20/08/2026
ဘန်ကောက် မြန်မာသံရုံး PV Passport အသစ်လဲလှယ်မှုနှင့် ပတ်သက်၍ ⚠️
လက်ရှိ သတင်းအချက်အလက်များအရ PV Passport ကိုင်ဆောင်ထားသူများအတွက် Passport အသစ်ကို ဘန်ကောက်မြန်မာသံရုံးတွင် တိုက်ရိုက်လဲလှယ်ပေးမည်မဟုတ်ဘဲ နေပြည်တော်သို့ ပြန်လည်တင်ပြပြီး ခွင့်ပြုချက်ရမှ ဆက်လက်လုပ်ဆောင်ရနိုင်ကြောင်းသိရပါတယ်။
အထူးသဖြင့် PV နဲ့ဝင်လာပြီး Non-LA / Non-B / Non-ED Visa ထည့်ထားသူများအတွက် သက်ရောက်မှုရှိလာနိုင်ပါတယ်။
⚠️ သံရုံးဘက်မှ တရားဝင်ထုတ်ပြန်ချက် မထွက်ရှိသေးပါ။
Passport သက်တမ်းကုန်ခါနီးသူများအနေဖြင့် Passport နှင့် Visa သက်တမ်းများကို ကြိုတင်စစ်ဆေးပြီး လိုအပ်ပါက ကြိုတင်ပြင်ဆင်ထားရန် အကြံပြုပါတယ်။
📌 တရားဝင်အချက်အလက်အသစ်များ ရရှိပါက Dynamic Advisoryမှ အမြန်ဆုံး ပြန်လည်မျှဝေပေးသွားပါမယ်။