14/07/2020
ZZ plant @ zuzu plant @ zanzibar gem @ aroid palm @ eternity plant @ emerald palm @ ကျောက်စိမ်းဧကရာဇ်
အစိမ်းကိုမှရင့်ရင့်ပြောင်ချောနေတဲ့အရွက်လေးတွေက အမြဲ evergreen ဖြစ်နေလို့များ တို့အမိမြေရဲ့အဖိုးတန်သယံဇာတဖြစ်တဲ့ ကျောက်စိမ်းနဲ့တင်စားပြီး "ကျောက်စိမ်းဧကရာဇ်" လို့များအမည်တွင်လေသလားမသိပေါင်
NASA အသိအမှတ်ပြု Air-purifying quality ရှိတော့ကာ သူ့ပတ်ဝန်းကျင်လေကိုသန့်စင်ပေးတယ်။ ကိုယ်ဂရုသိပ်မစိုက်နိုင်လည်း ကိုယ့်ကိုချစ်နေမဲ့အပင်လေး သူ့ပိုင်ရှင်ကိုခွင့်လွှတ်သီးခံနိုင်တဲ့ အပင်လေးမို့ super easy to care အပင်မျိုးလေးပေါ့။ low-light အလင်းရောင်နည်းတဲ့နေရာမှာလည်း တောင့်ခံရှင်သန်မှာပဲ။ ရေငတ်ခံနိုင်တဲ့အပင်ဖြစ်လို့ ခရီးခနခနထွက်ရတဲ့ ပိုင်ရှင်လှလှတွေလည်း အဆင်ပြေတယ်။ ရေများပြီးရေဆင်းမကောင်းရင်တော့ အမြစ်ပုပ်တတ်လို့ ဒီအချက်လေးတော့ သတိထားပါ။ အဲ ရေအရမ်းအရမ်းငတ်ရင်တော့လည်း အရွက်တွေကြွေတတ်တဲ့ သဘောရှိတယ်
Feng Shui အရရွေးချယ်တဲ့ အပင်ထဲမှာ ဒီအပင်လေးက ထိပ်ဆုံးထဲမှာပါတတ်တယ်။ Fortune tree လို့တောင်ခေါ်ပါတယ်။ အိမ်ရဲ့ အရှေ့တောင်အရပ်၊ အရှေ့အရပ် တို့မှာ နေရာချလေ့ရှိပါတယ်။ Positive energy ပေးပြီး ကံကောင်းစေတယ်၊ အကာအကွယ်ပေးတယ်ဆိုတဲ့ ယုံကြည်မှုရှိကြပါတယ်
ကမ္ဘာပေါ်မှာတော့ အပင်ချစ်သူတွေကြား ခေတ်စားလာတာဟာဖြင့် ဆယ်စုနှစ် နှစ်စုကျော်နေပါပီ။ အဲ 2010 လောက်ကတော့ ဒီအပင်လေးနဲ့ပတ်သက်ပြီး rumor တစ်ခု ကင်ဆာဖြစ်စေနိုင်တယ်ဆိုတာလေး ထွက်ခဲ့ပါတယ်။ အမှန်တော့ "It is toxic but not cancerous"ပါတဲ့။ အခြားtoxicရှိတဲ့အပင်အချို့လို ကိုင်ရင်ယားယံခြင်းဖြစ်တတ်တယ်။ Petsလေးတွေ ခလေးတွေ လက်လှမ်းမှီရာမှာ မထားဖို့လိုပါတယ်။ စားလို့တော့မရဘူးပေါ့
အပင်ပွားဖို့လည်းအရမ်းလွယ်မှလွယ်တယ်။ အရွက်လေးတွေကို ရေထဲ မြေထဲ ထိုးစိုက်လိုက်တာနဲ့ မကြာခင် အမြစ်သေးလေးတွေထွက်လာမယ်။ အာလူးလို ဥသေး rhizome အမြစ်လေးထွက်ပြီး အပင်သစ်တစ်ပင် ဖြစ်လို့နေပါလိမ့်မယ်
ရွှေပုတု ကတော့ zz လေးတွေကို အိုးကြီးတွေလဲထားပေးတယ်။ အမြစ်တွေလည်းစွဲနေအောင် စိုက်ထားပေးပါတယ်။ အုံသန်သန် အပင်မြင့်မြင့်တွေပါနော်။ စျေးကျတော့လည်း နဲနဲလေးပဲယူပေးထားပါတယ်။
# တစ်အိုး 15000/- #
Please note that the price is subject to change.
ရွှေပုတုရဲ့ page လေးထဲ အရင်လည်လည်လာပါရှင်
Welcome to Shwe Putu!
https://m.facebook.com/putushwe/
လာဝယ်ချင်တယ်ဆိုရင်တော့
57 B/1 ရွှေတောင်ကြားလမ်း ဗဟန်း ရန်ကုန်
Shwe Putu (A housewife's happy biz)
57.B.1, Golden Valley, Yangon, Myanmar (Burma)
+95 9 511 7674
https://goo.gl/maps/hYuWtRZFg7ArC7VNA