03/01/2026
အိမ်ဆောက်မည့်သူတွေ အရင်ဆုံး စုံစမ်းတာက
“ တစ်ပေ ပတ်လည် ဘယ်လောက်လဲ “ ဆိုတဲ့ PAE စျေးနှုန်းကို အရင်မေးကြတယ် ။
ဒါပေမယ့် အိမ်ဆောက်ချင်တဲ့ သူအများစုက အရင်ဆုံးဆွေးနွေးတိုင်ပင်ရမယ့် အရာတွေက တည်ဆောက်လိုတဲ့ နေရာ ပုံစံ ဒီဇိုင်း မြေအနေအထား ရာသီဥတု ပတ်ဝန်းကျင် အခြေအနေတွေကို မဆွေးနွေးပဲ ကုန်ကျစရိတ်ကိုပဲအရင်သိချင်ကြတယ် ။
အဲလို PAE စျေးနှုန်းကို သိနိုင်ဘို့ဆိုတာ မိမိဆောက်လုပ်လိုသည့်နေရာ၊ ဆောက်လုပ်လိုသည့် အမျိူးအစား၊ ဖွဲ့စည်းပုံ၊ သက်ဆိုင်ရာနယ်ဒေသပတ်ဝန်းကျင်၌ ဆောက်လုပ်ရေး ကုန်ကြမ်းပစ္စည်းရရှိမှု၊ ရာသီဥတု အခြေအနေ၊ ဆောက်လုပ်လိုသည့် ဒီဇိုင်း စတာတွေကို ကနဦး ဆွေးနွေးတိုင်ပင်ပြီးမှ တိကျတဲ့ တစ်ပေပတ်လည်စျေး နှုန်းထားတစ်ခုကို အဖြေရှာလို့ရတဲ့ လေးနက်တဲ့အရာတစ်ခုပါ ။
ဒါကြောင့် PAE စျေးနှုန်းဆိုတာ ပုံသေမရှိနိုင်ပါဘူး
ဒီဇိုင်း ၊ နေရာဒေသအလိုက် မြေမျက်နှာသွင်ပြင် ပေါ်မူတည်ပြီး စျေးနှုန်းကွာပါတယ်
အထက်ပါ အချက်များကိုက်ညီနေသည့်တိုင် ကာလ
ပေါက်စျေးအလိုက် Rate ကွာနိုင်ပါတယ်...
APJ design and construction co.,ltd ( RSE-1101)
Contact: 00895373660, 00972660237