12/12/2020
# ဆေးဘက်ဝင် သဘာဝတရားလက်ဆောင်
#မုတ်ခါး
-----------------
မုတ်ခါး အကြောင်းလေးပြောပြချင်တယ်။
ရှားစောင်း လက်ပက် အရွက်မှာ အပိုင်း ၃ မျိုးပါတယ်။
၁။ကျန်း မာရေးအတွက် အကောင်းဆုံးကတော့ အတွင်း အနှစ် gel ပါ။
အူလမ်းကြောင်း သန့်ရှင်းအောင် စား လို့ရတယ်။
မွှေ စက် ကလေးနဲ့မွှေ ပြီး ဖျော်ရည် လုပ်သောက်လို့ရတယ်။
ချို ချင်ရင် သကြားထည့်
မွှေးချင်ရင် သံပရာသီးလေး ညှစ်ထည့်ပေါ့။ ကောင်းကျိုးတွေ ကတော့ ပြော မကုန်နိုင်အောင်ပါပဲ။ နေ့စဉ် မျက်နှာသစ်တိုင်း အဲ့ ဒီ ဂျယ် လေးနဲ့သစ်လို့ရတယ်။ ဝက်ခြံပျောက်တယ်။
အရွယ်တင် နုပျိုတယ်။
၂။ အခွံ စိမ်းပါ -သူ့ ကိုလည်း အူလမ်းကြောင်း သန့်ရှင်းစေတဲ့ ဆေးအဖြစ် သုံးလို့ရပါတယ်။
ဂျယ်လောက်တော့ အစွမ်းမထက် ဘူးပေါ့။
ဆီးချို ကျဆေး အဖြစ်လည်း အသုံးပြု နိုင်ပါတယ်။
၃။ အစေး (latex)-အညာဒေသမှာ ရှားစောင်း လက်ပပ်အရွက် ကလေးတွေကို ဓါးနဲ့ အပေါ် ယံ လွှာလေးတွေ ကို ခပ်ဖွဖွ ပေါက်ထွက်လာတဲ့အစေးတွေကို နို့ဆီဘူး အခွံလေးတွေနဲ့ ခံထားကြတယ်။
နှစ်ရက်လောက်ကြာတော့ နို့ဆီဘူးလေးတွေ အပြည့်နီးပါးရလာတယ်။
နို့ဆီဘူးတစ်ဘူး အချင် အတွယ်နဲ့ စျေး ဖြတ်ပြီး ဒိုင်မှာ သွင်းတယ်။
ဒိုင်က အဲ့ဒီ အစေးတွေကို မီးဖိုနဲ့ ကျို ချက်တယ်။
ခဲသွားအောင် ရှားစေး ထည့်တယ်။
အလွန် နံပြီး ခါးတဲ့ အခဲရလာတယ်။
အဲ့ဒါကို မုတ်ခါး သို့မဟုတ် မုတ်ကဲဆေး လို့ခေါ်တယ်။
ဝမ်းသွားစေတဲ့ အာနိသင်ရှိတယ်။ ဆီးချို ကျတယ်။ အပူငြိမ်း ဆေးအနေနဲ့လည်း သုံးတယ်။
ရေရှည်သုံးရင် ကျောက်ကပ်ပျက်စီးတတ်တယ်။ အဲ့ဒါကြောင့် သူများနိုင်ငံက တိုင်းရင်းဆေးတွေမှာ မသုံးတော့ဘူး။
ကိုယ့် နိုင်ငံ မှာတော့ သုံးနေဆဲ။။။။။
ကျန်းမာသက်ရှည် ကြပါစေ
Credit -ဒေါက်တာ မိုးမိုးခိုင်
မိုးပုလဲ တိုင်းရင်းဆေး။