22/05/2026
မြန်မာ့ဗိသုကာလက်ရာတွေ အကြောင်းပြောရင် ပုဂံခေတ်ကို အထင်ရှားဆုံး၊ ကုန်းဘောင်ခေတ်ကို အနီးကပ်ဆုံး မြင်ကြ ပြောကြပေမဲ့ ခေတ်လယ်ကာလကတော့ အလယ်မှာ လပ်ပြီး ကျန်နေလေ့ရှိတယ်။ အဲဒီကွက်လပ်လေးကို ဖြည့်ပေးနိုင်ဖို့အတွက် ပင်းယ၊ အင်းဝ၊ စစ်ကိုင်း၊ ဟံသာဝတီခေတ်များနဲ့ ရခိုင်၊ ရှမ်းဒေသတို့မှ ဗိသုကာလက်ရာများကို စုစည်းပြီး ခေတ်လယ်ကာလ ဗိသုကာလက်ရာများ စာအုပ်ကို ထုတ်ဝေလိုက်ပါတယ်။
ခေတ်လယ်ကာလရဲ့ ထူးလည်း ထူးခြား၊ ထင်လည်း ထင်ရှားတဲ့ ဗိသုကာလက်ရာတွေသာကမ မထင်ရှားပေမဲ့ ထူးခြားတဲ့ ဗိသုကာလက်ရာတွေအပေါ် ဗိသုကာပညာရှုထောင့်မှ သုံးသပ်ချက်များနဲ့အတူ ဓာတ်ပုံများ၊ ရှင်းလင်းချက်ပုံများ၊ ဆွဲပုံများ စုံစုံလင်လင်နဲ့ လေ့လာနိုင်အောင် စီစဉ်ထားပါတယ်။ ဒါ့အပြင် ငလျင်ဒဏ်ခံပြီး နောက်ပိုင်း မှတ်တမ်းတချို့၊ တောင်ရိုးပေါ်မှ စေတီများရဲ့ သဘောသဘာဝ၊ ခေတ်လယ်ကာလမှာ တည်ဆောက်ခဲ့ဖူးတဲ့ ဧရာဝတီ (ယာယီ) မြစ်ကူးတံတားမှတ်တမ်းတို့လည်း ပါဝင်ပါသေးတယ်။
📖 စာအုပ်အချက်အလက်
- ဈေးနှုန်း၊ ၄၅,၀၀၀ ကျပ်
- အရွယ်အစား၊ ၇.၅” x ၁၀.၅”
- စာမျက်နှာ၊ ၃၃၃ (ဖြူမဲ)
ဝယ်ယူဖတ်ရှုလိုတဲ့ စာဖတ်သူများက
👉 ကြန် - Kyan Messenger
https://m.me/111389621895581
👉 ခေတ်ပြိုင်မိုးကုပ်စက်ဝိုင်း စာအုပ်တိုက် Messenger
https://m.me/725360620653221
👉 Telegram
👉 ဖြန့်ချိရေး
ကိုလတ်စာပေတို့မှ ဆက်သွယ် မှာယူနိုင်ပါတယ်။
#ခေတ်လယ်ကာလဗိသုကာလက်ရာများ
#အာခီတက်ဆန်းဦး
#ကြန်မဂ္ဂဇင်း_၂၀၂၆