Sunny April Gardening

Sunny April Gardening Join the rhythm of Sunny April—where every post is a seed of hope and harmony.

ဒီနေ့ အမှတ်မထင် Page တခုက ရောင်းနေတာ တွေ့မိတာ Lucky Clover ဆိုပြီး လမ်းဘေးကပေါက်တဲ့ ပေါင်းပင် (Garden W**d) ထဲမှာပါတဲ့ ရ...
04/10/2025

ဒီနေ့ အမှတ်မထင် Page တခုက ရောင်းနေတာ တွေ့မိတာ Lucky Clover ဆိုပြီး လမ်းဘေးကပေါက်တဲ့ ပေါင်းပင် (Garden W**d) ထဲမှာပါတဲ့ ရှင်းမနိုင် နှုတ်မနိုင် အပင်ဖြစ်နေတယ်

ဘယ်လိုခွဲခြားလို့ရလဲဆိုတာ ပုံလေး 3 ပုံနဲ့ ပြထားပါမယ်

နံပါတ် 1 ပုံ Four-leaf Clover 🍀

သူက common White Clover (Trifolium repens) ကနေမှ ထူးခြားဖြစ်စဉ်ကြောင့်အရွက် ၃ရွက်ထွက်ရမယ့်အစား ရှားရှားပါးပါး အရွက် ၄ရွက်ထွက်နေတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေ ဖြစ်နိုင်ချေက အပင်တစ်သောင်းမှာ တစ်ပင်လောက်သာရှိလို့ အရမ်းရှားပါပြီး ဒါကိုတွေ့ရှိခြင်းက အင်မတန်မှ ကံကောင်းခြင်းဆိုတဲ့ အတိတ်နမိတ်လို့ မှတ်ယူကြတာပါ။
✅အရွက်က ၄ရွက် (၃ရွက်က ပုံမှန်တွေ့ရှိနိုင်)
✅ ဝိုင်းပြီး ဘဲဥပုံစံရှိမယ် (အသည်းပုံစံမရှိ)
✅ အရွက်ပေါ်မှာ V ပုံစံ အဖြူဖျော့ဖျော့လေးပါမယ်
✅ ပန်းပွင့်ဖက်က အထပ်ထပ်ဖြစ်ပြီး အဖြူ/ပန်းရောင်သန်းတဲ့အဖြူရောင်မျိုးရှိရပါမယ်

နံပါတ် 2 ပုံ The Ornamental Lucky Clover (Oxalis teteaphylla) 🍀
သူက Oxalis genus (Wood Sorrel family) ထဲကဖြစ်ပြီးတော့ အိမ်မှာ အလှစိုက်ဖို့ရောင်းကြတဲ့ အပင်မျိုးစိပ်တစ်မျိုးဖြစ်တယ်။
✅သဘာဝအတိုင်း ၄ရွက် ရှိမယ်
✅ ပုံထဲက မြင်ရတဲ့အတိုင်းအရွက်ခြေမှာ ခရမ်း-အညိုပေါင်းစပ်နေတဲ့ အရောင်ပါမယ်
✅ အသည်းပုံစံ အရွက်ဖြစ်နေမယ်
✅ ပန်းပွင့်ကတော့ ပန်းရောင်ဖြစ်မယ်

နံပါတ် 3 Yellow Wood Sorrel (Oxalis stricta)
သူက နံပါတ် 2 အပင်မျိုးနဲ့ မျိုးရင်းတူတဲ့အတွက်ကြောင့် အပင်ပုံစံအကုန်လုံး နီးပါးတူပါမယ်။
မတူတာကတော့
✅ အရွက် ၃ရွက်ပဲထွက်မယ် (၄ရွက် ဘယ်တော့မှမထွက်)
✅ အဝါရောင်းပန်းပွင့်ရှိမယ်

ဒီသုံးခုထဲမှာကတော့ တကယ့် Lucky Clover က နံပါတ် 1 ပါ။ အရမ်းရှားတဲ့အတွက်ကြောင့် နံပါတ် 2 အပင်ကို ပုံစံတူဆင်တူမလို့ ရောင်းတန်းဝင်တဲ့ အပင်ပါ။ နံပါတ် 3 ကတော့ ပေါင်းပင်မြက်ပင်စာရင်းဝင်တဲ့ အပင်ဖြစ်ပါတယ်လို့ ပြောပြရင်းနဲ့ အမှတ်မမှား ခွဲခြားသိရှိနိုင်ရန် လမ်းညွှန်ပေးလိုက်ပါတယ်။

အဆုံးထိဖတ်ပေးကြလို့ကျေးဇူးတင်ပါတယ်




TikTok မှာ Green Sorcerer နာမည်ဖြင့်သစ်ပင်ပန်းမန်များနှင့်ပတ်သတ်တဲ့အကြောင်းအရာများကို တင်ပေးနေပါတယ် အားပေးကြပါဦး ❤️🥰🥰🥰ht...
07/09/2025

TikTok မှာ Green Sorcerer နာမည်ဖြင့်
သစ်ပင်ပန်းမန်များနှင့်ပတ်သတ်တဲ့အကြောင်းအရာများကို တင်ပေးနေပါတယ် အားပေးကြပါဦး ❤️🥰🥰🥰

https://www.tiktok.com/.sorcerer?_t=ZS-8zWM6Jscy3Q&_r=1


Rubber plant (Ficus elastica)က အိမ်တွင်းစိုက်ပျိုးရန်အတွက် အထူးသင့်တော်ပြီး လှပတယ်ခန့်ညားတယ် ဆိုပြီး ပြောကြတဲ့ အပင်လည်းဖ...
28/08/2025

Rubber plant (Ficus elastica)က အိမ်တွင်းစိုက်ပျိုးရန်အတွက် အထူးသင့်တော်ပြီး လှပတယ်ခန့်ညားတယ် ဆိုပြီး ပြောကြတဲ့ အပင်လည်းဖြစ်တယ်။ Interior Decoration နှင့် Landscaping တွေမှာလည်း မပါမဖြစ် အသုံးပြုကြပါတဲ့အပင်ဖြစ်တာမလို့ ဒီအပင်နဲ့ ပတ်သက်တဲ့ ဆောင်ရန်၊ရှောင်ရန် နည်းလမ်းတချို့ကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။
Indoor စိုက်ပျိုးရာတွင် အထူးသတိရမည့် အချက်များ.............

🌞 အလင်းရောင်ရရှိမှု
အခန်းပြတင်းပေါက်၊ ဝရံတာ စသဖြင့်အလင်းရောင် ရရှိမှုကောင်းပြီး တိုက်ရိုက်နေရောင်ကျခြင်းမျိုး (နေ့လယ်နေပူပူ) မရှိတဲ့နေရာမျိုးမှာ ထားပေးပါ။ မနက်ခင်းနေရောင်ရရှိတာကတော့ အကောင်းဆုံးပါပဲ။ လုံးဝ အလင်းရောင် မဝင်တဲ့နေရာမှာတော့ မထားပါနဲ့။

သတိ။ အရွက်များ ညွှန့်ကျ (သို့) ညိုးနွမ်းပုံ ပေါ်နေရင် နေရောင်များများလိုချင်နေတယ်လို့ အချက်ပြနေတာပါ။

💧 ရေလောင်းခြင်း
မြေကြီးအနေအထားကို ကြည့်ပြီးလောင်းတတ်ရင်တော့ ပိုအဆင်ပြေပါတယ်။ မကျွမ်းကျွင်သေးရင် မြေကြီးထဲ လက်မ(သို့)လက်ညိုး ကို လက်တစ်ဆစ်လောက် (၂ - ၃ စင်တီမီတာ) တူးနှိုက်ပြီး စမ်းသပ်ကြည့်ပါက ခြောက်ကပ်နေတယ်ဆိုရင် ရေလောင်းလို့ရပါတယ်။ တနည်းအားဖြင့် မြေကြီး ခြောက်မှ ရေလောင်းရမှာဖြစ်ပါတယ်။ ရေပိုပေးခြင်းက မြေကြီး ‌အမြဲစိုရွှဲနေစေပြီး အမြစ်ပုတ်နိုင်ပါတယ်။
အပင်ကိုချစ်ရင် ရေထိန်းလောင်းပေးပါ။ နွေရာသီလိုပူပြင်းတဲ့ရာသီဥတုမျိုးမှာ ရေကို အကြိမ်ရေများများပိုပေးနိုင်ပြီး၊ မိုးရာသီကဲ့သို့ စိုစွတ်ပါက အကြိမ်ရေလျော့ပေးပါ။

🌱 စပ်မြေနဲ့ ပန်းအိုးအကြောင်း
ရေစီးဆင်းမှုကောင်းတဲ့ စပ်မြေ (အုန်းဆံမှုန့်၊ သစ်ခေါက်၊ Perlite စသည့် ရေစုတ်ယူမှု အားနည်းတဲ့ အရာများပါဝင်သော) ကို အသုံးပြုသင့်ပါတယ်။ ပန်းအိုးမှာတော့ ရေ‌ဆင်းပေါက် အနည်းဆုံးတစ်ပေါက်ပါတဲ့အိုးမျိုးကို ရွေးချယ်ပေးပါ။ အပင်သက်တမ်း ၂-၃ နှစ်မှာ အမြစ်များ အများအပြားပြန်ထွက်လာချိန်ဖြစ်တာမလို့ ပန်းအိုးအသစ်လဲပေးပါ။ ဆိုဒ်ချိန်းပေးပါ။

✂️ ကိုင်းဖြတ်ခြင်း နှင့် သန့်ရှင်းရေး
အိမ်တွင်းစိုက်ရင် အဖြစ်အများဆုံးက ရိုးတံရှည်ထွက်တာပါပဲ။ အဲ့တာကြောင့် ပင်စည်ရှည်များကို ဖြတ်ထုတ်ပြီး အပင်ခြေမှာ ကိုင်းသစ်များ ထွက်အားကောင်းလာစေပြီး ပုပု ဝိုင်းဝိုင်း အုံအုံလေး ဖြစ်လာပါလိမ့်မယ်။ အပင်တို့ရဲ့ သဘာဝ အလင်းမှီစု အစာချက်ခြင်း ဆိုတဲ့ Photosynthesis အားကောင်းအောင် အရွက်မှာ ကပ်နေတဲ့ ဖုန်မှုန့်များကို အဝတ်စိုဖြင့် သုတ်ပြီး သန့်ရှင်းပေးပါ။
သတိ။ နေရောင်ရတဲ့ဘက်ကို ပင်စည်က ယိမ်းသွားတတ်တာကြောင့် ပန်းအိုးကို တလ ကို ၂ကြိမ်လောက် လှည့် လှည့်ပေးပါ။

🍃 မြေဆီဩဇာကျွေးခြင်း
နွေဦးပေါက်နှင့် မိုးဦးကျ အချိန်က အပင်ကြီးထွားတဲ့ ရာသီဖြစ်တာမလို့ အားပျော့တဲ့ မြေဩဇာ ဒါမှမဟုတ် မြေဆွေး တမျိုးမျိုးထည့်ကျွေးနိုင်ပါတယ်။

⚠️ အဖြစ်များသော ပြဿနာများ
ရေများမယ်၊ အလင်းရောင်းနည်းမယ်၊ ရုတ်တရက် နေရာပြောင်းရွေ့လိုက်မယ်ဆိုရင် အရွက်ကြွေမယ်။ ရေများပြီး ပန်းအိုးမှာ ရေဝပ်နေမယ်ဆိုရင် အရွက်ဝါမယ်။ နေပူမိမယ်၊ရေလောင်းနည်းမယ်ဆိုရင် အရွက်နားတွေ ညိုလာမယ်။

ကဲ ဒီလောက်ဆို လိုတိုရှင်းနဲ့ နားလည်လွယ်မယ်လို့ထင်ပါတယ်။ တခြား သိလိုတာ၊ မရှင်းတာရှိရင်လည်း အောက်က Comment မှာ မေးမြန်းနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Photo Credit

ပတ္တမြားဂမုန်း Billbergia pyramidalis
26/08/2025

ပတ္တမြားဂမုန်း Billbergia pyramidalis

18/08/2025
မစိုက်ဖူးလို့ အစမ်းစိုက်ကြည့်ထားတာ #‌ရွှေပင်
17/08/2025

မစိုက်ဖူးလို့ အစမ်းစိုက်ကြည့်ထားတာ

#‌ရွှေပင်

On this 8.8 portal, the sun speaks through petals.  Golden leaves stretch toward light,  reminding us that growth is not...
08/08/2025

On this 8.8 portal, the sun speaks through petals.
Golden leaves stretch toward light,
reminding us that growth is not loud—
just persistent, radiant, and rooted. 🌞🌿

ကပ်‌ကြီးသုံးပါးမှ ကျော်လွှားနိုင်ကြပါစေကြောင်းဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ပုံ - ကတ္တလီယားသစ်ခွ
25/07/2025

ကပ်‌ကြီးသုံးပါးမှ ကျော်လွှားနိုင်ကြပါစေကြောင်း
ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။

ပုံ - ကတ္တလီယားသစ်ခွ

၇၈နစ်မြောက် အာဇာနည်နေ့မှာဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအားရိုသေ‌လေးစားစွာ ဂါဝရပြုပါသည်။  #အာဇာနည...
19/07/2025

၇၈နစ်မြောက် အာဇာနည်နေ့မှာ
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား
ရိုသေ‌လေးစားစွာ ဂါဝရပြုပါသည်။

#အာဇာနည်နေ့

မိုးဦးကျခါစ အချိန်မှာ ပန်းရောင် အဖြူရောင် အဝါရောင် အဆင်းများဖြင့် မိုးရာသီကို ကြိုဆိုကြသောမိုးကြိုပန်းလေးများ ဖြစ်ပါတယ်။...
18/07/2025

မိုးဦးကျခါစ အချိန်မှာ ပန်းရောင် အဖြူရောင် အဝါရောင် အဆင်းများဖြင့် မိုးရာသီကို ကြိုဆိုကြသော
မိုးကြိုပန်းလေးများ ဖြစ်ပါတယ်။

#မိုးကြိုပန်း

Address

Bo Ywe Street
Yangon

Website

Alerts

Be the first to know and let us send you an email when Sunny April Gardening posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category