Htoo Construction & Decoration Group

Htoo Construction & Decoration Group အိမ်တွင်းမျက်နှာကျက်အလှဆင်ခြင်း ပါတေးရှင်းဖြင့်အခန်းဖွဲ့ခြင်း

ပဲခူးတိုင်းဒေသကြီးသာဂရမြို့နယ်ဆင်စုရပ်ကွက်မှာတည်ဆောက်မဲ့အိပ်ခန်း2ခန်းပါအိမ်လေးအားOnline ပေါ်မှတဆင့် ယုံကြည်စွာအလုပ်အပ်နှ...
29/01/2025

ပဲခူးတိုင်းဒေသကြီး
သာဂရမြို့နယ်
ဆင်စုရပ်ကွက်မှာတည်ဆောက်မဲ့
အိပ်ခန်း2ခန်းပါအိမ်လေးအား
Online ပေါ်မှတဆင့် ယုံကြည်စွာ
အလုပ်အပ်နှံပေးပါသော
မိသားစုအလုပ်အကိုင် စီးပွားရေးများ
ဒိထက်မကပိုမိုအောင်မြင်ပါစေလို
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်

အိမ်ဆောက်ချင်သော မိတ်ဆွေးများ
page messenger (or) ph & viber 09777123336 သို့
ခင်မင်ရင်းနှီးစွာဆက်သွယ်မေးမြန်းနိုင်ပါတယ်

home photo

ပဲခူးတိုင်း ဝေါမြို့နယ် ကြာလဟာက အိမ်လေး အရမ်းတွေလှနေပါပြီနော်လူကြီးမင်းတို့ အိမ်ဆောက်ချင်လို့ဖြစ်ဖြစ် မျက်နာကျက်တပ်ဆင်လိ...
18/01/2025

ပဲခူးတိုင်း ဝေါမြို့နယ် ကြာလဟာက အိမ်လေး အရမ်းတွေလှနေပါပြီနော်

လူကြီးမင်းတို့ အိမ်ဆောက်ချင်လို့ဖြစ်ဖြစ် မျက်နာကျက်တပ်ဆင်လိုလို့ဖြစ်ဖြစ် ph (or)viber 09777123336 page messenger မှတစ်ဆင့်ခင်မင်းရင်းနှီးစွာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဗျ

အိမ်ဆောက်ချင်သော မိတ်ဆွေများအတွက်ကြို့ပင်ကောက်က အိမ်လေး အိမ်အတွင်းမျက်နာကျက်အလှဆင်ခြင်လို့ဖြစ်ဖြစ်အိမ်ဆောက်ခြင်လို့ဖြစ်ဖ...
03/01/2025

အိမ်ဆောက်ချင်သော မိတ်ဆွေများအတွက်

ကြို့ပင်ကောက်က အိမ်လေး

အိမ်အတွင်းမျက်နာကျက်အလှဆင်ခြင်လို့ဖြစ်ဖြစ်

အိမ်ဆောက်ခြင်လို့ဖြစ်ဖြစ် ph vb 09777123336 သို့

ခင်မင်ရင်းနှီးစွာဆက်သွယ်မေးမြန်းနိုင်ပါသည်

ရေချိုးခန်း မိလ္လာ မြှင့်တင်မှု ==============================အိမ်သာအနားကွပ်တံဆိပ်ကို တပ်ဆင်ခြင်းဖြင့် ရေချိုးခန်းအနံ့ထိ...
02/01/2025

ရေချိုးခန်း မိလ္လာ မြှင့်တင်မှု
==============================

အိမ်သာအနားကွပ်တံဆိပ်ကို တပ်ဆင်ခြင်းဖြင့် ရေချိုးခန်းအနံ့ထိန်းခြင်းတွင် တိုးတက်မှုကို သရုပ်ဖော်သည်။

Before
-----------
* ပြဿနာ- ဘယ်ဘက်ရှိ ပုံသည် အိမ်သာအောက်ခြေနှင့် ကြမ်းပြင်ကြားတွင် သင့်လျော်သော တံဆိပ်မပါသော အိမ်သာကို ပြသထားသည်။ ၎င်းသည် ရေချိုးခန်းထဲသို့ စွန့်ပစ်ဓာတ်ငွေ့များ စိမ့်ဝင်သွားကာ မနှစ်မြို့ဖွယ် အနံ့အသက်များ ဖြစ်ပေါ်စေနိုင်သည်။

After
----------
*ဖြေရှင်းချက်- ညာဘက်ရှိပုံသည် အိမ်သာအနားကွပ်တံဆိပ်တပ်ဆင်ထားသည့် တူညီသောအိမ်သာကိုပြသထားသည်။ ဤတံဆိပ်သည် အိမ်သာနှင့်ကြမ်းပြင်ကြားတွင် တင်းကျပ်စွာ အံဝင်ခွင်ကျဖြစ်စေပြီး မြောင်းငွေ့များ မထွက်အောင် ကာကွယ်ပေးသည်။

အဓိကအချက်များ-
-----------------
* Sewer Gas:
Sewer Gas သည် မိလ္လာထဲတွင် အော်ဂဲနစ်ဒြပ်များ ပြိုကွဲခြင်းကြောင့် ထွက်လာသော ဓာတ်ငွေ့များ ရောနှောခြင်း ဖြစ်သည်။ အန္တရာယ်ရှိသော ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်များ ပါဝင်နိုင်သည်။

* Toilet Fl**ge Seal:
ဤတံဆိပ်သည် အိမ်သာအောက်ခြေနှင့် ကြမ်းပြင်အနားကွပ်ကြားတွင် အံဝင်ခွင်ကျရှိသော ရော်ဘာ သို့မဟုတ် ဆီလီကွန် gasket ဖြစ်သည်။ ၎င်းသည် ရေကြပ်နှင့် လေလုံသော တံဆိပ်ကို ဖန်တီးပေးကာ မြောင်းငွေ့များ မထွက်အောင် ကာကွယ်ပေးသည်။

* အနံ့ထိန်းခြင်း
ရေချိုးခန်းထဲသို့ မြောင်းငွေ့များ ဝင်ရောက်ခြင်းမှ တားဆီးခြင်းဖြင့် အိမ်သာအနားကွပ် တံဆိပ်သည် အိမ်တွင်းလေထုအရည်အသွေးကို သိသိသာသာ တိုးတက်ကောင်းမွန်စေပြီး မနှစ်မြို့ဖွယ် အနံ့အသက်များကို ဖယ်ရှားပေးပါသည်။

*နိဂုံး-

အိမ်သာအနားကွပ်တံဆိပ်ကို တပ်ဆင်ခြင်းသည် သင့်ရေချိုးခန်းအတွင်းရှိ ပိုက်ဆဂတ်စ်အနံ့ဆိုးများကို ကာကွယ်ရန် ရိုးရှင်းပြီး ထိရောက်သောနည်းလမ်းဖြစ်သည်။ သန့်ရှင်းပြီး ကျန်းမာသော ရေချိုးခန်းပတ်ဝန်းကျင်ကို သေချာစေရန် အိမ်သာတပ်ဆင်ခြင်း သို့မဟုတ် အစားထိုးလဲလှယ်စဉ်အတွင်း အကြံပြုထားသော အလေ့အကျင့်တစ်ခုဖြစ်သည်။

Site ထဲမှာ စက္ကန့်ပိုင်းအတွင်း Slab သံချောင်းရေများ အမြန်တွက်နည်းSite ထဲမှာ သံချီသံကွေး လေခေါင်းတွေက အင်/ယာတွေထက် သုံးရမ...
17/12/2024

Site ထဲမှာ စက္ကန့်ပိုင်းအတွင်း Slab သံချောင်းရေများ အမြန်တွက်နည်း

Site ထဲမှာ သံချီသံကွေး လေခေါင်းတွေက အင်/ယာတွေထက် သုံးရမယ့်သံချောင်းအရေအတွက်ကိုတွက်တာ ပိုမြန်တတ်တယ်ဗျ 🙂
ဒါက အကြောင်းရှိတယ်...သူ့တို့လည်း သူတို့နည်းနဲ့ သူတို့ပဲ .. တခါတလေဆို ကိုယ်တွေအင်/ယာတွေ ခပ်ကြောင်ကြောင်ဖြစ်မိတတ်တယ်(သူတို့တွက်တာ စွန်း မြန်တာကိုးဗျ 🙂 🙂 )
တခါကဆို ကျနော်က (အင်/ယာတွေတွက်တဲ့အတိုင်း) 1st floor မှာ Slab ဆင်ဖို့ (12'x 15') အခန်းအတွက် ကုန်မယ့် သံချောင်းအရေ တွက်နေတာ။ ကျနော် တွက်နေတာက ဒီလို 🙂 🙂 ....
(12'-0" x15'-0") > spacing က @6"c/c (10 mm dia) ဆိုတော့ ...
Short span (12'-0")
>12' x 12 = 144 "
> 144 ÷ 6" = 24
= 24+1 = 25 nos ( by 15'-0" )
> 25 x 15' = 375 R-ft.
Long span (15'-0")
> 15' x 12 = 180 "
> 180 ÷ 6 = 30
= 30 + 1 = 31 nos (by 12'-0")
> 31 x 12' = 372 R-ft
therefore,
short span + long span =375 + 372
= 747 R-ft
Layer က အပေါ်/အောက် 2 layers ဆိုတော့ 2 နဲ့ထပ်မြှောက်
> 747 x 2 = 1494 R-ft
> 1494 R-ft ÷ 39'-4" ( as 1 nos steel = 39'-4")
>> Ans.... = 38 nos .......
အဲလိုတွက်နေခိုက်.. အိုက်သံဆရာ လေခေါင်းက ရောက်လာပီးတော့ " ဆရာ... မနက်ဖြန် (12' x 15') အခန်းအတွက် သံကုန်ပီ.. မှာပေးပါအုံး ဆရာ") တဲ့ ယဉ်ယဉ်ကျေးကျေးပဲ သူက အဲလိုပြောတယ်။ ကျနော်လည်း ရုတ်တရတ် မော့ကြည့်ပီး ဘာမှတော့ မဖြေမိသေးဘူး။
ဒါနဲ့ သူက ဆက်ပြောတယ်.. ရေရွတ်ရင်း ( " 12 ပေ.. 15 ပေ ဆိုတော့ ... 180......360 ...ဆို..တော့ >> 37 ချောင်းလောက် ကုန်မယ် ဆရာ" ) တဲ့ ...ကိုင်း ကြည့်...
ကျုပ် မျက်လုံးပြူးသွားတယ်...
(" ဟာ .. ခင်ဗျာ့ တွက်တာမြန်လှချည်လား
ကျနော် စောနက အဲဒါပဲ တွက်နေတာ 38 ချောင်းရတယ်.... ခင်ဗျား အမြန်တွက်လိုက်တာကလည်း 37 ချောင်း ဆိုတော့ ဟုတ်လှချီလားဗျ 🙂 🙂 " )
အေးလေဗျာ .. ကျနော်တွက်နေတာက Calculator တွေရော ၊ စာရွက်တွေရော၊ ဘောပင်တွေရော ရှုပ်ရှက်ခက်လို့လေ:-) 🙂 နှိပ်လိုက်၊တွက်လိုက်၊ရေးလိုက်နဲ့။ ခုကျ ... သူတွက်တာ စက္ကန့်ပိုင်းပဲ ကြာလိုက်တယ်။:-) 🙂
အာ့နဲ့ ကျနော်လည်း စိတ်ဝင်စားတာနဲ့ မသိမသာလေး ဆွေးနွေးသလို မေးသလိုနဲ့.....( " လုပ်စမ်းပါအုံးဗျ ခင်ဗျာ့ စောနက အမြန်တွက်လိုက်တဲ့ နည်းလေး.." ) ဆိုတော့ သူက
" သြော်... ဆရာရယ်.. ဒီလိုပါ
12 ပေ ၊ 15 ပေ ဆိုတော့ မြောက်လိုက်ရင် 180 ft2 ရတယ်....ပီးတော့ ၂ ထပ် သံစဉ်မှာ ဆိုတော့ ၂ နဲ့ ထပ်မြှောက် ... 360 ရရော..
အိုက် 360 ကို 10 နဲ့ စားပီး 1 ပေါင်းလိုက်တာပဲ... လွယ်ပါတယ် ဆရာရယ်.." တဲ့
ကိုင်းဗျာ:-) 🙂 .. ကျုပ်လည်း သူ့ကို ကျေးဇူးလည်းတင် လေးလည်း လေးစားလိုက်မိပါတယ်။
သူဆိုလိုတာ ဒီလို..
(12' x 15' Room)
12'x 15' = 180 Sft
> 180 x 2 = 360 Sft ( as two layers)
> 360 ÷ (10) = 36
= 36 + 1 = 37 nos
Next eg..
(10' x 10' Room)
> 10 x 10 = 100 Sft
> 100 x 2 = 200 Sft (As two layers)
> 200 ÷ (10) = 20
= 20 + 1 = 21 nos
မှတ်ချက်။ ။ ဒီနည်းက site ထဲမှာ သုံးရလေ့ရှိတဲ့ အလွယ်နည်းသပ်သပ်သာ ဖြစ်ပါတယ်။ တနည်းအား ယေဘုယျအားဖြင့်သာ မှန်ပါတယ်( 6" c/c နဲ့ပဲ အားလုံးတွက်ထားတာ). ... Spacing ပြောင်းသွားရင် မှားပါပီ...ဒါကြောင့် တကယ်က အပေါ်က အင်/ယာ တွက်နည်းဖြင့်သာ တွက်ယူပါ။ သူတို့ လေခေါင်းတွေ တွက်တတ်တဲ့ နည်းလေးသိထားတော့လည်း သူတို့လို တမ်း ကောက်ပြောနိုင်တာပေါ့ဗျာ 🙂 🙂 ။
ဒါက ခန့်မှန်းခြေ အလွယ် အနီးစပ်ဆုံး မှန်းပြောနိုင်ခြင်းမျှသာ ဖြစ်ပါသည်။

လှိုင်မြို့နယ် မြကန်သာမှာတော့ ဖရိန်ဆင် ဘုတ်ကပ်လို့တော့ပြီးပါပြီဗျာ အင်ဂျင်နီယာအစ်ကိုကြီးက လက်ရာပိုင်းကို ကြိုက်တယ်ဆိုတော...
14/11/2024

လှိုင်မြို့နယ် မြကန်သာမှာတော့ ဖရိန်ဆင် ဘုတ်ကပ်လို့တော့ပြီးပါပြီဗျာ အင်ဂျင်နီယာအစ်ကိုကြီးက လက်ရာပိုင်းကို ကြိုက်တယ်ဆိုတော့လဲ ပီတိလေးတော့ဖြစ်မိသား

ပဲခူးတိုင်း ကြို့ပင်ကောက်က အိမ်လေးမျက်နာကျက်တပ်ဆင်ပြီးစီး
29/10/2024

ပဲခူးတိုင်း ကြို့ပင်ကောက်က အိမ်လေးမျက်နာကျက်တပ်ဆင်ပြီးစီး

ရေကန်အလေးချိန် နှင့် အမိုးဆလပ်ခိုင်ခံ့မှု===========================အခုပြောချင်တဲ့အကြောင်းအရာလေးကတော့ မိတ်ဆွေတို့ရဲ့RC အ...
29/09/2024

ရေကန်အလေးချိန် နှင့် အမိုးဆလပ်ခိုင်ခံ့မှု
===========================
အခုပြောချင်တဲ့အကြောင်းအရာလေးကတော့ မိတ်ဆွေတို့ရဲ့RC အာစီ (သို.မဟုတ်) steel structureလို့ခေါ်တဲ့သံထည်အဆောက်အဦးရဲ့ အမိုးဆလပ်ပြင်ပေါ်မှာ တင်ထားတဲ့ ရေကန်အလေးချိန်အကြောင်းပါ။

အိမ်ဆောက်ကတည်းက အမိုးဆလပ်ပေါ် ရေကန်တင်မဲ့နေရာကို ကြိုစဉ်းစားသင့်ပါတယ်။အိမ်ဆောက်ပီးမှ သင့်ရာထားမယ်လို့စိတ်ကူးနေတယ်ဆို စာဆုံးအောင်ဖတ်ပေးပါ။
အမိုးဆလပ်မှာ အုတ်ရေကန်ဘဲဆောက်ဆောက်၊ စတီးကန်ဘဲတင်တင်၊ ပလတ်စတစ်ကန်ဘဲထားထား မိမိတင်မဲ့ရေရဲ့ အလေးချိန်ကို သိပါသလား။
ရေတစ်ဂါလံဟာ 8ပေါင်ကနေ ၁၀ပေါင်အထိလေးပါတယ်။(မိမိတို့တင်ထားတဲ့ ရေဂါလံကို အခုဘဲ ၁၀ပေါင်နဲ့မြှောက်ကြည့်ပါ)
တစ်ပေပတ်လည် တစ်ပေအမြင့်ရှိတဲ့ရေရဲ့အလေးချိန်က 62ပေါင် ရှိပါတယ်။

ပိုရှင်းအောင်ပြောရရင် ၃ပေ ပတ်လည် ၃ပေအမြင့်ရှိတဲ့ရေကန်ရဲ့ရေအလေးချိန်က တန်ဝက်(ဘိလပ်မြေ ၁၀အိတ်အလေးချိန်) နီးပါးရှိပါတယ်။
ဒါတောင် အုတ်စီထားတဲ့ အလေးချိန်ထည့်မတွက်ရသေးပါဘူး။
အမိုးဆလပ်မှာ ရေဂါလံ ဘယ်လောက်ထားမယ်ဆိုတာ အိမ်မှာရှိမဲ့ လူဦးရေအရေအတွက်နဲ့ ပျှမ်းမျှတွက်ချက်ပီးတင်ကြပါတယ်။ ရေကန်ကြီးလေ အလေးချိန်ပိုများလေပါ။
ရေကန်တင်ဖို့နေရာရွေးပီးရင် ထိုနေရာမှာရှိတဲ့
ဆလပ်ပြင်ထမ်းနိုင်အား၊
သူ့အောက်က ထုပ်ရဲ့ Size၊
ထည့်မဲ့ သံချောင်းအရေအတွက် လုံလောက်ရဲ့လား အသေးစိတ်တွက်ချက်ရပါတယ်။ ဒါမှသာ တင်မဲ့ရေအလေးချိန်ကို အန္တရာယ်ကင်းကင်းနဲ့ အဆောက်အဦးက သက်တမ်းတစ်လျောက် ထမ်းထားနိုင်မှာပါ။
ရေကန်ထားမဲ့နေရာကို အလွယ်တကူမပြောင်းသင့်ပါဘူး။ ရေရဲ့အလေးချိန်က အထက်မှာပြောထားသလို ၃ပေ ပတ်လည်လေးတောင် တန်ဝက်(ပေါင် ၁၁၀၀) ရှိနေလို့ပါ။ နေရာပြောင်းလိုက်ရင် ပြောင်းထားမဲ့နေရာရှိ ဆလပ်၊ ထုပ် size လုံလောက်ရဲ့လား ပြန်စစ်ရပါမယ်။
ရေရဲ့အလေးချိန်က အရှင်ဖြစ်ပါတယ်။ ဆိုလိုတာက ကန်ပေါ်ရေတင်နေတုန်း ရေဟာ လှုပ်ရှားနေပါတယ် ။မြင်အောင်ပြောရရင် ဝက်တစ်ကောင်ကို အသေထမ်းထားတာနဲ့ အရှင်ထမ်းထားရတာ ဘယ်ဟာ ပိုအားသုံးရပါသလဲ။ အရှင်က ရှုန်းကန်နေတာပါ။
ဆိုတော့ အထက်ကပြောခဲ့သလို size မလုံလောက်ရင် အန္တရာယ်ကြီးပါတယ်။

ချိန်ကိုက်ဗုံးကို ခေါင်းပေါ်တင်ထားရသလိုပါဘဲ။ (ခုလိုပြောလို့ ခြောက်တယ်မထင်ပါနဲ့ ရေကန်ဝိတ်မနိုင်လို့ အိကျနေတဲ့ ဆလပ်ပြင်တွေ ရှိပါတယ်၊ ပြိုကျသွားခဲ့တဲ့အဆောက်အဦးတွေလည်းရှိပါတယ်)
အမိုးပေါ် အပင်စိုက်တဲ့ အိမ်ရှင်တွေလည်းရှိနေပြန်ပါသေးတယ်။ အစောကတည်းက အစီအစဥ်ရှိရင် ကန်ထရိုက်(သို့) အင်ယာကို ကြိုပြောပါ။ အပင်စိူက်မယ်ဆိုမြေကြီးတင်ရပါတယ်။
မြေကြီးရဲ့အလေးချိန်ဟာ တစ်ပေပတ်လည် တစ်ပေအမြင့် မှာ ပေါင်၁၂၀ရှိပါတယ်။ ဒါတောင် ရေလောင်းလိုက်လို့ မြေကြီးစိုသွားရင် ရေရဲ့ အလေးချိန်ပေါင်းထည့်ရတော့မှာပါ။
အိမ်မှာ မိသားစု၅ယောက်နေတယ်ဆိုရင်တောင် အလေးချိန် ပေါင် ၁၀၀၀လောက်ဘဲရှိတာပါ။
အမိုးဆလပ်ပေါ်မှာတော့ ရေဝိတ်၊ အပင်ဝိတ်၊ မြေကြီးဝိတ် ထမ်းထားရတာ ပိုများနေပါတယ်။ ဒီကြားထဲ မိုးများလို့ ရေဆင်းပိုက်က ရေချက်ချင်းမစီးနိုင်ရင် အဲ့မိုးရေ ဝိတ်ပါ ယာယီထမ်းရပါသေးတယ်။

ဒါပေမဲ့ ကန်ထရိုက်က အမိုးဆလပ်မို့ လူမနေဘူး၊ အခန်းမဖွဲ့ဘူး ဆိုပီး size၊ ထည့်မဲ့သံချောင်း လျော့ပီး ဆောက်သွားပေးတယ်ဆို တွေးကြည့်ရုံနဲ့ လန့်ရပါတယ်။
ပြောချင်တာက အိမ်ရှင်တွေက အမိုးဆလပ်ပေါ် ဘာတင်မယ် ဘာလုပ်မယ်ဆိုတာ စဥ်းစားမိသလောက် ကန်ထရိုက် or အင်ယာ ကိုသေချာပြောပြထားပေးပါ။ ပုံဆွဲကတည်းက မြင်သာအောင် ထည့်ဆွဲထားပါ။
သေချာ တွက်ချက်ဆောက်ခိုင်းပါ။
ပိုသေချာချင်ရင် နည်းလမ်းရှိပါတယ်။အင်ယာအခေါ် (load test) စမ်းတယ်ခေါ်ပါတယ်။
မိမိတို့တင်မဲ့ ရေဂါလံနဲ့ ၁၀ နဲ့မြှောက်ပါ။ ဥပမာဆိုပါစို့
ဂါလံ ၃၀၀တင်တယ်ဆိုပါစို့။ ၃၀၀x၁၀=၃၀၀၀ပေါင်
(ဘိလပ်မြေတစ်အိတ်က ၁၁၂ပေါင်လေးတယ်)
၃၀၀၀ကို ၁၁၂နဲ့စား= ၂၆.၇ အိတ်စာအလေးချိန်နဲ့ညီမျှတယ် ။

ပို အန္တရာယ် ကင်း (safe ) ဖြစ်အောင် ၂ဆတိုးရပါမယ်။ အဆောက်အဦးက ရေရှည်မှာ ခံနိုင်အားကျလာတတ်လို့ နောင်တစ်ချိန်မှာ အန္တရာယ်ကင်းအောင်ပါ။ အိတ်၅၀ လောက် ရေကန်တည်မဲ့နေရာကိုဘဲ ကွက်တင်ကြည့်လိုက်ပါ။ (အမိုးဆလပ်တစ်ပြင်လုံး ဖြန့်မတင်ရ ၊ ရေကန်ထားမဲ့ဧရိယာလေးအတိုင်း ဘိလပ်မြေအိတ် စီပီးထပ်တင်ကြည့်ရမယ်)
ဘာမှမဖြစ်ရင် ok ပီ

လိုသုံးမဖြစ်အောင် ကြိုးစားရဦးမယ်***************************တစ်ခါတလေလည်းမအားဘူး မအားဘူး ဆိုတဲ့လူတွေကတခြားလူတွေနဲ့အားနေတာ ...
08/09/2024

လိုသုံးမဖြစ်အောင် ကြိုးစားရဦးမယ်
***************************

တစ်ခါတလေလည်း
မအားဘူး မအားဘူး ဆိုတဲ့လူတွေက
တခြားလူတွေနဲ့
အားနေတာ မြင်ရတော့

သူတို့အတွက် အမြဲတမ်း အားခဲ့မိတဲ့
ကိုယ်ကိုယ်ကို ပြန်ရှက်မိတယ်။

တစ်ရက်တွေ့ဦးမယ် ဆိုတဲ့ စကားဟာ
ဖုန်းချခါနီး ဝတ်ကျေတမ်းကျေပြောတဲ့
စကားတစ်ခွန်းဖြစ်မှန်းကို
ဘယ်တော့မှ မတွေ့ဖြစ်ကြတော့တဲ့
အခါမှ နားလည်လာတယ်။

ကိုယ်က အားပါတယ်ဆိုတဲ့ စကားဟာ
သိပ်အရေးမကြီးတဲ့ ကိစ္စလေးတွေကို
ရွှေ့လိုက်ပြီး
သူတို့အတွက် အချိန်ပေးလိုက်တာ
ဖြစ်ပေမဲ့

သူတို့အားပါတယ်ဆိုတဲ့ စကားဟာ
ကိုယ့်ဆီက
တစ်ခုခု အကူအညီယူချင်လို့ပဲဆိုတာ
သိလာတယ်။

အပေါ်ယံသက်သက် လာပေါင်းတဲ့
လူတွေအတွက်
ကိုယ်က ဦးနှောက်ထဲ ထည့်ထားပေမဲ့

သူတို့စိတ်ကူးထဲက VIP တွေထဲ
ကိုယ်မပါဘူးဆိုတာ သိလိုက်ရတဲ့အချိန်မှာ
တကယ့်ကို
ကျေကျေနပ်နပ်နဲ့ ပြုံးမိတယ်။

လူတွေအကြောင်းကို
လူတွေကပဲ သင်ပေးတယ်

လိုမှ လာခေါက်တဲ့
လက်တွေကို
တံခါးဟာ
စိတ်နာသွားခဲ့ပါပြီ.....

✍️ လှေကား ( stair)-------------------------------------------+လှေကားး ဝေနည်းကတော့.. အမြင့် 11' ပေ  ရှိမယ်။ တစ်ဝက် ဝက်လို...
03/09/2024

✍️ လှေကား ( stair)
-------------------------------------------+
လှေကားး ဝေနည်းကတော့..

အမြင့် 11' ပေ ရှိမယ်။ တစ်ဝက် ဝက်လိုက် ။ 5'6" ကျန်မယ် ။(5'6"မှာ landing ခွေးကတက်ခုံရှိရမယ် ၊ အ ပေါ်ကို ဆက်တက်ဖို့ အတွက်လေ။)
5'6"ကို လက်မ ပြောင်းလိုက်။ 5.5÷12 = 66"လက်မ ထွက်တယ်နော် ။ ဟုတ်ပြီ ။
ရိုးရာ အရ လှေကားကို 'မ' ထားမယ် ။ ဆယ့်တစ်မီးငြိမ်းတို့ ဘာတို့ညာတို့နဲ့ 11 ထစ် ဝေကြည့်မယ်။
ဒါကြောင့် အ စောက 66"လက်မကို 12 နဲ့ စားး။ 66÷12 = 5.5"လက်မ5.5" ပေါ့။ ဒါဆို အ ကျော် လက်မ ဖြစ်ပြီ ။(အဲ့ဒါကိုတော့ မင်းက တော် အတက်လို့ ခေါ်တယ်)
အထစ်နဲ့အ ကျော် အတိုင်းအတာ ရပြီ။ အနင်း ဘယ်နှစ်လက်မလဲ စဉ်းစားမယ် ။
အခန်း အကျယ်က 14'ပေ 8" လက်မ
landing (ခွေးကတက်)က 5'
လှေကားဝေ ဖို့ ကျန်တဲ့အကျယ်က
14'8"-5'= 9'8" ကျန်တယ် နော် ။
9'8" ကို လက်မ ပြောင်းလိုက် ။ 116 "လက်မ ရပါတယ်။

အနင်း အကျယ်ကို လိုချင် ရင်
လှေကားဝေမယ့် အကျယ်ကို
အထစ် အ ရေအတွက်နဲ့ စား
116"÷ 11 = ??? ဒါဆို ok ပြီ ။
- formwork ရိုက်ရာမှာ ပေးထားတဲ့အစောင်း degree (landing ချိုးရမယ့်အမြင့်) မှန်မမှန် အရင်စစ်ပါ။
- formwork ငြိမ်မငြိမ်၊ သတ်မှတ် အကျယ်၊ အကျော်၊ အနင်း နဲ့ ဗိုက်သားအထူတွေပြည့်မပြည့် စစ်ပါ။
- bar spacing, concrete cover တွေစစ်ပါ။
- concrete block တွေခုခိုင်းပါ။
- ကွန်ကရစ်မလောင်းခင် အခင်းသန့်ရှင်းရေးလုပ်ပါ။ ရေလောင်းခိုင်းပါ။
- ကွန်ကရစ် အချိုးနဲ့ ရေများမများ စစ်ပါ။
- Vi****or သေချာထိုးခိုင်းပါ။
- curing အတွက် အနည်းဆုံး မနက်တစ်ကြိမ်၊ နေ့လည်တစ်ကြိမ်၊ ညနေတစ်ကြိမ် ရေပုံမှန်လောင်းပေးပါ။
လိုအပ်တာတွေလဲ ရှိချင်ရှိပါဦးမယ် ။ ဆရာများ ဝင်ပြောပြပေးပါ ဗျ ။
✍✍✍✍✍

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Htoo Construction & Decoration Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share