Htoo Construction Co.Ltd

Htoo Construction Co.Ltd Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htoo Construction Co.Ltd, Home improvement, Myanmar, Yangon.

ဟာသအမြင်လေးဖြင့်ဖြင့်ကြည့်၊😀😀😀
27/02/2024

ဟာသအမြင်လေးဖြင့်ဖြင့်ကြည့်၊😀😀😀

𝗛𝘁𝗼𝗼 𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻 𝗖𝗼.,𝗟𝘁𝗱**********************************🖼️📸𝗣𝗵𝗼𝘁𝗼 𝗰𝗿𝗲𝗱𝗶𝘁 🔻🔻 အပြီးစီး (သိန်𝟮𝟬𝟬)ကျပါမယ်ရှင့်            ...
20/11/2023

𝗛𝘁𝗼𝗼 𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻 𝗖𝗼.,𝗟𝘁𝗱
**********************************
🖼️📸𝗣𝗵𝗼𝘁𝗼 𝗰𝗿𝗲𝗱𝗶𝘁
🔻🔻 အပြီးစီး (သိန်𝟮𝟬𝟬)ကျပါမယ်ရှင့်

𝟭𝟯'✖️𝟯𝟬'

𝐒𝐭𝐞𝐞𝐥 𝐒𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞 𝗧𝘆𝗽𝗲

𝐎𝐧𝐞 𝗦𝘁𝗼𝗿𝘆𝗲𝗱 𝗕𝘂𝗶𝗹𝗱
------------------------------------------
အတွင်းခန်းဖွဲ့စည်းပုံလေးက..🔻🔻🔻

𝗦𝗶𝗻𝗴𝗹𝗲 𝗥𝗼𝗼𝗺 --𝟐 ခန်း🛏️🛏️

ပါဝင်အသုံပြုမည့်ပစ္စည်းများ.....🔻🔻🔻
————————————————————
(၁) အိမ်အဝင်တံခါးမကြီးနှင့်နောက်ဖေးခြေ

ကျော်တံခါးပျဉ်းကတိုးကျည်းဘောင်

ကျွန်းတံခါးများ 🚪🚪တပ်ဆင်ပေးခြင်း။

အိပ်ခန်းတံခါးများ (𝘀𝘁𝗲𝗲𝗹 𝗱𝗼𝗼𝗿 .𝟭𝗺𝗺)

တပ်ဆင်ပေးခြင်း။
----------------------
(၂) အိမ်ပြတင်းပေါက်များကို 𝐔𝐏𝐕𝐂

တံခါးများတပ်ဆင်ပေးခြင်း🪟🪟
-------------------------

(၃) ဧည့်ခန်းနှင့်အိပ်ခန်းများကို 𝟐 ပေပတ်လည်

ကြွေပြား များခင်းကျင်းပေးခြင်း
----------------------
(၄) မီးဖိုခန်းအခင်းများကို 𝟏 ပေပတ်လည်

ကြွေပြားများခင်းကျင်းပေးခြင်း
----------------------
(၅) အိမ်သာရေချိုးခန်းအခင်း 𝟏 ပေပတ်လည်၊နံရံ

𝟖"✖️𝟏' ကြွေပြားများကပ်ပေးပြီး ဘိုထိုင်၊🚽

ဘေစင်၊ရှာဝါတပ်ဆင်ပေးခြင်း

(၆) 𝟭𝟬𝟬𝟬𝗹𝗶𝘁𝗲𝗿 ရေတိုင်ကီထည့်ပေးခြင်း၊

(၇) မီးဖိုခုံပြုလုပ်ပေးခြင်း (𝐾𝑖𝑡𝑐ℎ𝑒𝑛 𝑐𝑜𝑢𝑛𝑡𝑒𝑟 )

(၈) မီးဖိုခန်းနှင့်အိမ်သာရေချိုးခန်းတွင်🚿🛁

𝐞𝐱𝐡𝐚𝐮𝐬𝐭 𝐟𝐚𝐧များတပ်ဆင်ပေးခြင်း

(၉) ဂျက်ဆင်ဘုတ်ဖြင့်မျက်နှာကျက်ဒီဇိုင်းအလှဆင်ပေးခြင်း

(၁၀) ရေလိုင်းများကိုနံရံအမြုပ်🚿

ပြုလုပ်ပေးခြင်း
----------------------
(၁၁)လျှပ်စစ်မီး ဆော့ကပ်များ တပ်ဆင်ထားပေးခြင်း

(၁၂) နံရံများကိုပတ်တီး 𝟐 ကုပ်၊ရှီလာ 𝟏 ကုပ်၊🖼️🖼️

ကာလာ 𝟮 ကုပ်ပြုလုပ်ပေးပါသည်။
----------------------
အထက်ပါဝင်ပစ္စည်းများကို အိမ်ရှင်စိတ်ကြိုက်

ညှို့နှိုင်းပြောင်းလှဲပေးပါသည်။

💵 ငွေပေးချေမှုကိုလည်း အိမ်ပြီးတဲ့အချိန်

ထိ(၉)ရစ်ခွဲပေးလို့ရတဲ့အပြင်

အိမ်အပ်နှံသူအဆင်ပြေအောင်ညှို့နှိုင်းပေးပါသည်

💯 ဝန်ဆောင်မှု့အနေနဲ့ မြန်မာနိုင်ငံနေရာဒေသမရွေး

တာဝန်ယူဆောက်လုပ်ပေးပါသည်

အိမ်ကြံခိုင်မှု့ပိုင်း လက်ရာပိုင်းသေသပ်လှပမှု့

အရည်သွေးပြည့်မှီတဲ့ပစ္စည်းများအသုံးပြုပြီး လှပ

သောအိမ်လေးတစ်လုံး

ဆောက်ဖို့စိတ်ကူးထားရင်...🔻🔻🔻

𝗛𝘁𝗼𝗼 𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻 𝗖𝗼.,𝗟𝘁𝗱

ကိုခုပဲဆက်သွယ်လိုက်ပါ 👇👇

𝗵𝘁𝘁𝗽𝘀://𝘄𝘄𝘄.𝗳𝗮𝗰𝗲𝗯𝗼𝗼𝗸.𝗰𝗼𝗺/𝗽𝗿𝗼𝗳𝗶𝗹𝗲.𝗽𝗵𝗽?𝗶𝗱=𝟭𝟬𝟬𝟬𝟵𝟮𝟱𝟰𝟴𝟮𝟯𝟱𝟰𝟮𝟵&𝗺𝗶𝗯𝗲𝘅𝘁𝗶𝗱=𝗭𝗯𝗪𝗞𝘄𝗟



🔻ရန်ကုန်အထိုင်ဖြစ်လို့ မြို့နယ်ပြည်နယ်/တိုင်းအလိုက် ခရီးစားရိတ်အနေနဲ့ ထပ်တိုးပေးရတာတွေတော့ ရှိပါမယ်ရှင့်

☎️ 𝟬𝟵𝟳𝟱𝟵𝟳𝟴𝟯𝟰𝟬𝟲
☎️ 𝟬𝟵𝟲𝟵𝟱𝟱𝟲𝟴𝟰𝟰𝟰

အသေးစိတ် ဖုန်းဖြင့်ဆက်သွယ်မေးမြန်းနိုင်

သလို ပေ့ခ်ျ 𝐦𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှတစ်ဆင့်လည်း

ဆက်သွယ်မေးမြန်းနိုင်ပါသည်။

#𝗵𝘁𝗼𝗼𝗰𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻
#𝐝𝐞𝐜𝐨𝐫𝐚𝐭𝐢𝐨𝐧 #𝐡𝐨𝐦𝐞
#𝐃𝐞𝐬𝐢𝐠𝐧𝐬 #အိမ်

20/11/2023
💯ရိုးရိုးရှင်းရှင်း‌နဲ့ လှနေတဲ့ဒီဇိုင်းလေး်🏡𝐬𝐭𝐞𝐞𝐥 𝐬𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞 𝐭𝐲𝐩𝐞🏡20/30🏡အိပ်ခန်း(2)ခန်း🏡ရေပိုက်လိုင်းသွယ်ပေးခြင်း🏡မီး + ဆ...
04/11/2023

💯ရိုးရိုးရှင်းရှင်း‌နဲ့ လှနေတဲ့ဒီဇိုင်းလေး

်🏡𝐬𝐭𝐞𝐞𝐥 𝐬𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞 𝐭𝐲𝐩𝐞
🏡20/30
🏡အိပ်ခန်း(2)ခန်း
🏡ရေပိုက်လိုင်းသွယ်ပေးခြင်း
🏡မီး + ဆေး +မျက်နှာကြက် +ကြွေပြား
🏡ဘိုထိုင် + ရေတိုင်ကီ
🏡မီးဖိုခုံ
🏡ပစ္စည်းဖိုးလက်ခအပြီးစီး ( #290သိန်း) ကျပါမယ်ခင်ဗျ
🏡နယ်အနီးအဝေးပေါ်မူတည်ပြီး ခရီးစားရိတ်အပြောင်းအလဲရှိပါမယ်ခင်ဗျ
🏡အသေးစိတ်မေးမြန်းလိုပါက 𝐩𝐚𝐠𝐞 𝐦𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှာစုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျ
📷📸📸

💯ရိုးရိုးရှင်းရှင်း‌နဲ့ လှနေတဲ့ဒီဇိုင်းလေး်🏡𝐬𝐭𝐞𝐞𝐥 𝐬𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞 𝐭𝐲𝐩𝐞🏡20/40🏡အိပ်ခန်း(2)ခန်း🏡ရေပိုက်လိုင်းသွယ်ပေးခြင်း🏡မီး + ဆ...
01/11/2023

💯ရိုးရိုးရှင်းရှင်း‌နဲ့ လှနေတဲ့ဒီဇိုင်းလေး

်🏡𝐬𝐭𝐞𝐞𝐥 𝐬𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞 𝐭𝐲𝐩𝐞
🏡20/40
🏡အိပ်ခန်း(2)ခန်း
🏡ရေပိုက်လိုင်းသွယ်ပေးခြင်း
🏡မီး + ဆေး +မျက်နှာကြက် +ကြွေပြား
🏡ဘိုထိုင် + ရေတိုင်ကီ
🏡မီးဖိုခုံ
🏡ပစ္စည်းဖိုးလက်ခအပြီးစီး ( #385သိန်း) ကျပါမယ်ခင်ဗျ
🏡နယ်အနီးအဝေးပေါ်မူတည်ပြီး ခရီးစားရိတ်အပြောင်းအလဲရှိပါမယ်ခင်ဗျ
🏡အသေးစိတ်မေးမြန်းလိုပါက 𝐩𝐚𝐠𝐞 𝐦𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှာစုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျ
📷📸📸

တစ်ထပ်ခွဲအလှလေး
07/09/2023

တစ်ထပ်ခွဲအလှလေး

 #အထပ်အိမ်အလှလေးများ
08/06/2023

#အထပ်အိမ်အလှလေးများ

ကွန်ကရစ်လောင်းရာမှာ အခြေခံ(၁၂)ချက်သာ သိထားပါက Projects ကြီးတွေကိုပါ ဆောင်ရွက်နိုင်မှာဖြစ်‌ပါတယ်‌ကွန်ကရစ် သွန်းလောင်းခြင်...
30/05/2023

ကွန်ကရစ်လောင်းရာမှာ အခြေခံ(၁၂)ချက်သာ သိထားပါက Projects ကြီးတွေကိုပါ ဆောင်ရွက်နိုင်မှာဖြစ်‌ပါတယ်‌
ကွန်ကရစ် သွန်းလောင်းခြင်း၏ အချေခံသဘောတရား ၁၂-ချက်ကို၊ လေ့လာထားပါက concrete projects ကြီးကိုလည်း မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ အဆိုပါ အချေခံသဘောတရား ၁၂ - ချက်မှာ
1. Site clearing
2. Subbase and subgrade preparation
3. Formwork preparation
4. Rebar installation
5. Concrete mixing
6. Concrete puring
7. Screeding the top of the concrete
8. Trowelling
9. Control joint
10. Creating the traction
11. Curing and sealing the concrete, and
12. Maintaining တို့၊ ဖြစ်ကြပါသည်။

1. သန့်ရှင်းရေးဆိုသည်မှာ_
မြေကြီးပေါ်မှာ လမ်းခင်းသကဲ့သို့ ကွန်ကရစ်လောင်းသည်ဆိုစေအုန်းတော့၊ Grass -မြက်၊ rocks - ကျောက်၊ trees - သစ်ပင်၊ shrub - ခြုံနွယ်၊ old concrete - ကွန်ကရစ်ဂျိုး အစရှိသည်တို့ကို၊ မြေကောင်းပေါ်လာ သည်အထိ တူးဖော်ဖယ်ရှားပြစ်ရပါမည်။ လမ်းခင်းတဲ့သူငယ်ချင်းများ သတိပြုပါ။ အောက်မှာ soft pit တေရှိ နေရင် ပြု ပြင်ပြီးမှ ကွန်ကရစ်လောင်းပါ။ အထပ်သားနဲ့ formwork ရိုက်ထားတဲ့ ကြမ်းခင်း slab လောင်း တယ် ဆိုရင်လည်း ဆေးလိပ်တိုတေ၊ ကွမ်းတတွေးတေ၊ သစ်တိုသစ်စတေ၊ binding wire စတေ၊ ချေ စာမှုန့် တေ၊ ရှိနေတပ်ပါတယ်။ formwork ပေါ်မှာ ဘယ်သောအခါမှ ထမင်းမစားရပါဘူး။

2. Prepare your subbase - အောက်ခံကို၊ ပြု ပြင်ပါ။
2.1 what is subbase?
လမ်းခင်းသောအခါ၊ အောက်ခံအခင်းကို၊ subbase ဟု၊ ခေါ်ပါသည်။ subbase ခင်းရခြင်း၏၊ အကြောင်းရင်းမှာ၊ concrete rest လုပ်ဖို့ဖြစ်ပါသည်။ များသောအားဖြင့် granular - ကျောက်စေ့၊ ဂဝံစေ့ များကို၊ subbase အဖြစ်ခင်းကြိတ် အသုံးပြု ပါသည်။(တခါတရံတွင်၊ မိမိကွန်ကရစ်ခင်းမည့်မြေသည် compacted and stable - သိပ်သည်းကျစ်လစ် တည်ငြိမ်သည့် မြေ အမျိုးအစားဖြစ်နေပါက အဆိုပါမြေသည် subbase ပင် ဖြစ်ပါသည်။

2.2 what is subgrade?
Subbase အောက်က မြေကြီးကို၊ subgrade ဟု၊ ခေါ်ပါသည်။ မြေကြီးပေါ်က၊ ကွန်ကရစ်သည်၊ သို့မဟုတ် ကွန်ကရစ်လမ်းသည်၊ အဆိုပါမြေကြီးဆိုသော subgrade ကောင်းရင်ကောင်းသလောက်၊ ပျက်စီးချို့ယွင်း ခြင်းမရှိပေ။ (ကဲ ဒါဆိုရင် သူငယ်ငယ်ချင်းတို့ရေ - အထပ်မြင့်ကြမ်းခင်း ကွန်ကရစ်လောင်တာဆိုရင် slab formwork က၊ subbase ပေါ့ဗျာ။ formwork supported prop က subgrade ပေါ့။)
အကယ်၍ subgrade သည်၊ shifts - ရွေ့နေမည်၊ craters - ကျင်းဖြစ်နေမည်၊ moves - လှုပ်ရှား နေမည်ဆို ပါလျင်၊ သွန်းလောင်းလိုက်တဲ့ ကွန်ကရစ်သည်လည်း၊ subgrade ဖြစ်နေသကဲ့သို့၊ လိုက်ဖြစ်နေပါမည်။ ရွေ့ မည်၊ ကျင်းဖြစ်မည်၊ လှုပ်ရှားနေပါမည်။ (သူငယ်ချင်ချင်းတို့ ကွန်ကရစ်လမ်းတေ ခုံးနေတာ ခွက်နေတာ ကျင်း တေ ဂျိုင့်တေ ဖြစ်နေတာ မြင်ဘူးကြပါတယ်နော။ လူတေက ကွန်ကရစ်လမ်းပျက်တာကိုဘဲ မြင်ကြတာပါ။ အောက်ကမြေ သားကောင်းအောင်လုပ်ဖို့ကြတော့၊ ခြလည်းစား ငါလည်းဝါးကိုးဗျ။)
ထို့ကြောင့် subbase မခင်းမှီ subgrade ကို၊ ငြိမ်နေအောင်၊ သိပ်သည်းကျစ်လစ်နေအောင် သေသေချာချာ ပြု လုပ်ဘို့ လိုပါတယ်။ ဘယ်လို လုပ်ရမတုန်းဆိုတော့၊ မြေကြီးကို၊ CBR 5 ရအောင်၊ ကြိတ်ရပါ့မယ်၊ မြေကြီးကို CBR 5 ရအောင် ကြိတ်ဘို့ အခက်အခဲရှိတယ်ဆိုရင်တော့၊ open-grade stone (သို့မဟုတ်) closed-grade / fine-grade stone ကို၊အသုံးပြု ပြီးတော့ subgrade တည်ဆောက်ရပါမည်။ 6" × 9" အစွယ် ကျောက်ကြီး များဖြင့် Open-grade stone ခင်းမည်ဆိုလျင်၊ ကျောက်တုန်းတေအကြားကနေ ရေအလွယ်တကူ စီးထွက် သွား စေနိုင်ပါသည်။ သို့သော်လည်း 2"×4" အရွယ် Finer-grade stone သုံးတာလောက်တော့ compaction မကောင်းပါဘူး။ fine grade stone က၊ စျေးတော့ပိုကြီးပါတယ်။

2.3 how to lay subbase
Subgrade ပြီးတဲ့အခါsubbase ခင်းရပါ့မယ်။အဆောက်အဦးမှာ အသုံးပြုတည်ဆောက်သော subbase ဆိုသည်မှာ အားလုံးသိထားသည့် hard-core ရိုက်တာဖြစ်ပါသည်။ hardcore ကို အနည်းဆုံး 4" ကနေ၊ အများဆုံး 8" အထိ၊ ခင်းကြပါသည်။ ခင်းပြီးတဲ့အခါ hand tamper ဖြင့်ဖြစ်စေ၊ plate compactor ဖြင့် ဖြစ်စေ၊ သိပ်သည်းအောင် ဆောင်ရွက်ရပါသည်။ Plate compactors အပေါ်ယံမြေသားကိုသာ သိပ်သည်း ကျစ်လစ်မာကြောစေတပ်သောကြောင့်၊ လိုအပ်ပါက ပိုမိုကြီးမားသော စက်ကရိယာများကို အသုံးပြုဘို့ လိုပါ သည်။

3. Prepare a form - ပုံစံခွက်၊ ပြုလုပ်တပ်ဆင်ခြင်း။
A well-built form - ကောင်းစွာတည်ဆောက်ထားသော၊ ပုံစံခွက်သည်၊ (ပုံစံခွက်ကောင်း တခုသည်) concrete သားကောင်းကောင်းကို၊ ရရှိစေပါသည်။ ပုံစံခွက်ကောင်းတခုသည်၊ အတိုင်းအထွာ-ထောင့် (ထောင့်ကျဉ်း ထောင်ကျယ်၊ ထောင့်မှန်) မှန်ကန်ရမည် ဖြစ်သကဲ့သို့၊ အနိမ့်အမြင့် လယ်ပယ်လည်း၊ မှန်ကန်ဘို့ လိုအပ်ပါသည်။ အတိုင်းအတာမှန်ကန်အောင် မှန်ကန်သောပေကြိုးကိုလည်းကောင်၊ ထောင့်ကျဉ်းထောင့် ကျယ်မဖြစ်ရလေအောင် diagonal method ကိုလည်းကောင်း၊ အနိမ့်အမြင့်မှန်ကန်အောင် ပေကြိုးကိုလည်း ကောင်း အတိန်းအစောင်းမဖြစ်အောင် ချိန်သီး ရေချိန်ပိုက် ပန်းရံရေချိန် တို့ကိုလည်းကောင်း၊ အသုံးပြုရမည် ဖြစ်ပါသည်။ လူတေဟာ အသက်ရှူနေကြသည့်အတွက်၊ တမတ် တမူး 14/" - 1/8" မှားယွင်းမှုကိုတော့ ခွင့်ပြုရ မည်သာ ဖြစ်ပါသည်။

4. Rebar
Consider adding wire mesh or rebar to your form (optional).
မိမိသွန်းလောင်သော၊ ကွန်ကရစ်သည်၊ ကားလမ်းကဲ့သို့၊ heavy load-bearing structure ဖြစ်ပါက၊ သွန်လောင်းမည့် ကွန်ကရစ်ထဲတွင်၊ rebar ထည့်မည်၊ သို့မဟုတ်၊ wire mesh ထည့်မည်ဆိုသည်ကို၊ စဉ်းစား ဆုံးဖြတ်ရပါမည်။ အလေးဝန်ချိန် များပြားစွာ ထမ်းဆောင်ရန်မလိုအပ်သော ကွန်ကရစ် သွန်းလောင်းမည် ဆိပါက mesh ဖြစ်စေ rebar ဖြစ်စေ၊ ထည့်ရန်မလိုပါ။ သို့ပါသော်လည်း mesh ကိုဖြစ်စေ rebar ကိုဖြစ်စေ၊ အသုံးပြုမည်ဆိုပါက၊ မည်သည့်အတွက်ကြောင့် အသုံးပြု ရသည်။ ဘယ်လိုကောင်းကျိုးများရှိသည်၊ ဘယ်လို ဆိုးကျိုးများရှိသည်၊ တို့ကို နားလည်သဘောပေါက်ထားဘို့ လိုအပ်ပါသည်။
Wire mesh သည်၊ ဝရိန်တို့ထားသောကြောင့် ပိုပြီးတည်ငြိမ်ပါသည်၊ အက်ကြောင်းငယ်များ၊ မဖြစ်ပေါ်အောင် ကာကွယ်ပေးသည်။ ဖြစ်ပေါ်လာသော အက်ကြောင်းများကိုလည်း တိုးပွားမလာအောင် ထိန်းသိမ်းစောင့် ရှောက်ပေးပါသည်။ သို့ပါသော်လည်း ကြံ့ခိုင်သည့် structural တခု၊ တည်ဆောက်ဘို့တော့၊ လုံလောက်သော စွမ်းအား၊ မရှိပါ။
Rebar ကတော့၊ load များများကို ထမ်းနိုင်သော structure ရအောင် တည်ဆောက်နိုင်ပါသည်။ သို့သော် ဖြစ်ပေါ်လာသောအက်ကြောင်းများကို သေးငယ်သွားအောင်တော့ rebar က၊ မစွမ်းဆောင်နိုင်ပါ။
5. Mix your concrete - ကွန်ကရစ်ဖျော်စပ်ခြင်း။
ကွန်ကရစ်ဆိုသည်မှာ၊ အားလုံးသိကြသည့်အတိုင်း၊ Portland cement - ဘိလပ်မြေ၊ sand - သဲနှင့်၊ coarse aggregate ကျောက်စရစ် သို့မဟုတ် ချီပင်ကျောက်တို့ကို၊ 1:2:4, 1:3:6 စသဖြင့်၊ အချိုးကြပေါင်းစပ်ရောနှော ပြီး၊ ထိုသို့ ရောစပ်မွှေသမထားသော အခြောက်စပ်ကို တခုနှင့်တခု တွဲကပ်သွားစေရန် ရေရောထားသော အရောအနှော ဖြစ်ပါသည်။ ရေကို သတ်မှတ်ထားသော အတိုင်အတာအထိသာ ထည့်သွင်းရောစပ် ရပါ သည်။ ရေများလျင် လုပ်ရကိုင်ရလွယ်ကူသွားသော်လည်း ကွန်ကရစ်စွမ်းအားကို ကျ ဆင်းစေပါသည်။ ရေနဲနဲ ဖြင့်ရောစပ်ထားသော ကွန်ကရစ်သည် ကွဲအက်မှုကို ပိုမိုခံနိုင်ပါသည်။ စက်ဖြင့်ဖျော်စပ်သည့်ဖြစ်စေ၊ လက်ဖြင့် ရောစပ်သည်ဖြစ်စေ၊ ပါဝင်ပစ္စည်း များ တသမတ်တည်း ဖြစ်လာသည်အထိ မွှေဘို့ လိုပါသည်။
လက်ဖြင့်ရောစပ်သည့်အခါ သဲနှင့်ဘိလပ်မြေကို ဦးစွာ သမအောင် ရောစပ်ရပါမည်။ ထို့နောက် ကျောက်ထည့် ပြီး ဒုတိယအကြိမ် သမအောင် ရောစပ်ရပါမည်။ ထို့နောက် ရောစပ်ထားသည့် အပုံကို ပြားပြီး၊ ရေပန်းခရား ဖြင့် ရေကို ထည့်ရပါ့မည်။ ထို့နောက် သမအောင် ပြုလုပ်ရပါမည်။
စက်ဖြင့်ရောစပ်သည့်အခါ စက်ကိုလည်ထားပြီး ရေကို အနည်းငယ်လျော့ပြီး ဦးစွာထည့်ရပါသည်။ ထို့နောက် ကျောက်ထည့်ရပါ သည်၊ ထို့နောက်သဲထည့်ရပါသည်။ ၄င်းတို့ သမသွားသောအခါ ဘိလပ်မြေထည့်ရပါသည်။ ထို့နောက် ကွန်ကရစ် တသားထဲဖြစ်သွားသည်အထိ ရေကို ချိန်ညှိထည့်ပေးရပါသည်။

6. ကွန်ကရစ်သွန်းလောင်းခြင်း။
ကွန်ကရစ်လောင်းတဲ့အခါ_
ရွက်လုံးနဲ့လည်း ငဲ့ချလိုက်တပ်ပါတယ်။
Bucket နဲ့လည်းမယူလာပြီး ဖွင့်ချလိုက်တပ်ပါတယ်။
Truck မှာပါတဲ့ လျောဇလားနဲ့လည်း လျောကျလာတပ်ပါတယ်။
Stationary pump နဲ့လည်း "ဝူး" ကနဲ မှုတ်ပြီးလာတပ်ပါတယ်။
Boom pump နဲ့လည်း "ဝူး" ကနဲ မှုတ်ပြီးလာတပ်ပါတယ်။ ဘာနဲ့ဘဲလာလာ၊ ကွန်ကရစ်ပုံဖြစ်လာရင်တော့၊ ပေါက်တူးနဲ့ဆွဲရင် လဘာချာပါဘဲ။ ဒီတော့ မြန်-ကောင်း-သက်သာ ဖြစ်ရလေအောင်၊ shovels - ဂေါ်ချွန်၊ rakes - အသွားပါသောဆွဲဂျုတ်၊ "come alongs," တံချူ တို့နဲ့ ဆွဲဖြန့်ရပါမယ်။ တံချူ ဆိုတာ spreader ပါဘဲ။ အကြမ်းအားဖြင့် ညီသွားပြီဆုပါလျင် စီးကမ်းနည်းလမ်းအတိုင်း vi****or မရပါ့မယ်၊

7. Screed the top of the concrete.
Screed လုပ်သည်ဆိုသည်မှာ၊ ပါရာတုန်းကလေးတေပေးပြီးမှ နံရံမှာ ပလာစတာကပ်ပြီး ချောခြင်း၊ topping လောင်းခြင်းတို့ကို၊ အင်ဂျင်နီယာအားလုံး သိကြပါသည်။ ထို့အပြင် သစ်သားချောင်း ဘေး၂ဖက်ခံပြီး အလယ် ကွန်ကရစ်ကို ပတ်တန်းဖြင့်ရိုက်တာလည်း အားလုံးသိကြပါသည်။ သစ်သားချောင်းအစား aluminium square pipe တေ၊ hollow pipe တေကိုလည်း၊ အသုံးပြုနိုင်ပါသည်။ အင်ဂျင်နီယာများသည် ဤ ပါရာတုန်း များ၊ ပတ်တန်းများကို စိတ်ဝင်စားရင် စိတ်ဝင်စားသလို၊ အလုပ်သမားများကလည်း ကျွမ်းကျင်လျင် ကျွမ်းကျင် သလို ကွန်ကရစ်ကြမ်းသည် စံချိန်စံညွန်းပြည့်မှီပြီး လက်ရာကောင်းကို ရရှိနိုင်သည့်အပြင် ကုန်ကျစရိတ်ကို လည်း များစွာလျော့ချနိုင်ပါသည်။

8. လက်ပွတ်နဲ့ ဖိသိပ်ချောပါ။
အဲဒီနောက် cover guide rail ကို၊ အမှီပြု ပြီးတော့၊ မျ ဉ်းတန်နဲ့ ရိုက်တုန်းနဲ့ ရိုက်ညှိ ဆွဲရပါတယ်။ ဒီအခါ level တကျ ၊ compacted ကြမ်းချောရပါတယ်။ အဲဒီလယ်ပယ်တကျ ကြမ်းချောကို ချောညက်သွားအောင်ရယ် compaction ထပ်ရအောင်ရယ်တို့အတွက် လက်ပွတ်နဲ့ ဖိသိပ်ဆွဲဖွတ် လုပ်ရပါ့မယ်။ ဒီအချေအနေဟာ လက်ဝင် တပ်တဲ့အတွက် ကွန်ကရစ်မအိပ်ခင် ပြီးအောင်လုပ်ဖို့ သွက်သွက်လုပ်ဖို့ လိုပါတယ်။
Floating process - လက်ပွတ်နဲ့ လုပ်ငန်းဆောင်ရွက်တဲ့အခါ လုပ်ငန်းစဉ် ၂ - မျိုးရှိပါတယ်။ ပထမ တခုက တော့ bull float လို့ခေါ်တဲ့ လက်ပွတ်ကြီးနဲ့ပွတ်တာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ course aggregate များကို အောက်သို့ရောက်သွားအောင် ရိုက်ချလိုက်ပြီး အပေါ်ကို အနှစ်တက်လာအောင် ဖြစ်ပါတယ်။ bull float ကို ဆွဲတဲ့အခါ မိမိဘက်ကို ကြွစေပြီး၊ တွန်းတဲ့အခါ ရှေ့ဘက်ကို ကြွစေရပါတယ်။ magnesium hand float သည်၊ လုပ်ရကိုင်ရ အဆင်ပြေပါတယ်။ အဲဒီလို bull float ကြီးနဲ့ ချောညှိပြီးတဲ့နောက်၊ water bleeding ဖြစ်လာတဲ့အခါ၊ hand float - နဲ့ တံမျက်စီးလှဲသလို လှဲပြီးတော့ ထွက်လာတဲ့ ရေတေကို လိုချင်တဲ့နေရာရောက် အောင် ပွတ်ရမည် ဖြစ်ပါတယ်။

9. Make control joints
Rebar မပါသော၊ ကွန်ကရစ်ကြမ်းခင်းများခင်းတဲ့အခါ၊ ကွဲတပ်သောကြောင့် groover ဖြင့် ၅ပေ လောက် ၆ပေ လောက် ကွန်ကရစ်အထူအပါးပေါ်မူတည်ပြီး ခြားခြားပြီး ဖြတ်ပေးရပါမယ်။ ကွန်ကရစ်လမ်းတေကတော့ အထူ ၈-လက်မလောက် ရှိသည့်အတွက် ၂၅ - ပေလျင် contraction joint တခုစီနဲ့၊ ပေ ၁၀၀ - လျင် expension joint တခုစီ ထည့်ကြပါတယ်။ groover နဲ့ခွဲတဲ့အခါ ညီညီညာညာ ကြည့်ကောင်းအောင်၊ သစ်ဖြင့်ဖြစ်စေ၊ အလျူ မီနီယံနဲ့ဖြစ်စေ ပြုလုပ်ထားသော straight edge နဲ့ ဖိပြီးမှ ခွဲရပါ့မယ်။ ကွန်ကရစ်ထုရဲ့ ၄ပုံ ၁ပုံ နက်အောင် ခွဲပေးရမှာဖြစ်ပြီး အပူအအေးပြောင်းလဲလို့ ကွန်ကရစ်ကွဲတဲ့အခါ အဲဒီနေရာက ကွဲအောင် စီမံထားတဲ့အတွက် control joint လို့ခေါ်ပါတယ်။ အထက်မှာ ဖော်ပြထားတဲ့ contraction joint ဆိုတာ၊ အေးရင်ကွဲဘို့ဖြစ်ပြီး၊ expension joint ဆိုတာ ပူရင်စန့်ဘို့ ဖြစ်ပါတယ်။

10. Create traction -
တံမျက်စီးတချောင်းဖြင့်၊ ကွန်ကရစ်မျက်နှာပြင်တွင်၊ မိမိနှစ်သက်ရာ ဒီဇိုင်းအမျိုးမျိုးပေါ်လာအောင်၊ ပုံဖော် လှည်းကျင်းနိုင်ပါသည်။ ထိုသို့ လှည်းကျငိးပုံဖော်ထားခြင်းဖြင့် မိုးရာသီတွင် ကွန်ကရစ်ကြမ်းခင်းများ ရေ စိုသောအခါ ချေ ချော်ခြင်း မဖြစ်နိုင်တော့ပါ။ နဲနဲသာ ကြမ်တမ်းသော မျက်နှာပြင်ကို အလိုရှိပါက soft brush - ဘရပ်ပြော့ပြော့လေးကို အသုံးပြုနိုင်ပါသည်။ မျက်နှာပြင်ချောချောကို အလိုရှိပါက သံလက်ပွတ်ဖြင့် ဝိုက်ပြီး တော့၊ ပွတ်ပေးနိုင်ပါသည်။ မျက်နှာပြင်မှာ ရေတင်နေလို့ groove - ဂျိုင့်မြောင်းကလေးများ ဆွဲမည်ဆိုပါက၊ သိပ်အနက်ကြီးမဆွဲရပါဘူး။ တံမျက်လှဲတဲ့အခါ ကျောက်စရစ်ခဲတေပါမလာအောင် အချိန်မစောင့်ဘဲ လောပြီး တော့ တမျက်မလှဲသင့်ပါဘူး။ အဲဒီလို ကျောက်စရစ်ခဲတေပါလာမယ်ဆိုရင် magnesium floater - လက်ပွတ်နဲ့ ပြန်ချောပြီးမှ အချိန်နဲနဲ ထပ်စောင့်ပြီး တံမျက်လှဲ ပုံဖော်ရပါမယ်။

11. Cure and seal the concrete.
curing အမျိုးမျိုးရှိသည့်အနက်၊ ရေလောင်းပြီး curing ပြုလုပ်မည်ဆိုပါက၊ကွန်ကရစ်သွန်းလောင်းပြီးနောက် ၂၈ - ရက် အထိ၊ ပြုလုပ်သင့်ပါသည်။ သို့ပါသော်လည်း ၇ - ရက်တောင် အနိုင်နိုင် ရေလောင်းပြီး curing ပြု လုပ်ကြပါသည်။ မည်သို့ပင်ဆိုစေကာမူ ကွန်ကရစ်လောင်းပြီးပြီးခြင်း မည့်သည့်အချိန်တွင်၊ ဦးစွာ curing ပြု လုပ်မည်ဟု ဆုံးဖြတ်ခြင်းသည် အရေးကြီးပါသည်။ ပညာရှင်ပီပီ ဆောင်ရွက်ခွင့်ရသော လုပ်ငန်းများတွင်၊ အထဲကရေကလည်း အပြင်ထွက်မသွားစေသော အပြင်ကရေက လည်း အထဲ ဝင်မလာစေနိုင်သော၊ sealing - ခေါ်၊ ရေလုံစေတပ်သော၊ အတားအဆီးကို၊ ကွန်ကရစ် သွန်းလောင်းပြီးလျင်ပြီးခြင်း၊ ဆောလျက်စွာ ဆောင ရွက်သင့်ပါသည်။

12. Maintain your concrete.
ေ လာင်းထားသောကွန်ကရစ်သည်၊ ကောင်မွန်နေပါသည်ဆိုသော်ငြားလည်း၊ ပြု ပြင်ထိန်းသိမ်းဘို့ လိုအပ်ပါ သည်။ အနည်းဆုံးတော့ ဆပ်ပြာရည်ဖြင့် ပွတ်တိုက်ဆေးကြောပေးခြင်းဖြင့် သန့်ရှင်းသပ်ရပ်သည့် ကွန်ကရစ်ကြမ်းခင်းကို မြင်ရတွေ့ရမည် ဖြစ်ပါသည်၊ ၅ - နှစ်တကြိမ်လောက် seal coat တင်ပေးမည်ဆိုပါက ကွန်ကရစ်အသားထည်ပျက်စီးခြင်းကို ကာကွယ်နိုင်ပါသည်။

မူရင်း》 credit

✍️လှေကားမဂဏန်းထားရခြင်းအကြောင်းရင်း  ********************************************🔹လှေကားစုံမထားရလို့ ကြားဖူးကြမှာပါ။လှေက...
13/05/2023

✍️လှေကားမဂဏန်းထားရခြင်းအကြောင်းရင်း
********************************************
🔹လှေကားစုံမထားရလို့ ကြားဖူးကြမှာပါ။
လှေကားစုံထားရင်ခိုက်တတ်ပါတယ်ဘာကြောင့်ခိုက်လဲဆိုတာကလူ့သဘာဝကြောင့်ပါလူဆိုတာကိုယ်စလှမ်းတဲ့ ခြေနဲ့ ခြေလှမ်းပြန်ဆုံးတတ်ပါတယ်

🔹ဥပမာညာခြေနဲ့စလှမ်းရင်ညာခြေဆီဘယ်ခြေလာပြီးအ ဆုံးသတ်ပါတယ်ညာနဲ့စရင် ညာနဲ့ဆုံးပါတယ်အဲဒီလိုပဲဘယ်နဲ့စရင် ဘယ်နဲ့ဆုံးပါတယ်မယုံရင်ကိုယ့်ဘာသာတမင်သက်သက်လုပ်မယူပဲလှမ်းကြည့်ပါညာနဲ့စညာနဲ့ဆုံးလို့ ခြေလှမ်း

🔹အရေအတွက်ကမ,ဖြစ်ပါတယ်ဘယ်နဲ့စလဲအတူတူပါပဲအဲဒါကြောင့် လှေကားထစ်တွေမသာထားတာပါစုံထားရင်တလှမ်းလိုနေလို့အပေါ်တက်တဲ့ခါခြေထောက်ကအလိုအလျှောက်လှမ်းမိပြီး ဟန်ချက်ပျက်ပြီး ချော်ကျနိုင်ပါတယ်

🔹အောက်ဆင်းတဲ့အခါကြမ်းပြင်ပေါ်ရောက်နေတာကို နောက်ထပ်လှမ်းမိလို့ဟန်ချက်ပျက်ပြီး မှောက်လဲတတ်ပါတယ်အဲလိုလဲရင်ထိခိုက်ဒဏ်ရာရပါတယ်အဲဒါခိုက်မိတာပါပဲအဲလိုခိုက်မိတာကို လှေကား စုံထားရင် ခိုက်တယ်ဆိုပီးစကားကကားသွားတာပါပဲ

🔹လှေကားမဂဏန်းထားရခြင်းအကြောင်းရင်းလှေကားစုံမထားရလို့ ကြားဖူးကြမှာပါ။လှေကားစုံထားရင်ခိုက်တတ်ပါတယ်ဘာကြောင့်ခိုက်လဲဆိုတာကလူ့သဘာဝကြောင့်ပါလူဆိုတာကိုယ်စလှမ်းတဲ့ ခြေနဲ့ ခြေလှမ်းပြန်ဆုံးတတ်ပါတယ်

🔹ဥပမာညာခြေနဲ့စလှမ်းရင်ညာခြေဆီဘယ်ခြေလာပြီးအ ဆုံးသတ်ပါတယ်ညာနဲ့စရင် ညာနဲ့ဆုံးပါတယ်အဲဒီလိုပဲဘယ်နဲ့စရင် ဘယ်နဲ့ဆုံးပါတယ်မယုံရင်ကိုယ့်ဘာသာတမင်သက်သက်လုပ်မယူပဲလှမ်းကြည့်ပါညာနဲ့စညာနဲ့ဆုံးလို့ ခြေလှမ်း

🔹အရေအတွက်ကမ,ဖြစ်ပါတယ်ဘယ်နဲ့စလဲအတူတူပါပဲအဲဒါကြောင့် လှေကားထစ်တွေမသာထားတာပါစုံထားရင်တလှမ်းလိုနေလို့အပေါ်တက်တဲ့ခါခြေထောက်ကအလိုအလျှောက်လှမ်းမိပြီး ဟန်ချက်ပျက်ပြီး ချော်ကျနိုင်ပါတယ်

🔹အောက်ဆင်းတဲ့အခါကြမ်းပြင်ပေါ်ရောက်နေတာကို နောက်ထပ်လှမ်းမိလို့ဟန်ချက်ပျက်ပြီး မှောက်လဲတတ်ပါတယ်အဲလိုလဲရင်ထိခိုက်ဒဏ်ရာရပါတယ်အဲဒါခိုက်မိတာပါပဲအဲလိုခိုက်မိတာကို လှေကား စုံထားရင် ခိုက်တယ်ဆိုပီးစကားကကားသွားတာပါပဲ





Construction

 #တစ်ထပ်ခွဲဒီဇိုင်းလေးများ
06/05/2023

#တစ်ထပ်ခွဲဒီဇိုင်းလေးများ



🚩 #လုပ်ငန်းခွင်၀င်စညီ‌လေးတို့အတွက်မူးမတ်အတိုင်းအတာများတမူးဆိုတာတလက်မရဲ့ရှစ်ပုံတပုံ  1/8" ပေါ့ညီလေးတို့။(သူ့တ၀က် တလက်မရဲ့...
05/05/2023

🚩 #လုပ်ငန်းခွင်၀င်စညီ‌လေးတို့အတွက်မူးမတ်အတိုင်းအတာများ

တမူးဆိုတာတလက်မရဲ့ရှစ်ပုံတပုံ 1/8" ပေါ့ညီလေးတို့။
(သူ့တ၀က် တလက်မရဲ့ ဆယ့်ခြောက်ပုံတပုံ 1/16" ကိုတော့ တစ်ပဲ လို့ခေါ်ကြတယ် မီလီမီတာအားဖြင့် 1.6mmနီးပါးရှိတယ်)

တမတ်ဆိုတာ ၂မူး-2/8"ကိုပြောတာ တလက်မရဲ့
လေးပုံတပုံ 1/4" ကိုပြောတာညေးတို့။

သုံးမူးဆိုတာ3/8"ကိုပြောတာ ၊တမူးသုံးခါကိုပြောတာ၊ တလက်မရဲ့ရှစ်ပုံသုံးပုံ ကိုပြောတာညေးတို့။

ငါးမူးဆိုတာ ဗမာလို တ၀က်ကိုညွှန်းတာ ။ဘာရဲ့တ၀က်လဲ?တလက်မရဲ့ တ၀က် ။တလက်မမှာ 8 မူးရှိတော့ သူ့တ၀က်4 မူး ,4/8" ဟာ ငါးမူး(တ၀က်)လို့ ခေါ်ရတာပဲ။
ဘောလုံးပွဲလောင်းလို့ငါးမူးရှုံးရင် ကိုယ့်လောင်းကြေးတ၀က်ပေးရတယ်မဟုတ်လား အဲဒါကိုပြောတာ။

အဲဒီတလက်မရဲ့ တ၀က် 4 မူး 4/8"ထက် တမူးပိုလာရင် 5/8" ဖြစ်သွားပြီ။
တ၀က်ကိုငါးမူးခေါ်ထားတော့ 1 မူး ပိုလာပြီး 4/8"ကနေ
တမူးပို 5/8" ဖြစ်လာတော့ အခေါ်အဝေါ်အရ ခြောက်မူးဖြစ်လာတာပေါ့😛။

မူးအရေအတွက်အားဖြင်း 5မူး ။တလက်မရဲ့တ၀က် ငါးမူးဆိုတဲ့အ‌ေခါ်အ‌ဝေါ်ထက် 1/8"( တမူး)ပိုလာလို့ခြောက်မူးခေါ်ရတယ်။

တကယ့် 6/8" ၊အရေအတွက်အားဖြင့် 1/8" ခြောက်ခါ
ဖြစ်တဲ့ ခြောက်မူးကြတော့ တလက်မရဲ့ လေးပုံသုံးပုံ၊
တမတ် 2/8 သုံးခါပေါင်းနဲ့ညီတာဖြစ်လို့ဗမာအခေါ် သုံးမတ်လို့ခေါ်ရတယ်။

7/8"ကြတော့ တလက်မ 8/8"ပြည့်ဖို့ တမူးလိုနေလို့၊တမူးထပ်တင်းမှ တလက်မပြည့်မှာမလို့ တလက်မမူးတင်း
7/8" လို့ခေါ်တယ်။
လက်သမားတွေကတော့ အတိုကောက်မူးတင်းလို့ခေါ်တယ်။လက်မအပြည့်ဖြစ်ခါနီး တမူးလိုနေရင် မူးတင်းလို့ခေါ်ကြတာပဲ။

ဉပမာ
သုံးလက်မပြည့်ဖို့ တမူးလို 2-7/8" ဆိုရင် သုံးလက်မမူးတင်းလို့ခေါ်ကြရတယ်။

တမူးမှာမီလီတာနဲ့ဆိုရင် 3.175 mmရှိတယ်။
အတိုကောက်ဆိုရင် 3.2 mmပေါ့။

အဲဒါကြောင့်
တမူးဟာ အလွယ်ခေါ်ရင် 3.2 mm
တမတ်ဟာ 6.4 mm
သုံးမူးဟာ 9.6 mm
ငါးမူးဟာ တမတ်နှစ်ဆ 12.8 mm
ခြောက်မူးဟာ တမူးငါးဆ 16mm
သုံးမတ်ဟာ တမတ်သုံးဆ 19.2 mm (အလွယ် 20mm)
မူးတင်းဟာ တမူးခုနှစ်ဆ 22.4 mm (အလွယ် 22)
တလက်မဟာ ငါးမူးနှစ်ခါ/တမူးရှစ်ဆ 25.6mm (တကယ်က 25.4)

အဲဒီကနေ အဲကွန်းလုပ်ငန်းတွေမှာ ကတ်တလောက်မှာပါတဲ့မီလီလီမီတာ ပိုက်ဆိုဒ်ကို 3 နဲ့ စားပြီး ဗမာအခေါ် မူးမတ်ပိုက်ဆိုက်ကို အလွယ်သိနိုင်တယ်ပေါ့။

6.35mm ဆိုပါတော့ 3နဲ့စား 2 ရတယ် ၂မူး (တမတ်)ပိုက်ပေါ့။

9.6mm ဆိုပါတော့ 3နဲ့စား 3 ရတယ် (သုံးမူး)ပိုက်ပေါ့။

25.4mmm ဆိုပါတော့ 3နဲ့စား 8ရတယ် ရှစ်မူး
(တလက်မ)ပိုက်ပေါ့။

ကျန်တာလည်း ကိုယ့်ဟာကိုမှတ်တော့ပေါ့။

ိုနန္ဒမိုး
construction

Address

Myanmar
Yangon

Website

Alerts

Be the first to know and let us send you an email when Htoo Construction Co.Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share