဟာ လေထုကို သန့်စင်ပေးပြီး
အောက်ဆီဂျင်ပြန်ထုတ်ပေးတဲ့အတွက် လူသားအကျိုးပြု
ပေးကြပါတယ်။

စိတ်ကို လန်းဆန်းပေါ့ပါးစေပြီး ကောင်းကောင်းအိပ်ပျော်စေဖို့
ကူညီပေးနိုင်တဲ့ အပင်လေးတွေရှိတာကြောင့်
သိထားဖို့ ဖော်ပြပေး လိုက်ပါတယ်။

"စံပယ်ပင်"
======
- စံပယ်ပန်းရနံ့သင်းသင်းလေးဟာ သဘာဝအိပ်ဆေးလေး
တစ်ခုပါတဲ့။
- ပန်းလေးတွေ ပွင့်နေတဲ့ စံပယ်ပင်လေးကို အိပ်ခန်းထဲ
ထားခြင်းဖြင့် စိတ်ဖိစီးမှုတွေကို သက်သာစေပြီး
- နိုးထလာတဲ့အခါမှာလည်း လန်းဆန်း တက်ကြွစေတယ်လို့
ဆိုပါတယ်။

"လာဗင်ဒါပင်"
=======
- ဆပ်ပြာတုံး၊ ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်နဲ့
ရေမွှေးအိတ်လေးတွေ အများဆုံးထုတ်လုပ်လေ့ရှိတဲ့
လာဗင်ဒါပင်ဟာ အိပ်မပျော်ရောဂါတွေနဲ့ စိုးရိမ်ကြောင့်ကြ၊
ပူပန်မှုတွေကို သက်သာစေတယ်လို့ ဆိုပါတယ်။

"ဇီဇဝါပင်"
=====
- ဇီဇဝါပန်းရဲ့ ရနံ့သင်းသင်းလေးက
စိတ်အေးချမ်းစေတာကြောင့် ဇီဇဝါပင်လေးတွေကို လည်း
အိပ်ခန်းထဲမှာထားပေးသင့်တယ်လို့ သိရပါတယ်။

"ရှားစောင်းလက်ပတ်ပင်"
==============
- ရောင်ရမ်းနာတွေ၊ အမာ ရွတ်နဲ့ အပူလောင်တာတွေကို
အ ကောင်းဆုံးကုသနိုင်တဲ့ သဘာဝ ဆေးပင်
ရှားစောင်းလက်ပတ်ဟာ
- လေထုထဲက မမြင်နိုင်တဲ့ ဓာတု ပစ္စည်းတွေကို
ဖယ်ရှားသန့်စင် ပေးတာကြောင့် အိပ်ခန်းတွေနဲ့
အိမ်အတွင်းပိုင်းမှာ ထားပေးသင့် ပါတယ်။
- အိမ်ထဲမှာ ဓာတုပစ္စည်းတွေ ဘယ်လောက်ပျံ့လွင်
့နေသလဲဆိုတာကို အပင်ပေါ်မှာ ပေါ်လာတဲ့အညိုရောင်
အစက်အ ပြောက်တွေကိုကြည့်ရင် သိနိုင်ပါ သတဲ့။

"အင်္ဂလိပ်တိုက်ကပ်နွယ်ပင်"
===============
- စိုက်ပျိုးရလွယ်ကူတဲ့
- လေ ထုသန့်စင်အပင်လေးဖြစ်ပြီး အိပ် ခန်းထဲမှာ
ထားပေးတဲ့အခါ စိတ် အေးချမ်းပြီး ကောင်းကောင်းအိပ်
ပျော်စေပါတယ်။

မူရင်းရေးသားသူအား Credit ပေးပါတယ်




မင်္ဂလာပါရှင့်🌱ဆိုင်မှာ ဝယ်နေကျ customer အမ တစ်ယောက် review ရေးပေးထားတာလေး လာပြတာပါ 🌱အပင်တွေကိုဖာလိုက်ဝယ်တဲ့အခါ မကောင်းတ...
03/09/2021

မင်္ဂလာပါရှင့်🌱

ဆိုင်မှာ ဝယ်နေကျ customer အမ တစ်ယောက် review ရေးပေးထားတာလေး လာပြတာပါ 🌱

အပင်တွေကိုဖာလိုက်ဝယ်တဲ့အခါ မကောင်းတာတွေလည်းပါလာတတ်ပေမယ့် အနာပါတာဆို လုံးဝမရောင်းခဲ့ပါဘူး ။ အဲ့လိုလုပ်ခဲ့တဲ့ အကျိုးရလာဒ်လို့ပဲပြောရမှာပါ 🌱

အဆင်ပြေတယ်ဆိုလို့ တကယ်ကို ဝမ်းသာပြီး
ခေတ္တအရောင်းနားထားတာတောင် မှတ်မှတ်ရရ review ရေးပေးလို့ ကျေးဇူးတင်ပါတယ်ရှင် 🤍

11/07/2021
လတ်တလော အခြေအနေများကြောင့် order များ ပို့ရာတွင် အနည်းငယ်ကြန့်ကြာမှုများရှိနိုင်ပါတယ်ရှင်😔အခြေအနေကြည့်ပြီး အမြန်ဆုံးပို့...
01/02/2021

လတ်တလော အခြေအနေများကြောင့် order များ ပို့ရာတွင် အနည်းငယ်ကြန့်ကြာမှုများရှိနိုင်ပါတယ်ရှင်😔
အခြေအနေကြည့်ပြီး အမြန်ဆုံးပို့ပေးပါမယ်နော်
နားလည်ပေးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်

Mon Mon's Shop

31/01/2021

အသစ်ရောက်တဲ့ ကျောက်စိမ်းလေဒီ လေးပါရှင်🌱

Peperomia Obtusifolia (Baby Rubber Plant)မြန်မာအခေါ် - ကျောက်စိမ်းလေဒီအရွက်ဝိုင်းဝိုင်းလေးတွေနဲ့ စိမ်းစိုပြီး ကြည့်ရတာတစ...
31/01/2021

Peperomia Obtusifolia (Baby Rubber Plant)
မြန်မာအခေါ် - ကျောက်စိမ်းလေဒီ

အရွက်ဝိုင်းဝိုင်းလေးတွေနဲ့ စိမ်းစိုပြီး ကြည့်ရတာတစ်မျိုလေးလှတဲ့ ကျောက်စိမ်းလေဒီ လေးတွေ အသစ်ရောက်ပါတယ်ရှင်

🌱ဒီအပင်လေးတွေက succulent နဲ့ တူတဲ့ မျိုးနွယ်ထဲက ဖြစ်ပြီး သူတို့ရဲ့ အရွက်တွေမှာ ရေကိုသိုလှောင်ထားလေ့ရှိတာကြောင့် သူ့ရဲ့ အရွက်လေးတွေ အမြဲ juicy ဖြစ်ပြီး စိမ်းလန်းနေလေ့ရှိပါတယ်

🌱ဒါ့အပြင် အကြမ်းခံပြီး ဂရုစိုက်ရလွယ်ကူတာကြောင့် ခုမှအပင်စစိုက်မယ့်သူတွေလည်း စိတ်ချလက်ချ ဝယ်စိုက်လို့ရတဲ့ အပင်လေးပါနော်

ဘယ်လိုဂရုစိုက်ရမလဲဆိုရင် -
🏡indoor အလင်းရောင် ကောင်းကောင်းရတဲ့နေရာမှာထားပေးပါ.
💦မြေကြီးခြောက်မှရေလောင်းပါ

🐶🐱ကောင်းတဲ့အချက် နောက်တစ်ခုက ဒီအပင်လေးတွေက အဆိပ်မရှိတာကြောင့်မို့ pets လေးတွေအတွက်လည်းစိုးရိမ်စရာမလိုပါဘူးတဲ့နော်။

💴 price - 5500MMK ( plastic pot )
- 9000MMK ( ceramic pot )

မှာယူချင်တယ်ဆိုရင် -

✅ page messenger ( cb ) မှာ နာမည်, ဖုန်းနံပါတ်, လိပ်စာ အတိအကျ ပေးပြီး မှာလို့ရပါတယ်

🚛 ရန်ကုန် မြို့တွင်း အိမ်အရောက်ငွေချေစနစ်ဖြင့် မှာပြီး ၃ ရက်အတွင်း ပို့ပေးပါတယ်ရှင်

Mon Mon's Shop
09960927470
ပုံနှင့်စာသားများကူးယူခွင့်မပြုပါဘူးရှင်

Address

Yangon

Opening Hours

Monday 08:00 - 22:00
Tuesday 08:00 - 22:00
Wednesday 08:00 - 22:00
Thursday 08:00 - 22:00
Friday 08:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Website

Alerts

Be the first to know and let us send you an email when Le nostre notizie posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share