Nature's Gift House Plant

Nature's Gift House Plant Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nature's Gift House Plant, Garden Center, Yangon.

အပင်နောက်မှာဘာ ကောင်တွေပါလိမ့်
25/12/2023

အပင်နောက်မှာဘာ ကောင်တွေပါလိမ့်

လ‌ှနေသောလေး
24/12/2023

လ‌ှနေသောလေး

 #အရောင်းပို့စ် ဒီအပင်လေး 2 အိုး ရောင်းချင်ပါတယ် ဓါတ်ပုံသေချာ မရိုက်တတ်လို့ပါ အပြင်မှာပိုလှပါတယ် ပုံအောက်မှာဈေးလေးတွေပါပ...
24/12/2023

#အရောင်းပို့စ် ဒီအပင်လေး 2 အိုး ရောင်းချင်ပါတယ် ဓါတ်ပုံသေချာ မရိုက်တတ်လို့ပါ အပြင်မှာပိုလှပါတယ် ပုံအောက်မှာဈေးလေးတွေပါပါတယ်ကိုယ်တိုင်စိုက်ထားတဲ့အပင်လေးတွေပါ နေရာအခက်အခဲနဲ့ ကိုယ့်မှာမရှိသေးတဲ့ အပင်လေးတွေဝယ်ချင်လို့ ရောင်းရတာပါ အားပေးကြပါဦီးရှင့်
Ph no. 09423005771

သူတို့လေးတွေရှင်သန်နေရင် ကျေနပ်...ရေသန့်ဘူးတွေ မုန့်ပုံးတွေ ဆွဲခြင်းတွေ တခုမှအလွတ်မပေးတာ
14/12/2022

သူတို့လေးတွေရှင်သန်နေရင် ကျေနပ်...
ရေသန့်ဘူးတွေ မုန့်ပုံးတွေ ဆွဲခြင်းတွေ တခုမှအလွတ်မပေးတာ

အစ်မက ဘယ်လိုအပင်လေးတွေစိုက်ရတာ ကြိုက်လဲ?me.လမ်းဘေးကမြတ်ပင်လေးတောင် ကိုယ့်အတွက်က ခန်းနားနေတတ်တာမျိုးရေစံပယ်ပင်လေး လက်ဆောင...
21/11/2022

အစ်မက ဘယ်လိုအပင်လေးတွေစိုက်ရတာ ကြိုက်လဲ?
me.လမ်းဘေးကမြတ်ပင်လေးတောင် ကိုယ့်အတွက်က ခန်းနားနေတတ်တာမျိုး
ရေစံပယ်ပင်လေး လက်ဆောင်ရ အမှတ်တရ

ချစ်သောအပင်လေးတွေ အမှတ်တရတချို့
12/10/2022

ချစ်သောအပင်လေးတွေ အမှတ်တရတချို့

ရေလျှော့လောင်းမည် ဆောင်းရာသီ....လူအပါအဝင် သတ္တဝါတွေနဲ့ အပင်တွေဟာ ဥတု နဲ့ အာဟာရအပေါ် လုံးဝမှီခိုမှု ရှိကြပါတယ်။ သတ္တဝါဖြစ...
11/10/2022

ရေလျှော့လောင်းမည် ဆောင်းရာသီ....

လူအပါအဝင် သတ္တဝါတွေနဲ့ အပင်တွေဟာ ဥတု နဲ့ အာဟာရအပေါ် လုံးဝမှီခိုမှု ရှိကြပါတယ်။ သတ္တဝါဖြစ်စေ အပင်ဖြစ်စေ အနိမ့်ဆုံးခံနိုင်တဲ့ အပူချိန် နဲ့ အမြင့်ဆုံး ခံနိုင်တဲ့အပူချိန်ကလည်း မျိုးစိတ် တမျိုးနဲ့တမျိုး မတူညီကြပါဘူး။ သို့သော် ဘယ်လောက်ပဲ အပူဒါဏ်ခံနိုင်တဲ့ သက်ရှိဖြစ်ပါစေ သူအသက်ရှင်ဖို့ ခက်ခဲနိုင်တဲ့ အပူချိန်ဆိုတာလည်း ရှိကို ရှိနေပါတယ်။

သက်ရှိထဲကမှ ကျွန်တော်ကတော့ အပင်အကြောင်းကို ပြောပါရစေ။ အပင်မှာမှ Aroid၊ aroid မှာမှ Aglaonema အကြောင်းကို အလေးပေးပြောပါရစေ။ Aglaonema တွေကို ဒီနှစ်အတွင်း တော်တော်လေး စိုက်လာကြတာကို သတိထားမိပါတယ်။ အမျိုးမျိုးသော Ag မျိုးစိတ်တွေဟာ ရာသီဥတုမတူတဲ့ မြန်မာနိုင်ငံ ဒေသအသီးသီးကို ရောက်နေပြီးဖြစ်လိမ့်မယ်လို့ ထင်မိပါတယ်။ ဒါကြောင့် ဒီစာလေးကို ရေးလိုက်ပါတယ်။

ဆောင်းရာသီဆိုတာ Aroid သမားတွေအတွက် ပျင်းစရာတော်တော်ကောင်းတဲ့ ကာလတွေဖြစ်ပါလိမ့်မယ်။ မိုးတွင်းမှာ ကဲခဲ့သမျှ ဆောင်းတွင်းကို ဗြုန်းကနဲဝင်တာနဲ့ ငြိမ်ကုပ်သွားတဲ့ အပင်တွေကိုကြည့်ရင်း ဖြတ်ပျိုးနေကျ အပျိုးသမားတွေလည်း လက်တွေ တယားယားနဲ့ နေမှာပဲ။ ဒါပေမယ့် အပျိုးသမားတွေကို ကျွန်တော် ဆရာ မလုပ်လို။ လုပ်လို့လည်း မရ။ ကျွန်တော့်ထက် တတ်သူတွေချည်း မဟုတ်ပါလား။ အဓိက ကတော့ ဝါသနာရှင်တွေကို သတိပေးချင်မိတာရယ်ပါ။

တကယ်တော့ Aglaonema အပါအဝင် Aroid အများစုဟာ 18C နဲ့ 30C ကြားမှာပဲ နေချင်၊ ထွားချင်၊ ပွားချင်ကြတာပါ။ 18C နဲ့ 16C ကြားဆိုရင်တော့ ခပ်ပါးပါး သတိထားဖို့ လိုလာပါပြီ။ သတိထားဖို့ဆိုတာ အဓိက ကတော့ ရေလောင်းတာကိုပြောချင်တာပါပဲ။ အမြစ်တွေ ပုံမှန်အတိုင်း အလုပ်လုပ်ဖို့ အပူချိန်က ပုံမှန်မဟုတ်ဘူးလို့ ဆိုရမှာပါ။ 16C အောက်ရောက်ရင်တော့ ရေလောင်းချိန် တချိန်နဲ့တချိန်ကြား ခါတိုင်းထက် ၂ဆလောက်ခြားပြီးတော့မှ လောင်းပေးသင့်ပါတယ်။ တချို့Ag တွေဟာ ဆောင်းတွင်းဘက် ရေလောင်းလွန်ပြီဆိုရင်တော့ အရွက်တွေ နောက်ပြန်ပြီး သိသိသာသာ ကော့နေတတ်ကြပါတယ်။ ချက်ချင်းကြီး အရွက်တွေဝါပြီး မကြွေသွားလည်းပဲ အဲ့သလို အကော့လွန်နေရင် အမြစ်မှာ ပြဿနာရှိနေပြီဆိုတာ သိနိုင်ပါတယ်။

Aglaonema တွေ အတွက် အဖူး ဖူးခြင်းနဲ့ သားတက်ထွက်ခြင်းဟာ ကြီးမားတဲ့ ချိတ်ဆက်မှုရှိနေပါတယ်။ မျိုး နဲ့ အခြေအနေအရပ်ရပ်ပေါ်မူတည်ပြီးတော့ ကွဲလွဲနိုင်ပါတယ်။ ကိုင်းဖြတ်ပျိုးပြီး အပင်လေး၅လလောက်နေရင် အဖူးလေးတွေ စဖူးလာပါတယ်။ အပင်မှာအဖူးဖူးပြီဆိုရင် မြေအောက်မှာ သားတက်ပေါက်ဖို့ အစို့လေးတွေ စပြီးမွေးထုတ်ပေးနေပြီလို့ ယေဘုယျအားဖြင့် သိနိုင်ပါတယ်။ ဒီလို သားတက်လေးတွေထုတ်ပေးဖို့ Ag တွေ အလိုလားဆုံး အပူချိန်က 20C နဲ့ 25C ကြားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့အပူချိန်မှာ မနေရဘူး ဆိုရင်လည်း 17 C အောက်မကျရင် ပြီးရောဆိုပြီး သားတက်ထုတ်ပေးပြီး ကလေးရအောင်မွေးပါလိမ့်မယ်။ အရှိန်တော့ မကောင်းလှပါ။

Aglaonema တွေအတွက် ဆောင်းတွင်းမှာ နောက်တခုသတိထားသင့်တာကတော့ ခါးရိမှိုပါ။ ကိုယ်ကလည်း ရေတအားလောင်း၊ မြေကလည်း ရေဆင်း မကောင်းလို့ မြေမှာ ရေတွေ အီနေတာမျိုးဆိုရင် ခါးရိမှိုတက်ဖို့ တအားလွယ်ပါတယ်။ ခါးရိမှိုတက်ရင် ပင်စည်ဟာ တဖြည်းဖြည်းနဲ့ အားပျော့လာပြီး နောက်ဆုံးအခြေအနေမှာတော့ လေနုအေးလေးဝှေ့တာနဲ့တင် ပင်စည်ကြီး "ဖြောင်း" ကနဲ ကျိုးကျသွားပါလိမ့်မယ်။ အဲ့လိုဖြစ်လာတဲ့အခါ ဆောင်းတွင်းဘက်ဖြစ်နေရင် ပျိုးလည်းမပျိုးတတ်ဘူး ရေပဲစိမ်ထားလိုက်မယ်တော့ မတွေးလိုက်ပါနဲ့။ သေဖို့ရာနှုန်း ပိုများသွားမှာပါ။ အကောင်းဆုံးကတော့ ခါးရိမှိုကြောင့် ညိုပုပ်နေတဲ့ နေရာကို အကုန်ဖယ်ပြီး သဲသန့်သန့်နဲ့ ပေါင်းထဲ ထည့်ပျိုးထားတာ ရှင်ဖို့ ရာနှုန်း ပိုများပါလိမ့်မယ်။ ဖြစ်နိုင်ရင် ဆောင်းတွင်းဘက် ၁လ ၁ခါ ထရိုင်ကိုဒါးမား ဖြန်းစေချင်ပါတယ်။

အပူချိန်အကြောင်းပြောတော့ နယ်မြေဒေသအလိုက် တနယ်နဲ့တနယ် ဆောင်းတွင်းဘက် အနိမ့်ဆုံးအပူချိန်မတူတာကိုလည်း သိဖို့လိုပြန်ပါတယ်။ စစ်တမ်းတွေအရ မန္တလေးမြို့မှာတော့ Decemberလကုန် ဆို 16C လောက်ထိ ကျတတ်ပြီး Januaryလ လောက်ဆိုရင် 14C လောက်ထိ ညအပူချိန်ကျတတ်တာမို့ သတိထားစရာပါ။ မန္တလေးဆောင်းထက် ပိုအေးတဲ့ ဆောင်းရာသီကို ပိုင်ဆိုင်ထားတဲ့ ဒေသတွေဆိုရင်တော့ ပိုပြီး သတိထားသင့်ပါတယ်။ မေမြို့မှာတော့ ဆောင်းတွင်း ညအပူချိန် 10C အောက်ကို ကျတတ်တာမို့ Aglaonema တွေအတွက် အဆင်မပြေတဲ့ အပူချိန်ပါ။ ရန်ကုန် နဲ့ ဧရာဝတီ ဘက်ကတော့ မန္တလေးလောက် ဂရုစိုက်ဖို့မလိုဘဲ January လပိုင်းတွေ သေချာ ဂရုစိုက်ပေးရင် အဆင်ပြေပါတယ်။ စစ်တမ်းတွေကနေ လေ့လာပြီး ပြောတာဖြစ်လို့ အမှားပါရင် မြို့ခံတွေ အနေနဲ့ ခွင့်လွှတ်ပေးစေလိုပါတယ်။

ဒီ Post ကိုဖတ်ပြီး သတိထားစရာတချို့နဲ့ သိမှတ်လိုက်ရတာ တခုခု ရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ Aglaonema တွေနဲ့ ပတ်သက်ပြီး သိလိုတာမျိုးရှိရင် Comment Section မှာ မေးနိုင်ပါတယ်။ ဖြေရမှာရှည်ရင် post တင်ပြီး ဖြေပေးပါ့မယ်။ ဖတ်ပေးကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်။

Written by
Min Khant Soe (ရုက္ခ)



Address

Yangon
11021

Telephone

+959260044893

Website

Alerts

Be the first to know and let us send you an email when Nature's Gift House Plant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nature's Gift House Plant:

Share

Category