13/07/2024
IoT စနစ်များကို စီမံခန့်ခွဲရန် အကောင်းဆုံးသောရွေးချယ်မှုတစ်ရပ်ဖြစ်တဲ့ Dahua AIot Console
Dahua AIot Console ဟာဆိုရင် သင့်လုပ်ငန်းရဲ့ IoT (Internet of Things) စနစ်များကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှ စီမံခန့်ခွဲရန် အကောင်းဆုံးသော ရွေးချယ်မှုတစ်ရပ်ဖြစ်ပါတယ်။ Dahua AIot Console နဲ့ဆိုရင် လုပ်ငန်းရဲ့IoT စနစ်ကို ကျယ်ပြန့်စွာ စီမံခန့်ခွဲနိုင်ပြီး၊ ထိန်းချုပ်မှု၊ အချက်အလက် စစ်ဆေးမှုနှင့် အချိန်နှင့် တပြေးညီ စောင့်ကြည့်မှုများကို အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။
ဆိုတော့ Dahua AIot Console မှာ ဘယ်လိုမျိုးအားသာချက်တွေပါဝင်သလဲ❓
(1) Device Management - အင်တာနက်နဲ့ ဆက်သွယ်နိုင်သော အရာများ (IoT) ကို လွယ်ကူစွာ ထိန်းချုပ်နိုင်ခြင်း။
(2 ) Real-time Monitoring - IoT စနစ်များရဲ့ အချက်အလက်များကို အချိန်နှင့် တပြေးညီ စောင့်ကြည့်နိုင်ခြင်း။
(3 )Data Analysis - အချက်အလက်များကို သုံးသပ်ပြီး လိုအပ်တဲ့ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခြင်း။
(4)Alerts and Notifications - အရေးပေါ် အခြေအနေများအတွက် သတိပေးချက်များနှင့် အကြောင်းကြားချက်များ လက်ခံနိုင်ခြင်း။
(5) Integration - အခြားသော စနစ်များနှင့် ပေါင်းစပ်အသုံးပြုနိုင်ခြင်း။
—စတာတွေပဲဖြစ်ပါတယ်။